Thursday, November 7, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၇-၁၁)

သစ်ထူးလွင်


Posted: 07 Nov 2013 06:46 AM PST
တန်ဖိုးနည်း ဖုန်းဆင်းမ်ကတ် များ အား မဲ ဖောက်စနစ်ဖြင့် ရောင်းချနေရာ ၌ ဧည့်စာရင်းဖြင့် နေထိုင်သူများ ကို ရောင်းချခြင်းမပြုရန် ဆက် သွယ်ရေး သတင်းအချက်အ လက်၊ စာတိုက်နှင့်ကြေးနန်းဝန် ကြီးဌာနမှ ညွှန်ကြားထားခြင်းမ ရှိ၍ ရောင်းချပေး လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးအောင် ခင်က ဖြေကြားခဲ့သည်။ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးအောင်ခင်က''တန်ဖိုး နည်းဖုန်း ဆင်းမ်ကတ်များကို လူ တိုင်းကိုင်နိုင်ရန် လမ်းညွှန် မိန့် ကြား၍ ဆောင်ရွက်လျက်ရှိသော် လည်း ရရှိလာသော ဆင်းမ်ကတ် များမှာ လုံလောက်မှုမရှိ၍ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 07 Nov 2013 06:42 AM PST
ပဲခူးတိုင်းဒေသကြီး နတ္တလင်း-ဒမငယ်ကျောက်ချောလမ်းကို လုပ်ကိုင်ခွင့် ရရှိထားသည့် ရွှေလွင်လွင် ကုမ္ပဏီကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် ဥပဒေလုပ်ထုံး၊ လုပ်နည်းနှင့်အညီ အရေးယူရန် အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ နိုဝင်ဘာလ ၆ ရက်နေ့တွင် ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်း ကော်မတီဝင် ဦးသိန်းဝင်းက တင်သွင်းထားသော အဆိုပါ လမ်းပိုင်းနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရက အရေးယူ ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော်က ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ရွှေသံလွင် တိုးဂိတ်
Posted: 07 Nov 2013 06:02 AM PST
သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ်တွင် ဝါကျွတ်ဆွမ်းတော်ကြီးပွဲ မှ ခိုက်ရန်ဖြစ် ပွါးကာ ရွာသားတဦးအား မှားယွင်းရိုက်နှက်မိသည့် လူငယ်များအနက် တချို့အား ဖမ်းဆီးအမှုဖွင့် အရေးယူထားကြောင်း လင်းခေးမြို့ မြို့နယ်ရဲစခန်းကပြောပါသည်။ “ဒီ ရန်ဖြစ်တဲ့လူငယ်တွေက ဒီ နှစ်ယောက်တည်းမက ပါဘူး။ အဖွဲ့ဝင်တွေရှိနေပါသေးတယ်။ အခု ထွက်ပြေးတိမ်းရှောင်နေတယ်။ ကျနော်တို့စုံစမ်းနေဆဲဖြစ်ပါတယ်” - ဟု လင်းခေးမြို့ရဲစခန်းမှ တာဝန်ကျရဲတဦးက ဖြေကြားပါသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Nov 2013 05:58 AM PST
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မရဲစခန်းနှင့် နယ်မြေရဲစခန်းရှိ အချုပ်သားများ၏ အခွင့်အရေးဆုံးရှုံးနစ်နာမှု မရှိ စေရန်ဟုဆိုကာ မုံရွာခရိုင် တရားသူကြီး ဦးတဲရင့်စမိုင်းနီခွာလ်နှင့် အဖွဲ့က ယခုလ ၅ ရက် မွန်းလွဲပိုင်းတွင် ရဲစခန်းအချုပ်ခန်းများသို့ သွားရောက်စစ်ဆေးသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မုံရွာမြို့မရဲစခန်းနှင့် နယ်မြေရဲစခန်းရှိ အချုပ်ခန်းများဖြစ်ကြောင်း တရား ရေးဝန်ထမ်းတစ်ဦးက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 07 Nov 2013 05:54 AM PST
ရန်ကုန်တိုင်းအတွင်း နိုဝင်ဘာ ၄ ရက် တစ်ရက်တည်းတွင် ကလေးငယ်များ အဓမ္မပြုကျင့်ခံရသဖြင့် တိုင်တန်းထားမှု နှစ်ခုထိရှိခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။ ပထမဖြစ်စဉ်တစ်ခုမှာ ရွှေပြည်သာမြို့နယ်တွင် နိုဝင်ဘာ ၁ ရက်ကဖြစ်ပွားထားပြီး ကာယကံရှင်၏ မိသားစုက နိုဝင်ဘာ ၄ ရက်တွင် အမှုဖွင့်တိုင်တန်းထားခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်တွင် အသက် ၁၃ နှစ်ရှိ ကလေးငယ်ကို အစ်မအရင်းတော်စပ်သူ၏ ခင်ပွန်းဖြစ်သူ ၂၅ နှစ်ရှိ အမျိုးသားက သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Nov 2013 05:49 AM PST
ပါတီတည်ထောင်ခွင့်ရထားသည့် ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP သည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မတီထံမှတ်ပုံ တင်ရန် ခေါင်းဆောင်နှစ်ဦးကို ရွေးချယ်တင်မြှောက်လိုက်ပါသည်။ နိုဝင်ဘာ ၆ ရက် မွန်းလွဲပိုင်း ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP တည်ထောင်လိုသူ ၁၆ ဦးက အစည်းအဝေးထိုင်ကြောင်း ဒီမိုကရေစီနည်းဖြင့် ခေါင်းဆောင်နှစ်ဦးအား ရွေးကောက်တင်မြောက်နိုင်ခဲ့ကြောင်း၊ ပထမ ခေါင်းဆောင်သည် ချင်းအမျိုး သားပါတီမှ ဒေါက်တာ ကမ်ဂျင်းဒါး ဖြစ်ပြီး၊ ဒုတိယ ခေါင်းဆောင်မှာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီမှ စောသန်းမြင့်ဖြစ်ကြောင်း သိရပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Nov 2013 05:40 AM PST
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ရန် တင်ဒါ အောင်မြင်ထားသော ကုမ္ပဏီနှစ်ခုအနက် တစ်ခုဖြစ်သည့် ကာတာနိုင်ငံအခြေစိုက် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီက ဆက်သွယ်ရေးလှိုင်း 900MHz နှင့် 1200MHz လှိုင်းဖြင့် 3G ကွန်ရက်ကို ဖြန့်ကြက်သွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၄ ရက်နေ့ ရက်စွဲဖြင့် Ooredoo က ထုတ်ပြန်လိုက်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Nov 2013 05:06 AM PST
အမည်မဖော်လိုသော ပြည်တွင်း အလှူရှင်တစ်ဦးက ကျပ်သိန်း ၆ဝဝ ကျော် အားနိုင်ငံရေးအကျဉ်းသားဟောင်း များ၏သားသမီးကျောင်းသား၊ ကျောင်း သူများအတွက် လှူဒါန်းခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမြင့် အောင်က ပြောသည်။ ”အလှူရှင်က သူ့နာမည်ကို မပြော ခိုင်းလို့ ထုတ်ဖော်မပြောတာပါ” ဟု ၄င်းက ဆိုသည်။ အဆိုပါလှူဒါန်းငွေမှာ စုစုပေါင်း ၆၄၉ သိန်းကျော်ဖြစ်ပြီး ကျောင်းသား ၊ ကျောင်းသူစုစုပေါင်း ၅၈ဝ အားလှူဒါန်း မည်ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Nov 2013 04:52 AM PST
တိုင်းရင်းသား ၁၆ပါတီဖြင့် ဖွဲ့စည်းထားသော ဖက်ဒရယ်ပြည်ထောင်စုပါတီသည် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီတာဝန် ရှိသူများကပြောသည်။ ယနေ့ပြုလုပ်သော ဖက်ဒရယ်ပြည်ထောင်စုပါတီဖွဲ့စည်းပုံအစည်းအဝေးတွင် အထက်ပါ အကြောင်းအရာကို ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ပြီး ပါတီ၏ ပထမ၊ ဒုတိယယာယီခေါင်းဆောင်များ ရွေးချယ်ခြင်း၊ ပါတီမူဝါဒသဘောထားဖြည့်စွက်ခြင်း၊ ရန်ပုံငွေရှာဖွေခြင်းလုပ်ငန်းများ၊ ပါတီအလံ အမှတ်တံဆိပ်နှင့်စပ်လျဉ်းသည့်ကိစ္စရပ်များကိုဆုံးဖြတ်ခဲ့ကြောင်း ယာယီဒုတိယဥက္ကဋ္ဌ ဦးစော သန်းမြင့်က ပြည်ထောင်စုနေ့စဉ်သို့ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 07 Nov 2013 04:47 AM PST
လျှပ်စစ်မီတာခလျှော့ချရေးအတွက် ယနေ့ ညနေ ၆ နာရီခန့်တွင် ရန်ကုန်မြို့ မြို့တော် ခန်းမအနီး၌ လူအင်အား ၁ဝဝခန့် တရားမဝင် ဆန္ဒထုတ်ဖော်ခဲ့ကြရာ ဦးဆောင်သူ ရှစ်ဦးတို့ကို ကျောက်တံတားရဲစခန်းနှင့် ပန်းဘဲတန်းရဲစခန်း တို့က တရားမဝင်စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုထားကြောင်း တရား စွဲဆိုခံထားရသူ မြန်မာ့ဒီမိုကရေစီအရေးစဉ်ဆက် မပြတ်လှုပ်ရှားမှုအင်အားစုမှ ပြန်ကြားရေးတာဝန်ခံ ကိုဇေယျာလင်းကပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Nov 2013 04:35 AM PST
ရဲတပ်ဖွဲ့အင်အား အလုံလောက်မရှိ အကြောင်းပြချက်ဖြင့် ရန်ကုန်တိုင်းအတွင်း ဘာသာရေးပွဲတော်များ ပြုလုပ်ရာတွင် လုံခြုံရေးအင်အားတိုးမြှင့် ချထားပေးနိုင်မည်မဟုတ်ဟု ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးတင်ဝင်းက နိုဝင်ဘာ ၅ ရက် တိုင်းလွှတ်တော်အစည်းအဝေးတွင် ပြောကြားလိုက်သည်။ “ရန်ကုန်တိုင်း နေရာအနှံ့အပြားမှာရှိတဲ့ ဗုဒ္ဓပူဇနိယပွဲတော်များ တစ်ခြားပွဲတော်များနှင့် ပတ်သက်ပြီးတော့ မှ လုံခြုံရေးကို ကျွန်တော်တို့ တပ်ရင်း အင်အားနဲ့ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါဘူး” ဟု ဦးတင်ဝင်းကပြော သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


စက်တင်ဘာ ၆ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပသည့် အာဆီယံအမျိုးသမီးဘောလုံးပွဲတွင် လုံခြုံရေးယူနေသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။ ရဲဝန်ထမ်းအလုံအလောက်မရှိခြင်းကြောင့် ဘာသာရေးပွဲတော်များအတွက် လုံခြုံရေးယူပေး နိုင်မည်မဟုတ်ဟု ရန်ကုန်တိုင်း နယ်စပ်ရေးရာဝန်ကြီးက ဆိုသည်။  (ဓာတ်ပုံ - ဟောင်ဆာ)
Posted: 07 Nov 2013 04:31 AM PST
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများအတွက် အစိုးရအဖွဲ့အဆင့်ဆင့်၏ ဖြေရှင်းဆောင် ရွက်မှုမှာ နှစ်လအတွင်း မြေဧက ၂,၀၀၀ နီးပါးသာ ဖြေရှင်းပြီးစီးသည်ဟု ပြည်ထောင်စု လွှတ်တော်သို့ အောက်တိုဘာ ၃၀ ရက်စွဲဖြင့် ပေးပို့သော နိုင်ငံတော်သမ္မတရုံး၏ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ လက်ရှိတွင် ပြည်ထောင်စုလွှတ်တော် ကော်မရှင်က အစီရင်ခံစာ သုံးစောင် ထုတ်ပြန်ထားပြီး စုစုပေါင်း အမှုတွဲ ၇၄၅ ခုရှိသည့်အနက် သြဂုတ် ၈ ရက်မှ အောက်တိုဘာ ၂၅ ရက်အထိ အမှုတွဲ ငါးခုမှ မြေ ၁၉၇၃ ဒသမ ၀၃ ဧက ပြီးပြတ်အောင် ဖြေရှင်းပြီးဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Landသိမ်းဆည်းထားပြီး လယ်ယာမြေများကို ငွေရှင်ကြေးရှင်များက မြေစာရင်းလက်ဦးမှု ယူထားခြင်းများ ရှိနေ
