Monday, September 9, 2013

မေရီချက် (ပ်) မင်းကျောင်းဆီက နန်းခင်ဇေယျာ ပုံတူ ပန်းချီပန်းပု

ပရိသတ်ကြီး မင်္ဂလာပါ…။
နန်းခင် (၉.၉.၂၀၁၃) နေ့ မနက် မှာ ရန်ကုန်မြို့ သံတမန်လမ်းမှာရှိ မေရီချက်(ပ်)မင်း နားမကြားသောကလေးများကျောင်းကို နောက်ထပ်တဖန်ထပ်မံရောက်ရှိခဲ့ပါတယ်။ ကလေးငယ်များနှင့်
လည်းရင်းနှီးပြီးဖြစ်သောကြောင့် သူတို့ကလည်းဝမ်းမြောက်
ဝမ်းသာ ကြိုဆိုကြပြီးပျော်ရွှင်နေကြပါတယ်။
မေရီချက်(ပ်)မင်းကျောင်းမှာ နန်းခင်ဇေယျာ၏ပုံတူအား ပန်းချီ
ပညာရှင်ဦးရွှေမြင့် နှင့် ပန်းချီပညာရှင်များ၊ ပန်းပုပညာရှင်
ဦးကျော်ကျော်မင်း တို့မှ ကျောင်းသားကျောင်းသူများကို
လက်တွေ့သရုပ်ပြရေးဆွဲထုလုပ်တဲ့ အခမ်းအနားအစီအစဉ်သို့
သွားရောက်ပြီး နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ သရုပ်ပြ
ကူညီခဲ့ပါတယ်။
 

အနာဂတ်ရဲ့ကြယ်ပွင့်လေးများဖြစ်သော ဤကျောင်းမှ ကလေး
ငယ်လေးများသည် အကြားအာရုံချို့တဲ့ကြသော်လည်း အမြင်
အာရုံစူးရှပြီး မှတ်ဥာဏ်စွမ်းအားကောင်းကြပါတယ်။ တီထွင်ကြံဆဥာဏ်များလည်းကောင်းကြပါတယ်။
ကျောင်းသားကျောင်းသူကလေးငယ်များ မြန်မာ့လက်မှု
အနုပညာရပ်များထဲမှ ပန်းချီနှင့်ပန်းပုပညာရပ်များကို
စိတ်ပါဝင်စားလာပြီး သင်ယူတတ်မြောက်လိုစိတ်များဖြစ်ပေါ်
လာစေရန်၊ မြန်မာ့လက်မှုအနုပညာများကို တန်ဖိုးထားပြီး
အမွေဆက်ခံ ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်ရည်ရွယ်ပြီး
ပန်းပုပညာရှင် ဦးကျော်ကျော်မင်းမှ ဒီအစီအစဉ်လေးကို
စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ 
 

ပန်းချီပန်းပုပညာရှင် ဆရာများမှ နန်းခင်ရဲ့ ပုံတူ ရေးဆွဲထု
လုပ်နေစဉ်မှာ နန်းခင် ပူးပေါင်းကူညီသရုပ်ပြပေးခဲ့ပါတယ်။
ဆရာတို့မှ ကျောင်းသားကျောင်းသူလေးများကိုလည်း
သင်ကြားပြသပေးခဲ့ကြပါတယ်။ စိတ်ပါဝင်စားကြတဲ့
ကျောင်းသားကျောင်းသူလေးများကလည်း နန်းခင်ပုံတူ
ပန်းချီကားချပ်လေးများကိုရေးဆွဲပြီး နန်းခင်ကို
လက်ဆောင်ပေးခဲ့ကြပါတယ်။ 
 

ဒီအစီအစဉ်ဖြစ်မြောက်အောင်စီစဉ်ပေးခဲ့ကြသော
ပန်းပုပညာရှင် ဦးကျော်ကျော်မင်း၊ ပန်းချီပညာရှင်
ဦးရွှေမြင့် နှင့်ပန်းချီပညာရှင်များ၊ မေရီချက်(ပ်)မင်း
နားမကြားသောကလေးများ
ကျောင်းမှ ဆရာ ဆရာမများ ၊ ကျောင်းသားကျောင်း
သူမောင်ညီမလေးများ၊ ဒီအစီအစဉ်လေးမှာ ဓာတ်ပုံ
မှတ်တမ်းတင်ပေးခဲ့ပါသော ကိုအောင်မျိုးမြင့် AMM
Photography နှင့် ကိုထွန်းထွန်းဦး (Focus)တို့နှင့်
ကူညီဆောင်ရွက်ခဲ့ကြသော ကျေးဇူးတင်ထိုက်သူ
အားလုံးတို့အား ကျေးဇူးအထူးတင်ရှိပါကြောင်းနှင်
ယခုလိုပါဝင်ဆောင်
ရွက်ခဲ့ရတဲ့အတွက်လည်းအထူးပင်ဝမ်းမြောက်ဝမ်း
သာဖြစ်ရပါကြောင်း နန်းခင်ရဲ့ Facebookစာမျက်နှာ
မှနေ၍ ပြောကြားပါရစေရှင်…။
 

နန်းခင်နှင့်အတူ နန်းခင်ကိုချစ်တဲ့ ပရိသတ်ကြီးလည်း
ဝမ်းမြောက်ပီတိဖြစ်စေရန် ရည်သန်၍ …….
“နန်းခင် နှမရဲ့ ရုပ်သွင်ကို
မြန်မာ့လက်မှု ပန်းချီပန်းပုပညာဖြင့်
မှုန်းခြယ်ထွင်းထုကာ အသက်သွင်း
ပညာရှင်များ ဖန်ဆင်းလို့
အနုလက်ရာမြောက်ပါတဲ့
နန်းခင်ရဲ့ ပုံတူများ ……”
နန်းခင်ဇေယျာ

credit-Nang Khin Zay Yar
Popular Journal
မေရီချက်(ပ်)မင်းကျောင်းဆီကနန်းခင်ဇေယျာပုံတူပန်းချီပန်းပု (10 photos)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...