Tuesday, November 12, 2013

စပါးခွံဖြင့်စက်ရုံများလည်ပတ်ခြင်း Biomass Power Plant



မြန်မာနိုင်ငံသည် စပါးအလွန်ထွက်သောကြောင့် ဆန်၊ဆီစက်အများသည် စပါးခွံကိုမီးဖြင့် ဘွိုင်လာရေနွေးငွေ့စွမ်းအင်ကို သုံးကြသည်။
လယ်ယာ ဘေးထွက်ကုန်များ ဥပမာ ဆီ၊ပဲ ကြိတ်စက်များမှ ကျန်သောအခွံ၊ကြိတ်ဖတ်များမှာ တရိစ္ဆာန်အစာအဖြစ် ပြန်လည်အသုံးချရန် တရုပ်ပြည်သို့တင်ပို့ကြသည်။
တရုပ်ပြည်မှ ကြက်စာများအဖြစ် မြန်မာနိုင်ငံသို့ ပြန်ရောင်းချသည်။ ကောက်ရိုး၊ ပြောင်းရိုး၊ အသီးနှံအကြွင်းကျန် စသည့်အရာများကိုလည်း ကျွဲနွားအစာအဖြစ်၎င်း၊ ယခုအခါ compost ဓါတ်မြေသြဇာအဖြစ်၎င်း၊ အခြားမြေသြဇာများအဖြစ်၎င်း ပြန်လည်အသုံးပြုလျှက်ရှိသည်။ Recycle ပြုပြင်အသုံးချနိုင်မှုမှာ အလွန်တိုးတက်လာသည်။

တရုပ်ပြည်မှစပါးခွံလျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်ခြင်း ပစ္စည်းရောင်းကြော်ငြာ်။
http://haiqimachine.en.alibaba.com/

ယခု စပါးခွံကိုပင် ဘွိုင်လာမီးထိုးဖို့ ၀ယ်ရခက်လာသည်ဟု ဆိုသည်။ စပါးခွံ Rice hulls (or rice husksု ကို အခြားပိုအသုံးကျသော လုပ်ငန်းများအတွက်သုံးလာသောကြောင့် ဧရာဝတီတိုင်းမှ ဆန်စက်၊ဆီစက် ဘွိုင်လာများအတွက် တခြားလောင်စာဆီများသုံးရပါက စရိတ်ကုန်ကျမှု ပိုမိုများလာမည်။ နိုင်ငံတကာတွင် လျှပ်စစ် (သို့မဟုတ်) ဒီဇယ်၊ဓါတ်ဆီသုံး စက်ပစ္စည်းများဖြင့် ထုတ်လုပ်နေချိန်တွင် မြန်မာပြည် လျှပ်စစ်ထုတ်လုပ်မှု အခက်အခဲအတွက် လက်ရှိဖြေရှင်းနည်း (Solar Power Plant $275 million) များ စီးပွားရေးသမားများက ဖန်တီးလာကြသည်။

သာကေတ လျှပ်စစ်ဓါတ်အားပေးစက်ရုံမှာ $500 million usd ကုန်ကျသော်လည်း ၃နှစ်ကျော် တည်ဆောက်ရသည်။ တာပိန်ရေအားလျှပ်စစ်မှာ ဆယ်နှင့်ဓါတ်အားရုံ ၅နှစ်ခန့် တည်ဆောက်ရသည်။ ဆိုလာ (နေရောင်ခြင်) ဓါတ်အားစက်ရုံမှာ ၁နှစ်ကျော်အတွင် လျှပ်စစ်အမြန်ဆုံး ထုတ်လုပ်နိုင်သောကြောင့် လျှပ်စစ်အကြီးကျယ်လိုအပ်နေသော မြန်မာပြည်အဖို့ လက်ရှိမဂ္ဂာဝပ် ၂၄၀၀ မှ ၃၀၀၀ တစ်နှစ်အတွင်းတိုးရန် နည်းမျိုးစုံကြိုးစားနေရသည်။ တခြားနည်းမရှိလျှင့် တစ်ယူနစ် ကျပ်၄၀၀မက ကုန်ကျသော ကက်တစ်ပီလာ ဒီဇယ်ဓါတ်အားပေးစက်များစွာ အထပ်လိုက်စုပေါင်းပြီးထုတ်ရသည်။ ရေအားလျှပ်စစ်မှာ တစ်ယူနစ် ၅၀ကျပ်အောက် ကုန်ကျသဖြင့် အကောင်းဆုံးဖြစ်သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ ဗီယက်နမ်တို့မှာ ၈၅%လျှပ်စစ်ကို ရေအားလျှပ်စစ်ဓါတ်အားပေးရုံများ ၁၀နှစ်အတွင် အကြီးအကျယ်ဆောက်ထားပြီးဖြစ်သောကြောင့် အိုကေနေပြီ ဖြစ်သည်။ မြန်မာနိုင်ငံမှာ လက်ရှိပြုပြင်ပြောင်းလဲမှုအတွက် ခါချဉ်ကောင်ကြီး ခါးမသန်ဘ၀ လျှပ်စစ်မရှိသောကြောင့် စက်မှုလုပ်ငန်းမလုပ်နိုင်။ သယံဇာတရောင်းစားမှု (more than 20 billions usd) ကိုလည်း လျှပ်စစ်မရှိသဖြင့် အစိမ်းလိုက်ရောင်းရခြင်း။ အရေးထဲ စီမံကိန်းအသစ်များစွာ (more than 10 billions usd projects) အရေးပေါ်လုပ်ကိုင်ခွင့်ပြုရာတွင် ခြစားမှုအကြီးစားများ ပေါ်လာခြင်း။ ပို့ဆောင်ဆက်သွယ်ရေး တိုးချဲ့မှုအတွက် ဓါတ်ဆီ၊ ဒီဇယ်များစွာ တရားဝင်၊တရားမ၀င် (2012, US$2.5 billions usd) တင်ပို့ခြင်းမှခြစားမှုများ.. အလွန်စိုးရိမ်ဘွယ်ကောင်းသောအခြေအနေဖြစ်ပါသည်။

လျှပ်စစ်ထုတ်ရန် ကျောက်မီးသွေး၊ သဘာဝဓါတ်ငွေ ထက် စပါးခွံ့ကို သုံးခြင်းဖြင့် ပိုမိုဈေးချိုသာစွာ ထုတ်နိုင်မည်။  ရေရှည်အတွက်မူ ဦးပိုင်(သို့မဟုတ်)မြန်မာစူပါကုမ္ပဏီကြီးများကို ရေအားလျှပ်စစ်အတွက် ရင်းနှီးမြှတ်နှံခိုင်းရပေမယ်။ အမြတ်ထွက်သော်လည်း ၁၀နှစ်စီမံကိန်းအတွက် ပြည်တွင်းကုမ္ပဏီကြီးများ မလုပ်ချင်။ တစ်နှစ်အတွင်း အမြတ်ရမည့် ဆောက်လုပ်ရေးလုပ်ငန်းသာ လုပ်ချင်သည်။

စပါးခွံဖြင့် ဘွိုင်လာမလည်နိုင်လျှင်၊ လျှပ်စစ်ထုတ်ဖို့ ခက်ခဲနေလျှင် .. တရုပ်၊ ထိုင်းနိုင်ငံများမှ လျှပ်စစ်ကို ပြန်လည်ဝယ်ယူခြင်းသာ အဖြေဖြစ်ပါသည်။ 


