သစ်ထူးလွင် သတင်းစုစည်းမှု (၁၃-၁၁)
သစ်ထူးလွင် |
|
- အိုအိုင်စီကို ဆန္ဒပြရန် ခွင့်ပြုချက် စစ်တွေတွင် မရသေး
- ရန်ကုန်တွင် ရဲတပ်ဖွဲ့ဝင်အင်အား အလွန်နည်းဟုဆို
- ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ဝန်ထမ်း ၁၉၀ အား ရာထူးတိုးပေးမှုအပေါ် ဝေဖန်အကြံပြုစာကို အစိုးရကပေးပို့ထားဟုဆို
- မြန်မာအိမ်ဖေါ် စင်္ကာပူ အလိုရှိ
- ရွှေလီ၌ပျံ့နှံ့နေသည့် တရုတ်အမျိုးသားနှင့် လက်ထပ်နိုင်ရန် ချိတ်ဆက်ပေး သူအား ဆုကြေးပေးမည့် စာရွက်ကိစ္စ တရုတ်အစိုးရထံ မေးမြန်းကန့် ကွက်မည်
- အစွယ်လိုသူက တစ်မျိုး၊ တိုးတိုးလေး စားသူက တစ်ဖွဲ့ နင်းပြားတွေပါ ခံစေရော့အခက်နဲ့ ခေတ်သစ်သောနုတ္တရဇာတ်
-
ဒေါ်အောင်ဆန်းစုကြည်ဇာတာနှင့်ြ
မန်မာပြည်အလားအလာ - ချင်းအမျိုးသားညီလာခံ ဟားခါးမြို့တော်မှာ စတင်ကျင်းပ
- အမေရိကန်စစ်သင်္ဘောကြီး မုန်တိုင်းကယ်ဆယ်ရေး ကူညီဖို့ ဖိလစ်ပိုင်ကိုထွက်ခွာ
- မီတာခတွေ နောက်နှစ်မှ တိုးကောက်တော့မယ်
- သိန္နီမြို့နယ် ရေကြီးမှုများ (ရုပ်/သံ)
- ငဖဲမြို့နယ် ဓာတ်ငွေ့ပိုက်လိုင်း ထိခိုက်မှုများ (ရုပ်/သံ)
- နိုဝင်ဘာလ(၁၃)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ
- နိုဝင်ဘာလ(၁၅)ရက်နေ့ ထုတ် The Hot News Weekly Journal Vol- 4 , No - 166
- နိုဝင်ဘာလ(၁၃)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ
- နိုဝင်ဘာလ(၁၆)ရက်နေ့ ထုတ် Techspace ဂျာနယ် အတွဲ(၂)၊ အမှတ်(၃၃)
- နိုဝင်ဘာလ(၁၀)ရက်နေ့ ထုတ် မွန်းတည့်နေ ဂျာနယ် အတွဲ(၁)၊ အမှတ်(၄၆)
- နိုဝင်ဘာလ(၁၁)ရက်နေ့ ထုတ် စီးပွားရေးသတင်းဂျာနယ် အတွဲ(၁၃)၊ အမှတ်(၄၃)
Posted: 13 Nov 2013 01:05 AM PST
ရခိုင်ပြည်နယ်
မြို့တော် စစ်တွေတွင် အိုအိုင်စီ (အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး
အဖွဲ့) ကိုယ်စားလှယ် အဖွဲ့အား ကန့်ကွက် ဆန္ဒပြရန် ခွင့်ပြုချက်
တင်ထားသော်လည်း ယခု အချိန်ထိ ခွင့်ပြုချက်မပေးသေးကြောင်း သိရသည်။
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့အား နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူ
တစ်ဦးက ယခုလို ရှင်းပြသည်။ “ ခွင့်ပြုချက်တောင်းခံတဲ့စာကိုေ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 13 Nov 2013 12:53 AM PST
ရန်ကုန်
တိုင်းဒေသကြီးရှိ လူဦးရေနှင့်ရဲ တပ်ဖွဲ့ဝင်များ၏အင်အားကို အ
ခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးနေကြောင်း အ မှတ်(၂)
ရဲတပ်ရင်းများကွပ်ကဲရေး အဖွဲ့မှူး ရဲမှူးချုပ်သူရဦးဘိုနီက ပြောသည်။
ရဲမှူးချုပ် သူရဦးဘိုနီက ''ရန်ကုန် လူဦးရေခြောက်သန်း မှာ ရဲအင်အားက
တစ်ထောင်နီးပါး ပဲရှိတော့ ဘယ်လိုထိန်းမလဲ။ ဂျပန် နိုင်ငံမှာဆို လူ၂၀ဝနဲ့
၆၀ဝကြား မှာ ရဲတစ်ယောက်ရှိတယ်''ဟု ပြော သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 13 Nov 2013 12:45 AM PST
ပြည်သူ့လွှတ်တော်ရှိ
ဝန်ထမ်း ၁၉၀ ဦးအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ရာထူးတစ်ဆင့်
တိုးပေးလိုက်သည့်အပေါ် အစိုးရအဖွဲ့က ယင်းသို့မလုပ်သင့်ကြောင်း
ဝေဖန်အကြံပြုစာကို ပြည်သူ့လွှတ်တော်ထံ အကြောင်းကြားစာ ပေးပို့ထားသည်ဟု
သတင်းရရှိသည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်
အောက်တိုဘာလကုန်ပိုင်းက ပြည်သူ့လွှတ်တော်၏ ဖွဲ့စည်းပုံကို တိုးချဲ့ရန်အတွက်
လက်ရှိတာဝန်ထမ်းဆောင်နေဆဲ အရာထမ်းမှ ညွှန်ကြားရေးမှူး အဆင့်ထိ ၀န်ထမ်း ၁၉၀
ကို ရာထူးတစ်ဆင့်စီ တိုးမြှင့်ပေးလိုက်ခြင်းဖြစ်သည်
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 13 Nov 2013 12:28 AM PST
ဖိလစ်ပိုင်နိုင်ငံက
အိမ်ဖေါ်တွေ ဈေးကြီးမြင့်လာနေတဲ့အတွက် စင်္ကာပူနိုင်ငံဟာ အရှေ့တောင်အာရှက
ကမ္ဘောဒီးယားနဲ့ မြန်မာလို ဆင်းရဲတဲ့ အိမ်နီးချင်းနိုင်ငံတွေဘက်ကို
လှည့်လာနေတယ်လို့ International Business Times သတင်းစာက ဖေါ်ပြလိုက်ပါတယ်။
