သိပြီးမှ ရယူနိုင်မှာ
နိုင်ငံရေးသည် လူတိုင်းနဲ့ သက်ဆိုင်သည်လို့ သိလာကြတဲ့ အခါမှာ နိုင်ငံရေးအကြောင်း ပြောဆိုရေးသားကြတာတွေ များပြားလာပါတယ်။ တဖက်မှလည်း နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်လာကြတယ်။ နိုင်ငံရေး သဘောထားတွေကို သဘောပေါက် နားလည်ဖို့တော့ မလိုဘူးလို့ စေတနာမှန်ဖို့သာလိုတယ်လို့ အများထင်ကြတယ်။ ကျနော်ကိုယ်တိုင်လည်း ငယ်ငယ်က ဒီလိုပြောခဲ့ဖူးပါတယ်။ နောက်တော့ ကျနော့်အယူဆ မှားကြောင်း သိခဲ့တယ်။ အရာရာဟာ ဆက်စပ်နေတယ်။ ဒီလိုဆက်စပ်နေမှုတွေကို မသိနားမလည်ဘဲ စဉ်းစားတွေးခေါ်နိုင်စွမ်း မရှိလျှင် ကျနော်တို့ လုပ်သမျှ စေတနာတွေသည်လည်း သဲထဲရေသွန် ဖြစ်ရမည့်အပြင် အမှားတွေကြောင့် ပြည်ပန်းညိုက ချိုပါလျက် ဆားကဖျက်သည် ဆိုသလိုဖြစ်ရပေမည်။
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမှစပြီး လွတ်လပ်ရေး တိုက်ပွဲဝင် ခေါင်းဆောင်များ အားလုံး လေ့လာဆည်းပူးမှု စွမ်းအင်အား မနည်းကြပါ။ ထို့အတူ ငြိမ်းချမ်းရေးဖခင်ကြီး မဟတ္တမဂန္ဓီဖြစ်လာဖို့ ငယ်ရွယ်ပျိုမြစ်စဉ်က ဂန္ဓီလေးသည် ဘုမသိဘမသိ လူငယ်တဦး မဟုတ်ပါ။ ဗြိတိသျှအင်ပါယာကို အာဖရိမှာ ကိုင်လှုပ်နိုင် ခဲ့သည့် ရှေ့နေလေး ဖြစ်ပါသည်။ ကျုးဘားနိုင်ငံကို လွတ်လပ်ရေး ကြိုးပမ်းပေးခဲ့သူ သူရဲကောင်း Che Guevara သည် ထက်မြတ်သည့် ခေတ်ပညာတက် လူငယ်တယောက်ဖြစ်ပြီး စဉ်းစားတွေးခေါ်နိုင်စွမ်း နိုင်းယှဉ်နိုင်စွမ်းရည်နှင့် ဆုံးဖြတ်ချက်များကို ထိုခေတ်အခါက ကွန်မြူနစ်တွေရဲ့ ရန်သူတော် အမေရိကန်တောင် အောချရပါတယ်။ သူ့ရဲ့ဦးဆောင်မှုအောက်မှာ ကွန်မြူနစ်စနစ် အမေရိကားတိုက်မှာ ကြီးထွားလာမှ စိုးရိမ်လို့ သူ့ကို သုတ်တင်ရန် အာဂျင်တီးနား အစိုးရကို အမေရိကန်က ဖိအားပေးခဲ့ရသည်။
အမေရိကန်နိုင်ငံတည်ဆောက်ခဲ့သူ လွတ်လပ်ရေးလှုပ်ရှားခဲ့သူ အမေရိကန် Founding Father များသည် ဗြိတိသျှ အင်ပါယာနှင့် ယှဉ်ပြိုင်ပြီး ဥပဒေပြုနိုင်သည့် စွမ်းရည်ရှိသောကြောင့် လွတ်လပ်ရေးကြေငြာနိုင်ခဲ့ပြီး ဗြိတိသျှနှင့် စစ်ခင်းနိုင်ခဲ့ပါသည်။ ပြောရရင် ပြောလို့ မကုန်နိုင်ပါ။ ဒီတော့ မြန်မာ့သမိုင်း ကမ္ဘာသမိုင်းတွေက ကျနော်တို့တွေ များများလေ့လာရမည် ကျွမ်းကျင်ရမည် ဆိုတာကို သက်သေပြပြီးသားဖြစ်ပါတယ်။
ကျနော်လည်း လေ့လာ သင်ကြားရသမျှကို အလှမ်းဝေးနေသူများအတွက် အနီးစပ်ဆုံးနှင့် အလွယ်တကူ နားလည်နိုင်အောင် ကြိုးစားရှင်းပြပြီး ဝေမျှပါမယ်။ ကျနော်သည် ပညာရှင်မဟုတ်သည့် အတွက် အမှားနည်းရအောင် နိုင်ငံရေးသိပံ္ပ သင်ရိုးတန်းတွေကိုသာ မြန်မာမှုပြုကာ ချောမွေ့အောင်ရေးသား တင်ပြပေးသွားပါမည်။ အလှမ်းဝေးနေသူများ အတွက် တဖက်တလမ်းက အထောက်ကူ ဖြစ်နိုင်မည် မျော်လင့်မိပါတယ်။
နိုင်ငံရေး၏အခြေခံ
နိုင်ငံရေး (Politic) ဆိုသည်မှာကို အဓိပ္ပါယ်ပြန်ဆိုချက် များစွာရှိပါတယ်။ အဲဒီထဲက ရာစုနှစ် အဆက်ဆက် ပညာရှင်များ

ဆိုကြပါစို့ လူငယ်တစု သူ့တို့မှာရှိတဲ့ ငွေတွေစုပြီး ဘောလုံးပွဲ သွားကြည့်မယ်။ အထူးတန်း လက်မှတ်ဝယ်မလား ဒါမှမဟုတ် ရိုးရိုးတန်းမှာ ကြည့်ပြီး မုန့်တွေဝယ်စားမလား။ ဒါမှမဟုတ် ယ္ခုပွဲစဉ်ကို ရုပ်မြင်သံကြားကကြည့်ပြီး ဗိုလ်လုပွဲမှ ဘောလုံးကွင်းမှာကြည့်မလား တိုင်ပင်ဆုံးဖြတ်ကြတယ်။ အဲဒီဆုံးဖြတ်ချက်က သူတို့သူငယ်ချင်းတစု အတွက် အကောင်းဆုံးဖြစ်နေရမည်။
ဒါဟာနိုင်ငံရေး ဆုံးဖြတ်ချက် တခုချသည့် ဖြစ်စဉ်နဲ့ အတူတူဖြစ်ပါတယ်။ ထိုဆုံးဖြတ်ချက်၏ ကောင်းကျိုး ဆိုးကျိုး ကိုရရှိမှာဖြစ်လို့ ထိုဆုံးဖြတ်ချက် အပေါ်က ရှင်းခဲ့တယ် ဘယ်သူတွေ ဘာရလဲ ဘယ်တော့လဲ ဘယ်လိုလဲ ဆိုတာကို ခွဲခြားပေးမှာပါ။ ဆုံးဖြတ်ချက်သည် လက်ရှိဓနအင်အား၊ လိုလားချက်၊ လက်ရှိအနေထား အကျိုးမြတ်နှင့် အနာဂတ်အကျိုးမြတ်၊ အကောင်းဆုံး ရွေးချယ်မှုနှင့် အရေးကြီးဆုံးက အများသဘောတူမှုဖြစ်ပါတယ်။ အများသဘောမတူရင် ကွဲလွဲမှုတွေဖြစ်လာမယ်။ အဲဒီနောက်မှာ ပဋိပက္ခတွေကို ဖြေရှင်းရတော့မှာဖြစ်တယ်။
အဲဒါလေးကို မှတ်ထားပါ နောက်ပိုင်း ရှင်းရလွယ်အောင်လို့ဖြစ်ပါတယ်။ နိုင်ငံရေးမှာ ဆုံးဖြတ်ချက်လဲ အရေးကြီးတယ်ဆိုတော့ ဒီလိုအရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ခိုင်မာစွာချမှတ်နိုင်ဖို့ ယှဉ်ထိုးစဉ်းစားနိုင်ခြင်းက အရေးကြီးပါတယ်။ ဒါကြောင့် နိုင်ငံရေးသိပ္ပံဘာသာရပ်မှာ နိုင်ငံရေးနှိုင်းယှဉ်လေ့လာမှု (Comparative politic) ကို အများဆုံး သင်ကြားပေးပါတယ်။ ဘာကြောင့်နှိုင်းယှဉ်မှုက အရေးကြီးလည်း နှိုင်းယှဉ်မှုလုပ်ပြီး လိုအပ်သည့် ပြင်ဆင်ချက်များဖြင့် အကောင်းဆုံး ဆုံးဖြတ်ချများကို ချမှတ်နိုင်ခြင်းကြောင့်ဖြစ်သည်။
