Author: lubo601 |
8:31 AM |
|

မျှော်လင့်ထားပီး ကိုယ်မျှော်လင့်သလို ဖြစ်မလာတဲ့အခါ နည်းနည်းမျှော်လင့်ထားရင် နည်းနည်းခံစားရပီး၊ များများမျှော်လင့်ထားရင် များများခံစားရတတ်ပါတယ်။ အရမ်းမျှော်လင့်မိရင်တော့ မဖြေသိမ့်နိုင်လောက်အောင် ခံစားရတတ်ပါတယ်။ ၁၀ တန်းကျောင်းသားတယောက်က စာမေးပွဲမှာ အမှတ်များများနဲ့ အောင်မြင်ဖို့၊ ဂုဏ်ထူးတွေ အများကြီးထွက်ဖို့ မျှော်လင့်ပ
ီး ကြိုးစားခဲ့ပေမယ့် ကိုယ်မျှော်လင့်သလို ဖြစ်မလာတဲ့အခါ အလွန်ပဲ ဝမ်းနည်းပူဆွေးရတတ်ပါတယ်။ကိုယ်ထင်ထားသလောက် အမှတ်မကောင်းတဲ့အခါ၊ကိုယ်မျှော်မှန်းထားတာထက် ဂုဏ်ထူးအထွက်နည်းတဲ့အခါ သောကများပီး ပူဆွေးရတတ်ပါတယ်။ဘယ်ကိစ္စမဆို
မျှော်လင့်ချက် ထားမိရင် ထားမိသလောက် ခံစားရတတ်ပါတယ်။လူဆိုတာ
မျှော်လင့်ချက်နဲ့ အသက်ရှင်တယ်ဆိုတာထက် ဘာကိုမှ
မမျှော်လင့်ထားဘဲ ကိုယ်တတ်နိုင်သလောက် အစွမ်းကုန် ကြိုးစားပီး
လုပ်တာက ကိုယ့်အတွက် ပိုကောင်းမယ်ထင်ပါတယ်။ဘာကိုမှ မမျှော်လင့်ထားတော့ ဘာမှ မရလည်း ဖြေသာပါလိမ့်မယ်။ဆယ်တန်းကျောင်းသားနယောက်က ဆယ်တန်းအောင်ဖို့ မမျှော်လင့်ထားဘဲ တတ်နိုင်သလာက် အစွမ်းကုန် ကြိုးစားတယ်ဆိုပါစို့။တကယ်လို့ ဆယ်တန်းကျသွားလည်း သိပ်ပီး ပူဆွေးသောက ဖြစ်နေမှာမဟုတ်ပါဘူး။အောင်မယ်လို့ သူမှ မမျှော်လင့်ထားဘဲကိုး။ဒီတော့ ကျရှုံးမယ်ဆိုလည်း နောက်နှစ် ပြန်ပီး ကြိုးစားဖြေရုံပဲလေ။အောင်သွားခဲ့ရင်တော့ ပျော်နေမိမှာပေါ့။ဂုဏ်ထူး၁လုံးလောက်ပါရင် တော်တော်ပျော်နေမိမှာပါ။ဘယ်ကိစ္စမဆို ဒီအတိုင်းပါပဲ မိတ်ဆွေ။အများစုက နည်းနည်းပေးပီး များများမျှော်လင့်တတ်ကြပါတယ်(သို့)ကိုယ်ပေးသလောက် ပြန်ရမယ်လို့ မျှော်လင့် တတ်ကြပါတယ်(သို့)ကိုယ်ပေးတာထက် ပိုပီး ပြန်ရလိမ့်မယ်လို့ မျှော်လင့်တတ်ကြပါတယ်။ ဒီတော့ ခံစားရပီပေါ့။အစားနိုင်၊ မအိပ်နိုင်တွေ ဖြစ်ကြရ၊ အလုပ်အကိုင်တွေ ပျက်ကြရ၊ ကျန်းမာရေးတွေ ဆုံးရှုံးကြရပါတယ်။တကယ်တော့ ကိုယ်ပေးနိုင်သလောက် ပေးလိုက်တာက အကောင်းဆုံးလို့ ထင်ပါတယ်။ယူတာ၊မယူတာက ကိုယ်နဲ့ မဆိုင်ဘူးလေ။ကိုယ်တတ်နိုင်သလောက် အကောင်းဆုံး ပေးလိုက်ပါ။တန်ဖိုးထားတာ၊မထားတာက လက်ခံသူရဲ့သဘောပါပဲ။တုန့်ပြန်မှုကို ဂရုစိုက်မနေစေချင်ပါဘူး။လက်ခံသူက တန်ဖိုးမထားရင်၊ကောင်းကောင်းမွန်မွန် မလက်ခံရင်၊ကိုယ်ပေးတာကို မယူရင်၊ကိုယ်ကတန်ဖိုးထားပီး ပေးပေမယ့် သူကတန်ဖိုးမထားရင်၊သူ့ရဲ့တုန့်ပြန်မှုကဘကိုယ့်အတွက် ကျေနပ်လောက်စရာ မရှိရင် ကိုယ်ပဲ ခံစားနေရတော့မှာပါ။တွေးမိတိုင်း မဖြေသာအောင် ခံစားနေရတတ်ပါတယ်။အစကတည်းကသာ ဘာကိုမှ မမျှော်လင့်ထားဘဲ ပေးခဲ့မယ်ဆိုရင် ခံစားရလည်း ဖြေသာနေမှာပါ၊ဘာမှ မခံစားရတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ကိုယ်တိုင်က မမြဲပါဘူး။ မမြဲတော့ ဆင်းရဲပါတယ်။ကိုယ့်ကိုယ်ကို မပိုင်ပါဘူး။ ကိုယ့်ကိုယ်ကို အစိုးမရပါဘူး။ကိုယ်ဖြစ်ချင်တာ မဖြစ်ရပါဘူး။ ဒီတော့ သူများကလည်း မမြဲပါ။မမြဲတော့ ဆင်းရဲပါလိမ့်မယ်။ကိုယ့်ကိုယ်ကိုတောင်မပိုင်တာ၊သူ့ကို ပိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။သူ့ကိုလည်း
အစိုးမရနိုင်ပါဘူး။ ဒါကို မိတ်ဆွေ တွေ့ကြုံနေရတဲ့ ဘယ်လိုကိစ္စမှာပဲ
ဖြစ်ဖြစ်၊မိတ်ဆွေ ဥာဏ်ရှိသလို အသုံးချပါ။ကျမရဲ့
ခံယူကျင့်သုံးမှုကတော့ ဘယ်သူ့ဆီက ဘာမှ မမျှော်လင့်မိအောင်
အတတ်နိုင်ဆုံး ကြိုးစားပါတယ်။ဒီတော့ ဘယ်သူတွေက ဘယ်လိုပဲ
တုန့်ပြန်ကြပါစေ၊တုန့်ပြန်မှုကို ထည့်သွင်းမစဉ်းစားပါဘူး။ အတတ်နိုင်ဆုံး၊ပေးနိုင်သလောက် ပေးတာပါပဲ။ ချီးမွမ်း၊ကဲ့ရဲ့တာကို လျစ်လျူရှုပီး(ချီးမွမ်း၊ကဲ့ရဲ့လို့ မတုန်လှုပ်ဘဲ)ေ၇ှ့ဆက် ဘာလုပ်ရမယ်၊ဘာတွေပေးရမယ်ဆိုတာပဲ စဉ်းစားပါတယ်။ဒီတော့ အားအင်တွေ အမြဲရှိနေပါတယ်။အဲလိုမှ မဟုတ်ဘဲ တစုံတရာကို မျှော်လင့်ပီးပေးမယ်ဆိုရင် ကိုယ်မျှော်မှန်းသလောက် ဖြစ်မလာတဲ့အခါ၊စေတနာကို နားမလည်၊တန်ဖိုးမထားကြတဲ့အခါ နောက်ထပ်ရှေ့ဆက်ကြိုးစားဖို့ အားမရှိ၊မလုပ်ချင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ကဲးးးဘယ်အရာကိုမှ ဘာမှ မမျှော်လင့်ဘဲ အစွမ်းကုန် ကြိုးစားနိုင်သလောက် ကြိုးစားပါလား မိတ်ဆွေ။
0 comments:
Post a Comment