“ကျွန်တော်နှင့် သြစတေးလျနိုင်ငံသား ဂျော့ရှ်ချွာပယ်ရီ” (သို့) ဂျော့ရှ်ချွာပယ်ရီ အမေး - မင်းကြည်ညို အဖြေ
နေ့လည်က သြစတေးလျနိုင်ငံသားတစ်ယောက် နဲ့ စကားပြောဖြစ်ကြတယ်။ သူက ခရစ်ယာန်ဘာသာ ဝင်ပါ။ သူ့နာမည်က ဂျော့ရှ်ချွာပယ်ရီလို့ခေါ်ပါ တယ်။
ဗုဒ္ဓဘာသာကို စိတ်ဝင်စားသူလည်း ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်က ကမ္ဘာပေါ်မှာ
အငြိမ်းချမ်းဆုံးဘာသာအဖြစ် ဗုဒ္ဓဘာသာကိုရွေးချယ်ခြင်း
ခံရပြီး တဲ့နောက်ပိုင်းမှာ သူဟာ ဗုဒ္ဓဘာသာကို ပိုပြီးစိတ်ဝင်စားလာမိတယ်လို့လည်း ပြောပါတယ်။ သူဟာ အစပိုင်းမှာ ကျွန်တော်တရုတ်လိုပြောနေတြာ ကည့်ပြီး
ကျွန်တော့်ကို မဟာယနဘာသာဝင်လို့ ထင်နေခဲ့ပါတယ်။ သူ့အထင်ကို
သဲသဲကွဲကွဲသိရအောင်ဆိုပြီး ကျွန်တော့်ကို "မင်းက မဟာယနလား" လို့ မေးပါတယ်။
ကျွန်တော်က မြန်မာလူမျိုးဖြစ်ပြီး ထေရဝါဒဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်ကြောင်း ပြန်ပြောတော့ "ကွန်ဂရက်ကျူလေးရှင်း"ဆိုပြီး
ဦးညွှတ်အရိုသေပြုပါတယ်။ အဲဒီနောက် သူက ကျွန်တော့်ကို ဗုဒ္ဓဘာသာအကြောင်း
ပြောပြဖို့ တောင်းဆိုပါတယ်။ အနည်းငယ်မျှပဲ ပြောပြဖြစ်ခဲ့ပါတယ်။ ကျွန်တော်က
လုပ်ငန်းပိုင်းအချိန်ဖြစ်နေ လို့
စေ့စေ့ငှငှပြောပြရန် အချိန်လိုကြောင်း ပြန်ပြောခဲ့ပါတယ်။ လာမည့်တနင်္ဂနွေနေ့
ရုံးပိတ်ရက်မှာ လာနိုင်မယ်ဆိုရင် ပြောပြပါ့မယ်လို့ ပြောတော့၊ သူက
"လာနိုင်အောင် ကြိုးစားမယ်ဆိုပြီး" စကားဝိုင်းကို
အဆုံးသတ်ရပ်ထားလိုက်ပါတယ်။ ကျွန်တော့်အနေနဲ့လည်း သူမေးလာနိုင်မယ့်
မေးခွန်းတွေ ကြိုတင်ခန့်မှန်းရင် ပြန်ဖြေဖို့အတွက် ပြင်ဆင်ထားရပါတယ်။
ကိုယ်ဖြေတဲ့အဖြေကိုလည်း သူလက်ခံနိုင်ပါ့မလားဆိုတာကိုပါ ကြိုတွေးထားရတာပေါ့။
(19-9-2013)
ဒီနေ့ တနင်္ဂနွေနေ့မနက်မှာတော့ ဂျော့ရှ်ဟာ ကျွန်တော့်အိမ်ကလေးကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတယ်။ ကျွန်တော်က လစ်တန်တီးလေးနဲ့ပဲ သူ့ကိုကြိုဆိုလိုက်ပါတယ်။ ဂျော့ရှ်က ကျွန်တော့်ကို သူ့အတွက်အချိန်ပေးလို့ အရမ်းပဲကျေးဇူးတင်ပါတယ်လို့ ပြောပါတယ်။ ဒီလိုနဲ့ သူဟာ သူရဲ့ဒိုင်ယာရီလေးကိုဖွင့်ြ ပီး သူမေးချင်တာတွေကို မေးပါတယ်။
ဂျော့ရှ်။ ။ဗုဒ္ဓဆိုတာ ဘယ်ကနေစဖြစ်တာပါလဲ။
ကျွန်တော်။ ။ တကယ်တော့ ကျွန်တော်တို့ကိုးကွယ်နေတဲ့
ဗုဒ္ဓဘာသာရဲ့ အကြီးအမှုးဖြစ်သူ ဗုဒ္ဓဟာ ခင်ဗျားတို့ ခရစ်တော်မပေါ်မှီ ဘီစီ ၅၅၀
ကျော်က မဇ္ဈိမလို့ခေါ်တဲ့ အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓက စပွင့်တာပါ။ ဗုဒ္ဓဟာ
ခရစ်တော်ထက် စောပါတယ်။
ဂျော့ရှ်။ ။ သူ့ရဲ့သမိုင်းအချို့ကို ပြောပြလို့ ဖြစ်မလား။ တကယ်လို့ လျှို့ဝှက်စရာမဟုတ်ဘူး ဆိုရင်ပေါ့။
