Monday, September 23, 2013

Genocide


လူမျိုးတုန်း သတ်ဖြတ်မှုဆိုတာ ဓားနဲ့ခုတ်၊ တုတ်နဲ့ရိုက်၊ သေနတ်နဲ့ပစ်၊ ဗုံးနဲ့ခွဲမှ Genocide လို့သတ်မှတ်မှာလား။ ဟောဒီမှာ ဒါဟာခင်ဗျားတို့ ကျုပ်တို့ကို မသိမသာ Genocide လုပ်နေတယ်ဆိုတာလေး သိသာအောင် မြင်ကြည့်ကြရအောင်။

လူမျိုးတုန်းသတ်ဖြတ်နေတာ၊ ကျုပ်တို့ရဲ့ အနာဂါတ်တွေကို ချေမွနေတာ။ တမြေ့မြေ့နဲ့ လှိုက်စားနေတာ။ ဒါကို မတားဆီး၊ မပိတ်ပင်နိုင်ရင်တော့ မြန်မာပြည်အနှံ့ ကင်ဆာဖေါင်ဒေးရှင်းတွေနဲ့ မီးသဂြိ င်္ုလ်စက်တွေသာ တိုးချဲ့ထားကြပေရော့ဗျို ..... အခုဆိုရင် မြန်မာနိုင်ငံဟာ ကမ္တာမှာ ကင်ဆာ အဖြစ် အများဆုံး ဒုတိယ လိုက်တဲ့နိုင်ငံ ........ ....

၁၇-၈-၂၀၁၃ နေ့မှာ တောင်တွင်းကြီးမြို့ အ.လ.က (၁) မှာ ကျောင်းကျန်းမာရေး စစ်ဆေးစဉ်က ကျောင်းဈေးဆိုင်မှာ ရောင်းချနေတဲ့ မုန့်တွေကို စစ်ဆေးတဲ့အခါ မှာ ရောင်းချနေတဲ့ မုန့်အများစုဟာ ကလေးများအတွက် အာဟာရ မဖြစ်တဲ့အပြင် အန္တရာယ် ကြီးမားတဲ့ မုန့်တွေပါ တွေ့ရှိရပါတယ် ။

ပုံပါအတိုင်း အချိုရည်ဘူးက ပြည်တွင်းဖြစ်ပါ။ ရေသန့်မဟုတ်တဲ့ ရိုးရိုးရေထဲမှာ ဆိုးဆေးရော၊ သကြားဆီနဲ့ အနံ့ ထည့်ပြီး packing ပိတ်ထားတာပါ ။ ဆိုးဆေးထည့်တာ လက်ဆများသွားပုံ ရပါတယ် ။ ရေတွေက ပြစ်နှစ်နေပြီး အမှုန်တွေတောင် တွေ့ရပါ တယ် ။ မုန့်ထုပ်တွေကတော့ သက်တမ်းလွန်နေတာ တစ်နှစ်နဲ့ နှစ်လ ရှိနေပြီ ဖြစ်တဲ့ တရုတ်မုန့် တွေပါ ။ဒီလို သက်တမ်းလွန်မုန့်တွေနဲ့ ဆိုးဆေးရည်တွေကို ပိုက်ဆံပေးပြီး မုန့်လုပ်စားနေကြရတဲ့ ကျွန်တော် တို့ရဲ့ ကလေးတွေရဲ့ အဖြစ်ဟာ မတွေးရဲစရာပါ ။

ဈေးပေါပေါနဲ့ ဝင်လာတဲ့ တရုတ်မုန့်တွေ ၊ ဆိုးဆေးအပြည့်နဲ့ အချိုရည်ဘူးတွေ၊ ဂျယ်လီဘူးတွေ၊ ရေခဲချောင်းတွေ ၊ စားအုန်းဆီခဲတွေနဲ့ ကြော်ထားတဲ့ အကြော်တွေ ၊ ဆိုးဆေးတွေနဲ့ အကင်တွေ ၊ ဆိုးဆေးတွေ ဆိုးထားတဲ့ သရက်ကင်တွေ၊ သကြားဆီတွေနဲ့ ဘာတွေရောစပ် ထားမှန်းတောင်မသိနိုင်တဲ့ တရုတ်သကြားလုံးတွေ၊ အစရှိတဲ့ မုန့်တွေပဲ နေ့စဉ်နဲ့ အမျှ မြိန်ရည် ရှက် ရည် စားနေကြရရှာတဲ့ ကျွန်တော်တို့ ကလေး များ ကို ဘယ် လို ကယ် ဆယ် နိုင် ကြမ လဲ??

ဒီမုန့်တွေကို ရောင်းချ နေတာ ကျွန်တော် စစ်ဆေးခဲ့တဲ့ ကျောင်းတကျောင်းထဲမှာပဲ ရောင်းနေတာ မ ဟုတ်ပါဘူး ။ မြန်မာနိုင်ငံ တနံတလျား တောရော မြို့ပါ ကျောင်းတိုင်းကျောင်းတိုင်းမှာ ရောင်းချနေတာပါ ။ဒါဆိုရင် ကျွန်တော်တို့ မျိုးဆက်ကလေးတွေ အားလုံးမှာ အန္တရာယ် ကြီးကြီးမားမား ကျရောက်နေပြီ ဆိုတာဟာ ငြင်းလို့ မရလောက်အောင်ကို သိသာထင်ရှား နေပြီ ဖြစ်ပါတယ် ။

အခုဆိုရင် မြန်မာနိုင်ငံဟာ ကမ္တာမှာ ကင်ဆာ အဖြစ် အများဆုံး ဒုတိယ လိုက်တဲ့နိုင်ငံ ဖြစ်နေပါပြီ။

ဒီနှုန်းအတိုင်း ဆိုရင် ကျွန်တော်တို့ ကလေးတွေ အားလုံး အသက် ၂၀ နဲ့ ၃၀ ကြားမှာ အသည်း ကင်ဆာလို ရောဂါတွေနဲ့ သေဆုံးကြရဖို့ သေချာနေပါပြီ။

ဒီကလေးတွေသာ မ်ျုးဆက်ပြတ်ကြရင် ကျွန်တော်တို့နိုင်ငံမှာ ဘယ်လောက်တော်တဲ့ ခေါင်းဆောင် အုပ် ချုပ် အုပ် ချုပ် ။ ဘယ်လောက်ကောင်းတဲ့ စနစ်နဲ့ချီတက် ချီတက် တိုးတက်ကြပါ့မလား????

ဒါကိုမှ လူမျိုးတုန်းသတ်ဖြတ်မှုလို့ မပြောရင် ဘာကို ပြောမှာလဲ??????

Credit to - U Kyaw Swe & ဟာဂျူလီ(ကသာ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...