Saturday, September 7, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၇-၉)

သစ်ထူးလွင်



Posted: 07 Sep 2013 05:59 AM PDT

နိုင်ငံရေး လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရွှေဝါရောင်လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဗဟန်း ငါးထပ်ကြီးက လိပ်ပြာကန်ကျောင်းမှာ သီတင်းသုံးနေတဲ့ ဆရာတော် ဦးဃောသိတကို ကျောင်းတိုက်ကနေ ဖယ်ရှားပေးဖို့ ခံဝန်ကတိရေးထိုးခဲ့ရတယ်လို့ စက်တင်ဘာ ၆ရက်နေ့မှာ ဆရာတော်က မိန့်ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Sep 2013 05:54 AM PDT

တာမွေမြို့နယ်ရှိ DJ ညကလပ်ရှေ့တွင် စက်တင်ဘာလ ၄ ရက်နေ့ ည ၁၀ နာရီခန့်က ယင်းကလပ်ရှေ့ ကားလမ်းပိတ်နေစဉ် လမ်းဖယ်ခိုင်းရာမှ လူငယ်တစ်စုက ရေကြောင်းအရာရှိ သင်တန်းသားနှစ်ဦးကို ဝိုင်းရိုက်ကာ ထွက်ပြေးသွားကြောင်း တာမွေမြို့မရဲတပ်ဖွဲ့စခန်းမှ အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 07 Sep 2013 05:51 AM PDT

မန္တလေး၊ စက်တင်ဘာလ ၆

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး စီမံကိန်း ဆောင်ရွက်ခဲ့စဉ်က ယာယီအသုံးပြုခဲ့သော မန္တလေး တိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်စံပြကျေးရွာမှ မိဘဘိုးဘွားပိုင် လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လယ်ယာစိုက်ပျိုး လုပ်ကိုင်နိုင်ရေး တို့အတွက် လယ်သမားမိသားစုက ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာများထံ တင်ပြထားကြောင်း သိရသည်။

အဆိုပါ မိဘဘိုးဘွားပိုင် လယ်ယာမြေများမှာ နွားထိုးကြီးမြို့နယ်၊ ပြင်စည်စံပြကျေးရွာမှ တောင်သူ လယ်သမားကြီး (ဦးမွှေး)နှင့်သမီး ဒေါ်ဝင်းကြည်မိသားစုပိုင် ကွင်းအမှတ် (၇၅၁/က)ဦးပိုင်အမှတ် (၇၇)ရှိ လယ်ယာမြေများဖြစ်ကြသည်။

