Monday, November 11, 2013
ယစ်ကောင် သွေးထွက်လွန်နေပုံ ။
November 10, 2013 at 2:26am
မီးခိုး တစ်လူလူ နဲ့ သံခဲတွေ နီရဲပျော်ကျနေတာဟာ
 နှလုံးဆီက သွေးကြောတစ်လျောက်ကွဲထွက် စီးဆင်းပြီး တစ်ကိုယ်လုံး နေရာအနှံရောက်တယ်၊ သိမှာပါ ။
အဲဒီအမှတ်သညာ ဟာ ဘယ်နေရာမှာမှ မီးပွိုင့်မမိခဲ့ ၊သိမှာပါ ။တစ်ချို့ ထိခိုက်မိတာတွေ ကို အဝေးကြီးရောက်သွားချိန်ကျမှ မေ့ဖို့က ဘရိတ်ဓားကို မြိုချရတာချည်းပဲ ၊ သိမှာပါ ။
နံရံ အဟောင်းပေါ် အုပ်မိတဲ့ နေရောင်လိုအက်ကြောင်းတွေ ပေါ်က လျော့ကျလာနေတဲ့ပုံ မြင်ကွင်းများ ၊
 ငါ့ဖက်က ပြန်ပြီး တစ်ဖန် မာကြောလာခဲ့တဲ့ ဆောင်းဦးလယ်ကွင်းဝါများပုံ မြင်ကွင်းများ၊
နေလောင်ထားတဲ့မိုးကုတ်စက်ဝိုင်းထဲ နောက်ခံအရောင်က လှံတံကျသလိုသလို ရိပ်ခနဲပြောင်းသွား ပုံများ။
ခံနိင်ဝန်ကို မချိန်ဆပဲစီးဆင်း ရင် အသက်ရှုသံဟာ ၀င်ရိုးကျိုးတတ်ကြောင်း သင်ခန်းစာ ။
တစ်ဦးနဲ့တစ်ဦး မတော်တဆ ချိပ်ဆွဲ မိကြတဲ့အခါ ၊ မှောက်လဲကျပုံတွေထဲမှာ၊ စိုထိုင်းဆ ဟာ ငှက်ကြီးတောင်ဓားလို နေပူထဲမှာဝင့်ကာ
 လှည့်ကာ ၊ ၀န်ချီနှုတ်ခမ်းဟာ တစ်နေရာမှာ ဖွဖွရပ်တန့်နစ်မြှုပ်ခဲ့ ။
တစ်ကိုယ်လုံး ဆံချည်မျှင်သွေးကြောများ ပွင့်ထွက်ကာ
ပွင့်ထွက် ကာ ၊
ယစ်ကောင်ဟာ တံစို့ပေါ်မှာ သူ့ကိုယ်သူ ကြက်သီးဖြန်းဖြန်းထလာပြီး ၊
 မီးရောင်ထဲ ၊တစ်ဦးဦးကစ ပွင့်လင်းလိုက်မှာ စိုးရိမ်မှု့လွန်ကဲပြီး၊ လက်ဖျံရိုးပေါ်က တက်တူးထဲ၊ အတိတ်ကိုငေးတဲ့ ချောင်းကြည့်ပေါက်ထဲ ၊ ခိုးဝင်ပြီး ပျောက်ကွယ်သွားတော့ နေ၀င်တာကိုမသိလိုက်သူ ငါဟာကုလားထိုင်က ဖြေးဖြေး ထရမယ်။
အနီး ပြတင်းပေါက်ကို ပိတ်ရမယ် ။
နာရီရှေ့ က မိမိအရိပ်ထဲ တစ်ချက်ထရပ်နေရမယ်။
နက်ဖြန်မှာ၊ တစ်စုံ ဖြစ်ဖူးသူ တစ်ယောက်အမည်သာ သတင်းစာမှာ၊ နာရေးထဲပါလာရင် ထီပေါက်သလို ၀မ်းသာမလား ။
အတူ သတ်သေချင် ဖူးတာကိုပဲ လွမ်းမိမလား။ ဖုံမှုံ့များ ဟာ အာကာသထဲ စုမိကြတယ် ဆိုလား ၊အာကာသဟာ ဖုံမှုန့်များနဲ့ ယှဉ်ရပ်မိခိုက်ပို ကျယ်လာတယ် ဆိုလား ၊ အားလုံး အညမည
လို အပ်ကြတာချည်းပဲ ဆိုလား ရဲ့
 အခြားတဖက် မှာ
