Friday, November 1, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁-၁၁)

သစ်ထူးလွင်



Posted: 01 Nov 2013 03:20 AM PDT

တစ်နိုင်ငံလုံးရှိ ပုဂ္ဂလိကစက်သုံးဆီများ၏ အရည်အသွေးပြည့်မီခြင်း ရှိ၊ မရှိကို ရွေ့လျားဓာတ်ခွဲခန်းများဖြင့် စတင်စစ်ဆေးတော့မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်
ရေး လုပ်ငန်းမှ သတင်းရရှိသည်။ ပြည်ပမှ တင်သွင်းလာသော စက်သုံးဆီများကို သန်လျင်ရေနံချက်စက်ရုံရှိ သုတေသနဓာတ်ခွဲခန်းတွင် စစ်ဆေးပြီးမှသာ ရောင်းချခွင့်ရှိသော်လည်းစစ်ဆေးပြီး စက်သုံးဆီဆိုင်များသည် ဈေးကွက်သို့ အမှန်တကယ်အရည်အသွေးပြည့်မီသည့် စက်သုံးဆီများ ရောင်းချခြင်း ရှိ၊ မရှိကို တစ်လလျှင် တစ်ကြိမ်ထက်မနည်း ရှောင်တခင်စစ်ဆေးမှုများကို ဒီဇင်ဘာမှစတင်၍ စွမ်းအင်ဝန်ကြီးဌာနက ပြုလုပ်သွားမည်ဖြစ်သည်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရန်ကုန်မြို့လယ်ရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်တွင် အငှားယာဉ်တစ်စီး ဆီဖြည့်နေစဉ် ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ)


Posted: 01 Nov 2013 03:14 AM PDT

လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ရေးတပ်ဖွဲ့ KNU/KNLA မှ ထုတ်ပယ်ထားသည့် စောမောင်မောင်ဆိုသူသည် ဒုတိယဗိုလ်မှူးကြီးအယောင်ဆောင်၍ လိုင်စင်မဲ့ကား ၄၇ စီး ထုတ်ယူထားခဲ့ကြောင်း KNU/KNLA မှ သတင်း ရရှိသည်။ ငြိမ်းချမ်းရေးဖော်ဆောင် နေစဉ်ကာလအတွင်းရုံးလုပ်ငန်း များလုပ်ဆောင်ရန် တပ်ဖွဲ့မှ ထုတ်ပေးထားသော ကားများမဟုတ်ဘဲ ၎င်းင်း KNU/KNLA မှ ဗိုလ်မှူးချုပ် စောထူးဂေ၏ လက်မှတ်ကို အတုပြုလုပ်၍ စာရွက်စာတမ်းများ ထုတ်ပေးစီးနင်းစေခြင်း၊ အဖွဲ့အစည်း၏အမည်ကို အလွဲသုံးစားပြုလုပ်၍ စီးနင်းစေခြင်းတို့ကို ပြုလုပ်နေခြင်းဖြစ်ကြောင်း KNU/ KNLA မှ တာဝန်ရှိသူများကပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

KNU/KNLA မှ တာဝန်ရှိသူများ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

Posted: 01 Nov 2013 02:59 AM PDT

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(အေဘီအက်စ်ဒီ
အက်ဖ်) ၂၅ နှစ်မြောက် ငွေရတု အခမ်းအနားကို ကျောင်းသားတပ်မတော် မြောက်ပိုင်း (လိုင်ဇာမြို့)မှာ  ကျင်းပပြုလုပ်ခဲ့ပါတယ်။ အေဘီအက်စ်ဒီအက်ဖ် အဖွဲ့ရဲ့ ၂၅ နှစ်မြောက် မွေးနေ့ပွဲအခမ်းအနား မိန့်ခွန်းမှာ ဥက္ကဋ္ဌ ကိုသံခဲက “ဒီနေ့ကာလဟာ ကျနော်တို့တွေအနေနဲ့ ကျနော်တို့လိုချင်တဲ့ ပန်းတိုင် မရောက်သေးပါဘူး။ သို့သော်လည်းပဲ ကျနော်တို့တတွေဟာ ဒီနေ့ပြောနေတဲ့ နည်းပရိယာယ်အရ အားလုံးလိုလားတဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့ ဒီမိုကရေစီအင်အားစုတွေ မဟာမိတ်အင်အားစုတွေနဲ့အတူ လက်တွဲ ကြိုးပမ်းမယ်။ တပြိုင်နက်ထဲမှာပဲ ဒီကြိုးပမ်းမှုမှာ ကျနော်တို့ ရပ်တည်မှုကတော့ အဖိနှိပ်ခံ တိုင်းရင်းသား လူမျိုးစုံဘက်က မကဒတ အနေနဲ့ အလေးအနက်ရပ်တည်သွားမယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 01 Nov 2013 01:32 AM PDT