ကျွန်တော်။ ။ ဗုဒ္ဓရဲ့သမိုင်းကို အားလုံးကပွင့်လင်းစွာနဲ့ သိခွင့်ရှိပါတယ်။ မလျှို့ဝှက်ပါဘူး။ သူ့သမိုင်းတင်မဟုတ်ဘူး။ သူဟောခဲ့တဲ့ တရားတော်တွေကိုလည်း လာပါ၊ ရှုပါ၊ ကျင့်ကြံပါလို့ ဖိတ်ခေါ်ထားပါတယ်။ ဗုဒ္ဓရဲ့သမိုင်းဟာ အရမ်းခမ်းနားတဲ့ သမိုင်းပါပဲ။ ဗုဒ္ဓဖြစ်လာမည့် အလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဘီစီ ၆၀၀ လောက်က ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနမင်းကြီး မယ်တော်မာယာတို့က မွေးဖွားပေးခဲ့တာပါ။ ( ဤနေရာ၌ ဂျော့ရှ်အား ဗုဒ္ဓဝင်သမိုင်းအကျဉ်းကို ပြောပြလိုက်သည်။ စာဖတ်သူများ ရှည်လျားနေမည်စိုးသောကြောင့်  မဖော်ပြလိုတော့ပေ။)
ဂျော့ရှ်က ခေါင်းတငြိမ့်ငြိမ့်နဲ့ နားထောင်ရင်း လိုက်မှတ်ပါတယ်။ ကျွန်တော်ဟာ ဂျော့ရှ်ကို ဗုဒ္ဓရဲ့သမိုင်းများအား ကိုယ့်ကိုယ်ကို ဆင်ခြင်ဥာဏ်နဲ့ ဆုံးဖြတ်တွေးတောကြည့်ဖို့ ပြောပါတယ်။ လက်ခံနိုင်မှ လက်ခံပါ။ ဝိဝေဒ ဖြစ်နေသေးရင် ထပ်မေးဖို့ပါ မေးခွန်းကို ကမ်းလှမ်းလိုက်ပါတယ်။
ဂျော့ရှ်။ ။ ဗုဒ္ဓရဲ့သမိုင်းဟာ ဒဏ္ဍာရီမဆန်ဘူး။ လက်တွေ့ဆန်တယ်။ အခုချိန်ထိ လက်မခံနိုင်စရာအကြောင်း ဘာမှမရှိသေးဘူး။ နားလည်ပါတယ်လို့ ပြန်ပြောပါတယ်။ ဒါပေမယ့် မေးစရာရှိပါတယ်။ ဗုဒ္ဓဟာ မိန်းမနဲ့မွေးကင်းစသားလေးကို ထားခဲ့တာ တစ်ကိုယ်ကောင်းမဆန်လွန်းဘူး လား။ လူ့ကျင့်ဝတ်နဲ့ကြည့်ရင်လည်း မိသားစုအပေါ် ဝတ္တရားပျက်ကွက်ရာမကျဘူးလား။
ကျွန်တော်။ ။အေး..ဒီကိစ္စကို ပြောပြမယ်။ သေချာမှတ်ထား။ ဗုဒ္ဓဟာ မင်းတို့ငါတို့ကိုငဲ့ပြီး သံသရာဆိုတဲ့ ရထားကြီးထဲမှာ တစ်ဘူတာပြီးတစ်ဘူတာ လည်နေကြတာကို ကယ်တင်ချင်လွန်းလွန်းလို့ သူ့မိန်းမနဲ့ သူ့သားလေးကိုထားခဲ့ရတာ။ တကယ်လို့သာ သူဟာ တောမထွက်ပဲနဲ့ နန်းတော်ထဲမှာပဲ နေလိုက်မယ်ဆိုရင် မင်းတို့ငါတို့ဟာ အခုအချိန်အထိ အမြင်မှန်ကို ရကြမှာ မဟုတ်ဘူး။ ဒါကြောင့် သူဟာ သားနဲ့မယားကို ထားခဲ့ရတာပေါ့။ မသနားလို့ မဟုတ်ပါဘူး။ တစ်ကိုယ်ကောင်းဆန်တာလည်း မဟုတ်ပါဘူး။ သူနဲ့ဘာမှမဆိုင်တဲ့ သတ္တဝါတွေကိုတောင် ငဲ့ညှာသနားသေးတာ သူမိန်းမနဲ့သူ့သားပဲ ဘယ်မှာ မသနားပဲနေပါ့မလဲ။
ဂျော့ရှ်။ ။ ဟုတ်ပြီ။ ဒါဆို ဗုဒ္ဓလို့ ဘာကြောင့်ခေါ်ပါသလဲ။
ကျွန်တော်။ ။ အရာခပ်သိမ်းကို မှန်ကန်စွာ သိမြင်တော်မူလို့ ဗုဒ္ဓခေါ်ပါတယ်။
ဂျော့ရှ်။ ။ မင်းပြောသွားတဲ့ ဗုဒ္ဓရဲ့သမိုင်းမှာ ဗုဒ္ဓကြွတော်မူရာနိဗ္ဗာန်ဆိုတာ ဘယ်လိုဘဝမျိုးလဲ။ သူက ဘယ်နေရာမျိုးမှာ ရှိတာလဲ။ နောက်ပြီး လက်တွေ့ပြနိုင်တဲ့ပုံစံ ရှိသလား။ အဲဒါသိချင်တယ်။
ကျွန်တော်။ ။ အင်း..။ ဒီနေ့အချိန်ထိ နိဗ္ဗာန်ဆိုတာကို မင်းတို့လိုဘာသာခြားတွေမပြောနဲ့ မြန်မာပြည်က ဗုဒ္ဓဘာသာဝင်အချို့ကိုယ်တိုင်က
ကွဲကွဲပြားပြား မသိကြဘူး။ တကယ်တော့ နိဗ္ဗာန်ဆိုတာ အိုတာတွေ နာတာတွေ သေတာတွေ
ကောင်းတာတွေ မကောင်းတာတွေ ဘာမှကိုမရှိတော့တာပါ။ ဗုဒ္ဓဟာ ရုပ်နာမ်ဆိုတာ
မရှိတော့တဲ့ နိဗ္ဗာန်ကို ကြွတော်မူပါတယ်။ နိဗ္ဗာန်ဟာ ဘဝဆိုတာလည်းမရှိတော့သလို
ဝိဥာဏ်လည်း မရှိတော့ပါဘူး။ လက်တွေ့ကျကျ ဥပမာတစ်ခုပြောရရင်
မင်းအခုသေသွားမယ်။ သေသွားရင် မင်းရဲ့အသက်ရှင်စဉ်ပြုခဲ့သမျှ
ကောင်းမှု မကောင်းမှုကံတွေရဲ့ အကျိုးပေးနဲ့ နောက်ဘဝတစ်ခုမှာ
ပြန်ဖြတ်သန်းရမယ်။ ဆိုတော့၊ မင်းဟာ ဖယောင်းရော မီးစာပါမကုန်သေးတဲ့
ဖယောင်းတိုင်နဲ့တူတယ်။ ဖယောင်းကတော့ မင်းရဲ့ခန္ဓာကိုယ်နဲ့တူတယ်။ မီးစာကတော့
မင်းရဲ့စိတ်ပေါ့။ လောင်နေတဲ့မီးဟာ မင်းရဲ့အိုခြင်း နာခြင်း သေခြင်းတွေနဲ့
တူတယ်။
ဒီတော့ မင်းဟာ သံသရာမှာ တစ်ဘဝပြီးတစ်ဘဝပြောင်းရင်း မငြိမ်းနိုင်ဖယောင်းတိုင်မီးနဲ့ တူတယ်။ ဘဝဆက်တိုင်း အလောင်ခံနေရတယ်။ ဒါပေမယ့် ဗုဒ္ဓဟာ စောစောက မင်းကိုငါပြောခဲ့တဲ့ ပါရမီတော်တွေကို ဖြည့်ဆည်းခဲ့တဲ့အတွက်ကြောင့် 
နောက်ဆုံးမှာ ဗုဒ္ဓအဖြစ် ဖြစ်တော်မူပြီး ဖယောင်းလည်းကုန်၊ မီးစာလည်းမရှိ၊
မီးလဲငြိမ်းသွားတဲ့ နိဗ္ဗာန်ဆိုတာကို ကြွတော်မူတာပဲ။ ဆိုလိုချင်တာက ဗုဒ္ဓဟာ
ဗုဒ္ဓဖြစ်မယ့်ဘဝမှာပဲ ရုပ်နာမ်ကိုနောက်ဆုံးအနေနဲ့ ရတော်မူတယ်။ အဲဒီနောက် နောက်ဘဝဆိုတာလဲ မရှိတော့ဘူး။ နောက်ထပ်လည်း အိုစရာ နာစရာ သေစရာတွေ မလိုတော့ဘူး။ အဲဒါဟာ နိဗ္ဗာန်ပါပဲ။
ကျွန်တော်။ ။ ငါပြောတာကို မင်းလက်ခံရဲ့လား။ သေချာစဉ်းစားပြီးမှ လက်ခံပါ။ ငါပြောသမျှကိုလည်း မယုံပါနဲ့။ ကိုယ့်ဥာဏ်နဲ့ကိုယ် သုံးသပ်ကြည့်ပါ။ ပြီးမှ လက်ခံသင့် မခံသင့်ကို ဆင်ခြင်ပါ။
ဂျော့ရှ်။ ။ ဟုတ်ကဲ့။ ငါ စဉ်းစားနေပါတယ်။ တကယ်ပဲ လက်ခံနိုင်ပါတယ်။
ဂျော့ရှ်။ ။ ဗုဒ္ဓလိုပဲ ငါတို့တတွေဟာ အဲဒီနိဗ္ဗာန်ကို သွားလို့ရသလား။ ဗုဒ္ဓလိုပဲ အလုပ်လုပ်ရမှာလား။
ကျွန်တော်။ ။ ဗုဒ္ဓရဲ့ နိဗ္ဗာန်ကို ဗုဒ္ဓရဲ့တပည့်တွေ၊ ဗုဒ္ဓဘာသာဝင်တွေ အားလုံးသွားလို့ရပါတယ်။ ဗုဒ္ဓဟာ နိဗ္ဗာန်သွားဖို့အတွက် သူကိုယ်တိုင်လဲ ကျင့်ကြံခဲ့ပြီးဖြစ်ပါတယ်။ အဲဒီကျင့်စဉ်တွေကိုလည်း သူရဲ့တပည့်တွေကို ညွှန်ပြဟောထားခဲ့ပါတယ်။ ဒီတော့ မင်းဟာ အဲဒီနိဗ္ဗာန်ကိုသွားချင် ရချင်တယ်ဆိုရင် ဗုဒ္ဓရဲ့အဆုံးအမကို နာယူကျင့်သုံးရပါမယ်။ ဗုဒ္ဓနီးနီးတော့ အလုပ်လုပ်စရာ မလိုပါဘူး။ အဓိကက ဗုဒ္ဓကိုသက်ဝင်ယုံကြည်ပြီး ဗုဒ္ဓဟောခဲ့တဲ့ နည်းတွေကို ကျင့်သုံးရုံပါပဲ။
ဂျော့ရှ်။ ။ ဘာတွေကျင့်ရမလဲ။
ကျွန်တော်။ ။ စောစောက ငါမင်းကို ဘဝတွေတစ်ခုပြီးတစ်ခုပြောင်း ရာမှာ ကံဆိုတဲ့စကားပြောခဲ့တယ်နော် ။
အဲဒီကံတွေမှာ ကာယကံလို့ခေါ်တဲ့ ကိုယ်နဲ့ပြုတဲ့၊ ဝစီကံလို့ခေါ်တဲ့
နှုတ်နဲ့ပြုတဲ့ကံ၊ မနောကံလို့ခေါ်တဲ့ စိတ်နဲ့ပြုတဲ့ကံဆိုပြီး
ကံသုံးပါးရှိပါတယ်။
ကာယကံနဲ့ မကောင်းတာတွေ မလုပ်ရဘူး။ သူ့အသက်သတ်တာ။ သူ့ဥစ္စာကို ခိုးတာ။ သူများသားမယားကို အဓမ္မကျင့်တာ။ အရက်သေစာသောက်တာ။ နောက်၊ ဝစီကံနဲ့ မကောင်းတာတွေ မလုပ်ရဘူး။ ရိုင်းရိုင်းစိုင်းစိုင်ြးေ ပာဆိုတာ။ လိမ်လည်ပြောဆိုတာ။ အတင်းအဖျင်းပြောတာ စတဲ့ ပါးစပ်နဲ့မကောင်းတာပြောဆိုတာကို
မလုပ်ရဘူး။ မနောကံ။ ဒီကံဟာ ကြောက်စရာသိပ်ကောင်းတယ်။ ကာယကံ ဝစီကံနဲ့
လုပ်လုပ်သမျှ မကောင်းမှုတွေကို ဒီမနောကံလို့ခေါ်တဲ့ စိတ်ရဲ့အပြုအမူဟာ
အားလုံးကို စိတ်နဲ့ပြုလုပ်နိုင်စွမ်းရှိတယ်။ ဒီတော့ စိတ်နဲ့ ဘယ်မကောင်းမှုကိုမဆို မလုပ်ရဘူး။
ဂျော့ရှ်။ ။ ခဏ။ စောစောက ပြောတဲ့ စိတ်နဲ့လုပ်လို့ရတဲ့ကံကရော ကိုယ်တွေ နှုတ်တွေနဲ့ လုပ်လိုက်တာနဲ့ မတူဘူးလေ။ ဒီတော့ ထိရောက်မှုမရှိဘူးဘူးလို့ မြင်တယ်။ စိတ်နဲ့လုပ်လိုက်တာဟာ ဘယ်သူမှလည်း မြင်တာမဟုတ်ဘူး။ သူက အပြစ်ဖြစ်ပါ့မလား။
ကျွန်တော်။ ။ သိပ်ဖြစ်တာပေါ့။ မင်းမှာ စိတ်နဲ့ခန္ဓာပဲရှိတာ။ ခန္ဓာကိုယ်က ဘာမှမလုပ်နိုင်တဲ့အချိန် သေခါနီး ဘဝပြောင်းခါနီးမှာ မင်းရဲ့စိတ်အာရုံကနေပဲ ဘဝတစ်လျှောက် ပြုခဲ့သမျှ ကောင်းမှု မကောင်းမှုတွေကို အာရုံပြုလိမ့်မယ်။ အဲဒီမှာ စိတ်ရဲ့အရေးပါအရာရောက်ပုံကို
မင်းတွေ့ရလိမ့်မယ်။ ဆိုတော့- စိတ်နဲ့ပြစ်မှားတာဟာလဲ အပြစ်ဖြစ်တာပါပဲ။
ဘယ်သူမှ မမြင်ရ မတွေ့ရပေမယ့် မင်းကတော့ မြင်နေ တွေ့နေတယ်မဟုတ်လား။
ဒါကြောင့် မင်းကိုယ်မင်း ဖုံးကွယ်လို့မရဘူး။
ဂျော့ရှ်။ ။ ဟုတ်တယ်။ မှန်တယ်။
ဂျော့ရှ်။ ။ ဗုဒ္ဓအပြင် အခြားဗုဒ္ဓလိုပဲ ကိုးကွယ်ရမည့်သူတွေ ရှိသေးလား။ ရှိရင် သိချင်ပါတယ်။
ကျွန်တော်။ ။ ရှိတာပေါ့။ ဗုဒ္ဓလိုပဲ ဗုဒ္ဓဟောခဲ့တဲ့ တရားဓမ္မတွကို ကိုးကွယ်နိုင်တယ်။ ဗုဒ္ဓရဲ့တပည့်သာဝက ရဟန်းသံဃာတွေကို ကိုးကွယ်နိုင်တယ်။ ရဟန်းသံဃာဆိုတာက မင်းတို့ ခရစ်ယာန်မှာ ပုပ်ရဟန်းကြီးနဲ့ တရားဟောဆရာတွေလိုပေါ့။ နောက်ပြီး အဖေ အမေ (မိဘ)နဲ့ ဆရာသမားတွေကိုပါ ကိုယ်းကွယ်နိုင်တယ်။ ငါးမျိုးပေါ့။ ဗုဒ္ဓ၊ ဗုဒ္ဓဟောခဲ့တဲ့တရား၊ ဗုဒ္ဓရဲ့ တပည့်သာဝကရဟန်း၊ မိဘ၊ ဆရာ။
ဂျော့ရှ်။ ။ ဗုဒ္ဓဘာသာမှာ ဗုဒ္ဓနဲ့မိဘကို ဘာ့ကြောင့် အတူထားပြီး ကိုးကွယ်ကြသလဲ။
ကျွန်တော်။ ။မင်းမှာ ငွေကြေးဘယ်လောက်ပဲ ချမ်းသာနေပါစေ၊ မင်းရဲ့အဖေနဲ့အမေကို ဝယ်လို့မရပါဘူး။ အဖေနဲ့အမေ သေသွားရင် နောက်ထပ်ပြုစုချင်လို့ဆိုပြီး အဖေနဲ့အမေကို အသစ်ဝယ်လို့ မရဘူး။ သူတို့က ကိုယ့်ကိုယ်လူဖြစ်လာအောင် မွေးပေးလိုက်တဲ့အတွက်ကြောင့်  မင်းဟာ မင်းယုံကြည်တဲ့ ယေရှုဆိုတာကို မင်းကြုံရတာ။ အဲဒီကျေးဇူးဟာ ကြီးကျယ်မြင့်မြတ်တယ်။
မင်းတို့ကိုးကွယ်နေတဲ့ ယေရှုဘုရားသခင်ကို အခြားလူတစ်ယောက်နဲ့ အစားထိုးမရသလိုပေါ့။ ဒါကြောင့် ဗုဒ္ဓဘာသာမှာ ဗုဒ္ဓနဲ့မိဘကို တပြေးညီတည်းထားပြီး သတ်မှတ်တယ်။ ဒါကို မင်းလက်ခံရဲ့လား။
ဂျော့ရှ်။ ။ ဟုတ်ကဲ့။ လက်ခံပါတယ်။
ကျွန်တော်။ ။ တစ်ခြား ဘာမေးစရာ ရှိသေးလဲ။
ဂျော့ရှ်။ ။ ဗုဒ္ဓကို ငါကိုးကွယ်ချင်ရင် ဘာတွေလုပ်ရမလဲ။
ကျွန်တော်။ ။ ဘာမှအထူးလုပ်စရာ မလိုပါဘူး။ ဗုဒ္ဓကို ရည်မှန်းပြီး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဗုဒ္ဓကို ကိုးကွယ်ရာအဖြစ် ဆည်းကပ်ပါ၏။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ ဗုဒ္ဓဟောခဲ့တဲ့ တရားဓမ္မများကို ကိုးကွယ်အဖြစ် ဆည်းကပ်ပါ၏။ သံဃံ သရဏံ ဂစ္ဆာမိ။ ဗုဒ္ဓရဲ့ တပည့်သာဝက ရဟန်းသံဃာတော်များကို ကိုးကွယ်ရာအဖြစ် ဆည်းကပ်ပါ၏လို့ ရည်မှန်းပူဇော်ရုံနဲ့တင် ဗုဒ္ဓဘာသာဝင်ဖြစ်နိုင်ပါတယ်။ အရမ်းလွယ်ပါတယ်။ ဟိုဖြတ် သည်ဖြတ် ဖြတ်စရာလည်း မလိုပါဘူး။
အဲလိုမှမဟုတ်ပဲ ဗုဒ္ဓရဲ့တပည့်သာဝကရဟန်းအဖြစ်
ခံယူချင်တယ်ဆိုရင်တော့ မင်းရဲ့ဆံပင်တွေ ဖြတ်ပစ်ရပါမယ်။ သာမာန်လူလို
အဝတ်အစားတွေကို ပယ်ရပါမယ်။ မင်းမြင်ဖူးမှာပါ။ မြန်မာပြည်က ရဟန်းသံဃာတွေမှာ
ဆံပယ်တွေ ဖြတ်ထားတာ။ အဝတ်အစားတွေကအစ လူနဲ့တူပါဘူး။ ထူးခြားမြင့်မြတ်ပြီး
အလိုနည်းတဲ့ အသွင်ဆောင်ပါတယ်။
သားမယားအတွက်ဆိုပြီး စီးပွားရေးလုပ်စရာမလိုဘူး။ သူတို့မှာ သားတွေမယားတွေလဲ မရှိဘူး။ ဗုဒ္ဓကိုယ်တော်တိုင်က သူ့မိန်းမနဲ့ သားလေးတစ်ယောက်ကို ထားခဲ့တာ မဟုတ်လား။ လိုချင်မှုဆိုတာကိုပယ်ပြီး သံသရာကလွတ်အောင် နိဗ္ဗာန်ရအောင်အတွက် လောဘ ဒေါသ မောဟတွေကို ပယ်ရတယ်။ ငါပြောတာကို မင်းနားလည်လား။ မင်းလိုချင်တဲ့အဖြေ ဖြစ်နိုင်ရဲ့လား။
ဂျော့ရှ်။ ။ နားလည်ပါတယ်။ ငါလိုချင်တဲ့အဖြေပါပဲ။
ကျွန်တော်။ ။အေးတကယ်လို့ မင်းသက်ဝင်ယုံကြည်လို့ ရဟန်းဝတ်ချင်တယ်ဆိုရင် ငါကူညီပေးမယ်။
(ကျွန်တော် ဒီလိုပြောတော့ ဂျော့ရှ်က ရယ်နေပါတယ်။)
ဂျော့ရှ်။ ။ ဗုဒ္ဓဘာသာဝင်အဖြစ်ကို လိုချင်ပါတယ်။ ငါ့အနေနဲ့ အမြန်ဆုံး ဗုဒ္ဓဘာဝင်ဖြစ်အောင်ကြိုးစား ပါ့မယ်။ မင်းအခုလို စိတ်ရှည်လက်ရှည် ပြောပြပေးတာကို တကယ်ပဲ ကျေးဇူးအများကြီးတင်ပါတယ်။
ကျွန်တော်။ ။ အေး.. ငါလည်း မင်းအခုလို လာမေးတာ ဝမ်းသာပါတယ်။ နောက်ထပ် သိချင်တာတွေရှိလည်း မေးပါ။
ဂျော့ရှ်။ ။ လုံလောက်ပါပြီ။ အခုလောလောဆယ် ဘာမှ မေးစရာမရှိတော့ပါဘူး။ အချိန်လည်း နောက်ကျနေပြီ။ မင်းလည်း ဒီရက်ကလေးပဲ နားရတာ။ လာနှောင့်ယှက်သလိုများ ဖြစ်သွားရင် တောင်းပန်ပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ငါလည်း ပြန်လိုက်ပါဦးမယ်။ မင်းပြောခဲ့တာတွေကို သေချာမှတ်ထားပါတယ်။ ပြန်ခွင့်ပြုပါဦး။
ကျွန်တော်။ ။ ကောင်းပါပြီဂျော့ရှ်။
ဂျော့ရှ်ကတော့ သူသိလိုသမျှတွေမေးပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်သွားပါတယ်။
ဘာပဲပြောပြော ကျွန်တော်ဟာ ထေရဝါဒဗုဒ္ဓဘာသာဝင်ဖြစ်နေလို့  ကိုယ့်ကိုယ်ကို အရမ်းဂုဏ်ယူပါတယ်။
မေတ္တာဖြင့်
မင်းကြည်ညို
၂၂ ၊ ၉ ၊ ၁၃
—
(19-9-2013)
ဒီနေ့ တနင်္ဂနွေနေ့မနက်မှာတော့ ဂျော့ရှ်ဟာ ကျွန်တော့်အိမ်ကလေးကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတယ်။ ကျွန်တော်က လစ်တန်တီးလေးနဲ့ပဲ သူ့ကိုကြိုဆိုလိုက်ပါတယ်။ ဂျော့ရှ်က ကျွန်တော့်ကို သူ့အတွက်အချိန်ပေးလို့ အရမ်းပဲကျေးဇူးတင်ပါတယ်လို့
ဂျော့ရှ်။ ။ဗုဒ္ဓဆိုတာ ဘယ်ကနေစဖြစ်တာပါလဲ။
ကျွန်တော်။ ။ တကယ်တော့ ကျွန်တော်တို့ကိုးကွယ်နေတဲ့
ဂျော့ရှ်။ ။ သူ့ရဲ့သမိုင်းအချို့ကို ပြောပြလို့ ဖြစ်မလား။ တကယ်လို့ လျှို့ဝှက်စရာမဟုတ်ဘူး ဆိုရင်ပေါ့။
ကျွန်တော်။ ။ ဗုဒ္ဓရဲ့သမိုင်းကို အားလုံးကပွင့်လင်းစွာနဲ့ သိခွင့်ရှိပါတယ်။ မလျှို့ဝှက်ပါဘူး။ သူ့သမိုင်းတင်မဟုတ်ဘူး။ သူဟောခဲ့တဲ့ တရားတော်တွေကိုလည်း လာပါ၊ ရှုပါ၊ ကျင့်ကြံပါလို့ ဖိတ်ခေါ်ထားပါတယ်။ ဗုဒ္ဓရဲ့သမိုင်းဟာ အရမ်းခမ်းနားတဲ့ သမိုင်းပါပဲ။ ဗုဒ္ဓဖြစ်လာမည့် အလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဘီစီ ၆၀၀ လောက်က ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနမင်းကြီး မယ်တော်မာယာတို့က မွေးဖွားပေးခဲ့တာပါ။ ( ဤနေရာ၌ ဂျော့ရှ်အား ဗုဒ္ဓဝင်သမိုင်းအကျဉ်းကို ပြောပြလိုက်သည်။ စာဖတ်သူများ ရှည်လျားနေမည်စိုးသောကြောင်
ဂျော့ရှ်က ခေါင်းတငြိမ့်ငြိမ့်နဲ့ နားထောင်ရင်း လိုက်မှတ်ပါတယ်။ ကျွန်တော်ဟာ ဂျော့ရှ်ကို ဗုဒ္ဓရဲ့သမိုင်းများအား ကိုယ့်ကိုယ်ကို ဆင်ခြင်ဥာဏ်နဲ့ ဆုံးဖြတ်တွေးတောကြည့်ဖို့ ပြောပါတယ်။ လက်ခံနိုင်မှ လက်ခံပါ။ ဝိဝေဒ ဖြစ်နေသေးရင် ထပ်မေးဖို့ပါ မေးခွန်းကို ကမ်းလှမ်းလိုက်ပါတယ်။
ဂျော့ရှ်။ ။ ဗုဒ္ဓရဲ့သမိုင်းဟာ ဒဏ္ဍာရီမဆန်ဘူး။ လက်တွေ့ဆန်တယ်။ အခုချိန်ထိ လက်မခံနိုင်စရာအကြောင်း ဘာမှမရှိသေးဘူး။ နားလည်ပါတယ်လို့ ပြန်ပြောပါတယ်။ ဒါပေမယ့် မေးစရာရှိပါတယ်။ ဗုဒ္ဓဟာ မိန်းမနဲ့မွေးကင်းစသားလေးကိ
ကျွန်တော်။ ။အေး..ဒီကိစ္စကို ပြောပြမယ်။ သေချာမှတ်ထား။ ဗုဒ္ဓဟာ မင်းတို့ငါတို့ကိုငဲ့ပြီး သံသရာဆိုတဲ့ ရထားကြီးထဲမှာ တစ်ဘူတာပြီးတစ်ဘူတာ လည်နေကြတာကို ကယ်တင်ချင်လွန်းလွန်းလို့ သူ့မိန်းမနဲ့ သူ့သားလေးကိုထားခဲ့ရတာ။ တကယ်လို့သာ သူဟာ တောမထွက်ပဲနဲ့ နန်းတော်ထဲမှာပဲ နေလိုက်မယ်ဆိုရင် မင်းတို့ငါတို့ဟာ အခုအချိန်အထိ အမြင်မှန်ကို ရကြမှာ မဟုတ်ဘူး။ ဒါကြောင့် သူဟာ သားနဲ့မယားကို ထားခဲ့ရတာပေါ့။ မသနားလို့ မဟုတ်ပါဘူး။ တစ်ကိုယ်ကောင်းဆန်တာလည်း မဟုတ်ပါဘူး။ သူနဲ့ဘာမှမဆိုင်တဲ့ သတ္တဝါတွေကိုတောင် ငဲ့ညှာသနားသေးတာ သူမိန်းမနဲ့သူ့သားပဲ ဘယ်မှာ မသနားပဲနေပါ့မလဲ။
ဂျော့ရှ်။ ။ ဟုတ်ပြီ။ ဒါဆို ဗုဒ္ဓလို့ ဘာကြောင့်ခေါ်ပါသလဲ။
ကျွန်တော်။ ။ အရာခပ်သိမ်းကို မှန်ကန်စွာ သိမြင်တော်မူလို့ ဗုဒ္ဓခေါ်ပါတယ်။
ဂျော့ရှ်။ ။ မင်းပြောသွားတဲ့ ဗုဒ္ဓရဲ့သမိုင်းမှာ ဗုဒ္ဓကြွတော်မူရာနိဗ္ဗာန်ဆိုတ