အရင်က စင်္ကာပူနိုင်ငံရဲ့ အိမ်ဖေါ်လိုအပ်ချက် (၉၀) ရာနှုန်းကျော်ကို
ဖိလစ်ပိုင်နိုင်ငံက ဖြည့်ဆည်းပေးနေတာ ဖြစ်ပေမယ့်၊ အခုအခါ ဖိလစ်ပိုင်အိမ်ဖေါ်
ငှားရမ်းခတွေ မြင့်တက်သွားခဲ့တာကြောင့် စင်္ကာပူရဲ့ ငှားရမ်းနှုန်းဟာ ၂၀ - ၃၀
ရာနှုန်းလောက် ကျဆင်းသွားခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 13 Nov 2013 12:05 AM PST
တရုတ်နယ်စပ်
ရွှေလီ၌ အိမ် ထောင်ရေး မိတ်ဆက်ပေးခြင်း ဆိုသော စာရွက် ပျံ့နှံ့နေမှုကို
လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တရုတ်အာ ဏာပိုင်တို့ထံဆက်
သွယ်မေးမြန်း၍ ကန့် ကွက်သွားမည်ဟု¤င်းတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး
ဦးခင်မောင်က ဆိုသည်။ ယခုရက်ပိုင်းအတွင်း မြန်မာ၊ တရုတ် နှစ်ဘာသာဖြင့်
ရေးသားထားပြီး ကြေညာစာ၏ ဆိုလိုရင်းမှာ တရုတ် နိုင်ငံသားနှင့်
ထိမ်းမြားရန်နှင့် ချိတ် ဆက်ပေးသူကို ယွမ် ၃ဝဝဝ (မြန်မာ ငွေကျပ် ၅
သိန်းနီးပါးခန့်) ချီးမြှင့်မည် ဟု ဖော်ပြထားခြင်းဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 12 Nov 2013 11:57 PM PST
‘ဂျောက်’
ဦးတိုးတစ်ယောက် သူ၏ လက်စွဲ တော်
စက်ဘီးအား ဒေါက်ဖြုတ်လိုက် သော အသံ ဖြစ်သည်။ အချိန်က နံနက် ၆ နာရီ ၄၅
မိနစ်၊ ထုံးစံအတိုင်း ဒီ အချိန်ဆိုလျှင် သူလက် ဖက်ရည်ဆိုင်မှ
ထွက်ခွာသွားစမြဲ။ ရုံးဝန်ထမ်းမဟုတ် သော်လည်း ၄င်း၏ အလုပ်အတွက် ပုံမှန်
အချိန်တစ်ခုကို ၄င်းကိုယ်တိုင် သတ်မှတ်ထားခြင်း ဖြစ်သည်။ သူ၏ လက် စွဲတော်
တစ်ပတ်နွမ်း မိန်းမစီးဘီး ကို ခွ၍ နင်း ထွက်သွားပုံကို ကြည့်မိရာ
တောင့်တင်း ပြည့်ဖြိုးသော သဏ္ဌာန် ရှိသေးသည့် သူ၏ခန္ဓာကိုယ်ကို နောက် မှ
တွေ့မြင်လိုက် ရ၏။
ဦးတိုးသည် နံနက် ၆ နာရီ ဝန်း
ကျင်တွင် ၄င်းနေထိုင်ရာ နေအိမ်နှင့် မလှမ်းမကမ်းတွင် ရှိသော ရောင်နီဦး
လက်ဖက်ရည်ဆိုင်သို့ ပုံမှန်လာထိုင် တတ်သူဖြစ်သည်။ ခပ်မှိန်မှိန် အရောင်
ရှိသည့် အင်္ကျီအကွက် လက်တိုများကို အမြဲဝတ်ဆင်တတ်သူဖြစ်ပြီး ဘေးလွယ်
အိတ်တစ်လုံး စလွယ်သိုင်း၍ လွယ်ထား တတ်၏။
ဦးတိုး၏
အသက်မှာ ၅၈ နှစ်ခန့် ရှိပြီဖြစ်သဖြင့် အစိုးရဝန်ထမ်း ဖြစ်မည် ဆိုပါက
သက်ပြည့်ပင်စင်ယူရခါနီး သူ တစ်ယောက်ဖြစ်ပေလိမ့်မည်။ သို့သော် သူသည် အစိုးရ
ဝန်ထမ်းလည်းမဟုတ်။ သူ၏ အလုပ်မှာ သဲ၊ဘိလပ်မြေနှင့် ကွန် ကရစ်မာဆေးတို့
ရောစပ်၍ အလျား ၉ ပေ၊ အနံ ၄ ပေနှင့် ထုထည် ၂ ပေခွဲ ခန့်ရှိသော
ဘလော့တုံးများ၊ ပညတ် ချက်အရ အုတ်ဟုဆိုသည့် အရာများ ကို ပြုလုပ်ကာ
ယင်းမှတစ်ဆင့် လူသား အားလုံးသုံးစွဲသည့်နေအိမ်ဟူသည့် အ ရာကို
ပုံဖော်တည်ဆောက်သူ ဖြစ်သည်။
သို့သော် သူသည် အတန်းပညာ များ
ဆည်းပူးခဲ့သည့် ဘွဲ့ရပညာတက် တစ်ယောက်လည်း မဟုတ်ပြန်။ ဘဝ ပေး
ပညာသင်ကြားခြင်းဖြင့်သာ ထိုအ တတ်ကို သူ တတ်မြောက်ခဲ့ခြင်း ဖြစ် သည်။
သူ့အသက် ၁၆ နှစ်မှ စတင်၍ ပန်းရန်အလုပ်ကို စတင်သင်ကြားခဲ့ခြင်း ဖြစ်သည်။
ယင်းမှ တစ်ဆင့် လက်သမား ဖြစ်လာသည်။ နောက် လက်သမား ဆရာဘဝသို့
တစ်ဆင့်ကူးပြောင်းရောက် ရှိခဲ့သူ ဖြစ်သည်။ ဆယ်ကျော်သက်ဘဝ မှ စတင်ကာ
အားလပ်ရက်အလွန်နည်း ပါးစွာ အလုပ်လုပ်ခဲ့သူ ဖြစ်သော် လည်း ၄င်းတွင်
ပိုင်ဆိုင်မှုများက များစွာ ပြရန် မရှိ။
ပြစရာဆို၍
၎င်း၏ သားသမီးသုံး ယောက်ပညာရေးကို ဆုံးခန်းတိုင် ပြီး စီးစေခဲ့ခြင်းသာ
ဖြစ်သည်။ ယင်းအပြင် ပြောရမည်ဆိုပါက ရန်ကုန်မြို့၌ အစိုးရ မှ ကျပ်သောင်း
ဂဏန်းခန့်ဖြင့် ချထား ပေးခဲ့သည့် ပေ ၄ဝ x ပေ ၆ဝ မြေတစ် ကွက်ကို
အမည်ပေါက်ဖြင့် ပိုင်ဆိုင်ပြီး အဆိုပါ မြေကွက်၌ သူ၏ အတတ်ဖြင့်
သူကိုယ်တိုင် ဆောက် လုပ်ထားသော မပြီးပြတ်သေးသည့် တိုက်ခံအိမ် တစ် လုံးသာ
ရှိတော့သည်ဟု ဦးတိုးက ဆို သည်။
သို့သော်လည်း လူ့ဘောင်တွင်
အိမ်ရာတည်ဆောက်ခြင်းပညာကို တက်မြောက်ခဲ့သည့်အတွက် ၄င်း၏ မွေးဖွားရာ
ဇာတိချက်မြှုပ်မြေ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ကန်တောင်ဟူ သော
တောရွာကလေးမှ မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်ရန်ကုန်ကို ၁၉၈၇ တွင်
ခြေချနိုင်ခဲ့ခြင်း ဖြစ်သည်။ ၄င်း တတ်ကျွမ်းခဲ့သည့် အတတ်ပညာ၏
နောက်ဆက်တွဲ အကျိုးကျေးဇူးများ အနေဖြင့် သူ၏ အိမ်သူသည်လည်း
တောရွာကောက်စိုက်သမ ဘဝမှ ကင်း လွတ်ခွင့်ရခဲ့ပြီး သားသမီးများလည်း မြို့
ပြတွင် နေထိုင်နိုင် ခဲ့သည်ဟု သူက ဆို သည်။
ယခင်နှင့်မတူ ပူလေပြီ ဆယ်နေကဲ
အချိန်ကြာမြင့်စွာ ဦးတိုးတို့ နေ
ထိုင်ခဲ့သည့် ရန်ကုန်မြို့တော်အတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ယခု
၂ဝ၁၃ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကို
ပြဋ္ဌာန်းပေးလိုက်သည်။ ယင်း ဥပဒေ ဖြစ်ပေါ်လာရာ၌ ဦးတိုး အပါ အဝင်
၎င်းကဲ့သို့သော ပန်းရန်၊ လက် သမားတို့၏ အရေးမှာ ရတက် မအေး စရာ
ဖြစ်ပေါ်လာရ၏။
လွှတ်တော်က အတည်ပြုပေး
လိုက်ပြီးဖြစ်သည့် ရန်ကုန်မြို့တော် စည် ပင်သာယာရေး ဥပဒေကို အကောင်အ
ထည်ဖော်ရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီရှိ ဌာနအသီးသီး က
ဥပဒေအတွင်း မိမိတို့ဌာနနှင့် သက် ဆိုင်သော ဥပဒေ အကြောင်းအရာများ အပေါ်
နည်းဥပဒေ ထပ်မံရေးဆွဲနေ သည်။ ယင်းတွင် ရန်ကုန် စည်ပင် အင် ဂျင်နီယာဌာန
(အဆောက်အအုံ)မှ ရေး ဆွဲသော နည်းဥပဒေ၌ ဦးတိုးကဲ့သို့သော
ပန်းရန်လက်သမားတို့အတွက် ရတက်မ အေးဖွယ် ကိစ္စပါဝင်လာခဲ့ခြင်းပင် ဖြစ် သည်။
ရန်ကုန်မြို့တွင်း၌ တရားမဝင်
(ရန်ကုန်စည်ပင်သို့အခွန်ဆောင် ဆောက် လုပ်ခြင်းမျိုး မဟုတ်ဘဲ) ဆောက်လုပ်
သော အဆောက်အအုံများရှိရာ ယင်း ကဲ့သို့ ဆောက် လုပ်ခြင်းများကို ရန်ကုန်
စည်ပင်မှ စစ်ဆေးတွေ့ရှိပါက လက်ရှိ အချိန်တွင်မြေရှင်ကိုသာ တရားစွဲအရေး
ယူနေသော်လည်း နောင်နည်းဥပဒေ ရေးဆွဲ ပြီးစီးချိန်၌ အေ ဆာက်အအုံ
ဆောက်လုပ်သည့် ပန်းရန်၊ လက်သမား များကိုပါ တရားစွဲအရေးယူမည်ဟု ရန်
ကုန်စည်ပင် အင်ဂျင်နီယာဌာန (အ ဆောက်အအုံ)မှ ဌာနမှူး ဦးမောင်မောင် ဇော်က
တရားဝင်ကြေညာခဲ့ခြင်း ဖြစ် သည်။
ပန်းရန်၊ လက်သမားများအနေဖြင့်
တစ်နေ့ဝမ်းရေး တစ်နေ့ ဖြေရှင်းရာတွင် အလုပ်ခေါ်သူရှိရန် ဦးစွာ ဆုတောင်းရ
မှုများရှိသည်။ တရားဝင် ခွင့်ပြုမိန့်ဟုတ်၊ မဟုတ် စော ဒကတက်ခွင့်ရရန်
အခွင့်အ ရေးမှာ လွန်စွာနည်းသည်။ ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ်လျှင်
လုပ်သားများ ကိုပါ တရားစွဲအရေးယူမည်ဟု ဆိုရာ တွင် အဆိုပါ နည်းဥပဒေ အတွက်
ကောင်းသည်၊ ဆိုးသည်ဟု ပြောရန်ပင် မပြောတတ်လောက်အောင် အံ့သြလွန်း ၍
ဆွံ့အသွားသည်ဟု လက်သမားဆရာ ဦးတိုးက ပြောသည်။
ရန်ကုန် စည်ပင်က ပြဋ္ဌာန်းမည့်
နည်းဥပဒေအကြောင်း ကြားကြားခြင်း သူအတန်ငယ်ကြာ တိတ်ဆိတ်သွားပြီး ရှေ့တွင်
အဆင်သင့် ချထားပြီးဖြစ်သော အေး လုနီး နီးဖြစ်နေသည့် ရေနွေးကြမ်း ခွက်ကို
ကောက်မော့လိုက်သည်။ ပြီး တော့ သူက ”ဒါဆို လုပ်သား ဈေးပိုကြီးသွား မှာ။
ဒီအလုပ်က မှောင်ခိုသဘောမျိုး ဖြစ်သွားပြီလေ။ ကျွန်တော့်အမြင်အရဆို
စည်ပင်ဘက်ကလည်း လာဘ်ပေးလာဘ် ယူမှုတွေ ပိုများလာမယ်။ အလုပ်အကိုင်
ရှားပါးတာလည်း ဖြစ်လာနိုင်တယ်။ နောက်ဆုံး ထိမှာက အိမ် ရှင်တွေ ပိုပြီး
ကုန်ကျစရိတ် များလာလိမ့်မယ်” ဟု တွေးဆ ပြောပြပြန်သည်။
နားလည်မှုလော နာလိမ့်မည်လော
ဦးတိုးသည် ၁၉၈၇ ခုနှစ်မှ ၂ဝ၁၃
ခုနှစ်ကြား ကာလ ၂၆ နှစ်အတောအ တွင်း ရန်ကုန်၌ အဆောက်အအုံရာကျော်
ပြုပြင်ဆောက်လုပ်ခဲ့ဖူးသည်ဟု လက် ဖက်ရည်ဆိုင်၌ စကားစမြည် ပြောရင်းမှ
သိရှိခဲ့ရသည်။ ယင်းတွင် ရန်ကုန်စည် ပင်သို့ အခွန်မပေးဆောင်ဘဲ လုပ်
ဆောင်ခဲ့ရသည့် လုပ်ငန်းမှာ မရှိသ လောက်နည်းသည် ဟုသူက ပြော သည်။
၎င်းသည် ပန်းရန်၊ လက်သမား
လုပ်ငန်းကျွမ်းကျင်ရုံအပြင် သံချည် သံ ကွေးလုပ်ငန်းကိုပါအနည်းအကျဉ်း တတ်
မြောက်သဖြင့် ¤င်းနှင့် ခင်မင်းရင်းနှီးသူ များ၊ ထိုသူ များမှ တစ်ဆင့်
ချိတ်ဆက်မိ သူများမှ အဆောက်အအုံပြင်ဆင်လို ခြင်းနှင့် တိုးချဲ့
ဆောက်လုပ်လိုခြင်းများ တွင် ကန်ထရိုက်ခေါ်ယူမှုမရှိဘဲ ၄င်း လက်သို့သာ
လွှဲအပ်၍ ဆောက်လုပ်စေ ခိုင်းခြင်းမျိုး များပြားသည်ဟု ဦးတိုးက
ပြောပြသည်။
ဦးတိုးပြောသည့် ရန်ကုန်စည်ပင်
သို့ အခွန်ပေးဆောင်ရသည်ဆိုသည်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီအင်ဂျင်နီယာဌာန (အဆောက် အအုံ)သို့ သွားရောက်ပေးသွင်းရခြင်းမျိုး
မဟုတ်။ အဆောက်အအုံ ပြင်ဆင်ခြင်း၊တိုးချဲ့တည်ဆောက်
”ကျွန်တော် ရန်ကုန်ကို ရောက်ခါ စ
(၁၉၈၇) တုန်းကဆိုရင် စည်ပင်ကို ရပ်ကွက်အတွင်း အိမ်တွေက ဆောက် လုပ်ခွင့်
မတင်ရဘူး။ ဗိုလ်မှူးအိမ်တွေလို အိမ်ကြီးအိမ်ေ ကာင်းတွေ ဆောက်မှ တင်ရတယ်။
သွပ်မိုး၊ ထရံကာတွေဆို မတင်ရဘူး။ သူတို့က မြို့သစ်တွေဆို ဖွံ့
ဖြိုးအောင်ဆိုပြီး ဒီအတိုင်းဆောက်ခွင့် ပေးခဲ့တာ။ အခုနောက်ပိုင်းေ တာ့ စည်
ပင်ကို သွားမတင်လည်း သူတို့ကို ပေးရ တာပဲ။ မြို့နယ်ရုံးတွေနဲ့ နားလည်မှု
လုပ်တဲ့ သဘောပေါ့”ဟု ဦးတိုးက ဆက် ပြောသည်။
ပန်းရန် လက်သမား ဘဝသည်
အသက်အန္တရာယ်နှင့်လည်း တစ်ခါ တစ်ရံ ထိပ်တိုင်ရင်ဆိုင်ရသည့် ဘဝမျိုး
ဖြစ်သည်။ ဆောက်လုပ်ရေး ကုမ္ပဏီ များနှင့် ချိတ်ဆက်လုပ် ကိုင်သည့် လုပ်
သားများအတွက် လုပ်ငန်းခွင် ထိခိုက်မှု များတွင် ဆေးဝါးကုသစရိတ် မျှော်မှန်း
နိုင်ခွင့်ရှိသော်လည်း နေ့စား ပန်းရန်၊ လက်သမားတို့အတွက်မူ ယင်းေ လာက်
ပင် အာမခံချက် မရှိ။ ကိုယ်ဖြစ်ကိုယ်ခံ စနစ်သာရှိသည်ဟု သိရသည်။
”နေ့စား ပုတ်ပြတ်တွေ အတွက်က တော့
ထိခိုက်လို့ ဆေးရုံတက်ရဘာရ ဆိုရင် အိမ်ရှင်က အလွန်ဆုံးပေး တစ် သောင်း၊
နှစ်သောင်းပေါ့။ ကိုယ့်ဘာသာ ကုရတာပေါ့”ဟု ဦးတိုးက ၄င်းတို့၏
လုပ်ငန်းသဘောကို မြင်သာအောင် ပြောပြန်သည်။တရားစွဲခံရသည့်အရေး
ဤသို့ဤပုံ
၎င်း၏ အတွေ့အကြုံအရ မိသား စု
နေအိမ်များ ဆောက်လုပ်ရာ၌ ရန် ကုန်စည်ပင်သို့ ခွင့်ပြုချက်တောင်းခံပါက
ပုံဆွဲခ ပေးချေရခြင်းနှင့် စည်ပင်မှ ချိတ် ဆက်ပေးသည့် ပုံဆွဲအင်ဂျင်နီယာ
ငှား ရမ်းရခြင်း စသည့်ကိစ္စရပ်များ ပါဝင် လာရာ ဆောက်လုပ်သူအိမ်ရှင်များက
နားလည်မှုဖြင့်သာ တည်ဆောက်လိုခြင်း များပြားခြင်းဖြစ်သည်ဟု ရှုမြင်ကြောင်း
၎င်းက ပြောသည်။
၂ဝ၁၃ ခုနှစ်အတွင်းတွင် ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်း
ခွင့်ပြုချက်မဲ့ အဆောက်အအုံ ၁၁၅၇ လုံးနှင့် ခွင့်ပြု ချက်ထက်ကျော်လွန်
ဆောက်လုပ်သော အဆောက်အအုံ ၅၅ လုံးကို တရားစွဲ
အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်ကြော
ခွင့်ပြုချက်မဲ့ ဆောက်လုပ်ပါက အဆောက်အအုံ
ခိုင်ခံ့မှုမရှိနိုင်ခြင်း၊ စည်ပင်မှ သတ်မှတ်သော မြေချန်များ နှင့်
ကွဲလွဲစွာ ဆောက်လုပ်ထားခြင်းအ တွက် နောင်တွင် အခက် အခဲကြုံတွေ့ရ
နိုင်ခြင်း၊ သတ်မှတ်ချက်ထက် အမြင့်ပေ ပိုမိုဆောက်လုပ်ထားခြင်းအတွက် ပြန်
လည်ဖြိုဖျက်ရခြင်း၊ သတ်မှတ်လှေကား များ မဆောင်ရွက်ဘဲ ပြုလုပ်မိပါက အရေးပေါ်
ကိစ္စအတွက် အန္တရာယ်များ ကြုံကြိုက်လာခြင်းနှင့် သဘာဝ ဘေးကြုံ
တွေ့ပါကပြိုကျပျက်စီးနိုင်ခြင်း
တရားမဝင် အဆောက်အအုံများ
ဖြစ်ပေါ်ခြင်း၏ အဓိက အကြောင်းအ ရင်းမှာ မြေအမည်ပေါက် မှန်ကန်မှုမရှိ
ခြင်းဖြစ်ကြောင်း၊ မြေအမည်ပေါက် မှန် ကန်မှု မရှိသည့် မြေကွက်များ၌
အဆောက်အအုံတည်ဆောက်ပါက စည်ပင်မှ သုံးထပ်အထိသာ ခွင့်ပြုပေး ပြီး
တည်ဆောက်လိုသူများမှ ယင်းထက် ပိုမိုတည်ဆောက်လိုမှုများ ရှိနေရာ တရားမဝင်
ဆောက်လုပ်မှုများ ဖြစ်ပေါ် ရခြင်းဖြစ်သည်ဟု ရန်ကုန်စည်ပင် (အ
ဆောက်အအုံ)ဌာနမှ အကြီးတန်းအရာ ရှိတစ်ဦးက ထပ်လောင်းပြောသည်။
”ပိုင်ဆိုင်မှု မမှန်ဘဲ (မြေအမည်
ပေါက်မှန်)နဲ့ သူတို့ ဆောက်လုပ်လိုတဲ့ အထပ်ကို ပေးဖို့ဆိုတာ
မဖြစ်နိုင်ဘူး။ ဒီတော့ ပိုင်ဆိုင်မှုကို ဘယ်လိုလုပ်ရမလဲ ဆိုတာ အဖြေရှာ
ရမယ်။ မြေကိုသာ သူတို့အမည်ပေါက်မှန်ရင် ဆောက်ချင် သလောက် ဆောက်လို့ရမယ်”ဟု
၎င်း က တရားမဝင်အဆောက်အအုံများ ပ ပျောက်ရေးအတွက် လွယ်ကူစွာ မြေအ
မည်ပေါက်လွှဲပြောင်းနိုင်ရေးဆို
မြေယာကိစ္စရပ်မှာ လွန်စွာ ရှုပ်
ထွေးသည့် သဘောရှိပြီး လူတစ်ဦး အ မည်ပေါက်ဖြစ်နေပါက ကျန်တစ်ဦး လွှဲ
ပြောင်းရန်မှာ ခက်ခဲသည့်အတွက် တရားမဝင် ဆောက် လုပ်မှုများနှင့်