 ပတ်ဝန်းကျင် ဟာမီးခိုးများလို မှိုင်းရာမှ တဖြည်းဖြည်း ပြယ်လွင့် လာတာချည်းပဲဆိုလား ။ တကယ်တော့မှန်မှာပေါ်နေတဲ့ အရိပ်ကို ချခွဲလိုက်လည်း ငါပဲ နာကျင်ရတာပဲလို့ အခြားဖက်က သိနေတာပဲ ဆိုလား ၊ မီးပွင့်သံတွေကြားထဲကပဲ ပွဲဖြစ်အောင် အားထည့်မောင်နှင်ရင်း ၀န်ချီမီးရထားသံလမ်းဟာ ငါဖြစ်လာတော့ အ၇ှိန်လျော့ရမယ် ၊ ပြီးတာနဲ့ ဘာဖြစ်လဲ ၊ သိမှာပါ။
ပစ်မှတ်ထဲ အမှောင်ဝင် လာအောင်ချိန်ရတာ၊ သိမှာပါ။
ဝန်ချီအတွေ့အကြုံ ဟာကျီးပေါင်းတက်နေတော့ ၊အရင်လို အတွေး ကို နေရာတကာ မောင်းတင်ပစ်ချလို့မှမရတာ၊ သိမှာပါ။ ၀န်ချီအဆုပ်တစ်ခြမ်းလုံး ဟာ ပူခြစ်ကျန်ခဲ့မှ ပြောင်းဝကို ဆေးလိပ်လို ထိုးခြေမီးသတ်ပြီး ဆုံမှတ်များဆိုတဲ့ကျောက်တုံး အရှင်လတ်လတ်တွေ ဘယ်သူပန်းပုထုခဲ့လို့ ဒီလောက် မွကျေလွယ်ရသလဲ တွေးတာ၊ သိမှာပါ ။
တွေဝေတတ်သူငါ့ကိုယ်ပေါ်မှာ မျဉ်းကြား တွေဖက်ကသာ အလွားလိုက် ကြီး ဖြတ်ကူးသွားသည့်တိုင် ဘာကိုမှန်းမသိ စောင့်နေမိခဲ့ ။ ပျက်ပျက်နဲ့ တစ်နေ့တစ်နေ့ ငါ့ဘ၀နေမှု့ကို၊ငါ့ဖွဲ့စည်းတည်ဆောက်ပုံ ကို နှေးကွေးစွာ ခွဲစိပ် နေတုန်း ရုတ်တရက် အတူထိုင်နေသူ စိုရွဲမှု့ဟာ ဘာကြောင့် ဘယ်ကို ဘယ်လို ပူနွေးစီးကျ သွားမှန်းမသိလိုက်ရ မှန်းသိမှာပါ။
မျက်စိမှုန်သော ၀န်ချီငါးဟာ ကိုယ့် အရိပ်ကိုယ် ကောင်းကင်လိုမော့ကြည့်တဲ့
့နေ့စဉ်မှတ်တမ်းထဲ
တစ်ဖက်မြင် အရှိန်လွန်ခြင်းဆူးနဲ့
ဝန်ချီအတ္တဟာ လူ့ကျောရိုး နဲ့ ခန္တာကို တံလျို ဖောက်သွင်းလိုက်ပြီ ။ လူ နာတင်ကုတင်လို တွန်ချင်ရာတွန်း သက်တောင့်သက်တာ ဒရစ်ပိုက်တန်းလန်း ရွေ့ပါလာရော၊ သိရဲ့လား ။ ရိပ်မိကြမှာပါ ၊အရမ်းခံရခက်တယ်။ လူ့သမိုင်းဟာ အောင်မြင့်မှုနဲ့ရှုံးနိမ့်မှု များသက် သက် ဆိုရင် ဒီအချိန်မှာ ငါ့ဖက်ကို ငဲ့သင့်တဲ့ ပုစ္ဆာတွေ၇ှိပါတယ် ။ရိပ်မိကြမှာပါ၊
သိသည့်တိုင်၊ အ, နေလို့ ၊ ၀အောင် ငါ ဖြေ နိင်မှာမဟုတ်တော့ ပါဘူး။
 ဒီသက်ပြင်းရှိုက်သံအပေါက် ကြီးပေါ်မှာ
 ဒီ အလေးအပင်ထမ်းလာခဲ့သူ လမ်းငယ်ဟာ အခြားလမ်းမကြီး တစ်ခုနဲ့တွေ့တိုင်းမှာ ပျောက်ဆုံးသွားတာ ဘာသံမှမထွက်လိုက်နိင် ခဲ့တဲ့ အကြောင်းလည်း ခုလောက်ဆို အားလုံး သိနေကြမှာပါ ။
ဒီလူကလေး
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...