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေး အတွင်းမှာ အစိုးရကနေ သတ်မှတ်ထားတဲ့ အလုပ်ချိန်ထက်ပိုပြီး အချိန်ပိုခိုင်းတဲ့ အလုပ်ရှင်တွေကို အရေးယူသွားမှာ ဖြစ်တယ်လို့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဒုဝန်ကြီးဦးထင်အောင်က အောက်တိုဘာ ၃၀ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ဆဌမအကြိမ် ပြည်ထောင်စု လွှတ်တော်မှာ ပြည်ထောင်စုလွတ် တော်နာယက ဦးခင်အောင်မြင့် ဥက္ကဌအဖြစ်တာ ၀န်ယူဆောင်ရွက်တဲ့ အလုပ်ရှင်၊ အလုပ်သမား အခွင့်အရေး မျှတရေးကော်မရှင်ကနေ ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံစာ တင်သွင်းထားတာ ဖြစ်တယ်လို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Nov 2013 01:22 AM PDT

အ စိုးရဝန်ထမ်းများ မိမိအလုပ်ကိုချစ် ပြီး တာဝန်ကျေပွန်စွာလုပ်ဆောင် နိုင်ရန်အတွက် လုံလောက်သော လစာရရှိရန် လိုအပ်သည်ဟု က ရင် တိုင်းရင်းသားရေးရာဝန်ကြီး က ပြောသည်။ ''အစိုးရဝန်ထမ်းတွေ အား လုံး ကိုယ့်အလုပ်ကိုချစ်ပြီး တာ ဝန်ကျေအောင် လုပ်ဆောင်နိုင်ဖို့ လစာလောက်အောင် ပေးရမယ်။ လုံလောက်တဲ့ လစာရှိရင်အကျင့် ပျက်ခြစားမှုတွေ လျော့နည်းလာ မယ်''ဟု ကရင်တိုင်းရင်းသားရေး ရာဝန်ကြီး ဦးစောထွန်းအောင် မြင့်ကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 01 Nov 2013 12:49 AM PDT

ရန်ကုန်တိုင်းဒေသကြီးအပိုင် အလယ်ကင်း ကျေးရွာနှင့် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ သက္ကယ်ကျွန်း ကျေးရွာတို့၏ မြေနုကျွန်း အငြင်းပွားမှု ပြဿနာများကြောင့် တိုင်းခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ အကြိမ်ကြိမ် လာရောက်ကြရသလို သက်ဆိုင်ရာ တိုင်းမှူးများ အထိပင် လာရောက်၍ ဖြေရှင်း ခဲ့ကြသော်လည်း အဆင်ပြေ အေးချမ်းမှု မရှိခဲ့ဘဲ ယခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ သက္ကယ်ကျွန်း ကျေးရွာမှ လူအင်အားသုံး၍ လာရောက် အကြမ်းဖက် ဖျက်ဆီးမှုများ ဖြစ်ပွားလျက် ရှိကြောင်း သတင်းရရှိသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ကြံ့ခိုင်ရေးပါတီဝင် စိုက်ပျိုးရေး ၀န်ကြီးများ ဖြစ်ကြသော ဦးစန်းမောင်နှင့် ဦးစိုးမင်းတို့ ပြဿနာဖြစ်ပွားနေသည့် မြေနုကျွန်းသို့ ၁၈၊၅၊၂၀၁၃ နေ့ကလာရောက်ခဲ့စဉ်