တိုက်ရိုက်ဆက်စပ်နေသော မြေအမည် လွှဲပြောင်းရေးတွင် လွယ်ကူသည့် မူဝါဒ ကို
နိုင်ငံတော်မှ ချမှတ်ပေးသင့်သည်ဟု ၄င်းက ဆက်ပြောသည်။
”ဥပမာ လယ်မြေတွေမှာ တစ်
ဆက်တစ်စပ်တည်း လုပ်လာတာ နှစ် နှစ်ဆယ်ရှိတယ်။ ရပ်ကွက်က ထောက်ခံ တယ်ဆိုရင်
သူ့နာမည်နဲ့ ချပေးမယ် ဒီလိုမျိုးပေါ့။ ကျန်မြေတွေ လည်း ဒီလိုပဲ
လုပ်သင့်တယ်”ဟု၎င်းက ဆိုသည်။
ယခင်က ပိုင်ဆိုင်မှုမမှန်ကန် (မြေ
အမည်ပေါက် မမှန်ကန်)ပါက အ ဆောက်အအုံ ဆောက်လုပ်ခွင့်ကို လုံးဝ မပေးခဲ့ဘဲ
အကြီးစားပြင်ဆင်မှုသာ ဆောင်ရွက်စေခိုင်းခဲ့ရာ တရားမဝင် တည်ဆောက်မှုများ
ရှိလာသဖြင့် ယင်း မူဝါဒကို ပြင်ဆင်ခဲ့ပြီး ပိုင်ဆိုင်မှု မမှန်ပါကလည်း
သုံးထပ်အထိ ခွင့်ပြုပေးခဲ့ ခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် ထပ်မံ၍
အမည်ပေါက်မမှန်ကန်ဘဲ မိသားစု နေ အိမ်သုံးထပ်ထက် ကျော်လွန်ကာ အထပ်မြင့်
ဆောက်လုပ်ခွင့်များ ပေး မည်ဆိုပါက နောင်တွင် မြေအမည် ပေါက်နှင့်
အခြားသူများ မှ ကန့်ကွက်သည့်အခါ နေထိုင်သူများ အခက်အခဲ တွေ့နိုင်သဖြင့်
မိသားစုနေ အိမ်သုံးထပ် ထက်ကျော်လွန်၍ တရားဝင် ခွင့်ပြုပေး ၍ မဖြစ်နိုင်ဟု
၎င်းတို့၏ အခက်အခဲကို စည်ပင်အရာရှိက ပြောပြသည်။
ရွှေသမင် ဘယ်ကထွက်
မြို့နယ်၊ ရပ်ကွက်အတွင်းပိုင်းများ တွင်
အဆောက်အအုံများ ဆောက်လုပ် လျှင် ရန်ကုန်စည်ပင်၏ မြို့နယ်တာဝန်ခံ
များနှင့်သာ ချိတ်ဆက်၍ ဆောင်ရွက်ပြီး မြို့နယ်တာ ဝန်ခံ၏ သဘောတူညီမှုဖြင့်
ဆောက်လုပ်သည်ဆိုသည်မှာလည်း တ ရားဝင်မဟုတ်ဟု ၄င်းက ပြောသည်။
”ဌာနက ရပ်ကွက်တွင်းတွေကို
လိုက်စစ်တဲ့အခါ တရားစွဲမထားတဲ့ အမှုပေါ်ရင် မြို့နယ်တာဝန်ခံကို အရေး ယူတယ်။
စစ်လိုက်လို့ ဒါWithout ဖြစ် နေတယ်။ အဲဒါကို ပါမစ်လည်း မတက် လာဘူး။
တရားလည်း စွဲမထားဘူးဆို ရင် မြို့နယ်တာဝန်ခံကို အရေးယူတယ်။
အရေးယူမှုအပိုင်းကဖြစ်ပွားမှု အကြီးအ သေးပေါ် မူတည်တာပေါ့။ တစ်လုံးလား၊
နှစ်လုံးလား ဒါတကယ်သိရဲ့သားနဲ့ မြို့ နယ်တာဝန်ခံက အရေးမယူထားတာ
လားဆိုတာကို ကြည့်ရတာပေါ့”ဟု စည်ပင်အရာရှိက ဆိုသည်။
၂ဝ၁၃ ခုနှစ်အတွင်း မြို့နယ် တာ
ဝန်ခံများက ၄င်းတို့မြို့နယ်တွင်း အ ဆောက်အအုံဆောက်လုပ်မှုကို အရေး ယူမှု
မရှိခဲ့သဖြင့် ¤င်းတို့အားဌာနမှ အရေးယူခဲ့သည့် အမှုေ ပါင်း ၁ဝ မှုခန့်
ရှိသည်ဟု ရန်ကုန်စည်ပင်မှ သိရသည်။
မြို့နယ် တာဝန်ခံများအား အရေး
ယူရာတွင် ၄င်းမြို့နယ်တွင်း တရားမဝင် အဆောက်အအုံဖြစ်ပွားမှု အနည်း၊ အ
များပေါ် မူတည်ကာ ရာထူးချခြင်း၊ မြို့ နယ်ပြောင်းရွှေ့ ခြင်းများ
ပြုလုပ်ခဲ့သည် ဟု အထက်ပါ စည်ပင်အရာရှိက ဆက် ပြောသည်။
”မြို့နယ်ဆိုတာကလည်း မြို့နယ်
တာဝန်ခံတစ်ယောက်က အကုန်လုံး ရောက်ဖို့ဆိုတာ တော်တော်သွားရတာ။ တစ်ပတ်ကို
တစ်ရပ်ကွက်လောက်သွား မှ ရောက်တာေ လ။ ဒါပေမဲ့ လမ်းမကြီးတွေ ပေါ်မှာ Without
ဆောက်တာ မသိဘူး ဆိုရင်တော့ ဒါသူညာတာပေါ့”ဟု ၄င်း က သုံးသပ်သည်။
ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်း ရှိ
လမ်းမများပေါ်၌ အုတ်၊ သဲ၊ ကျောက် ပုံလျှင် မသိမရှိသည့် ရန်ကုန်စည်ပင်
အနေဖြင့် တရားမဝင် အဆောက်အအုံ များ တည်ေ ဆာက်ပြီးမှ တရားစွဲသည်ဆို
သည့်အပေါ် မဖြစ်နိုင်ကြောင်း ဝေဖန်မှု များရှိနေသည့်အပေါ် အထက်ပါ
စည်ပင်အရာရှိက ”မသိဘူးဆိုတာ မရှိ ဘူး မှန်တယ်။ တရားမဝင်ေ ဆာက်တာ ကို
တာဝန်ခံက သိပြီး အရေးမယူရင် သူ့ကို ငါတို့က အရေးယူတယ်”ဟု ခပ်
ပြတ်ပြတ်ပြောသည်။
ယင်းကဲ့သို့သော ဝေဖန်မှုများ
မဖြစ်ပေါ်စေရန် မြို့နယ်တာဝန်ခံများ အား ကြားပွဲစားအနေဖြင့် ဆောင်ရွက် မှု
မပြုလုပ်ရန် ညွှန်ကြားထားသည်ဟု ၄င်းက ဆိုသည်။
”တချို့ အိမ်ရှင်တွေက မြို့နယ်ခံ
တွေကို အကူအညီတောင်းတာရှိတယ်။ ဌာနကို တင်ပေးဖို့။ အဲဒီလို လုပ်မိရင်
ကိုယ်က ပိုက်ဆံယူပြီး လုပ်တယ်ဖြစ် မယ်။ ဒီတော့ သူတို့ ကို
ကြားပွဲစားမလုပ် ပေးဖို့ မှာထားတယ်”ဟု စည်ပင်အရာရှိ က ဆက်ပြောသည်။
ရန်ကုန်စည်ပင် အင်ဂျင်နီယာဌာန
(အဆောက်အအုံ)မှ ရေးဆွဲရန် ရှေ့နေ ချုပ် ရုံးသို့ တင်ပြထားသည့် နည်းဥပဒေ
