Saturday, September 21, 2013

သစ်ထူးလွင် သတင်းစုစည်း (၂၁-၉)

သစ်ထူးလွင်



Posted: 21 Sep 2013 04:28 AM PDT
ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပြု လုပ်ရာတွင် ငွေပေးချေ ရန်အတွက် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ ဘဏ်များ၌ နိုင်ငံခြား အရန်ငွေ ဒေါ်လာ ၇ဒသမ ၆ ဘီလီယံထား ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပြောကြားသည်။ စက်တင်ဘာလ ၂၀ရက်က နေပြည်တော် စက်မှုဝန်ကြီး ဌာနရုံးတွင် ပြုလုပ်သော ပြည်ထောင်စု ၀န်ကြီးများနှင့် မီဒီယာများတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၏ နိုင်ငံခြား အရန်ငွေ ပမာဏအား ပထမဆုံး အကြိမ် ထုတ်ဖော် ပြောကြားခြင်း ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Sep 2013 04:16 AM PDT

အခြေခံပညာရေး ဆရာ၊ ဆရာမများကို ယခင် ၁၅ နှစ်ကျော်က လစာ၏ဆယ်ဆ ချေးခွင့်ပြုထားပြီး အကြောင်းအရင်း အမျိုးမျိုးကြောင့် ကျန်ရှိနေသေးသည့် လက်ကျန် ငွေစာရင်းအချို့ကို ပညာရေး ဝန်ကြီးဌာနက ပြန်တောင်းခံမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးရုံးမှ တာဝန် ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။ လစာ၏ဆယ်ဆ ချေးငွေများအတွက် ၂ နှစ်အတွင်း ပြန်ဆပ်ရန် သဘောတူ ချေးခဲ့ကြသော်လည်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Sep 2013 03:59 AM PDT

နေပြည်တော် ပုဗ္ဗသီရိ အပူပိုင်း စိမ်းလန်းစိုပြည်ရေး စီမံကိန်းဝင်းအတွင်း စိုက်ပျိုးထားသည့် ယူကလစ်ပင်များ ဝင်ခုတ်မှုဖြင့် ဝဲကြီးရွာသားလေးဦးကို ဖမ်းဆီးရာမှ ရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခ ဖြစ်ခဲ့မှုတွင် ကျေးရွာကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးက ရဲဝတ်စုံဝတ်ဆင်ကာ ဖမ်းဆီးမှုတွင် ပါဝင်သည်ဆိုသည့် ကောလာဟလမှာ မမှန်ကန်ကြောင်း ပုဗ္ဗသီရိမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

နေပြည်တော် ပုဗ္ဗသီရိမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေ ပဋိပက္ခဖြစ်ပွား။ ဓါတ်ပုံ - RFA Burmese

Posted: 21 Sep 2013 03:52 AM PDT

ရန်ကုန်တိုင်း ဒေသကြီး အတွင်း အိမ်ခြံမြေ ရောင်းဝယ်ရာတွင် အစိုးရက သတ်မှတ်လိုက်သည့် စံနှုန်းများကို စတင်ထုတ်ပြန် ကြေညာ လိုက်ပြီ ဖြစ်ကြောင်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့မှ သတင်းရရှိသည်။ ယင်းကဲ့သို့ သတ်မှတ်လိုက်သည့် ဈေးနှုန်းများသည် ယခင်မူလ ပေါက်ဈေးထက် များစွာကွာဟမှုရှိကြောင်း ထုတ်ပြန်ချက်များမှ သိရှိရသည်။ မြို့နယ်အလိုက် တစ်ပေ ပတ်လည်ပေါ် မူတည်ပြီး သတ်မှတ်လိုက်ခြင်း ဖြစ်သည်။ စံသတ်မှတ်ချက်များ အရ ဈေးအကြီးဆုံး မြို့နယ်များတွင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Sep 2013 03:45 AM PDT
အမြန်လမ်းပေါ်တွင် အရှိန်လွန်ပြီး  လမ်းဘေး၌ ကာရံထားသောတံတားတိုင်အား ၀င်ရောက်တိုက်မိသောကြောင့် ကားပေါ်ပါ  လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ စက်တင်ဘာ ၁၆ ရက် နံနက် ၁၁ နာရီခွဲအချိန်တွင် နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ရန်ကုန် - မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၃၉/၃ နှင့် ၂၃၉/၄ ကြားတွင် လမ်းဘေးကွန်ကရစ်တိုင်အား ၀င်တိုက်မိသောကြောင့် လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ယာဉ်တိုက်မှုအပြီးတွေ့ရသော ပျက်စီးနေသည့် ဂျစ်ကား ဓာတ်ပုံ-ရဲဇာနည်ဖေ့စ်ဘွတ်ခ်