ကျွန်တော်။ ။ အင်း..။ ဒီနေ့အချိန်ထိ နိဗ္ဗာန်ဆိုတာကို မင်းတို့လိုဘာသာခြားတွေမပြေ
ဒီတော့ မင်းဟာ သံသရာမှာ တစ်ဘဝပြီးတစ်ဘဝပြောင်းရင်း မငြိမ်းနိုင်ဖယောင်းတိုင်မီ
ကျွန်တော်။ ။ ငါပြောတာကို မင်းလက်ခံရဲ့လား။ သေချာစဉ်းစားပြီးမှ လက်ခံပါ။ ငါပြောသမျှကိုလည်း မယုံပါနဲ့။ ကိုယ့်ဥာဏ်နဲ့ကိုယ် သုံးသပ်ကြည့်ပါ။ ပြီးမှ လက်ခံသင့် မခံသင့်ကို ဆင်ခြင်ပါ။
ဂျော့ရှ်။ ။ ဟုတ်ကဲ့။ ငါ စဉ်းစားနေပါတယ်။ တကယ်ပဲ လက်ခံနိုင်ပါတယ်။
ဂျော့ရှ်။ ။ ဗုဒ္ဓလိုပဲ ငါတို့တတွေဟာ အဲဒီနိဗ္ဗာန်ကို သွားလို့ရသလား။ ဗုဒ္ဓလိုပဲ အလုပ်လုပ်ရမှာလား။
ကျွန်တော်။ ။ ဗုဒ္ဓရဲ့ နိဗ္ဗာန်ကို ဗုဒ္ဓရဲ့တပည့်တွေ၊ ဗုဒ္ဓဘာသာဝင်တွေ အားလုံးသွားလို့ရပါတယ်။ ဗုဒ္ဓဟာ နိဗ္ဗာန်သွားဖို့အတွက် သူကိုယ်တိုင်လဲ ကျင့်ကြံခဲ့ပြီးဖြစ်ပါတယ်။ အဲဒီကျင့်စဉ်တွေကိုလည်း သူရဲ့တပည့်တွေကို ညွှန်ပြဟောထားခဲ့ပါတယ်။ ဒီတော့ မင်းဟာ အဲဒီနိဗ္ဗာန်ကိုသွားချင် ရချင်တယ်ဆိုရင် ဗုဒ္ဓရဲ့အဆုံးအမကို နာယူကျင့်သုံးရပါမယ်။ ဗုဒ္ဓနီးနီးတော့ အလုပ်လုပ်စရာ မလိုပါဘူး။ အဓိကက ဗုဒ္ဓကိုသက်ဝင်ယုံကြည်ပြီး ဗုဒ္ဓဟောခဲ့တဲ့ နည်းတွေကို ကျင့်သုံးရုံပါပဲ။
ဂျော့ရှ်။ ။ ဘာတွေကျင့်ရမလဲ။
ကျွန်တော်။ ။ စောစောက ငါမင်းကို ဘဝတွေတစ်ခုပြီးတစ်ခုပြောင်း
ကာယကံနဲ့ မကောင်းတာတွေ မလုပ်ရဘူး။ သူ့အသက်သတ်တာ။ သူ့ဥစ္စာကို ခိုးတာ။ သူများသားမယားကို အဓမ္မကျင့်တာ။ အရက်သေစာသောက်တာ။ နောက်၊ ဝစီကံနဲ့ မကောင်းတာတွေ မလုပ်ရဘူး။ ရိုင်းရိုင်းစိုင်းစိုင်ြးေ
ဂျော့ရှ်။ ။ ခဏ။ စောစောက ပြောတဲ့ စိတ်နဲ့လုပ်လို့ရတဲ့ကံကရော ကိုယ်တွေ နှုတ်တွေနဲ့ လုပ်လိုက်တာနဲ့ မတူဘူးလေ။ ဒီတော့ ထိရောက်မှုမရှိဘူးဘူးလို့ မြင်တယ်။ စိတ်နဲ့လုပ်လိုက်တာဟာ ဘယ်သူမှလည်း မြင်တာမဟုတ်ဘူး။ သူက အပြစ်ဖြစ်ပါ့မလား။
ကျွန်တော်။ ။ သိပ်ဖြစ်တာပေါ့။ မင်းမှာ စိတ်နဲ့ခန္ဓာပဲရှိတာ။ ခန္ဓာကိုယ်က ဘာမှမလုပ်နိုင်တဲ့အချိန် သေခါနီး ဘဝပြောင်းခါနီးမှာ မင်းရဲ့စိတ်အာရုံကနေပဲ ဘဝတစ်လျှောက် ပြုခဲ့သမျှ ကောင်းမှု မကောင်းမှုတွေကို အာရုံပြုလိမ့်မယ်။ အဲဒီမှာ စိတ်ရဲ့အရေးပါအရာရောက်ပုံကိ
ဂျော့ရှ်။ ။ ဟုတ်တယ်။ မှန်တယ်။
ဂျော့ရှ်။ ။ ဗုဒ္ဓအပြင် အခြားဗုဒ္ဓလိုပဲ ကိုးကွယ်ရမည့်သူတွေ ရှိသေးလား။ ရှိရင် သိချင်ပါတယ်။
ကျွန်တော်။ ။ ရှိတာပေါ့။ ဗုဒ္ဓလိုပဲ ဗုဒ္ဓဟောခဲ့တဲ့ တရားဓမ္မတွကို ကိုးကွယ်နိုင်တယ်။ ဗုဒ္ဓရဲ့တပည့်သာဝက ရဟန်းသံဃာတွေကို ကိုးကွယ်နိုင်တယ်။ ရဟန်းသံဃာဆိုတာက မင်းတို့ ခရစ်ယာန်မှာ ပုပ်ရဟန်းကြီးနဲ့ တရားဟောဆရာတွေလိုပေါ့။ နောက်ပြီး အဖေ အမေ (မိဘ)နဲ့ ဆရာသမားတွေကိုပါ ကိုယ်းကွယ်နိုင်တယ်။ ငါးမျိုးပေါ့။ ဗုဒ္ဓ၊ ဗုဒ္ဓဟောခဲ့တဲ့တရား၊ ဗုဒ္ဓရဲ့ တပည့်သာဝကရဟန်း၊ မိဘ၊ ဆရာ။
ဂျော့ရှ်။ ။ ဗုဒ္ဓဘာသာမှာ ဗုဒ္ဓနဲ့မိဘကို ဘာ့ကြောင့် အတူထားပြီး ကိုးကွယ်ကြသလဲ။
ကျွန်တော်။ ။မင်းမှာ ငွေကြေးဘယ်လောက်ပဲ ချမ်းသာနေပါစေ၊ မင်းရဲ့အဖေနဲ့အမေကို ဝယ်လို့မရပါဘူး။ အဖေနဲ့အမေ သေသွားရင် နောက်ထပ်ပြုစုချင်လို့ဆိုပြ
မင်းတို့ကိုးကွယ်နေတဲ့ ယေရှုဘုရားသခင်ကို အခြားလူတစ်ယောက်နဲ့ အစားထိုးမရသလိုပေါ့။ ဒါကြောင့် ဗုဒ္ဓဘာသာမှာ ဗုဒ္ဓနဲ့မိဘကို တပြေးညီတည်းထားပြီး သတ်မှတ်တယ်။ ဒါကို မင်းလက်ခံရဲ့လား။
ဂျော့ရှ်။ ။ ဟုတ်ကဲ့။ လက်ခံပါတယ်။
ကျွန်တော်။ ။ တစ်ခြား ဘာမေးစရာ ရှိသေးလဲ။
ဂျော့ရှ်။ ။ ဗုဒ္ဓကို ငါကိုးကွယ်ချင်ရင် ဘာတွေလုပ်ရမလဲ။
ကျွန်တော်။ ။ ဘာမှအထူးလုပ်စရာ မလိုပါဘူး။ ဗုဒ္ဓကို ရည်မှန်းပြီး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဗုဒ္ဓကို ကိုးကွယ်ရာအဖြစ် ဆည်းကပ်ပါ၏။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ ဗုဒ္ဓဟောခဲ့တဲ့ တရားဓမ္မများကို ကိုးကွယ်အဖြစ် ဆည်းကပ်ပါ၏။ သံဃံ သရဏံ ဂစ္ဆာမိ။ ဗုဒ္ဓရဲ့ တပည့်သာဝက ရဟန်းသံဃာတော်များကို ကိုးကွယ်ရာအဖြစ် ဆည်းကပ်ပါ၏လို့ ရည်မှန်းပူဇော်ရုံနဲ့တင် ဗုဒ္ဓဘာသာဝင်ဖြစ်နိုင်ပါတယ်။
အဲလိုမှမဟုတ်ပဲ ဗုဒ္ဓရဲ့တပည့်သာဝကရဟန်းအဖြစ်
သားမယားအတွက်ဆိုပြီး စီးပွားရေးလုပ်စရာမလိုဘူး။ သူတို့မှာ သားတွေမယားတွေလဲ မရှိဘူး။ ဗုဒ္ဓကိုယ်တော်တိုင်က သူ့မိန်းမနဲ့ သားလေးတစ်ယောက်ကို ထားခဲ့တာ မဟုတ်လား။ လိုချင်မှုဆိုတာကိုပယ်ပြီး သံသရာကလွတ်အောင် နိဗ္ဗာန်ရအောင်အတွက် လောဘ ဒေါသ မောဟတွေကို ပယ်ရတယ်။ ငါပြောတာကို မင်းနားလည်လား။ မင်းလိုချင်တဲ့အဖြေ ဖြစ်နိုင်ရဲ့လား။
ဂျော့ရှ်။ ။ နားလည်ပါတယ်။ ငါလိုချင်တဲ့အဖြေပါပဲ။
ကျွန်တော်။ ။အေးတကယ်လို့ မင်းသက်ဝင်ယုံကြည်လို့ ရဟန်းဝတ်ချင်တယ်ဆိုရင် ငါကူညီပေးမယ်။
(ကျွန်တော် ဒီလိုပြောတော့ ဂျော့ရှ်က ရယ်နေပါတယ်။)
ဂျော့ရှ်။ ။ ဗုဒ္ဓဘာသာဝင်အဖြစ်ကို လိုချင်ပါတယ်။ ငါ့အနေနဲ့ အမြန်ဆုံး ဗုဒ္ဓဘာဝင်ဖြစ်အောင်ကြိုးစား
ကျွန်တော်။ ။ အေး.. ငါလည်း မင်းအခုလို လာမေးတာ ဝမ်းသာပါတယ်။ နောက်ထပ် သိချင်တာတွေရှိလည်း မေးပါ။
ဂျော့ရှ်။ ။ လုံလောက်ပါပြီ။ အခုလောလောဆယ် ဘာမှ မေးစရာမရှိတော့ပါဘူး။ အချိန်လည်း နောက်ကျနေပြီ။ မင်းလည်း ဒီရက်ကလေးပဲ နားရတာ။ လာနှောင့်ယှက်သလိုများ ဖြစ်သွားရင် တောင်းပန်ပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ငါလည်း ပြန်လိုက်ပါဦးမယ်။ မင်းပြောခဲ့တာတွေကို သေချာမှတ်ထားပါတယ်။ ပြန်ခွင့်ပြုပါဦး။
ကျွန်တော်။ ။ ကောင်းပါပြီဂျော့ရှ်။
ဂျော့ရှ်ကတော့ သူသိလိုသမျှတွေမေးပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်သွားပါတယ်။
ဘာပဲပြောပြော ကျွန်တော်ဟာ ထေရဝါဒဗုဒ္ဓဘာသာဝင်ဖြစ်နေလို
မေတ္တာဖြင့်
မင်းကြည်ညို
၂၂ ၊ ၉ ၊ ၁၃
0 comments:
Post a Comment