ဘယ်ပန်းချီရေးလို့ မှမမီ (သိန်းသန်းထွန်း)
Author: lubo601 |
5:11 PM |
No မှတ်ချက် |
ဒီမနက်အပြင်ထွက်တော့
ရထားပေါ်မှာ စာအုပ်တစ်အုပ်ဖတ်ဖြစ်တယ်။ တစ်ခါမှမဖတ်ဖူးတဲ့
စာရေးဆရာတစ်ဦးရဲ့စာအုပ်ပါ။ စဖတ်တုန်းကတော့ တစ်အုပ်ဖတ်ပြီးလို့
နောက်တစ်အုပ်အကူးမှာ ဘာရယ်မဟုတ် အစဉ်လိုက်စီထားတဲ့ စာအုပ်ကို
ကောက်ဖွင့်လိုက်တာပါပဲ။ ဒါပေမယ့် ပထမစာကြောင်း ကျေးဇူးတင်လွှာနဲ့တင်
ကျွန်မမျက်လုံးပြူးသွားတယ်။ ကျေးဇူးတင်လွှာ မှာရေးထားတာက "ဤအဖြစ်ကိုပြောပြသော
ရှမ်းပြည်ညောင်ရွှေမြို့နယ် မိုင်းသော်အရှေ့တိုက်၊ တိုက်သူကြီး ဟဲကယ်ရွာသား
ဦးမောင်ကြီးကို ကျေးဇူးအထူးတင်လှပါသည်"ဆိုတာ ပါတာကိုး..ကျွန်မရဲ့ရွာ
"ဟဲကယ်ရွာ"ကိုရေးထားတာတွေ့တော့ ကိုယ့်မျက်လုံးကိုယ်မယုံမိဘူး။
အဲဒီကျေးဇူးတင်လွှာကိုပဲ ငါးခေါက်လောက်ဖတ်မိတယ်။ ဟိုတောခြုံအုံကြားက
ရွာလေးတစ်ရွာက ဝတ္ထုစာအုပ်တစ်အုပ်ထဲမှာ ပါတယ်ဆိုတော့ တော်တော်ကြီးကို
မယုံနိုင်ဖြစ်ရတယ်။
သူရေးထားတဲ့ ရွာသူကြီး ဦးမောင်ကြီး ဆိုတာကလည်း
ကျွန်မတို့ငယ်ငယ်တုန်းက ရွာမှာရွာသူကြီးလုပ်ဖူးတဲ့
ဦးမောင်ကြီးနဲ့နာမည်တူနေတယ်။ အဲတာနဲ့ ထုတ်ဝေတဲ့ခုနှစ်ကိုကြည့်လိုက်တော့ ၁၉၆၅ခုနှစ်တဲ့။ တကယ်လို့ သူရေးထားတဲ့ဦးမောင်ကြီးက ကျွန်မတို့မီတဲ့ဦးမောင်ကြီးနဲ့ တစ်ယောက်တည်းဆိုရင် အဲဒီတုန်းက ဦးမောင်ကြီးရဲ့အသက်ကရှိလှ ၃ဝကျော် ၄ဝ ဝန်းကျင်ဖြစ်မယ်လို့ ကျွန်မခန့်မှန်းကြည့်တယ်။ ခုတော့ အသက်၈ဝကျော်နဲ့ဆုံးသွားပြီထင်တာ ပဲ။
ရေးထားတဲ့အကြောင်းက ဟဲကယ်ရွာနဲ့ ၈မိုင်လောက်ဝေးတဲ့ တောင်နီရွာနောက်နားက
သိမ်ကုန်းရွာအကြောင်း၊ ဝတ္ထုရေးတဲ့ခေတ်က ၁၉၆ဝ ဝန်ကျင်းဆိုတော့ အဲဒီတုန်းက
တစ်ရွာနဲ့တစ်ရွာ သွားရလာရခက်ခဲတုန်း၊ တောထူတုန်းပဲ။ ကျွန်မတို့
ရွာကိုစရောက်တဲ့ ၁၉၈ဝ နားနီးဝန်းကျင်မှာတောင် တောကထူတုန်း.. အခုဆိုရင်
ဟဲကယ်ရွာကလူတွေ သိမ်ကုန်းမှာ ခြံတွေသွားလုပ်ကိုင်နေပြီ။ သွားရလာရလည်း
လွယ်ကူနေပြီ။