Posted: 01 Nov 2013 12:41 AM PDT

မြန်မာနိုင်ငံနှင့် သံတမန် ဆက်ဆံရေး စာမျက်နှာသစ် ပြန်လည် ဖွင့်လှစ်ခဲ့သော အမေရိကန် တပ်မတော်က မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များအတွက် အထောက်အပံ့ ဖြစ်စေမည့် တပ်မတော်တစ်ရပ် ဖော်ဆောင်နိုင်ရန် အထောက်အပံ့ ကောင်းများ ပေးအပ် သွားမည် ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု၏ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr.Scot Marciel က The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 01 Nov 2013 12:38 AM PDT

မကြာသေးမီက မလေးရှားနိုင်ငံတွင် အွန်လိုင်းပေါ်သို့ အသက်ရှစ်နှစ်နှင့် ၁၀ အရွယ် ညီအစ်ကိုနှစ်ယောက်က အရွယ်မရောက်သေးသည့် ပထမတန်း ကောင်မလေး တစ်ယောက်ကို မဟားဒယားပြုကျင့်မှု ဗီဒီယိုပြကွက်များ တက်လာသဖြင့် တစ်နိုင်ငံလုံး တုန်လှုပ်ချောက်ချား သွားခဲ့ရသည်။ ကလေးတွေပဲဟု သာမန် အလေးမထားစရာ ကိစ္စဟု ထင်လိုက်လျှင် မှားသွားပေ လိမ့်မည်။ ဤအရွယ်လေးတွေက ဤကိစ္စကို နားလည်နေကြပြီ ဆိုခြင်းကို ပြန်လည်ဆန်းစစ်ရန် လိုလာပြီ ဖြစ်သည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 01 Nov 2013 12:31 AM PDT

နေပြည်တော် မြို့တော်သစ်ကြီး၏ ကုန်ကျစရိတ်အား တိတိကျကျ တွက်ချက်ရန် ခက်ခဲ လှသော်လည်း ပညာရှင်များ သုံးသပ်ကြသည်ကတော့ အမေရိကန် ဒေါ်လာ ၅ ဘီလီယံ နီးပါး ကုန်ကျခဲ့လိမ့်မည်ဟု ဆိုကြ သည်။ မြို့တော်သစ်ကြီးအား တရားဝင် ပြောင်းရွှေ့ခဲ့သည့် အချိန်တွင် နိုင်ငံတွင်းရှိ နိုင်ငံသားတစ်ယောက်၏ တစ်နှစ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၂၈၀ (မြန်မာငွေ ၂ သိန်း ၈သောင်းခန့်) သာရှိခဲ့ပြီး တိုင်းပြည်တွင်းရှိ တချို့သော ကလေးငယ်လေးများသည် အမှိုက်ကြို အမှိုက်ကြားမှ ကောင်းပေ့ ဆိုသည့် အစုတ်အချာလေးများ လိုက်လံ ကောက်ယူပြီး အသက်မွေးမှု ပြုနေရသည်ဟု ပညာရှင်များ လေ့လာထားသော အစီရင်ခံစာ တစ်ခုတွင် ဖော်ပြထားသည်။---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 01 Nov 2013 12:24 AM PDT

လာမယ့် ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် သမ၀ါယမ ဝန်ကြီးဌာန ဝန်ကြီးတွေရဲ့ ခရီးသွားလာရေးစရိတ် ဓါတ်ဆီ စက်ဆီအသုံးစရိတ် တင်ပြတောင်းခံငွေဟာ များပြားလွန်းနေကြောင်း ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေ က ထောက်ပြဆွေးနွေးခဲ့ပါတယ်။ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းမှာပါတဲ့ သမ၀ါယမဝန်ကြီးဌာနရဲ့ တင်ပြတောင်းခံငွေနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က အခုလိုထောက်ပြ ဆွေးနွေးခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 01 Nov 2013 12:09 AM PDT