၎င်းဦးပိုင်လယ်ယာမြေ၏ အခိျု့မြေကွက်ပေါ်တွင် ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးဖောက်လုပ်ဆောင်ရွက်ခဲ့
စဉ်က ဆောက်လုပ်ရေးစီမံကိန်းအထူးအဖွဲ့ ယာယီဆောက်လုပ်နေထိုင် ခဲ့ကြကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး စီမံကိန်းမှာလည်း ၂ဝ၁၂ခုနှစ်က ပြီးစီးသွားခဲ့ပြီ ဖြစ်ကြောင်း၊ သို့ဖြစ်၍ ၄င်းလယ်ယာမြေကွက်များပေါ်တွင် ယာယီဆောက်လုပ် နေထိုင်ခဲ့သော အဆောက်အအုံများကို ဖယ်ရှား ရှင်းလင်းပေးစေလိုကြောင်း၊၄င်းလယ်ယာမြေများ၌ မူလလယ်ပိုင်ရှင်မိသားစုက လယ်ယာသီးနှံများ အချိန်မီ စိုက်ပျိုးလုပ်ကိုင်သွားနိုင်ရန် ကူညီဆောင်ရွက် ပေးစေလိုပါကြောင်းဖြင့် အဆိုပါတင်ပြစာများ၌ ဖော်ပြထားသည်။
အလားတူပင် ၄င်းလယ်ယာမြေပိုင်ရှင်မိသားစုမှ မိခင်ကြီးဒေါ်ဝင်းကြည်ကလည်း မိမိတို့မိဘဘိုးဘွား ပိုင်လယ်ယာမြေလွတ်ပေါ်၌ အဆောက်အအုံ (၃)ခု ဆောက်လုပ်၍ ဝင်ရောက်နေထိုင်မှုနှင့် မိမိတို့မိသားစုက လယ်ယာသီးနှံထွန်ယက်စိုက်ပျိုး
သည့်အခါ တားမြစ်ခံရမှုတို့ကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးနိုင် ပါရန် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့လည်း တင်ပြထားသည်ဟု ပြောကြားခဲ့သည်။
'' ကျွန်မရဲ့ဖခင်က ဒီပြင်စည်ရွာဇာတိ ဦးမွှေးဖြစ်ပါတယ်။ ဘိုးဘွားမိဘအစဉ်အဆက်ပိုင်ဆိုင်ခဲ့ပြီး လယ်ယာလုပ်ကိုင်ခဲ့တဲ့ လယ်ယာမြေများကို အသိမ်းခံထားရာကနေ နိုင်ငံတော်အစိုးရက ပြန်လည်ပေးအပ်နေ တာကို ကြားသိရလို့ ဝမ်းသာကျေးဇူးတင်ရပါတယ်။ ဒါကြောင့် ကျွန်မ မကွယ်လွန်မီသက်ရှိထင်ရှားရှိနေဆဲမှာ ကျွန်မရဲ့သားသမီးတွေ လယ်ယာလုပ်ကိုင်စားနိုင်ဖို့ ဒီလယ်ယာမြေတွေကို အမြန်ဆုံးရနိုင်အောင် ခုလို တောင်းဆိုတင်ပြခဲ့ရတာပါ ဒါပေမဲ့ ယနေ့အထိတော့ ဘာအကြောင်းမှမထူးသေးပါဘူး ''ဟု အသက် (၇၇) နှစ်ကျော်ရှိ လယ်ယာမြေပိုင်ရှင် ဒေါ်ဝင်းကြည်က ပြောကြားသည်။
အဆိုပါသိမ်းဆည်းခံ ဘိုးဘွားမိဘပိုင်လယ်ယာမြေများနှ
င့်ပတ်သက်၍ မြေပိုင်ရှင်မိသားစုက (၂၇.၁၁.၂ဝ၁၂) (၃.၁၂.၂ဝ၁၂) နေ့စွဲပါ စာများဖြင့် မန္တလေးတိုင်းဝန်ကြီးချုပ်ထံသို့လည်းကောင်း၊ (၆.၈.၂ဝ၁၃) နေ့စွဲပါစာဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံသို့လည်းကောင်း၊ (၂၂.၈.၂ဝ၁၃) (၂၃.၈.၂ဝ၁၃) နေ့စွဲပါစာဖြင့် နွားထိုးကြီးမြို့နယ်၊ အုပ်ချုပ်ရေးမှူးထံသို့လည်းကောင်း တင်ပြထားပြီးဖြစ်ကြောင်း တွေ့ရှိရသည်။ မြေယာမြေကိစ္စများကို လိုအပ်သည်ထက်အချိန်ယူ အချိန်ဆွဲ ဖြေရှင်းဆောင်ရွက်ခြင်းမပြုဘဲ သက်ဆိုင်ရာတို့က မလိုအပ်သောမြေယာများ ဆက်လက်အသုံးပြုရန် မသင့်သော မြေယာများကို ပြန်လည်ပေးကြစေလိုကြောင်းနှင့် စိတ်ကောင်းစေတနာဖြင့် ပြန်လည်ပေးအပ် ကြလိမ့်မည်၊ ဆင်းရဲနွမ်းပါးပြီး သိရှိနားလည်မှုအားနည်းသော တောင်သူလယ်သမားများ၊ ပြည်သူများ အပေါ် စာနာစိတ်ထားရှိ ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသဖြင့် သုံးသပ်ဆောင်ရွက်နိုင်ပါရန် သဝဏ်လွှာပေးပို့အပ်ပါကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖတ်ကြားတင်ပြခဲ့မှုအပေါ် မြေယာသိမ်းခံတောင်သူ လယ်သမားများက အထူးမျှော်လင့် ယုံကြည်အားကိုးလျက်ရှိကြောင်း သိရသည်။
သီပေါကိုလတ်
မြို့နယ်စာရေးဆရာအသင်း၊သီပေါမြိ
ု့
by Myanmar News Now



Posted: 07 Sep 2013 05:49 AM PDT

လားရှိုးမြို့၊ သတင်းစာဆရာများ ကွန်ယက် (ယာယီ)မှ အမှုဆောင်အဖွဲ့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) သတင်းစာဆရာများ ကွန်ယက်ကို တရားဝင်ဖွဲ့စည်းနိုင်ရေး ဒေသခံမြို့နယ် သတင်းထောက် များ၏ ဆန္ဒသဘောထားခံယူနိုင်ရန်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်များသို့ သွားရောက် တွေ့ဆုံဆွေးနွေးလျက်ရှိသည်။ '' ကျွန်တော်တို့ လားရှိုးမြို့ သတင်းစာဆရာများကွန်ယက် (ယာယီ)ကို ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ ဒီကွန်ယက်ကိုအခြေခံပြီး ယခု ရှမ်းပြည်နယ်မြောက်ပိုင်းက သတင်းစာ၊ ဂျာနယ်၊ ရေဒီယို င်္ြ များမှာ သတင်းများရေးသားပေးပို့နေတဲ့ မြို့နယ်သတင်းထောက်များရဲ့ ဆန္ဒသဘောထား လာရောက်ရယူကြတာပါ။ ဆန္ဒသဘောထားရပြီးရင် ရှမ်း/ မြောက်တစ်ခုလုံးကို ကိုယ်စားပြုတဲ့ သတင်းစာဆရာများ၊ ကွန်ယက် (ရှမ်းပြည်နယ်မြောက်ပိုင်း) ကို တရားဝင်မှတ်ပုံတင်ပြီး ဖွဲ့စည်းသွားဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီလို ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့စည်းဖြစ်ပါက ယခု လားရှိုးမြို့၊ သတင်းစာဆရာများကွန်ယက် (ယာယီ)ကို ရပ်စဲပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း သတင်းစာဆရာများကွန်ယက်ဆိုတာမျိုး ဖြစ်ပေါ်လာပါလိမ့်မယ်။ သတင်းစာဆရာ၊ သတင်းမီဒီယာသမားတွေရဲ့ သာရေး၊ နာရေးကိစ္စ၊ သတင်းကိစ္စတွေမှာ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းကူညီ သွားကြဖို့ ဆောင်ရွက်နိုင်ရေးအတွက် အဓိကရည်ရွယ်လုပ်ဆောင်တာဖြစ်ပါတယ် '' ဟု လားရှိုးမြို့ သတင်းစာ ဆရာများကွန်ယက် (ယာယီ) ဥက္ကဋ္ဌ ဦးစံဇာဏီအောင်က သီပေါမြို့နယ်စာရေးဆရာအသင်းရုံး၌ တွေ့ဆုံ ဆွေးနွေးပွဲတွင် ရှင်းလင်းပြောကြားခဲ့သည်။ (ပုံ)
အဆိုပါ လားရှိုးမြို့နယ် သတင်းစာဆရာများကွန်ယက် (ယာယီ) အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) သတင်းစာဆရာများကွန်ယက်ကို ဖွဲ့စည်းရန် သဘောတူချက်များရရှိပြီးပါက စည်းမျဉ်း စည်းကမ်းများကို မူကြမ်းရေးဆွဲချပြကာ အတည်ပြုချက်ရယူ၍ တရားဝင်မှတ်ပုံတင်ဖွဲ့စည်းသွား
မည်ဖြစ်သည်။ 0x158င်းနောက် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ သတင်းထောက်များ၊ သတင်းမီဒီယာသမားများ၏ သာရေး၊ နာရေးကိစ္စများကူညီရန်နှင့် သတင်းချိတ်ဆက်ရယူဆောင်ရွက်သွားရေး ကိစ္စများအပြင် ဒေသကိုယ်စားပြု ဂျာနယ်၊ မဂ္ဂဇင်းများ စီစဉ်ထုတ်ဝေသွားမည်ဖြစ်ပြီး သိရှိလိုသည့်အချက်များရှိက ဖုန်း (ဝ၉-၄၇၂ဝ၂၃၃၃၊ ၅၂၆ဝ၉၈၁၊ ၄၄၅၁ဝ၇၂၆၅၊ ၆၂၃၂၄၆၁၊ ၄ဝ၃၇၅၁ဝ၇၉၊ ၄၅ဝဝ၆၄ဝ၃၂) များသို့ ဆက်သွယ်၍ မေးမြန်းနိုင်ကြောင်းသိရသည်။
သီပေါကိုလတ်
မြို့နယ်စာရေးဆရာအသင်း၊သီပေါမြိ
ု့
by Myanmar News Now
Posted: 07 Sep 2013 05:52 AM PDT