ဝတ္ထုပါအကြောင်းအရာက တကယ်အဖြစ်အပျက်လား၊ ထပ်ချဲ့လိုက်တာလားတော့ မပြောတတ်ဘူး။ ကျွန်မက ကျွန်မရွာနဲ့ အနီးတစ်ဝိုက်ကရွာအကြောင်းတွေပါေ တာ့
စိတ်ဝင်စားတယ်။ ဝတ္ထုထဲမှာ သုံးနှုန်းထားတဲ့ အခေါ်အဝေါ်ကလည်း ကျွန်မတို့ရွာက
အခေါ်အဝေါ်နဲ့ တူတယ်။ ဥပမာ-- အသက်ကြီးပိုင်းအဘွားအိုတွေရဲ့ နာမည်ရှေ့မှာဆို
"ပေါင်"ထည့်ခေါ်တာ၊ ကိုယ့်အဒေါ်အရွယ်ဆိုရင် "ကူး(ကြီး)"ထည့်ခေါ်တာ၊
သိမ်ကုန်းရွာကလည်း အင်းသား၊ တောင်ရိုးတွေရှိတယ်ဆိုတော့
ကျွန်မတို့ရွာကလူတွေရဲ့နာမည်လို ပဲ
မိန်းကလေးနာမည်ရှေ့မှာ "မယ်"ထည့်တာ၊ ယောက်ျားလေးရဲ့နာမည်ရှေ့မှာ
"အယ်"ထည့်တာ အတူတူပဲ။ စာမျက်နှာ ၈ဝကို တစ်ထိုင်ထဲဖတ်ပစ်လိုက်တာ..
ဖတ်လည်းပြီးရော စိတ်ထဲမှာ စိတ်တိုသလိုလို၊ ဝမ်းနည်းသလိုလို၊
ငိုချင်သလိုလို.. မချင့်မရဲနဲ့ ထအော်ပစ်ချင်စိတ်တောင် ပေါက်သွားတယ်။
ပျင်းရင်ဖတ်ကြည့်ပါ.. ဟဲကယ်ရွာသူတချို့လည်း ဖေ့စဘုတ်သုံးနေပါပြီ..
ဒီပေ့ခ်ျပေါ်မှာလည်းရှိပါတယ်.. ရွာသူရေ.. ဖတ်ကြည့်ပါလို့း)
http://www.mediafire.com/ download/odleerkmv0gf3cw/ balpanchi_(onairmm).pdf

သူရေးထားတဲ့ ရွာသူကြီး ဦးမောင်ကြီး ဆိုတာကလည်း ကျွန်မတို့ငယ်ငယ်တုန်းက ရွာမှာရွာသူကြီးလုပ်ဖူးတဲ့ ဦးမောင်ကြီးနဲ့နာမည်တူနေတယ်။ အဲတာနဲ့ ထုတ်ဝေတဲ့ခုနှစ်ကိုကြည့်လိုက်တေ
ရေးထားတဲ့အကြောင်းက ဟဲကယ်ရွာနဲ့ ၈မိုင်လောက်ဝေးတဲ့ တောင်နီရွာနောက်နားက သိမ်ကုန်းရွာအကြောင်း၊ ဝတ္ထုရေးတဲ့ခေတ်က ၁၉၆ဝ ဝန်ကျင်းဆိုတော့ အဲဒီတုန်းက တစ်ရွာနဲ့တစ်ရွာ သွားရလာရခက်ခဲတုန်း၊ တောထူတုန်းပဲ။ ကျွန်မတို့ ရွာကိုစရောက်တဲ့ ၁၉၈ဝ နားနီးဝန်းကျင်မှာတောင် တောကထူတုန်း.. အခုဆိုရင် ဟဲကယ်ရွာကလူတွေ သိမ်ကုန်းမှာ ခြံတွေသွားလုပ်ကိုင်နေပြီ။ သွားရလာရလည်း လွယ်ကူနေပြီ။
ဝတ္ထုပါအကြောင်းအရာက တကယ်အဖြစ်အပျက်လား၊ ထပ်ချဲ့လိုက်တာလားတော့ မပြောတတ်ဘူး။ ကျွန်မက ကျွန်မရွာနဲ့ အနီးတစ်ဝိုက်ကရွာအကြောင်းတွေပါေ
http://www.mediafire.com/
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment