Sunday, September 15, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၉)

သစ်ထူးလွင်



Posted: 15 Sep 2013 02:10 AM PDT

မန္တ လေးမြို့ မန်းမြန်မာဈေးချိုပလာ ဇာတွင် ကာလတန်ဖိုးငွေ ကျပ် သိန်း ၃၀၀ဝကျော်ဖိုး စိတ်ကြွရူး သွပ်ဆေးပြားများ စက်တင်ဘာ ၉ရက် ညနေ ၄နာရီက ဖမ်းဆီး ရမိကြောင်း သိရသည်။
ချမ်းအေးသာဇံမြို့နယ် ၂၇* ၂၈ လမ်းကြား၊ ၈၄*၈၅ လမ်း ကြားရှိ မန်းမြန်မာဈေးချိုပလာ ဇာမှာ မန္တလေးဈေးချိုတော်ကြီး ၏ အစိတ်အပိုင်းတစ်ခုဖြစ်သဖြင့် နေ့စဉ်ဈေးရောင်းဈေးဝယ်သူ များဖြင့် စည်ကားသည့်ဈေးကြီး ဖြစ်သည်။ ဈေးချိုပလာဇာရှိ ဝမ် ဝမ်(၂)အထည်ဆိုင်သို့ ပြည်ကြီး တံခွန်မြို့နယ် မူးယစ်ဆက်စပ် သတင်းအရ မန္တလေးတောင်ပိုင်း မူးယစ်(အထူး)အဖွဲ့မှ ဒုရဲအုပ်ချန် ထွန်း ဦးဆောင်သောပူးပေါင်း အဖွဲ့က ဝင်ရောက်ရှာဖွေရာ စိတ် ကြွဆေးပြား ၆၆၀၀၀ အလေး ချိန် ၆ဒသမ၆ကီလိုဂရမ်ခန့် တွေ့ ရှိဖမ်းဆီးရမိကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 15 Sep 2013 02:03 AM PDT

နေပြည်တော်၊ စက်တင်ဘာ ၁၄

၁၃-၉-၂၀၁၃ ရက်နေ့ ၀၃၃၀ အချိန် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဦးသန်းထွန်း(၄၇)နှစ်ပိုင် ““FOCUS””လက်ဖက်ရည်ဆိုင်တွင် မီးဖိုမီးမွှေးရာမှ အနီးရှိဂက်စ်အိုးသို့ မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှတပ်ဖွဲ
့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များ ၀ိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ၀၅၀၀အချိန် မီးညွန့်ကျိုးသွားပြီး ၀၅၃၀ အချိန် မီးငြိမ်းသွားခဲ့သည်။ မီးလောင်ကျွမ်းမှုကြောင့် တိုက်ခံ၊ ပျဉ်ကာ၊ သွပ်မိုး နှစ်ထပ်အိမ်(၁)လုံး၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး နှစ်ထပ်အိမ်(၅)လုံး၊ စုစုပေါင်းနေအိမ်(၆)လုံး၊ တန်ဘိုးငွေကျပ်(၁၃၅၀၀၀၀ိ/-) ဆုံးရှုံးခဲ့ပြီး လက်ဖက်ရည်ဆိုင်အလုပ်သမားများဖြစ်သော ဖျာပုံမြို့နယ်၊ အမာမြို့နယ်ခွဲ၊ ဇီးကုန်းတောင် ရွာနေ သန်းကျော်(၁၆)နှစ်နှင့် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နေ အောင်ကိုမင်း(၂၅)နှစ် တို့သေဆုံးခဲ့သောကြောင့် ကျိုက်လတ်ဆေးရုံသို့ပို့ဆောင်ကာ ဦးသန်းထွန်းအား ကျိုက်လတ်မြို့မ ရဲစခန်း(ပ)၇၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်


Posted: 15 Sep 2013 02:01 AM PDT

နေပြည်တော်၊ စက်တင်ဘာ ၁၅

၁၄-၉-၂၀၁၃ ရက်နေ့ ၁၁၅၀ အချိန် နေပြည်တော်ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၀၀/၃-၄)ကြားတွ
င် ရန်ကုန်မှနေပြည်တော်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်း မြို့နယ်နေ အောင်မျိုး(၃၆)နှစ်မောင်းနှင်လာသည့် ၂စ/xxxx ဖန်မလီယာဗင်အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်မြေသားလမ်းပေါ်ထိုးကျခဲ့ပြီး လမ်းနှင့်(၃၅)ပေအကွာရှိ ကွန်ကရစ် ဓါတ်တိုင်အားဝင်ရောက်တိုက်မိခဲ့သည်။ ထိုသို့တိုက်မိမှုကြောင့် ယာဉ်မောင်းဖြစ်သူ အောင်မျိုးမှာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ဇနီးဖြစ်သူ မစန္ဒာအေး(၃၀)နှစ်တွင် နာကျင်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်မျိုးအား ပန်းတင်အမြန်လမ်းရဲစခန်း ယာဉ်(ပ)၂၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်


Posted: 15 Sep 2013 01:56 AM PDT

မြန်မာနိုင်ငံ တွင် ကင်ဆာရောဂါ ဖြစ်ပွား ခြင်းသည် အရောင်တင် ဆိုးဆေး အသုံးပြုသော အစားအစာ များ စားသုံးမှုကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင် က ပြောကြား ခဲ့ကြောင်း သိရသည်။ အဆိုပါ အရောင်တင် ဆိုးဆေး အသုံးပြု အစားအစာ များမှာ မျှစ် ၊ လက်ဖက် အစို ၊ အရောင်တင် ငရုတ်သီးမှုန့် ၊ ရောင်စုံ အအေး မျိုးစုံ ၊ ဂျယ်လီ ( ရောင်စုံ ) ၊ တရုတ်မှ လာသည့် မုန့်များ ၊ ပလတ်စတစ် ထုတ်ပိုး အစားအစာ များ ၊ ပိုးသတ်ဆေး ဖျန်းထားသော ဟင်းသီး ဟင်းရွက်များ ကြောင့် အသည်း နှင့် အစာအိမ် ကင်ဆာများ ဖြစ်ပွား ရလျက် ရှိကြောင်း ၄င်းက ပြောကြား ခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 15 Sep 2013 01:54 AM PDT


မြန်မာလူမျိုးများ နေ့စဉ်ဟင်းပွဲတွင် မပါမဖြစ် စားသုံးနေသော ငါးပိ (ရည်ကျို) များတွင် ဓာတ်မြေသြဇာ ပါဝင်နေကြောင်း စားသုံးသူ ကာကွယ်ရေး အသင်းက ပြောကြားပြီးနောက်ပိုင်း လူအများစု ငါးပိ မစားသုံးရဲအောင် ဖြစ်သည်အထိ ဂယက်ရိုက်ခဲ့သည်။ ယင်းကြောင့် ငါးပိဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေကို ပြည့်ပြည့်စုံစုံ သိရှိနိုင်စေရန် မြန်မာနိုင်ငံ ငါးပိငါးခြောက် လုပ်ငန်းရှင်များအသင်း (ယာယီ) နာယက ဦးမောင်မောင်သိန်းနှင့် ငါးပိတွင် ဓာတ်မြေသြဇာ ပါသည်ဟု သတင်းထုတ်ပြန်ခဲ့သော စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်တို့ကို တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါသည်။ ---

အင်တာဗျူး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 15 Sep 2013 01:50 AM PDT

Voice : ဧရာဝတီတိုင်းက ငါးပိလုပ်သူတွေက ငါးပိမှာ အရိုးမြန်မြန်ဆွေးဖို့ ဓာတ် မြေသြဇာတွေ ထည့်တယ်ဆိုပြီး စားသုံးသူ ကာကွယ်ရေးအသင်းကပြောတဲ့ အပေါ် ဘာများပြောချင်ပါသလဲ။ ငါးပိလုပ်တဲ့ အခြေအနေကို ပြောပြပေးပါဦး။

UMMT : ငါးပိလုပ်တဲ့ ငါးတွေက ဧရာဝတီတိုင်းဘက်က လာတယ်။ အဲဒီလို လာတဲ့နေရာမှာလည်း နှစ်မျိုးနှစ်စား ရှိတယ်။ ဧရာဝတီတိုင်းမှာက အင်းတွေပေါတော့ အစိုးရက လေလံပစ်တယ်။ အဲဒီတော့ လေလံပစ်တဲ့ အင်းတွေကို ဘယ်သူမှ ဝင်ဖမ်းလို့မရဘူး။ အင်းထဲက ငါးကို သူပဲပိုင်တယ်။ အင်းဖော်တဲ့အခါကျရင် ငါးတွေကို စံပြငါးဈေးကို တချို့ပို့တယ်။ မိတဲ့ငါးကများတော့ ဝယ်သူဈေးကွက် အနေအထားအရ အကုန်မရောင်းနိုင်ဘူး။ ဒီတော့ အရှင်တွေကို စံပြငါးဈေးပို့တယ်။ ငါးအသေတွေကို ဆားလူးပြီး ပီနံအိတ်ထဲ ထည့်တယ်။ ---

အင်တာဗျူး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 15 Sep 2013 01:46 AM PDT
ဗြိတိန်၊ ထိုင်း၊ ဟောင်ကောင်တို့မှ အထည်ချုပ်လုပ်ငန်း သုံးခုကို ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန်တွင် လက်ခစား (CMP) စနစ်ဖြင့် ဆောင်ရွက်လုပ်ကိုင်ရန် စက်တင်ဘာလ ၁၁ ရက်နေ့က လုပ်ငန်းလုပ်ကိုင်ခွင့် ချထားပေးခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ထံမှ သိရှိရသည်။ ထိုင်းနှင့်မြန်မာ ဖက်စပ်နိုင်ငံခြား ရင်နှီးမြှုပ်နှံမှုဖြင့် အထည်ချုပ်လုပ်ငန်း လုပ်ကိုင်မည့် Sun Apparel Myanmar Co.,Ltd. သည် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အတွင်းရှိ လှိုင်သာယာ စက်မှုဇုန် (၅) တွင် လက်ခစားစနစ်(CMP) ဖြင့် လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 15 Sep 2013 01:41 AM PDT

ဂန့်ဂေါမြို့ စည်ပင်ဌာန မှ ဂန့်ဂေါ မြို့ပေါ် ရပ်ကွက်များသို့ ရေပေးဝေ နေသည့် ရေစက်ကြီး သည် စက်တင်ဘာလ ၁၃ ရက် ညပိုင်းက မြစ်သာမြစ်ရေ နှင့်အတူ မျောပါ သွားကြောင်း သိရသည်။ မြစ်သာမြစ်ရေ သည် ဂန့်ဂေါမြို့ ပေါ်တွင် ထူးခြားစွာ မိုးရွာသွန်းမှု မရှိခဲ့ သော်လည်း ဂန့်ဂေါမြို့ အထက်ပိုင်းတွင် မိုးရွာသွန်းမှု များခြင်းကြောင့် အဆိုပါ ရက်ပိုင်း အတွင်း မြစ်သာမြစ်ရေ တက်နေသည် ဟု သိရသည်။
---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 15 Sep 2013 01:37 AM PDT

၂ဝ၁၃ ခုနှစ် ၊ စက်တင်ဘာ ၁၄ ရက် ညနေ ၄ နာရီ အချိန်ခန့် တွင် အမျိုးသား ၂ ဦးမှ သေနတ် အတိုဖြင့် ပစ်ခတ်မှု ကြောင့် ဦးစိုင်းစိုင်း နှင့် သမီးဖြစ်သူ နန်းဟောင်ဖောင်း (ခ) လုံးလုံး အား ဒဏ်ရာများ ရရှိ၍ ဆေးရုံးသို့ ဆေး ကုသမှုခံ ယူနေကြောင်း သိရသည်။ ဖြစ်စဉ်မှာ မယ်ခေါင်ရပ်ကွက် ၊ ၁/၈၆ ၊  ၁ လမ်း ၊ တာချီလိတ်မြို့ နေ အရှေ့ မိုးသောက်ကြယ် မိသားစု ကုမ္ပဏီ ပိုင်ရှင် ဦးစိုင်းစိုင်း ယာဉ်မောင်း သည် ၄င်း၏ ဇနီးဖြစ်သူ မနန်းခမ်းတစ်လုံ ၊ အိမ်အကူ မချိုစန်း တို့ လိုက်ပါ လာသော ၆ဂ/ VIGO CHAMP အဖြူရောင် မော်တော်ယာဉ် သည် သမီးဖြစ်သူ မနန်းဟောင်ဖောင်း (ခ) လုံးလုံး ( ၄/၂ဝ၁၃ ) နှစ်အား မူကြိုကျောင်း မှ ကြိုပြီး ပြန်လာ စဉ် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 15 Sep 2013 12:53 AM PDT

၁၄-၉-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် မန္တလေးတိုင်း ဒေသကြီး၊ မလှိုင်မြို့နယ်မှ တာချီလိတ် မြို့နယ်သို့ အလုပ်လုပ်ရန် ထွက်ခွာလာသော မလှိုင်မြို့နယ်၊ ဆည်တိုရွာနေ ဦးကြည်ဝင်း(၅၄)နှစ် မောင်းနှင်လာသည့် ၇က/xxxx လိုက်ထရပ်ယာဉ်သည် ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စု ကားလမ်း၊ မိုင်တိုင်အမှတ်(၅၉/၆၀)ကြား၊ မိုင်းဖြတ်မြို့နယ်၊ ဆွတ်ပလောင်းကျေးရွာ အရောက်တွင် လမ်း၏ယာဘက်၊ ပေ(၅၀)ခန့်နက်သည့် နမ့်လုံချောင်းအတွင်းသို့ ထိုးကျသွားခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 15 Sep 2013 12:45 AM PDT

တနင်္သာရီ တိုင်းဒေသကြီး ၊ မြိတ်မြို့ ၊ ကလွင်ကျေးရွာ အုပ်စု၊ တောရကျောင်း ရပ်ကွက် အဝေးပြေး ကားဝင်း အတွင်းတွင် ရှိသော " ဇိမ် "ကာရာအိုကေ ဆိုင်တွင် အရွယ် မရောက်သေးသူ အမျိုးသမီး ငယ်တစ်ဦး အား အလုပ်စေခိုင်းမှု အတွက် ကလေးသူငယ် ဥပဒေအရ ဆိုင်ရှင်အား မြိတ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့မှ ရဲအုပ် သက်နိုင်က စက်တင်ဘာလ ၁ဝ ရက် နံနက် ၁ဝနာရီခွဲ တွင် အမှုဖွင့် တိုင်ကြား သောကြောင့် မြိတ်မြို့မ ရဲစခန်းမှ မပတ(၂၅) အမှတ်စဉ် ၂၁၈/၂ဝ၁၃ဖြင့် အမှုဖွင့်ပြီး မြိတ်မြို့နယ် တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Sep 2013 10:31 PM PDT

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိက ဆေးခန်းများတွင် ဆေးကုသခွင့် လိုင်စင် မှတ်ပုံတင်ခြင်း မရှိသော နိုင်ငံခြားသား ဆရာဝန်များကို အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း စက်တင်ဘာ ၁၃ ရက်နေ့က ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး ဆဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောကြားသည်။ ပုဂ္ဂလိက ဆေးခန်းများတွင် မှတ်ပုံတင်ထားခြင်း မရှိသော ဆေးပစ္စည်းများ၊ ဆေးကုသမှု နည်းစနစ် ဆေးကုသမှုဆိုင်ရာ စက်ကိရိယာများ ရှိနေပြီး မှတ်ပုံတင်ထားခြင်း မရှိသော မြန်မာဆရာဝန်များ သာမက တရုတ်ဆေးဆရာများကိုပါ တွေ့ရှိရကြောင်း ၎င်းကရှင်းပြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 14 Sep 2013 10:03 PM PDT

ဗြောက် အိုးများနှင့် မီးပန်းများသည် က လေးငယ်များ၏ နားနှင့်မျက်လုံးကို ထိခိုက်စေနိုင်ရုံသာမက နှလုံး ရောဂါရှိသူများအနေဖြင့် အသက် အန္တရာယ်ပင်ရှိနိုင်သည့်အတွက် မိဘများအနေဖြင့် ဂရုပြုရန် လို အပ်ကြောင်း အထွေထွေရောဂါ ကုဆရာဝန် ဒေါက်တာအောင် ဆန်းဝင်းက သတိပေးပြောကြား လိုက်သည်။ ဗြောက်အိုးများနှင့် မီးရှူး မီးပန်းများကို ကလေးငယ်များက ပူဆာခြင်းကြောင့် အန္တရာယ် မဖြစ်နိုင်ဟုယူဆရသော ကလေး ငယ်များ ဆော့ကစားနိုင်သည့် ဗြောက်အိုးများ၊ မီးရှူးမီးပန်းများ ကို ဝယ်ယူပေးလေ့ရှိရာ ကလေး ငယ်များမှာ နှစ်စဉ်ဆေးခန်းများ သို့ရောက်ရှိလာခြင်းများရှိသည့် အတွက် ယင်းသို့ သတိပေးပြော ကြားရခြင်းဖြစ်ကြောင်း သိရ သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Sep 2013 09:59 PM PDT

စစ် ကိုင်းမြို့ ပိုးတန်းရပ် ဖောင်တော်ပဲ့ ဘုရားအနီး ဧရာဝတီမြစ်ကမ်းနား လမ်း မြစ်အတွင်းမြေထိန်းကျောက် စီနံရံမှာ ရေလှိုင်းကြောင့် အိပဲ့ရာ မှ လမ်းပလက်ဖောင်းနှင့် လက် ရန်းများ ပြိုကျမှုဖြစ်ပေါ်ကြောင်း မင်းလမ်းရပ်ကွက် ရေတင်စက် ရုံမှ သိရသည်။ ''စက်တင်ဘာ၁၂ရက် ည ပိုင်းမှာပြိုကျတာပါ။ အဲ့ဒီနားမှာ သင်္ဘောကြီးတစ်စင်း ဖြတ်ခုတ် သွားတယ်လို့သိရတယ်။ အဲ့ဒီက ရိုက်တဲ့ရေလှိုင်းဒဏ်ကြောင့် မြေ ထိန်းကျောက်စီနံရံ အိပြီးပဲ့ကျ တယ်။ လမ်းပလက်ဖောင်းအောက် ကမြေသားတွေ ပဲ့ကျသွားတယ်။ ပလက်ဖောင်းမှာရှိတဲ့ လက်ရန်း တွေလဲ ပျက်စီးမှုဖြစ်ပေါ်တယ်'' ဟု အဆိုပါနေရာတွင်သဲအိတ် များဖြည့်တင်းနေသော အလုပ် သမားတစ်ဦးက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Sep 2013 09:47 PM PDT

မြန်မာဒီမိုကရေစီ ခေါင်းဆောင်၊ ကော့မှူးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် ဟာ FORUM 2000 ဆွေးနွေးပွဲ တက်ရောက် ဖို့ Prague မြို့တော် ကို ရောက်ရှိ စဉ်၊ ချက် ပြည်သူ့သမ္မတ နိုင်ငံ မှာ ရောက်ရှိ နေတဲ့ မြန်မာ့ အဖွဲ့အစည်း Burma Centre Prague၊ တိုင်းရင်းသားမိသားစု၊ မြန်မာ ပညာတော်သင်တွေ နဲ့ ချက်နိုင်ငံမှာ အခြေချ နေထိုင်တဲ့ မြန်မာ လူမျိုးတွေ နဲ့ တည်းခိုရာ ဟိုတယ် မှာ တွေ့ဆုံ နှုတ်ဆက် စကား ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဒေါ်အောင်ဆန်းစုကြည် Prague ဟိုတယ်ရောက်

