Monday, November 11, 2013

ကြွက်သေတခု အရင်းပြု၍ ကြွယ်ဝသူအကြောင်း နှင့် ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ် ဓနဥပဒေသငါးရပ်

Hla Wai

ပညာရှိကိုမှီဝဲ၍ ကျေးဇူးသိတတ်လျှင် ကြီးပွားချမ်းသာ၏ ။ ကြွက်သေတခု အရင်းပြု၍ ကြွယ်ဝသူ အကြောင်း ဗာရာဏသီပြည်ဗြဟ္မဒတ်မင်းလက်ထက် ဘုရားလောင်းစူဠသူဌေးသည် တနေ့ သ၌ မင်းထံခစားရန် သွားစဉ် လမ်း၌ ကြွက်သေ တခုကို တွေ့  မြင်၏ ။ သူသည် နက္ခတ်ကိုကြည့်ပြီး “ပညာရှိသူသည် ဤကြွက်သေကို အရင်းပြု၍ စီးပွားထွန်းဖြစ်နိုင်၏ “ ဟုဆို၏ ။ ဆင်းရဲသားတဦးသည် ထို စကားကိုကြား၍ ထိုကြွက်သေကို ယူပြီး ကြောင်စာအတွက်ရောင်းရာ ငွေတခြင်းရွေးရ၏ ။ သူသည်တင်လဲကိုဝယ်၍ တောမှလာသည့် ပန်းသည် တို့ အား တင်လဲနှင့်သောက်ရေကိုပေးရာ ပန်းသည်တို့ ထံမှ ပန်းတဆုပ်စီ ရ၏ ။ နောက်တနေ့ ထိုပန်းဘိုးဖြင့် တင်လဲကိုဝယ်ပြီး ပန်းဥယျာဉ် သို့ သွား၍ ပန်းသည် တို့ အားတင်လဲနှင့်ရေကိုပေးရာ ၎င်းတို့ ထံမှ တ၀က်ခူးပြီးသော ပန်းပင်တို့ ကိုရ၏ ။

သူသည် ဤနည်းဖြင့် ပြုလုပ်၍ ငွေရှစ်ကျပ်ကို ရ၏ ။ ထိုနောက်သူသည် မင်းဥယျဉ်တွင် လေမိုးကြောင့် ကျိုးကျသည့် သစ်ကိုင်းခြောက်များကို ဥယျာဉ် စောင့်အား ပန်ကြား၍ သယ်ယူပြီးရောင်းရာ ငွေတဆယ့်ခြောက်ကျပ်ရပြန်၏ ။ တဖန်သူသည် မြို့ တံခါးအနီး၌ ရေအိုး တည်၍မြက်ရိတ်သမား ငါးရတြို့ ကို လုပ်ကျွေး၏ ။ မြက်ရိတ်သမားတို့ က “ကိစ္စရှိလျှင် အကူအညီပေးပါမည် ” ဟုဆို၍ သူနှင့်မိတ်ဖွဲ့ ကြ၏ ။ ထို့ နောက် သူသည် ရေကြောင်း အလုပ်လုပ်သူ ၊ ကုန်ကြောင်း အလုပ်သူ နှစ်ဦးနှင့် မိတ်ဖွဲ့ ၏ ။ သူသည်ကုန်းကြောင်း အလုပ်လုပ်သူ ထံမှ “မြင်း ကုန်သည် တဦး မြင်း ငါးရာတို့ ကို ယူလာမည် ”ဟုကြားသိရ၍ မြက်ရိတ် သမား ငါးရာတို့ အား မြက်တစည်းစီ တောင်းပြီးရောင်းရာ ငွေတထောင်ရ၏ ။ နောက် သူသည် ရေကြောင်း အလုပ်လုပ်သူထံမှ “ရေဆိပ်၌ ကုန်လှေကြီး ရောက်လာမည် ”ဟု ကြားသိရ၍ လှေဆိပ်သို့ သွားပြိး လှေသူကြီးအား “သစ္စာ အထိမ်းအမှတ် ”လက်စွပ်ကိုပေး၍ ကုန်များကို မြို့ မှကုန်သည် တရာတို့  အား ရောင်းရာ အမြတ်ငွေ နှစ်သိန်း ရရှိ၏ ။ ထိုငွေနှစ်သိန်းကိုယူ၍ စူဠသူဌေး ထံသါားပြီး ကျေးဇူးဆပ်သည့်အနေဖြင့် သူဌေးအား ငွေတသိန်းကိုပေး၏ ။ စူဠ သူဌေးသည် အလွန်နှစ်သက်၍ မိမိသမီးကို သူ့ အားပေး၏ ။ သူသည် စူဠသူဌေး ကွယ်လွန်သော် သူဌေးအရာကို ရလေ၏ ။ (capital ရင်းနှီးငွေ။)
ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ် ဖေမြင့်(ဘာသာပြန်) ဓနဥပဒေသငါးရပ်

 ၁ ။ ဓနဥစ္စာဟူသည် မိမိရရှိသောဝင်ငွေ၏ ဆယ်ပုံတစ်ပုံထက် မနည်း သောဝင်ငွေကို မိမိနှင့်မိသာစု၏အနာဂါတ်အတွက် ချန်လှပ်သိမ်းဆည်းတပ်သူ ထံသို့ သာ ၀မ်းမြောက်ပျူငှါစွာ ရောက်ရှိလာတတ်မြဲဖြစ်သည် ။

 ၂ ။ ဓနဥစ္စာဟူသည် ယင်းအား အကျိုးဖြစ်အောင် ခိုင်းစေတတ်သောသူအတွက် ကျိုးနွံကျေနပ်စွာ အားထုတ်လုပ်ကိုင်ပေး စမြဲဖြစ်သည် ၊ ထိုသူ၏လက်၌ သိုးအုပ်နွားအုပ်များသဖွယ် အဆတိုးပွားများပြား လာတတ်သော သဘော ရှိပေသည် ။

၃ ။ ဓနဥစ္စာဟူသည် ယင်းအား ဂရုတစိုက် ရင်းနှီးမြုပ်နှံမှုပြုသူ ၊ ကျွမ်းကျင်လိမ္မာသောသူတို့ ၏ အကြံဥာဏ်ကို ရယူလုပ်ကိုင်သူများထံ၌သာ တွယ်ကပ်ခိုလှုံနေတတ်ကြသည် ။

 ၄ ။ ဓနဥစ္စာဟူသည် မိမိလဲမကျွမ်းကျင် ၊ ကျွမ်းကျင်သူတို့ လည်း အားမပေးသောအလုပ်မျိုးတွင် ရင်းနှီးမြှုပ်နှံသောသူတို့ ထံမှ လျှောကျပျောက်ကွယ် သွားတတ်စမြဲဖြစ်သည် ။

 ၅ ။ ဓနဥစ္စာဟူသည် ယင်းမှလွန်ကဲသောအမြတ်အစွန်းကို မျှော်မှန်းသူများ ၊ လူလိမ်လူညာတို့ ၏ ဖြားယောင်းသွေးဆောင်မှုနောက် လိုက်နားယောင်တတ်သူများ ၊ အတွေ့ အကြုံနည်းပါးကာ စိတ်ကူးယဉ်ယဉ်ဖြင့် မဆင်မခြင် ရင်းနှီးမြှုပ်နှံမှုပြုသူများထံမှ ရှောင်ခွာထွက်ပြေး သွားတတ်စမြဲဖြစ်သည် ။ (ဖြစ်မြောက် အောင်မြင်အောင် ဆောင်ရွက်ရန် အဓိဌာန်ပြတ်သားခိုင်မာပြီးဆိုက ယင်းအား အကောင်အထည်ဖေါ်ရန် နည်းလမ်းမှန်ကို ရှာတွေ့ မြဲဖြစ်သည် ။) မဟာဇနက ထုံးနှလုံးမူ၍ မလျှော့သော ဇွဲ လုံးလ သတ္တိဖြင့် ၊ တိုးတက်ကြီးပွားနိုင်ကြပါစေ ၊
သုခိ အတ္တာနံ ပရိဟရ န္တု ။
 မောင်လှဝေ (ချမ်းမြေ့အောင်) က . ဆ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...