နေပြည်တော်  စက်တင်ဘာ  ၅
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက် ဝန်ထမ်းအိမ်ရာ တိုက်အမှတ် (၁၃၆၆) အခန်း(၂၆)တွင် နေထိုင်လျက်ရှိသော (---)ဌာန ရုံးအကူ   ယာဉ်မောင်းတာဝန်ထမ်းဆောင်နေသည့် နေလင်းအောင် (၃ဝ နှစ်)သည် စက်တင်ဘာ ၅ ရက် နံနက် ၆ နာရီခွဲခန့်၌  ဝန်ထမ်းအိမ်ရာ  လေးလွှာတိုက်၏  သုံးလွှာမြောက်အခန်း (၂၆)မှ   ပြုတ်ကျသေဆုံးကြောင်း သိရသည်။

အဆိုပါ   သေဆုံးမှုဖြစ်ပွားနေကြောင်း  အကြောင်းကြားသဖြင့်  ရပ်ကွက်အုပ်ချုပ်ရေးမှူး  ဦးစောလင်းနှင့်  အမှတ်(၃) နယ်မြေရဲစခန်းမှူး ရဲအုပ်ထွန်းထွန်းဦးနှင့်အဖွဲ
့တို့  လာရောက်စစ်ဆေး၍ လုပ်ထုံးလုပ်နည်းနှင့်အညီ    ခုတင် (၁ဝဝဝ)ဆေးရုံသို့ ပို့ဆောင်ပြီး အမှတ်(၃)နယ်မြေ ရဲစခန်း၏  သေမှုသေခင်း အမှတ် (၂/၂ဝ၁၃)အရ အမှုဖွင့်ဆက်လက် ဆောင်ရွက်နေကြောင်း  သိရသည်။  
ကျော်သူရ(နေပြည်တော်)

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း
Posted: 07 Sep 2013 05:38 AM PDT

သြစတြေးလျနိုင်ငံမှာ ​ဒီကနေ့ ​အထွေထွေ ​ရွေးကောက်ပွဲကျင်းပကြပြီး ​သြစတြေးလျနိုင်ငံ ​အရှေ့ပိုင်း ​ပြည်နယ်တွေမှာတော့ ​မဲရုံတွေပိတ်ပြီး ​မဲရေတွက်မှု ​စတင်နေပြီ ​ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံဟာ ​မဲမပေး ​မနေရ ​စနစ်ကျင့်သုံးတဲ့ ​နိုင်ငံပေါင်း ​၃၀ ​ထဲက ​တစ်နိုင်ငံဖြစ်တဲ့အတွက် ​အသက် ​၁၈ ​နှစ်ပြည့်သူ ​နိုင်ငံသားတိုင်း ​မဲပေးခဲ့ကြပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မဲရေတွက်မှုတွေ စတင်နေပြီ ဖြစ်ပါတယ်။ (Credit: ABC) 

Posted: 07 Sep 2013 05:32 AM PDT

ပန်းရောင်ဂါဝန်တိုတို ဝတ်ဆင်ထားသည်က ဖြောင့်စင်းသော ပေါင်တံအလှကို ပေါ်လွင်စေသည်။ ခြေထောက် နှစ်ချောင်းကို ယှက်ထားကာ လက်နှစ်ဖက် ခါးထောက်လျက် ညုတုတု မျက်လုံးများနှင့် အကြည့်များက စူးရှလျက်။ သာမန်ကြည့်လိုက်ရင်တော့ဖြင့် အလှအပများ ပြင်ဆင်ထားသည့် မိန်းကလေးတစ်ယောက်။ သို့သော် သူသည် မိန်းမစစ်စစ်တော့ မဟုတ်။ အမျိုးသားတစ်ဦးက အမျိုးသမီး တစ်ဦးကဲ့သို့ ပြောင်းလဲကာ တတိယလိင်အဖြစ် ခံယူထားသူဖြစ်သည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 07 Sep 2013 05:20 AM PDT

