ဒုတိယ ကမ္ဘာစစ်နဲ့ ဗမာပြည် အပိုင်း ၁
ဒုတိယကမ္ဘာစစ်ဟာ ကမ္ဘာ့သမိုင်းတင်မက မြန်မာနိုင်ငံရဲ့ သမိုင်းကိုပါ
အချိုးတကွေ့  ပြောင်းလဲသွားစေတဲ့ အဖြစ်အပျက် ဖြစ်တယ်။ ဒုတိယကမ္ဘာစစ်ကြောင့်
ဗိုလ်ချုပ် အောင်ဆန်းဟာ ဗမာပြည်ရဲ့ လွတ်လပ်ရေး ဖခင်ရယ်ဆိုပြီး
ဖြစ်လာခဲ့တယ်။ ဗမာပြည်လည်း လွတ်လပ်ရေး မြန်မြန်ဆန်ဆန် ရခဲ့တယ်။
ဒုတိယကမ္ဘာစစ်သာ မြန်မာ့မြေပေါ် မဖြစ်ရင် ရဲဘော်သုံးကျိပ်ဆိုတာ
ဘယ်နားနေမယ်မှန်းတောင် မသိဘူး။ (ဒီလိုပြောလို့  ကိုယ့်တိုင်းကိုယ့်ပြည်
တိုင်းတပါးသား လက်အောက်က လွတ်မြောက်ရေး အတွက် ကိုယ့်ရဲ ‘ချွေးပေါက်သည်
ဗမာပြည်အတွက် အေးချမ်းဖို့ အရိပ်အယောင် မိုးရေမိုးပေါက် ဖြစ်ရေချေမည်’ [1]ဆိုတဲ့
စိတ်ဓတ်မျိုးနဲ့ ရေခြားမြေခြားမှာ ကိုယ့်အသက်ကို ကံတရားလက် ၀ကွက် အပ်ပြီး
စွန့်စားခဲ့တဲ့ ဗမာမျိုးချစ်လူငယ်တွေရဲ့ တိုင်းပြည်ချစ်စိတ်ကို စော်ကားတာ
လုံးဝ မဟုတ်ပါ။) အနည်းဆုံး ခေတ်သစ် ဗမာ့တပ်မတော်ဟာ ရဲဘော် သုံးကျိပ်နဲ
့စမှာ မဟုတ်တာ ကျိန်းသေတယ်။
မဖြစ်ခဲ့တာကို ပြန်ပြောင်းစိတ်ကူးယဉ်တာကို သမိုင်းဘာသရပ်မှာ ခွင့်ပြုမထားဘူး။ ဖြစ်ပြီးခဲ့တာနဲ့ သူ့ရဲ့ အကျိုးဆက်တွေကိုပဲ လေ့လာ သုံးသပ်ခွင့်ရှိတာ ဖြစ်တယ်။ ဒီတော့ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေက ဘယ်လို အကျိုးဆက်တွေ ချန်ရစ်ပစ်ခဲ့သလဲဆိုတာ ခုဆောင်းပါးမှာ ကြိုးစား လေ့လာကြည့်ထားတယ်။
ဒုတိယကမ္ဘာစစ်မီးနဲ့ အာရှ
ဒုတိယ ကမ္ဘာစစ်မီးဟာ ဥရောပမှာ စတင်လောင်ကျွမ်းပြီး နောက်ပိုင်းမှာမှ အာရှကို ကူးစက်လာတယ်လို့ ဆိုပေမယ့် တကယ်တမ်းမှာ ဒုတိယကမ္ဘာစစ်ကို ဖြစ်ပွားစေတဲ့ မီးစလေးတွေဟာ အရှေ့ အာရှနဲ့ အာဖရိကမှာလည်း ဟိုတစ ဒီတစ ထတောက်နေခဲ့တယ်။
၁၉၃၁ မှာ ဂျပန်က မန်ချူးရီးယားကို ကျူးကျော်မှု၊ နောက် ၁၉၃၇ မှာ တရုတ်ပြည်ကြီးကို ဂျပန်က ၀င်တိုက်မှု၊ ၁၉၃၅ မှာ အီတလီက အီသီယိုးပီးယားကို ကျူးကျော်မှု၊ ၁၉၃၆ – ၃၉ စပိန်ပြည်တွင်းစစ်မှာ အီတလီနဲ့ ဂျာမနီက ၀င်ရောက်စွက်ဖက်မှု၊ ၁၉၃၈ မှာ သြစတြီးယားကို ဂျာမနီရဲ့ ကျူးကျော်မှု၊ တနှစ်ထဲမှာ ချက်ကိုစလိုဗက်ကီးယားက ဆူဒေတန်ဒေသကို ဂျာမနီက ၀င်သိမ်းပြီး ၁၉၃၉မှာ ချက်ကိုစလိုဗက်ကီးယား တနိုင်ငံလုံးကို သိမ်းယူမှုနဲ့ ၁၉၃၉ စက်တင်ဘာမှာ ပိုလန်ကို ကျူးကျော်မှု စတဲ့ အဖြစ်အပျက်တွေ အားလုံးဟာ ဒုတိယကမ္ဘာစစ် သမိုင်းရေးတဲ့အခါ ချန်ထားလို့ မရတဲ့ မီးပွားစလေးတွေပဲ။ ပိုလန်ကို ဂျာမန် တပ်တွေဝင်သိမ်းပြီး ၁၉၃၉ စက်တင်ဘာမှာ ဗြိတိန်နဲ့  ပြင်သစ်က ဂျာမနီကို စစ်ကြေငြာပြီးနောက် ဒုတိယကမ္ဘာစစ် အတိအလင်းဖြစ်ပွားတယ်။
ဒုတိယကမ္ဘာစစ် ဖြစ်စေတဲ့ အကြောင်းရင်းတွေနဲ့ ပတ်သက်ပြီး သမိုင်းဆရာတွေကြားမှာ ကျယ်ကျယ်ပြန့် ပြန့် သဘော တူကြတာကတော့ ပထမ ကမ္ဘာစစ်အပြီး နောက်ဆက်တွဲ အဖြစ် ဥရောပ နိုင်ငံတွေမှာ စီးပွားရေး၊ လူမှုရေး မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အဲဒိအချိန်က ကမ္ဘာ့ အခင်းအကျင်းကို (world order) ဂျာမနီ၊ အီတလီနဲ့ ဂျပန် သုံးနိုင်ငံက မကျေနပ် လက်မခံပဲ သူတို့နဲ့ ထိုက်တန်တယ်လို့ ယူဆတဲ့ အဆင့်အနေအထားကို အင်အားသုံးယူဖို့ ကြိုးစားမှုကနေ ဒုတိယကမ္ဘာစစ် ဖြစ်ပွားစေခဲ့တယ် ဆိုတာပဲ ဖြစ်တယ်။ ဥရောပမှာ စစ်စပြီး တနှစ်အတွင်းမှာ ဂျာမနီဟာ ဥရောပကုန်းမြေနဲ့ ပင်လယ်ခြားနေတဲ့ ဗြိတိန်မှအပ ဥရောပ နိုင်ငံတွေ အားလုံးကို တနိုင်ငံပြီး တနိုင်ငံ အလျင်အမြန်ပဲ သိမ်းလိုက်နိုင်တယ်။ တနည်းအားဖြင့် ဥရောပ စစ်မြေပြင်မှာ စစ်ပွဲဟာ တနှစ်အတွင်းမှာကို အရှုံးအနိုင် အဖြေထွက်သွားပုံရတယ်။ ၁၉၄၀ ဇွန်လမှာ အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာနရဲ့  ‘Hemispheric Defense’ ခေါ်တဲ့ စစ်လက်နတ် ပြန်လည် တပ်ဆင်ရေး အစီအစဉ်မှာ အမေရိကန်က ဗြိတိန်ကို စစ်လက်နတ် ထောက်ပံ့မှုဟာ အကျိုးမရှိတော့ဘူး လို့တောင် ယူဆခဲ့တယ်။[2] တနည်းအားဖြင့် ဥရောပ စစ်မြေပြင်မှာ သေနတ်သံတွေ ခဏဆဲသွားတယ်။
ဟော်လန်နဲ့ ပြင်သစ်ပြည်ကြီးကိုယ်တိုင် ဂျာမနီအောက် ရောက်သွားပြီး ဗြိတိန်ဟာလည်း ဂျာမန်လေတပ်ရဲ့  ဗုံးဒဏ်ကို နေ့စဉ်လိုလို ခံနေရချိန်မှာ အရှေ့ တောင်အာရှက သူတို့ ရဲ့  ကိုလိုနီနိုင်ငံတွေကို ဂျပန်က ၀င်သိမ်းဖို့ လုပ်ရာကနေ ဒုတိယ ကမ္ဘာစစ်မီးဟာ ဥရောပ စစ်မြေပြင်ကနေ အရှေ့ တောင်အာရှကို ကူးစက်လာခဲ့တယ်။ အဲ့ဒိအချိန်ကျမှ စစ်ဟာ တကယ့်ကို ကမ္ဘာစစ် အသွင်ကို ပြောင်းလာခဲ့တယ်။ ပထမ ဂျပန်က ပြင်သစ် အင်ဒိုချိုင်းနားကို သူ့ရဲ့ အစောင့်ရှောက်ခံ ဒေသအဖြစ် ပြောင်းလဲပစ်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် အရှေ့ တောင် အာရှမှာ ၀င်ရိုးတန်းနိုင်ငံတနိုင်ငံ[3] ၀င်စွာလာတာကို အမေရိကန်က လက်မခံဘူး။ ဂျပန်ကို စီးပွားရေးအရ ဖိအားပေးတယ်။ ဥပမာ ဂျပန်ကို ရေနံတင်ပို့မှုရပ်တယ်။ တဘက်နဲ့ တဘက် သူကရွှေ့ လိုက်၊ ကိုယ်ကရွှေ့ လိုက်နဲ့ နှစ်နိုင်ငံ ရန်စောင်နေတဲ့ အနေအထားကနေ နောက်ဆုံး စစ်ကို ရှောင်လို့ မရတဲ့ အနေအထားကို ရောက်လာတယ်။ ၁၉၄၁ ဒီဇင်ဘာ ၇ ရက်နေ့မှာ ဂျပန် လေတပ်က ပုလဲဆိပ်ကမ်းကို ဗုံးကြဲပြီး အာရှစစ်မျက်နှာက စစ်ပွဲတွေ စတော့တယ်။ ဂျပန်ရဲ့ အရှေ့ အာရှ သာတူညီမျှရေး ဒေသ Greater East Asia Co-prosperity Sphere(တကယ်က သူ့ရဲ့ စီးပွးရေး အင်ပိုင်ယာ) ထူထောင်ဖို့ သူဟာ အမေရိကန်နဲ့ စစ်မတိုက်လို့  မရတဲ့ အနေအထားကို ရောက်လာခဲ့ပုံရတယ်။
ဂျပန်ပြည်တွင်းက အခြေအနေတွေက အရှေ့တောင်အာရှမှာ နယ်ပယ်ချဲ့ ထွင်ဖို့ စေ့စော်လာသလို [4]ဂျပန်ရဲ့ မျက်စိထဲမှာ အဓိကမက်စရာ ဖြစ်တဲ့ တရုတ်ပြည်ကြီးဟာ အရှေ့တောင်အာရှ နိုင်ငံတွေအားလုံးနဲ့ နယ်နမိတ်ချင်း ထိစပ်နေတာဟာ ဂျပန်အတွက် ဒီဒေသပေါ် စိတ်ဝင်စားရခြင်း အကြောင်းတခုဖြစ်နိုင်တယ်။ အထူးသဖြင့် ၁၉၃၇မှာ တရုတ်နဲ့  စစ်ဖြစ်ပြီးနောက်မှာ တရုတ်ကို ကုန်းလမ်းကနေ ဆက်ထားတဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေကို ပိတ်ဆို့ဖို့ဟာ ဂျပန်အတွက် အရေးကြီးလာတယ်။ အဲဒိတုန်းက အရှေ့တောင်အာရှကနေ တရုတ်ကို ဆက်ထားတဲ့ လမ်းနှစ်ခုရှိတယ်။ တခုက ပြင်သစ် အင်ဒိုချိုင်းနားကနေ ယူနန်ထိပေါက်တဲ့ ရထားလမ်း၊ နောက်တခုက မြန်မာနိုင်ငံကနေ တရုတ်ပြည် ယူနန်နယ်ထဲသွားတဲ့လမ်း Burma Road လို့လည်း သိကြတယ်။ အစောပိုင်းမှာ ရထားလမ်းက လားရှိုးထိပဲပေါက်ပြီး နောက်ပိုင်း တနှစ်ပတ်လုံး သွားနိုင်တဲ့ လမ်းကတော့ ၁၉၃၈ ခုနောက်ပိုင်းလောက်ကျမှ ဖောက်လို့ပြီးတယ်။[5]ဂျပန်ရဲ့ ဗမာပြည် ပေါ်လစီမှာ ဒီလမ်းမကြီးရဲ့ အခန်းကဏ္ဍဟာ အတော်အရေးပါတယ်လို့ သမိုင်းဆရာ တချို့က ယူဆကြတယ်။[6]Burma Road ဖောက်ပြီး နောက်တနှစ်မှာ ဂျပန် စစ်တပ်က ဗိုလ်မှုးကြီးဆူဇီကီးကို မြန်မာနိုင်ငံထဲက အမျိုးသား လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ထောက်လှမ်းဖို့ တာဝန်ပေးတယ်။ ဆူဇီကီးမတိုင်ခင်ကတည်းက မြန်မာနိုင်ငံမှာ ရောက်နေတဲ့ လယ်သမားယောင်ဆောင်ထားပြီး ရှမ်းပြည်မှာ နေနေတဲ့ ဂျပန်နဲ့ သူ့ မိန်းမ သွားစိုက် ဆရာဝန်မနှစ်ယောက်က သူတို့သဘောနဲ့ သူတို့ ထောက်လှမ်းရေး လုပ်ပေးနေခဲ့တယ်။
တကယ်တော့ ခပ်စောစောကာလလောက်ကတည်းက အရှေ့တောင်အာရှက အမျိုးသားရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူတွေဟာ ဂျပန်နဲ့ ရေစက် ရှိနေပြီးသားပဲ။ Meiji Restoration မေဂျီပြုပြင် ပြောင်းလဲရေးကာလကစပြီး စက်မှုနိုင်ငံအဖြစ်ကို အလျင်အမြန် ပြောင်းလဲလာတဲ့ ဂျပန်ရဲ့  စီးပွားရေး ဖွံ့ ဖြိုးမှု အရှိန်အဟုန်ဟာ အာရှက ဥရောပ လက်အောက်ရောက်နေတဲ့ ကိုလိုနီ နိုင်ငံတွေက အမျိုးသားလှုပ်ရှားမှုတွေပေါ် အများကြီး သက်ရောက်မှု ရှိခဲ့တယ်။ အထူးသဖြင့် ၁၉၀၄ ရုသျှ ဂျပန် စစ်မှာ ဂျပန်ရဲ့  အောင်မြင်မှုဟာ မြန်မာပြည်မှာဆိုရင် ဦးဥတ္တမနဲ့ အိန္ဒိယက အမျိုးသားလှုပ်ရှားမှုတွေ ပေါ်မှာ အများကြီး ရိုက်ခတ်မှု ရှိခဲ့တယ်။
ဒီအကြောင်းတွေကိုတော့ အပိုင်းနှစ်မှာ ဆက်ဖော်ပြသွားပါမယ်။
[1] ဗိုလ်မှုးချုပ်ဟောင်း ကျော်ဇော အထ္ထုပတ္တိ စာ ၁၅ [2] Eric Hobsbawm, Age of Extremes စာ ၃၉
[3] ဂျာမနီ၊ ဂျပန်နဲ့အီတလီက အဓိက၀င်ရိုးစွန်းနိုင်ငံတွေဖြစ်ပြီး ရိုမေးနီးယား၊ ဘူဂေးရီးယား၊ ဟန်ဂေရီနဲ့  ယူဂိုးစလားဗီးယားတို့လည်း ၀င်ရိုးတန်းမဟာမိတ်အဖွဲ့ မှာပါတယ်။ အာရှမှာ ထိုင်းဟာ ၀င်ရိုးတန်းစာချုပ်မှာ လက်မှတ်မထိုးပေမယ့် ဂျပန်နဲ့ စစ်ရေး မဟာမိတ်စာချုပ်ချုပ်ပြီး ဗမာပြည် စစ်ဆင်ရေးတွေကို ကိုယ်ထိလက်ရောက် အကူအညီ ပေးခဲ့တယ်။ ၀င်ရိုးတန်းသုံးနိုင်ငံ မဟာမိတ်စာချုပ်ကို ၁၉၄၀ စက်တင်ဘာမှာ ချုပ်တယ်။
[4] Nicholas Tarling’s A Sudden Rampage ပထမအခန်း
[5] Nicholas Tarling’s A Sudden Rampage p54
[6] Ibid
It’s pretty draining…
watote
မဖြစ်ခဲ့တာကို ပြန်ပြောင်းစိတ်ကူးယဉ်တာကို သမိုင်းဘာသရပ်မှာ ခွင့်ပြုမထားဘူး။ ဖြစ်ပြီးခဲ့တာနဲ့ သူ့ရဲ့ အကျိုးဆက်တွေကိုပဲ လေ့လာ သုံးသပ်ခွင့်ရှိတာ ဖြစ်တယ်။ ဒီတော့ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေက ဘယ်လို အကျိုးဆက်တွေ ချန်ရစ်ပစ်ခဲ့သလဲဆိုတာ ခုဆောင်းပါးမှာ ကြိုးစား လေ့လာကြည့်ထားတယ်။
ဒုတိယကမ္ဘာစစ်မီးနဲ့ အာရှ
ဒုတိယ ကမ္ဘာစစ်မီးဟာ ဥရောပမှာ စတင်လောင်ကျွမ်းပြီး နောက်ပိုင်းမှာမှ အာရှကို ကူးစက်လာတယ်လို့ ဆိုပေမယ့် တကယ်တမ်းမှာ ဒုတိယကမ္ဘာစစ်ကို ဖြစ်ပွားစေတဲ့ မီးစလေးတွေဟာ အရှေ့ အာရှနဲ့ အာဖရိကမှာလည်း ဟိုတစ ဒီတစ ထတောက်နေခဲ့တယ်။
၁၉၃၁ မှာ ဂျပန်က မန်ချူးရီးယားကို ကျူးကျော်မှု၊ နောက် ၁၉၃၇ မှာ တရုတ်ပြည်ကြီးကို ဂျပန်က ၀င်တိုက်မှု၊ ၁၉၃၅ မှာ အီတလီက အီသီယိုးပီးယားကို ကျူးကျော်မှု၊ ၁၉၃၆ – ၃၉ စပိန်ပြည်တွင်းစစ်မှာ အီတလီနဲ့ ဂျာမနီက ၀င်ရောက်စွက်ဖက်မှု၊ ၁၉၃၈ မှာ သြစတြီးယားကို ဂျာမနီရဲ့ ကျူးကျော်မှု၊ တနှစ်ထဲမှာ ချက်ကိုစလိုဗက်ကီးယားက ဆူဒေတန်ဒေသကို ဂျာမနီက ၀င်သိမ်းပြီး ၁၉၃၉မှာ ချက်ကိုစလိုဗက်ကီးယား တနိုင်ငံလုံးကို သိမ်းယူမှုနဲ့ ၁၉၃၉ စက်တင်ဘာမှာ ပိုလန်ကို ကျူးကျော်မှု စတဲ့ အဖြစ်အပျက်တွေ အားလုံးဟာ ဒုတိယကမ္ဘာစစ် သမိုင်းရေးတဲ့အခါ ချန်ထားလို့ မရတဲ့ မီးပွားစလေးတွေပဲ။ ပိုလန်ကို ဂျာမန် တပ်တွေဝင်သိမ်းပြီး ၁၉၃၉ စက်တင်ဘာမှာ ဗြိတိန်နဲ့  ပြင်သစ်က ဂျာမနီကို စစ်ကြေငြာပြီးနောက် ဒုတိယကမ္ဘာစစ် အတိအလင်းဖြစ်ပွားတယ်။
ဒုတိယကမ္ဘာစစ် ဖြစ်စေတဲ့ အကြောင်းရင်းတွေနဲ့ ပတ်သက်ပြီး သမိုင်းဆရာတွေကြားမှာ ကျယ်ကျယ်ပြန့် ပြန့် သဘော တူကြတာကတော့ ပထမ ကမ္ဘာစစ်အပြီး နောက်ဆက်တွဲ အဖြစ် ဥရောပ နိုင်ငံတွေမှာ စီးပွားရေး၊ လူမှုရေး မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အဲဒိအချိန်က ကမ္ဘာ့ အခင်းအကျင်းကို (world order) ဂျာမနီ၊ အီတလီနဲ့ ဂျပန် သုံးနိုင်ငံက မကျေနပ် လက်မခံပဲ သူတို့နဲ့ ထိုက်တန်တယ်လို့ ယူဆတဲ့ အဆင့်အနေအထားကို အင်အားသုံးယူဖို့ ကြိုးစားမှုကနေ ဒုတိယကမ္ဘာစစ် ဖြစ်ပွားစေခဲ့တယ် ဆိုတာပဲ ဖြစ်တယ်။ ဥရောပမှာ စစ်စပြီး တနှစ်အတွင်းမှာ ဂျာမနီဟာ ဥရောပကုန်းမြေနဲ့ ပင်လယ်ခြားနေတဲ့ ဗြိတိန်မှအပ ဥရောပ နိုင်ငံတွေ အားလုံးကို တနိုင်ငံပြီး တနိုင်ငံ အလျင်အမြန်ပဲ သိမ်းလိုက်နိုင်တယ်။ တနည်းအားဖြင့် ဥရောပ စစ်မြေပြင်မှာ စစ်ပွဲဟာ တနှစ်အတွင်းမှာကို အရှုံးအနိုင် အဖြေထွက်သွားပုံရတယ်။ ၁၉၄၀ ဇွန်လမှာ အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာနရဲ့  ‘Hemispheric Defense’ ခေါ်တဲ့ စစ်လက်နတ် ပြန်လည် တပ်ဆင်ရေး အစီအစဉ်မှာ အမေရိကန်က ဗြိတိန်ကို စစ်လက်နတ် ထောက်ပံ့မှုဟာ အကျိုးမရှိတော့ဘူး လို့တောင် ယူဆခဲ့တယ်။[2] တနည်းအားဖြင့် ဥရောပ စစ်မြေပြင်မှာ သေနတ်သံတွေ ခဏဆဲသွားတယ်။
ဟော်လန်နဲ့ ပြင်သစ်ပြည်ကြီးကိုယ်တိုင် ဂျာမနီအောက် ရောက်သွားပြီး ဗြိတိန်ဟာလည်း ဂျာမန်လေတပ်ရဲ့  ဗုံးဒဏ်ကို နေ့စဉ်လိုလို ခံနေရချိန်မှာ အရှေ့ တောင်အာရှက သူတို့ ရဲ့  ကိုလိုနီနိုင်ငံတွေကို ဂျပန်က ၀င်သိမ်းဖို့ လုပ်ရာကနေ ဒုတိယ ကမ္ဘာစစ်မီးဟာ ဥရောပ စစ်မြေပြင်ကနေ အရှေ့ တောင်အာရှကို ကူးစက်လာခဲ့တယ်။ အဲ့ဒိအချိန်ကျမှ စစ်ဟာ တကယ့်ကို ကမ္ဘာစစ် အသွင်ကို ပြောင်းလာခဲ့တယ်။ ပထမ ဂျပန်က ပြင်သစ် အင်ဒိုချိုင်းနားကို သူ့ရဲ့ အစောင့်ရှောက်ခံ ဒေသအဖြစ် ပြောင်းလဲပစ်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် အရှေ့ တောင် အာရှမှာ ၀င်ရိုးတန်းနိုင်ငံတနိုင်ငံ[3] ၀င်စွာလာတာကို အမေရိကန်က လက်မခံဘူး။ ဂျပန်ကို စီးပွားရေးအရ ဖိအားပေးတယ်။ ဥပမာ ဂျပန်ကို ရေနံတင်ပို့မှုရပ်တယ်။ တဘက်နဲ့ တဘက် သူကရွှေ့ လိုက်၊ ကိုယ်ကရွှေ့ လိုက်နဲ့ နှစ်နိုင်ငံ ရန်စောင်နေတဲ့ အနေအထားကနေ နောက်ဆုံး စစ်ကို ရှောင်လို့ မရတဲ့ အနေအထားကို ရောက်လာတယ်။ ၁၉၄၁ ဒီဇင်ဘာ ၇ ရက်နေ့မှာ ဂျပန် လေတပ်က ပုလဲဆိပ်ကမ်းကို ဗုံးကြဲပြီး အာရှစစ်မျက်နှာက စစ်ပွဲတွေ စတော့တယ်။ ဂျပန်ရဲ့ အရှေ့ အာရှ သာတူညီမျှရေး ဒေသ Greater East Asia Co-prosperity Sphere(တကယ်က သူ့ရဲ့ စီးပွးရေး အင်ပိုင်ယာ) ထူထောင်ဖို့ သူဟာ အမေရိကန်နဲ့ စစ်မတိုက်လို့  မရတဲ့ အနေအထားကို ရောက်လာခဲ့ပုံရတယ်။
ဂျပန်ပြည်တွင်းက အခြေအနေတွေက အရှေ့တောင်အာရှမှာ နယ်ပယ်ချဲ့ ထွင်ဖို့ စေ့စော်လာသလို [4]ဂျပန်ရဲ့ မျက်စိထဲမှာ အဓိကမက်စရာ ဖြစ်တဲ့ တရုတ်ပြည်ကြီးဟာ အရှေ့တောင်အာရှ နိုင်ငံတွေအားလုံးနဲ့ နယ်နမိတ်ချင်း ထိစပ်နေတာဟာ ဂျပန်အတွက် ဒီဒေသပေါ် စိတ်ဝင်စားရခြင်း အကြောင်းတခုဖြစ်နိုင်တယ်။ အထူးသဖြင့် ၁၉၃၇မှာ တရုတ်နဲ့  စစ်ဖြစ်ပြီးနောက်မှာ တရုတ်ကို ကုန်းလမ်းကနေ ဆက်ထားတဲ့ ထောက်ပံ့ရေး လမ်းကြောင်းတွေကို ပိတ်ဆို့ဖို့ဟာ ဂျပန်အတွက် အရေးကြီးလာတယ်။ အဲဒိတုန်းက အရှေ့တောင်အာရှကနေ တရုတ်ကို ဆက်ထားတဲ့ လမ်းနှစ်ခုရှိတယ်။ တခုက ပြင်သစ် အင်ဒိုချိုင်းနားကနေ ယူနန်ထိပေါက်တဲ့ ရထားလမ်း၊ နောက်တခုက မြန်မာနိုင်ငံကနေ တရုတ်ပြည် ယူနန်နယ်ထဲသွားတဲ့လမ်း Burma Road လို့လည်း သိကြတယ်။ အစောပိုင်းမှာ ရထားလမ်းက လားရှိုးထိပဲပေါက်ပြီး နောက်ပိုင်း တနှစ်ပတ်လုံး သွားနိုင်တဲ့ လမ်းကတော့ ၁၉၃၈ ခုနောက်ပိုင်းလောက်ကျမှ ဖောက်လို့ပြီးတယ်။[5]ဂျပန်ရဲ့ ဗမာပြည် ပေါ်လစီမှာ ဒီလမ်းမကြီးရဲ့ အခန်းကဏ္ဍဟာ အတော်အရေးပါတယ်လို့ သမိုင်းဆရာ တချို့က ယူဆကြတယ်။[6]Burma Road ဖောက်ပြီး နောက်တနှစ်မှာ ဂျပန် စစ်တပ်က ဗိုလ်မှုးကြီးဆူဇီကီးကို မြန်မာနိုင်ငံထဲက အမျိုးသား လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ထောက်လှမ်းဖို့ တာဝန်ပေးတယ်။ ဆူဇီကီးမတိုင်ခင်ကတည်းက မြန်မာနိုင်ငံမှာ ရောက်နေတဲ့ လယ်သမားယောင်ဆောင်ထားပြီး ရှမ်းပြည်မှာ နေနေတဲ့ ဂျပန်နဲ့ သူ့ မိန်းမ သွားစိုက် ဆရာဝန်မနှစ်ယောက်က သူတို့သဘောနဲ့ သူတို့ ထောက်လှမ်းရေး လုပ်ပေးနေခဲ့တယ်။
တကယ်တော့ ခပ်စောစောကာလလောက်ကတည်းက အရှေ့တောင်အာရှက အမျိုးသားရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူတွေဟာ ဂျပန်နဲ့ ရေစက် ရှိနေပြီးသားပဲ။ Meiji Restoration မေဂျီပြုပြင် ပြောင်းလဲရေးကာလကစပြီး စက်မှုနိုင်ငံအဖြစ်ကို အလျင်အမြန် ပြောင်းလဲလာတဲ့ ဂျပန်ရဲ့  စီးပွားရေး ဖွံ့ ဖြိုးမှု အရှိန်အဟုန်ဟာ အာရှက ဥရောပ လက်အောက်ရောက်နေတဲ့ ကိုလိုနီ နိုင်ငံတွေက အမျိုးသားလှုပ်ရှားမှုတွေပေါ် အများကြီး သက်ရောက်မှု ရှိခဲ့တယ်။ အထူးသဖြင့် ၁၉၀၄ ရုသျှ ဂျပန် စစ်မှာ ဂျပန်ရဲ့  အောင်မြင်မှုဟာ မြန်မာပြည်မှာဆိုရင် ဦးဥတ္တမနဲ့ အိန္ဒိယက အမျိုးသားလှုပ်ရှားမှုတွေ ပေါ်မှာ အများကြီး ရိုက်ခတ်မှု ရှိခဲ့တယ်။
ဒီအကြောင်းတွေကိုတော့ အပိုင်းနှစ်မှာ ဆက်ဖော်ပြသွားပါမယ်။
[1] ဗိုလ်မှုးချုပ်ဟောင်း ကျော်ဇော အထ္ထုပတ္တိ စာ ၁၅ [2] Eric Hobsbawm, Age of Extremes စာ ၃၉
[3] ဂျာမနီ၊ ဂျပန်နဲ့အီတလီက အဓိက၀င်ရိုးစွန်းနိုင်ငံတွေဖြစ်ပြီး ရိုမေးနီးယား၊ ဘူဂေးရီးယား၊ ဟန်ဂေရီနဲ့  ယူဂိုးစလားဗီးယားတို့လည်း ၀င်ရိုးတန်းမဟာမိတ်အဖွဲ့ မှာပါတယ်။ အာရှမှာ ထိုင်းဟာ ၀င်ရိုးတန်းစာချုပ်မှာ လက်မှတ်မထိုးပေမယ့် ဂျပန်နဲ့ စစ်ရေး မဟာမိတ်စာချုပ်ချုပ်ပြီး ဗမာပြည် စစ်ဆင်ရေးတွေကို ကိုယ်ထိလက်ရောက် အကူအညီ ပေးခဲ့တယ်။ ၀င်ရိုးတန်းသုံးနိုင်ငံ မဟာမိတ်စာချုပ်ကို ၁၉၄၀ စက်တင်ဘာမှာ ချုပ်တယ်။
[4] Nicholas Tarling’s A Sudden Rampage ပထမအခန်း
[5] Nicholas Tarling’s A Sudden Rampage p54
[6] Ibid
It’s pretty draining…
watote
Slim’s Defeat into victory
Latimer, Jon (2004). Burma: The Forgotten War
Nath, Prithvi (1990). Wingate, his relevance to contemporary warfare
ဗမာလိုကတော့
ရန်ကုန်ဘဆွေရေးခဲ့တဲ့ 
သူပုန်ဆိုးပေ ပဒု
မင်းလိုလူစားအများကြီးဟေ့
ဖက်ဆစ်သရဲတွေပါတ်လည်ဝိုင်းပါလို့ 
နောက် အတိုလေးတွေ တောင်ကန်သူမလေး နဲ့ ဘုရားလေး ၂ပုဒ်
ဦးဗဆွေ(တည်မြဲ) ရဲ့ တော်လှန်ရေးမြှုပ်ကွက်ရှုပ်ကွက်များ
ဗိုလ်တာရာရဲ့  ရဲဘော် ၃ကျိပ်ပြည်တော်ပြန်
ဗိုလ်မင်းခေါင်ရဲ့  စာအုပ် (နာမည်မေ့နေ )
ဗိုလ်ဗလရဲ့  ဗမာ့လွတ်လပ်ရေးခရီးတထောက်
ဗိုလ်မှူးသံဒိုင်ရဲ့  ဗမာ့လွတ်လပ်ရေးအရေးတော်ပုံမှတ်တမ်း
ဗိုလ်မှူးကြီးဟောင်းတင်မောင်ရဲ့  ဂျပန်ခေတ် စစ်ပညာတော်သင်တဦး
ဒုမှူးကြီးသောင်းထိုက်ရဲ့  မင်္ဂလာဒုံ ဂျပန်ဘုရင်စစ်တက္ကသိုလ်နဲ့  ဆင်းဟပ် မှတ်တမ်း (အမည်လွဲနိုင် )
အဲဒါတွေမှာလဲ ၀တုတ်လိုချင်တဲ့  အချက်တွေရနိုင်တယ်
ခုထိနောင်တရနေတာ တခုရှိတယ် ။ အပြင်ကို ထွက်လာတော့ တွေ့ ချင်တဲ့ သူတယောက်ရှိတယ်
သူ့ ကိုတွေ့ ရင် သူ့ အတွေ့ အကြုံကိုလဲ ဗမာ အင်္ဂလိပ် စာရေးဘို့  ပြောချင်တာရယ်
နောက် လက်တွေ့ သမားတယောက်အနေနဲ့  လက်ခံနိုင်တဲ့  ဗုဒ္ဓဘာသာအကြောင်း ပြောချင်တာရယ်
ကို့ ဟာကို ရှုပ်နေလို့  သွားမတွေ့ နိုင်ဘဲ သူက ခုတော့ သေတောင်သွားပြီ
သူဆိုတာ ဗိုလ်မှူးချုပ်ဟောင်းမောင်မောင်ဘဲ
သူ့ မှတ်တမ်းဘယ်လောက်ကျန်ခဲ့လဲ မသိ
၁၉၄၀-၆၀ဗမာသမိုင်းအတွင်းရေးတွေကို အများကြီးသိတဲ့ သူတယောက်ပေါ့
ဆောရီးဝတုတ်ရေ
ပို့ စ်တင်ထားတာ မမြင်ရလို့  အရင်နေရာမှာကွန်မင့်တင်မိတာ
ခုအချီးကတော့ ဘာမှမေးစရာမရှိသေးပါ
နောက်ဟာတွေ ဆက်ရေးပါ
ပါဝင်ဆွေးနွေးပါ့မယ်
Posted by tint oo | 28/05/2010, 07:03
လူထုဦးလှ သတင်းစာများကပြောတဲ့  စစ်အတွင်းဗမာပြည်
ဦးနု(ထင်တာဘဲ ) ၃နှစ်ရာသီဗမာပြည် ။
Posted by tint oo | 28/05/2010, 07:26
Posted by watote | 28/05/2010, 09:07
ဗိုလ်ဥာဏ်မောင် ဂျပန်ခေတ်လေကြောင်းပညာတော်သင်တဦး
အောင်လံ နန်းရှေ့  ( ဗိုလ်မှူးချုပ်ဟောင်းသောင်းဒန်) ရဲ့  ဆောင်းပါးများ
Posted by tint oo | 28/05/2010, 09:13
Posted by Nanda | 28/05/2010, 09:25
တခုခက်တာက representative views and voices ရဘို့ ဟာမှာက
အင်္ဂလိပ်ဘက်ကနဲ့  ဂျပန်ဘက်က မှတ်တမ်းတွေကမခက်ဘူး
ဗမာစစ်ဘက်က မှတ်တမ်းတွေလဲ မခက်လှဘူး
ခက်တာက သာမာန်ပြည်သူတွေရဲ့  အသံဘဲ
နောက်တခုက နောက်ပိုင်းမှာ စင်မြင့်ပေါ်က ပျောက်သွားတဲ့  သူတွေရဲ့  အဲအချိန်က ခံယူချက်နဲ့  လုပ်ဆောင်ချက်တွေ အမှန်အတိုင်း( untainted view )ရဘို့ ကတော်တော် ခက်တာဘဲ
ဝတုတ်ရေးခဲ့တဲ့  သခင်စိုးရဲ့  မြင်းခြံစစ်တမ်းကိစ္စလိုပေါ့
ကြားလူတွေအမြင်က သခင်စိုးက အင်္ဂလိပ်နဲ့ ပေါင်းချင်မှာပေါ့ ထောင်ထဲ တနေ့  ၃ကျပ်ဘိုးစားနေရရတာကိုးတဲ့ 
( အပြင်ထမင်းဆိုင်မှာ တခါစား တမတ် ၂ပြားခေတ်တဲ့ )
ဒါပေမဲ့  အဲအချိန်က သခင်စိုးရဲ့  တကယ့်စိတ်ရင်းမှန်ကို သိဘို့ တအားခက်နေတယ် ။
Posted by tint oo | 28/05/2010, 10:03
အဲ့သလို ပြောဖို့ကလည်း ခက်သားပဲ။ သခင်စိုးဘာ့ကြောင့် မြင်းခြံစစ်တမ်း ထောက်ခံသလဲ ဆိုတာ မသိနိုင်ဘူး။ သိရတာက ထောက်ခံတယ်ဆိုတာပဲ သိရတယ်။ ခက်တာက သမိုင်းရဲ့ အကန့်အသတ်က ရထားတဲ့ အထောက်အထားကနေပဲ ကောက်ချက်ဆွဲလို့ ရတာ မဟုတ်လား။ နောက်သာမန်ပြည်သူတွေရဲ့ အမြင် ဘယ်လိုရှိလဲဆိုတဲ့မေးခွန်း။ ဒါလည်း သိပ်ကို သိချင်တဲ့မေးခွန်းပါ။ အဲ့ဒိတုံးက သတင်းစာတွေကနေ တတ်နိုင်သလောက် မှန်းကြည့်တာတို့ ၊ သိမှီလိုက်သူတွေရဲ့ oral history လောက်ကလွဲပြီး တခြားဘယ်လို source ကနေ အထောက်အထားယူမလဲ ဆိုတာစဉ်းစားရကျပ်တယ်။ အမေရိကန်မှာတောင် public opinion survey ဆိုတာ ၁၉၃၀ ၀န်းကျင် မတိုင်ခင်လောက်ထိ ရှိသေးတာ မဟုတ်ဖူးလို့ ကြားဖူးတယ်။ ဘာပဲဖြစ်ဖြစ် ၀ိုင်းအကြံပေး၊ အားပေးတဲ့သူအားလုံးကို ကျေးဇူးပါ။
ကိုနန္ဒရေ လေ့လာရင်းလေ့လာရင်းနဲ့ မသိတာတွေ မေးစရာတွေ ပိုပိုများလာသလိုပဲ။ ဘယ်နှစ်ပိုင်းခွဲရေးရ ကောင်းမလဲတောင် မသိတော့ဘူး။ ခုဒုတိယပိုင်းကို တဖြည်းဖြည်းချင်း အချောကိုင်နေတယ်။ ကိုလိုနီအုပ်ချုပ်ရေး (အမှန်က ကိုလိုနီရဲ့  ကိုလိုနီ အုပ်ချုပ်ရေးလို့ ပြောရမလား) အစကနေ ဒုတိယကမ္ဘာစစ် စခါနီးတ၀ိုက်ထိကို ဒုတိယပိုင်းမှာ တင်မယ် စဉ်းစားထားတယ်။ နိဒါန်းတယ်ရှည်သကိုးဆိုလည်း ခံရမှာဘဲ။
ဝတုတ
Posted by Watote | 28/05/2010, 11:59
ရှည်တာကတော့ရှည်လိမ့်မယ်
ခုတောင်တခုတွေးမိပြန်ပြီ
WW1 ကြောင့်ဗမာပြည်ရလာတဲ့ အကျိုးတွေကိုရော ပို့ စ်၂ထဲရောထည့်မလား
သတ်သတ်ခွဲမလား
သတင်းစာတွေပေါ်လာတာ
နိုင်ငံရေးနိုးကြားလာတာ
Mesopotamia front မှာ Governor’s commission နဲ့  ဂျမဒါလေးတွေအဖြစ်စစ်မှုထမ်းခဲ့တဲ့ လူငယ်တွေပြန်ရောက်လာတာ( ဂျမဒါမောင်မောင် နောက် ဦးထွန်းခင်ထင်တာဘဲ
sapper miner တွေအဖြစ်စစ်မှုထမ်းခဲ့တဲ့  နောင် အာဠာဝကသခင်ဖိုးလှကြီးဖြစ်လာမဲ့ ဦးဖိုးလှကြီးတို့ တွေ နိုင်ငံရေးနိုးကြားလာတာ
အဲ
ကူကီးတွေလေ
ချင်းတောင်မှ စစ်သားစုဆောင်းတာကို မကျေနပ်လို့  ထချတာ ။
( ဟီးး အစတစကနေတွေးမိတာ မနဲဘူး )
Posted by tint oo | 28/05/2010, 13:27
မေးလ်ထဲမပို့ နဲ့ ဗျ
ဝင်ဆွေးနွေးပါ
soe: ကိုတင့်ရေ ငါးနှစ်ရာသီဗမာပြည်ပါ သုံးနှစ်မဟုတ်ပါဘူး၊ ဦးနုရေးတာပါ
1:26 PM နောက်ပြီး ကျနော့်ဆီမှာ ဦးကျော်ငြိမ်းရေးတဲ့ဂျပန်တော်လှန်ရေးကာလ မှတ်တမ်းရှိတယ် လိုချင်တယ်ဆိုရင် ကိုဘိုဘိုကျော်ငြိမ်းဆီမှာ ခွင့်ပြုချက်ယူပြီးပေးမယ်
Posted by tint oo | 28/05/2010, 13:29
ဒီဟာတွေ research လုပ်ရင်းနဲ့  တွေ့ မိနိုင်တာတခု အကူတောင်းပရစေ
(သတိရတုန်း ) ခုန ပထမကမ္ဘာစစ(၁၉၁၄-၁၈)်မှာ ဗမာထဲက King’s commission နဲ့  အရာရှိဖြစ်တာ တယောက်ထဲ ရှာလို့ ရတယ်
အဲဒါကလဲ reliable source ကမဟုတ်ဘူး ။ လှကွန့် ရေးတဲ့ ကြံတောကပြောသော သမိုင်းဆိုတာမှာ
သူ့ အဆိုကတော့ Lieutenant Maung Maung of Grenadier Guards တဲ့  ။ အဲဒါကို အချိန်လေးရတိုင်း လက်လှမ်းမီရာ archives တွေမှာရှာတာ ဒီစရောက်ထဲက ၁၃နှစ်ရှိလာပြီ တခါမှ မတွေ့ ဘူး။ တွေ့ မိရင် တခါထဲ ထည့်ရေးပေးပါအုံး ။
Posted by tint oo | 28/05/2010, 13:43
ကိုဝတုတ်ဟာ ဘယ်သူ၊ ဘယ်လိုလဲဆိုတာမသိလို့ စာဘယ်လိုပုံစံနဲ့ရေးရမှန်းတော့ သိပ်မသေချာပါ၊ လိုရင်းကို အဆင်ပြေသလိုသာ ရေးလိုက်ပါတယ်။
အပေါ်ကပို့စ်ကိုတော့ ထောက်ပြစရာမရှိသလောက်ပါပဲ၊ ကိုယ်မသိတာနဲ့ စိတ်ဝင်တစားမရှိလို့ မမှတ်ထားတာတွေလည်း ပါပါလိမ့်မယ်။
မရှိဘူးဆိုပေမယ့် ရှိတဲ့အပိုင်းလေးတွေရှိနေပြန်တော့ ပြောရပါအုံးမယ်။ ပြည့်စုံစေချင်တဲ့ စေတနာလို့ သဘောထားရင်တော့ အဲ .. ပိုအဆင်ချောမယ် ထင်ပါတယ်။ ပထမတစ်ချက်ကတော့ စားလုံးပေါင်းသတ်ပုံအချို့နဲ့ ဒုတိယကတော့ လာမယ့်ပို့စ်တွေမှာ တိုက်ဆိုင်ကြည့်ချင်စရာ၊ ပိုသေချာအောင်ရှာဖွေချင်စရာနဲ့ အပိုဆာဒါလေးတွေပါ။
သုတေသနလုပ်လို့ သတင်းအရင်းအမြစ်တွေကို ရှာတဲ့အခါ တင်ပြပုံဒီဇိုင်းနဲ့ သဒ္ဒါ၊ သတ်ပုံတွေဟာလည်း တန်ဖိုးဖြတ်ရာမှာ ပါတယ်လို့သဘောပေါက်မိလို့ပါ။ ကျွန်တော်ကိုယ်တိုင်လည်း တိုင်းရင်းသားတစ်ယောက်ဖြစ်လို့ ချွတ်ယွင်းချက်တွေနည်းအောင် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကို ရှေ့ချပြီးအမှားနည်းအောင် လုပ်ပါတယ်။
`သေနတ်သံတွေ ခဏစဲသွားတယ်´
`အရှေ့တောင်အာရှမှာ နယ်ပယ်ချဲ့ထွင်ဖို့ စေ့ဆော်လာသလို´
`ရုရှ´ ၊ `ရပ်ရှား´
ချက်ကိုစလိုဗေးကီးယား – စာကြောင်းမှာ ဂျာမန်တွေနဲ့ရောပြီး စာကြောင်းရှည်ကာ မရှင်းမရှင်း ဖြစ်နေပါတယ်။
`အောက်ကမြင့်´ တွေကို “shift+y / shift+u” ရိုက်ထည့်ကြည့်ပါ၊ `တစ်ချောင်းငင်´ အောက်တည့်တည့်ကနေ နည်းနည်းလွဲပြီး သီးခြားအစက်ကလေး ဖြစ်လာရင် ပိုဖတ်လို့အဆင်ပြေမယ်ထင်ပါတယ်။
သမိုင်းနဲ့ပတ်သက်လို့ကတော့ အချက်အလက်နည်းနည်း ပြောထား၊ အဆိုပြုထားချင်ပါတယ်။ အကြမ်းဖျင်း သိနားလည်တာတွေက အများစုဖြစ်ပြီး မှီငြမ်းတွေပြည့်စုံအောင်တော့ မရှာရသေးပါဘူး။
- အပေါ်က ကိုတင့်ဦးပြောထားတဲ့စာအုပ်တွေက အတော်စုံပါတယ်။ ချွင်းချက်တစ်ခုပဲရှိတာက စာရေးသူတွေမှာ တိုင်းရင်းသားနာမည် တစ်ယောက်မှမပါတာပါပဲ။
- ဗိုလ်ချုပ်အောင်ဆန်းတို့ ဂျပန်ကိုတော်လှန်ဖို့ အင်္ဂလိပ်ကိုဆက်သွယ်တော့ ပယ်ချခံရပါတယ်။ ဒီတော့ တစ်ဖက်လှည့်ပြီး ကရင်ခေါင်းဆောင်တွေကနေတစ်ဆင့် ပြန်ဝင်ခဲ့ရပေမယ့် အရှိန်ရသွားတာနဲ့ ကရင်တွေချောင်ထိုးခံလိုက်ရတယ်လို့ အဆိုပြုချက်ရှိပါတယ်။
- ဗိုလ်ချုပ်အောင်ဆန်း စစ်ထွက်တော့ ဒေါ်ခင်ကြည်နဲ့ သားသမီးတွေကို ဧရာဝတီတိုင်းက ကရင်ရွာမှာသွားထားခဲ့ပါတယ်။ ဒေါ်ခင်ကြည် မြစ်ဝကျွန်းပေါ်ကရင်စကား ပြောတတ်ပါတယ်။
- ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗမာ့တပ်မတော် ဂျပန်ကိုတော်လှန်ဖို့ထွက်တော့ လက်နက်မပြည့်စုံရတဲ့ကြားထဲ ရန်ကုန်ကစထွက်တာနဲ့ လက်နက်တင်ရထားတွဲကြီးကို ဗုံးအကြဲခံလိုက်ရလို့ ဘာမှမရှိတော့ပဲ တော်လှန်ရေးရဲ့ထိရောက်မှုဟာ ဒီကနေ့သင်နေကြရသလို အဓိကနေရာကပါခဲ့တာဟာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
- လွပ်လပ်ရေးရပြီးတော့ သိတဲ့အတိုင်း ကရင်သေနတ်ကိုင်တပ်ရင်းတွေကများပြီး စစ်ဦးစီချုပ်က ဗိုလ်ချုပ်စမစ်ဒွန်းပါ။ ဒီတင် ဗမာတွေမကြေမလည်ဖြစ်ပြီး ကရင်တွေကိုပြန်တိုက်မယ်လို့ဆိုပြီး တောခိုခဲ့ကြတယ်။ ဒါကို သဘောတူတဲ့ ဦးနေ၀င်းက အခြေအနေမဟန်တော့ အသာချန်နေရစ်ခဲ့ပြီးမှ၊ ကေအန်ဒီအိုကို အသုံးချပြီးမြို့တွေပြန်သိမ်း၊ ပြီးတော့မှ အင်းစိန်ကေအန်ဒီအိုဋ္ဌာနချုပ်ကို ၀င်စီးပြီး ကရင်တွေကို သူပုန်ဘ၀ တွန်းပို့လိုက်တယ်လို့ ဆိုပါတယ်။ (ငယ်စဉ်က သူငယ်ချင်တစ်ယောက်က ပီကင်းဗမာ့အသံနားထောင်ပြီး ဦးနေ၀င်းကို ခွေးနဲ့နှိုင်း၊ သစ္စာဖေါက်လို့ ခေါ်တယ်လို့ ပြောပါတယ်၊ အပေါ်ကနဲ့ သွားပြီး ဆက်စပ်နေပါတယ်။)
- ကရင်ခရစ်ယာန်တွေမှာ ကရင်စာနဲ့ဆယ်တန်းအထိ သင်နိုင်တဲ့အခြေအနေရှိခဲ့ပြီး ဧရာဝတီတိုင်းက ကိုသာဖြူကျောင်းဟာ အတော်ကြီးကျယ်ပြီး မြန်မာပြည်မှာ နှစ်လုံးတည်းရှိတဲ့ အော်ဂင်ထဲက တစ်လုံးရှိပါတယ်။ ဒီကျောင်းလည်းဝင်စီး၊ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဘီအိုင်အေလား၊ ဦးနေ၀င်းလားတော့ မသေချာပါ။
ဒီကနေ့မှာတော့ ဘုန်းကြီးကျောင်းတွေမှာ နှစ်ရာနဲ့ချီပြီး မြှုတ်နေခဲ့တဲ့ ဗုဒ္ဓဘာသာစာကို ပြန်ဆွဲထုတ်၊ ရှုပ်အောင်လုပ်ပြီး ခုတော့ ဘယ်စာမှသင်လို့မလွယ်အောင် လုပ်ထားတာလည်းရှိပါသေးတယ်။
- ဘုရင့်နောင်ဟာ (ဘွဲ) ကရင်၊ တပင်ရွှေထီးဟာ (စကော) ကရင်လို့ ဆိုပါတယ်။ ကရင်တွေဟာ အခြားလူမျိုးတွေဝင်လာရင် အခြားဖက်ကိုရွှေ့၊ အိသွားတာထုံးစံပါ။ ဒါပေမယ့် တောင်ငူကိုကြည့်ရင် ကျုံးအရှေ့ဖက် နည်းနည်းသွားတာနဲ့ ကရင်ရပ်ကွက်ကို ရောက်နေပါပြီ၊ စဉ်းစားစရာပါ။
- ဗညားဒလ (မင်းရဲကျော်စွာနဲ့တိုက်တဲ့ မွန်အမတ်ထင်ပါတယ်) ဆိုရင်လည်း ပိုးကရင်စကားကိုကြည့်ရင် `ပွန်ညာ့တလာ´ ဆိုတာ `မဟာပညာကျော်´ လို့ ဆိုပါတယ်။ ကရင်ပညာရှိအမတ်ဖြစ်ပြီး နှလုံးရည်သမားမို့လည်း စီးချင်းထိုးတာ ရှူံးခဲ့တယ်လို့ ယူဆနိုင်ပါတယ်။
- `ကမာရွတ်´၊ ဗမာစကားနဲ့ ဘယ်လိုမှ ဆက်စပ်လို့မရခဲ့ဘူး။ ဒါပေမယ့် `ကမာ့=ကန်´၊ `ယို့၊ ယိုး=နက်´ (ကန်နက်) ဆိုတဲ့ ပိုးကရင်စကားရယ်၊ ဆင်ရေတွင်းမှတ်တိုင်နဲ့ အင်ယားကန်နဲ့ မလှမ်းမကမ်းမှာရှိတာတွေရယ်က အဖြေတစ်ခုထွက်လောက်ပြီ ထင်ပါတယ်။
အတော်လည်းရှည်သွားပါပြီ၊
ဒီစာဟာ ဖေါ်ပြပေးဖို့ရေးတာတော့ မဟုတ်ပါ၊ အီးမေးလ်မတွေ့လို့ မှတ်ချက်နေရာမှာ လာရေးလိုက်တာပါ။
အပေါ်က သမိုင်းနဲ့ပတ်သက်တာတွေက အချို့ကတော့ သြစတျေးလျက Monash နဲ့ Melbourne Uni တွေမှာ မာစတာဘွဲ့ တစ်ခုစီယူခဲ့သူ တိုင်းရင်းသားခေါင်းဆောင်တစ်ယောက်ဆီက သိရတာတွေဖြစ်ပါတယ်။
အဆုံးသတ်အနေနဲ့ကတော့ ကိုဝတုတ်ရဲ့ ပို့စ်အစမှာ ကွန့်ထားတာတွေက (မျက်ကန်း) မျိုးချစ်တွေအတွက်တော့ မျက်စိပါးမွှေးစူးစရာပါ။ ပြန်ဖြေရေးထားတာကတော့ အဲဒီလိုလူတွေအတွက် အကာအကွယ်ကြိုယူများ ယူထားသလားတော့ မခန့်မှန်းတတ်ပါ။
ကျနော့်ပို့စ်တွေ လာများဖတ်ဖြစ်မယ်ဆိုရင်တော့ ကျနော့်မှာ လူမျိုးနဲ့ဘာသာရေးတွေအကြား အင်မတန်ပါးလျတဲ့ ကြိုးတန်းကလေးကိုကြိုးစားလျှောက်နေတာမို့ နားလည်ပေးစရာတွေရှိမယ်လို့ ကြိုပြောထားလိုပါတယ်။
အိပ်လည်းငိုက်ပြီဗျာ၊ စာကလည်းလူလိုပဲ ဒယီးဒယိုင်ဖြစ်လာပြီ၊ သည်းခံတည့်မတ်ဖတ်ပေးပါ။
Posted by မန်းကိုကို | 28/05/2010, 14:29
အိပ်လည်းငိုက်လာလို့ ပို့ပြီးမှ ကိုယ့်စာလုံးပေါင်းတွေလည်း မှားတာပြန်တွေ့မိတော့တယ်။
ကဲ ကိုဝတုတ်ရေ၊ ကိုယ့်ဘာသာ ဆုံးဖြတ်ပြီး ကျနော့်ကွန်မင့်ကို ဖျက်ရင်လည်ဖျက်၊ မဖျက်ရင်လည်း ကျနော်ကတော့ ကိုယ်ရေးပို့ထားပြီးပြီမို့ တာဝန်ယူရတော့မှာပေါ့ဗျာ။
Posted by မန်းကိုကို | 28/05/2010, 14:40
အီးမေးက zizawa01@gmail.com ဆိုရောက်ပါ၏။
ဝတုတ်
Posted by watote | 28/05/2010, 15:44
ကျွန်တော်တို့ အားလုံး စာဖတ်တတ်ချိန်မှာ စာပေလွတ်လပ်ခွင့်က တော်တော်လေးဆိုးနေပြီလေ ။
ကျွန်တော်ဖတ်ခဲ့ ရပြီး စိတ်ထဲ စွဲကျန်နေတဲ့  စာအုပ်စာရင်းဆိုတာမှာ ၆၂မတိုင်မီထုတ်ထားတဲ့  အဟောင်းတန်းက စာအုပ်ကလေးတွေနဲ့  တခါတလေ သဘောကောင်းချိန်ထွက်လာတဲ့  စာအုပ်လေးတွေ စုဖတ်ရတာလား ။ နောက် ခုဟာက ၁၃နှစ်တိုင်တိုင်ဗမာစာအုပ်ဆိုင်နဲ့  ဝေးနေရတဲ့  ကျွန်တော့ခေါင်းထဲကျန်သမျှလေ။ လိုတာဖြည့်ပေးပါဗျာ
ခုနက ဘယ်လူမျိုးနဲ့  ဘယ်လူမျိုးပြဿနာဆိုတာတော့ ကျွန်တော့ အမြင်က နဲနဲကွဲမလားဘဲ
ဒါမနေ့  က ကွန်မင့် ကျွန်တော်ရေးတာ
http://zizawa.wordpress.com/2010/05/22/pi-%E1%80%86%E1%80%BC%E1%80%B8%E1%80%B1%E1%82%8F%E1%80%BC%E1%80%B8%E1%80%81%E1%80%BA%E1%80%80%E1%80%B9%E1%80%80%E1%80%AF%E1%80%AD-%E1%80%BB%E1%80%95%E1%80%94%E1%80%B9%E1%81%BE%E1%80%80%E1%80%AC/
ဗမာပြည်မှာလဲ ကြည့်ရင် နှစ် ၄၀မွန်မြန်မာစစ်မှာ ပြည်ကနေ မွန်ဘုရင်ဆိုတဲ့  ရာဇဓိရာဇ်ခံထုတဲ့  ပျံချီဆိုတာ မြောင်းမြစားလောက်ဖျားရဲ့ သား မွန်စစ်ပါဘဲ ။ ဒီလိုဘဲ ။ လဂွန်းအိမ်က အင်းဝဗမာဘုရင် မင်းခေါင်ကို သတ်ဘို့ လိုက်တော့ ကုန်းလည်စီးလိုက်တာ ဗမာစစ်စစ် ရှင်သိဒ္ဒတ်ဘဲ ။
နောက် အင်းဝက ဟံသာဝတီပါမင်းကို မွန်တပ်တိုက်လို့  ပျက်တယ်လို့ အစဉ်အဆက်ပြောကြတာတကယ်ကြည့်တော့ ခေါင်းဆောင်ခဲ့ တဲ့  သမိန်ထောနဲ့ ဗညားဒလဟာလူမျိုးစစ်တော့ ခုန ဟံသာဝတီပါမင်းရဲ့  ဦးလေးတော်တဲ့  ဗမာစစ်စစ်တွေပါဘဲတဲ့ ဗျာ ။
လွတ်လပ်ရေးရခါစက တပ်မတော်ထဲက ခလရ(၁) ပထမဆုံးရင်းမှူးဟာ မှူးကြီးစောထွန်းစိန် ကရင်ဖြစ်သလို ကေအင်ဒီအိုက ဗိုလ်စိုးဟာ ဘုန်းကြီးလူထွက်ဗမာပါဘဲ ။
ဒီတော့ conflict တခုမှာ ဟိုဘက်ဒိဘက်ဒီလိုဘဲပါကြတာပါဘဲဗျာ
Posted by tint oo | 28/05/2010, 17:08
လူမျိုးရေး၊ ဘာသာရေး၊ ဒေသစွဲတွေကင်းအောင်တော့ အတတ်နိုင်ဆုံးလုပ်နေပါတယ်၊ (ဖိအားတွေတော့ ရှိတာပေါ့လေ)။ တစ်ခု အဦးဆုံးမေးချင်တာကတော့ ဗမာ လူမျိုးနဲ့ ပတ်သက်လို့ပါ။ ဗမာအစ တကောင်းက၊ ဗမာလူမျိုးများဟာ တိဗက်အနွယ်ဝင်တွေဖြစ်တယ် ဆိုတာတွေ၊ ဗမာဟာ သာကီနွယ်(ကုလား) ဖြစ်တယ်ဆိုတာတွေ အမျိုးမျိုး အယူအဆတွေတွေ့ရပါတယ်။ စာရေးဆရာကြီးတစ်ယောက်ကတော့ ဗမာတွေ တကောင်းဇာတိဆိုရင်တောင် တိဗက်အနွယ်တွေက ၀ါးမျိုသွားပြီလို့ ဆိုပါတယ်။
ပျုလူမျိုးတွေအရင်က ရှိခဲ့တာ ဗမာလို့ သက်သေပြနိုင်ချက်တွေမတွေ့ရပါ။ အဲဒီအချိန်လောက်က ကမ်းယံနဲ့ သက်လူမျိုးတွေရှိခဲ့ပြီး ကမ်းယံဆိုတာ ကရင်၊ သက်ဆိုတာ မွန်လို့ကြားမိပါတယ်။ အထက်မြန်မာပြည်ကို ရှမ်းတွေအနှစ် ၂-၃၀၀ လောက်အုပ်စိုးခဲ့တာ သမိုင်းအထင်အရှားရှိသလို၊ အင်မတန်အင်အားကြီးမားခဲ့တဲ့ ခမာအနွယ် မွန်တွေ ဒီကနေ့ မြန်မာပြည်မှာလူနည်းစုဖြစ်နေတာ သဘာဝမကျဘူးလို့လည်းထင်ပါတယ်။ ဒါတွေပြောရတာက analysis နဲ့ synthesis လုပ်ရအောင်ရယ်လို့ပါ။
ပြီးရင် အထက်ဗမာပြည်က ရိုးသား၊ အသားညို၊ သန်မာကြတဲ့ ဗမာတွေနဲ့ အောက်ပြည်က အသားလတ်ပြီး အခြားဋ္ဌာနေတိုင်းရင်းသားတွေနဲ့ ခွဲမရအောင်ဖြစ်နေတဲ့ ဗမာတွေကိုကြည့်ရင် – ဒီကနေ့အင်္ဂလန်မှာ စစ်နိုင်ခဲ့တဲ့နော်မန်တွေ ယဉ်ကျေးမှုစစ်ပွဲမှာရှူံးခဲ့သလိုပဲ လာဆင်နေတယ်လို့ ယူဆနိုင်မယ်ထင်ပါတယ်။ မွန်စာအရေးအသားနဲ့ ယဉ်ကျေးမှုကိုတင်သွင်း၊ ဗမာမှုပြုခဲ့လို့ မွန်တွေကို assimilate လုပ်နိုင်ခဲ့ပြီး လူမျိုးပေါင်းစုံက သွေးရောသူတွေပါ ကိုယ့်ကိုယ်ကို ဗမာလို့နားလည်သွားကြတယ်လို့ အဆိုပြုရင် မှားများမှားနိုင်မလား။
အပေါ်က ကိုတင့်ဦးပြောသွားတဲ့ စာအုပ်အကြောင်းတွေကိုတော့ လက်ခံပါတယ်။ လူမျိုးပြဿနာလို့ဆိုထားတာကတော့ – ကျနော့်အနေနဲ့ ပြဿနာလို့ မဆိုလိုပါ၊ သမိုင်းထဲက ဖြစ်စဉ်အချို့ကို ချိန်ညှိလို့ရအောင် သိသလောက်တင်ပြကြည့်တာပါ။ ဆက်ရှင်းထားတာတွေကိုတော့ လက်လှမ်းသိပ်မမှီတာ အမှန်ပါ။
ကိုဝတုတ်ဖြေရှင်းထားတဲ့ ကလိလိုစိတ်မရှိဘူးဆိုတာ နားလည်ပါတယ်၊ ဒါပေမယ့် အချို့သူတွေမြင်ကြမှာကို ကြိုပြီး သတိပေးထားတဲ့သဘောပါ။ ကျနော်က တိုင်းရင်းသားဖြစ်ပေမယ့် ဗမာကြားကြီး၊ ဗမာကျောင်းတက်ခဲ့တော့ ဘယ်သူတွေဘယ်လိုစိတ်ထားကြသလဲ မြည်းစမ်းသိခဲ့ရလို့ပါ။
နောက်တစ်ခုက ဘုရင့်နောင်တို့ကိစ္စပါ။
ကျနော်လည်း တစ်သက်တစ်ခါမသိခဲ့ဘူးပဲ မကြာခင်ကမှ လူကြီးတစ်ယောက်ပြောပြလို့ ခေါင်းထဲဝင်လာတာပါ။ Oral history လို့ ခေါ်ရမယ်ထင်ပါတယ်။ (ဒီနေရာမှာ ကရင်တွေရဲ့ `ထား´ လို့ခေါ်တဲ့ အာဂုံဆောင် ကဗျာတွေရှိပြီး တရုတ်ပြည်အထိ ခြေရာခံလို့ရတာရှိကြောင်း ပြောလိုပါတယ်။) ကျနော်လည်း သမိုင်းပညာရှင်လုပ်ဖို့စိတ်မကူးပေမယ့် ဆက်လေ့လာသွားပါအုံးမယ်၊ ခုနကပြောသူကို scholar စတိုင်နဲ့သွားမေးရင်တော့ အနည်းဆုံး စိတ်ဆိုးခံရနိုင်ပါတယ်။ ဒါပေမယ့် ကျနော်ကတော့ လတ်တလော ဘာစာအုပ်စာတမ်းမှလက်ထဲမရှိတော့ ရသမျှ data တွေကိုပဲ logic နဲ့ analytical thinking တွေသုံးပြီး တွေးနေရတာ ခုမှဆွေးနွေးစရာကြုံလို့ ထုတ်ဆွေးနွေးခွင့် ရလာတဲ့သဘောရှိလို့ တင်ပြနေတာပါ။
တွေးစရာအချို့ကိုပြောရရင် – ပထမ၊ ဒုတိယနဲ့ တတိယမြန်မာနိုင်ငံတွေကို ယှဉ်ကြည့်လိုက်တော့ အနော်ရထာဟာ သထုံဘုရင်မနူဟာနဲ့ လက်မှု၊ အနုပညာသည်အားလုံးကို ပုဂံကို ဖမ်း(သိမ်း)လာခဲ့ပြီး ဘုရားကျွန်လုပ်ခဲ့ပါတယ်။ ဒါတောင်တလောက ဈေးကွက်ဂျာနယ်မှာ သထုံကိုပုဂံကမတိုက်ပဲ ကပ်ဘေးကျလို့ ခိုလှူံလာတယ်ဆိုပြီး သမိုင်းဖျက်နေတာက ရှိပါသေးတယ်။ ကရင်အမတ် ဖူ့ဒိုက်ကော် ဆိုသူဟာ ကရင်စာပေ ပေရပိုဒ်တွေကို လူအယောက် ၄၀ နဲ့ ဆင်တွေပေါ်တင်ပြီး ဘီလူးကျွန်းဘက်ပြေးတယ်လို့ သမိုင်းရှိထားပါတယ်။
ကရင်တွေ အရက်ကြိုက်တဲ့ သဘာဝကတော့ တပင်ရွှေထီးနဲ့ သွားကိုက်ပါတယ်။ ဘုရင့်နောင်ဟာ ဘုရင်တကာတို့ရဲ့ ဘုရင်ဖြစ်ခဲ့ပြီး တိုက်ခိုက်ဖျက်ဆီးမှုတွေကို ဗမာတွေ (typically) လုပ်တတ်သလို မလုပ်ခဲ့တာတွေ့ရပါမယ်။ ယိုးဒယားလူမျိုးတွေ ဘုရင့်နောင်ကို (သူတို့မင်းသမီးတစ်ယောက်ကို ဒေါသကြောင့်ခုတ်သတ်ခဲ့တာကလွဲရင်) စိတ်မနာကြဖူးလို့ ကြားဖူးပါတယ်။
နောက်ပိုင်း မွန်တွေနဲ့ ဗမာတွေတိုက်တော့ လဂွန်းအိမ်လို သစ္စာရှိသူတစ်ယောက်ကို မသေသေအောင်(ညစ်)လုပ်ကြံတာ၊ ရာဇာဓိရာဇ် သူ့ဖောင်ဖျက်ပြီးလှူခဲ့တဲ့ ဇရပ်ကိုသူပြန်တာနဲ့ ချက်ချင်မီးရှို့ခဲ့တာ၊ အလောင်းမင်းတရား အယုဒ္ဓယကို ရက်ရက်စက်စက်လုပ်ခဲ့တာတွေဟာ ဘုရင့်နောင်ဟန်ပန်နဲ့ မတူတာတွေဖြစ်နေပါတယ်။ (ဗမာကိုရှုတ်ချတယ်လို့တော့ မမြင်စေလိုပါ၊ အခြားလူမျိုးတွေရဲ့ မကောင်းချက်၊ ညံ့ချက်တွေကို နောင်ကြုံရင် စာတွေရေးပြီးထောက်ပြသွားမှာပါ။)
ပြီးတော့ အပေါ်မှာရေးခဲ့ဖူးသလို ဗမာတွေဖိလာပေမယ့် တောင်ငူမှာ ကနေ့အထိ ကရင်တွေအလုံးအရင်းရှိနေသေးတာ (အခြားလူမျိုးတွေဖိလာရင် ကရင်တွေအမြဲတမ်း တောပိုင်းကိုရွှေ့သွားတတ်တဲ့) သဘာဝနဲ့တော့ ဆန့်ကျင်နေတာတွေ့ရပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် မေဂျာစီးဂရင်းအကြောင်းစာအုပ်ထဲက ကရင်ရွာသူကြီး၊ ထိုင်းနိုင်ငံမှာ အကြီးကျယ်ဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ King Naresuan ဇာတ်ကားထဲက ဘုရင့်နောင်သရုပ်ဆောင်၊ Delang, Claudio ရေးတဲ့ Living at the Edge of Thai Society : The Karen in the Highlands of Northern Thailand ကရင် တစ်ယောက်တို့ရဲ့ပုံတွေ ဆင်တူနေတာတော့ တိုက်ဆိုင်မှုတစ်ရပ်လို့ပဲ လောလောဆယ် ကျနော်ယူဆပါတယ်။ ဘုရင့်နောင် ထိုင်းနိုင်ငံကို တိုက်စဉ်က ကရင်တွေအချို့ ထိုင်းနိုင်ငံထဲ အခြေချကျန်ရစ်ခဲ့တာတွေ ရှိတယ်လို့လည်း ဆိုထားလို့ တချိန်မှာတော့ သွားလေ့လာဖြစ်မယ် ထင်ပါတယ်။
အေးဗျာ၊ ပြောရင်းနဲ့ များကုန်ပါပြီ၊ တိုက်ခိုက်ချိုးနှိမ်ပြောနေတယ်လို့မထင်ဖို့ ဆုပဲတောင်းရတော့မှာပါပဲ။
အဆုံးသတ်အနေနဲ့ မေးချင်တာက ကိုဝတုတ်ကိုပါ။ သွားနှုတ်ထားပြီး ဆရာဝန်အနားယူခိုင်းထားတယ်ဆိုတော့ ငယ်သွားနှုတ်တာတော့ မဖြစ်နိုင်ဘူး။ အင်္ဂလိပ်စာတတ်သိပုံနဲ့ ideology ဆွေးနွေးချက်တွေအရ ဘိုဘိုလန်းစင်တို့လို လူငယ်လည်း မဟုတ်တန်ရာဘူး။ နာမည်က `၀တုတ်´၊ ဧရာဝတီထဲက ဗိုလ်ချုပ်ကျော်ဇောအကြောင်းဆောင်းပါးမှာ ဓါတ်ပုံထဲကြည့်တော့ ဦးဘိုဘိုကျော်ငြိမ်းက ခပ်၀၀။ တွေးကြည့်၊ ဆက်စပ်ကြည့်တာပါဗျာ၊ လွဲတော့လည်း ဦးရှံစားပေါ့။
Posted by မန်းကိုကို | 29/05/2010, 01:49
ကျနော့်ကို သတိပေးတာလည်း ကျေးဇူးပါ။ ဒါနဲ့စကားမစပ် ဦးဘိုဘိုကျော်ငြိမ်းက ကျနော့် အဖေထက်တောင်ကြီးတယ်လို့ သိရတယ် ကိုမန်းကိုကိုရေ။
And I still have plenty of teeth left… lol
Posted by zizawa | 29/05/2010, 08:45
ကိုမန်းကိုကိုဆွဲထုတ်လာတဲ့  အစတွေက နဲဘူး
ဒါးခုတ်ရာလက်လျှိုရရင်တော့ ဗမာအစတကောင်းကဆိုတာကို ခုထိတော့ လက်ခံမရသေးဘူး
အဲဒါကတော့ ကျွန်တော်လက်ခံမရတာက စာပေအထောက်အထားမရှိတာကြောင့်ပါ ။
ဒီလိုလေ အဲဒီတကာင်းအဘိရာဇာဒို့ ဗမာသာကီမျိုးဟာမို့ ဆိုတဲ့  အယူအဆကို အခိုင်မာစတင်တာက မှန်နန်းဘဲ ။ မှန်နန်းကို အဓိကရေးတဲ့ ရည်ရွယ်ချက်က အရပ်သူနန်းမတော်မယ်နုဟာ အမျိုးမညံ့ဘူးဆိုတဲ့  အချက်ကို သက်သေပြဘို့  အဲမှာ မယ်နုကနေ ဆွေမျိုးစပ်ချလိုက်တာ မဇ္ဈိမက မြတ်ဘုရားထိရောက်သွားတာကိုး ။အဲဒါကို ကျွန်တော်လက်ခံမရသေးဘူး ။ လက်ခံမရသေးဘူးဘဲပြောတာနော် မှန်တယ်မှားတယ်မပြောရဲသေးပါ ။ ဗမာဆိုတာ မူရင်းရှိနေတဲ့  indigeneous tribes နဲ့  ပြောင်းလာတဲ့  လူမျိုးစုတွေ သွေးနှော။ တရုပ်နဲ့  မဇ္ဈိမက အတတ်နဲ့  ယဉ်ကျေးမှုတွေကို မိမိနဲ့  တော်အောင်ပြုပြင်ရင်း ပုဂံခေတ်လောက်မှာ စတင်အင်အားကြီးလာတဲ့  လူမျိုးစုတခုလို့ ဘဲ လောလောဆယ်တော့ ခဏ မှတ်ထားတယ်ဗျာ
စစ်ကိစ္စကတော့ စစ်ဆိုတာ နောက်ဆုံးတော့ တရားဝင်လူသတ်တာဘဲလေ။ ဒီတော့ သတ်ပုံသတ်နည်းနဲနဲကွာတာဘဲရှိမယ် ။ သတ်တာတော့သတ်တာဘဲလို့ ထင်မြင်နေမိပါတယ် ။ (အကြမ်းဘက်မှု မပါဘဲ ကွဲလွဲမှုတွေကို ဖြေရှင်းနိုင်တဲ့  လူ့ ဘောင်တရပ်ကိုတော့ လိုချင်သားဗျာ ။ မဖြစ်နိုင်ဘူးလို့ ထင်တာဘဲ ) ဘုရင့်နောင်ကိစ္စကတော့ တော့ပစ်တခုထောင်ပြီးဆွေးနွေးရမလားဘဲ ။ သူ့  ညီသားမက် သတိုးမင်းစောက ဇင်းမယ်တိုက်ပွဲမှာ ဝေဘန်တာတွေ ၊ နောက် သူ့ တပ်တွေကို အကွပ်အညှပ်နာလှတယ်လို့  စကားစဉ်တွေရှိနေတော့ သူလဲ လေလောကီသားလို့ ဘဲ တွေးမိပါတယ်။
အလောင်းမင်း
အင်း သူ့ လဲ သီးခြားလေ့လာရမလားဘဲ
သူ့ ရဲ့ ပြဿနာကလဲ သူ့ ခမျာမင်းသာခေါ်ရတာကိုး။ ရွာကလူမိုက်တွေစုပြီး ထချခဲ့တဲ့  သူကြီးဘ၀က စရတာဆိုတော့ Geneva convention တွေဘာတွေကြားဘူးမယ.်မထင်ဘူးဗျ။ နောက်တခုက သူ့ လေ့လာရင် သူ့ တပည့်တွေဖြစ်တဲ့  မုဆိုးခြုံ ဗိုလ်တွန် ၊သေနတ်ဝန်ဦးကောင်း ၊ သားကြီး နောင်တော်ကြီးနဲ့  သားလတ် နောင်ဆင်ဖြူရှင်ဖြစ်လာမဲ့ မောင်ရွတို့ ကိုပါ လေ့လာအုံးမှ ။
ဟားဟား ကျွန်တော်တို့ စကားဝိုင်းက နောက်ထပ် ၅နှစ်တောင်ဆုံးပါ့မလားဘဲ
Posted by tint oo | 29/05/2010, 08:58
ကိုဝတုတ်နဲ့ ဦးဘိုဘိုကျော်ငြိမ်းတော့တယောက်ထဲမထင်မိပါ ။ ဟိုဆရာကြီးက အမေရိကနေတာဟုတ်ဘူးလား
ကျွန်တော့အမြင်ကတော့ ကိုဝတုတ်၊ကိုမန်းကိုကိုတို့ ရဲ့  အပြင် ID ကို စိမ၀င်စားမိပါ ။ကျွန်တော်တို့ ခု ဆွေးနွေးနေတဲ့  ဗမာသမိုင်းကို စိတ်ခံစားချက်မပါဘဲ ( လုံးလုံးတော့မပါဘဲ မဖြစ်နိုင်ဘူး ကျွန်တော်တို့ အားလုံးက ပုထုစဉ်တွေဆိုတော့ ) စိတ်ခံစားချက်နဲစွာနဲ့  ဆွေးနွေးချင်းဆိုတဲ့  ရည်ရွယ်ချက်တူတဲ့  မိတ်ဆွေတွေဘဲလို့  ခံယူပါကြောင်း
Posted by tint oo | 29/05/2010, 09:04
ကိုဝတုတ်ပြောတဲ့ အထောက်အထားဆိုလို့ မြန်မာပြည်မှာ ကျနော်နားလည်သလောက်က ရှိတဲ့အထောက်အထားတွေလည်း တမင်သော်လည်းကောင်း၊ မသိလို့သော်လည်းကောင်း ဖျက်ဆီး၊ ပျက်စီးလာခဲ့တာ တဖြည်းဖြည်းနဲ့ ကိုယ်လုပ်နိုင်တဲ့အခါကျ ကျန်ပါ့တော့အုံးမလား တွေးပူမိပါတယ်။ ဥပမာ ပုဂံကိုပဲကြည့်ပါ၊ ၉၀ ခုနှစ်လောက်ရောက်သွားတော့ စေတီတိုင်းလိုလို ဋ္ဌာပနာဖောက်ခံထားရတာတွေ့ခဲ့ရလို့ စိတ်တော့မကောင်းပါ။ ပြုပြင်ထိန်းသိမ်းမှုဆိုတာကလည်း ငွေကြေး၊ အတတ်ပညာနဲ့ ဆန္ဒတွေရှိမှဖြစ်နိုင်ရာမှာ တစ်ခုမှရှိမနေတဲ့ အခြေအနေက ထင်ရှားနေပါတယ်။ ငွေရလို့သာ ပေါင်ဒါဖို့နေတာတွေကို မဆိုလိုပါ။
တွေ့ဖူးသူတစ်ယောက်အဆိုအရ သထုံမြို့ကအဓိကရဘုရား (အရေးထဲ နာမည်မေ့နေပြန်ပြီ) မှာရှိခဲ့တဲ့ မွန်၊ ကရင်နဲ့ နောက်တစ်မျိုးက ပါဠိဆိုလား ကျောက်စာတိုင်ကြီးတစ်ခုရှိတာတောင် ပျောက်သွားပြီဆိုပါတယ်။ ဘားအံမြို့နားက ကော့ဂွန်းဂူမှာရှိတဲ့ ရှေးဟောင်းအုတ်ခွက်ဘုရားတွေနဲ့ သမိုင်းဝင်အထောက်အထားတွေကတော့ ကိုလိုနီခေတ်နှောင်းပိုင်းမှာ ပင်လယ်ကူးသင်္ဘောတစ်စီးစာ တင်လို့မကုန်ဖူးဆိုခဲ့တာ ခုတော့ ဘာမှမယ်မယ်ရရ မတွေ့မိတော့ပါဘူး။ (ဖေါ်ထုတ်လို့မရသေးတဲ့ မိဖုရား သို့မဟုတ် ဘုရင်မတစ်ပါး ခိုနေခဲ့တာလို့ ဆိုထားပါတယ်။) မြို့တစ်မြို့မှာတော့ မြောင်းလိုလိုတစ်ခုတွေ့တော့ မြို့ဟောင်းသမိုင်းရယ်၊ ဖြောင့်တန်းပြီး လူဖန်တီးထားပုံပေါ်တာရယ်၊ အနက် အကျယ်တွေကြည့်ပြီး ကျုံးဟောင်းလို့မှတ်ချက်ချမိပါတယ်။ မြို့နာမည်မတပ်တော့ပါ၊ စိုးရိမ်လို့ပါ။
စိုးရိမ်တယ်ဆိုတော့လည်း နမူနာတစ်ခုပြောလိုပါတယ်။ ၁၇ ရာစုလောက်မှာ ကရင်ကိုရင်တစ်ပါး ကျမ်းဂန်သင်လိုလို့ ဦးပဉ္စင်းဝတ်ဖို့ကျတော့ မွန်ဘုန်းကြီးတွေက တက်မပေးရဲကြဘူး။ နောက်ဆုံးအင်းဝအထိရောက်ပြီး သင်္ကန်းတကာမအနေနဲ့ မင်းသမီးတစ်ပါးဆီမှာ အလှူခံနိုင်ခဲ့ပါတယ်။ နန်းတွင်းစာပြန်ပွဲမှာတော်လို့ ဘုရင်ကိုယ်တိုင် ရွှေပြားနဲ့လုပ်တဲ့ဆုတံဆိပ် ဆက်ကပ်ခံရပြီး အောက်ပြည်ပြန်တော့ ကရင်တွေကိုးကွယ်ဆည်းကပ်တဲ့ ဖူ့တာမိုက်ဆိုတဲ့ ပျောက်ကွယ်သွားတဲ့ ကရင်စာကိုပြန်ဖေါ်ထုတ်ပေးခဲ့တဲ့ ဆရာတော်ဖြစ်ခဲ့ပါတယ်။
သူ့ရဲ့ ရွှေပြားဆုကို တစ်ချိန်မှာဓမ္မန္တရာယ်တစ်ဦးက အရည်ကျိုပြစ်လိုက်တယ်လို့ ဆိုပါတယ်။ မျက်မှောက်ခေတ်မှာလည်း မျက်မြင်ကိစ္စအချို့ရှိတော့ သတိထားရမလို ဖြစ်နေပါတယ်။ ဒါမျိုးတွေကို ဂျိမ်းစဘွန်းကားတွေမှာလောက်ပဲရှိတယ်လို့ နားလည်ထားတဲ့ အင်မတန်သဘောရိုးလှသူ မြန်မာပြည်သားတွေကတော့ အများစုပါ၊ ကျနော်လည်း ဖြစ်နိုင်ရင်မကြုံချင်ပေမယ့် လူသားလာဖြစ်နေတော့လည်း ရှောင်ရအခက်သားကလား။
ကိုတင့်ဦးပြောတဲ့ စစ်ကိစ္စဆိုလို့ အခုကျနော်အနည်းအကျဉ်း စဖတ်နေမိတာက state တွေနဲ့ သူတို့ရဲ့ coercive power နဲ့အုပ်ချုပ်တဲ့အကြောင်း ဆက်စပ်ပြီးတွေးကြည့်နေတာ၊ ဖတ်ပြီးသွားရင်တော့ နိုင်ငံရေးစကားလေးတွေနည်းနည်း ပြောနိုင်လာမယ်ထင်ပါရဲ့။ ဟုတ်ပါတယ် စစ်ဟာ စစ်ပါပဲ၊ တခုရှိတာက ဒီကနေ့ သိနိုင်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချလာနိုင်တဲ့ခေတ်ကြီးမှာ လက်ရှိအာဏာချုပ်ကိုင်သူတွေက သာမန်ပြည်သူတွေကို ဒီသဘောသဘာဝတွေ မသိစေချင်တဲ့ အနေအထားရှိနေတဲ့ကိစ္စပါ။
ပြောရင်းနဲ့တော့ လမ်းချော်လာပြန်ပြီ၊ ဇာတိပြလာတယ် ဆိုကြပါစို့ဗျာ။ တချိန်တတ်နိုင်တဲ့အခါကျရင် အခွင့်အရေးမရှိ၊ အားနည်းသူတွေကို ကူညီမယ်ဆိုပြီး ရည်မှန်း၊ ဆန္ဒရှိလို့ တဖြည်းဖြည်းနဲ့ နိုင်ငံရေးဖက်ရောက်သွားတာပါ။ ဒါပေမယ့် ဒီမိုအမည်လည်းမခံ၊ အတိုက်အခံလည်းမဟုတ်တဲ့ သာမန်လူတစ်ယောက်ပါ။ (ကြော်ငြာနဲ့ တူနေပြီ ထင်ပါတယ်။) တော်ပါအုံးမယ်။
Posted by မန်းကိုကို | 29/05/2010, 12:16
ဘာမှ ဆွေးနွေးတတ်မှာ မဟုတ်သေးပေမယ့် စိတ်ဝင်တစား စောင့်ကြည့် အားပေးနေပါတယ်။
ဦးတင့် … မင်္ဂလာပါ!
Posted by ဇေယျာ | 31/05/2010, 08:58
ကိုမန်းကိုကို ဝတုတ်သခင်က ကျုပ်မိတ်ဆွေပါ။ ကျုပ် အင်္ဂလိပ်စာနဲ့ အိုင်ဒီယော်လော်ဂျီက ဘာဖြစ်နေလို့ပါလိမ့်။
ကမာရွတ်က မွန်နာမည်ပါ။ ရတနာကန်။ ဆရာဦးဝန်ရေးတာ ရှိပါတယ်။ ဘုရင့်နောင်က အင်းဝဆက်ပါ။ တောင်ငူ မင်းကြီးညိုက ဗမာပါပဲ။
Posted by Bo Bo | 31/05/2010, 22:16
ဒါနဲ့ ဆရာဦးဝန်က မွန်လား။ မွန်ကျောက်စာတွေပါ ဖတ်တတ်တဲ့ မွန်ပညာရှင် နိုင်(ထွန်းလှ) ထင်ပါတယ်၊ သူ့လိုလူတွေရဲ့စာတွေနဲ့ တိုက်ဆိုင်ကြည့်နိုင်ရင်တော့ ကမာရွတ် အဖြေ ပိုသေချာမယ်ထင်ပါတယ်။
ကရင်နဲ့ မွန်တွေက အတူယှဉ်တွဲနေခဲ့တဲ့မှတ်တမ်းဟာ အေဒီ ၁ ရာစုလောက် ကတည်းက စတယ်လို့ မန်းသင့်နောင် (ကော့ကရိတ်) ရဲ့စာအုပ်မှာ ဆိုထားပါတယ်။ အခေါ်အဝေါ်အချို့ overlap ဖြစ်တာမျိုးတွေလည်း ရှိနိုင်ပါတယ်။
ဘုရင့်နောင်ဟာ အင်းဝဆက်ဆိုရင်တော့ ရှမ်းများဖြစ်နေမလားပဲ။ တစ်ခုရှိတာက အဲဒီခေတ်က စစ်နိုင်တဲ့နယ်မှာ ကိုယ့်တပ်တွေချန်ရစ် အခြေချစေခဲ့ကြရာမှာ ထိုင်းမှာကရင်ရွာတွေကိုသာ ဒီကနေ့တွေ့ရပါတယ်။ အလားတူအဖြစ်မျိုးကတော့ တနင်္သာရီတိုင်းမှာရှိတဲ့ ရှမ်းရွာတွေကို တွေ့နိုင်ပါသေးတယ်။ (ရှမ်း သို့မဟုတ် ခမာ၊ မွန်၊ ကရင်တွေရဲ့ နှစ်ထောင်ချီတဲ့ ဆက်ဆံမှုတွေကိုတော့ သီးခြားပြောရမယ်ထင်ပါတယ်။)
ဘုရင့်နောင်ခေတ်ဝန်းကျင်မှာ ဗမာတွေအောက်ဖက် အိကျလာတယ်လို့တော့ သိမှတ်ထားမိပါတယ်။ မင်းကြီးညိုကိုတော့ ဖတ်မိတာအနှစ် ၂၀ ကျော်သွားပြီထင်ပါတယ်၊ မသိ သို့မဟုတ် မေ့သွားပြီလို့သာ ၀န်ခံလိုပါတယ်။
Posted by မန်းကိုကို | 01/06/2010, 10:22
Posted by Nge Naing | 01/06/2010, 02:28
ဆရာဦးဝန်က မွန်စပ်တယ်။ မြန်မာအဘိဓာန်ဖခင်လဲဖြစ်တယ်။ ဆရာသန်းထွန်းလဲ အောက်ပြည်က မွန်မြို့ ရွာတွေအကြောင်းရေးပါတယ်။ နိုင်ပန်းလှကတော့ မွန်ပဏ္ဍိတ်ပါ။ ကရင်နာမည်နဲ့ထင်ရှားတာ အောက်ပြည်မှာ သိပ်မမရှိပါဘူး။
Excising the ‚Mon Paradigm’ from Burmese historiography
Victor Lieberman လိုစာတွေထဲ ရှာဖတ်ရမှ ပိုသိမှာပဲ။
မင်းကြီးညိုက တပင်ရွှေထီးအဖေပါ။
Posted by Bo Bo | 01/06/2010, 10:47