အကျိုးမြတ်နဲတဲ့လျှပ်စစ်ထုတ်လုပ်ငန်းနဲ့စပါးခွံလောင်စာ
လျှပ်စစ်ဓါတ်အားစက်ရုံများလည်း မော်တော်ကားအတိုင်းပါ။ လျှပ်စစ်အရမ်းလိုအပ်နေတဲ့ မြန်မာပြည်ကြီးမှာ အစိုးရနဲ့အစိုးရပတ်သတ်နေတဲ့ ကုမ္မဏီကြီးများက လျှပ်စစ်တစ်ယူနစ် ၃၅ကျပ်နှုန်းနဲ့ သုံးနေချိန်မှာ၊ သကေတဓါတ်အားစက်ရုံ တာဗိုင်အသစ်လည်ပတ်ပြီး တစ်ယူနစ် ကျပ်၂၀၀နီးပါးနဲ့ ရောင်းချပေးမယ် ဆိုပါတယ်။ ၀ယ်ချင်တဲ့ သူကများနေပါတယ်။ ဒါကြောင့် မြန်မာအစိုးရက ဂျပန်အစိုးရဆီက စပါးခွံနဲ့ဓါတ်ငွေ၊ လျှပ်စစ်ထုတ်ဖို့ အကူညီတောင်းပါတယ်။ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်က ပြည်တွင်း၌ အသုံးပြု နေကြ သည့် စပါးခွံ ဓာတ်ငွေ့ အင်ဂျင်များမှာ ပြည်တွင်းရှိ ကျွမ်းကျင် သူများက ထုတ်လုပ်သည့် စက်များ ဖြစ်ပြီး စပါးခွံ ဓာတ်ငွေ့တွင် ပါ လာသော CO2 ကတ္တရာကို ကုန်စင်အောင် မသန့်စင် နိုင်သည့် အတွက် စက်လည်ပတ်မှု မတည်ငြိမ်ခြင်း၊ အင်ဂျင် သက်တမ်း ကျဆင်းခြင်း၊ မကြာခဏ အင်ဂျင် ဖွင့်၍ ကတ္တရာများ သန့်စင် ပေးရခြင်း စသော အားနည်းချက်များ ရှိသည့် အပြင်  ပတ်ဝန်းကျင် ပြည်သူများ အတွက်ပါ ကျန်းမာရေး  ထိခိုက် လာနိုင်ဖွယ် ရှိကြောင်း၊  အဖြစ်သဘောကူညီတာပါ။ ဂျပန်နိုင်ငံအစိုးရ METI နှင့် NEDO  တို့မှ တာဝန်ရှိ သူများ မြန်မာ နိုင်ငံသို့ ၂ဝ၁၂ ခုနှစ် သြဂုတ်လ အတွင်းက လာရောက်ပြီး စီမံကိန်း အတွက် NEDO မှ ဂျပန် ယန်းသန်း ၉ဝ နှင့် Bio-Fuel Co., Inc မှ ဂျပန် ယန်းသန်း ၄ဝ ထည့်ဝင်မှုဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိ ရသည် .. လို့သတင်းမှာ ဖတ်ရပါတယ်။ ဂျပန်ကလေည်း ကူရှာပါတယ်။ စုစုပေါင်းမှ ကန်ဒေါ်လာတစ်သန်းတောင်မရှိပါဘူး။ ကုလသမဂ္ဂ UNIDO ကတော့ တကယ်လာရောက်လေ့လာပြီး၊ လုပ်နိုင်တဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်များကို စပါးခွံစွမ်းအင်ထုတ်ဖို့ ဒေါ်လာသန်းနဲ့ချီ မတည်ငွေပေးသွားပါတယ်။ 
စပါးခွံဂက်စ်သုံးဆန်စက် ကျေးရွာအတွင်းရေဆိုးစွန်.ပစ်မှုများကြောင့် ပတ်ဝန်ကျင် ညစ်ညမ်းလို့ တိုင်တောမှုတွေရှိနေပါတယ်။ ဥပဒေမရှိသေးတော့ လုပ်ချင်သလိုလုပ်နေရခြင်းပါ။ စစ်တွေ မြို့ မှာ စပါးခွံ ကနေ ထင်းချောင်းအဖြစ် လောင်စာထုတ်လုပ်အောင်မြင်တဲ့အကြောင်း DVB မှာဖေါ်ပြထားခဲ့ပါတယ်။ စပါးခွံဓါတ်ငွေ့သုံး ပုသိမ်သူ (၁၁) ရှပ်ပြေးအမြန်ရေယာဉ် ပုသိမ်-ငပုတော-သရက်တော အခကြေးငွေတစ်ဝက်ဈေးနဲ့ ခရီးစဉ်ပြေးဆွဲနေကြောင်းလဲ ဖတ်ရပါတယ်။ စပါးခွံဓါတ်ငွေ့သုံး အင်ဂျင်များ ပြောင်းလဲအသုံးပြုလာသည့် ဆန်စက်ပေါင်း ၁,၇၀၀ ကျော်ရှိလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကဆိုတဲ့အကြောင်း Feb2012 မှာ မိဇ္ဖိမသတင်းမှာ ရေးထားပါတယ်။ စပါးခွံဓါတ်ငွေ့မှာ ပါလာတဲ့ ကတ္တရာကို ကုန်စင်အောင် မသန့်စင်နိုင်တော့ စက်လည်ပတ်မှု မတည်ငြိမ်တာမျိုး၊ အင်ဂျင်သက်တမ်း ကျတာ၊ မကြာမကြာ အင်ဂျင်ဖွင့်ပြီး ကတ္တရာသန့်စင်ပေးရတာတွေ စတဲ့ အားနည်းချက်တွေ ရှိပါတယ်”၊ ဂျပန်နိုင်ငံမှ Bio-Fuel Co; နှင့် မြန်မာပြည်မှ Bio-Tech Co; နှင့် Tokyo Electric Power Co; တို့ နည်းပညာကူညီဆောင်ရွက်မဲ့အကြောင်း ဖတ်ရပါတယ်။


စပါးခွံဓါတ်ငွေ့ Synthetic Natural Gas (SNG) ကို စွန့်ပစ်ပစ္စည်းများမီးရှိုပြီး၊ ရေနွေးငွေဖျန်းပြီး၊ အအေးခံ၊ ဘေးထွက်ဓါတ်ပစ္စည်းတွေကို စစ်ထုတ်ပစ်ရင် SNG ဓါတ်ငွေရပါတယ်။ အဲဒီဓါတ်ငွေကို သဘာဝဓါတ်ငွေအတိုင်း မီးရှို့ပြီး တာဘိုင်မောင်၊လျှပ်စစ်ထုတ်နိုင်ပါတယ်။ SNG ဓါတ်ငွေ့ကို အမိုးနီးယား၊ မက်သနော စတဲ့ ပိုအသုံးကျတဲ့ပစ္စည်းအဖြစ် အလွယ်တကူပြောင်းနိုင်ပါတယ်။ သဘာဝဓါတ်ငွေက လောင်ကျွမ်းအား 1020 Btu/scf ရှိပြီး၊ စပါးခွံဓါတ်ငွေက 150 Btu/scf လောက်ပဲရှိပါတယ်။ ပလာစမာနည်းနဲ့ထုတ်ရင် 500 Btu/scf အထိ စွမ်းအားမြင့် စပါးခွံဓါတ်ငွေရနိုင်ပါတယ်။ လောင်စွမ်းအားနဲတဲ့အတွက် Hybrid Gas Turbine သုံးရပါတယ်။ 
MDG Energy 15May2013
End..

Links

http://blackpearlengineering.com/power/index.php/ricehusk မှ ကူးယူဖေါ်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...