Friday, November 1, 2013

မန္တလေးမြို့တွင် ချို့တဲ့ကလေးများအတွက် ရည်ရွယ်သော ပလက်ဖောင်း စာသင်ဝိုင်းအပေါ် စိတ်ဝင်စား၍ လှူဒါန်းမှုများရှိလာ


မန္တလေးမြို့တွင် ချို့တဲ့သူ ကလေးများအတွက် ရည်ရွယ်သော ပလက်ဖောင်း စာသင်ဝိုင်းအပေါ် စိတ်ဝင်စား လှူဒါန်းမှုများ ရှိလာကြောင်း သိရသည်။
၇၇ လမ်း၊ လမ်း ၃၀ နှင့် ၃၁ လမ်းကြား မီးရထား တိုက်ခန်းဆိုင်များရှေ့တွင် ညစဉ် ၇ နာရီမှ ၉ နာရီ အထိ စေတနာ့ ၀န်ထမ်းများက ချို့တဲ့ကလေးများကို ပညာသင်ကြား ပေးလျက်ရှိကြောင်း သိရသည်။ "ပလက်ဖောင်းပျိုးခင်း" ဟု အမည်ပေးထားသည့် အဆိုပါ အခမဲ့ ပညာဒါနတွင် သူငယ်တန်းမှ ဒသမတန်းအထိ ပညာသင်ကြား ပေးနေခြင်းဖြစ်ကာ ကလေးများ၏ ကျောင်းစရိတ်၊ စာရေးကိရိယာ၊ အ၀တ်အစားများ အတွက်ပါ အကုန်ကျခံ တာဝန်ယူပေး နေသော်လည်း အလှူခံခြင်း မရှိကြောင်းနှင့် လာရောက်လှူဒါန်း မှုများကိုသာ လက်ခံကြောင်း ကလေးများကို ယဉ်ကျေးလိမ်မာ၊ နေထိုင်နည်း၊ အကျင့်စာရိတ္တဆိုင်ရာ လိမ်မာရေးခြား ရှိစေရန် သင်ကြားပေးသည့် ဆရာတော် အရှင်ကုမုဒမှ မိန့်ကြားသည်။

"သက်တမ်းက ငါးနှစ်လောက် ရှိပြီ။ မီးရထား ရဲဝန်ထမ်းတစ်ဦးက အရင်ဦးဆောင်ပြီး ဘူတာကြီး တစ်ဝိုက်က လေလွင့်ကလေးတွေ၊ ကျောင်းမနေနိုင်တဲ့ ကလေးတွေကို ခေါ်ယူသင်ကြားပေး၊ ကျောင်းထားပေးရင်းနဲ့ အခု ကလေး ၃၃ ယောက်မှာ ဆယ်တန်းတစ်ယောက်၊ ကိုးတန်းနှစ်ယောက်တောင် ရှိပြီ။ ဆယ်တန်းရောက်နေတဲ့ ကလေးဆိုရင် ဒီပလက်ဖောင်းပျိုးခင်း စထောင်ကတည်းက သင်ကြားပေးခဲ့တဲ့ သူပါ။ ဒကာကြီးက မီးရထား ရဲဝန်ထမ်းစောင့်ရင်း နိုင်သလောက်လုပ်တဲ့ သဘောဖြစ်လို့ ဘူတာကြီး ပလက်ဖောင်းဘေးမှာပဲ သင်ကြားပါတယ်။ တစ်ဆင့်စကားနဲ့ ကလေးတွေအတွက် လာရောက်လှူဒါန်းမှုတွေ များလာတယ်" ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

မိဘမှ ကျောင်းထားရန် အခက်အခဲ ဖြစ်နေသည့် ကလေးများ၊ လေလွင့်ကလေးများ၊ ဘူတာကြီး တစ်ဝိုက်တွင် လုပ်ကိုင်စားသောက်နေသည့် ဆင်းရဲချို့တဲ့သည့် ကလေးများကို ပညာသင်ကြားပေးရင်း စာရိတ္တပိုင်းဆိုင်ရာ တိုးတက်လာစေရန် အတွက်လည်း ရည်ရွယ်၍ သင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ ၇၇ လမ်း၊ လမ်း ၃၀ နှင့် ၃၁ လမ်းကြား ချို့တဲ့ကလေးများအား သင်ကြားပေးနေသော ပလက်ဖောင်း စာသင်ဝိုင်းအား တွေ့ရစဉ်
---------------------------------------------------------------------------
Makhin Oo shared Eleven Media Group's photo.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...