Posted: 21 Sep 2013 03:38 AM PDT

နေပြည်ကောင်စီနယ်မြေ ၊ ဂူနှစ်လုံးဆည်စု ကျေးရွာအုပ်စု  မကျည်းကုန်းကျေးရွာ နှင့် ဂွေးတောက်ရိုးကျေးရွာမှ တောင်သူများသည် ၎င်းတို့၏ လယ်ယာမြေများကို ရယူထားပြီး ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသဖြင့် ၀င်ရောက်လုပ်ကိုင်ကြရမှာ အမှုဖွင့် တိုင်ကြားခံရထားစဉ် ရယူထားသူ ဗိုလ်ခင်မောင်ဝင်းက လယ်ယာမြေများကို ရှင်းလင်းခြင်း ခြံစည်းရိုးကျောက်တိုင်စိုက် သွပ်စူးကြိုး ကာရန် လုပ်ငန်းများ လုပ်ကိုင်နေသည်ကို တားမြစ်ပေးရန် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်အား ယနေ့ 21.9.2013 ရက်နေ့တွင် သွားရောက်ပြောဆိုရာ တာဝန်မယူကြောင်း ပြောဆိုလိုက်သည်ဟု သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Sep 2013 03:00 AM PDT

ပြင်မလား၊ အသစ်ဆွဲမလား အငြင်းအခုံအကြား အခြေခံဥပဒေပြင်ရေး ခြေလှမ်းများ ပိုစိပ်လာပြီ ဖြစ်သည်။ မြန်မာ့ အသွင်ကူးပြောင်းရေးတွင် အခြေခံဥပဒေပြင်ရေးက “အသက်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုထားသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ အကောင် အထည်ပေါ်လာရန် အခြေခံဥပဒေ ပြင်ဆင် ရေးကို အမြန်ဆုံး လုပ်ဆောင်ရမည်ဖြစ်ကြောင်း ချက်သမ္မတနိုင်ငံတွင် ပြုလုပ်သည့် Forum 2000 အခမ်းအနားအပြီး နိုင်ငံတကာ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ထပ်မံပြောကြားသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Sep 2013 02:56 AM PDT

ဧရာ ဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ နယ်တွင် ဧရာဝတီမြစ်ရေမြင့် တက်လာမှုကြောင့် ရေဘေးသင့်ခံစား ရသော စစ်ကုန်းကျေးရွာအုပ်စု နှင့် တောင်လုံးစုကျေးရွာ အုပ်စု တို့တွင် စက်တင်ဘာ ၂ဝရက်က ရေဘေး ကယ်ဆယ်ရေးစခန်းများ ကို တိုးချဲ့ဖွင့်လှစ်ခဲ့ရပြီး ရေဘေး သင့်ပြည်သူ ၉ဝဝကျော်ရှိနေ ကြောင်း ဒေသအုပ်ချုပ်ရေးအဖွဲ့ များထံမှ သိရသည်။ ''ကယ်ဆယ်ရေးစခန်းက ဒီ နေ့နှစ်ခုထပ်ဖွင့်ရပါတယ်။ အား လုံးပေါင်း ကယ်ဆယ်ရေးစခန်း ငါးခုပါ။ စစ်ကုန်းမှာ နှစ်ခု၊ ရေတဲ ကြီးမှာတစ်ခုနဲ့ ရေလယ်သောင်မှာ နှစ်ခုဖွင့်ထားရပါတယ်။ လော လောဆယ်က အိမ်ထောင်စု ၁၆၃ စုနဲ့ လူဦးရေ ၅၈၄ဦးရှိပါပြီ။ လို အပ်တဲ့ ကျန်းမာရေးစောင့်ရှောက် မှုတွေဆောင်ရွက်ပေးနေပါတယ်။ ---

 သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Sep 2013 02:20 AM PDT

ရန်ကုန် ပြည်သူ့ဆေးရုံဝင်းရှေ့ အပြင်ဘက်မျက်နှာစာ ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် ဈေးရောင်းချနေရာမှ ရန်ကုန်မြို့တွင်းရှိ အဓိက လမ်းမကြီးများတွင် ယာဉ်ရပ်နားရန်အတွက် လမ်းတိုးချဲ့ခြင်း အစီအစဉ်ကြောင့် ဆေးရုံဝင်းအတွင်း ပြောင်းရွှေ့ ဝင်ရောက် ရောင်းချနေသည့် လူသုံးကုန်၊ မုန့်နှင့် စားသောက်ဆိုင်များ စက်တင်ဘာလ ၂၀ ရက်နေ့ ည ၈ နာရီ နောက်ဆုံးထား၍ ဆေးရုံက သတ်မှတ်ပေးထားသည့် နေရာသို့ ပြောင်းရွှေ့ပေးရမည် ဖြစ်ကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဝင်းအတွင်းတွင် လူသုံးကုန် ပစ္စည်းများ ရောင်းချနေသူတစ်ဦးက The Voice သို့ ပြောကြားသည်။ ---

 သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 21 Sep 2013 02:15 AM PDT

ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်မှာ စိုးရိမ်ရေအမှတ် (၄၄)ပေ အထက်ကျော်လွန်ပြီး စက်တင်ဘာ ၂ဝ ရက် နေ့လည် ၁ နာရီ အထိ တိုင်းတာချက်အရ ၄၆.၅ဝ ပေထိ ရောက်ရှိနေတာမို့ ဧရာဝတီမြစ်ကမ်းဘေး ဟင်္သာတ တာပြင် ကျေးရွာတွေဖြစ်တဲ့ စစ်ကုန်ကျေးရွာအုပ်စု၊ တောင်လုံးစု ကျေးရွာအုပ်စုတွေမှာ ရေဘေးသင့် ကြုံတွေ့နေရပြီး ရေဘေး ကယ်ဆယ်ရေး စခန်းများကို တိုးချဲ့ ဖွင့်လှစ်ထားတာ ရေဘေးသင့်ပြည်သူဦးရေ ၉ဝဝ နီးပါး ရှိနေကြောင်း ဒေသခံ အုပ်ချုပ်ရေး အဖွဲ့များထံက သိရှိရပါတယ်။

သတင်းဓါတ်ပုံ - ပြည့်ဖြိုး icj (ဟင်္သာတ)
DVB TV News











Posted: 21 Sep 2013 02:10 AM PDT

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း တင်ဒါအောင်ပြီးသား ဆက်သွယ်ရေး ကုမ္ပဏီတွေ လောလောဆယ်မှာ လုပ်ငန်းစတင်နိုင်ဦးမှာ မဟုတ်သေးဘူးလို့ ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ အဖွဲ့ဝင် ဒေါက်တာမြတ်ဥာဏစိုးက ဒီဗွီဘီ ကို ပြောပါတယ်။