Posted: 14 Sep 2013 09:35 PM PDT

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်၌ တောင်သူ လယ်သမားများနှင့် တွေ့ဆုံစဉ် လယ်သမားများအား စိုက်ပျိုးစရိတ် ချေးငွေများ အကျေဆပ်နိုင်ရန် တစ်ရက် ထမင်းတစ်နပ် လျှော့စားသင့်ကြောင်း လယ်/ဆည် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပြောကြားခဲ့ပြီးနောက် တစ်လခန့်အကြာတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနက တူးဖော်ပေးလျက်ရှိသည့် သောက်သုံးရေ ရရှိရေး လုပ်ငန်းများအား လုပ်ဆောင်ပေးခြင်း မပြုရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း ၀န်ကြီးရုံး တာဝန်ရှိသူတစ်ဦးက ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ လယ်/ဆည် ပြည်ထောင်စု ၀န်ကြီး ဦးမြင့်လှိုင်နှင့် ကုန်သည်/ စက်မှု အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင် တို့ကို ၁၄-၄-၂၀၁၁ ရက်နေ့က ဒဂုံ အင်တာနေရှင်နယ် လီမိတက်၏ စိုက်ခင်း၌ တွေ့ရစဉ်


Posted: 14 Sep 2013 09:39 PM PDT
မတူတဲ့ အင်အားစုတွေပေါင်းပြီး တူညီတာတွေ ပေါင်းပြီးလုပ်တဲ့ နိုင်ငံရေး ယဉ်ကျေးမှု တရပ်ပေါ်ထွန်းစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သမ္မတဦးသိန်းစိန်နဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှု အဖွဲ့အစည်းက ခေါင်းဆောင်ပိုင်းတချို့ တွေ့ဆုံခဲ့ကြတဲ့အကြောင်း သမ္မတအကြံပေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမှုဟာ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ထွက်ရှိခဲ့ပြီးတော့ ရှေ့ဆက် လက်တွဲလုပ်ဆောင်နိုင်တာတွေကို အစိုးရနဲ့ ၈၈ ကြား ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း ၈၈ မျိုးဆက်တွေက ပြောပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





သမ္မတဦးသိန်းစိန်နှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ တွေ့ဆုံကြစဉ်။ ( Credit to ဦးလှမောင်ရွှေ)
Posted: 14 Sep 2013 09:08 PM PDT

စက်တင်ဘာလ(၁၅)ရက်နေ့ ထုတ် မြန်မာ့အလင်းနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Sep 2013 09:04 PM PDT

စက်တင်ဘာလ(၁၅)ရက်နေ့ ထုတ် ကြေးမုံနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Sep 2013 09:00 PM PDT

စက်တင်ဘာလ (၁၂)ရက်နေ့ ထုတ် The SPORTS CENTER JOURNAL  အတွဲ(၂)၊ အမှတ်(၃၁)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 14 Sep 2013 08:52 PM PDT

စက်တင်ဘာလ (၁၅)ရက်နေ့ ထုတ် ပြည်သူ့ ဆန္ဒ သတင်းဂျာနယ် အတွဲ(၁)၊ အမှတ်(၂၂)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Sep 2013 08:47 PM PDT

စက်တင်ဘာလ (၁၄)ရက်နေ့ ထုတ် မြန်မာ သံတော်ဆင့် အပတ်စဉ်သတင်း အတွဲ(၂)၊ အမှတ်(၂၇)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Sep 2013 08:37 PM PDT

စက်တင်ဘာလ (၁၂)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်းဂျာနယ် အမှတ် (၈၈၇)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 14 Sep 2013 08:32 PM PDT

စက်တင်ဘာလ (၁၁)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ် (၈၈၇)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 14 Sep 2013 08:07 PM PDT


စက်တင်ဘာလ (၉)ရက်နေ့ ထုတ် စီးပွားရေး သတင်းဂျာနယ် အတွဲ (၁၃)၊ အမှတ် (၃၄)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...