တွင် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အ တွင်း စည်ပင်သာယာရေး
ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ အဆောက် အအုံဆောက်လုပ်ခြင်း သို့မဟုတ် ညွှန်
ကြားချက်ကို လိုက်နာမှုမရှိဘဲ ဆောက် လုပ်ခြင်းကို စစ်ဆေးတွေ့ ရှိပါက ကော်
မတီမှ ဆောက်လုပ်မှုကို ရပ်ဆိုင်းရန် ညွှန်ကြားနိုင်သည်။
ရပ်ဆိုင်းစေခိုင်းသည်ကို မလိုက်
နာဘဲ ဆက်လက်ဆောက်လုပ်ပါက ကျူးလွန်သူနှင့် အားပေးကူညီသူများကို
တရားစွဲဆိုခြင်းနှင့် အဆောက်အအုံတွင် သတိပေးစာ ချိတ်ခြင်းများ
ပြုလုပ်မည်ဟု ပါရှိသည်။
နည်းဥပဒေအရ ကော်မတီမှ
အရေးယူဆောင်ရွက်မှုကို လိုက်နာခြင်း မရှိဘဲ ဆက်လက်ဆောင်ရွက်လျှင် ကော်မတီက
ဖွဲ့စည်းထားသည့် ဖျက် သိမ်း ဖယ်ရှားရှင်း လင်းရေး အဖွဲ့သည် မလိုက်နာသူထံ
ရက်ပေါင်း ၃ဝ အတွင်း ဖယ်ရှားရှင်းလင်းရန် အကြောင်းကြား မည်ဖြစ်သည်။
ဖျက်သိမ်းရှင်းလင်းမည့် နောက် ဆုံး
သတ်မှတ်နေ့ရက်မတိုင်မီ ဖယ်ရှား ရှင်းလင်းခြင်း မရှိသေးပါက တိုင်းဒေသ ကြီး
အစိုးရအဖွဲ့အစည်းအဝေးသို့ တင် ပြကာ လုံခြုံရေး ဝန်ထမ်း အသုံးပြုခွင့်
တောင်းခံပြီး ယင်းနေရာသို့ သွားရောက် ကာ၎င်းတို့ ပစ္စည်းများအား တစ်ပါ တည်း
သယ်ဆောင်ထွက်ခွာရန် အသံ ချဲ့စက်ဖြင့် သတိပေးကြေညာ သွားမည် ဖြစ်သည်။
သတိပေးကြညာသော်လည်း ငြင်း ဆန်မှု
ပြုလုပ်ပါက ဖျက်သိမ်းဖယ်ရှား ရှင်းလင်းရေးအဖွဲ့က နေထိုင်သူများနှင့်
ဝင်ရောက်လျက်ရှိသူများကို ဖယ်ရှား ရှင်းလင်းမည်ဟု ပါရှိသည်။
တရားမဝင် အဆောက်အအုံ တည်ဆောက်ပါက
ကျူးလွန်သူအပြင် အားပေးကူညီသူများကို တရားစွဲဆိုမည် ဟု ဆိုခြင်းတွင်
အဆောက်အအုံ ဆောက် လုပ်သော မြေရှင်၊ မြေရှင်မှ ငှားရမ်းသော ကန်ထရိုက်၊
လက်သမား နှင့် ပန်းရန်လုပ်သားများကိုပါ အရေးယူ နိုင်မည်ဖြစ်သည်ဟု အထက်ပါ
စည်ပင် အရာရှိက ရှင်းပြသည်။
နင်းပြားသာရှိ၍ နင်းဖောင်းမရှိ
အဆိုပါ ဥပဒေနှင့် ပတ်သက်၍ ပန်းရန်လုပ်သားဦးသောင်းထွန်းက ”ဒါ ကြ<ွကက်မနိုင် ကျီမီးရှို့တဲ့ လုပ်ရပ်ပဲ”ဟု မှတ်ချက်ပေးသည်။
၎င်းအနေဖြင့် တစ်နေ့လုပ်ခ ကျပ်
၎ဝဝဝ သာရရှိသဖြင့် ယင်းကဲ့သို့ တရား စွဲဆိုခံရသည့် ကိစ္စရပ်များ ဖြစ်ပေါ်လာ
ပါကလည်း ဖြေရှင်းတတ်မည်မဟုတ်ဟု ဆိုသည်။
”ကန်ထရိုက်ပဲ ရှင်းပေါ့ဗျာ။ ကျုပ်
တို့က ဘာနဲ့ ရှင်းမတုံး။ ငွေလည်း မရှိဘူး။ မသိတော့ဘူးဗျာ”ဟု မည်သို့
မည်ပုံ ဖြေရှင်းရမည်ကို မစဉ်းစားတတ် တော့သဖြင့် စိတ်ရှုပ်သွား ပုံဖြင့်
ပြော သည်။
ဦးသောင်းထွန်းကဲ့သို့ပင် ပန်းရန်
လုပ်ငန်းလုပ်ကိုင်ပြီး ရွှေပြည်သာ မြို့ နယ်အတွင်း နေထိုင်သူ ကိုမျိုးမင်းက
လည်း လက်ရှိ စည်ပင်မှ ရေးဆွဲနေသည့် နည်းဥပဒေနှင့် ပတ်သက်၍ စာစောင်
တစ်ခုတွင် ဖတ်လိုက်ရသဖြင့် သိသည် ဟု ဆိုသည်။ လုံးစေ့ပတ်စေ့ နားလည်
ခြင်းမျိုးတော့ မဟုတ်ဟု ပြောသည်။
”တရားစွဲမယ်ဆိုရင်လည်း ထောင်
ကျရုံပေါ့”ဟု ပြောကာ ၄င်းတို့အနေဖြင့် တစ်နေ့လုပ်တစ်နေ့စားများ ဖြစ်၍ ကြုံ
လာသည့်ဘေး ပြေးကြည့်ရုံသာ ရှိတော့ သည်ဟု ဆိုသည်။
ဦးမျိုးမင်းကဲ့သို့ပင်
ပန်းရန်အလုပ် လုပ်ကိုင်နေသည့် အသက် ၅၉ နှစ်အ ရွယ် ဦးသန်းလှက
လုပ်သားများအထိ တရားစွဲ အရေးယူမည့်ဥပဒေနှင့် စပ် လျဉ်း၍ ”ဒါတော့
ဘယ်ဖြစ်မလဲ။ အကုန်ဒုက္ခဖြစ်ကုန်မှာပေါ့။ ဒီအလုပ်က တစ်နေ့လုပ်တစ်နေ့စား။
အဲဒီလိုသာ အရေးယူ ဖမ်းမယ်ဆို အကုန်ငတ်ကုန် မှာ။ ကိုယ်ကတော့ အလုပ်ဆို
ဝင်လုပ် မှာလေ။ သမာအာဇီဝပဲ။ တရားဝင် တင်မတင် ဘယ်သိမှာတုံး။ ထမင်းစား
ဖို့ငွေရဖို့က အဓိကလေ”ဟု ပြောသည်။
သို့သော် ၄င်းအနေဖြင့် ထိုသတင်း စကားကြားရသည့်အတွက် အနည်းငယ် ထိတ်လန့်သွားသည်ကိုတော့ ရိုးသားစွာ ဝန်ခံသည်။
”နောက်ဆို
ကန်ထရိုက်တိုက်တွေ ဆောက်နေတာမြင်လို့ ဝင်လုပ်မယ်လို့ တွေးရင်
လိုင်စင်ရလား၊ ဘယ်နှစ်ထပ် ဆောက်မှာလဲ၊ အင်ဂျင်နီယာ ဘယ်သူ လဲဆိုတာ
ဆိုင်းဘုတ်ကို အရင်ရှာမှ ဖြစ် တော့မယ်”ဟု ရယ်မောသယောင်ပြော သော်လည်း
အမှန်တကယ် ပျော်ရွှင် သည့် မျက်နှာထားမျိုးတော့ မဟုတ်။
ပန်းရန်၊
လက်သမားများအထိ အရေးယူမည့် ဥပဒေနှင့် ပတ်သက်၍ အင်ဂျင်နီယာတစ်ဦးဖြစ်သူ
မမြင့်မြင့်ငွေ (အမည်လွှဲ)က ”ဒီဥပဒေ တင်လိုက်တဲ့ သဘောက ပါမစ် မရှိဘဲ
အင်ဂျင်နီယာ မခေါ်ဘဲ ပန်းရန်၊ လက်သမားတွေနဲ့တင် ပြီးလိုက်တဲ့
ရပ်ကွက်အတွင်းက အ ဆောက်အအုံဆောက်တာတွေကို ထိန်း ဖို့ ဖြစ်ပါလိမ့်မယ်”ဟု
မှတ်ချက်ေ ပး သည်။
တရားမဝင် ဆောက်လုပ်သည့်
အဆောက်အအုံများသည် စည်ပင်မှ လိုင်စင်ရယူထားမှုမရှိသည့် အင်ဂျင်နီ
ယာများနှင့် ဆောက်လုပ်နေခြင်းဖြစ်ပြီး ယင်းကိုလည်း ထိန်း
သိမ်းလိုခြင်းဖြစ် ကြောင်း ရန်ကုန်စည်ပင် အင်ဂျင်နီယာ ဌာန (အဆောက်အအုံ)မှ
အထက်ပါ တာဝန်ရှိသူက ထပ်လောင်းပြောသည်။
ရန်ကုန်စည်ပင်မှ အကြီးတန်း
အင်ဂျင်နီယာလိုင်စင်၊ အငယ်တန်း အင်ဂျင်နီယာ လိုင်စင်၊ ပုံဆွဲ အင်ဂျင် နီယာ
လိုင်စင်၊ အငယ်တန်း ကန်ထရိုက် လိုင်စင်နှင့် အကြီးတန်း ကန်ထရိုက်လိုင်
စင်များကို ချထားပေးပြီး ယင်းကဲ့သို့ ချ ထားပေးခြင်းမှာ အဆောက်အအုံများ
ဆောက်လုပ်ရာတွင် စည်ပင် လိုင်စင် ရယူထားသူများ အလုပ်အကိုင် ရရှိစေ
လိုခြင်းဖြစ်သည်ဟု ၄င်းက ဆိုသည်။
”လိုင်စင်ရ အင်ဂျင်နီယာတွေက
အဆောက်အအုံဆောက်လုပ်မယ့် စည် ပင်ဥပဒေတွေကို သိတယ်။ ဒီတော့ သူတို့နဲ့
လုပ်ရင် ပါမစ်တင်တဲ့အခါ လွဲ ချော်မှုနည်းတယ်”ဟု ၄င်းက ပြော သည်။
စည်ပင်မှ
လိုင်စင်ရယူထားသည့် အကြီးတန်း ကန်ထရိုက်တစ်ဦးသည် ရန်ကုန်စည်ပင်
အဆောက်အအုံဌာနသို့ စပေါ်ငွေ ကျပ်သိန်းငါးရာနှင့် နှစ်စဉ် လိုင်စင်ကြေး
ကျပ်နှစ်သိန်းနှစ်သောင်း ခြောက်ထောင်ပေးသွင်းရသည်။ အ
ငယ်တန်းကန်ထရိုက်တစ်ဦးသည် စပေါ်ငွေ ကျပ်သိန်းနှစ်ရာနှင့် နှစ်စဉ်
လိုင်စင်ကြေး ကျပ်တစ်သိန်းနှစ်ေ သာင်း ပေးသွင်းထားသူများဖြစ်သည်။
တရားမဝင် ကန်ထရိုက်များနှင့်
ဆောက်လုပ်သော တရားမဝင် အ ဆောက်အအုံများသည် ခိုင်ခံ့မှုရှိ၊ မရှိ
အာမခံနိုင်ရေး ခက်ခဲသည်ဟု ရန်ကုန် စည်ပင်က ဆိုသော် လည်း တရားဝင်
အင်ဂျင်နီယာလိုင်စင်ရယူပြီး ကန်ထ ရိုက်အလုပ်ပါ တွဲဖက်လုပ်ကိုင်နေသူ
ဦးဝင်း(အမည်လွှဲ)က ”တကယ်တမ်း ပြောရရင် တစ်ခါတလေ ကိုယ်လက်
မှတ်ထိုးပေးလိုက်တဲ့ တိုက်ကို မြင် တောင် မမြင်ဖူးလိုက်ဘူး။ ပြီးသာပြီး
သွားတာ”ဟု ပြောသည်။
အခွန်အခများ ပိုမိုရရှိရေး သို့မ
ဟုတ် လိုင်စင်ရ အင်ဂျင်နီယာနှင့် ကန် ထရိုက်များ အလုပ်ရရှိရေး သို့မဟုတ်
ရန်ကုန်မြို့တွင်းရှိ အဆောက်အအုံများ ခိုင်ခံ့ရေး အစရှိသော မည်သို့သော အ
ကြောင်းအချက်များကြောင့်ပင် ဖြစ်စေ ရန်ကုန် စည်ပင်အင်ဂျင်နီယာ ဌာန
(အဆောက်အအုံ)မှ ရေးဆွဲသော နည်း ဥပဒေတွင် အောက်ခြေလူတန်း စားဖြစ် သော
လက်သမား၊ပန်းရန် လုပ်သားများ ကိုပါ အရေးယူမည်ဟု ဆိုသည့်အပေါ်
ပန်းရန်လုပ်သား ကိုမျိုးမင်းက-
”ဒါကြီးက ကြမ်းတယ်ဗျာ”ဟုသာ ရိုးရှင်းစွာသုံးသပ်ချက် ပေးလိုက်ပါတော့ သည်။
ဦးကတော့ ထိုဥပဒေနှင့် နောက်
ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် အခြေ အနေကို ဤသို့ ကောက်ချက်ချသည်။ နောင်တွင်
အဆောက်အအုံများ တည်ဆောက်ရာ၌ အထပ် အနိမ့်အမြင့် ကြီးငယ်မရွေး
ရန်ကုန်စည်ပင် အ ဆောက်အအုံဌာနသို့ တင်ပြကာ ခွင့်ပြု မိန့် ရယူဆောင်ရွက်မှု
မရှိဘဲ ဆောက် လုပ်လျှင်ဆောက်လုပ်သူ ပန်းရန်၊ လက် သမားများပါ
အရေးယူမည်ဆိုပါက အ ဆောက်အအုံဆောက်လုပ်သည့် အိမ် ရှင်သာမကဘဲ ပန်းရန်၊
လက်သမားများ ပါမြို့နယ်စည်ပင်အရာရှိများနှင့
”လက်သမား ပန်းရန်တွေပါ စည် ပင်ကို
လာဘ်ထိုးရတော့မယ်။ အခန့် မသင့်ရင် လူသတ်မှုတွေပါ ဖြစ်လာနိုင် စရာရှိတယ်။
ဘယ်ပန်းရန်သမားက စည်ပင်အရာရှိကို ရိုက်လိုက်လို့ ဒါတွေ ကြားလာရနိုင်တယ်”ဟု
ဦးတိုးက ပြော သည်။
ဝေမာထွန်း၊ သုတလင်း
Popular Myanmar News Journal |
||
Posted: 12 Nov 2013 06:13 PM PST
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်
သမ္မတလုပ်လိုသော ဆန္ဒရှိကြောင်း ထုတ် ဖော်ခဲ့ပါသည်။ ပြည်သူအများစုကလည်း
ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည် လေးစားမှုရှိသည့် အားလျော်စွာ သမ္မတ
ဖြစ်စေလိုသောဆန္ဒအပြည့်အ၀ ရှိကြပါ သည်။ တိုင်းရင်းသားများ ဘက်ကလည်း