လွှတ်တော် နှစ်ရပ်က အတည်ပြုပြီးဖြစ်တဲ့ ဆက်သွယ်ရေး ဥပဒေကြမ်းကို သမ္မတ ကပြုပြင်လိုတဲ့ သဘောထားမှတ်ချက်တွေနဲ့ လွှတ်တော်ဘက် ပြန်ပြီး ပေးပို့ထား တာကြောင့် သမ္မတ ရဲ့မှတ်ချက်ကို ဆွေးနွေးဖို့ ဥပဒေကြမ်းကော် မတီ အစည်းအဝေးကို အခုလ ၂၆ ရက် နေပြည်တော်မှာ ပြုလုပ်ဖို့ ရှိတယ်လို့ ပြောပါတယ်။

အောက်တိုဘာ လဆန်း လွှတ်တော် စတာနဲ့ အမြန် ဆွေးနွေး အတည်ပြုသွားနိုင်တယ်လို့ သူက ရှင်းပြပါတယ်။

ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပြီးမှပဲ အော်ပရေတာ လိုင်စင်ရထားတဲ့ ဆက်သွယ်ရေး ကုမ္ပဏီတွေလည်း အမြန် လုပ်ငန်းစတင်နိုင်မယ်လို့ ဒေါက်တာမြတ်ဥာဏစိုးက ပြောပါတယ်။


DVB News


Posted: 21 Sep 2013 01:09 AM PDT

နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၃ခုနှစ်အတွက် ရွေးချယ် မည့် နိုဘယ်ဆုဆန်ခါတင်စာရင်း တွင်ပါဝင်နေကြောင်း သတင်းရ ရှိသည်။ ၂၀၁၃ခုနှစ် အောက်တိုဘာ ရရက်မှ ၁၁ရက်အထိ နော်ဝေ နိုင်ငံ၌ကျင်းပမည့် (၉၁)ကြိမ် မြောက် နိုဘယ်ဆုချီးမြှင့်ပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် Democratic Voice of Burma (DVB)နှင့်အတူ ငြိမ်းချမ်းရေးနို ဘယ်ဆုအတွက် အမည်စာရင်း တင်သွင်းခြင်းခံခဲ့ရသည်ဟု သတင်း များထွက်ပေါ်နေကြောင်း နိုဘယ် ဆုကော်မတီနှင့် နီးစပ်သောအသိုင်းအဝိုင်းမှ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Sep 2013 12:55 AM PDT

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် အနီးတစ်ဝိုက်တွင် ငလျင်သုံးကြိမ် ဆက်တိုက် လှုပ်ခတ်သွားကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၅၈ မိနစ်တွင် မန္တလေးမြို့ မြေငလျင်စခန်းမှ မြောက်ဘက်မိုင် ၈၀ အကွာ သပိတ်ကျင်းမြို့အနီးတွင် ရစ်ခ်ျစတာစကေး ၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း၊ ယင်းနောက် ညနေ ၆ နာရီ ၂၃ မိနစ်တွင် မန္တလေးမြို့ မြေငလျင်စခန်းမှ မြောက်ဘက်မိုင် ၆၀ ခန့်အကွာ သပိတ်ကျင်းမြို့နယ် အနီးတွင် အင်အား အသင့်အတင့်ရှိ ရစ်ခ်ျစတာစကေး ၅ အဆင့်ရှိ ငလျင် လှုပ်ခတ်သွားခဲ့ကြောင်း ဆိုပါဌာနမှ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရွှေဘိုငလျှင်လှုပ်ခတ်ခဲ့စဉ်က အပျက်အစီးအချို့ တွေ့ မြင်ရစဉ်

Posted: 21 Sep 2013 12:49 AM PDT

ဂျပန်နစ်ဆန်း (Nissan) ကုမ္ပဏီနှင့် မလေးရှားမှ Tan Chong Group တို့ ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီးအတွင်း တည်ဆောက်မည့် နစ်ဆန်း မော်တော်ယာဉ် စက်ရုံက ၂၀၁၅ ခုနှစ...်မှ စတင်၍ နှစ်စဉ် မော်တော်ယာဉ်စီးရေ တစ်သောင်း ထုတ်လုပ်မည် ဖြစ်ကြောင်း နစ်ဆန်းကုမ္ပဏီ အမှုဆောင် အရာရှိချုပ် Mr. Carlos Ghosn က ပြောကြားသည်။
“ဒီမှာခေတ်စားနေတဲ့ ဆီဒင်ပုံစံမျိုးတွေနဲ့ ဆန်နီတွေ စထုတ်မယ်” ဟု ၎င်းက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Sep 2013 12:43 AM PDT

GSP လို့ခေါ်တဲ့ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးတွေကို လိုချင်တယ်ဆိုရင် မြန်မာအစိုးရ အနေနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် လာအောင် လုပ်ဆောင်သင့်တယ်လို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် US Campaign for Burma အဖွဲ့ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Jennifer Quigley က ပြောလိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Sep 2013 12:37 AM PDT

 ပြည် သူမှ ဆိုက်ဘာနှင့်ပတ်သက် သည့် မှုခင်းများအား သက်ဆိုင်ရာမြို့ နယ်ရဲစခန်းတွင် တိုင်ကြားမှုများ ဆောင်ရွက်နိုင်ပြီး ယင်းမှုခင်းများ ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှုခင်းရဲ တပ်ဖွဲ့မှ ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်
မှ ဒုရဲမှူးကြီး ထွန်းနေဝင်းကပြော သည်။ ''Cyber Crime နနဲ့ပတ်သက် ပြီး တိုင်ကြားမှုတွေရှိလာပြီဆို ရင် မှုခင်းရဲတပ်ဖွဲ့ကနေ တည်ဆဲ ဥပဒေနဲ့အညီ ကိုင်တွယ် ဖြေရှင်း ပေးသွား မှာပါ။ ရဲအရေးပိုင်တဲ့အ မှုရှိတယ်။ ရဲအရေးမပိုင်တဲ့အမှု ရှိတယ်။ ဒါမျိုးတွေတော့ကွဲပြား မှုရှိပါတယ်။ တိုင်ကြားမှုတွေရှိ လာရင်တော့ ရဲလုပ်ငန်းအတိုင်း အရေးယူမှုတွေ ဆောင်ရွက်ပေး သွားမှာပါ''ဟု စက်တင်ဘာ ၁၆ ရက်တွင် မိုက်ခရိုဆော့ဖ်မှ နည်း ပညာလုံခြုံရေးပိုင်း ဆွေးနွေးပွဲ၌ ဒုရဲမှူးကြီး ထွန်းနေဝင်းက ယင်း သို့ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရန်ကုန်မြို့ရှိ အင်တာနက်ကဖေးဆိုင်တစ်ဆိုင်တွင် အင်တာနက်သုံးစွဲနေသူများကိုတွေ့ရစဉ်။ File Photo/AFP ရန်ကုန်မြို့ရှိ အင်တာနက်ကဖေးဆိုင်တစ်ဆိုင်တွင် အင်တာနက်သုံးစွဲနေသူများကိုတွေ့ရစဉ်။ File Photo/AFP

Posted: 20 Sep 2013 08:57 PM PDT
စင်ကာပူနိုင်ငံကို ငါးရက်ကြာခရီး ရောက်ရှိနေတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူထိပ်သီးဆွေးနွေးပွဲ ညစာစားပွဲကို စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့အတူ မနေ့ညက တက်ရောက်ပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်တင်မြှောက်ခံရရင် သူဟာ မြန်မာနိုင်ငံအတွက် အရည်အချင်းပြည့်မီတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း မစ္စတာလီရှန်လွန်းက အာဆီယံ-အရှေ့တောင်အာရှနိုင်ငံများ အသင်းဝင်နိုင်ငံတွေက သတင်းစာဆရာတွေကို စက်တင်ဘာ ၁၇ ရက်နေ့က ပြောကြားခဲ့တယ်လို့ Channel News Asia သတင်းမျာဖော်ပြထားပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Sep 2013 06:41 PM PDT

