Friday, September 13, 2013

"ဆရာ vs. ဒကာ"

Athenian Ahnyarthar's status
ရဟန်းဥပဒေ (၀ိနည်း) နဲ့ လူ့ ဥပဒေ ကို ခွဲခြားနားလည်ဖို့ အရေးကြီးတယ်။ ဒါကြောင့်လည်း ဓမ္မစက် နဲ့ အာဏာစက် လို့ ခွဲပြောတာ..။ ၀ိနည်းကို ချိုးဖေါက်ရင် ဓမ္မစက်နဲ့ အရေးယူတာ..ဒါက..၀ိနစ္ဆယ အလုပ်။ လူ့ ဥပဒေ ကို ရောပါ ချိုးဖေါက်ရင် အာဏာစက်နဲ့ အရေးယူလိမ့်မယ်....ဒါက အစိုးရအလုပ်.။ဝိနည်းကို ချိုးဖေါက်ပေမယ့် (ဥပမာ...ညနေစာ စားတာ) လူ့ ဥပဒေကို မချိုးဖေါက်သေးသရွေ့  လူ့ ဥပဒေဖြစ်တဲ့ တရားမမှု တို့ ပြစ်မှုတို့ နဲ့ အရေးယူလို့ မရဘူး...။ ဒါပေမယ့် ၀ိနည်းကို လူ့ ပတ်ဝန်းကျင်မှာ ပေါ်ပေါ်တင်တင် (publicly) ချိုးဖေါက်ရင် လူ့ ဥပဒေကို မချိုးဖေါက်ငြား....(ဥပမာ...အရက်သောက်တာ၊ ငွေကြေးကိုလှည့်လည်တောင်းရမ်းတာ)ု...သာသန်ာတော်ညှိုးနွမ်းစေမှုဆိုတဲ့…၀ိနည်းမဟုတ်တဲ့…လူလုပ်ဥပဒေ၊ အရရော အရေးယူလို့ ရတယ်..။


သာသနာတော် ညှိုးနွမ်းစေမှုဆိုတဲ့ ပုဒ်မဟာ အကြောင်းမဲ့ သက်သက်ထဲ့ထားတာမဟုတ်ဘူး..။ ကိစ္စတော်တော်များများဟာ ဒီပုဒ်မနဲ့ ညိနေတတ်တာများတယ်..။ ဒါပေမယ့် ဒီပုဒ်မနဲ့ အပြစ်ပေးခံရသော်ငြား လူ့ ဥပဒေရဲ့ အပြစ်ဒဏ်အရ ပါရာဇိကမကျသရွေ့ ရဟန်းဖြစ်ဆဲ...။ သင်္ကန်းဝတ်ခွင့်ရှိစမြဲပဲ...။ ဒီရှုထောင့်ကကြည့်ရင်...အလဇ္ဇီကို လူ (သို့ ) အစိုးရ သို့  အာဏာစက်နဲ့  ရော၊ ရဟန်းသံယာအချင်းချင်း (ဓမ္မစက်) ကရော အရေးယူလို့ ရတယ်..။ အရေးယူအပ်တယ်..။ ၀ိနည်းနဲ့ ညီခြင်းမညီခြင်း အချေအတင် အငြင်းပွားဖွယ် ကိစ္စတွေက ပါရာဇိက လို ဂရုကအာပတ်တွေနဲ့  သိမ်မွေ့ တဲ့ အယူဝါဒဆိုင်ရာ ကိစ္စတွေမှာသာ ဖြစ်တယ်...။