လိုင်စင်မဲ့ယာဉ်များကို သံဃာများထံ လှူဒါန်းမှုများ ရှိနေသော မွန်ပြည်နယ် ၁၀ မြို့နယ်တွင် သံဃာတော်များ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်ပါက စက်တင်ဘာလမှ စတင်ကာ အရေးယူမည်ဖြစ်ကြောင်း မွန်ပြည်နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော်အရှင်သာသနက The Voice သို့ မိန့်ကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Sep 2013 05:14 AM PDT

သပိတ်ကျင်းနှင့် စဥ့်ကူးမြို့များတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် နေအိမ်များ၊ အစိုးရဌာန အဆောက်အအုံများကို တရုတ်နိုင်ငံမှ လှူဒါန်းသော အသင့်ဆောက်ပြီးအိမ်များဖြင့် ယခုလ ဒုတိယပတ်အတွင်း စတင်ဆောက်လုပ်ပေးသွားမည်ဖြစ်ေ
ကြာင်း မန္တလေးတိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သတင်းရရှိသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သပိတ်ကျင်းငလျင်ကြောင့် ပြိုလဲနေသော အဆောက်အအုံအချို့ ဓာတ်ပုံ - မျိုးမင်းဦး

Posted: 07 Sep 2013 05:09 AM PDT

ဗုဒ္ဓဘာသာ၏ အမှတ်တံဆိပ်အဖြစ် ၉၆၉ ကို အသုံးပြု လှုပ်ရှားနေခြင်းနှင့် သံဃာ့ကွန်ရက် အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက် နေခြင်းသည် သံဃမဟာ နာယကအဖွဲ့မှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ ဥပဒေများအရ ဖွဲ့စည်း ဆောင်ရွက်ခွင့် မရှိကြောင်း နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်သည်။ အဆိုပါညွှန်ကြားလွှာကို သြဂုတ် ၁၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်များသို့ ပေးပို့ထားသည်ဟု သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Sep 2013 04:33 AM PDT

စက်တင်ဘာလ(၉ )ရက်နေ့ထုတ် The Voice Weekly Vol.9/No.35

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 07 Sep 2013 04:31 AM PDT

စက်တင်ဘာလ(၂)ရက်နေ့ထုတ် ၇ရက် ဈေးဝယ်လမ်းညွန် ဂျာနယ်

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Sep 2013 12:49 AM PDT
၇-၉-၂၀၁၃နေ့  ယနေ့ နံနက်၀၉၀၀နာရီ အချိန်တွင် မော်လမြိုင် လေယာဉ်ကွင်းသို့  မဲဆောက်လေဆိပ်မှ Nok Air လေကြောင်းလိုင်းဖြင့် လိုက်ပါ စီးနင်းလာသည့် ခရီးသည်(၉)ဦး ဆင်းသက်ရာတွင် လေကြောင်း ဗီဇာမပါတဲ့ ခရီးသည်တဦးကို စစ်ဆေးတွေ့ ရရှိကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။
အဆိုပါ လေယာဉ် ဆင်းသက်ရာတွင်  လေယာဉ် ရဲတပ်ဖွဲ့စုမှူး ရဲမှူးအောင်ဘုန်းကျော်၊ မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့မှ ဒုမြို့နယ်မှူး ဒုရဲမှူးအေးမင်း ဦးစီး ရဲတပ်ဖွဲ့ဝင်များ၊ အထူးစုံစမ်းရေး ဦးစီးဌာနမှ စုံစမ်းရေးမှူး မျိုမင်းစိန်၊ မူးယစ်အထူးတပ်ဖွဲ့မှ ရဲအုပ်ချစ်ကိုမြင့်နှင့် တပ်ဖွဲ့ဝင်များ မော်လမြိုင် လူကုန်ကူးမှုအဖွဲ့မှ ရဲအုပ်အောင်ဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ဒုလ၀ကမှူး ထိန်းလင်းနှင့်အဖွဲ့များ၊ အကောက်ခွန်မှ ဒုအကခမှူးကျော်ကိုဝင်းတို့မှ လုံခြုံရေး ဆောင်ရွက်ပြီး ခရီးသည်များအားစစ်ဆေးရာတွင် ဂျာမဏီနိုင်ငံသား တစ်ဦးအား ဗီဇာမပါရှိကြောင်း စစ်ဆေးတွေ့ ရှိရခြင်း ဖြစ်သည်။

ဗီဇာမပါတဲ့ ဂျာမဏီနိုင်ငံသား အား  မော်လမြိုင်လေယာဉ်ကွင်းတွင် ဆင်းခွင့် မရှိသဖြင့် အဆိုပါလေယာဉ်ဖြင့် မဲဆောက်သို့ ပြန်လည်ထွက်ခွာ သွားစေကြောင်း သိရပါသည်။

by Myanmar News Now


Posted: 07 Sep 2013 12:12 AM PDT

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မြောက်ပိုင်း
) ABSDF ခေါင်းဆောင်တချို့ကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က လက်နက်တွေသိမ်းဆည်းပြီး အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားတယ်လို့ ဖေ့ဘုတ် အင်တာနက် လူမှုရေးစာမျက်နှာတွေမှာ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA က ABSDF ဒုဥက္ကဌ ဦးမျိုးဝင်းကို ဆက်သွယ်မေးမြန်းရာမှာ မဟုတ်မမှန်ပါဖူးလို့ ငြင်းဆိုပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 07 Sep 2013 12:09 AM PDT

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း၌ လုပ်ကိုင်နေသည်ဆိုသည့် တရုတ်နိုင်ငံသားတစ်ဦး လည်ပင်းတွင် ပြတ်ရှဒဏ်ရာဖြင့် သေဆုံးခဲ့သည့် အလောင်းကို စက်တင်ဘာလ ၅ ရက်နေ့တွင် ပင်လယ်အတွင်းမှ ပြန်တွေ့ရှိရကြောင်း ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့စခန်းနှင့် ဒေသခံများအား မေးမြန်းချက်အရ သိရှိရသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မဒေးကျွန်း ရေနက်ဆိပ်ကမ်းသစ် နေရာတွင် မိုင်းခွဲထားသော ကျောက်များကို သယ်ယူနေသည်ကို မေလအတွင်းက တွေ့ရစဉ်

Posted: 07 Sep 2013 01:09 AM PDT
ဆက်သွယ်ရေး တင်ဒါအောင်မြင်ထားပြီး ၂၀၁၄ ခုနှစ်အတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်ဆောင်ရွက်တာ့မည့် တယ်လီနောမြန်မာကုမ္ပဏီက ရာထူးနေရာ တစ်ခုလျှင် ဝန်ထမ်းတစ်ဦးနှုန်းဖြင့် ရာထူးနေရာ ၁၄၆ နေရာအတွက် မြန်မာဝန်ထမ်းများ စတင်ခေါ်ယူပြီ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာသည်။ တယ်လီနောမြန်မာကုမ္ပဏီက အမှုဆောင်အရာရှိချုပ်ရုံး၊ Corporate Affairs၊ ဘဏ္ဍာရေး၊ ဈေးကွက်ချဲ့ထွင်ရေး၊ ဝန်ထမ်းရေးရာနှင့် နည်းပညာပိုင်းဌာနများတွင် တာဝန်ထမ်းဆောင်ရန် လိုအပ်သော ရာထူးနေရာ ၁၄၆ နေရာအတွက် ဝန်ထမ်း လျှောက်ထားနိုင်ကြောင်း ကြေညာခြင်း ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 06 Sep 2013 11:57 PM PDT

 မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၌ ဖြစ်ပွားခဲ့သည့် ရဲအချင်းချင်း ပစ် ခတ်မှုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား လက်နက် ကိုင်ဆောင်မှုများကို စနစ်တကျ ကြီးကြပ်သွားမည်ဖြစ်ကြောင်း ပြည်ထဲ ရေး ဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ အဆိုပါတာဝန်ရှိသူက ''ရဲ တွေ  လက်နက်ကိုင်ဆောင်မှုနဲ့ပတ် သက်ပြီး စည်းကမ်းတင်းကျပ်မှု တွေ ပြန်လည်လုပ်ဆောင်သွားဖို့ အစီအစဉ်တွေရှိတယ်''ဟု ပြော သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 06 Sep 2013 11:52 PM PDT

 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသား ပါတီများ တွေ့ဆုံပွဲကို အဖွဲ့ချုပ် ဗဟိုဌာနချုပ်တွင် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က ကျင်းပရာ ကမန်အမျိုးသား တိုးတက်ရေးပါတီ၊ ဇိုမီးဒီမိုကရေစီ ပါတီ၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းတိုးတက်ရေးပါတီ တို့တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်ဦးဝင်းမြင့်မှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး အဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဦးဝင်းတင်၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာဒေါ်မေ၀င်းမြင့်၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးညီပု တို့တက်ရောက်ခဲ့ပြီး ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ အမှာစကား ပြောကြားခဲ့သည်။

တွေ့ဆုံပွဲတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ တက်ရောက်လာသော တိုင်းရင်းသားပါတီ များမှ ဆွေးနွေးခဲ့ကြသည်။

National League for Democracy



Posted: 06 Sep 2013 11:42 PM PDT
နေထိုင်ခွင့် ဗီဇာသက်တမ်း လေးနှစ်ကုန်ဆုံးသည့် မြန်မာလုပ်သားများ အလုပ်ဆက်လက် လုပ်ကိုင်ခွင့်ရရှိရန် ဗီဇာသက်တမ်းတိုးခြင်း၊ အလုပ်လုပ်ခွင့် ပါမစ်များကို နယ်စပ်တွင် နေ့ချင်းပြီး ဆောင်ရွက်ရန် ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ အစိုးရကြား ရရှိခဲ့ကြောင်း ရွှေ့ပြောင်းလုပ်သား အခွင့်အရေး ကွန်ရက်မှ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 06 Sep 2013 11:41 PM PDT

နိုင်ငံတကာ စီးပွားရေး လုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေသော မြန်မာနိုင်ငံတွင် သြဂုတ်လ တစ်လအတွင်း နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်အထိ ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော စာရင်းများအရ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Sep 2013 11:36 PM PDT

သန်လျင် မြို့ရှိ ရွှေဝါရောင်တော်လှန်ရေး တွင်ပါဝင်လှုပ်ရှားခဲ့သော ကျောင်း တိုက်မှ သံဃာတော်များအားလုံး ကို ဆွမ်းလောင်းလှူခွင့်ပိတ်ပင် ထားကြောင်း ယင်းမြို့နယ်ဆွမ်း လောင်းအသင်းများမှ သိရ သည်။ သန်လျင်မြို့ မြို့ဟောင်းအနောက်ရပ်ကွက် ဓမ္မခွန်အား ကျောင်းတိုက်၌ သီတင်းသုံးနေ သော ၂ဝဝရခုနှစ် ရွှေဝါရောင်အ ရေးအခင်းတွင် ပါဝင်ခဲ့ကြသည့်  သံဃာများကို ဝါဆိုသံဃာစာရင်း ကောက်ယူခြင်းမရှိသည့်အပြင် အပတ်စဉ် ဆွမ်းလောင်း အသင်း များက ယင်းတို့ကိုဆွမ်းလောင်း လှူရန် တရားဝင်ပင့်ဖိတ်ခွင့်မရ ရှိကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓမ္မခွန်အားကျောင်းတိုက်အား တွေ့ရစဉ်။ ဓာတ်ပုံ - ငယ်ထွေး - Yangon Media Group

Posted: 06 Sep 2013 11:29 PM PDT

အိမ် တွင် တက်ရောက်ခိုအောင်းနေ သည့် ကြီးမားသည့် စပါးအုံးမြွေ တစ်ကောင်က အိမ်ရှင်အမျိုးသား တစ်ဦးကို ဖျစ်ညှစ်သတ်ပြီး ဝါးမျို ရန်ကြိုးပမ်းမှုတစ်ခု ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၌ စက်တင်ဘာ ၅ရက်က ဖြစ်ပေါ်ခဲ့ကြောင်း စုံစမ်း သိရသည်။ သို့သော် အဆိုပါမြွေကို အိမ် ရှင်အမျိုးသားက ပြန်လည်သတ် ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။ ဒဂုံမြို့သစ်တောင်ပိုင်းမြို့ နယ်ရှိ လူနေထူထပ်သောရပ်ကွက် ဖြစ်သည့် အမှတ်(၇၀)ရပ်ကွက်၊ စိတ္တကျော်သူ လမ်း၊ အိမ်အမှတ် ၁၅၉၆ တွင် စက်တင်ဘာ၅ရက် မွန်းလွဲ၂နာရီခွဲဝန်းကျင်က ဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဒဂုံမြို့သစ်တောင်ပိုင်းရှိ ကိုသန့်ဇော်ဦး နှင့် မစမ်းစမ်းသူတို့ နေထိုင်ရာအိမ်။ ဓာတ်ပုံများ - အေးသိဂီသန်း။ Yangon Media Group

Posted: 06 Sep 2013 08:20 PM PDT

Kanebo ဂျပန် အလှကုန် ကုမ္ပဏီသည် အသားအရေကို အစွန်း အကွက် ဖြစ်စေသည့် အသားဖြူကရင်မ်အား တစ်ပတ်ခန့် ဆက်လက် တင်ပို့မိကြောင်း နှင့် ၄င်းကုန် ပစ္စည်း များအား ပြန်လည် သိမ်းဆည်း ခဲ့ကြောင်း အဆိုပါ ကုမ္ပဏီ မှ စက်တင်ဘာ ၃ ရက်တွင် ပြောကြား သည်။ အဆိုပါ အသားအရေကို ထိခိုက် နိုင်သည့် ကုန်ပစ္စည်းအား ကုမ္ပဏီမှ ဇွန် ၂၈ ရက်တွင် ပြန်လည် သိမ်းဆည်းရန် ဆုံးဖြတ်ခဲ့ပြီး အဆိုပါ ဆုံးဖြတ်ချက် အား မိခင် ကုမ္ပဏီဖြစ်သည့် Kao ကထောက်ခံ ခဲ့ကြောင်း Kanebo ကုမ္ပဏီမှ ပြောရေး ဆိုခွင့်ရှိသူက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Sep 2013 08:12 PM PDT

ဆီးရီးယား အစိုးရ အနေဖြင့် သူပုန်တပ်များကို ဓာတုလက်နက်များ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲမှုများ အားကောင်းနေချိန်တွင် သူပုန်တပ်များဘက်မှလည်း ရက်စက်လွန်းသည့် လုပ်ရပ်များ ကျူးလွန်နေကြောင်း မှတ်တမ်း အထောက်အထားများ ထွက်ပေါ်လာခဲ့သည်။ New York Times သတင်းဌာနက ဖော်ပြခဲ့သော ဗီဒီယို မှတ်တမ်း တစ်ခုတွင် သမ္မတ ဘာရှာ အာဆက်ဒ်၏ သစ္စာတော်ခံ တပ်သား (၇)ဦးကို ဆီးရီးယား သူပုန်များက သတ်ဖြတ်နေပုံကို တုန်လှုပ် ခြောက်ခြားဖွယ် တွေ့ရှိရသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

New York Times သတင်းဌာနက ဖော်ပြခဲ့သော ဗီဒီယို မှတ်တမ်း တစ်ခုတွင် သမ္မတ ဘာရှာ အာဆက်ဒ်၏ သစ္စာတော်ခံ တပ်သား (၇)ဦးကို ဆီးရီးယား သူပုန်များက သတ်ဖြတ်နေပုံကို တုန်လှုပ် ခြောက်ခြားဖွယ် တွေ့ ရှိရ

Posted: 06 Sep 2013 07:18 PM PDT

အင်ဒိုနီးရှား လေကြောင်းလိုင်း Garuda Indonesia က နိုင်ငံတကာ ဓါတ်ပုံ ပြိုင်ပွဲ ကျင်းပရာမှာ ၂၀၁၃ ခု နှစ် အတွက် ပေးတဲ့ ဆု ၅ ဆု ထဲမှာ မြန်မာ နိုင်ငံ ဓါတ်ပုံဆရာ ၃ ယောက် ဆု တွေ အသီးသီး ဆွတ်ခူးခဲ့ပါတယ်။ နိုင်ငံပေါင်း ၉၄ နိုင်ငံ က ဓါတ်ပုံပေါင်း ၆ သောင်း ကျော် ထဲက ဆန်ကာတင် ဓါတ်ပုံသမား ၁၅ ယောက် ကို ရွေးချယ်ပြီး အင်ဒိုနီးရှား နိုင်ငံ ကို ဖိတ်ခေါ်ယင်း သူတို့ နိုင်ငံ ထဲမှာ ဓါတ်ပုံတွေ ရိုက်ဖို့ ကျင်းပ သူတွေ က သြဂုတ်လ နောက်ဆုံးပတ်မှာ စီစဉ်ခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Garuda လေကြောင်း ဆုရ ဓါတ်ပုံဆရာ ကိုနေဦး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...