ရန်ကုန်မြို့တွင်း ယာဉ်စည်းကမ်းဖောက်ဖျက် မှုများတွင် ကိုယ်ပိုင်ယာဉ်နှင့် အငှားယာဉ်များမှာ ပိုမိုများပြားနေသည်ကို နေ့စဉ်လိုလို မြင်တွေ့နေ ရကြောင်း မထသ(ဗဟို)မှ အတွင်းရေးမှူး ဦးဘမြင့်က ထုတ်ဖော်ပြောကြားလိုက်သည်။ “လိုင်ကားတွေစည်းကမ်းမဲ့တယ် ဆိုပေမယ့် ကိုယ်ပိုင်ယာဉ်နဲ့ အငှားယာဉ်တွေကို အများဆုံးမြင်တွေ့နေရတယ်။ အစီး ၅၀ လောက် မှာ ခရီးသည်တင်ယာဉ်က သုံးစီးလောက် ပါဝင်ပြီး ကျန်တာတွေက ကိုယ်ပိုင်ယာဉ်နဲ့အငှား ယာဉ် တွေပဲ။ Data ကောက်တာတော့မဟုတ်ဘူး၊ နေ့စဉ် မြင်တွေ့နေရတာကို ပြောပြတာပါ” ဟု ၎င်းက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Sep 2013 06:16 PM PDT

စင်္ကာပူနိုင်ငံမှာ ၄ ရက်ကြာ ခရီးစဉ်တစ်ခုနဲ့ ရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်၊ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူနိုင်ငံဆီ ရောက်တဲ့နေ့မှာပဲ စင်္ကာပူ ဒုတိယနိုင်ငံခြားရေး ၀န်ကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပထမဆုံးအကြိမ် သွားရောက်တဲ့ အခုခရီးစဉ်အတွင်း လက်ရှိဝန်ကြီးချုပ်အပါအ၀င် ထိပ်တန်းခေါင်းဆောင်တွေ၊ လွှတ်တော် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိသလို စင်္ကာပူရောက် မြန်မာမိသားစု တွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဒေါ်အောင်ဆန်းစုကြည်နဲ့ စင်ကာပူဒုတိယ နိုင်ငံခြားရေးဝန်ကြီး Grace Fu (ဓာတ်ပုံ စင်ကာပူ နိုင်ငံခြားရေးရုံး)

Posted: 20 Sep 2013 06:16 PM PDT

ကမ္ဘောဒီယား အစိုးရအနေနဲ့ နိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေး ပဋိပက္ခကို အဖြေရှာဖို့ ဖိအားပေးတဲ့ အနေနဲ့ ဘုရင် နိုရိုဒုံ သီဟာမုနိရဲ့ ၀မ်းကွဲညီအကို တော်စပ်သူဟာ အစာငတ်ခံ ဆန္ဒပြနေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ် ဟွန်ဆန် အာဏာဆက်ပြီး ရရှိနိုင်အောင် နိုင်ငံကို ကာလရှည်ကြာ အုပ်ချုပ်လာခဲ့တဲ့ ပါတီက မသမာမှုတွေ ပြုလုပ်ခဲ့တယ်လို့ အတိုက်အခံ ပါတီအဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ မင်းသား စီစ၀ပ် သိုမီကို (Prince Sisowath Thomico) က စွတ်စွဲပြောဆိုပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အစာငတ်ခံဆန္ဒပြနေသော ကမ္ဘာဒီးယားဘုရင့်ညီအကိုဝမ်းကွဲတော်စပ်သူ မင်းသား Sisowath Thomico