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသည် အီလက်ထရောနစ်ဆက်သွယ်ရေး ကွန်ယက်အတွင်း
ဆက်သွယ်မှုများကို ကြားဖြတ်ထောက် လှမ်းသည့် နေရာတစ်နေရာ ဖြစ်ကြောင်း အောက်တိုဘာ
လ ၂၉ ရက်နေ့ထုတ် ဆစ်ဒနီမောနင်းဟာရယ် သတင်းစာက ရေးသားခဲ့သည်။ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးသည် အမေရိကန် အမျိုးသား လုံခြုံရေးအဖွဲ့ (NSA) နှင့် ဗဟိုထောက် လှမ်းရေးအဖွဲ့(CIA)တို့က တိုက်ရိုက်ကိုင်တွယ်သည့် သတ်မှတ်ဝန်ထမ်း ခန့်ထားထောက်လှမ်းရာ အခြေစိုက်စခန်း တစ်ခုဖြစ်ကြောင်း အင်အက်စ် အေ (NSA)၏ အကြီးအကဲဟောင်းဖြစ်သူ အက်ဒ၀တ်စနိုးဒင်ထံမှ ပေါက် ကြားသည့် မြေပုံတစ်ခုကို ကိုးကားကာ ဆစ်ဒနီမောနင်းဟာရယ် သတင်းစာက ရေးသားခဲ့ခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 31 Oct 2013 11:47 PM PDT

KNU/KNLA(Peace) လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်သည့် တပ်ဖွဲ့မှ တရားဝင် ထုတ်ပယ်ထားသည့် ဒုဗိုလ်အဆင့်ရှိသူ စော မောင်မောင်သည် KNU/KNLA(Peace) နှင့် အစိုးရ တပ်မတော် အရာရှိကြယ်ပွင့်များတပ်ဆင် ပြီး လိမ်လည်မှုများ ပြုလုပ်နေခြင်းကြောင့် နှစ်ဖက် အဖွဲ့အစည်းမှ တာဝန်ရှိသူများက အမြန်ဆုံးဖမ်း ဆီး အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း KNU/KNLA(Peace)မှ ဗိုလ်မှူးချုပ်စောထူးဂေ က ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 31 Oct 2013 11:41 PM PDT

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထပ်မံတိုးချဲ့ထားသော မိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှု အသစ်များကို အသစ်ချပေးထားသော ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဖုန်းများတွင် အသုံးပြု၍ ရဦးမည် မဟုတ်ဘဲ ယခင်ရောင်းချပေးထားသည့် ကျပ်ငါးသိန်း၊ နှစ်သိန်းနှင့် ၁၅ သိန်း ဖုန်းများတွင်သာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ Call Waiting Service (ဖုန်းခေါ်ဆိုမှု တစ်ခုကို လက်ခံဖြေကြားနေစဉ် အခြားဖုန်းတစ်ခု ဝင်လာပါက လက်ခံပေးခြင်း) ကို တစ်လလျှင် ၅၀၀ ကျပ်၊ Call Forward Service (မိမိဖုန်း မအားပါက လိုင်းလွှဲပေးခြင်း) ကို တစ်လလျှင် ၉၀၀၀ ကျပ်၊ Voice Mail Service ကို တစ်လလျှင် ၁၀၀၀ ကျပ်နှင့် Miss Call Alert (မိမိဖုန်း စက်ပိတ်ထားသော်ငြားလည်း Miss Call များ လက်ခံထားပေးခြင်း) ကို တစ်လလျှင် ၁၀၀၀ ကျပ် နှုန်းများဖြင့် စတင်ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 31 Oct 2013 11:38 PM PDT

လူပျောက် တိုင်ချက်ဖွင့်ကာ ကိုးရက်ကြာ ရှာဖွေခဲ့ရသော အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ အလောင်းကို အိပ်မက်ပေးခဲ့သည့် နေရာအတိုင်း သွားရောက် ရှာဖွေရာမှ ဒဏ်ရာများဖြင့် ပုပ်ပွ သေဆုံးနေသည်ကို အောက်တိုဘာလ ၂၉ ရက် မွန်းလွဲပိုင်းက တွေ့ရှိခဲ့ကြောင်း လှည်းကူးမြို့နယ် ငါးဆူတောင် နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်ဆန်းလင်းက The Voice သို့ ပြောကြားသည်။ ငါးဆူတောင်အုပ်စု ရဲသုခ စိုက်ပျိုးရေးခြံတွင် အောက်တိုဘာလ ၂၁ ရက် ညနေ ၃ နာရီက မချိုနွယ်ဝင်း (ခ) ကတုံးမသည် စက်ဘီးဖြင့် အမှတ် (၁) ကျေးရွာသို့ ဈေးဝယ်သွားခဲ့ရာမှ နေအိမ်သို့ ပြန်ရောက်မလာသဖြင့် ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးစိုးနိုင်က လိုက်လံ ရှာဖွေခဲ့သော်လည်း မတွေ့ရှိသောကြောင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 31 Oct 2013 11:29 PM PDT

အစိုးရ လက်အောက်ရှိ ကျောင်းမုန့်ဈေးတန်း၌ ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ၊ မရှိ စတင် စစ်ဆေးသည့် စားသုံးသူ ကာကွယ်ရေး အသင်းအား အင်းစိန် အထက (၁) ကျောင်းမှ အောက်တိုဘာ ၃၀ ရက်က ၀င်ရောက် စစ်ဆေးခြင်း ပြုလုပ်ခဲ့ရာတွင် ကျောင်း တာဝန်ရှိသူများက တားဆီးခဲ့ကြောင်း သိရသည်။ စားသုံးသူ ကာကွယ်ရေးအသင်းအနေဖြင့် ယင်းကဲ့သို့ တားဆီးခံခဲ့ရခြင်းမှာ မြို့နယ်အဆင့် ကျောင်း အာဏာပိုင်များ၏ ခွင့်ပြုချက် မပါရှိသောကြောင့် တားဆီးခံခဲ့ရခြင်း ဖြစ်ပြီး တခြား အထက(၆)နှင့် အထက (၅)၊ အလက (၁၀)နှင့် အမက (၁၂) ကျောင်းများသို့ စစ်ဆေးခဲ့ရာတွင် ယင်းခွင့်ပြုချက် အမိန့် ပြန်လည် တောင်းခံခဲ့ခြင်း မရှိပေ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 31 Oct 2013 11:25 PM PDT

ဒဂုံဆိပ်ကမ်းမြို့နယ် (၆၇) ရပ်ကွက်ရှိ ရတနာနှင့် ဧရာဝဏ် တန်ဖိုးနည်းအိမ်ရာ စီမံကိန်း ပြီးစီးပါက ယင်းရပ်ကွက်နေ ပြည်သူများ အပါအ၀င် အိမ်ရာ ၀ယ်ယူလိုသည့် သူများအား တစ်ပြေးညီ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း အောက်တိုဘာ ၂၈ ရက်တွင် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမင်းထိန်က မြန်မာသံတော်ဆင့်သို့ ပြောသည်။ ယခင်က တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်ခဲ့သော်လည်း အစိုးရ ၀န်ထမ်းများကိုသာ အဓိကထား ရောင်းချခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သော ရတနာနှင့် ဧရာဝဏ် တန်ဖိုးနည်း အိမ်ရာ စီမံကိန်း ပြီးစီးပါက အိမ်ရာဝယ်ယူလိုသည့် ပြည်သူ အားလုံးအတွက် တစ်ပြေးညီ ရောင်းချပေးသွားမည် ဖြစ်သည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 31 Oct 2013 04:30 PM PDT

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်မှာ မိုးများပြီး ရေကြီးတာကြောင့် သောင်းနဲ့ ချီတဲ့ ဒေသခံပြည်သူ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ သွားပြီးတော့ ခိုလှုံနေကြရပါတယ်။ ဒီလိုရေလွှမ်းမိုးတာဟာ မြစ်ချောင်းတွေက ရေအတက်မြန် တာကြောင့်လို့ အာဏာပိုင်တွေဖက်က သုံးသပ်ပေမဲ့ ဒေသခံ တချို့ကတော့ ရေလှောင်တမံတွေ ဖွင့်ချတာကြောင့်လို့ ပြောဆိုနေ ပါတယ်။ တောင်ငူမြို့နယ်ဖက်က ရေလွှမ်းမိုးမှုအခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းေ
ထာက် ကိုမိုးဇော်က တင်ပြထားပါတယ်။  ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 31 Oct 2013 04:25 PM PDT