နောက်ပိုင်းတော့ ဧရာဝတီကို ကွန်မန့်မပေးဖြစ်တော့ဘူး။ ကျိုးကြောင်းနဲ့ရေးခဲ့တဲ့စာတွေ၊ တိုင်းရင်းသားအကြောင်းတွေ တစ်ချက်လောက်ပါရုံနဲ့ ဆင်ဆာထိခဲ့တာလည်း မနည်းလေတော့ အခုရေးနေတဲ့ဘလော့ စလုပ်ဖို့တွန်းအားပေါ့ဗျာ။ ကြံဖန်ပြီးလည်း ကျေးဇူးတင်ရမလို ဖြစ်နေတယ်။
ကရင်အမည်နဲ့ ထင်ရှားတာတော့ မရှိသလောက်ဆိုတာ မှန်ပါတယ်။ ကျနော်တို့ ညံ့ချက်ပေါဗျာ။ ဒါပေမယ့် နာမည်သိပ်မကြီးသူ စာရေးဆရာအချို့နဲ့ မောင်စင်ကြယ် (မန်းညွန့်မောင်) တို့လို သမိုင်းပညာရှင်မဟုတ်တာတွေတော့ ရှိပါတယ်။
အချက်အလက်တွေအတွက်တော့ ကျေးဇူးတင်ပါတယ်။
Posted by မန်းကိုကို | 02/06/2010, 10:44
Posted by Bo Bo | 02/06/2010, 17:59
ကျုံး ၇ ထပ်ရှိတဲ့ တောင်ကြားခံတပ်မြို့ (ကော့ကရိတ် နိုင်ငံ – နာမည်သီးသန့် ရှိပါသေးတယ်) ကို ရှမ်းတွေလာတိုက်လို့ ကျသွားပြီးတဲ့နောက် ဘားအံနားဇွဲကပင်တောင်ခြေက ဒုံရင်းမြို့(နိုင်ငံ) အထိ နောက်ပိုင်းလာတိုက်ကာ ကရင်သုံ့ပန်းတွေကို နားရွက်မှာ ငါးမျှားချိတ်တွေနဲ့တွဲပြီး ဖမ်းခေါ်သွားခဲ့ပါတယ်။ ဒီကနေ့မှာတော့ ထိုင်းနိုင်ငံ Chonburi နားမှာထင်ပါတယ်၊ အခြေချနေစေခဲ့တာ ခုအချိန်မှာ သူတို့ရဲ့ `ထား´ ကဗျာတွေထဲမှာ မိုးရွာရင် ဇွဲကပင်မြေကိုလွမ်းကြောင်း ဖွဲ့ဆိုထားတာတွေ ရှိသေးကြောင်း ထိုင်းနိုင်ငံမှာ အခြေချနေတဲ့ ကရင်ခရစ်ယာန်သာသနာပြုတစ်ဦးက ပြောပြဖူးပါတယ်။
စာအုပ်အချို့ပါမလာလို့နဲ့ ကရင်လို လိပ်ပတ်လည်အောင် မပြောနိုင်တော့တဲ့အနေအထားမို့ နောင်မှပဲတင်ပြနိုင်ပါလိမ့်မယ်။
မောင်စင်ကြယ်ကတော့ ဗမာစာပေပညာရှင် (စာပေဗိမာန်) ဖြစ်ပေမယ့် သမိုင်းပညာရှင်တော့ မဟုတ်ပါ။ ကြုံရင်တော့ စကားလေးတွေ သွားနာပါအုံးမယ်။
Posted by မန်းကိုကို | 03/06/2010, 08:18
နိုင်ငံဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး သတိထားဖို့လိုမယ်ထင်ပါတယ်။ နိုင်ငံဆိုတဲ့ စကားလုံးက ဗမာမှာကို အတော်လေး နောက်ကျပြီးမှ ပေါ်တယ်ထင်ပါတယ်။ ဥပမာ Michael Symes ဘိုးတော်ဘုရားဆီ ဗြိတိသျှသံအနေနဲ့ ၁၇၉၅ တ၀ိုက်မှာ သွားတော့
ဗမာနိုင်ငံဆိုတာထက် Kingdom of Ava, Birman Empire ဆိုတဲ့ အသုံးအနှုံးကိုပဲ သတိပြုမိပါတယ်။ နောက် အလောင်းဘုရား ကိုယ်တိုင်းက သူ့ကိုယ်သူ ဗမာနိုင်ငံတော်မင်းလို့ ရည်ညွှန်းသုံးစွဲတာ ကျနော် တခါမှ သတိမပြုမိပါဘူး။ သုနာပရန္တတိုင်း (မေရှင်သီချင်းထဲတောင် အဲ့သလို ထည့်ဆိုထားသေးတယ်)တပ္မဒီပတိုင်း၊ ထီးဆောင်းမင်း အပေါင်းတို့၏ ဘုရင်၊ ဆင်ဖြူများရှင် စသဖြင့်သာ သုံးနှုန်းတယ်ထင်ပါတယ်။ နောက် ကုန်းဘောင် မင်းဆက် ထီးနန်းဆိုက်ရာကိုလည်း ဗမာနိုင်ငံမြို့ တော်လို့ ခေါ်ဝေါ်တာ ကျနော် မကြားဖူးပါ။
မြန်မာနိုင်ငံတော်ဆိုတဲ့ အသုံးအနှုန်းဟာ တချို့ သမိုင်းလေ့လာသူများအဆိုအရ ၁၉ ရာစု ထဲရောက်မှ တနည်းအားဖြင့် ပထမအင်္ဂလိပ်ဗမာစစ် အပြီးလောက်ကျမှ ကုန်းဘောင်
မင်းဆက်က ဘုရင်တွေညွှန်ကြားချက်နဲ့ပြုစုရေးသားတဲ့ ရာဇ၀င်စာအုပ်တွေမှာ ပါလာတာ ဖြစ်တယ်လို့ မှတ်သားဖူးပါတယ်။
နောက် ၁၈ ရာစုအကုန်လောက် မိုက်ကယ်ဆိုင်း အ၀နန်းတော်ကို သံအဖြစ်နဲ့သွားတော့
အ၀၊ ပဲခူး၊ ရခိုင်နဲ့ ဆိုင်ယမ် ဆိုတဲ့ အင်ပိုင်ယာလေးခုကိုပဲ ဖော်ပြထားတာ သတိပြုမိပါတယ်။
ကနေ့ခေတ် ကျနော်တို့နားလည်နေတဲ့ nation-state နိုင်ငံဆိုတဲ့ သဘောတရားဟာ ပြင်သစ်တော်လှန်ရေး နောက်ပိုင်းကျမှသာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
ကော့ကရိတ်နိုင်ငံ၊ ဒုံးရင်း (နိုင်ငံ)ဆိုတာ ကျနော်တော့ မကြားဖူးပါဘူး။
ကရင်တွေအနေနဲ့ နိုင်ငံ ရှိခဲ့သည့်ဖြစ်စေ မရှိခဲ့သည် ဖြစ်စေ ကရင်လူမျိုးတွေဟာ ဗမာပြည်ရဲ့ သားသမီးတွေဖြစ်တဲ့အတွက် ကျန်တဲ့ဗမာလူမျိုး ရှမ်းလူမျိုးတွေနဲ့တန်းတူ အခွင့်အရေး ရပိုင်ခွင့်တန်းတူ ရှိစေရမှာပါ။ နိုင်ငံရှိခဲ့တာ မရှိခဲ့တာဟာ အရေးမကြီးဘူးလို့
ကျနော်ထင်ပါတယ်။ တခါတခါ ကိုယ်ကကိုယ့်အမျိုးသား အခွင့်အရေးကို တောင်းဆိုရာမှာ
တရားထူထောင်တဲ့အနေနဲ့ သမိုင်းကို ‘ထွင်’ တာတွေ မလုပ်မိအောင် သတိထားရမယ် ထင်ပါတယ်။ ဥပမာ ပါကစ္စတန် နှစ်ငါးထောင် သမိုင်းဆိုတဲ့ စာအုပ်မျိုးဟာ ထွင်သမိုင်းကြီးပါ။
ဝတုတ်
Posted by zizawa | 03/06/2010, 16:36
ကျနော်က ခေတ်ရဲ့သဘောနဲ့ `နိုင်ငံ´ ဆိုပြီး သုံးလိုက်တာပါ။ ခုနှစ်ပြည်ထောင်မင်းများ လို့သုံးထားကြသလို `ပြည်ထောင်´သို့မဟုတ် vassal state လို့ပဲခေါ်ခေါ် ကျနော်ကတော့ပြဿနာ မရှိပါဘူး။ ကရင်တွေက ရှမ်း၊ မွန်၊ ဗမာ၊ အင်္ဂလိပ်လက်အောက် တစ်လှည့်စီရောက်ခဲ့တော့ မထူးပါဘူးဗျာ၊ ဘယ်သူ့အောက်ရောက်ရောက်ပါ။ (ဆွဲရတဲ့ လှည်း၊ အတို့ခံခဲ့ရတဲ့ကြိမ်သာ ကွာတာပါ။ ရိုင်းတယ်တော့မထင်ပါနဲ့၊ သရုပ်ပေါ်အောင်လို့ပါ။)
ကိုဝတုတ် မကြားဖူးတာတွေလည်း မဆက်စပ်မိသူတစ်ဦးအတွက် သဘာဝလို့ပဲထင်ပါတယ်။ တီတော့ မတီထွင်ပါဘူးဗျာ၊ အနှစ် ၅၀၀၀ ကတော့ ရခိုင်တွေရှိခဲ့တယ်လို့ တင်ပြတာတွေတော့ရပါတယ် (၆၀၀၀ ထင်ပါတယ်)။ ကရင်သက္ကရာဇ်က မြန်မာပြည်ထဲ ရောက်ပြီးလူစုံကတေည်းက စရေတွက်ခဲ့တာ နှစ်ပေါင်း ၂၇၄၉ ပဲရှိပါသေးတယ်။ သံလွင်၊ မဲခေါင်နဲ့ မြစ်ဝါ(ထင်ပါတယ်) စတင်စီးဆင်းရာမှာနေခဲ့စဉ် သို့မဟုတ် အဲဒီထက်စောပြီး ပြက္ခဒိန်ရေတွက်နည်းရခဲ့တယ်လို့ ယူဆရပါတယ်။ lunar ပြက္ခဒိန်ဖြစ်ပါတယ်။ နှစ်သစ်က ဒီဇင်္ဘာ၊ ဇန္န၀ါရီ ၀န်းကျင်မှာ ကုန်ပါတယ်။
အရင်က ဗိုလ်ချုပ်မောင်လှ (ကရင်ပြည်နယ် ၈၀ စစ်ဆင်ရေးအစမှာတော့ ဗိုလ်မှူးကြီး) နဲ့ ဗိုလ်ချုပ်ခင်ညွန့်တို့ကတော့ နောင်ဆို ကရင်တွေကို ပြတိုက်ထဲမှာပဲ သွားရှာရတော့မယ်လို့ ပြောခဲ့ပါတယ်။ အမှန်ကတော့ ပြတိုက်ထဲတကယ်ရောက်နေပါပြီ။ ပြတိုက်ငယ်တွေဖြစ်နေလို့ ကရင်တွေကိုယ်တိုင်တောင် လူတိုင်းမသိကြပါဘူး။
ကရင်ဆိုတဲ့ ဝေါဟာရကလည်း ဗမာ သို့မဟုတ် အနောက်တိုင်းသားတွေက (နားကြားလွဲ၍သော်လည်းကောင်း) တီထွင်ခဲ့တာပါ။ ကရင်တွေဆီမှာ ကရင်ဆိုတဲ့ စကားလုံးမရှိပါဘူး။ ပိုး၊ စကော (စဝှော်) စတာတွေပဲရှိပါတယ်။ အေးဗျာ ကျနော်လည်း ကိုဝတုတ်ကို အခြားရှုထောင့်တစ်ဖက်က မြင်ရသလိုပြောနေမိတော့ ကွာခြားမှုရှိမှာနဲ့ academic value အရတော့ လက်ခံဖို့ ခက်ခဲတာတွေရှိနိုင်ပါတယ်။
အထောက်အထားနဲ့ ပြောဆိုလုပ်ကိုင်ဖို့ကတော့ ကျနော့်တာဝန်ပေါ့ဗျာ၊ အနှစ် ၂၀-၃၀ လည်းစောင့်ဖို့ လိုရင်လိုပါလိမ့်မယ်။ (ကိုယ်မလုပ်နိင်ရင်တော့ လုပ်နိုင်မယ့်သူတွေကို စေ့ဆော်၊ မြေထောင်မြှောက်ပေးရမှာပေါ့။)
Posted by မန်းကိုကို | 04/06/2010, 08:17
Posted by WinSg | 05/07/2010, 11:23
သုံးနှစ်ရာသီဗမာပြည် မဟုတ်ပါဘူး။
ငါးနှစ်ရာသီဗမာပြည်ပါ ဦးနု(၀န်ကြီးချူပ်ဟောင်း)ရေးတာ။
Posted by comet | 18/07/2010, 13:49
Posted by က၇င်လေး | 24/08/2010, 02:50
Posted by သာကီမျီုးဟေ့တို့ဗမာ | 28/10/2012, 13:59
Posted by သာကီမျီုးဟေ့တို့ဗမာ | 28/10/2012, 14:11