Posted: 20 Sep 2013 05:53 PM PDT


တိုင်ဝမ်နဲ့ ဖိလစ်ပိုင် အရှေ့ဘက် ပင်လယ်ပြင်မှာ ဖြစ်ပွားနေတဲ့ ၂၀၁၃ ခုနှစ်အတွက် အင်အား အပြင်းဆုံးလို့ ယူဆနိုင်မယ့် အူဆာဂီ တိုင်ဖုန်း မုန်တိုင်းဟာ ဖိလစ်ပိုင်နဲ့ တိုင်ဝမ်တို့ကို ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသ ပညာရှင် တွေက ခန့်မှန်းထား ပါတယ်။ ကုန်တွင်းပိုင်းကိုတော့ ဒီ သတင်းပတ်အကုန်မှာ ဝင်ရောက်တဲ့အခါ တရုတ်နိုင်ငံကို ဖြတ်ကျော်မယ်လို့ ခန့်မှန်းရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လေတိုက်နှုန်း တစ်နာရီ မိုင် ၁၁၀ နှုန်း တိုက်ခတ်နိုင်



Posted: 20 Sep 2013 05:46 PM PDT

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကျဉ်တောင်ကန် ရဲစခန်းကနေ ဝဲကြီး ရွာသား ၁၀ ယောက်ကို ပုဒ်မ ၃ခုနဲ့ အမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။ နေပြည်တော်မှာ ပြန်ကြာရေးဝန်ကြီးဌာနက သိမ်းထားတဲ့ လယ်ယာမြေတွေပေါ်မှာ လယ်သိမ်းခံ တောင်သူတွေက ဝင်ရောက်ထွန်ယက်လို့ ထွန်ယက်တဲ့ ဝဲကြီးရွာသားတွေကို စက်တင်ဘာ ၁၉ ရက်နေ့က ဖမ်းဖို့ ရဲကနေ ဝင်ရောက်စီးနှင်းခဲ့ရာမှာ ဒေသခံ ရွာသားတွေက ပြန်ဝိုင်းပြီး ရဲတွေကို ပြန်ဖမ်းခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အခုလို အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရဲတွေကို ပိုင်နက်ကျူးလွန်မှု၊ ဖောက်ထွင်းမှုတွေနဲ့ ပြန်စွဲမယ်ဆို

Posted: 20 Sep 2013 05:41 PM PDT

မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ နိုင်ငံရေးမှာ အမျိုးသမီးထုအနေနဲ့ ထဲထဲဝင်ဝင် ပါဝင်လာနိုင်ရေးအတွက် အမျိုးသမီးညီလာခံတစ်ခုကို ရန်ကုန်မြို့ ရွှေဂုံတိုင်က Excel တာဝါမှာ ဒီနေ့ကစပြီး စက်တင်ဘာ၂၂ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပနေပါတယ်။ ဒီညီလာခံနဲ့ ပတ်သက်လို့ တက်ရောက်လာသူ မြန်မာနိင်ငံ အမျိုးသမီးအဖွဲ့များ ကွန်ရက်ခေါင်းဆောင် နော်စူစန်နာလှလှစိုးက အခုလိုပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Sep 2013 05:39 PM PDT

လွှတ်တော်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီးက အကြံပြုချက်ပေးပို့နိုင်ဖို့ ဆွေးနွေးပွဲတစ်ခုကို လာမယ့် စက်တင်ဘာလ ၂၅ ရက်နေ့မှာ တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော်မှာ ကျင်းပမယ်လို့ သိရပါတယ်။ အဲဒီဆွေးနွေးပွဲကရရှိတဲ့ အကြံပြုချက်တွေကို ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီထံ ပေးပို့သွားမယ်လို့ တနင်္သာရီတိုင်း လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က RFA ကို ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Sep 2013 05:32 PM PDT

သပိတ်ကျင်းမြို့နယ် မီးလန်းတောင်က ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်သူတွေကြားမှာ ဂန်းရောဂါ ဖြစ်ပွားပြီး သေဆုံးသူတွေ များပြားနေတယ်လို့ ဒေသခံ ဆရာဝန်တဦးက ပြောဆိုလိုက်ပါတယ်။ ဒေါ်ခင်ရူပါ တင်ဆက်။ ရိုက်ကူး တင်မာဆွေ

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...