Tuesday, September 10, 2013

ဦးကျော်သူ (သုဘရာဇာကြီး) တစ်ဦးထံသို့ အိတ်ပိတ်ပေးစာ (အောင်ခင်ဆင့်)

September 9, 2013 at 6:43pm

ဦးမောင်ရေ ….
ပထမဦးဆုံးပြောချင်တာက ဦးကျော်သူ (ခ) သုဘရာဇာကြီးတစ်ဦးလို့ ကျွန်တော်ခေါ်ရခြင်းက အင်မတန်မှ အဓိပ္ပါယ် တွေပြည့်စုံနေတဲ့ ဒီအမည်လေးကို ဟိုးအရင်က စက်ဆုတ်ရွံရှာဖွယ် လူသားတွေလို့ သတ်မှတ်ယူဆထားသော အယူအဆ များကို နမူနာအတုယူဖွယ် စွန့်လွှတ်စွန့်စားကာ ရိုက်ချိုးဖြတ်စီးသွားပြီး ကိုယ်တိုင်ကိုယ်ကျ အမည်နာမတပ်လို့ ယုံကြည်ချက် အတိုင်း ရဲဝံ့စွာ လူသားကောင်းကျိုး သယ်ပိုးနေသော အကိုလိုလူမျိုးကို ဝမ်းမြောက်စွာ ဂုဏ်ပြုခေါ်ဆိုခြင်း ဖြစ်ပါတယ်။

ဦးမောင်ရေ ….
၂၇.၇.၂ဝ၁၃ နေ့ ရက်စွဲပါ … ( ) သတင်းစာမှ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကို ဖတ်မိရာကနေ ဦးမောင်ကို သတိယမိသွားလို့ ခုလိုအိတ်ပိတ်ပေးစာ ရေးလိုက်ရပါတယ်။ ပွင့်လင်းမြင်သားတဲ့ ခေတ်ကြီးမှာ ဘာလို့ အိတ်ဖွင့်ပေးစာ မရေးတာလဲဆို ကျွန်တော်ခုထိ ဘယ်သူကိုမှ မယုံနိုင်သေးလို့ပါ … ။
ပြဋ္ဌာန်းချက်တွေ အများကြီး ပုဒ်မတွေအများကြီးနဲ့ ထွက်လာလိုက်တဲ့ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကိုဖတ်ပြီး မြန်မာနိုင်ငံရဲ့ သုဘရာဇာကြီး အကို့ကို စကားတွေအများကြီး ပြောချင်လို့ ဒီစာကိုရေးလိုက်တာပါ။
ဦးမောင်ရေ ….
အမှန်ကလုံးဝကို မလိုအပ်တဲ့ဥပဒေကို ဥပဒေတစ်ရပ်နဲ့ ထုတ်ပြန်တာပါ။ မြန်မာနိုင်ငံမှာ အခြေခံဥပဒေ မည်သူမဆို ပြဋ္ဌာန်းထားသော ဥပဒေနဲ့ မညီညွတ်သောအလုပ်များကို လုပ်ဆောင်ပါက တည်ဆဲဥပေဒေအရ အရေးယူခွင့်ရှိပါတယ်။ ဥပမာ - လူမှုကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသော လူမှုအဖွဲ့အစည်းများက မှားယွင်းစွာ အလွဲသုံးစားလုပ်တာ တို့ မလျှော်ကန်သော အပြုအမူများလုပ်ပါက အခြေခံဥပဒေအရ စီရင်ပိုင်ခွင့်ရှိတာကို ထပ်ပြီးထပ်ဆင့် ဥပဒေထုတ်ခြင်း ဖြစ်တယ် ဒါက ဘာကိုပြသလဲဆိုရင် လုပ်ပိုင်ခွင့်အာဏာကို ပြဋ္ဌာန်းခြင်းဖြစ်တယ်လို့ ကျွန်တော်မြင်ပါတယ်။
ဦးမောင်ရေ ….
