သစ်ထူးလွင် သတင်းစုစည်းမှု (၁၈-၉)
သစ်ထူးလွင် |
|
- တိုက်စားခံအိုးအိမ်များ
- ဒေါ်အောင်ဆန်းစုကြည် ပြန်လာပြီ (ဓါတ်ပုံ)
- စက်တင်ဘာလ(၂၁)ရက်နေ့ ထုတ် Net Guide Journal Vol 3 No 2
- စက်တင်ဘာလ(၂၀)ရက်နေ့ ထုတ် Hot News Weekly Vol 4 No 158
- အတ္တရံမြစ်ကူးတံတားတစ်စင်း တည်ဆောက်မည်
- မိုးကျရွှေကိုယ်တွေ နေရာရဆဲ
- ကချင်ပြည်နယ်ရှိ ကျောက်စိမ်းလုပ်ကွက်အချို့ ကျောက်ထွက်ရှိမှုနည်းလာ
- မင်းပြား တရားသူကြီးက တရားစွဲခံရ တောင်သူ ၁၆ ဦးအား စစ်တပ်ကို အသနားခံရန် ဖိအားပေး
- မြန်မာတွင် အတွင်းတိမ်မျက်စိရောဂါ အဖြစ်များနေ
- ဓားစာခံ ၁၀၇ ယောက်ကို ဖိလစ်ပိုင်စစ်တပ် ကယ်တင်
- သတိ ! ဆေးကြောင့် ဘေးမဖြစ်ဖို့ လိုသည်
- ပညာရေးဝန်ကြီး ရာထူးအပြောင်းအလဲ သတင်းထွက်ပေါ်
- အမရပူရ ၌ လူငါးရာတွင် ဆင်ခြေထောက်ပိုးရှိသူ အယောက် ၄ဝ ကျော် တွေ့
- ကုမ္ပဏီများက သိမ်းထားသည့် မြေဧက ၃ သန်းနီးပါး ဘာမှမသုံးပဲ ရှိနေ
- ရဲကိုင်သေနတ် အလိုအလျောက် ကျည်ထွက်သဖြင့် အမျိုးသမီးတစ်ဦး ထိမှန်
- ဆေးလိပ်တစ်လိပ်ချင်း ရောင်းလျှင် ရန်ကုန်တွင်ဖမ်းမည်
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာ ရှင်းလင်းပွဲ
- ရန်ကုန်မြို့တော် ကလေးသူငယ် အဓမ္မပြုကျင့်ခံရမှု ရှစ်လအတွင်း ၆၀ကျော်
- ဆယ်တန်း ဆက်မတက်နိုင်၍ ဒဏ်ငွေ ခြောက်သိန်း
- ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပထမဆုံး အကြိမ် အစည်းအဝေးခေါ်ပြီ
- တောင်သမန်အင်းရေပြည့်နေပြီး ဦးပိန်တံတားကြမ်းပြင်နှင့် ထိလုနီးပါးဖြစ်နေ
- နိုင်ငံတော်ပုန်ကန်မှုနဲ့ အကျဉ်းကျသူတွေ ဒီလ လွတ်ပေးနိုင်လို့ဆို
-
မြန်မာ-ထိုင်းနယ်စပ်မျဉ်းတိုင်း
တာရေးလုပ်ငန်းကို ပူးတွဲဆောင်ရွက်မည် - ဘင်္ဂလာဒေခ်ျ့တွင် ဂျာမတ် ပါတီ ခေါင်းဆောင် တစ်ဦး သေဒဏ်ချမှတ် ခံရပြီးနောက် အကြမ်းဖက် ဆူပူမူ ဖြစ်ပွား
- ဒီပဲယင်း လုပ်ကြံမှု ပြောစရာ အကြောင်းမရှိဟု ဦးခင်ညွန့်ဆို
Posted: 18 Sep 2013 06:56 AM PDT
ညဥ့်သန်းခေါင်ယံအချိန်၊ တစ်ရွာလုံး တိတ်ဆိတ် နေသော်လည်း ရွာတွင်အိပ်ပျော် နိုင်သူမရှိ။ ဧရာဝတီမြစ်ရေ၏ ကမ်းပါးများကို တိုက်စားနေသည့်အသံက ဦးလှအေးတို့ မိသားစု မြေနေရာကို ၀ါးမျိုတိုက်စားရန် ခြိမ်းခြောက်နေသည်။ “၀ုန်း”ခနဲအသံကြီးက ညဥ့်သန်းခေါင်ယံတွင် ကျယ်လောင်စွာ မြည်ဟီးသွားသည်။ ရွာသူရွာသားများ လက်နှိပ်ဓာတ်မီး ကိုယ်စီဖြင့် ထလာကြပြီး ၁၂ တောင်ကျော်ခန့် ကမ်းပါးပြိုသွားသော နေရာများကို ဓာတ်မီးများဖြင့် ထိုးကြည့်ကြရင်း ထိတ်လန့်စွာ တစ်ယောက်တစ်ပေါက် စကားပြောသံများက ဆူညံသွားသည်။ --- ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 18 Sep 2013 06:33 AM PDT
အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဥရောပ ခရီးစဉ်ကနေ စက်တင်ဘာ
၁၈ ရက်နေ့ ညနေမှာ ရန်ကုန်လေဆိပ်ကို ပြန်လည် ရောက်ရှိလာပုံ မြင်ကွင်း။
ဓါတ်ပုံ - DVB TV News
|
||
Posted: 18 Sep 2013 06:21 AM PDT
|
||
Posted: 18 Sep 2013 06:15 AM PDT
|
||
Posted: 18 Sep 2013 03:48 AM PDT