Posted: 07 Nov 2013 02:34 AM PST
အိမ်သုံးမီတာမှ ဒစ်ဂျစ်တယ်မီတာ များ ပြောင်းလဲတပ်ဆင်ပြီးနောက် ပိုင်းတွင် လစဉ်ပေးဆောင်ရသည့် မီတာကြေးများ များစွာမြင့်တက် လာကြောင်း တောင်ဥက္ကလာပမြို့ နယ်အတွင်းနေထိုင်သူများထံမှ သိရသည်။ ''အရင် ရိုးရိုးအိမ်သုံးမီတာတုန်းက တစ်လကို ကျပ်၁၅၀၀ လောက် ပဲ ပေးဆောင် ရတယ်။ အခုဒစ်ဂျစ်တယ်မီတာတွေ တပ် ပြီးမှ တစ်လကို ကျပ်၂၅၀ဝကျော် ပေးဆောင်ရတယ်။ ဘာကြောင့် ဒီလောက်အထိ ကွာသွားတာလဲ ဆိုတာ နားမလည်ဘူး''ဟုတောင် ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည် သူတစ်ဦးက ပြောသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Nov 2013 02:25 AM PST
ရခိုင်ပြည်နယ် အတွင်းရှိ မွတ်ဆလင်ကျေးရွာ အရေအတွက်၊ တည်နေရာ မြေပုံအညွှန်းနှင့် မှီတင်း နေထိုင်ကြသည့် မိသားစု လူဦးရေ စာရင်းများကို စစ်တပ်က  ကောက်ယူရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။ ၎င်းစာရင်းအား ယခုလတွင် အပြီးသတ်ပေးပို့ရန် ရခိုင်ပြည်နယ်ရှိ တပ်ရင်း တပ်ဖွဲ့များသို့ အနောက်ပိုင်းတိုင်းမှ ညွှန်ကြားထားသည်ဟု မြန်မာစစ်တပ်နှင့် နီးစပ်သူ တစ်ဦးကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ယခုနှစ် သြဂတ်စ်လ အတွင်းက စစ်တွေ အုန်းတောတွင် မူဆလင် ဒုက္ခသည်များနှင့် တပ်မတော်သားများ ထိပ်တိုက် ဖြစ်နေကြစဉ်။ ( ဓါတ်ပုံ- အင်တာနက်)
Posted: 07 Nov 2013 02:22 AM PST
ရခိုင်ပြည်နယ် ပေါက်တောမြို့တွင် အခြေစိုက် လှုပ်ရှားနေကြသည့် နိုင်ငံတကာ အန်ဂျီအို (၃) အဖွဲ့  ထွက်ခွာသွားကြပြီ ဖြစ်ကြောင်း ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောသည်။ ထွက်ခွာသွားကြသော နိုင်ငံတကာ အန်ဂျီအိုများမှာ မာတေဇာ၊ Save the children နှင့် နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ဖြစ်ကြောင်း ဦးတက်ထွန်းအောင်က အတည်ပြု ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Nov 2013 02:03 AM PST
လောင်စာဆီနဲ့ ဓာတ်ဆီတွေ တင်သွင်းလာတဲ့ သင်္ဘောတွေကို ရန်ကုန်အ၀င် ပင်လယ်ဝ မှာ mobile team အဖွဲ့ဝင် ၃၀ လောက် ချထားပြီး စစ်ဆေးဖို့ စီစဉ်နေတယ်လို့ အဖွဲ့ဝင် တဦးက ပြောပါတယ်။ ရန်ကုန်ကို ၀င်မယ်ဆိုရင် ဒီ ပင်လယ်ဝကပဲ ၀င်ရတာ ဖြစ်တဲ့အတွက် အခုလို စီစဉ်ရတာပါလို့ သူက ရှင်းပြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Nov 2013 02:02 AM PST
စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့က စပြီး အိမ်ခြံမြေ အရောင်းအ၀ယ်နဲ့ ပတ်သက်ရင် အခွန်ဆောင်ပြီးသူတွေကိုသာ မှတ်ပုံတင်ပေးတော့မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ အကျိုးဆောင်အသင်းရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီအတွက် အိမ်ခြံမြေ အရောင်းအ၀ယ်လုပ်လိုသူတွေဟာ ပထမအဆင့် ရန်ကုန်တိုင်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ဆီကို သွားရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Nov 2013 02:05 AM PST