ဒေါ်အောင်ဆန်းစုကြည်သည် စစ်မှန် သော ဖက်ဒရယ်ပြည်ထောင်စုကို ထူ ထောင်ပေးမည်ဟု
ယုံကြည်ထားကြသဖြင့် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေး ကို သိသိသာသာ
ထောက်ခံအားပေး လျက်ရှိကြသည်။ ဤသို့အဘက်ဘက်မှ ထောက်ခံမှု အားကောင်းနေသော
ဒေါ်အောင်ဆန်းစု ကြည်သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ ကြီးအပြီး
သမ္မတဖြစ်နိုင်ပါမည်လော။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 12 Nov 2013 05:11 PM PST
နှစ်ပေါင်း
၆၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ချင်းအမျိုးသားညီလာခံကို
ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမြို့ ကာဆင်ခန်းမဆောင်မှာ ဒီနေ့
စတင်ကျင်းပခဲ့ပါတယ်။ ချင်းအမျိုးသားညီလာခံ ကျင်းပရတဲ့ရည်ရွယ်ချက်နဲ့
ပတ်သက်ပြီး ချင်းအမျိုးသားညီလာခံ ကျင်းပရေးကော်မတီမှ ဒေါက်တာရွှေခါးက RFA
ကို အခုလိုပြောပါတယ်။ “မကြာခင်မှာပဲ ပြည်ထောင်စုတွေ့ဆုံဆွေးနွေးပွဲ
လုပ်မယ်ပြောတယ်၊ ဒီလိုဆွေးနွေးပွဲမှာ ပါဝင်ပတ်သက်သူ Stakeholder အားလုံးရဲ့
ပါဝင်ဖို့လိုအပ်တယ်ဆိုတော့ ချင်းလူမျိုးတွေကလည်း Stakeholder အသီးသီးကနေ
ပါဝင်ကြမှာဆိုတော့ ဘုံရပ်တည်ချက်တစ်ခုကတော့ လိုအပ်တာပေါ့၊ အဲဒါကတော့
ပထမပေါ့၊ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 12 Nov 2013 05:08 PM PST
ပြင်းထန်တဲ့
မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ အကူအညီပေးရေးလုပ်ငန်းတွေ
ဆောင်ရွက်ဖို့ USS George Washington အမေရိကန်လေယာဉ်တင် စစ်သင်္ဘောကြီးဟာ အခု
ဖိလစ်ပိုင်နိုင်ငံကို ဦးတည် ခုတ်မောင်းနေပါတယ်။ ဖိလစ်ပိုင်မှာတော့ Haiyan
တိုင်ဖုန်းမုန်တိုင်းကြောင့် လူပေါင်းသောင်းဂဏန်း သေဆုံးဖွယ်ရှိပြီး
လူပေါင်း သိန်းဂဏန်းဟာ အိုးအိမ်တွေဆုံးရှုံးပြီး ဘေးဒုက္ခ ရောက်နေကြပါတယ်။
---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 12 Nov 2013 04:55 PM PST
မြန်မာနိုင်ငံမှာ
လျှပ်စစ်မီး မီတာခ တိုး ကောက်ခံမယ်လို့ အစိုးရက ထုတ်ဖေါ် ကြေညာခဲ့တဲ့အတွက်
မကျေမနပ် ဆန္ဒပြမှုတွေ ထွက်ပေါ်ခဲ့အပြီး ဒီကနေ့ အင်္ဂါနေ့မှာ ကျင်းပခဲ့တဲ့
ပြည်ထောင်စု လွှတ်တော်မှာတော့ အခု ဘတ်ဂျက်နှစ်မှာ တိုးမကောက်ပဲ နောက်နှစ်
ဘတ်ဂျက်မှာမှ မီတာခတွေ တိုးကောက်မယ်လို့ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက
အဆို တင်သွင်း ပြောကြားလိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 12 Nov 2013 04:48 PM PST
ရှမ်းပြည်နယ်မြောက်ပိုင်း
သိန္နီမြို့နယ်မှာ အခုနှစ်မိုးရာသီအတွင်း နမ္မတူမြစ်ရေ လျှံတက်ခဲ့တဲ့အတွက်
လယ်ဧကထောင်နဲ့ချီပြီး ရေနစ်မြုပ်ခဲ့ပါတယ်။ နမ္မတူမြစ်ကြောင်းတလျှောက်
သဘာဝပတ်ဝန်းကျင်ပျက်စီးမှု များလာတဲ့အတွက် အခုလို ရေကြီးတာတွေ
ဖြစ်လာနေတာလို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။ RFA သတင်းထောက်
ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 12 Nov 2013 04:37 PM PST
မကွေးတိုင်း
ငဖဲမြို့နယ်ကို ဖြတ်သန်းသွားတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း
တည်ဆောက်ရာမှာပါဝင်တဲ့ အိန္ဒိယကုမ္ပဏီက စွန့်ပစ်တဲ့ အညစ်အကြေးတွေဟာ ဒေသခံတွေ
အသုံးပြုနေတဲ့ ချောင်းတွေထဲကို စီးဝင်နေတဲ့အတွက် ကျန်းမာရေးနဲ့
သဘာဝပတ်ဝန်းကျင် ထိခိုက်နေပါတယ်။ RFA သတင်းထောက် ကိုဇော်တူးက
တင်ပြထားပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 12 Nov 2013 04:34 PM PST
|
||
Posted: 12 Nov 2013 05:56 PM PST
နိုဝင်ဘာလ(၁၅)ရက်နေ့ ထုတ် The Hot News Weekly Journal Vol- 4 , No - 166
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 12 Nov 2013 04:32 PM PST
|
||
Posted: 12 Nov 2013 04:29 PM PST
|
||
Posted: 12 Nov 2013 04:26 PM PST
|
||
|
[Message clipped] View entire message
0 comments:
Post a Comment