Monday, November 4, 2013

ဟာသ စုစည်းမှု (၄-၁၁)


Zaw Min Latt

" ယောင်္ကျားတွေကို မယုံနဲ့  '

" ယောင်္ကျားတွေကို လုံးဝ မယုံနဲ့  ..၊ သူတို့ အားလုံး လူလိမ်တွေချည်းဘဲ...."
" ဘာဖြစ်လို့ လဲ..ဟင် " 
" ဘာဖြစ်ရမှာလဲ...ကျမကို ချစ်လှချည်ရဲ့ ..ကြိုက်လှချည်ရဲ့ လို့  ယောင်္ကျားတွေ အများကြီးက ပြောခဲ့တယ်...
ဒါပေမဲ့...တစ်ယောက်ထဲပဲ..ကျမက လက်ထပ်တယ်...."



" ကြက်ဖ နဲ့  ကြက်မ " 

" ကြက်မနောက်ကို လိုက်နေတဲ့ အချိန်မှာ..ကြက်ဖက ဘယ်လိုစဉ်းစားသလဲ "
" မိရင်လဲမိပေါ့..မမိရင်လဲ သွေးပူလေ့ကျင့်ခန်း လုပ်တယ်လို့ ပဲ..အောက်မေ့ရမှာပဲ "
" ကြက်ဖရှေ့ က ပြေးနေတဲ့အချိန် ကြက်မက ဘယ်လိုစဉ်းစားသလဲ "
" ငါ ပြေးတာသိပ်များ မြန်နေသလား..မသိဘူး "




" ဈေးနှုန်း "

စာရေးဆရာကြီး ဘားနတ်ရှောသည် လန်ဒန်မှ အထက်တန်းစား အမျိုးသမီး တစ်ဦးကို ယခုလို မေးသည် ။

" ပေါင်စတာလင် တစ်သိန်း ရမယ်ဆိုရင် ကိုယ်မနှစ်သက်သူ ယောင်္ကျားတစ်ယောက်နဲ့  တစ်ညအတူတူ
ခင်ဗျား အိပ်နိုင်ပါ့မလား....."
" သိပ် အိပ်တာပေါ့ရှင် "
" တစ်ပေါင်ထဲ ရမယ်ဆိုရင်ကော "
" ရှင်...ကျမကို ဘယ်အစားက အောက်မေ့လို့ လဲ "
" ခင်ဗျားကို ကျနော် နားလည်ပါတယ်...၊ ကျနော်က အနိမ့်ဆုံး ဈေးနှုန်းကို သိချင်လို့ ပါ...."


" အကြံကောင်း " 

" ဒေါက်တာ ကျနော့်..ခြေထောက်တွေက မကြာခဏ ဆိုသလို အေးအေးနေတယ် ခင်ဗျ "
" ဒီလိုဆို ကျနော် အကြံပေးချင်တယ်.၊ ကျနော်လဲ မကြာမကြာ ခြေထောက်တွေ အေးလေ့ရှိတယ် ၊ အေးလာပြီဆိုရင် မိန်းမဘေး ၀င်ခွေလိုက်တယ် ၊ မကြာခင် ခြေထောက်တွေ ပြန်နွေးသွားတယ်ဗျ ၊ လိုက်လုပ်ကြည့်စမ်းပါ "

" ဟုတ်ကဲ့..ကျေးဇူးပါပဲ ၊ ဒါနဲ့ ဒေါက်တာ့ဇနီးက အိမ်မှာ ဘယ်အချိန် ရှိမလဲဟင် "


" သ၀န်တိုသူ "

မိန်းမလုပ်သူသည်..ယောင်္ကျားအပြင်က..ပြန်လာတိုင်း ၄င်း၏အင်္ကျီကို..စစ်ဆေးလေ့ရှိသည်..။ အကီင်္ျပေါ်တွင်.ဆံပင်တစ်ချောင်းတွေ့ သည်နှင့်..အခြားမိန်းမနှင့်..ပျော်ပါးသည်ဟု စွပ်စွဲကာ..ဆူညံပူညံ လုပ်လေ့ရှိသည်..။
တစ်နေ့ ..ယောင်္ကျား..အပြင်မှပြန်လာသည်..။ ထုံးစံအတိုင်းဆံပင်အကြွင်းအကျန်များကိုရှာသည်..။ မတွေ့ ချေ..၊ ထိုအခါ.. စိတ်ဆိုးမာန်ဆိုးဖြင့်....
" ဟင်...ရှင်တော်တော့်ကို ..ကမြင်းတယ်..၊ ဆံပင်မရှိတဲ့..မိန်းမကိုတောင် မရှောင်ဘူး...." ဟု ပြောလိုက်သည်..။


" ချောက် ချ တဲ့ မိန်းမ "

မောင်းလာသောကားတစ်စီးကို ယာဉ်ထိန်းရဲက ရပ်ခိုင်းသည်.. ။ 
" ခင်ဗျား သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းလာပါတယ် ၊ ဒါကြောင့် ဒဏ်ရိုက်ရပါလိမ့်မယ် " 
" ကျုပ်..လုံးဝပို မမောင်းဘူး ..၊ ခင်ဗျား ပြောတာကို ကျုပ်လက်မခံဘူး.."
ကားထဲမှ အမျိုးသမီးထွက်လာပြီး ယာဉ်ထိန်းရဲ ကို ပြောသည် ။
" ကျမ ယောင်္ကျားကို ရှင် ငြင်းမနေနဲ့ ရှင့်..၊ သူက အရက်သောက်ထားရင် .. ဘယ်တော့မှ ၀န်ခံတတ်တာ မဟုတ်ဘူး.."

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...