ဒီနေရာမှာလည်း ထေရ၀ါဒကိုသွေဖည်တယ်လို့ ယူဆရတဲ့ အယူဝါဒ၊ ဟောပြောမှု တစ်ခု (ဥပမာ-မိုးပြာဂိုဏ်း) လို ကိစ္စကိုကြ ပထမဦးဆုံးအနေနဲ့  ဓမ္မစက်ဖြစ်တဲ့ ၀ိနစ္ဆယ က ဆုံးဖြတ်ရတယ်..။ အဓမ္မ၀ါဒအဖြစ် ၀ိနိစ္ဆယ ကဆုံးဖြတ်ထားတဲ့ကြားက ဒီဝါဒကို ထူထောင်သူဟာ ဆက်လက်ဟောပြောမြဲ ၊ ဖြန့် ဖြူးမြဲဆိုရင် ဒုတိယအဆင့်အနေနဲ့ အာဏာစက်နဲ့  ကိုယ်တွယ်တာခံရမှာပဲ... သာသန်ာတော်သန့် ရှင်းတည်တံ့ပြန့် ပွားရေးဆိုတာ ဘုန်းကြီး၊ ဒကာ၊ဒကာမ၊ အစိုးရ အားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စပဲ...။ ၀ိနည်း ဆိုတာတောင် လူ ၀တ်ကြောင်သိအပ်တဲ့အရာပဲ...

.၀ိနည်းနဲ့ ညီခြင်းမညီခြင်း ဆိုတာ ပါရာဇိက တို့ လို အာပတ်တွေမှာ ပဲ ရှုပ်ထွေးတာ..။ အပြစ်ပေးတယ်ဆိုတဲ့ အဓိပါယ်ကို ရှင်းအောင် ၂ မျိုးရေးပြထားတယ်လေ..။ ၁၊ ဓမ္မစက်... ဒါက ၀ိနည်းအရ ချိုးဖေါက်တယ်လို့ ဆုံးဖြတ်လိုက်တာ...ထိုက်သင့်တယ့် အာပတ်ဖြေမှုကို ကျူးလွန်သူ ရဟန်းက ပြုလုပ်ရမယ်..။ ၂။ အာဏာစက် ...ဒါကကြတော့ လူ့ ဥပဒေဖြစ်တဲ့ ထောင်၊ ဒဏ်ငွေ၊ သေဒဏ် စတာတွေပါလာမယ်..။ ဆိုတော့...အလဇ္ဇီဘုန်းကြီးကို လူတွေက အပြစ်ပေးတာပဲလေ..။ ပါရာဇိက မကျဦးတော့… ၀ိနည်းနဲ့ သွေဖည်တဲ့ ရဟန်းကို အပြစ်ပေးနိုင်တဲ့ နည်းလမ်းတွေ ရှိနေတာပဲ...ဥပမာ...ကန်တော့ဆွမ်း ပါဘုရားလို့  reject လုပ်တာမျိုး..။ အရက်သောက်၊ ဖွန်ကြောင်နေတဲ့ ရဟန်းကို ရပ်ကွက်က ၀ိုင်းဖမ်းပြီး လူထွက်စေတာမျိုး..စသဖြင့်အများကြီးပါ..။ ဒီလိုမှမလုပ်ရင် ဘယ်လိုလုပ် သာသနာသန့် ရှင်းရေးဆိုတာဖြစ်လာမှာလဲ…..

ဗုဒ္ဓဘာသာမှန်ရင် ငါးပါးသီလ တော့သိကြတာပဲလေ..။ အဲဒီ စည်းမျဉ်းငါးခုနဲ့ တင်ကြည့်လိုက်...လဇ္ဇီ၊အလဇ္ဇိ အကွဲကြီးပါ။
တကယ့်တကယ် စဉ်းစားရမှာက ဘယ်လို အပြစ်မျိုးကို ပေးမလဲ ဆိုတာပဲ..။ ပြစ်မှုနဲ့ ပြစ်ဒဏ် ကိစ္စ ပဲ..။ ဘယ်သူက အပြစ်ပေးမလဲဆိုတဲ့ကိစ္စ မဟုတ်ဘူး..။ ဓမ္မစက် က ရဟန်းတွေ ကိစ္စ။ ကြီးလေးတဲ့ပြစ်မှု (penalty) နဲ့ သေးငယ်တဲ့ ပြစ်မှု (minor) တွေက အစိုးရကိစ္စ။ ချွတ်ချော်တဲ့ ရဟန်းကို ဒကာ၊ဒကာမတွေက ဆွမ်းမလောင်းတာ၊ ဆရာတော်ကြီးကို တိုင်တန်းတာ၊ စသဖြင့် လုပ်ကြရတာပဲလေ...ဒါတွေကို ကွဲကွဲပြားပြားဖြစ်အောင် သိဖို့ တော့လိုတာပေါ့..။ ဘုန်းကြီးဆိုတိုင်း လွတ်ထားလို့ မှမရတာ...။ ဘုရားလက်ထက်က ကိုယ်တော်တချို့ ဆို ဆိုးမှဆိုး ဆိုတဲ့ အမျိုးအစားထဲက….

လိဇ္ဇီ အလဇ္ဇီ လူဆုံးဖြတ်ခွင့်ရမရဆိုတာ..လူလည်းဆုံးဖြတ်လို့ ရတာပဲလေ…။..ပါရာဇိက လေးပါးဆိုတဲ့ ရဟန်းတို့ ရဲ့ အကြီးဆုံးအာပတ်ဟာ ငါးပါးသီလထဲက လေးခုစလုံးပါတာပဲ…။ တစ်ခုပဲ...အရက်သောက်တာ ပါရာဇိက မကျဘူး။ သို့ ပေမယ့် အရက်သောက်တဲ့ ဘုန်းကြီးကို ဘယ်သူက သူတော်ကောင်းသတ်မှတ်နိုင်လဲ….
လူက အပြစ်ပေးလို့ ရတဲ့ အမှုကိုကျူးလွန်ထားရင်တော့ … ဓမ္မစက်က ဘာတွေပြောပြော…အာဏာစက်က အပြစ်ပေးမှာပဲ…။ လူ့ ဥပဒေက အပြစ်ပေးမှာပဲ…။ သံယာမို့ ဥပဒေအထက်မှာ ထားခွင့်မရှိ…။
ဥပမာ...လူသတ်တာ

ဓမ္မစက်အရ လူသတ်မှုမြောက်ရင် ပါရာဇိက ကျတော့ ရဟန်း ၀တ်လို့ ကိုမရတော့တာ….
ဒါပေမယ့်…. ပါရာဇိက မကျပေမယ့် ဥပမာ… အရက်သောက်တာမျိုးကို လူ့ ဥပဒေ ဖြစ်တဲ့ သာသနာတော်ညှိုးနွမ်းစေမှုနဲ့ ထောင် ၃ နှစ်ချလို့ ရတယ်
လူတွေအရက်သောက်တာ ထောင် မချ နိုင်ပေမယ့်လို့  ဘုန်းကြီးတွေအရက်သောက်ရင် (လူပုံလယ်မှာ) ထောင်ချလို့ ရတယ်..အဲဒီ သာသနာတော်ညှိုးနွမ်းစေမှုနဲ့ 
အရက်သောက်တာမပြောနဲ့ ဦး...လူဝတ်ကြောင်တွေရဲ့ အ၀တ်အစားကို ၀တ်ပြီး ပွဲခင်းထဲသွားရင်လည်း ဒီပုဒ်မနဲ့ ငြိတာပဲ…