စားသောက်ကုန် ဈေးနှုန်း နှင့် အိမ်ခြံမြေ ဈေးနှုန်း မြင့်မားမှုကြောင့် မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွနှုန်း မြင့်တက်လာပြီး ၂၀၁၃ နှစ်ဝက် အတွင်း ခုနစ် ရာခိုင်နှုန်းကျော် ရှိလာကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် မြန်မာနိုင်ငံ စီးပွားရေး စောင့်ကြည့်ရေး နှစ်ဝက်အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှုများ လာပြီး ဆန်ဈေးနှုန်း များ မြင့်တက်လာခြင်းသည် ငွေကြေးဖောင်းပွမှုနှုန်း တက်လာရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းစီးပွားရေးပညာရှင် မစ္စတာ Khwima Nthara က ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 07 Nov 2013 01:52 AM PST
အမြန်လမ်းပေါ်တွင် ယာဉ်မောင်းအိပ်ငိုက်နေ၍ အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်ကာ အမျိုးသားနှစ်ဦးသေဆုံးပြီး အမျိုးသမီးသုံးဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ နိုဝင်ဘာ ၄ ရက် နံနက် ၅ နာရီကျော်အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၂၁/၂ နှင့် ၁၂၁/၃ ကြား ဗောဓိကုန်းတွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယာဉ်မောင်းအပါအ၀င် အမျိုးသားနှစ်ဦးသေဆုံးကာ အမျိုးသမီးသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


တိမ်းမှောက်ပျက်စီးသွားသော ပရာဒိုယာဉ် ဓာတ်ပုံ-ရဲဇာနည်ဖေ့စ်ဘွတ်ခ်


Posted: 07 Nov 2013 01:44 AM PST
တရားဝင်မှတ်ပုံတင်လိုင်စင်မရှိဘဲ ပြည်ပနိုင်ငံများ၌ အလုပ်လုပ်ကိုင်ရန်အတွက် လူများ
ပို့ဆောင်ပေးခဲ့သည်ဆိုမှုဖြင့် ဖမ်းဆီးတရားစွဲဆိုခြင်းခံရသူကို အင်းစိန်မြို့နယ် တရားရုံးက
ပြည်ပအလုပ်အကိုင် ဥပဒေပုဒ်မ ၂၆ အရ အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့ကြောင်း
သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Nov 2013 01:39 AM PST
ပြည်ပ အထည်ချုပ်လုပ်ငန်းများ လာရောက် ရင်းနှီးမြှုပ်နှံမှု ယခုနှစ်အတွင်း သိသိသာသာ မြင့်တက်လာသော မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ အခြေစိုက် အထည်ချုပ် လုပ်ငန်းနှစ်ခုကို စက်ရုံတည်ဆောက် လုပ်ကိုင်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်မည့် အဆိုပါ အထည်ချုပ်လုပ်ငန်း နှစ်ခုတွင် Flex Japan ၏ ကုမ္ပဏီခွဲ White Owl Fashion Co., Ltd. က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ Honeys Garment Industry Ltd. ကိုလည်း အောက်တိုဘာလ နောက်ဆုံးပတ် အတွင်းက ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် CMP အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ခွင့် ချထားပေးပြီး ဖြစ်ကြောင်း အဆိုပါ ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 07 Nov 2013 01:15 AM PST
မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အောက်တိုဘာလ အတွင်း မှုခင်းဖြစ်ပွားမှု ၂၃၁၄ မှုဖြစ်ပွားခဲ့ပြီး
ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်
သည့် စာရင်းများအရသိရသည်။ သက်ဆိုင်ရာ၏ ထုတ်ပြန်ချက်များအရ ရန်ကုန်တိုင်းဒေသကြီးတွင် လူသတ်မှု ၁၀ မှု၊ မုဒိမ်းမှု ၁၄ မှု၊ ခိုးမှု ၁၀၅ မှု၊ နာကျင်စေမှု ၂၀၃ မှု၊ ယာဉ်တိုက်မှု ၂၈၅ မှု၊ မန္တလေးတိုင်းဒေသကြီးတွင် လူသတ်မှု ၇ မှု၊ မုဒိမ်းမှု ၄ မှု၊ခိုးမှု ၆၂ မှု၊ နာကျင်စေမှု ၄၀ မှု၊ ယာဉ်တိုက်မှု ၁၇၅ မှု၊ ဧရာဝတီတိုင်းဒေသကြီးတွင် လူသတ်မှု ၁၂ မှု၊ မုဒိမ်းမှု ၂၀ မှု၊ ခိုးမှု ၃၆ မှု၊ နာကျင်စေမှု ၇၇ မှု၊ ယာဉ်တိုက်မှု ၁၁၂ မှု၊ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 07 Nov 2013 12:59 AM PST

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်း အနီးတွင် လုံခြုံရေးအရ ကိုယ်ပိုင်ယာဉ် တစ်စီးကို စစ်ဆေးရန် တားဆီးစဉ် ရပ်နားပေးခြင်း မရှိဘဲ ဖြတ်မောင်းသွားသဖြင့် လုံခြုံရေးအဖွဲ့က သေနတ် ဖြင့်ပစ်ခတ်ရာ အကောက်ခွန်ဝန်ထမ်း လေးဦး ဒဏ်ရာရ၍ ယာဉ်မောင်း သေဆုံးခဲ့ကြောင်း အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်း သိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 07 Nov 2013 12:56 AM PST

မြန်မာ့စွမ်းအင်ဝန်ကြီးဌာန၏ ရေနံတွင်းလေးခုကို တူးဖော်လုပ်ကိုင်ခွင့်ကို ရရှိသွားကြောင်း ကြေညာစာကို ၀မ်းသာအားရ ဝှေ့ယမ်းပြရင်း ဦးမိုးမြင့်က ရုံးခန်းထဲသို့ လမ်းလျှောက်ဝင်လာသည်။ လောလောလတ်လတ် ပရင့်ထုတ်ယူလာခဲ့သည့် အခြားနိုင်ငံတကာကုမ္ပဏီကြီးဆယ်ခု ပါဝင်နေသည့် ထိုကြေညာချက်က ပြည်တွင်းစွမ်းအင်လုပ်ငန်း ကျွမ်းကျင်သူများ ပြောကြားကြသော သတင်းစကားများ မှန်ကန်နေကြောင်း သက်သေပြနေပါသည်။ ဦးမိုးမြင့်က သည်နယ်ပယ်တွင်တော့ ပြိုင်ဘက်မရှိဘူးဆိုသည့်စကားပင် ဖြစ်ပါသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 07 Nov 2013 12:51 AM PST

တစ်ကိုယ်လုံးချွေးစေးများထွက်၍ အိုက်စပ်နေသော်လည်း သူထလို့မရ။ဘေးတွင် မတ်တပ်ရပ်လျက် ရှိနေသော ဇနီးကို ယပ်ခတ်ပေးရန် လက်ဖြင့် အမူ အယာပြစေခိုင်းရ သည်၊ အားနည်းနေရ သည့်ကြားထဲ နှာခေါင်းတွင်တပ်ထား သောပိုက်ကြီးကြောင့် စိတ်အနှောင့်အ ယှက်ဖြစ်ရသည်။ ဖြစ်နိုင်လျှင် နှာခေါင်း တွင် တပ်လျက်ရှိနေသော ပိုက်ကိုလက် ဖြင့် ဆွဲဖြုတ်ပစ်လိုလှသည်။ ဘေးခုတင် မှ လူနာကလည်းတစ်ချက်မှအငြိမ်မနေ၊ ခုတင်ချင်း ကပ်လျက်မို့ သူလှုပ်လိုက် တိုင်း  ကိုယ့်ဘက်မှာပါ လာလှုပ်နေေ တာ့ နေမကောင်းရသည့်ကြားထဲ စိတ်က တို လာသည်။ ဒီနေ့နှင့် ဆိုလျှင် ရန်ကုန် ဆေးရုံကြီးသို့ သူရောက်နေသည်မှာ နှစ် ရက်ရှိပြီ။ မဖြစ်တာကြာသော အစာအိမ် ရော ဂါ ပြန်ဖြစ်လာ၍ အရေးပေါ်တွင် တစ်ရက် နေရသည်။ ထို့နောက် လူနာ ဆောင်အမှတ် ၉ သို့ သူ့ကို ရွှေ့ပေး လိုက်သည်။ ဒီအဆောင်ရောက်တော့ မှ သူ့မှာ ပိုစိတ်ညစ် ရတော့သည်။ ----

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...