Thursday, November 7, 2013

အလုပ်စဝင်မှာ ...

 
မားး မြင်တာလေးပြောချင်လို့ပါ။ အလုပ်လုပ်တာနဲ့ ပတ်သတ်ပြီးတော့ပေါ့။ မားးးမြင်တာ တချို့သော သားလေးတွေ သမီးလေးတွေ အလုပ်စဝင်မှာလေးတွေကို ပြောချင်တာ တချို့က အလုပ်အတွေ့အကြုံမရှိသေးတော့ စိတ်ထဲမှာ စိုးရိမ်စိတ်လေးတွေ ရှိတတ်တယ်။ တချို့က အလုပ်သစ်ပြောင်းတယ်။ ဒါမှ မဟုတ် ကိုယ်ပိုင်လုပ်ငန်းရှိလို့ ဝန်ထမ်းတွေကို အလုပ်တွင် စေချင်တယ်။ ဒီတော့ အခြေခံ လုပ်ရမှာလေးကို မားးး သိသလောက်ပြောပြမယ်နော်။

Listen - နားထောင်ပါ။ ကိုယ့်အထက်လူကြီးကဖြစ်ဖြစ် လုပ်ဖော်ကိုင်ဘက်ကဖြစ်ဖြစ် တခုခု အလုပ်ခိုင်းတာပဲဖြစ်ဖြစ်၊ ရှင်းပြတာပဲဖြစ်ဖြစ် အားတတ်သရော နားထောင်ပါ။ စိတ်ပါဝင်စားမှုပြပါ။


Ask Question - မေးခွန်းလေးတွေ မေးပါ။ နားလည်အောင် နားထောင်ပြီး မရှင်းတာ ပိုပြီးသိချင်တာကို မေးခွန်းတွေ မေးဖို့ မရှက်ပါနဲ့။ ဒါပေမယ့်တခု သတိထားရမှာက အစအဆုံးရှင်းပြပြီးမှ "ဟင် ဒါကြီး တခုလုံး သမီး နားမလည်ဘူး" လို့ ထမလုပ်ပါနဲ့။ အတတ်နိုင်ဆုံး ကိုယ့်အားကိုယ်ကိုးပြီး လုပ်ကြည့်ပါ မရတဲ့အဆင့်မှ "ဒီအဆင့်တော့ ရောက်နေပြီ နောက်ဘာဆက်လုပ်သင့်လဲ " မေးတာက ပိုကောင်းပါတယ်။ ဖြေရတဲ့လူစိတ်ထဲမှာ "ဪ သူခမြာကြိုးစားရှာတယ်" လို့ မြင်ရင် ရှင်းပြဖို့ စိတ်ပါပါလိမ့်မယ်။

Confirm - လုပ်ရင်းကိုင်ရင်း မသေချာတာ၊ နောက်တဆင့် အရေးကြီးတာလုပ်ရမယ်ဆိုရင် confirm တောင်းပါ။ "ဒီအဆင့်မှာ ဒီလိုဆက်လုပ်ရမှာ ဟုတ်သလား? " စသည်ဖြင့်ပေါ့။ (သေးသေး အဆင့်လေးကို ပြောတာမဟုတ်ဘူးနော်။ ဥပမာ client ဆီကို သိန်းချီတဲ့ quotation ပို့ခါနီးမျိုးမှာ ကိုယ့်မှာ လုံလောက်တဲ့ တာဝန်ယူပိုင်ခွင့်မရှိရင် မေးပါ။ မှားပြီးလုပ်မိရင် တချို့အလုပ်တွေက ပြန်ပြီး အမှားပြင်ရတာ ပိုပြီးပင်ပန်းတယ်။ ပြီးတော့ email ပို့မှာတို့ ပြောစရာရှိတာတို့ကို နှစ်ခါ ပြန်စစ်ပါ။

အထက်ကလူက အလုပ်ရှုပ်နေလို့ စိတ်မရှည်တယ် ထားဦး မသိချင်ယောင်ဆောင်ပြီး မေးပါ။ တကယ်လို့ (တချို့လူတွေနဲ့ဆိုရင်) မမေးဘဲ ပို့ပြီး အလွဲအချော်ဖြစ်ရင် ကိုယ်အပေါ် ပုံချနိုင်တဲ့ အပြစ်ကပိုများလို့ပဲ။ ပိုပြီးသေချာချင်ရင် email ပို့ပြီး confirm တောင်းပါ။ အရစ်သန် အငြင်းသန်တဲ့လူတွေနဲ့ဆိုရင် နောင်တချိန်မှာ ဒါက သက်သေပဲ ငြင်းစရာ မလိုဘူးပေါ့။

Report - ပြန်လည် သတင်းပို့ပါ။ လုပ်ဖို့ တာဝန်ပေးထားတဲ့ ကိစ္စအောင်မြင်တယ် မအောင်မြင်ဘူး အမြဲ ပြန်သတင်းပို့ပါ။ လိုအပ်ရင် အသေးစိပ်အချက်အလက်နဲ့ ပြန်ပြီး အသိပေးပါ။ email ပို့ပါ။ ဒါမှ အထက်လူကြီးက လိုအပ်သလို လုပ်ဆောင်လို့ရမှာပါ။ နောက်ပြီး ဒါတွေဟာ နောင်တချိန် ကိုယ်ရာထူးတက်ဖို့ လခတိုးဖို့ bonus ရဖို့ ပြောရင် သက်သေတွေပါ။

နောက်ဆုံးပြောချင်တာက စိတ်ထဲမှာ ထားရမယ့် စိတ်အခံက " ငါသည် ဘယ်သူ့ကိုမှ ကြောတ်ဖို့မလိုဘူး။ လူအချင်းချင်း ပြောဆိုနေတာဖြစ်တယ်။ အဆင်အတန်းနဲ့ ကိုက်ညီအောင် လေးစားမှုထားပေမယ့် ကြောက်ဖို့မလိုဘူး " လို့ အမြဲသတိရပါ။ တော်ရုံဆူတာ အသံကျယ်တာလောက် စိတ်ထဲမထားပါနဲ့။ ကိုယ့်အရည်အချင်းရှိလာဖို့ကို အဓိကလို့ အမြဲတွေးပါ။ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံက ဒီလိုပဲ သင်ယူရတာပဲ။

စစပြီး အလုပ်လုပ်ခါစ၊ အလုပ်သစ်ရောက်ခါစ မသိတာတွေ များရင် စိတ်ဓာတ်မကျပါနဲ့။ အားမနာတမ်း မေးပါ ဖတ်ပါ သိအောင်လုပ်ပါ။ ဘယ်လောက်လွယ်တယ် ကိစ္စလေးဖြစ်ဖြစ် မသိတဲ့လူကမသိဘူးပဲ။ ဒီတော့ မရှက်ပါနဲ့မေးပါ။ ဒါပေမယ့် တခေါက်နားလည်အောင် ရှင်းပြပြီးရင် နောက်ထပ်ခါထပ်ခါမေးရတာမျိုး မဖြစ်ပါစေနဲ့။

နောက်ပြီးကိုယ့်မှာ ရှိပြီးသား စာထဲကအသိနဲ့ လုပ်ငန်းခွင်မှာ လုပ်ရတာနဲ့ ဆက်စပ်တွေးပါ။ ဒီနေရာမှာဘာလို့ ကျောင်းမှာသင်သလို လုပ်လို့မရတာလဲ ? ကျောင်းကသင်တာနဲ့ ဘယ်လိုပိုကောင်းအောင်လုပ်မလဲ ? တွေးပေးပါ။ senior တွေကို ဘာလို့လဲ မေးပါ။

" ငါတတ်နိုင်သမျှ ကိုယ်စွမ်း ညာဏ်စွမ်းရှိသမျှ အကောင်းဆုံးလုပ်မယ် " လို့ စိတ်လေးကို အမြဲမွေးထားပါ။ ဒီလိုစိတ်အခံရှိရင် ဘဝမှာ ဘယ်နေရာသွားသွား နေရာမရှားပါဘူး။ သူများအလုပ်မှာလုပ်လုပ် ကိုယ့်ဝန်ထမ်းကိုပြန်သင်သင် ဒါတွေက အလုပ်ခွင်မှာ အောင်မြင်ဖို့ အခြေခံတွေလို့ မားးး ထင်ပါတယ်။

( အောင်မြင်ပါစေ )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...