Thursday, September 12, 2013

Talking to strangers (သူစိမ်းတို့နှင့်စကားပြောခြင်း)

Posted by zar ni (My Way!) on September 11, 2013 at 11:21 in အင်္ဂလိပ်စာ သိကောင်းစရာ အဖြာဖြာ

နိုင်ငံခြားသားများနှင့်ဖြစ်စေ၊ မိမိမသိသူမျက်နှာစိမ်းများနှင့် ဖြစ်စေ တွေ့ဆုံပြောရမည့်အခြေအနေ တွေအများကြီးရှိပါသည်။ ဘတ်စ်ကားစောင့်နေစဉ်၊ တန်းစီနေစဉ် လူစိမ်းတို့နှင့်စကားပြောဖြစ်တတ်ကြသည်။ ကူးတို့ယာဉ်ပေါ်၊ ပန်းခြံတစ်ခုအတွင်းခုံပေါ်ထိုင်နေစဉ်လည်း တစ်ယောက်နှင့်တစ်ယောက် အလာပသလာပ စကားစမည်ပြောတတ်ကြသည်။ မိမိနှင့်မသိကျွမ်းသူများနှင့် စကားပြောရမည့်အခြေအနေသည် အချိန်မရွေး ဘယ်သူမဆိုကြုံကြိုက်ရမည်မလွဲပါ။ ထို့ကြောင့်ထိုအခြေအနေမျိုးတွင် ပြောနိုင်စေ ရန် လေ့ကျင့်ထား၊ လေ့လာထားရမည်ဖြစ်သည်။ အဓိကသည် small talk ဟုခေါ်သည့် ထွေရာလေးပါး စကားပြောပင်ဖြစ်သည်။ ခရီးသွားဧည့်သည်တစ်ယောက်ကိုသာဆိုပါက ပထမဦးဆုံးမေးရမည်မှာ ဘယ်ကလာသလဲ ဟူသည့်မေးခွန်းပါ။ ဒီလိုနှင့် မိတ်ဆွေဖြစ်သွားနိုင်သည်။



"Are you visiting from somewhere?"
တစ်နေရာရာကလာလည်တာလား။

"Yes. I'm visiting from Korea."
ဟုတ်တယ်။ ကျွန်တော် ကိုရီးယားကလာလည်တာ။

"Are you on vacation here?"
ဒီမှာအားလပ်ရက်ခရီးနဲ့လား။

"Yes. I'm taking a vacation from Korea."
ဟုတ်တယ်။ ကျွန်တော် ကိုရီးယားက အားလပ်ရက်ခရီးထွက်လာတာ။

ကိုယ်လည်း tourist, သူလည်း tourist ဆိုရင်တော့ဒီလိုမျိုးတွေမေးနိုင်သည်။

"How are you enjoying your vacation?"
ဘယ်လိုလဲဗျ။ သဘောကျရဲ့လား။

"I'm having a great time. How about you?"
အရမ်းပျော်ပါတယ်။ ခင်ဗျားကော။

"It's pretty fun here. Are you having a good time?"
ဒီမှာ ပျော်စရာတော်တော်ကောင်းပါတယ်။ ခင်ဗျားကော။

"This is a great place. I'm having a lot of fun. Are you having fun?"
ဒီနေရာက အရမ်းကောင်းတယ်။ အရမ်းပျော်တယ်။

"Are you here with your family?"
ဒီကိုမိသားစုနဲ့လာတာလား။

"I'm here with my wife and 2 kids. They are so excited to be here."
ကျွန်တော့ ဇနီးနဲ့ကလေးနှစ်ယောက်နဲ့။ သူတို့လည်း ဒီကိုလာရတာ အရမ်းစိတ်လှုပ်ရှားနေကြတယ်။

"My kids love this place. This is our third time here. Have you been here before?"
ကလေးတွေဒီနေရာကို နှစ်ခြိုက်ကြတယ်။ အခုဆိုသုံးကြိမ်မြောက်ရောက်တာ။ ခင်ဗျားကော အရင်ကရောက်ဖူးလား။

"This is my first time here. I always wanted to come and I'm having a great time."
ဒါကျွန်တော့် ပထမဆုံးအကြိမ်ပဲ။ အမြဲတမ်းလာချင်နေခဲ့တာ။ စိတ်ကျေနပ်စရာပါပဲ။

တစ်ယောက်ယောက်နဲ့စကားစပြောဖို့အကောင်းဆုံးအချိန်သည် မိမိဘေးမှလူ ဘာမှလုပ်မနေသည့်အချိန်ဖြစ်သည်။ လမ်းလျှောက်သွားသူကို လိုက်စကားပြောဖို့အဆင်မပြေလှ။ အနှောင့်အယှက်ပေးသလိုဖြစ်မည်။ ပန်းခြံလိုမျိုး၊ ပင်လယ်ကမ်းခြေလိုနေရာမျိုးမှာတော့ မိမိဘေးမှလူ နှင့်မိတ်ဆွေဖွဲ့ဖို့ စကားစပြောဖို့အဆင်ပြေသည်။ ပထမဦးဆုံး အဖွင့်စကားလေးနှင့် စကြည့်မည်။ တစ်ဖက်က ပြန်လည်တုံ့ပြန်ပါက ဆက်ပြောနိုင်သည်။ စိတ်မ၀င်စားဟန်ပြပါက အသာနေရုံပင်ဖြစ်သည်။ လေ့လာကြည့်ပါ။

A: "It's a nice day."
သာယာတဲ့နေ့လေးတစ်နေ့ပဲနော်။
B: "Yes. It is a beautiful day."
ဟုတ်တယ်ဗျ။ လှပတဲ့နေ့တစ်နေ့ပဲ။
A: "Do you live around here or are you visiting?"
ခင်ဗျားဒီနားမှာနေတာလား။ ဒါမှမဟုတ် အလည်လာတာလား။

B: "I am on vacation from Korea."
ကျွန်တော် ကိုရီးယားက အားလပ်ရက်ခရီးထွက်လာတာပါ။
A: "That's cool. Are you having a good time?"
တယ်ဟုတ်ပါလား။ ပျော်ရဲ့လားဗျ။

B: "Yes. There are many things to see and I'm taking a lot of pictures. Do live in this city?"
အင်း။ ဒီမှာကြည့်စရာရှုစရာတွေအများကြီး။ ဓါတ်ပုံတွေလည်းအများကြီးရိုက်ရတယ်။ ခင်ဗျားဒီမြို့မှာနေတာလား။


A: "Yeah. I'm just here with my kids. They wanted to come to the park today."
အင်း ဒီမှာကျွန်တော့်ကလေးနှစ်ယောက်နဲ့။ သူတို့ပန်းခြံလာချင်တယ်ဆိုလို့လေ။

B: "What's a good place to visit in this city?"
ဒီမြို့မှာ လည်ဖို့ကောင်းတဲ့နေရာဘာများရှိလဲ။

A: "Where have you been so far?"
ခင်ဗျား ဘယ်တွေရောက်ခဲ့ပြီးပြီလဲ။

B: "This was my first stop. I was going to look at my maps."
ဒီနေရာပဲရောက်သေးတာ။ မြေပုံကြည့်နေတာလေ။

A: "I recommend going to the water front in downtown. They have a ferry you can ride, some good restaurants, and a good beach for a walk."
မြို့ထဲက ရေဆိပ်ဘက်သွားကြည့်ဖို့ညွှန်းချင်တယ်။ ကူးတို့ယဉ်စီးလို့ရတယ်။ စားသောက်ဆိုင်ကောင်းကောင်းတွေနဲ့ လမ်းလျှောက်လို့ကောင်းတဲ့ကမ်းခြေရှိတယ်။

B: "How do I get there from here?"
အဲဒီကို ဘယ်လိုသွားရလဲခင်ဗျ။

A: "You see Jackson street over there? Go straight for 10 blocks. When you see 5th Avenue, turn left. Follow the street for about 3 miles and you should see it."
ဟိုမှာ ဂျက်ဆန်လမ်းတွေ့တယ်မဟုတ်လား။ အဲဒီအတိုင်းတည့်တည့် ၁၀ ဘလောက်လျှောက်သွားပါ။ အမှတ်ငါး ရိပ်သာလမ်း ကိုတွေ့ရင် ဘယ်ဘက်ချိုး။ လမ်းအတိုင်း ၃ မိုင်လောက်လျှောက်လိုက်ရင် တွေ့လိမ့်မယ်။

B: "Thanks. I'll go check it out. It was nice talking to you."
ကျေးဇူးပဲဗျာ။ ကျွန်တော်သွားကြည့်လိုက်မယ်။ ခင်ဗျားနဲ့စကားပြောရတာကောင်းပါတယ်။

A: "It was nice meeting you. Have a good time."
ခင်ဗျားနဲ့တွေ့ရတာဝမ်းသာပါတယ်။ ပျော်ရွှင်ပါစေ။

ကျွန်တော်ရေးထားသမျှကိုဖတ်ချင်လျှင်ဒီမှာလေ့လာနိုင်ပါသည်။
 
ဇာနည်(MyWay)

Broken English to Spoken English

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...