Sunday, September 1, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁-၉)

သစ်ထူးလွင်



Posted: 01 Sep 2013 07:32 AM PDT

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့က လောကပါလ လူမှုကူညီရေး အသင်းဟာ တရားဝင် မှတ်ပုံတင်ထားခြင်း မရှိတာကြောင့် အသင်းရဲ့လှုပ်ရှားမှုတွေ ရပ်ဆိုင်းထားဖို့ ဖယ်ခုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက အမိန့်စာ ထုတ်ထားတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လောကပါလ လူမှုကူညီရေး အသင်းရဲ့ ဒုတိယဥက္ကဌ ကိုကျော်ထင်အောင်က RFA ကို အခုလို ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 01 Sep 2013 05:55 AM PDT

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ပြည်လမ်းမပေါ် တံတားဖြူ ကားမှတ်တိုင်အနီးတွင် သြဂုတ်လ ၃၀ ရက် ည ၁၂ အချိန်ခန့်က ပြိုင်ကားစစ်ဆေးရေးဂိတ်တွင် ယာဉ်စစ်နေသည့် ရဲတပ်ဖွဲ့ဝင်သုံးဦး ယာဉ်တိုက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း ကမာရွတ်မြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။ စစ်ဆေးရေးဂိတ်တွင် တိုယိုတာကိုရိုလာ အမျိုးအစား အငှားယာဉ်တစ်စီးကို လုံခြုံရေးတာဝန်အရ စစ်ဆေးနေစဉ် ယင်းကား၏ နောက်ပိုင်းကို အရှိန်ဖြင့် မောင်းနှင်လာသည့် Probox အမျိုးအစား ကိုယ်ပိုင်ယာဉ်တစ်စီးက ဝင်တိုက်ခဲ့ရာ ကိုရိုလာ (အငှားယာဉ်) ယာဉ်ရှေ့ရှိ ရဲတပ်ဖွဲ့ဝင် သုံးဦးကို တိုက်ခဲ့မိခြင်း ဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 01 Sep 2013 05:51 AM PDT

အချိန်က နေ့လယ်ခင်း ဖြစ်နေသော်လည်း အခန်းအတွင်း အမှောင်ဓာတ်က နေရာ တော်တော် များများကို ကြီးစိုးထားသည်။ မှောင်မှိုင်းမှိုင်း အခန်း အတွင်းတွင် စူးရှ တောက်ပသော Disco Light များက တလက်လက် တောက်ပနေသည်။
ခန်းမ၏ အလယ်တွင် စက်ဝိုင်းပုံ စားပွဲငယ် တစ်ခု အခန့်သား ရှိသည်။ စားပွဲငယ်၏ ဘေးပတ်ပတ် လည်တွင် လူငယ် ငါးဦးက တက်ကြွသော ဟန်ပန်မျိုးဖြင့် တစ်စုံတစ်ရာကို စောင့်မျှော်နေသလိုပင်။ အခန်းတွင်းရှိ လူအားလုံး နီးပါးကလည်း ထိုစားပွဲငယ်ဘေးရှိ လူငယ်များကိုသာ လှုပ်လှုပ်ရွရွဖြင့် စိတ်ဝင်တစား ကြည့်နေကြသည်။

‘Ready နော်။ 1, 2, 3…စပြီ’။ စင်မြင့်ပေါ်ရှိ DJ က အော်ဟစ် သတိပေးသံ အဆုံးတွင် လူငယ် ငါးဦး တို့သည် စားပွဲငယ်ပေါ်ရှိ Johnny Walker အရက် သုံးပက်စီ ထည့်ထားသော တစ်ခါသုံး ပလတ်စတစ် ခွက်ငယ်ထဲမှ အရက်များကို ပိုက်ဖြင့် အလျင်အမြန် စုပ်ယူနေကြသည်။ ယင်းလူငယ် ငါးဦးထဲမှ အမြန်ဆုံး ကုန်အောင် သောက်နိုင်သူသည် အနိုင်ရရှိမည်ဖြစ်သည်။ အနိုင်ရသူ အတွက်လည်း Jägermeister ၁ ဒသမ ၅ လီတာ အရက်ပုလင်း တစ်တောင့်က ဒိုင်လုပ်သူ၏ လက်ထဲတွင် အဆင်သင့် ရှိနေသည်။

အထက်ပါမြင်ကွင်းမှာ Day Party များတွင် ကျင်းပလေ့ရှိသော Break Drink ပြိုင်ပွဲများတွင် မြင်တွေ့နေကျ မြင်ကွင်း တစ်ခုသာ ဖြစ်သည်။ ရန်ကုန်မြို့တွင် ကျင်းပလေ့ရှိသော Day Party များ၌ အဆိုပါ Break Drink ပြိုင်ပွဲသာမက Shuffle Dance ပြိုင်ပွဲ၊ Sexy Dance ပြိုင်ပွဲ၊ Kissing Time ပြိုင်ပွဲများကို အလျဉ်းသင့်သလို ထည့်သွင်း ကျင်းပလေ့ ရှိသည်။

“ဒီလို ပြိုင်ပွဲမျိုးတွေက ပါတီတွေမှာ နှစ်ခု သုံးခုလောက်တော့ အမြဲ ပါတာပဲ။ ကလပ်ထဲကို လာတာ ကလည်း လူငယ်တွေ များတယ်။ အများစုက တက္ကသိုလ် ကျောင်းသားတွေပေါ့။ ဒီထက်ငယ်တာ တွေလည်း ပါပေမယ့် နည်းပါတယ်။ သူတို့တွေက အပျော်သဘော အနေနဲ့ ပြိုင်ကြတာပေါ့” ဟု တာမွေမြို့နယ်အတွင်းရှိ Day Club များသို့ မကြာခဏ သွားရောက်လေ့ရှိသူ ဒဂုံတက္ကသိုလ် ကျောင်းသား ကိုဖြိုးမင်းသူက ဘီယာခွက်ကို လက်တစ်ဖက်က ကိုင်ရင်း ပြောသည်။

Day Club များသည် ကျောင်းချိန်ဖြစ်သော နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း ဖွင့်သောကြောင့် ကျောင်းသားများအတွက် ရည်ရွယ်ထားသကဲ့သို့ ဖြစ်နေကြောင်း ၎င်းက ဆိုသည်။

“ကျွန်မတို့ ညဘက် ကလပ်သွားမယ်ဆိုရင် အိမ်က သတ်မှာပေါ့။ ဒီတော့ သူငယ်ချင်းတွေနဲ့ ပျော်ချင်ရင် နေ့ခင်းပိုင်း ဖွင့်တဲ့ Day Party တွေ သွားဖြစ်တယ်။ ခဏခဏတော့ မသွားဖြစ်ဘူး။ အိမ်က သိသွားရင် မလွယ်ဘူး” ဟု နည်းပညာတက္ကသိုလ် ကျောင်းသူ တစ်ဦးက ဆိုသည်။

Day Club အများစုတွင် ဝင်ကြေးသည် တစ်ဦးလျှင် ၅၀၀၀ ကျပ်ခန့်သာ ကျသင့်၍ Day Party ကျင်းပသော နေ့များတွင် ၆၀၀၀ ကျပ်အထိ ကျသင့်ပြီး ရန်ကုန်မြို့အတွင်း တာမွေ၊ အလုံ၊ ဗဟန်း၊ မင်္ဂလာတောင်ညွန့် စသော မြို့နယ်များတွင် ဖွင့်လှစ်ထားကြသည်။

“အများစုက ကျောင်းသားတွေဆိုတော့ အိမ်က မသိအောင် ခိုးလာကြတာ များတယ်။ တချို့ မိန်းကလေးတွေဆို အဝတ်အစားတွေ အိမ်က လူကြီးတွေ မသိအောင် ယူလာကြတယ်။ ကလပ်ထဲက အိမ်သာထဲမှာပဲ အလှပြင် အဝတ်အစားလဲ ပေါ့လေ။ တစ်ခါတလေကျရင် ဇယားလား၊ ကျောင်းသူလား သိပ်မကွဲဘူး” ဟု ကိုဖြိုးမင်းသူက ဆိုသည်။

ထို့အပြင် အဆိုပါ နေရာများတွင် အရက်သေစာ၊ မူးယစ်ဆေးဝါးနှင့် အပျော်မယ်များလည်း ရှိနေသော ကြောင့် မိမိတို့ သားသမီးများ သွားရောက် ပျော်ပါးမည်ကို မိဘအများစုက စိုးရိမ်ကြသည်။

“Club ဆိုတာ ကောင်းတဲ့ နေရာလို့တော့ ကျွန်မ တစ်ခါမှ မကြားဖူးဘူး။ အဲဒီတော့ ဒီကိုသွားပြီ ဆိုမှတော့ ကောင်းပါတော့မလား။ အရက်တွေ၊ မကောင်းတဲ့ မိန်းမတွေ ရှိနေတာကို။ ကိုယ့်သားသမီး က အပြင်မှာ ဘယ်လောက် လိမ္မာနေပါစေ။ အထဲမှာက သူ့ကို လမ်းမှား ရောက်သွားစေနိုင်တဲ့ အရာတွေ အများကြီးပဲ။ မသွားကြတာပဲ ကောင်းပါတယ်” ဟု တောင်ဥက္ကလာမြို့နယ်တွင် နေထိုင်သူ အထက်တန်းကျောင်းသူ သမီး နှစ်ဦး၏ မိခင် ဒေါ်ချယ်ရီအောင်က ဆိုသည်။

“ ကျောင်းသားကိစ္စက ကျင့်ဝတ် ကိစ္စ။ ၁၈ နှစ်အောက် ဆိုမှသာ ကလေးသူငယ် ဥပေဒနဲ့ ငြိစွန်းမှ အရေးယူနိုင်တာ…”

ယခင်က Day Club များကို အကြီးအကျယ် ဖမ်းဆီးမှုများ ရှိခဲ့ဖူးသော်လည်း ယခုအခါ ပြန်လည် ဖွင့်လှစ်လာကြပြီး Day Party များကလည်း မရင့်ကျက်သေးသော လူငယ်များကို ဆွဲဆောင်နေ ကြသည်။

“Day Party က အမြဲတမ်း လုပ်နေတာ မဟုတ်ဘူး။ တစ်ပတ်တစ်ခါ နှစ်ပတ် တစ်ခါလောက်မှ လုပ်ဖြစ်တာ။ အဲဒီမှာမှ Sexy Dance ပြိုင်ပွဲတွေ၊ Shuffle ပြိုင်ပွဲတွေ၊ အသောက် ပြိုင်ပွဲတွေ ဘာတွေ လုပ်ကြတာ။ နောက်ပြီး Promotion အနေနဲ့ ဒီတစ်ခါ ပါတီလာရင် နောက်တစ်ခါ ထပ်လုပ်မယ့် ပါတီမှာ ဈေးလျှော့ပေးတာမျိုးလည်း ရှိတယ်” ဟု ပါတီပွဲ အချို့ စီစဉ်ဖူးသူ ကိုဇာနည် (အမည်လွှဲ) က ဆိုသည်။

Day Party များကို ရန်ကုန်မြို့တွင် Yangon International Hotel ဝင်းအတွင်းရှိ Flamingo Bar၊ ဗဟန်းရှိ B&W Music Pub၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း
ရှိ Cloud 9၊ အလုံရှိ Sky Way၊ တာမွေ မြို့နယ်အတွင်းရှိ DJ Club စသည့် နေရာများတွင် ကျင်းပကြလေ့ ရှိသည်။
အဆိုပါ Day Party များတွင် လူငယ် အများစု စိတ်ဝင်စားသော Sexy Dance ပြိုင်ပွဲများ၊ စုံတွဲတွေ အတွက် Kissing Time (စုံတွဲနှစ်ဦး အချိန် အကြာဆုံး ဆက်တိုက် နမ်းရှုပ်သည့် ပြိုင်ပွဲများ) ကျင်းပလေ့ရှိပြီး ဆုကြေးအနေဖြင့် ၅၀,၀၀၀ ကျပ်အထိ ဆုချလေ့ ရှိကြောင်း ကိုဖြိုးမင်းသူက ဆိုသည်။

အလွန် ငယ်ရွယ်သော စုံတွဲများက အဆိုပါ Day Club များက ထွက်လာပြီး ဟိုတယ်သွားရန် ကားငှား ခြင်းမျိုး မကြာခဏ ကြုံတွေ့ခဲ့ရဖူးကြောင်း တာမွေမြို့နယ်အတွင်းရှိ Day Club တစ်ခု အနီးတွင် ဂိတ်ထိုး တက္ကစီ မောင်းနှင်နေသူ ဦးစိုးအောင်ဆိုသူက မှတ်ချက်ပေးသည်။

သို့သော်ငြားလည်း Day Club များကို တည်ဆဲ ဥပဒေများအရ တရားဝင် ဖွင့်လှစ်ခွင့် မပြုထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဖွင့်ခွင့်မရှိဟုဆိုသော အဆိုပါ Day Club များသည် ပွဲစီစဉ်သူများ၏ အမည်နှင့် ဆက်သွယ်နိုင်သော ဖုန်းနံပါတ်များ၊ ပါဝင် ဖျော်ဖြေမည့် DJ များ၊ အနုပညာရှင်များ၊ ထည့်သွင်း ပြုလုပ်မည့် စိတ်ဝင်စားဖွယ် အစီအစဉ်များ (ဥပမာ- Sexy Dance ပြိုင်ပွဲများ၊ စုံတွဲတွေအတွက် Kissing Time ပြိုင်ပွဲများ) ထည့်သွင်း ကြေညာထားသော ကြော်ငြာများကို ပွဲစီစဉ်သူများ၏ ဖေ့စ်ဘွတ်စ် စာမျက်နှာများမှ တစ်ဆင့် ဖြန့်ဝေမှုများ ပြုလုပ်နေပြီး လူစည်ကားရာ နေရာများနှင့် တက္ကသိုလ်ကျောင်း အချို့တွင် လက်ကမ်း စာစောင် ဖြန့်ဝေမှုများလည်း ရှိသည်။

Day Club နှင့် Night Club များကို တရားဝင် ခွင့်ပြုထားခြင်း မရှိသော်လည်း အချို့ ကလပ်များမှာ စည်ပင်သာယာရေး ကော်မတီ၏ ထောက်ခံချက်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ မြို့နယ် ရဲစခန်း၏ ထောက်ခံချက်များဖြင့် ဖွင့်လှစ်ထားမှုများ ရှိကြောင်း ခရိုင်အဆင့် အဆင့်မြင့် တာဝန် ထမ်းဆောင်ခဲ့သော အငြိမ်းစား ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

“ပွဲတွေ ဘာတွေ လုပ်တော့မယ်ဆိုရင် အဆင်ပြေသလိုတော့ ဖြေရှင်းရတယ်” ဟု ကိုဇာနည်က ဆိုသည်။

အဆိုပါ Club များကို အရေးယူမည် ဆိုပါက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ – ၁၈၈ (ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန် ကြေညာ အမိန့်ကို ဖီဆန်ခြင်း) ဖြင့် တရား စွဲဆိုနိုင်ပြီး ထောင်ဒဏ် တစ်လအထိ ဖြစ်စေ၊ ဒဏ်ငွေ နှစ်ရာ ဖြစ်စေ၊ ပြစ်ဒဏ် နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်သည်။
ယင်းအပြင် အဆိုပါ ကလပ်တွင် လူ့အသက်ကိုသော် လည်းကောင်း၊ ကျန်းမာရေးကိုသော် လည်းကောင်း၊ ရုန်းရင်းဆန်ခတ် ဖြစ်မှု၊ သတ်ပုတ် နှောင့်ယှက်မှု၊ လုံခြုံရေးကို ထိခိုက်စေမှုများ ဖြစ်ပွား ခဲ့ပါက ခြောက်လထိ ထောင်ဒဏ် ဖြစ်စေ၊ ဒဏ်ငွေ တစ်ထောင် ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်သည်။

“တစ်ခါတလေကျရင် ရန်ဖြစ်ကြတာမျိုး၊ ရုန်းရင်းဆန်ခတ် ဖြစ်ကြတာမျိုးတွေလည်း ကြုံရတယ်။ ဒါပေမဲ့ နည်းပါတယ်။ ပြီးတော့လည်း ကလပ် လုံခြုံရေးကပဲ ရှင်းသွားတာပါပဲ” ဟု ကိုဖြိုးမင်းသူက ဆိုသည်။

ကျောင်းသား၊ ကျောင်းသူများ အဆိုပါ ကလပ်များသို့ သွားရောက်ရာတွင် စာရိတ္တ ပျက်ပြားနိုင်သော် လည်း ဖြစ်နိုင်ခြေ နည်းကြောင်း၊ ယင်းကဲ့သို့ သွားရောက် ပျော်ပါးရုံမျှဖြင့် အရေးယူ၍ မရနိုင်ဘဲ ၎င်းတို့၏ ကျင့်ဝတ်နှင့်သာ သက်ဆိုင်ကြောင်း၊ အဆိုပါ ကလပ်များထဲတွင် ပြည့်တန်ဆာများကို ဖမ်းဆီးရမိပါက ပြည့်တန်ဆာ အက်ဥပဒေနှင့် အရေးယူနိုင်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကျော်ဟိုးက ဆိုသည်။

“Night Club, Day Club နဲ့ ပတ်သက်ပြီး လုပ်ငန်း လိုင်စင် တရားဝင် ချပေးနိုင်တယ်ဆိုတာ မကြားမိဘူး။ အရေးယူရင် ၁၈၈ နဲ့ အရေးယူတယ်။ ဒဏ်ငွေ ပေးရတာများတယ်။ ကျောင်းသားကိစ္စက ကျင့်ဝတ် ကိစ္စ။ ၁၈ နှစ်အောက် ဆိုမှသာ ကလေးသူငယ် ဥပေဒနဲ့ ငြိစွန်းမှ အရေးယူနိုင်တာ” ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကမူ အဆိုပါ ကလပ်များကို ဒေသန္တရ အမိန့်ထုတ်၍ ပိတ်ပင် သွားမည် ဖြစ်ကြောင်း ယခုသြဂုတ်လ အတွင်းတွင် ကြေညာချက် ထုတ်ပြန်ထားသည်။
သို့သော်လည်း ပြည်တွင်းရှိ ကလပ်များကို နိုင်ငံတကာတွင်ကဲ့သို့ စနစ်တကျ အသက်အရွယ် ခွဲခြား ကန့်သတ်၍ ဖွင့်လှစ်စေခြင်းများ ပြုလုပ်သင့်ကြောင်း အချို့က အကြံပေးကြသည်။

“ကလပ်ဖွင့်တဲ့သူတွေ အနေနဲ့ အသက် ကန့်သတ်တာမျိုး လုပ်သင့်တယ်။ မဖွင့်နဲ့လို့တော့ သွားပြောလို့ မရဘူးပေါ့။ အသက် ဘယ်နှနှစ်အောက် မဝင်ရတို့၊ ဘာတို့ ကန့်သတ်လိုက်ပြီး ထိထိ ရောက်ရောက်လည်း လုပ်မယ်ဆိုရင် တစ်ခါတည်း ဖြေရှင်းပြီးသား ဖြစ်မယ် ထင်တယ်” ဟု အထက်တန်းပြ ဆရာတစ်ဦးဖြစ်သူ ဦးကျော်ရွှေက အကြံပြုသည်။

ထို့အပြင် မိဘများ အနေဖြင့်လည်း ယင်းကိစ္စအပေါ် ရှုမြင်ပုံ ပြောင်းလဲသင့်ပြီး သားသမီးများ အကောင်းအဆိုး နားလည်လာစေရန် စနစ်တကျဖြင့် ရှင်းပြ ဆုံးမသင့်သည်ဟု လူငယ် အချို့က ဆိုကြသည်။

“ကျွန်မ မိဘတွေကတော့ သိပ်စိတ်မပူဘူး။ ကျွန်မက သွားရင်လည်း ညီအစ်ကို မောင်နှမတွေနဲ့ သွားလေ့လည်း ရှိတယ်။ နောက်ပြီး လူကြီးတွေကို ပြောပြီးသွားတယ်။ ပျော်စရာရှိတာ ပျော်တယ်။ မမှားသင့်တာကို မမှားအောင် နေတယ်” ဟု ကွန်ပျူတာ တက္ကသိုလ် တတိယနှစ်ကျောင်းသူ မဥမ္မာက ဆိုသည်။

Day Club များ ဖွင့်လှစ်ချိန်မှာ နေ့ခင်းနေ့လယ် ဖြစ်သောကြောင့် အလွန်အကျွံ မူးယစ် သောက်စား ခြင်း၊ ခိုက်ရန် ဖြစ်ပွားခြင်း ဖြစ်နိုင်ခြေမှာ ညပိုင်းထက် နည်းပါးကြောင်း ကိုဇာနည်က ဆိုသည်။

“ဥပမာဗျာ လူငယ်တွေအတွက်တော့ ညဘက်ဆိုရင် အန္တရာယ် ပိုမများဘူးလား။ နေ့ခင်း နေ့လယ် ဆိုရင် အမှားအယွင်းတွေ ဖြစ်ဖို့ ပိုနည်းတယ်။ အဓိကကတော့ လူငယ်ဆိုတာ ကိုယ်မတွေ့ကြုံဖူးတဲ့ အသစ်အဆန်း ကိစ္စမှန်သမျှကို စိတ်ဝင်စားတယ်။ အဲဒါကို အတင်းပိတ်ပင်တာထက် စာရင် အဲဒါ ဘာလဲဆိုတာ ထိတွေ့ခွင့် ပေးပြီး ကောင်းခြင်း၊ မကောင်းခြင်းကို သူတို့ကို ဆုံးဖြတ်ခိုင်းတာ ပိုသင့်တော်မယ် ထင်တယ်” ဟု ကိုဇာနည်က ဆိုသည်။

အဆိုပါနေရာများသို့ သွားရောက်ခြင်းကြောင့် ပျက်စီးနိုင်သည်ဆိုသော အချက်ကို လူငယ် အချို့က သဘောမတူကြပေ။

“ရန်ကုန်မှာ လူဦးရေ ခြောက်သန်း ရှိတယ်။ ဒါပေမဲ့ ဒီနေရာကို လာတဲ့ အရေအတွက်က ရာဂဏန်း လောက်ပါပဲ။ ဒီနေရာမျိုးက လူတချို့ပဲ လာနိုင်ကြတာလေ” ဟု ကိုဖြိုးမင်းသူက ဆိုသည်။

သက်ဆိုင်ရာဘက်က တရားမဝင်ဟု ဆိုနေသော်ငြား အရက်နှင့် စီးကရက် ကုမ္ပဏီ အချို့က ကြော်ငြာခြင်းနှင့် စပွန်ဆာ ပေးခြင်းများ ကြုံတွေ့ရဖူးကြောင်း ကလပ် ပါတီများသို့ မကြာခဏ သွားရောက်ကြသော လူငယ်များက တညီတညွတ်တည်း ပြောကြားကြသည်။

“ဒီနေရာတွေကို လာလို့သာ ပျက်စီးတယ်ဆိုရင် အရက်၊ ဘီယာဆိုင်တွေ၊ တည်းခိုခန်းတွေ၊ မာဆတ် တွေ မှိုလိုပေါက်နေတာကို အရင် အရေးယူသင့်တယ်။ Club ကို လာတဲ့ လူအရေအတွက်ထက် အဲဒီကိုသွားတဲ့ လူငယ် အရေအတွက်က ပိုများတယ်။ ကလပ်ဆိုတာ လူငယ်တိုင်း နေ့တိုင်း မလာနိုင်ဘူး။ အရက်ဆိုင်ကတော့ နေ့တိုင်း သွားလို့ ရတယ်။ ဘယ်ဟာက လူငယ်တွေအတွက် ပိုအန္တရာယ်များလဲ” ဟု လှိုင်မြို့နယ်တွင် နေထိုင်သော နည်းပညာတက္ကသိုလ် ကျောင်းသား ကိုဗုံဗုံက ဆိုသည်။

ရန်ကုန်တွင် ကလပ် အရေအတွက်မှာ လက်ချိုး ရေတွက်၍ ရပြီး ပေါများစွာ တည်ရှိနေသော အရက်ဆိုင်များက လူငယ်များအတွက် ပိုအန္တရာယ်ပေးနိုင်ကြောင်း အထက်တန်းပြဆရာ ဦးကျော်ရွှေက မှတ်ချက်ပေးသည်။

“တကယ်ဆိုဗျာ လူတစ်ယောက် ကလပ်သွားမယ်ဆိုရင် တစ်ယောက်တည်း ဘယ်လိုမှ မသွားဘူး။ စိတ်တူကိုယ်တူ လူစုရဦးမယ်။ ပိုက်ဆံလည်း လက်ထဲမှာ လုံလုံလောက်လောက် ရှိဦးမှ သွားဖြစ်တာ။ ဘယ်သူမှ အမြဲတမ်း မသွားနိုင်ပါဘူး။ ဒီဟာတွေကို လိုက်ပိတ်ရင် အရက်ဆိုင်တွေ လူတောင် ပိုစည်သွားဦးမယ်” ဟု ကိုဗုံဗုံက ဆိုသည်။

“ဒီကိုသွားတိုင်း ပျက်စီးတာ မဟုတ်ဘူး။ အဓိကက လူပဲလေ။ မမှားအောင် ထိန်းရမှာပေါ့။ နောက်ပြီး ကိုယ့်ကို ထိန်းသိမ်းနိုင်တဲ့ လူမျိုးတွေနဲ့ သွားတာ ပိုကောင်းပါတယ်။ ကလပ်ဆိုတာ အခုမှ ပေါ်တာမှ မဟုတ်တာ။ အရင်ကတည်းက ရှိနေတာ။ လူတွေက အခုမှ အရေးကြီး ခွင်ကျယ်လုပ်ပြီး ပြောနေကြ တာ” ဟု ကိုဇာနည်က ၎င်း၏ အမြင်ကို ပြောပြသည်။

ပါတီများသို့ ကျောင်းသားအရွယ် လူငယ်များ လာရောက်ကြသော်လည်း လာရောက်တိုင်း ပျက်စီး မည်ဟု မမြင်သင့်ကြောင်း ကိုဇာနည်က ဆိုသည်။
“အဓိကက လူတစ်ဦးချင်းစီရဲ့ ချင့်ချိန်နိုင်စွမ်းပါပဲ။ ဒီကိုလာလို့ ပျက်စီးသွားတယ်လို့ ကျွန်တော် မထင်ဘူး။ ပျက်စီးချင်တဲ့သူက ပျက်စီးမှာပဲ။ ဒီကိုလာမှ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

Day Club များသို့ လာရောက်ခြင်းကြောင့် လူငယ်များတွင် အပြစ်ရှိသည် ဆိုသော်လည်း ၎င်းတို့ သည် အသက်အရွယ် ငယ်ရွယ်သေးသောကြောင့် ဆုံးမ ပြောဆိုသည့် လူကြီးများနှင့် ဆရာ ဆရာမ များတွင် ပိုမို တာဝန်ရှိနိုင်ကြောင်း တက္ကစီ ယာဉ်မောင်း ဦးစိုးအောင်က သူ၏ အမြင်ကို ပြောပြသည်။
“ကလေးတွေ ကျောင်းက ပြေးပြီး လာတယ်ဆိုရင် ဘာကြောင့် ကျောင်းပြေးလဲ။ ကျောင်းမှာ ဘာကြောင့် မပျော်တာလဲ အဖြေ ရှာရမယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က တစ်နေ့ လူကြီးတွေ ဖြစ်လာမှာလေ” ဟု ၎င်းက ဆိုသည်။

မည်ကဲ့သို့ပင် အမြင်အမျိုးမျိုး ရှိနေကြသော်လည်း Day Club များတွင် ကျင်းမည့် Day Party လက်ကမ်း စာစောင်များသည် လူငယ်များကြား ပျံ့နှံ့နေဆဲ ဖြစ်သည်။ အင်တာနက် စာမျက်နှာများ အပေါ်တွင်လည်း ဖြန့်ဝေနေကြဆဲပင် ဖြစ်သည်။ ပါတီများတွင်လည်း လူစည်ကားနေဆဲ ဖြစ်သည်။ အမျိုးစုံသော ပြိုင်ပွဲများကလည်း လူငယ်များကို ဆွဲဆောင်နေဆဲ ဖြစ်သည်။

“ခဏနေရင် Sexy Dance ပြိုင်ပွဲ စပါမယ်။ ဝင်ပြိုင်မယ့် မိန်းကလေးတွေ စာရင်းလာပေးလို့ ရပါပြီ” ဟု စင်မြင့်ပေါ်ရှိ DJ က အော်ဟစ် သတိပေးလိုက်သည်။
အနည်းငယ် မူးယစ် ရီဝေနေပြီး ပျော်နေပုံရသော မိန်းကလေးငယ် တစ်စုက ဒိုင်လုပ်သူ အနားတွင် စုဝေး တိုးဝှေ့နေကြသည်။

အချိန်သည် တစ်ဖြည်းဖြည်း ညနေစောင်းလာပြီ ဖြစ်သော်လည်း သူတို့ပျော်ရွှင်မှုက အမြင့်ဆုံး အနေအထားတွင်ပင် ရှိနေသေးသည်။ အိမ်ပြန်လိုသူ အချို့သာ သုတ်သုတ်ပြာပြာဖြင့် ကလပ်ထဲမှ အလျင်အမြန် ပြန်ထွက်သွားကြသည်။

“ဒီအချိန်က ကလပ်ထဲမှာ ပျော်စရာ အကောင်းဆုံး အချိန်ပဲ။ Sexy Dance ပြိုင်ပွဲပြီးရင် ပါတီလည်း သိမ်းပြီ ဆိုတော့ အပြတ်ကဲလိုက်ဦးမယ်” ဟု ကိုဖြိုးမင်းသူက ဘီယာဘားကို မှီနေရင်း ရယ်ရယ်မောမော ဆိုလိုက်သည်။

ရဲဇွန်အောင်၊ စိုးမိုး

The Voice Weekly
Posted: 01 Sep 2013 05:50 AM PDT

၂၀၁၃ ခုနှစ် ဩဂုတ်လလယ်အထိ မြန် မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဝင် ရောက်မှုမှာ တစ်သန်းနီးပါးရှိလာ ပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာတင်ရွှေက ပထမအကြိမ်ပြည်ထောင်စုလွှတ် တော်သတ္တမပုံမှန်အစည်းအဝေး ၁၈ရက်မြောက်နေ့တွင် ပြောသည်။
ဟိုတယ်နှင့် ခရီးသွားဝန်ကြီး ဌာနဒုတိယဝန်ကြီး ဒေါက်တာ တင်ရွှေက '' နိုင်ငံခြားသားခရီး သွားတိုးတက်မှုက ဒီနှစ်မိုးတွင်း ကာလမှာတောင်မှ အတော်လေး ဝင်နေတယ်။ ဩဂုတ်လယ်အထိ ဆိုရင် ကိုးသိန်း၊ ရှစ်သောင်းအ ထိကို ရှိနေတယ်။ ဒီလိုတိုးတယ် ဆိုပေမယ့် ဟိုတယ်လုပ်ငန်းရှင်တွေ အခန်းခတွေမတက်ဖို့ကို လုပ် ဆောင်နေပါတယ်''ဟုဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Sep 2013 05:45 AM PDT

အမျိုး သမီးငယ်များ ကိုယ်ဝန်ပျက်ကျ မှုများပြားလာသဖြင့် သုတေသန ပြုလုပ်သင့်ပြီဖြစ်ကြောင်း MA- RIE STOPES INTERN- ATIONAL မှ Country Director ဒေါက်တာစစ်နိုင်က အကြံ ပြုပြောကြား လိုက်သည်။ အမျိုးသမီး ငယ်များအတွင်း ကိုယ်ဝန်ပျက်ကျမှု များပြားလာရ ခြင်းမှာမိဘနှင့် အုပ်ထိန်းသူများ က အမျိုးသမီးငယ်များအား အ သိပေးသင့်သည့် အကြောင်း အ ရာများကို အသိမပေးခြင်းနှင့် တစ် ချက်လွှတ်အမိန့် ပေးခြင်းများ ကြောင့် ပိုမိုဖြစ်ပွား လာရခြင်းဖြစ် ကြောင်း သိရသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 01 Sep 2013 05:35 AM PDT

ရန်ကုန်-တိုက်ပွဲများကြောင့် ကာလရှည်ရပ်နားထားရသည့် ကချင်ပြည်နယ်အတွင်းရှိ ကျောက်စိမ်း လုပ်ကွက်အများစုကို အစိုးရနှင့် ကေအိုင်အို အလုပ်အဖွဲ့များ ဆွေးနွေးပွဲအပြီးတွင် ပြန်လည်လုပ်ကိုင်ခွင့် ပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ၂၀၁၃ မတ်လ ၃၁ ရက်က မြစ်ကြီးနားမြို့တွင် ဆွေးနွေးခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး စက်တင်ဘာလအတွင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် နှစ်ဖက်အလုပ်အဖွဲ့များ ဆွေးနွေးပွဲပြုလုပ်မည်ဟု ပြောဆိုထား သောကြောင့် ယင်းဆွေးနွေးပွဲ ပြီးဆုံးပါက ပြန်လည်လုပ်ကိုင်ခွင့် ရရှိတော့ မည်ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 01 Sep 2013 05:24 AM PDT

ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) တောင်ငူခရိုင် တောင်ငူမြို့နှင့် အုတ်တွင်းမြို့နယ်တို့တွင် သြဂုတ်လ ၂၈ ရက်နေ့က အမျိုးသားနှစ်ဦး တစ်ရက်အတွင်း သေဆုံးခဲ့ကြောင်း အဆိုပါ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ အဆိုပါခရိုင်အတွင်းရှိ အုတ်တွင်းမြို့နယ် ကြက်သွန်ခင်း (၂) ရပ်ကွက်နေသူ အသက် ၃၅ နှစ်အရွယ် ဦးဇော်ဝင်း (ခ) ဝကြီးသည် အရက်သောက်ထားပြီး ခပေါင်း ဆည်မြောင်းလက်တံအတွင်း ခရုလိုက် ကောက်ရာမှ အကျယ် ၁၄ ပေ၊ အနက် ခြောက်ပေရှိ ရေမြောင်းအတွင်း သြဂုတ်လ ၂၈ ရက် နံနက် ၉ နာရီတွင် ပြုတ်ကျပြီး ရေနစ်သေဆုံးခဲ့ကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 01 Sep 2013 05:11 AM PDT

အပန်းဖြေနှင့် အလည်အပတ် ခရီးသွားလိုသည့် ကမ္ဘာလှည့် ခရီးသည်များအတွက် ဆွဲဆောင်မှု အကောင်းဆုံး ထိပ်တန်းနိုင်ငံများတွင် မြန်မာပါဝင်နေကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် Cox & Kings ခရီးသွားအင်စတီကျု၏ သြဂုတ်လ ၂၉ ရက်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ရှေးဟောင်း စေတီပုထိုးများနှင့် အရုဏ်တက် ရှုခင်းအလှကို မိုးပျံပူဖောင်းဖြင့် ပျံသန်းကြည့်ရှုနိုင်မည့် ပုဂံမြို့တော်၊ အင်္ဂလိပ်ခေတ် ရှေးဟောင်း အဆောက်အအုံ အမွေအနှစ်များစွာဖြင့် သက်ဝင်လှုပ်ရှားနေသော မော်လမြိုင် ဆိပ်ကမ်းမြို့တော်နှင့် ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 01 Sep 2013 12:44 AM PDT

ကန့်ဘလူ အကြမ်းဖက်မှုတွင် ပါဝင်ပတ် သက်သူဟု သံသယရှိသူ ၁၁ဦး ကို ရွှေဘိုအကျဉ်းထောင်တွင် စ တင် စစ်ဆေးနေပြီ ဖြစ်ကြောင်း မြန် မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
ယင်း အပြင် စစ်ဆေးနေသူ များထံမှ ထပ်မံသိရှိရသည့် အ ကြောင်းအရာများနှင့် ပတ်သက် ၍ ကျန်ရှိသည့် သင်္ကာမကင်းသူ များကို ထပ်မံဖမ်းဆီးသွားရန် အစီအစဉ်များ ရှိကြောင်းလည်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 01 Sep 2013 12:11 AM PDT