နိုင်ငံရေးနားလည်ဖို့ ဘာလိုအပ်မှာလည်း
ဒီနေရာမှာ အတွေးအခေါ်ဆိုတာကို အရင်ရှင်းကြရပါမယ်။ တွေးခေါ်နိုင်စွမ်းဆိုတာ အကြားအမြင်မဟုတ်ပါဘူး။ မိခင်မွေးလိုက်ထဲက အတွေးခေါ်ရှင်ဖြစ်လာနိုင်တာမဟုတ်ပါ။ ကျွမ်းကျင်မှသာလျှင် တွေးခေါ်နိုင်စွမ်း မြင်နိုင်စွမ်းရှိလာတာပါ။ ဒီတော့ ကျွမ်းကျင်ဖို့ စဉ်းစားဆုံးဖြတ်အားလိုအပ်သည်။ စဉ်းစားဆုံးဖြတ်နိုင်ဖို့အတွက် နှိုင်းယှဉ်တွေးတောနိုင်စွမ်း လိုအပ်တယ်။ နှိုင်းယှဉ်တွေးတော နိုင်စွမ်းအတွက် အဖက်ဖက်ကို လေ့လာထားနိုင်ရပါမည်။ နိုင်ငံရေးကိုစဉ်းစားဆုံးဖြတ်နိုင်ဖို့အတွက် ဘက်ပေါင်းစုံ အချက်လက်တွေ လိုအပ်ပါတယ်။ အချက်လက်များများ သိထားလေလေ ဆုံးဖြတ်ချက်များ မှန်ကန်နိုင်ပါမည်။ ဆုံးဖြတ်ချက်မှန်ကန်မှုများလာမှ လုပ်ငန်းစွမ်းအင် မြင့်မားလာနိုင်မည်ဖြစ်ပါသည်။
ပြင်သစ်လူမျိုး နိုင်ငံရေးနှင့် သမိုင်းပညာရှင် Alexis de Tocqueville က ၁၈၃၀ ခုနှစ်တွေတုန်းက “Without comparisons to make, the mind does not know how to proceed” လို့ပြောခဲ့တယ်။ Alexis စာပေတွေကို ဟားဗတ်တက္ကသိုလ် အပါဝင် အမေရိကန်တက္ကသိုလ်တွေ ဥရောပတက္ကသိုလ်တွေရဲ့ သင်ရိုးတန်းတွေမှာ ထည့်သွင်းအသုံးပြုကြသည်။
နှိုင်းယှဉ်နိုင်စွမ်းအင် မြင့်မားဖို့အတွက် နိုင်ငံရေးသိပ္ပံဘာသာရပ်မှာ ဘက်ပေါင်းစုံနီးပါးကို သင်ယူကြရသည်။ နိုင်ငံရေးဆိုင်ရာ သင်ရိုးတန်းများ အပြင် အခြားဘာသာတွဲများဖြစ်သည့် သမိုင်း (History) မနုဿဗေဒ (Anthropology) လူမှုဆိုင်ရာပထ၀ီ (Human Geography) ဘောဂဗေဒ(Economic theories) လူမှုဗေဒ (Sociology) နှင့် စိတ္တဗေဒ (Psychology) တို့၏ သင်ရိုးတန်းများကို ထည့်သွင်း သင်ကြားသည်။
ဒီတော့ အရေးကြီးတဲ့ နှိုင်းယှဉ်နိုင်စွမ်းအား မြင့်မားဖို့ရာ။ လိုအပ်တဲ့ အခြေခံ ဖြည့်တည်းမှုတွေကို အနည်းဆုံးလေ့လာထားရပါမည်။
ချစ်ခင်စွာဖြင့်
ရဲမင်းထွန်း
(ကျနော် လေ့လာဆည်းပူးနေသမျှကို အခြေခံကနေစပြီး ဖတ်ချင်စိတ်ရှိအောင် နည်းနည်းစီ အပိုင်းခွဲပြီး တင်ပြသွားပါမည်။)
0 comments:
Post a Comment