Thursday, September 19, 2013

MP3 ဖိုင်ထဲ သီချင်းစာသား နဲ့ ခွေကာဗာပုံ ထည့်ကြည့်ရအောင်

September 18, 2013 at 6:32am

WMP9: Add Lyric / Album Artto a MP3 file

♪ သစ်ငုတ်ကို ရွှေချလို့ လှမလာတော့၊
မင်းလေးသာ ခြစားလို့ အသားလေးတွေ
ပွန်းကုန်မယ့် အရေးဖြစ်တယ်၊
ပျံပါ ရွှေဟင်္သာရယ်။ ♫
♪ ကုန်းမြင့်မှာ ပျံဝဲလို့ စောင့်နေတဲ့
မင်းအဖွဲ့တွေ အသံပေးလို့ နားချနေတုန်းပါပဲ
နောက်မကျခင်။ ပျံပါ ရွှေဟင်္သာရယ် ♫
ပျံပါ --- ရွှေဟင်္သာ၊ --- ပျံပါ --- ရွှေဟင်္သာ လေးရယ် ----
ဒီအပင်အိုအပေါ် သံယောဇဉ်ကြိုး ရစ်တွယ်ငြိ မနေနဲ့။



ပျံပါသာ ပျံပါ အမြန်ပျံပါ၊ ရွှေဟင်္သာရယ်။
ပျံပါ --- ပျံပါတော့ ♫ ပျံပါ ---- ပျံပါတော့။
ပျံသာ ပျံပါ ရွှေဟင်္သာရယ်။
ပျံသာ ပျံပါ ရွှေဟင်္သာရယ် ♪ ♫

*** မှတ်ချက်။ MP3 ဖိုင်ထဲ သီချင်းစာသား နဲ့ ခွေကာဘာပုံ ထည့်ခြင်း အကြောင်း [ID3 Tag editing] ဆွေးနွေးတင်ပြခြင်း ဖြစ်ပါသည်။ မိတ်ဆွေ စိတ်မဝင်စားပါက မဖတ်ပဲ နေပါရန်... :)

ပုံများနှင့် ဆွေးနွေးပြထားခြင်း ဖြစ်ပါသည်။ ပုံများ မမြင်ရပါက Display Images below ကို နှိပ်ရပါမယ်။

၁

ကာရာအိုကေ ပေါ်လာမှ သီချင်း တွေ စာသား ကြည့်ပြီး ဆိုနေကျ ဖြစ်လာတယ်။ အလွတ်ဆိုရရင် စာသားတွေကို ဝါးချချင်ချင်...။ အပေါ်က ကိုစိုင်းထီးဆိုင်ရဲ့ သီချင်းလေး ဒေါင်းပြီး နားလည်းထောင်၊ အားရင် လိုက်ဆို ကြည့်ချင်မိတယ်။ စာသား မပါ ဗျောင်ချည့် ပေါ်နေတဲ့ Media Player ကို ကြည့်ပြီး တစ်ခုခု လိုနေသလို ခံစားရတယ်။ ဘာလိုနေလဲဆိုတော့... တချို့သီချင်းတွေမှာလို အောက်မှာ ပြနေတတ်တဲ့ သီချင်းစာသားရယ် နောက် သီချင်းခွေကာဗာ ပုံရယ်ပေါ့။ ဒါလေးတွေ MP3 ဖိုင် ထဲ ထည့်ကြည့်ကြမယ်။

ဒီနည်းလေးက ကိုယ်ပိုင်သံစဉ်လေးတွေ အွန်လိုင်းမှာ ဝေမျှလေ့ရှိတဲ့ အပေါင်းအသင်းတွေအတွက်လည်း အသုံးတည့်မယ် ထင်ပါတယ်။

ဘာဆော့ဝဲလိုမလဲ?

Windows Media Player version 9, 10, 11

ပိုက်ပိုက်မကုန်ပဲ လုပ်လို့ရတာကတော့ (လွယ်လည်း လွယ်တယ်) Windows Media Player နဲ့ပါပဲ။ Windows Media Player ဗားရှင်း ၉၊ ၁၀၊ ၁၁ နဲ့ လုပ်ရမှာပါ။ Windows XP သမားတွေ ဒီတစ်ခါ သာသွားပြီ။ Windows 7 သမားတွေ ဒီတခါ နောက်ကောက်ကျသွားရပါပြီ။ ဘာလို့လဲ... *** Windows 7 မှာ ပါတဲ့ WMP12 (Windows Media Player 12) နဲ့ လုပ်လို့ မရတော့ဘူးလေ...။

Windows 7 ပေါ်မှာ ဒါမျိုး လုပ်ချင်ရင်တော့ တခြား Third Party Software တစ်ခုခု (ဥပမာ။ WinAmp) တင်မှ ရမယ် ဆိုပါတယ်။

ဘာတွေ လိုအပ်မလဲ

၁) MP3 ဖိုင် တစ်ဖိုင်

၂) သီချင်း စာသား Text တွေ

၃) ကာဗာအဖြစ် သုံးမည့် ပုံတစ်ပုံ

ကဲ... အခု .... ကျနော်တို့ စိုင်းထီးဆိုင်ရဲ့ "ပျံသာ ပျံပါ ရွှေဟင်္သာ" သီချင်း MP3 ဖိုင်ကိုသုံးပြီး လက်တည့်စမ်းကြည့်ရအောင်ပါ...။

သီချင်း MP3 ဖိုင် အလွယ် ဆွဲချရန် လင့် ဒီမှာပါ Sai Htee Saing - pyan tar pyan par shwe hintar.mp3


စာသား Text ဖိုင် အလွယ် ဆွဲချရန် လင့် ဒီမှာပါ Lyric [Sai Htee Saing - pyan tar pyan par shwe hintar].txt


Album Art အဖြစ် စိုင်းထီးဆိုင်၏ အောက်ပါ ပုံတစ်ပုံကို ဤနေရာက ရယူ၍ သုံးထားပါတယ်။

အောက်မှာ မထည့်ရသေးတဲ့ MP3 ဖိုင်ကို WMP9 နဲ့ play ပြထားပါတယ်။
၂



STEP - A

MP3 ဆိုတော့ play ရင် အသံပဲ ကြားမှာပေါ့။ Visualization သာ Off ထားရင် ဘာမှ ပေါ်မှာ မဟုတ်ဘူး။

ကဲ... စာသားထည့်ပါမယ်။ ပထမဦးဆုံး သီချင်းစာသားText ဖိုင်ထဲက စာသားတွေ မောက်စ် ကော်ပီ ကူးထားလိုက်ပါတယ်။

ပြီးရင်။ အထည့်ခံ MP3 ဖိုင်ကို Windows Media Player နဲ့ ဖွင့် (play) လိုက်ပါတယ်။

အောက်က ပုံကို ကြည့်ပါ...။

၁) Media library ကို ရွေးပါတယ်။

၂) Now Playing ကို ရွေးပါတယ်။ ညာဘက်က စာရင်းမှာ လက်ရှိ play နေတဲ့ သီချင်း ပေါ်လာပါတယ်။

၃) ထို သီချင်းကို right click ခေါက်ပါတယ်။

၎) ကျလာတဲ့ Dropdown Menu မှာ "Advanced Tag Editor" ကို ရွေးပါတယ်။


၃

STEP - B

"Advanced Tag Editor" Box ပေါ်လာပါမယ်။ အောက်က ပုံကို ရှုပါ။

၁) Lyrics ကို ရွေးပြီး Add ကို နှိပ်ပါ။ Lyric အကွက်တစ်ခု ပေါ်လာပါမယ်။

၂) မောက်စ်ထဲ ကူးထားတဲ့ သီချင်းစာသားတွေ Text Box ထဲ ပိတ် (paste) လိုက်ပါ။

၃) "Apply" ကို နှိပ်ပြီး လုပ်သမျှ အတည် ပြုပေးလိုက်ပါ။

*** Language ရွေးတာတို့ ကာရာအိုကေလို သီချင်းဆိုတာလိုက်ပြီး လိုက်ပြောင်းပေးနေတဲ့ စာသာ (Synced Lyric) တို့လည်း ဤစာမျက်နှာမှာ လုပ်၍ ရပါတယ်။ အဂျွမ်းကြီး ဖြစ်သွားရင်ပေါ့...။

၎



အကယ်၍ "Apply" နှိပ်မည့်အစား "OK" နှိပ်ပြီး ထွက်မိရင် အတည်ပြုထားတဲ့ သီချင်း စာသားတွေ ချက်ချင်း မြင်ရပါမယ်။

အောက်ပုံမှာ ရှုပါ။ စာသားတွေ မမြင်ရရင် WMP ရဲ့ Play Menu က Captions and Subtitles ကို "On if available" ဟု ရွေးပေးပါ။

(Shortcut key က Ctrl+Shift+C ဖြစ်ပါတယ်။) ဇော်ဂျီဖောင့်နဲ့ ရိုက်ထားတာတွေ player မှာ မပေါ်ရင်တော့ မိတ်ဆွေရဲ့ဇော်ဂျီကို update အဖြစ်ဆုံး ဗားရှင်းကို ပြောင်းတင်ပါ။

၅



STEP - C
"Advanced Tag Editor" Box မှာ Pictures ကို ရွေးပါ။ ("Advanced Tag Editor" Box ပျောက်သွားရင် Step -A ကို ပြန်ုလုပ်ပါ)

၁) Add ကို နှိပ်ပါ။ (ပုံ ထည့်ရအောင်) ပုံရွေးခိုင်းပါလိမ့်မယ်။ တစ်ပုံရွေးပေးလိုက်ပါ။
*** ပုံ ကို တစ်ပုံမက ထည့်လို့ ရပါတယ်။ (သီချင်းစာသားလည်း အလားတူပါပဲ)
၂) ကျေနပ်ပြီဆိုရင် "OK" နှိပ်ပြီး ထွက်လိုက်ပါ။

၆



Windows Media Player ကို ပိတ်ပြီး ပြန်ဖွင့်ကြည့်ပါ။ အထည့်ခံ MP3 ဖိုင်ကို ပြန် Play လိုက်ရင် ခုနက ထည့်ထားတဲ့ သီချင်းစာသားနဲ့ Album Art တွေ တက်လာတာ မြင်ရပါပြီ။

အောက်က ပုံကို ရှုပါ။ ပုံကို မမြင်ရသေးရင် Player ကို Right Click ခေါက်ပြီး Visualization မှာ Album Art ကို ရွေးပေးရပါမယ်။

၇



ပြီးပါပြီ။

မှားတာရှိရင် တောင်းပန်ပါတယ်။ အဲ... ပြင်ဆင်ပေးပါ ပြောတာပါ။
လိုအပ်တာ တွေ့ရင် ဆက်ဆွေးနွေးကြတာပေါ့။ :)

စာသားနဲ့ပုံထည့်ပြီးသား သီချင်းဖိုင်ကို ဒီနေရာမှာ
သိမ်းထားပါတယ်။ လေ့လာကြည့်ဘို့ပါ။ ကွန်မကောင်းတဲ့ ကြားက တင်နေဆဲပါ.. :)

ဒီပို့စ်ကို ဧးသိမ်းရဲ့ လေထန်ကုန်း
မှာ တင်မှာပါ။ နောက် လက်လှမ်းမှီရာ မိတ်ဆွေများရဲ့ Google Groups များကို ဝေငှဖြစ်မှာပါ..။

Credits:
ပျံသာ ပျံပါ ရွှေဟင်္သာ သီချင်း MP3 ဖိုင်ကို music.all-channel.com
မှ တဆင့် ရယူထားပါတယ်။
ပျံသာ ပျံပါ ရွှေဟင်္သာ Lyric သီချင်း စာသားကို www.google.com/search
မှ တဆင့် ရယူထားပါတယ်။
Album Art အဖြစ်သုံးရန် အဆိုတော် စိုင်းထီးဆိုင်ပုံတစ်ပုံကို ဤနေရာက
ရယူ၍ သုံးထားပါတယ်။


uıǝɥʇǝʎɐ
Sync your files online and across computers with @Dropbox. 2GB account is free! http://db.tt/ueUS3oq


လမ်းကြုံရင် ဧးသိမ်းရဲ့ လေထန်ကုန်းကိုလည်း လာလည်လှည့်ပါ။ :)

Wednesday, August 31, 2011


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...