ဝိနည်းထဲမှာက အရက်သောက်တာ၊ လူတွေရဲ့ အင်္ကျီအ၀တ်အစားတွေကို ၀တ်တာက "ပါစိတ်" လို့ ခေါ်တဲ့ အသေးစား အာပတ်ပဲသင့်တာ…ပါရာဇိက လို ရဟန်းအဖြစ် တသက်လုံး ဆုံးရှုံး သွားရတဲ့ ကျူးလွန်မှုမျိုးမဟုတ်ဘူး
ရဟန်း တစ်ပါးဟာ လူသတ်မှုတစ်ခုမှာ ထဲထဲဝင်ဝင်ပါဝင်ပတ်သက်ခဲ့ရင် လူ့ ဥပဒေအရ အာမခံမရ ချက်ချင်း အချုပ်အနှောင်ခံရမှာပဲ..။...ဒါကို ဘုန်းကြီးတွေက ဘုန်းကြီးကိစ္စပဲ.. ဘုန်းကြီးတွေဆုံးဖြတ်ပြီးမှ...အစိုးရက ရဲက ဆက်လက် လုပ်ရမယ်လို့ စဉ်းစားရင် တော်တော် အဆင်အခြင်နဲရာကျတော့မပေါ့..။

ဒီနေရာမှာ သတိပြုဖို့ က လူသတ်မှုမှာ ပါဝင်တိုင်း ရဟန်းတစ်ပါးဟာ ပါရာဇိက မကျဘူး..။ ဘုန်းကြီးတပါးက သူအငြိုးထားတဲ့သူကို သေစေလိုလို့ လူမိုက်ငှားပြီးသတ်ဦးတော့ ...သတ်တဲ့လူမိုက်က ခိုင်းထားတဲ့နည်းအတိုင်း မသတ်ပဲ... အခြားတပါးသော နည်းနဲ့ သေအောင်သတ်ရင် ပါရာဇိက မကျဘူး...ပါဏာတိပါတကံ တော့ ထိုက်တယ်....။ ဒါပေမယ့်...လူ့ ဥပဒေမှာကြတော့ ဒါဟာ လူသတ်မှု၊ ကြိုတင်ကြံစည်မှု စတာတွေကြောင့်...သေဒဏ်နဲ့ တကျွန်းလမ်းပဲ....။ ဒီလိုကိစ္စမျိုးကိုကြတော့ရော...ဘုန်းကြီးကို လူက အပြစ်မပေးအပ်ဘူးလို့ ဘယ်လို ဆင်ခြင်မှုမျိုးနဲ့ ဆိုနိုင်မလဲ....စဉ်းစားဖို့ ပါ...။

နောက်ထပ် ဥပမာ တစ်ခု ပေးဦးမယ်...ရဟန်းတစ်ပါး ဟာ သောင်းဂဏန်းအထက်ရှိတဲ့ အရာတစ်ခုကို ခိုးယူတယ်ဆိုပါစို့ (ဘယ်လိုနည်းနဲ့ ခိုးခိုး)...ဒီရဟန်းဟာ ချက်ချင်း ပါရာဇိက ကျတယ်..။ လူ့ ဥပဒေမှာက ကြတော့ minor theft မို့ အပြစ်က သိပ်ကြီးမှာမဟုတ်ဘူး..။ ဒီကိစ္စမှာကြ...ဘုန်းကြီးတွေက အရင် အပြစ်ပေးဆုံးဖြတ်ရမယ့်ကိစ္စ..။ လူ့ ဥပဒေသဘောအရ... နားလည်ခွင့်လွတ်မှုလောက်နဲ့  ပစ္စည်းပြန်ပေးယုံလောက်နဲ့ တောင် ပြီးသွားနိုင်တဲ့ကိစ္စ.။..ဆိုတော့...ဘယ်လို အပြစ်ပေးသလဲ ကအဓိက...။ အပြစ်ဆိုတာကို နယ်ပယ် ၂ ခုက ဘယ်လို သတ်မှတ်သလဲ က အဓိက..။ ဘယ်သူ အပြစ်ပေးသလဲက အဓိက မဟုတ်ဘူး..။ သာသနာတော်သန့် ရှင်းတည်တံ့ပြန့် ပွားရေးဆိုတာ ၂ ဘက်စလုံးက ဒူးနေရာဒူး တော်နေရာတော် လုပ်ရမှာပဲ...တာဝန်ယူရမှာပဲ..။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...