ခံယူချက်၊ ယုံကြည်ချက်၊ သံန္နိဋ္ဌာန်တွေနဲ့ လူသားကောင်းကျိုးတွေကို ပေးဆပ်ခြင်းတွေနဲ့ ပေးဆပ်ပြီး လူ့ဘောင် လူ့လောက ကောင်းကျိုးတွေကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေအတွက်တော့ အဲ့ဥပဒေက ဆူးတစ်ခုအဖြစ် လာဆူးနေပါ တယ်။ တကယ်တမ်းကျရင် အစိုးရဝန်ထမ်းတွေကို Civil Service တွေလို့ခေါ်တယ်။ အများပြည်သူနဲ့သက်ဆိုင်တဲ့ ဝန်ထမ်းတွေလေ .. သူတို့က ပြည်သူ့ဘဏ္ဍာတွေယူပြီး ပြည်သူတွေကို အကျိုးပြုနေတဲ့ ပြည်သူ့ဝန်ထမ်းတွေပါ။ သူတို့ရဲ့ လိုအပ်ချက်တွေကို တစ်ဖက်တစ်လမ်းကနေ အကျိုးပြုပေးနေတဲ့ အခြားအခြား သော လူ့အဖွဲ့အစည်းတွေကို လက်တွဲခေါ်ပြီး ပူးပေါင်းဆောင်ရွက်ရမှာပါ။ ဒါမှလဲ နိုင်ငံတော်က အချိန်တိုအတွင်း တိုးတက်တော့မှာပေါ့ဗျာ။ ခုတော့ ခံယူချက်ယုံကြည်ချက် တွေနဲ့ ဘဝတွေရင်းပြီးလုပ်နေတဲ့ Civil Service လူမှု့ အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကို ရပ်တန့်သွားစေတဲ့ ပြင်းထန်တဲ့ ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းသလို ဖြစ်နေပါ တယ်။ အဲဒီအသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းရဲ့ အခန်း(၈)က အမှတ်စဉ် (၁၄) (၁၅) (၁၇) တို့အရ တားမြစ်ချက်ကတော့ မိမိအသိစိတ်ဓါတ်များအရ လူသားအကျိုးပြုလုပ်ငန်းကို ဆောင်ရွက်မိရင်ဘဲ အပြစ်ဒဏ် ခံရမယ်ဆိုတဲ့ အသိဟာ မြန်မာမှုကိုယ်ကျင့်တရား စံနှုန်းတွေနဲ့ လုံးဝကိုက်ညီမှုမရှိပါ။ အစိုးရဝန်ထမ်း Civil Service များတွင် လိုက်နာ ရမယ့် စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပါက သက်ဆိုင်ရာဝန်ကြီးဌာ နမှ အရေးယူအပြစ်ပေးနိုင်သလို တည်ဆဲဥပဒေများကို ချိုးဖောက်ပါကလဲ တည်ဆဲဥပဒေများအရ အရေးယူနိုင်ပါတယ်။ ကျွန်တော့်အမြင်တော့ အစိုးရအနေနဲ့ Civil Society ကိုစံနှုန်းတစ်ခုနဲ့ လိုအပ်ချက်အင်္ဂါရပ်များကိုကြည့်ြ
ပီး ဥပဒေထုတ်ပြန် တာထက် Civil Society စည်းမျဉ်းစည်းကမ်းလေးဘဲ ထုတ်ပြန်သင့်ပါတယ်။ မလိုအပ်ဘဲ တင်းကျပ်သော တရားဥပဒေမျိုးကို ထုတ်ပြန်ခြင်းကတော့ Civil Society ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေပါတယ်။ နိုင်ငံတစ်နိုင်မှာ Civil Society တွေ တိုးတက်လာတာနဲ့အမျှ တိုင်းပြည်ပိုမိုတိုးတက်လာပြီး ဆင်းရဲမွဲတေမှုများ လျော့ကျလာပါတယ်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင် နိုင်ငံအတွင်း Civil Society တွေ များပြားတိုးတက်လာခြင်းသည် နိုင်ငံတော်အတွက် တိုးတက်မှုကို အထောက်အကူပြုစေတယ်လို့ မိန့်ကြားသွားခဲ့တယ်။
ဦးမောင်ရေ ….
ဦးမောင်ရေ အရင့်အရင် အချိန်တွေတုန်းက သုဘရာဇာဆိုတာ အင်မတန်မှ အဓိပ္ပါယ်ရှိသော အမည်တစ်ခုဖြစ် ပေမယ့် အဲလူတွေက လူတောမတိုးခဲ့ပါဘူး။ အင်မတန်မှ ယုတ်ညံ့သောအလုပ်ကို လုပ်သောသူတစ်ယောက်လို့ သတ်မှတ်ပြီး လူ့အသိုင်းအဝိုင်းက ကျဉ်ထားခံခဲ့ရတဲ့ လူသားတွေပါ။ ဘဘဦးသုခက လမ်းစဉ်ချမှတ်ပြီး အကိုက ခိုင်မာစွာ လျှောက်လှမ်းခဲ့ တာ အခု (၁၃) နှစ်တောင်ရှိခဲ့ပြီ။ အစ ပထမမှာ ခရီးလမ်းက ဘယ်လောက်ကြမ်းတယ်ဆိုတာ အကိုမပြောလဲ နှလုံးသားရှိတဲ့ လူသားတိုင်း နားလည်နိုင်ပါတယ်။ ပြည်သူချစ် အနုပညာသမားဘဝကနေ သုဘရာဇာဘဝကြီးကို ရွေးချယ်ပြီး လူသားတွေ ရဲ့ လိုအပ်ချက်တွေကို အကို့ဘဝနဲ့ရင်းပြီး ဖြည့်ဆည်းပေးခဲ့တယ်။ အကိုရွေးချယ်ခဲ့တဲ့ သုဘရာဇာသင်္ချိုင်းစောင့်ကြီး တစ် ယောက်ကို အစပထမတုန်းက ဘယ်သူတွေက သာရေး၊ နာရေးဖိတ်ကြားခဲ့လို့လဲ။ အကို့ရဲ့ ဆွေမျိုးသားချင်းတွေ၊ သူငယ် ချင်းတွေ၊ မိတ်ဆွေတွေ၊ နာမကျန်းဖြစ်လို့မှ သတင်းသွားမမေးနိုင်တဲ့ဘဝ၊ နောက်ပြီး မင်္ဂလာယူပြီးလုပ်ရတဲ့ ပွဲလမ်းသဘင် တွေတောင် အကို့ကို မဖိတ်ကြား မလာစေချင်တဲ့ဘဝ၊ အဲဒါတွေကို ဥပေက္ခာပြုပြီး ကိုယ့်လမ်းကိုယ်လျှောက်ခဲ့တာ အဲ့လို အယူသီးမှုတွေကို အကိုရဲ့ သံမဏိစိတ်ဓါတ်နဲ့တိုက်ခဲ့တာ ကြည့်စမ်း ခုမင်္ဂလာသတို့သား၊ သတို့သမီးတွေကတောင် အဲ့နေ့မှာ မသာလာချပြီး ကုသိုလ်ယူတတ်နေကြပြီ။ ကြည်နူးဝမ်းသာလိုက်တာ အကိုရာ။ ဒါတောင် စစ်တပ်အုပ်ချုပ်ရေးမှာ တားမြစ်မှု ပေါင်းများစွာကို ကျော်ဖြတ်ပြီး အကို့သမိုင်းကို အကိုရေးခဲ့တာ အကို့မော်ကွန်းကို အကိုထိုးခဲ့တာ ဘယ်သူတွေငြင်းရဲလဲ။
အဲ့နောက်မှ ရောင်တော်ပြန်နိုင်ငံရေးတွေနဲ့ ခံယူချက်မရှိဘဲ ထလုပ်ခဲ့တဲ့ ကောင်တွေက ဘာနဲ့တူသလဲဆိုရင် Columbus ထောင်ပြခဲ့ ကြက်ဥပြုတ်လိုဘဲ ငါတို့လဲ ထောင်နိုင်တယ်ဆိုပြီး တက်လာကြတာ ဒါပေမယ့် ခံယူ ချက်တွေကွာ တော့ သူတို့တစ်တွေ မမြဲခဲ့ပါဘူး။
ကျွန်တော်ပြောချင်တာက ဘယ်လိုအဖွဲ့အစည်းမျိုးဘဲဖြစ်ပြီ
း ခေါင်းဆောင်သူ၊ ပဲ့ကိုင်သူတွေရဲ့ ကိုယ်ကျင့် တရားက အဖွဲ့အစည်းရဲ့ အောင်မြင်မှု၊ တိုးတက်မှု၊ ကျဆုံးမှုတွေအပေါ်မှာ မူတည်နေတယ်ဆိုတာပါဘဲ။ ထိုထက်ပို ပြီး လူသားအကျိုးပြု ဆောင်ရွက်နေတဲ့ မည်သည့်အဖွဲ့အစည်းမှာမဆို ရှိသင့် ရှိထိုက်တဲ့ ကိုယ်ကျင့်တရားစံနှုန်း တွေရှိမှ အောင်မြင်သော အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နေနိုင်ပြီး မိမိနေထိုင်ရာ လူ့ဘောင်လူ့လောကကို ကောင်းကျိုးပြုနိုင်မှာပါ။
ခုလက်ရှိ မြန်မာနိုင်ငံကြီးမှာ ကိုယ်စီကိုယ်ငှနဲ့ လူသားအကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အရပ်ဘက် အဖွဲ့ အစည်းတွေ တိုးပွားလာတာ အင်မတန်မှကို ကောင်းမွန်ပါတယ်။ ဒါကြောင့်လဲ ကျွန်တော် ပြည်သူ့ရေးရာစီမံ ခန့်ခွဲမှုမဟာဘွဲ့ အတွက် ဘွဲ့ယူကျမ်းကို ခုလိုလူသားအကျိုးပြုလုပ်ငန်းတွေ လုပ်နေတဲ့ အဖွဲ့အစည်းတွေမှာ ဘယ်လိုကိုယ်ကျင့်တရား စံနှုန်း တွေ ရှိသင့်တယ်ဆိုတာကို လေ့လာကာ မြန်မာနိုင်ငံမှာ မှတ်တိုင်တစ်ခု စိုက်ထူထားနိုင်ပြီး လက်ရှိအသင်းသားအများဆုံးနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းများကိ
ု တစိုက်မတ်မတ်ဆောင်ရွက်နေတဲ့ Free Funeral Service Society (F.F.S.S) နာရေး ကူညီမှုအသင်း(ရန်ကုန်)ကို အခြေခံပြီး ရေးသားခဲ့တာပါ။
ခေါင်းစဉ်က Ethical Mindset of Civil Society Organization in Myanmar (မြန်မာနိုင်ငံရှိ အများပြည်သူနဲ့ သက်ဆိုင်သော လူမှုအဖွဲ့အစည်းရဲ့ ကိုယ်ကျင့်သိက္ခာ) ဖြစ်ပါတယ်။
ဦးမောင်ရေ ….
ခုလိုအချိန်မှာ လူမှုကယ်ဆယ်ရေး၊ အကျိုးဆောင်အဖွဲ့အစည်းတွေ သိသင့်တယ်ထင်လို့ ကျွန်တော်ဒီစာကို ရေးလိုက် ရတာပါ။ အမှန်တကယ်လဲ လိုအပ်မယ်ထင်လို့ပါ။ ကျွန်တော်စာတမ်းမှာ အဓိကတိုင်းတာခဲ့တဲံ စံနှုန်းတွေကတော့ သြစတြေးလျနိုင်ငံက Mintzberg နဲ့ Gosling တို့က အဖွဲ့အစည်းအုပ်ချုပ်သူ ဦးဆောင်သူတို့ ရှိသင့် ရှိထိုက်တဲ့ စိတ်ဉာဏ် ငါးခုနဲ့ စတင်တိုင်းတာပါတယ်။ (မှတ်ချက် - သူတို့နှစ်ဦးရေးသားသော The Five Mindsets of a Manager ကို ၂ဝဝ၃ ခုနှစ် နိုဝင်ဘာလမှ Harvard Business Review မှာဖော်ပြခဲ့ပါတယ်။) အဲနောက်မှာတော့ Melby က ၂ဝဝ၈ ခုနှစ်မှာ အောင်မြင် သူတွေရဲ့ ထူးခြားသော ပင်ကိုယ်လက္ခဏာ၊ ပင်ကိုယ်စိတ်ထား ကိုးချက်ကို ဖော်ထုတ်ခဲ့ပါတယ်။ (မှတ်ချက် - Asia Pacific Journal of Management, 2012, Vlolume 1 (1) မှာ ဖော်ပြခဲ့ပါတယ်။)


Mintzberg နဲ့ Gosling တို့ရဲ့ အဖွဲ့အစည်းတစ်ခုကို ဦးဆောင်သူတွေ ရှိသင့်တဲ့ စိတ်ဉာဏ် (၅) ခုက -
1. Managing Self : the reflective mind-set
မိမိကိုယ်ကို စီမံခန့်ခွဲနိုင်မှု လေးနက်စွာတွေးတောဆင်ခြင်နိုင်သေ
ာစိတ်ထား
2. Managing Organization : the analytic mind-set
အဖွဲ့အစည်းကို အုပ်ချုပ်နိုင်မှု ခွဲခြမ်းစိတ်ဖြာနိုင်သောစိတ်ထား
3. Managing Context : the worldly mind-set
အခြေအနေကို စီမံခန့်ခွဲမှု လောကကြီးကို လောကီအမြင်ရှိသောစိတ်ထား
4. Managing Relationships : the collaborative mind-set
ဆက်ဆံရေး စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်နိုင်သောစိတ်
ထား
5. Managing Change : the action mind-set
အပြောင်းအလဲကို စီမံခန့်ခွဲမှု အရေးယူဆောင်ရွက်နိုင်သောစိတ်ထား
အောင်မြင်သော လူမှုအဖွဲ့အစည်းတစ်ခုကို စီမံအုပ်ချုပ်နေသော ပဲ့ကိုင်ရှင်များတွင် ထိုကဲ့သို့သော စိတ်နေစိတ်ထား ငါးချက်ဖြင့် စီမံအုပ်ချုပ်နိုင်ရမည်။
Melby ရဲ့ အောင်မြင်သူတွေရဲ့ ထူးခြားသော ပင်ကိုယ်လက္ခဏာ၊ ပင်ကိုယ်စိတ်ထား (၉) ချက်ကတော့ -
1. Setting and playing by their own rules
သူတို့ကိုယ်တိုင် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများပေါ်တွင် လိုက်နာပြီး ဆောင်ရွက်နိုင်ခြင်း
2. Easily and effective overcome obstacles
တွေ့ကြုံလာတဲ့ အနှောက်အယှက် အတားအဆီးများကို လွယ်ကူအောင်မြင်စွာ ဖြတ်ကျော်နိုင်ခြင်း
3. Turning negative into positives
အပျက်သဘောဆောင်သော အခြေအနေ အပြုအမူများကို အပြုသဘောဆောင်သော အခြေအနေ၊ အပြုအမူများဖြစ်အောင် ပြောင်းလဲနိုင်ခြင်း
4. Persistence
မဆုတ်အနှစ်ကြိုးပမ်းခြင်း
5. Ethic
ကိုယ်ကျင့်တရား
6. Belief and Commitment
ယုံကြည်မှုနဲ့ သံန္နိဋ္ဌာန်
7. Focus and unstoppable drive
ဦးတည်ချက်ထားပြီး မရပ်မနားမောင်းနှင်နိုင်ခြင်း
8. Taking risk
စွန့်လွှတ်စွန့်စားနိုင်ခြင်း
9. Fearlessness
ကြောက်ရွံမှုအလျင်းမရှိခြင်း
Melby က အဲ (၉) ချက်ကို များပြားလှသော ဒဿနိကပညာရှင်များရဲ့ ကိုယ့်ကျင့်တရားအပေါ် အဓိပ္ပါယ်ဖွင့်ဆို ချက်တွေနဲ့ ယူဆချက်များကို ကိုးကားပြီး ဖော်ထုတ်ရေးသားသွားခြင်း ဖြစ်ပါတယ်။ ဒီအချက်အလက်တွေ ပြည့်စုံရုံနဲ့ Ethic ကိုယ်ကျင့် တရားကို ဆုံးဖြတ်လို့ မရသေးပါဘူး။ စာတမ်းရဲ့ သဘောတရားအရ တွေ့ရှိတဲ့ စံနှုန်းတွေကို တိုင်းတာတဲ့ Method နည်းစနစ် ရှိရပါတယ်။ ကျွန်တော်တိုင်းတာခဲတဲ့ Philosophy Method ဒဿနပိုင်းဆိုင်ရာ နည်းစနစ်နှစ်ခုကတော့ -
1) Formalism by Immanuel Kant
အီမန်နူရယ်ကန့်ရဲ့ မူဝါဒအခြေခံသဘောတရား
2) Utilitarianism by John Stuart Mill
ဂျွန်တတူရလ်မေးလ်ရဲ့ လက်တွေ့အသုံးကျ အခြေခံသဘောတရားတို့နဲ့ တိုင်းတာရပါတယ်။

ကန့်ရဲ့ မူဝါဒအခြေခံသဘောတရား -
ကန့်က အကိုတို့လို လူမျိုးတွေကို “Good Samaritans” ဒုက္ခရောက်နေသူများကိုကူညီသောအဖွဲ့ “A Good Samaritan” ဒုက္ခရောက်နေသူများကိုကူညီသော ပုဂ္ဂိုလ်လို့ ခေါ်ဆိုသုံးနှုန်းခဲတယ်။ သူ့ရဲ့ မူဝါဒအခြေခံ သဘောတရားကို မူဝါဒအခြေခံ သဘောတရားကို လွယ်လွယ်နဲ့ တိုတိုပြောရရင် သူက ခုလိုပြောခဲ့တယ်။ ဘယ်လို အခြေအနေမျိုးတွေမှာဘဲဖြစ်ဖြစ် Good Samaritans တွေ ဒုက္ခရောက်နေသူများကို ကူညီသော သူတွေကတော့ အမှန်အတိုင်း နည်းလမ်းအတိုင်း သူတို့ရဲ့ နှလုံးသားထဲက ထွက်ပေါ်လာတဲ့ သနားကြင်နာတတ်သော လူသား စိတ်ထားတွေနဲ့ ငွေကြေး၊ ဂုဏ်သိက္ခာပြန်လည်ပြီး တုံ့ပြန်မှုတွေကို မမျှော်လင့်ဘဲ အကောင်းဆုံးအလုပ်တွေကို ဖြစ်အောင် လုပ်သွားတယ်။ သူတို့က သူတို့ရဲ့ DUTY ကို သူတို့ရဲ့စိတ်ကောင်း၊ စေတနာကောင်းနဲ့ လုပ်ဆောင်တာ ပါ။ အဲလိုတာဝန်သိတတ်ခြင်း၊ တာဝန်ယူတတ်ခြင်းသည် Ethical Formalism ကိုယ်ကျင့်တရားမူဝါဒ အခြေခံ သဘောတရားကနေ လာပါတယ်လို့ မှတ်တမ်းတင်ပြီး သူရဲ့အကျော်ကြားဆုံးသော ဒဿနတစ်ခုဖြစ်တဲ့ မူဝါဒ အခြေခံသဘောတရားကို ရေးသားသွားခဲ့ပါတယ်။