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ဆက်သွယ်ထားသည့် မုဒုံ-မြဝတီလမ်းမပေါ် ကရင်ပြည်နယ် ကြာအင်းဆိပ် ကြီးမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာတွင် အတ္တရံမြစ်ကူးတံတားတစ်စင်း (ချောင်းနှစ်ခွတံတား) တည်ဆောက်ရန် ရှိသည်ဟု သိရသည်။ ချောင်းနှစ်ခွတံထားကို မွန်ပြည်နယ် မုဒုံမြို့မှ ကရင်ပြည်နယ်နယ်စပ် မဲသရောအထိ အရှည် ၃၂ မိုင်၊ ၅ ဖါလုံခန့် ရှိရာ လမ်းပိုင်း၏ မိုင် ၂၀ ခန့်အကွာ ဝင်းယော်မြစ်နှင့် ဇမိမြစ်ဆုံရာ(အတ္တရံမြစ်) ချောင်းနှစ်ခွကျေးရွာတွင် တည် ဆောက်သွားမည်ဖြစ်ပြီး အစိုးရခွင့်ပြုချက်ဖြင့် ၂၀၁၃-၂၀၁၄ ခုနှစ်တွင် စတင်အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု မွန်ပြည်နယ် ဆောက်လုပ်ရေးဌာမှ သိရသည်။ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 18 Sep 2013 03:40 AM PDT
မြန်မာနိုင်ငံတွင် နောက်ဆုံး တည်ထောင်ခဲ့သည့် မြို့တော်သစ် နေပြည်တော်ရှိ အခမ်းနားဆုံး ခေတ်သစ် မြန်မာ့ အဆောက်အအုံများအနက် တစ်ခုဖြစ်သော ပြည်ထောင်စု လွှတ်တော်တွင် ၂၀၁၁ မတ်လ ၃၀ ရက်က သမ္မတသစ်ဦးသိန်းစိန် ပထမဆုံး မိန့်ခွန်း ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ၂ နှစ်ကျော် ကာလဖြစ်သော ထိုရက်ကပြောကြားခဲ့သည့် အဆိုပါ မိန့်ခွန်းအပြီး မြန်မာနိုင်ငံတွင် ရာစုနှစ်ထက်ဝက် ကျော်ကြာ လွှမ်းမိုးထားသော စစ်အုပ်ချုပ်ရေး အမှန်တကယ် အဆုံး သတ်သွားလေပြီ လားဆိုသည့် မေးခွန်းသည် ပြည်တွင်း ပြည်ပရှိ စောင့်ကြည့် သူများအကြား အငြင်းပွားဖွယ်ရာ ပုစ္ဆာတစ်ခု ဖြစ်ခဲ့သည်။ --- ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 18 Sep 2013 03:28 AM PDT
ကချင်ပြည်နယ်ရှိ
ကျောက်စိမ်း လုပ်ကွက် အချို့တွင် ယခင်ကထက် ကျောက်စိမ်း ထွက်ရှိမှု နည်းပါး
လာကြောင်း ကျောက်စိမ်း လုပ်ငန်း ရှင်များ ထံမှ သိရသည်။ “တိုက်ပွဲ ကာလမှာ
နားထား ပေမယ့် တရားမ၀င် တူးဖော် နေတာတွေ အများကြီးပဲ”ဟု မြစ်ကြီးနားမှ
ကျောက်စိမ်း ကျောက်မျက်လုပ်ငန်းရှင် ဦးကျော်ကျော်စိုး ကပြောသည်။ မြန်မာ့
တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်တို့ကြား တစ်နှစ်ကျော်
ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 18 Sep 2013 03:06 AM PDT
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဗလိပေါက် (ပုလဲပေါက်) ကျေးရွာမှ လယ်သမား ၁၆ ဦးအား စစ်တပ်က စွဲဆိုထားသော အမူကို တနှစ်ကျော်ကြာလာသည့်တိုင်အောင် စီရင်ချက် မချနိုင်ဘဲ ဖြစ်နေသဖြင့် အမူကို အဆုံးသတ်ရန် မင်းပြားမြို့နယ် တရားသူကြီးက တောင်သူများအား စစ်တပ်ကို သွားရောက် အသနားခံရန် ဖိအားပေးနေသည်ဟု သတင်း ရရှိသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 18 Sep 2013 02:33 AM PDT
အ တွင်းတိမ်ရောဂါသည် မျက်စိရော ဂါများတွင် အဖြစ်များဆုံးရောဂါ တစ်ခုဖြစ်နေပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနြေ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 18 Sep 2013 01:44 AM PDT
ဖိလစ်ပိုင်နိုင်ငံမှာ မိုရိုအမျိုးသားလွတ်မြောက်ရေး သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 18 Sep 2013 01:38 AM PDT
တီဘီဆေးများသောက်နေရာမှ အပူငြိမ်းစေရန်ရည်ရွယ်၍ ဗမာဆေးကို တွဲသောက်ချိန်တွင် ကိုအောင်သူ အ တွက် ထင်မှတ်မထားသည့် ပြဿနာ တစ်ခု ဖြစ်ေ ပ်ါလာခဲ့ သည်။ တစ်လနီးပါး နေမကောင်းဖြစ်နေသောကြောင့် လို အပ်သည့်ကျန်းမာရေးစစ်ဆေးမူများ ပြု လုပ်ပြီးချိန်တွင် ဆရာဝန်က တီဘီဆေး များ စတင်ေ သာက်စေခဲ့သည်။ သို့သော် တီဘီဆေးဒဏ်ကို ကိုအောင်သူမခံနိုင်၊ ခန္ဓာကိုယ်တွင်း အမြဲတမ်းပူနေသော ကြောင့် အပူငြိမ်းစေသည့် တိုင်းရင်း ဆေး ကို သောက် သုံးမိသောအခါ သူ့ ခန္ဓာကိုယ်တွင် ပြောင်းလဲမူတစ်ခုကို သူ စတင်သတိထားမိခဲ့သည်။ --- ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 18 Sep 2013 01:45 AM PDT
ပညာရေး
ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြအေးသည် ကျန်းမာရေး
ကုသစောင့်ရှောက်မှု ခံယူနေရပြီး ရာထူးနေရာ အပြောင်းအလဲ ဖြစ်ပေါ်မည့်
သတင်းများ ပညာရေး အသိုင်းအ၀ိုင်းတွင် ထွက်ပေါ်နေသည်။ ၀န်ကြီး
ဒေါက်တာမြအေးသည် နေပြည်တော်ရှိ ခုတင် ၁၀၀၀ ဆေးရုံတွင် အတွင်း လူနာအဖြစ်
ကုသမှုခံယူနေရပြီး ထိုင်းနိုင်ငံတွင် သွားရောက် ဆေးကုသ ခံယူဖွယ်ရှိကြောင်း
ပညာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးရုံးက အတည်ပြု ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 18 Sep 2013 01:12 AM PDT
မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ်တွင် လူ ၅ဝဝ အားစစ်ဆေးရာ တွင် ဆင်ခြေထောက်ပိုးရှိသူ ၄၄ ဦး တွေ့ရှိခဲ့ကြောင်း တိုင်းဒေသကြီး ငှက် ဖျားဆရာဝန်ကြီး ရုံးမှ သိရသည်။ မန္တလေးခရိုင် မဟာအောင်မြေမြို့ နယ်တွင် လူ ၅၃၈ ဦးအား သွေးဖောက် စစ်ဆေးရာ ဆင်ခြေထောက်ပိုးရှိသူ ၂ ဦး၊ ပုသိမ်ကြီးမြို့နယ်တွင် ၅၂ဝဦးအား စစ်ဆေးရာ ၂ဝ ဦး၊ ချမ်းမြသာစည်မြို့ နယ်တွင် ၆၁ဝ ဦးအား စစ်ဆေးခဲ့ရာ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 18 Sep 2013 01:07 AM PDT
အရင်က လူကြီးတွေရဲ့ သားသမီးတွေ၊ အခုလက်ရှိ လူကြီးတွေရဲ့ သားသမီးတွေအပါအ၀င် ကုမ္ပဏီပေါင်း ၆ ထောင်ကျော်ဟာ မြေလွတ်မြေရိုင်း ဧက ၄ သန်းနီးပါး သိမ်းယူထားပြီး ၂၅ ရာခိုင်နှုန်းလောက်ရှိတဲ့ ဧက ၁ သန်းနီးပါးလောက်ကိုပဲ အသုံးပြုပြီး ကျန် မြေဧက ၃ သန်းနီးပါးကို ဘာမှမလုပ်ပဲ ဒီအတိုင်းထားထားတယ်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ စက်တင်ဘာ ၁၇ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ လယ်ယာမြေနဲ့ မြေလွတ်မြေရိုင်း အသုံးပြုခြင်းကိစ္စ အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ အဲဒီ မြေဧက ၃ သန်းနီးပါး (၂ သန်း ၉ သိန်း) နဲ့ ပတ်သက်ပြီး မြေသိမ်းထားသူတွေကို ခေါ်တွေ့မယ်၊ နောက် မလုပ်နိုင်ရင် ပြန်အပ်ခိုင်းမယ်လို့ ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ by ဒီဗွီဘီ |
||
Posted: 18 Sep 2013 12:59 AM PDT
ဒု-ရဲအုပ်တစ်ဦး ကိုင်ဆောင်သည့် ခြောက်လုံးပြူးသေနတ်မှ အလိုအလျောက် ကျည်ထွက်ခဲ့သဖြင့် အမျိုးသမီး ထိမှန်ခံရမှုတစ်ခု ကျိုက်ထိုမြို့နယ်တွင် စက်တင်ဘာ ၁၆ရက် ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်မှာ မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်တွ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 18 Sep 2013 12:48 AM PDT
၂၀၀၆ ခုနှစ်က စတင်ကာ ဥပဒေ ပြဋ္ဌာန်းထားသော်လည်း အမှန်တကယ် လိုက်နာဆောင်ရွက်မှု လုံးဝနီးပါး မရှိသေးသည့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေ အသက်ဝင် စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဈေးဆိုင်များတွင် ဆေးလိပ် တစ်လိပ်ချင်း ရောင်းချပါက ဖမ်းဆီး အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 18 Sep 2013 12:42 AM PDT
ဒေါ်အောင်ဆန်းစုကြည် ရဲ့ Prague ခရီးစဉ် အဆုံးသတ် အဖြစ် သတင်းစာ ရှင်းလင်းပွဲ ကျင်းပရာမှာ မြန်မာနိုင်ငံ မှာ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်း ပေါ် ရောက်ဖို့ အတွက် တိုင်းရင်းသား ခေါင်းဆောင် တခိျု့ တင်ပြနေတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ် ပြန်ရေးဆွဲရေး ကို သူ မပစ်ပယ် တဲ့ အကြောင်း ပြောသွားပါတယ်။ ထင်ရှားတဲ့ တိုင်းရင်းသား ခေါင်းဆောင် တခိျု့ ကနေ အခုလက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ က ပြင်ဆင်ရ မလွယ်အောင် လုပ်ထားတဲ့ အကြောင်း၊ ဒီမိုကရေစီ နည်းကျအောင် ဖယ်ဒရယ် ပြည်ထောင်စု စစ်စစ် ပုံစံ ဖြစ်အောင် ပြင်မယ် ဆိုရင်လည်း၊ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 18 Sep 2013 12:34 AM PDT
ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ အတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ်များ အဓမ္မပြုကျင့်ခံရမှုပေါင်း ၆၀ကျော် ရှိကြောင်း စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 18 Sep 2013 12:01 AM PDT
ရှမ်းပြည်တောင်ပိုင်း
ဟိုပုံးမြို့နယ် (ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ) ၊ စငေါကျေးရွာ
အထက်တန်းကျောင်းခွဲမှ မည်သည့် ကျောင်းသားမဆို ဆက်လက်ပညာ သင်ကြားလိုခြင်း
မရှိလျှင် ဒဏ်ငွေ (၆၀၀၀၀၀) ခြောက်သိန်းကျပ်တိတိ ပေးဆောင် ပြီးမှ
ကျောင်းထွက်ခွင့် ရကြောင်းကို အ-ထ-က (ခွဲ) စငေါ
ကျောင်းအကျိုးတော်ဆောင်အဖွဲ့ က အတည်ပြု ပြောကြားပါတယ်။
၁၆.၉.၂၀၁၃ ရက်နေ့ သစ်ထူးလွင်ဝက်ဆိုက်ပါ “ဆယ်တန်း ဆက်မတက်နိုင်၍ ဒဏ်ငွေ ခြောက်သိန်း မပေးဆောင်နိုင်သော မိသားစုအား PNA (အသွင်ပြောင်း ပြည်သူ့စစ်) မှ ခြိမ်းခြောက်ရိုက်နှက်၍ ငွေတောင်း” သတင်းမှာ မဟုတ်မမှန် တိုင်ကြားခြင်းသာ ဖြစ်ကြောင်း ကျောင်းအကျိုးတော် ဆောင်အဖွဲ့မှ ရှင်းလင်း ထားပါတယ်။ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ ၏ ရှင်းလင်းချက်မှာ စိတ်ဝင်စားစရာ အချက်တွေ အများကြီး ပါလာပါတယ်။ အဲဒီဒေသမှာ အစိုးရရဲ့ အုပ်ချုပ်ရေး အာဏာ မသက်ရောက်ပုံနဲ့  ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပညာရေး စနစ်က အစိုးရ ပညာရေး ၀န်ကြီး ဌာန ရဲ့ လက်အောက်မှာ မရှိပုံကို ကျောင်းအကျိုးတော် ဆောင်အဖွဲ့မှ ရှင်းလင်းချက်က ပြဆိုနေပါတယ်။ နောက်တခု ထူးခြားချက်ကတော့ ဒေသတွင်းမှာ ဘိန်းစိုက်ပျိုးမှု တွင်တွင်ကျယ်ကျယ် ရှိနေတာပါပဲ ။ ဘိန်းစိုက်ပျိုးမှုကို မည်သူက စိုက်ခွင့်ပြုထားတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေက ရော ဘယ်လို ပတ်သတ်နေသလဲ စသဖြင့် စိတ်ဝင်စားစရာတွေ အများကြီး ရှိနေတဲ့ ကျောင်းအကျိုးတော် ဆောင်အဖွဲ့မှ ရှင်းလင်းထားချက်ကို မူရင်းအတိုင်း တင်ပြပေးလိုက်ပါတယ်။ ၁၆.၉.၂၀၁၃ ရက်နေ့ သစ်ထူးလွင်ဝက်ဆိုက်ပါ “ဆယ်တန်း ဆက်မတက်နိုင်၍ ဒဏ်ငွေ ခြောက်သိန်း မပေးဆောင်နိုင်သော မိသားစုအား PNA (အသွင်ပြောင်း ပြည်သူ့စစ်) မှ ခြိမ်းခြောက်ရိုက်နှက်၍ ငွေတောင်း” သတင်းမှာ မဟုတ်မမှန် တိုင်ကြားခြင်းသာ ဖြစ်ကြောင်း ကျောင်းအကျိုးတော် ဆောင်အဖွဲ့မှ ရှင်းလင်း စငေါကျေးရွာ အခြေခံမူလတန်းကျောင်းကို ၁၉၆၁ ခုနှစ်မှ စတင်ဖွင့်လှစ်လာပြီး တွဲဖက် အခြေခံပညာ အလယ်တန်းကျောင်းကို ၁၉၇၅ ခုနှစ်တွင် စတင်ဖွင့်လှစ် ခဲ့ပါသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် အခြေအနေအရ ကလေးများ၏ ပညာရေး အဆက်မပြတ် ဆက်လက်သင်ကြားနိုင်ရန် အတွက် ပန်လျန်းဆရာတော်မှ ပန်လျမ်းကျေးရွာတွင် တွဲဖက် အခြေခံပညာ အလယ်တန်းကျောင်းကို ဖွင့်လှစ် သင်ကြားစေခဲ့ပါသည်။ ၁၉၉၃ ခုနှစ်တွင် စငေါကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာတို့်မှ မူလတန်းအဆင့်ပညာ သင်ယူပြီးမြောက်ပြီးသော ကလေးများအားလုံးကို အလယ်တန်းအဆင့် ပညာ ဆက်လက်သင်ကြားနိုင်စေရန် အတွက် ပန်လျန်းဆရာတော်နှင့် ကျောင်း အကျိုးတော်ဆောင် အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ စငေါကျေးရွာ တွဲဖက် အခြေခံပညာ အလယ်တန်းကျောင်းကို ၁၉၉၃ ခုနှစ်တွင် ဆက်လက် ဖွင့်လှစ် ခဲ့ပါသည်။ ထိုသို့ တွဲဖက် အခြေခံပညာ အလယ်တန်းအဆင့်သင် ကလေးများ၏ ပညာရေးကို ရှေးရှု၍ အများစု မိဘများသည် ပညာရေးကို စိတ်ဝင်စားမှု အားနည်းသောကြောင့် ၄င်းတို့၏ သားသမီးများ ပညာရေး အဆက်မပြတ် သင်ကြားနိုင်စေရန် ကျောင်းအကျိုးတော်ဆောင် အဖွဲ့မှ နှစ်စဉ် အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ ၁၃၅၆ ခု ကဆုန်လဆုတ် (၁၂) ရက်နေ့တွင် ကျောင်းအကျိုးတော်ဆောင် အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ မူလတန်းဆင့် ကလေးတစ်ဦး ကျောင်းထွက်လျှင် (၅၀၀၀) ငါးထောင်ကျပ်နှင့် အလယ်တန်းအဆင့် ကလေးတစ်ဦး ကျောင်းထွက်လျှင် တစ်သောင်း(၁၀၀၀၀) ကျပ် ကျောင်းရံပုံငွေအတွက် လှူဒါန်းရမည်ဟု ကျောင်း အကျိုးတော်ဆောင် အဖွဲ့နှင့် မိဘပြည်သူအားလုံး၏ သဘောတူညီမှု ရယူပြီး အစည်းအဝေး ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသည်။ ၁၉၉၄- ၉၅ ခု ပညာသင်နှစ်တွင်လည်း မိဘပြည်သူများ၏ ပညာရေး အားပေးမှု နည်းပါးသေးသောကြောင့် ယခင်နှစ် သတ်မှတ်ခဲ့သော ကျောင်းရံပုံငွေကို ပေးဆောင်ပြီး ကျောင်းထွက်သွားသော ကလေးများ ရှိနေသောကြောင့် (၅.၆.၁၉၉၄) ရက် တနင်္ဂနွေနေ့တွင် ကျောင်းအကျိုးတော်ဆောင် အဖွဲ့မှ ကလေးများ၏ ပညာရေးကို ရှေးရှု၍ အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ ၄င်း အစည်းအဝေး ဆုံးဖြတ်ချက် အရ ကျောင်းသားတစ်ဦး ကျောင်းထွက်လျှင် ကျောင်း ရံပုံငွေ အတွက် နှစ်သောင်း (၂၀၀၀၀) ကျပ် ပေးအပ်လှူဒါန်း ရမည်ဟု ဒုတိယ အကြိမ် အစည်းအဝေး ဆုံးဖြတ်ချက် ပြန်လည်ချမှတ် ခဲ့ပါသည်။ ၁၉၉၅-၉၆ ခုနှစ် ပညာသင်နှစ်တွင်လည်း ယခင်နှစ် သတ်မှတ်ထားသော ကျောင်း ရံပုံငွေကို ပေးဆောင်ပြီး ကျောင်းထွက်သွားသော ကလေးများ ရှိနေသေးသဖြင့် တတိယအကြိမ် ကျောင်း အကျိုးတော်ဆောင် အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက် အရ ကျောင်းထွက်သွားသော ကျောင်းသား တစ်ဦးလျှင် ကျောင်းရံပုံငွေ အဖြစ် လေးသောင်း (၄၀၀၀၀) ကျပ် တိတိ ပေးဆောင် လှူဒါန်းရမည်ဟု သတ်မှတ်ခဲ့ပြန်သည်။ ယခင်နှစ်များကဲ့သို့ ကျောင်းထွက်သော ကလေးများ ရှိနေသေးသည့်အတွက် ၁၉၉၉- ၂၀၀၀ ခုနှစ် ပညာသင်နှစ်တွင် စတုတ္ထအကြိမ် ကျောင်း အကျိုးတော်ဆောင် အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကျောင်းထွက်/ ကျောင်းပြောင်းလျှင် ကျောင်းသားတစ်ဦးစီကို ခြောက်သောင်း (၆၀၀၀၀) ကျပ် သတ်မှတ် ခဲ့ပါသည်။ ဤကဲ့သို့ အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ၂၀၀၀ - ၂၀၀၁ ပညာသင်နှစ်တွင် ဗိုလ်မှူးခွန်ချစ်အိန် ကိုယ်တိုင် ၄င်း၏သမီးကို ကျောင်းပြောင်းနေသည့် အတွက် သတ်မှတ်ထားသော စည်းကမ်းအတိုင်း ခြောက်သောင်း (၆၀၀၀၀) ကျပ် တန်ဖိုးနှင့် တူညီသော ဖိုင်ဘာကုလားထိုင် (၂၃) လုံးကို ကျောင်းအတွက် လှူဒါန်းခဲ့ပါသည်။ ထို့အတူ ဟိုပုံးမြို့နယ် စငေါကျေးရွာအုပ်စု (အွိုင်းဒုံကောင် - ဥက္ကဋ္ဌ၊ ဦးထွက်ထွန်းသာ (PNO) မှလည်း ၄င်း၏သား ကျောင်းထွက်သွားသည့် အတွက် သတ်မှတ်ထားသော စည်းကမ်းချက်အတိုင်း ၂၀၀၇ - ၂၀၀၈ ခု ပညာသင်နှစ်တွင် (၇၀၀၀၀) ကျပ်တန်ဖိုးနှင့် တူညီသော ကက်ဆက်တစ်လုံးအား အ-ထ-က ခွဲ၊ စငေါ သို့ လှူဒါန်းခဲ့ပါသည်။ ၂၀၀၈ - ၂၀၀၉ ပညာသင်နှစ်အတွက် ကျောင်းထွက်သော ကလေးများ များပြား လာသည့်အတွက် ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ (၂.၉.၂၀၀၈) ရက်နေ့ စအွန်ကျေးရွာတွင် အစည်းအဝေး ကျင်းပပြုလုပ်ပြီး အစည်းအဝေး ဆုံးဖြတ်ချက် အရ ကျောင်းထွက်သော ကျောင်းသားများကို တစ်ဦးလျှင် ရှစ်သောင်း (၈၀၀၀၀) ကျပ်ဖြင့် အ-ထ-က (ခွဲ) စငေါ ကျောင်းရံပုံငွေ အဖြစ် ပေးဆောင်လှူဒါန်း ရမည်ဟု သဘောတူညီချက် အရ သတ်မှတ်၍ ကောက်ခံခဲ့ခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ ငွေကြေး ကောက်ခံရခြင်းမှာ မိမိတို့ အုပ်စုအတွင်းရှိ ကျောင်းနေအရွယ် ကလေးများ အားလုံး၏ ပညာရေး အဆက်မပြတ် သင်ကြားနိုင်ရန် အတွက် နားလည် သဘောပေါက်မှု လွဲမှားနေသော မိဘများ၏ သားသမီးများ ကျောင်းရံပုံငွေ အဖြစ် မပေးဆောင်နိုင်ပါက ပညာ ဆက်လက် သင်ကြားသွားမည်ဟု ယူဆ၍ နှစ်အလိုက် အကြိမ်ကြိမ် ကျောင်း အကျိုးတော်ဆောင် အဖွဲ့မှ အစည်းအဝေး ဆုံးဖြတ်ချက် သတ်မှတ်ပြီး ကောက်ခံ ခဲ့ခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ ကျောင်း အကျိုးတော်ဆောင် အဖွဲ့၏ မျက်နှာစုံညီ သတ်မှတ်ထားသော အ- ထ-က (ခွဲ) စငေါ၏ ပညာရေး စည်းမျဉ်းစည်းကမ်းများမှ ရရှိသည့် ငွေအားလုံးကိုလည်း ကျောင်း အကျိုးတော်ဆောင် အဖွဲ့တစ်ဦး တစ်ယောက်၏ အကျိုးအတွက် သုံးစွဲရန် ကောက်ခံခြင်း မဟုတ်ပါ။ အ-ထ-က (ခွဲ) စငေါကျောင်း အတွက် လိုအပ်သည့် နေရာများတွင် သုံးစွဲရန် ရည်ရွယ်၍ ကောက်ခံခြင်း ဖြစ်ပါသည်။ သို့ဖြစ်ရာ ဤကဲ့သို့ လုပ်ကိုင် ဆောင်ရွက်ရခြင်းမှာ ကျောင်းအကျိုးတော်ဆောင် အဖွဲ့၏ အကျိုးအတွက် ကောက်ခံခြင်းမဟုတ်ပါ။ အဖွဲ့ဝင် တစ်ဦးတစ်ယောက် အတွက် ကောက်ခံခြင်း မဟုတ်ပါ။ မိမိတို့ ဒေသအတွင်းရှိ တိုင်းရင်းသားအားလုံး တို့၏ ပညာရေးကို ရှေးရှု မျှော်မှန်း၍ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်ရန်၊ သင့်လျော်သော အတန်းတိုင်းတွင် ပညာဆက်လက် သင်ကြားနိုင်ရန် စသော ရည်မှန်းချက် ပညာရေး လောဘကြောင့် ယခုလို စည်းမျဉ်းစည်းကမ်းများ ချမှတ် ကောက်ခံ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ယခင် သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများ ရှိသော်လည်း ကျောင်းထွက်သော ကျောင်းသား/ သူ များ ရှိနေသဖြင့် ကျောင်းနေအရွယ် ကလေးများ၏ ရှေ့ရေးကို မျှော်မှန်း၍ ၂၀၁၁- ၂၀၁၂ ပညာသင်နှစ်တွင် ထပ်မံ၍ ဒေသတွင်းရှိ ရပ်မိရပ်ဖနှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့ စည်းဝေးဆုံးဖြတ်ချက်ဖြင့် ကျောင်းသား/ သူ တစ်ဦး ကျောင်းထွက်ပါက ကျောင်းရံပုံငွေ အဖြစ် ခြောက်သိန်း (၆၀၀၀၀၀) ကျပ် တိတိ ပေးဆောင်ရန် ဆုံးဖြတ် ခဲ့ပါသည်။ သို့ပါ၍ ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ်တွင် ကျောင်းသား/ သူ မိဘများသည် ဘိန်းစိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်နေသဖြင့် တစ်ရက်လျှင် လုပ်အားခ ငါးထောင် (၅၀၀၀) ကျပ် ရရှိနေသဖြင့် ကျောင်းနေအရွယ် ကလေးများကို ကျောင်းထွက်ခိုင်းပြီး အလုပ်လုပ်ခိုင်း နေသည်ကို သိရှိရပါသဖြင့် ကျောင်း အကျိုးတော်ဆောင် အဖွဲ့မှ သတ်မှတ်ထားသော စည်းကမ်းအတိုင်း အရေးယူ ဆောင်ရွက်ခဲ့သော်လည်း လိုက်မနာ၊ ဆွေးနွေးဖို့ရန် ခေါ်ယူတွေ့ဆုံ ခဲ့သော်လည်း လာရောက်တွေ့ဆုံ ဆွေးနွေးခြင်း မရှိပါသဖြင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့မှ ပအိုဝ်းအမျိုးသားတပ်မတော်၊ တပ်ရင်း (၂)၊ တပ်ခွဲ (၄) အား ကျောင်းသား/ သူများ ကျောင်းမထွက်နိုင်ရေး အတွက် အကူအညီ တောင်းခံသဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။ ယခုပြဿနာ ဖြစ်စဉ်မှ တိုင်ကြားသူသည် သူတို့၏ ဘိန်းစိုက်ပျိုးရာသို့ ဓါတ်မြေသြဇာ တင်ပြီး သွားလာရင်း ဆိုင်ကယ်တိမ်းမှောက် ခဲ့ခြင်းဖြစ်ပြီး ဆေးရုံသို့ တက်ရောက် ကုသ ခံယူရခြင်းသာ ဖြစ်ပါသည်။ ၄င်းဖြစ်ရပ်ကို အကြောင်းပြ၍ ပအိုဝ်းအမျိုးသား တပ်မတော်၊ တပ်ရင်း (၂)၊ တပ်ခွဲ (၄) မှ ရိုက်နှက်ခြင်းဟု တင်ပြခဲ့ပါသည်။ ၄င်း သတင်းသည် မဟုတ်မမှန်သော သတင်းသာ ဖြစ်သည်။ သို့ပါ၍ သတင်းပေးပို့သူမှာ လိမ်ညာပြီး တိုင်ကြားခြင်း ဖြစ်ပါသည်။ ၄င်းကိစ္စကို အကြောင်းပြုပြီး မသမာသူ စီးပွားရေး လောဘသားများမှ ဘိန်းစိုက်ပျိုးသူများအား ငွေအားဖြင့် အတိုးအမြတ် ယူပြီး ချေးငှားခြင်း၊ ဘိန်းစိုက်ပျိုးမှုကို အားပေးမှုကြောင့် ကျောင်းသား/ သူ မိဘများမှ ၄င်းတို့၏ ကျောင်းနေအရွယ် သားသမီးများကို ဘိန်းခြံသို့ အလုပ်လုပ် စေခိုင်းမှုကြောင့် ကျောင်းထွက်မှုများ တစ်စတစ်စ ပိုများပြားလာမည်ကို စိုးရိမ်သဖြင့် ယခုလို တပ်ရင်း(၂)၊ တပ်ခွဲ(၄) အား အကူအညီ တောင်းခံပြီး ဆောင်ရွက်ရခြင့်း ဖြစ်ပါသည်။ ၄င်း ကျောင်းနေအရွယ် ကလေးများ၏ အနာဂတ်အတွက် ကျောင်း အကျိုးတော်ဆောင် အဖွဲ့နှင့် ဆောင်ရွက်သော်လည်း အဆင်ပြေ ချောမောခြင်း မရှိသဖြင့် ယခုလို အကူအညီ တောင်းခံရခြင်း ဖြစ်ပါသည်။ ၄င်းကျေးရွာတွင် ယခုနှစ်၌ ဘိန်းစိုက်ပျိုးမှု ပိုမိုများပြား လာသဖြင့် ယခုလို ပြဿနာ ပေါ်ပေါက်လာရခြင်း ဖြစ်ပါသည်။ ယခင်နှစ်တွင် ယခုနှစ် ပြဿနာမျိုး မဖြစ်ခဲ့ဖူးပါ။ ထို့ကြောင့် ယခုလို ပြဿနာမျိုး လျော့ပါးရေး အတွက် ဘိန်းစိုက်ပျိုးမှု ကင်းရှင်းအောင် တားမြစ်ပေးမည်ဆိုလျှင် ဒီလို ပြဿနာမျိုး လျော့ပါးလာပါမည်ဟု ကျွန်တော်တို့ ကျောင်း အကျိုးတော်ဆောင် အဖွဲ့မှ ယုံကြည်မိပါသည်။ ယခုကိစ္စနှင့် ပတ်သက်၍ ကျောင်းနေအရွယ် ကလေးများ ကျောင်းနေတည်မြဲရေး အတွက် ရပ်မိရပ်ဖများနှင့် ကျောင်း အကျိုးတော်ဆောင် အဖွဲ့မှ ပအိုဝ်းအမျိုးသားတပ်မတော်၊ တပ်ရင်း (၂)၊ တပ်ခွဲ(၄)ကို ၀ိုင်းဝန်း ဆောင်ရွက် ပေးရန် အကူအညီ တောင်းခံခြင်းကြောင့် တပ်ရင်း(၂)၊ တပ်ခွဲ (၄)နှင့် လုံးဝ မသက်ဆိုင်ကြောင်း ရပ်မိရပ်ဖနှင့် ကျောင်း အကျိုးတော်ဆောင် အဖွဲ့၏ တာဝန်သာဖြစ်ကြောင်း အောက်ပါအတိုင်း ၀န်ခံကတိ လက်မှတ်ရေးထိုး အပ်ပါသည်။ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ အ-ထ-က (ခွဲ) စငေါ ဆယ်တန်း ဆက်မတက်နိုင်၍ ဒဏ်ငွေ ခြောက်သိန်း မပေးဆောင်နိုင်သော မိသားစုအား PNA(အသွင်ပြောင်း ပြည်သူ့စစ်)မှ ခြိမ်းခြောက်ရိုက်နက်၍ ငွေတောင်း သတင်းအား ပြန်လည် ဖတ်ရှုလိုပါက ဒီနေရာကို နှိပ်ပါ |
||
Posted: 17 Sep 2013 11:18 PM PDT
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကော်မတီဝင် ၁ဝ၉ ဦးအား ယခုလ ၃ဝ ရက်နေ့ လွှတ်တော်တွင် ပထမဆုံးအကြိမ် အစည်းအဝေးပြုလုပ် ရန် ခေါ်ထား ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ သတင်းရရှိသည်။ ”လုပ်ပိုင်ခွင့်တွေ၊ အစုအဖွဲ့တွေ ခွဲပြီး လုပ်မယ်။ ကော်မတီဝင် အများစု ထဲက ဘယ်အဖွဲ့က ဘယ်အခန်းကဏ္ဍ တွေကို ယူပြီး ဘယ်သူတွေက ဘယ် အပိုင်းကိုယူပြီး လေ့လာပြင်ဆင်ဖို့ အတွက် အစည်းအဝေးခေါ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါ ပထမဆုံး အကြိမ် ခေါ်တဲ့ အစည်းအဝေးပါ” ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ် က စက်တင်ဘာ ၁၇ ရက်နေ့တွင် ပြော သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 17 Sep 2013 11:09 PM PDT
ဧရာဝတီမြစ်ရေနှင့် ဒုဋ္ဌ၀တီမြစ်ရေလျှံမှုကြောင့် အမရပူရမြို့နယ်အတွင်းရှိ တောင်သမန် အင်းရေပြည့်နေပြီး ကမ္ဘာကျော် ဦးပိန်တံတားကြမ်းပြင်နှင့် ထိလုနီးပါးဖြစ်နေ သည်ကို စက်တင်ဘာ ၁၆ ရက်က တွေ့ရသည်။ ၁ ဒသမ ၂ မီတာရှည် လျားသော ဦးပိန်တံတား သည် တောင်သမန်အင်း ရေပြည့်နေသဖြင့် တံတား၏ အနောက်ဘက်ထိပ်တွင် တံတားကြမ်း ပြင်နှင့် ရေထိရန် သုံးပေခန့်ရှိနေပြီး တံတား၏အလယ်တွင် ကြမ်းပြင်နှင့်ရေထိရန် တစ်ပေခန့် သာလိုတော့ သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 17 Sep 2013 11:07 PM PDT
မြန်မာနိုင်ငံမှာ မတရားအသင်းဆက်နွယ်မှုနဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေအပါအဝင် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မတွေနဲ့ အကျဉ်းကျခံရသူအချို့ ဒီလ၊ စက်တင်ဘာလအတွင်းမှာ ပြန်လည် လွတ်မြောက်လာနိုင်တယ်လို့ လက်ကျန်နိုင်ငံရေး အကျဉ်းသား စီစစ်ရေး ကော်မတီက ပြောဆိုလိုက်ပါတယ်။ သြဂုတ်လကုန်ပိုင်းက ပြုလုပ်ခဲ့တဲ့ စီစစ်ရေး ကော်မတီရဲ့ အစည်းအဝေးမှာ ၁၇(၁)(၂) ပုဒ်မတွေ၊ အရေးပေါ် စီမံချက် ၅ ညနဲ့ အခြား နိုင်ငံရေး ပုဒ်မကြီးတွေကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ စာရင်းတွေကို သမ္မတကို တင်ပြပြီးတဲ့နောက် ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 17 Sep 2013 11:02 PM PDT
နှောင့်နှေးကြန့်ကြာနေတဲ့
မြန်မာ နဲ့ထိုင်း နှစ်နိုင်ငံ နယ်စပ်မျဉ်း တိုင်းတာရေးဆွဲရေးလုပ်ငန်းကို
ပြီးပြတ်အောင် နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်သွားမယ်လို့ မြန်မာ တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားကြောင်း
ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။ ထိုင်းဝန်ကြီးချုပ် ယင်လပ် ရဲ့
နှစ်နိုင်ငံ နယ်စပ် တိုင်းတာရေးဆွဲရေးအစီအစဉ်ကို ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်က သဘောတူ ထောက်ခံခဲ့တယ်လို့ ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်
က ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 17 Sep 2013 10:42 PM PDT
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ မနေ့က ဂျာမတ် အစ္စလာမ်မီယာ ပါတီမှ နံပတ် (၄) အဆင့်ရှိတဲ့ ခေါင်းဆောင်တစ်ဦးကို သေဒဏ်ချမှတ်ခဲ့တဲ့အတွက် ဒက္ကားနဲ့ စစ်တကောင်း မြို့တွေ အပါအ၀င် မြို့ကြီး တချို့မှာ အကြမ်းဖက် ဆူပူမူတွေ ဖြစ်ပွားခဲ့ပါတယ်။ သေဒဏ် ချမှတ်ခံရသူဟာ အသက် (၆၅) နှစ်ရှိပြီ ဖြစ်တဲ့ ဂျာမတ် အီး အစ္စလာမ်မီယာပါတီက တွဲဘက် အတွင်းရေးမှူး အာဘာဒူလ် ကွာဒါ မူလာ ဆိုသူ ဖြစ်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
[Message clipped] View entire message
0 comments:
Post a Comment