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၈၄လမ်း၊၂၉လမ်းနှင့် ၃၀ လမ်းကြားတွင် သြ
ဂုတ်လ၂၁ရက် နေ့ ည၇နာရီ ၁၅မိနစ်က ယာဉ်တိုက်မှုဖြစ်ခဲ့သဖြင့် ဒေါ်မိုးမိုးသန့်
(ဘ)ဦးထွန်းကြည် အသက်၄၇နှစ်သည် အခင်းဖြစ်နေရာတွင် သေဆုံးပြီး မကြည်
ဖြူသန့်အသက်၁၃ နှစ်(ဘ)ဦးတင့်လွင်မှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ အဆိုပါ၈၄လမ်း၊ ၂၉x၃၀ကြားတွင် ၈၄လမ်းအတိုင်း တောင်ဖက်သို့
ခေါင်းတည်ပြီး ရပ်ထားသည့် မန္တလေး-အမရပူရ အမှတ်(၈)ကားလိုင်းမှ ဒ/… ဒိုင်
နာယာဉ်အားကားရှေ့ခန်းတွင် လိုက်ပါသည့် ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 31 Aug 2013 11:56 PM PDT

ရန်ကုန်- စာရင်းစစ် ၀န်ထမ်း တစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့သော တပ်မတော် တပ်ထိန်း တစ်ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ထားသည်ဟု ပူတာအို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသာဇော်ကပြောသည်။ ထို့အပြင် သက်ဆိုင်ရာ တပ် ကလည်း စုံစမ်းစစ်ဆေးရေး ခုံရုံး ဖွင့်၍ စစ်ဆေးနေကြောင်း သတင်း ရရှိသည်။ “တပ်ကစုံစမ်း စစ်ဆေးပြီး ရင်လွှဲပေးရတယ်။ တပ်ကဆိုတော့ စစ်ဘက်ရော၊ အရပ်ဘက်ရော နှစ်မျိုးလုံးနဲ့ အရေးယူရပါ တယ်”ဟု ရဲမှူးသာဇော်က ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 31 Aug 2013 11:52 PM PDT

နေပြည်တော်- ဒီမိုကရေစီစံနှုန်း နှင့် ကိုက်ညီမှုမရှိဟု ဝေဖန်ခံနေရသည့် ဆန္ဒပြခွင့်ဥပဒေကို ပြန် လည်သုံးသပ်ရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။ “အခုဟာက ဆန္ဒပြခွင့် ဥပဒေကို ပြန်လည်ပြီးတော့ သုံးသပ်ဖို့လိုတယ်ဆိုတာ အန်တီတို့လွှတ်တော်ထဲက ကိုယ်စားလှယ်တွေက လက်ခံထားပြီးဖြစ်တယ်။ အဲဒါနဲ့ပတ်သက်လို့ အန်တီတို့ ကိုယ်စားလှယ်တစ်ယောက်က ဒီကိစ္စကို အဆိုတင်သွင်းဖို့ရှိတယ်”ဟု ဒေါ်အောင်ဆန်းစု ကြည်က ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ပုံ- ကျော်ဇင်သန်း  7Day News Journal

Posted: 31 Aug 2013 11:40 PM PDT

ဒီကနေ့ အလုပ်လုပ်ရတာကို စိတ်မဖြောင့်၊ မတင်လှ(နာမည်လွှဲထား)တစ်ယောက်
ပုံမှန်ရွေ့လျားနေသော နာရီစည်းချက်အသံနှင့်အတူ ရင်ခုန်သံမြန်နေသည်။ညနေ
၎ နာရီခွဲအချိန် နီးလာလေလေ  ရင်ခုန်သံပို၍ မြန်လာလေလေ၊ မဖြစ်တော့ မဖြစ်
တော့အလုပ်ကို လက်စသတ်ပြီး မိမိတဲအိမ်လေးရှိရာသို့ ကတိုက်ကရိုက်ပြန်လာခဲ့
သည်။ ရပ်ကွက်လမ်းမထိပ် ကုန်စုံဆိုင်ဖွင့်ထားသည့် ဒေါ်မြမြခင်က “ဟဲ့.. မတင်
လှ ဘယ်လိုဖြစ်နေတာတုန်း”ဟု မေးလိုက်သည်ကိုပင် မကြားယောင်ပြုနေမိ
သည်။လူနှင့်စိတ်မကပ်တော့ဘူးဟု ပြောချင်လည်း ပြောကြပါစေတော့။ ----

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 31 Aug 2013 11:35 PM PDT

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံသုံးပစ္စည်းများ
စွန့်ပစ်ရာတွင် ကြွပ်ကြွပ်အိတ်မည်းများဖြင့် ထည့်သို၍ မြို့နယ်စည်ပင်သာယာ
အမှိုက်ကား သယ်ဆောင်နိုင်ရန် ဆောင်ရွက်ထား ရှိသော်လည်း မြို့နယ်စည်ပင်
သာယာ အမှိုက်သိမ်းသည့်ကား အချိန်မီ ရောက်လာမှုမရှိခြင်း၊အချို့ အမှိုက်များ
ပြန့်ကျဲပြီး ပတ်ဝန်းကျင်သို့ အနံ့ဆိုးများ မခံမရပ်နိုင်အောင် ထွက်ရှိနေကြောင်း
သိရသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 31 Aug 2013 09:52 PM PDT
ဧရာဝတီတိုင်း ဒေသကြီး အဂ်ပူမြို့နယ် မဲဇလီကုန်း ဒေသလေးမှာ နှစ်စဉ်ဘီးခွန်ဆိုပြီး (၄၀၀၀)ကျပ်အိမ်တိုင်ယာရောက် လာရောက် အမြဲကောက်ခံလို့ အမြဲပေးနေကပါသည်။
ဒီနှစ်မှာတော့ ဘီးခွန်ပေးပြီးမှ ရန်ကုန်မှ အသိတယောက် ကားလိုင်စင် ပြုလုပ်ထားသော စာရွက်စာတမ်းများကို ကြည့်မိရာ ရန်ကုန်မြို့တော်စည်ပင်မှ ဘီးခွန်ကို လိုင်စင်ထုပ် ပေးရာတွင် တခါတည်း ပါပါသည်။ ဘီးခွန်ဈေးနှုန်းများကိုလဲ နောက်ကြောတွင် ရေးထားပါသည်။

ဈေးနုန်းမှာ မော်တော်ဆိုင်ကယ်ဘီးခွန်(၉၃၅)ကျ
ပ်၂နှစ်တွင် တကြိမ်ကောက်ခံပါသည်တဲ့ ရှေ့ဘက်ငွေရပြေစာ အောက်ဘက်မှာတော့ (သတ်မှတ်ငွေထက်ပို မပေးပါနှင့်၊ ပိုပေးလျှင် ပေးသူယူသူ ဥပဒေနှင့်ငြိစွန်းသည်တဲ့။) ကျေးလက်ကျေးရွာလေးများ အထိအပို ငွေကောက်ခံနေသော ထိုဘီးခွန်သည် ရန်ကုန်မြို့နေလူအများကဲ့သို့ သက်သာသော ဘီးခွန်မဖြစ်ပဲ လူအချင်းချင်းမြို့ နှင့်တော ခွဲခြားအနိုင်ကျင့်သလိုဖြစ်နေပါသည်။
ထို့ကြောင့် နိုင်ငံတော်သို့ မဝင်သော ထိုဘီးခွန်နှင့် ကျေးလက်ဆင်းရဲသားများအား ပိုဆင်းရဲအောင်ဂုတ်သွေးဆုတ်နေေ
သာ ထိုဘီးခွန်အား အမြန်ဆုံး နှိမ်နှင်းပေးပါရန် နှင့် စည်ပင်ဌာနမှ အထက်လူကြီးများကျေးလက်ဒေသများတွင် ဖြစ်နေသော အချေအနေများ သိရှိစေရန်တင်ပြ လိုက်ပါသည်။
ဒေသခံတဦး

by Myanmar News Now



Posted: 31 Aug 2013 09:24 PM PDT
ဦးဝင်းချို 

          ဦးဝင်းချိုနဲ့ ကျွန်တော် စတင်ရင်းနှီး သိကျွမ်း ခဲ့ခြင်းက ဦးဝင်းချို ၊ ကိုဝေဠု ၊ ဦးနေမျိုးဝေ ၊ ဒေါ်ဘောက်ဂျာ နှင့် ကိုအောင်မျိုးဦး အပါအ၀င် ဆန္ဒထုတ်ဖော်ခွင့် ဥပဒေရေးစွဲပေးဖို့ စတင်လှုပ်ရှား ကြစဉ်က ဖြစ်ပါတယ်။ သူနေ ထိုင်ရာ ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်းမှာ ဆန္ဒပြဖို့ ခွင့်သွား တောင်းကြပါတယ်။ ရဲစခန်းက ခွင့်ပြုပေးဖို့ ဥပဒေမရှိ သေးဘူးလို့ ပြောတဲ့အခါမှာ မရှိသေးရင် ဥပဒေရေးစွဲပါ။ ဥပဒေမရေးစွဲရင် ဥပဒေရေးစွဲပေးရေး ဆန္ဒထုတ်ဖော် မယ်ဆိုပြီး သွားရောက်ပြောဆိုခဲ့ကြပါတယ်။ ကျွန်တော် မီဒီယာအနေနဲ့ သွားရောက်ခြင်းဖြစ်ပြီး သူတို့အချင်း ချင်း တိုင်ပင်တဲ့ကိစ္စကို သွားရောက် သတင်းရယူခဲ့ခြင်း ဖြစ်ပါတယ်။ ဦးဝင်းချို နှင့် လယ်သမား(၆)ယောက်ကို ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ပုဒ်မ ၅၀၅(ခ) တပ်ပြီး ဖမ်းဆီးလိုက်တယ်ဆိုတဲ့ သတင်းကြားပြီး အတော် စိတ်မကောင်းဖြစ်ရပါတယ်။

ဖွဲ့စည်းပုံပါ အခွင့်အရေးကို လက်ကိုင်ထားတဲ့ ၀င်းချို

          ဦးဝင်းချိုဟာ ၂၀၁၀ ရွေးကောက်ပွဲ ဒလမြို့နယ် မဲဆန္ဒနယ်ကနေ တသီးပုဂ္ဂလအနေနဲ့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံရေးလောကကို စတင်ခြေချလာသူပါ။ ၈၈၈၈ လေးလုံး အရေးတော်ပုံကြီးမှာ သူဟာ နိုင်ငံ ရေးသမားတစ်ယောက် မဟုတ်ဘဲ သင်္ဘောသားတစ်ယောက် အနေနဲ့သာ ရှိနေပါသေးတယ်။ နိုင်ငံရေး အရှုပ်တော်ပုံတွေ ပြည်တွင်းမှာ ဖြစ်နေတဲ့အချိန် သူတို့သင်္ဘောသားတွေ ပြည်ပမှာ သောင်တင်နေပါတယ်။ အဲဒီအချိန်မှာ သင်္ဘောသားတွေကို ဦးဆောင်ပြီး ဌာနေပြန်နိုင်ရေး တောင်းဆိုရာကနေ အလုပ်ပြုတ်ခဲ့ပါတယ်။ သူနဲ့ စကားစပ်မိလို့ မေးမြန်းရာကနေ သိရှိထားတဲ့အချက် ဖြစ်ပါတယ်။ သီချင်းဆိုကောင်းသူ တစ်ယောက် ပျော်ပျော်နေတတ်သူတစ်ယောက် ဖြစ်တဲ့ ဦးဝင်းချို နိုင်ငံရေး လောကထဲ ဘာကြောင့် ၀င်လာသလဲ။ ဘာကြောင့် ရဲရဲတင်းတင်း လှုပ်ရှားလာသလဲမေးရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီး ရှိနေလို့ပါ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြင်ဆင် ဖြည့်စွက်ရမယ့် အရာတွေ အများကြီးရှိတာက တစ်ကဏ္ဍ။ တည်ဆဲ ဖွဲ့စည်းပုံပါအခွင့်အရေး ကို ရရှိဖို့တော့ တောင်းဆိုရမယ်။ လှုပ်ရှားရမယ်ဆိုတဲ့ အသိနဲ့ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို လက်ဆုပ်လက်ကိုင်ထားပြီး နိုင်ငံရေး လှုပ်ရှားမှုတွေ ဆောင်ရွက်နေသူပါ။ သူ့ကို ဖွဲ့စည်းပုံနဲ့ မညီညွတ်တဲ့ အလုပ်လုပ်ဖို့ ခိုင်းကြည့်ပါ။ သူငြင်းဆန်ပါလိမ့်မယ်။

ဝင်းချိုဘာတွေလုပ်ခဲ့သလဲ

          ဦးဝင်းချိုဟာ လှိုင်သာယာ အတွင်းပဒံ ၊ အပြင်ပဒံက လယ်သမားတွေကိစ္စကို ကိုယ်စားလှယ်လွှဲစာ ရယူပြီး ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ရက်ရှည်ဆန္ဒပြပွဲတွေကို စိတ်ရှည်ဇွဲသန် လုပ်ခဲ့ပါတယ်။ သူရဲ့ အဲဒီလို လုပ်ရပ်ကြောင့် ကိုဝေဠုနဲ့ သဘောထားကွဲလွဲတဲ့ အခြေအနေထိ ဖြစ်ခဲ့ဖူးပါတယ်။ ကျွန်တော်ကိုယ်တွေ့ပါပဲ။ လှိုင်သာယာ လယ်သမားတွေကို ဦးဝင်းချိုနဲ့ ကိုဝေဠုတို့ ဦးဆောင်ကြတဲ့နေရာမှာ ဒီလိုငုတ်တုတ်ထိုင် ဆန္ဒပြ နေလို့ ထူးခြားမလာရင် လှုပ်ရှားမှု တစ်ခုခုလုပ်မယ်လို့ ကိုဝေဠုက ပြောပါတယ်။ ဦးဝင်းချိုက မလုပ်ဘူးလို့ ငြင်းဆန်ပါတယ်။ ကိုဝေဠုဆန္ဒရှိတယ်ဆိုရင် လယ်သမားတွေရဲ့ သဘောထားရယူပြီး လုပ်နိုင်ပါတယ်။ ကျွန်တော် လက်ရှောင်ပါမယ်လို့ ဦးဝင်းချိုက ပြောပါတယ်။ ကိုဝေဠုရဲ့ သဘောထားကို ကျွန်တော်က ထောက်ခံပါတယ်။ ရက်ပေါင်း ၄၀ကျော်နီးပါးဆန္ဒပြ တောင်းခံနေပါလျှက် ဘယ်တာဝန်ရှိ ပုဂ္ဂိုလ်ကမှ အရေး တယူဖြေရှင်းပေးတာမျိုး မလုပ်တာဟာ ပြည်သူကို သက်သက်ညှင်းဆဲတာပဲ ဆိုတဲ့ အမြင်ကျွန်တော့်မှာ ရှိပါ တယ်။ ဒါကြောင့် ကိုဝေဠုကို ထောက်ခံတာပါ။

          ဦးဝင်းချိုကတော့ နောင်တော်လေး ငါတို့တွေဟာ နှစ်ပေါင်း ၂၀ကျော် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာတွေကို လွယ်လွယ်နဲ့ အနိုင်လိုချင်လို့တော့ မဖြစ်ဘူး။ နိုင်လည်းမနိုင်ဘူး။ သူတို့က စနစ်တကျ ဖျက်ဆီးထားခဲ့တာ။ အခုလောက် လုပ်ပိုင်ခွင့်ရနေတာပဲ ကျေနပ်စရာလို့ ဖြေသိမ့်ပါတယ်။

          ဒီ့အရင် မတိုင်ခင် သူရွေးကောက်ခံခဲ့တဲ့ ဒလမြို့နယ်ထဲမှာ သောက်သုံးရေး ရှားပါးမှုဖြစ်တဲ့အတွက် တတ်နိုင်သလောက် သွားရောက်ကူညီပေးခဲ့ပါတယ်။ နိုင်ငံတကာ အလှူရှင်တွေနဲ့ချိတ်ဆက်ပြီးတော့ ဒေသခံ ပြည်သူတွေ သောက်သုံးရေ ရရှိရေး လူရော ၊ စိတ်ပါ အလေးထား ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။

          နောက်ပိုင်းမှာ သူ့ရဲ့လှုပ်ရှားမှုတွေကြောင့် ဟိုမှ သည်မှ လယ်သမားအရေးကိစ္စတွေ ကူညီဆောင် ရွက်ပေးဖို့ ဖိတ်ခေါ်လာကြပါတယ်။ အခု အဖမ်းခံရတဲ့ကိစ္စ ပဲခူးလယ်သမားတွေရဲ့ အရေး အပါအ၀င် ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်တပ်သိမ်း လယ်ယာမြေကိစ္စတွေအတွက် သတင်းစာရှင်း လင်းပွဲပုံစံမျိုး လုပ်ဖို့ မီဒီယာလူငယ်တွေကို စုစည်းပြီး သွားရောက်ကူညီပေးခဲ့သူပါ။

          ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ ရန်ကုန်ကနေ လိုင်ဇာအထိ သူ့ကားနဲ့ လမ်းလျှောက်တဲ့အဖွဲ့တွေကို လိုက်ပါကူညီပေးခဲ့ပါတယ်။ အဲဒီဒေသက ရရှိတဲ့ ကျည်ဆန်တွေနဲ့ ဗုဒ္ဓဆင်းတု တစ်ဆူ ၊ ခရစ်ယန် လက်ဝါးကပ် တိုင် ထုလုပ်မယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါသေးတယ်။ ပဲခူးလယ်သမားအရေးကိစ္စအတွက် ဆန္ဒထုတ်ဖော် ခွင့်ရဖို့ အကြိမ်ကြိမ် ကျိုးပမ်းခဲ့ပါတယ်။ ဆန္ဒပြခွင့် မပေးပါဘူး။ ဥပဒေနဲ့အညီဖြစ်ချင်လို့ ဥပဒေအရ ခွင့်တောင်း ပါလျှက် ခွင့်ပြုမိန့်မရရင် နိုင်ငံသားအခွင့်အရေးကို အပြည့်အ၀အသုံးချပြီး လှုပ်ရှားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က လည်း သူ့မှာရှိထားပြီးဖြစ်ပါတယ်။

          သူဟာ သွားရေရာ နိုင်ငံရေး လှုပ်ရှားမှုတိုင်းကို သူကိုင်နေကြ ဖွဲ့စည်းပုံစာအုပ် အဟောင်းအနွမ်းကြီးကို ကိုင်ပြီး ပြည်သူတွေ ဖွဲ့စည်းပုံပါ အခွင့်အရေးတွေကို အသုံးချကြဖို့လည်း ဆော်သြတတ်ပါတယ်။ သူရဲ့လမ်း ပေါ်ထွက် ဆန္ဒပြမှုတွေကြောင့် သူတို့ကိုယ်တိုင် လှုပ်ရှားတောင်းဆိုထားတဲ့ ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် စီတန်း လှည့်လည်ခွင့် ဥပဒေအရကိုပဲ ပုဒ်မ(၁၈)ကို အကြိမ်ကြိမ် ငြိစွန်းတယ်ဆိုတဲ့ စွဲချက်ပေါင်းက (၃၀)ကျော်ရှိပါ တယ်။ အဲဒီအမှုတွေကိုလည်း ကိုယ်တိုင်အာမခံ ရယူပြီး ရင်ဆိုင်နေပါတယ်။

အပြောတမျိုး အလုပ်တမျိုး ရန်သူ

          ရန်သူမျိုးငါးပါးထဲမှာ တစ်ပါးအပါအ၀င်ဖြစ်တဲ့ မင်းဆိုး ( ရေ ၊ မီး ၊ မင်းဆိုး ၊ မွေခံဆိုး ၊ သူခိုး ရန်ငါး) တွေရဲ့ အပြောတမျိုး အလုပ်တစ်မျိုးတွေက ယနေ့ထက်တိုင် ပေါ်ပေါ်ထင်ထင် ဖြစ်နေပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးနေပါတယ်ဆိုတဲ့ အစိုးရကြီးက နိုင်ငံရေး လှုပ်ရှားသူတွေကို ပုံစံပြောင်းပြီး ထောင်ထဲထည့်နေတာ အပြောနဲ့ အလုပ်ညီရဲ့လားလို့ မေးခွန်းထုတ်ရမယ့် အခြေအနေပါ။ အန်အယ်ဒီ အနေနဲ့ ကတော့ အာဏာရှင်ရဲ့ ဖိနှိပ်မှုအောက်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဒီမိုကရေစီအရေး အစဉ်မပျက်ဆောင် ရွက်ခဲ့လို့ အန်အယ်ဒီ ပါတီဝင်တွေဟာ နိုင်ငံရေးသမားအစစ်အမှန်တွေပါ။ ကြံ့ခိုင်ရေးပါတီဘက်ကို ပြန်ကြည့် ရင် နိုင်ငံရေးသမားမဟုတ်သူတွေကို အခွင့်အရေးတွေ ဗန်းပြပြီး စွဲသွင်းထားတာပါ။ နိုင်ငံရေးလှုပ်ရှားမှုတိုင်းမှာ ကြံ့ခိုင်ရေးတကောင်မမြှီးကမှ ပြည်သူ့ဘက်က ရပ်တည်လှုပ်ရှားတယ်ဆိုတာမျိုး ယနေ့အချိန်ထိ မတွေ့ရသေး တာပါပဲ။

          ပြောင်းလဲလာတဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ အများပြည်သူကိစ္စ လမ်းပေါ်မှာ ဒုက္ခခံပြီး ဆန္ဒထုတ်ဖော် နေသူတွေဟာ အကြောင်းမရှိ အကြောင်းရှာပြီး အစိုးရကို အကြည်အညိုပျက်အောင် လုပ်နေတာ မဟုတ်တာ တော့ အသေအချာပါပဲ။ ပြည်သူတွေရဲ့ အခြေအနေမှန်ကို လူသိရှင်ကြားဖြစ်အောင် ဆောင်ရွက်ခြင်းက သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့
...

[Message clipped]  View entire message

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...