"မကြားဝံ့မနာသာ"
Author: lubo601 |
9:08 PM |
No မှတ်ချက် |
Thanlay Ko added a photo from September 20, 2013 to his timeline.
လက်ထပ်ပြီးစ ဇနီးမောင်နှံ ဟန်းနီးမွန်းခရီးထွက်သွားတယ်။
ခရီးက ပြန်ရောက်ပြီး မကြာမှီမှာ သတို့သမီးက သူ့အမေဆီ ဖုန်းဆက်တော့
အမေလုပ်သူက မေးတယ်... ...
"ဘယ်လိုလဲ သမီး၊ ဟန်နီးမွန်းခရီးက အဆင်ပြေတယ်မလား"
"အိုး အမေရယ်၊ အရမ်းပျော်စရာ ကောင်းတာပဲ၊ ဒါပေမယ့် အီး ဟီး ဟီး"
... ဆိုပြီး ချုံးပွဲချ ငိုပါလေရော
အမေလုပ်သူလည်း လန့်သွားပြီး မေးတော့တာပေါ့... ..
"ဟဲ့ သမီးလေး၊ ပြောစမ်း ဘာဖြစ်လို့လဲ"
"သူလေ ခရီးကလည်း ပြန်ရောက်ရော သမီးကို မကြားဝံ့မနာသာတဲ့ စကားလေးခွန်း အမြဲပြောနေတယ် အမေ"
"ဟုတ်လား..."
"သမီးတသက်နဲ့တကိုယ် တခါမှမကြားဘူးတဲ့၊ အလွန် နားဝင်ဆိုးတဲ့ စကားတွေနဲ့ သမီးကို နှိပ်စက်နေတာ အီး ဟီး"
"အင်း... ဒီကောင် မောင်ကျေးညိုက လူယဉ်ကျေးလေးပါ၊ ဘယ်လိုဖြစ်သွားတာပါလိမ့်"
"မသိပါဘူး မေမေရယ်"
"ဒါနဲ့ အဲဒီမကြားဝံ့မနာသာ စကားလေးခွန်းက ဘာတွေလဲ သမီး"
"ထမင်းချက်၊ အဝတ်လျှော်၊ မီးပူတိုက်၊ သန့်ရှင်းလုပ်တဲ့ မေမေရဲ့ အဟဲ့ ဟဲ့"
"ဟင်...ေ တ နာ မ"
သန်၎ကို-ဘာသာပြန်သည်
https://www.facebook.com/ thanlayko

https://www.facebook.com/
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment