...ကျွန်တော် ဆရာဝန်တစ်ယောက်ပါ...
Author: lubo601 |
7:29 PM |
No မှတ်ချက် |
Min Balathaung's photo.
''ကားဈေးတွေ ကျနေပြီ..
၁၀၀ ဝန်းကျင်ဆို အေးဆေးဝယ်လို့ ရနေပြီ...''
ဘာတွေလာပြောနေတာလဲ..ကိုယ်နဲ့မှ မဆိုင်တာ..လစာ တစ်လ တစ်သိန်းခွဲနဲ့ (ဒါတောင် ထောက်ပံ့ကြေး ၃ သောင်းပေးထားလို့ ) ဘယ်နှစ်နှစ်စုမှ ကားဝယ်စီးနိုင်မှာလဲ.....
ဟုတ်ကဲ့ ကျွန်တော် ဆရာဝန်တစ်ယောက်ပါ...
''သူငယ်ချင်း..တွေစုပြီး ခရီးထွက်ရအောင်..လုပ်သက်ခွင့်ယူ
ခွင့်ဆိုတာ ရပိုင်ခွင့်မဟုတ်ဘူး လုပ်ငန်းလိုအပ်ချက်အရ အထက်အကြီးအကဲက ခွင့်မပြုရင် မရဘူး ဆိုတာ ဖောင်ကြီးမှာ သင်ထားတယ်ကွ.
..ဟုတ်ကဲ့ ကျွန်တော် ဆရာဝန်တစ်ယောက်ပါ.,
''ဒီနှစ်သင်္ကြန် လည်ကြမယ်လေ...''
သင်္ကြန်တွင်းပိတ်တဲ့ထဲမှာ ဆေးရုံမပါဘူးကွ..ဆေးရုံမှာ အကွဲအပြဲတွေ ယာဉ်တိုက်မှုတွေ ရိုက်မှုတွေ နဲ့လူနာတွေ များပြီး အလုပ်ရှုပ်နေတာကွ...
ဟုတ်ကဲ့..ကျွန်တော်ဆရာဝန်တစ်ယော
''သားရေ..ဒီနှစ်တော့ မိသားစုတွေစုံကြမှာ..အိမ်ပြန်လာ
အား မာမီကလည်း ဆေးရုံဆိုတာ ၂၄ နာရီ ပိတ်ရက်မှ မရှိတာ..အခြေအနေအရပေါ့ မပြန်ဖြစ်ဖို့တော့ပိုများတယ်..
ဟုတ်ကဲ့..ကျွန်တော်ဆရာဝန်တစ်ယော
''သားရေ..မာမီ ခေါင်းတွေ မူးနေတယ်...သွေးတိုးနေလားမသိဘူး
ဆေးခန်းသွားပြီး ဆရာဝန်နဲ့သေချာပြလိုက်ဦး..မပေါ
ဟုတ်ကဲ့ ကျွန်တော် ဆရာဝန်တစ်ယောက်ပါ...
''သူငယ်ချင်း မိန်းမ မယူသေးဘူးလား..ငါတို့ကိုအားမကျဘ
ရတဲ့လစာနဲ့ မိန်းမဘယ်လိုယူရမလဲ..
မိသားစုကို ဘယ်လိုရှာကျွေးရင်ကောင်းမလဲ စဉ်းစားနေတယ်..စဉ်းစားလို့ရရင်ေ
ဟုတ်ကဲ့,ကျွန်တော်ဆရာဝန်တစ်ယောက
''ငါတို့ ကျောင်းဆရာတွေကျတော့ ကျူရှင်မဖွင့်ရဘူးတဲ့..မင်းတို့
ဒါဆိုလည်း သီတင်းကျွတ်ပိတ်ရက်တို့ နွေရာသီအားလပ်ရက်ရှည်တို့ မယူဘဲ ပိတ်ရက်မရှိ ၂၄ နာရီ ဂျူတီ ဆင်းလေ...
ဟုတ်ကဲ့..ကျွန်တော်ဆရာဝန်တစ်ယော
''၁၅၀၀ တန်ဖုန်းကဒ်တွေ ပေးနေတယ်လေ..မင်းတို့မရသေးဘူးလာ
ငါတို့ကပြန်တမ်းဝင် အရာရှိလေ..အရာရှိမဟုတ်တဲ့သူတွေက
ဟုတ်ကဲ့ ကျွန်တော်ဆရာဝန်တစ်ယောက်ပါ....
''အစိုးရက ၁၀ လစာထုတ်ချည်းမယ် ပြောတယ်..မင်းတို့တော့ ပွတာပဲ..''
မင်းကဘာသိလို့လဲ..အရာရှိပေါက်စက
ဟုတ်ကဲ့ ကျွန်တော်ဆရာဝန် တစ်ယောက်ပါ..
''မနှစ်က မင်းတို့ ဧရာဝတီတိုင်းက ဝန်ထမ်းတွေကို ရေကြီးလို့ ရေဘေး ထောက်ပံ့ကြေး ပေးတယ်ဆို..''
အောင်မလေး ဖောင်ဖိုး နဲ့ ရပ်ကွက်ထောက်ခံစာဖိုး ၁၅၀၀ သာ ကုန်သွားတာ..ခုပဲနောက်တစ်မိုး
ကု န်တော့မယ်...
ဟုတ်ကဲ့ ကျွန်တော်ဆရာဝန်တစ်ယောက်ပါ..
ဟုတ်ကဲ့ ကျွန်တော်ဆရာဝန်တစ်ယောက်ပါ..
''ဆရာဝန်ဆိုတာ ကုသိုလ်ရတဲ့ အလုပ်ပါကွာ...''
အဲဒီကုသိုလ်တွေနဲ့ နေဖို့ စားဖို့ ကိုယ့်ရာထူးနဲ့ ညီမျှတဲ့ အဆင့်အတန်းနဲ့ နေနိုင်ရင် သိပ်ကောင်းမှာပဲ...
ဟုတ်ကဲ့ ကျွန်တော်ဆရာဝန်တစ်ယောက်ပါ...
ကျွန်တော်ဆရာဝန်တစ်ယောက်ပါ...ကြ
မိဘကိုလည်း များများစားစား မထောက်ပံ့ နိုင်သေးပါဘူး..
ဟုတ်ကဲ့ ကျွန်တော်ဆရာဝန်တစ်ယောက်ပါ.....
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment