Tuesday, September 3, 2013

ဖြစ်ရပ်မှန် သဲထိပ်ရင်ဖို ရုပ်ရှင် The Conjuring

ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ရုပ်ရှင်ဖြစ်ကြောင်း ရေးသား ဖော်ပြချက် များကြောင့် လက်တလော လူကြိုက်များနေတဲ့ ထိတ်လန့်သဲဖို ရုပ်ရှင် ဇာတ်ကားကြီးတစ်ကား ဖြစ်ပါတယ်။

လူဦးရေ ထောင်ဂဏန်းသာ ရှိတဲ့ အမေရိကန်ပြည်ထောင်စုက Rhode Island မှာ တကယ်ဖြစ်သွားခဲ့တဲ့ ဖြစ်ရပ်မှန် ဖြစ်ကြောင်း ဆိုပါတယ်။ ၁၉၇၁ ခုနှစ်တုန်းကပါ မိသားစုလိုက် ယင်းကျွန်းပေါ်ရှိ Harrisville ထဲက အိမ်တစ်အိမ်မှာ သွားနေပါတယ်။ သမီးငါးဦးနဲ့ အတူနေတဲ့ လင်မယား Warren တို့ဖြစ်ပြီး ယခုလို ဖြစ်ရပ်နဲ့ ကြုံတွေ့မယ်လို့ ထင်မထားကြပါဘူး။

တစ်ချိန်က ယင်းအိမ်ကို အောက်လမ်းအတတ်လိုက်စားတဲ့ စုန်းမ တစ်ဦး ပိုင်ဆိုင်ပါတယ်။ ဧက ၂၀၀ ကျယ်တဲ့ သူ့ခြံ နဲ့ အိမ်ကို သူများသိမ်းမှာစိုးလို့ သမီးအရင်းကိုလည်း သက်သေ၊ သူ့ကိုသူလည်း သက်သေလို့ ရစ်ပူဇော်ခဲ့ ပါတယ်။ ဒါကြောင့်ပဲ ယင်းအိမ်မှာ သေမှုသေခင်းတို့ ဆက်တိုက်ဖြစ်ပေါ်ပြီး လူမနေတာ အင်မတန် ကြာပြီ ဖြစ်တဲ့ အိမ်ဖြစ်ပါတယ်။

အိပ်မက်ဆိုးတွေလည်း မက်ပြီး မြေအောက်ထပ် အခန်းတစ်ခုမှ အသံတွေကြားနေရပါတယ်။ မြေအောက်ထပ် ရယ်လို့မှ မဟုတ်ပဲ အခြားအခန်းတွေတိုင်းကနေ လက်ခုပ်သီးသံ၊ ခေါ်သံ၊ ဆူညံသံ တစ်ချက်ချက်ကြားရပါတယ်။ နောက်ဆုံးတော့ အသံနဲ့တင်မဟုတ်တော့ပဲ အိမ်က ကလေးငယ်တွေကို သတ်ဖြတ်ဖို့ ကြိုးစားလုပ်ဆောင်တဲ့ အထိ ဖြစ်ခဲ့ ပါတယ်။ နောက်တော့ ကျိန်စာမိနေတဲ့ အမျိုးသမီးကြီးနဲ့ သူ့သမီး၊ doll ဘိုမရုပ်တို့ကို တွေ့ရှိခဲ့ပြီး ခြောက်ခြားဖွယ် အိမ်မှာ ရက်အတော်ကြာ အနှိပ်စက် ခံခဲ့ရပါတယ်။

ယင်းဖြစ်ရပ်ကို ဒေသခံတို့အား ပြန်ဖွင့်ပြောပြီး ဖြစ်ရပ်မှန် သာမန်ထက်ထူး ကဲသော အခြေအနေတစ်ခုအဖြစ် လက်ခံသွားကြ ပါတယ်။ ထိုဖြစ်ရပ်ကို အခြေခံလို့ ဖြစ်ရပ်မှန် သဲထိတ်ရင်ဖို စာအုပ်ထွက်ပြီး အောင်မြင် ပါတယ်။ ပြီးတော့ ရုပ်ရှင်ရိုက်တော့လည်း အောင်မြင်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့မှ စလို့ ရုံတင်နေပြီး Box Office မှာ ဝင်ငွေကောင်းလျက်ရှိတဲ့ Horror film ဖြစ်ကြောင်း သိရပါတယ်။

ရုပ်ရှင် အမြည်းကြည့်ရှုရန် -
http://youtu.be/k10ETZ41q5o


Aung Kham (International news for myanmar)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...