ကချင်ဒေသ ငြိမ်းချမ်းရေးအတွက် ကေအိုင်အို ကချင်လွတ်မြောက်ရေး အဖွဲ့နဲ့ မြန်မာ အစိုးရ ကိုယ်စားလှယ်တွေ အကြား ဆွေးနွေးမှုတွေ ညှိုနှိုင်းမှုတွေ ရှိနေပေမယ့်၊ ဒေသခံတွေ ကတော့ ပြေလည်နိုင်မယ့် အခြေအနေရှိပါ့မလား ဆိုတာ သံသယရှိနေကြပါတယ်။ အခုလို သံသယဟာ ဒေသခံ စစ်ပြေး ဒုက္ခသည်ပြည်သူတွေရော၊ ကေအိုင်အေ တပ်ထဲမှာပါ ရှိနေတယ် လို့ ပြောနိုင်ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 31 Oct 2013 04:19 PM PDT

မြန်မာ နိုင်ငံ အလယ် ပိုင်း ဒေသတခိျု့ မှာ ရေ ကြီးလို့ လူတွေ ထောင်နဲ့ ချီ ပြီး အိုးအိမ် စွန့် ခွာပြီး ဘေးလွတ် ရာ ကို ပြောင်းရွှေ့ နေကြ ရပါတယ် ။ လွန်ခဲ့ တဲ့၂ရက် လောက်က မိုး ရွာ သွန်း မှုကြောင့် စစ်တောင်း မြစ် ရေ စိုးရိမ် ရေမှတ် ကိုရောက်လာ တာ ဖြစ် ပြီး အောက် တို ဘာ လ ၃ဝ ရက် နေ့ မ နက် ကစပြီး စစ်တောင်း မြစ်ဘေး က တောင်ငူ၊ ရေတာရှည်နဲ့ ဆွာမြို့နယ် တွင်းက ကျေးရွာတွေမှာ ရေ တွေ တက်လာတာ ကြောင့် မြို့ ပေါ်က ရေဘေးဒုက္ခသည် စခန်း တွေ မှာ ပြောင်းရွှေ့ နေကြရ တယ် လို့ ဒေသ ခံ တွေ က ပြောပါတယ် ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လူ၈ဝဝဝ လောက် ရေဘေးဒုက္ခတွေ့နေ

Posted: 31 Oct 2013 04:06 PM PDT

နိုဝင်ဘာလ(၁)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 31 Oct 2013 04:03 PM PDT

နိုဝင်ဘာလ(၁)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 31 Oct 2013 04:00 PM PDT

နိုဝင်ဘာလ(၁)ရက်နေ့ ထုတ် Auto World Journal အတွဲ-2၊ အမှတ်-41

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 31 Oct 2013 03:56 PM PDT
အောက်တိုဘာလ(၃၁)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ် အတွဲ-၂၊ အမှတ်-၄၃
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ







Posted: 31 Oct 2013 03:52 PM PDT

အောက်တိုဘာလ(၂၉)ရက်နေ့ ထုတ် ကုမုဒြာ ဂျာနယ် အတွဲ-၃၊ အမှတ်-၃၀

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 31 Oct 2013 10:13 AM PDT
ပဲခူးတိုင်းဒေသကြီးမှာ အခုရက်ပိုင်းအတွင်း မိုးကြီးလွန်းတာကြောင့် မနေ့ကစပြီး တောင်ငူ၊ ရေတာရှည်နဲ့ ဆွာမြို့နယ် ဒေသခံကျေးရွာတွေက လူပေါင်းတစ်သောင်းကျော်လောက် ရေဘေးလွတ်ရာ ပြောင်းရွှေ့နေရပြီး ရေဘေးကြောင့် လူ ၂ ဦး သေဆုံးခဲ့ပါတယ်။ တောင်ငူမြို့နယ်အတွင်းက ရေလွှမ်းမိုးမှုတွေနဲ့ ပတ်သက်လို့ ရေဘေးကယ်ဆယ်ရေးကို ဦးဆောင်ကူညီနေတဲ့ တောင်ငူမြို့ နယ် မီးသတ်ဦးစီးမှူး ဦးခင်မော်က RFA ကို အခုလို ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...