မေးလ်ရဲ့ရလာဒ် အခြေခံသဘောတရား -
ဂျွန်မေးလ်က လက်တွေ့အသုံးချမူဝါဒ (သို့) ရလာဒ်အခြေခံမူဝါဒသမားတွေရဲ့ အပြုအမူများသည် လူသားကောင်း စားရေးများနဲ့ အကောင်းဆုံးဘဝ နေထိုင်မှုတွေကို အတတ်နိုင်ဆုံး တိုးတက်လာစေရန်အတွက် ပြုမူလုပ်ဆောင်ကြသည်။ ခုလက်ရှိ သက်ရှိလူသားများတွေရဲ့ နာကျင်မှု၊ မပျော်ရွှင်မှု၊ စားဝတ်နေရေး မပြေလည်မှု၊ ဆင်းရဲ မွဲတေမှု၊ ဒုက္ခတရားများကို လက်တွေ့ကျကျဖြေရှင်းပြီး ပျော်ရွှင်မှု၊ ကျေနပ်မှုများကို မျှဝေပေးနိုင်တဲ့သူတွေဖြစ်တယ်။ လူသားတစ်ဦးချင်းစီကို လူသားချင်း စာနာစိတ်နဲ့ စည်းရုံးပြီး လက်တွေ့ဘဝထဲမှာ ပျော်ရွှင်မှုတွေကို ဆောင်ရွက်ပေးခြင်းဖြစ်သည်။ Utilitarianism (သို့) ရလာဒ် အခြေခံ မူဝါဒသမားများသည် လူသားတွေရဲ့ အကောင်းဆုံး ပျော်ရွှင်မှုရလာဒ်ကို ပေးစွမ်းနိုင်ခြင်းအား ကိုယ်ကျင့်သိက္ခာရဲ့ စံနှုန်းတစ်ခုလို့ သတ်မှတ်ခဲ့ပါတယ်။
ကျွန်တော် F.F.S.S ကို တိုင်းတာခဲ့တဲ့ ဒဿနာပေတံ နှစ်ခုသည် နှစ်ခုစလုံး အကျုံးဝင်နေပါတယ်။ ထပ်ပြီးတော့ အကျယ်မချဲ့ပြတော့ပါဘူး။ အဲလို ကိုယ်ကျင့်တရား အချက်အလက်တွေနဲ့ လူသားအကျိုးပြု ဒဿနဆရာကြီးတွေ ချမှတ်ခဲ့တဲ့ စံနှုန်းတွေသည် လူသားချင်းစာနာထောက်ထားပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများကိ
ု လုပ်ကိုင် ဆောင်ရွက်နေ သော အဖွဲ့အစည်းတိုင်းတွင် ရှိသင့်ရှိထိုက်ပါသည်။ ထိုကဲ့သို့ စံနှုန်းတွေနဲ့ ပြည့်စုံပြီး ပြည်သူတွေအကျိုးအတွက် လုပ်ကိုင် ဆောင်ရွက်နေသော အဖွဲ့အစည်းများရဲ့ ပဲ့ကိုင်ရှင်များကို Ethic ကိုယ်ကျင့်တရားနဲ့ ပြည့်စုံသော အဖွဲ့အစည်းတစ်ခုအဖြစ် ပြည်သူများကို အသိအမှတ်ပြု လေးစားတန်ဖိုးထားနေမှာပါ။
ဦးမောင်ရေ ….
ကျွန်တော်လဲ ကိုယ့်ရဲ့ စွမ်းနိုင်သလောက်လေးနဲ့ ရိုးရိုးသားသား ဖတ်မှတ်ပြီး လေ့လာရေးသားခဲ့တာလေးကို ပြန်ပြောမိတာပါ။ လိုအပ်ချက်တွေ ရှိနေမှာပါ။ ကျွန်တော်ဆိုတဲ့ ကောင်ကလဲ ဘာကောင်မှ မဟုတ်ဘူးလေ။ ဘာကောင်မှ မဟုတ်ပဲ ခုဘာလို့ ရေးပြီးပို့ရတာလဲဆိုရင် လူသားအကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်နေကြသော မြန်မာနိုင်ငံက ခေါင်းစဉ် အမျိုးမျိုးနှင့် ကြိုးစားတာဝန်ထမ်းနေကြတဲ့ “Good Samaritans” ဒုက္ခရောက်နေသူများကို ကူညီသော အဖွဲ့အစည်းများက ကျွန်တော့်မိသားစုတွေကို သိစေလိုရင်းနဲ့ ဘယ်လောက်ပဲ အခက်အခဲတွေရှိရှိ ယုံကြည်ချက်နဲ့ သန္နိဋ္ဌာန်ကို မပျက်စေဖို့၊ မိမိတို့က ဘယ်လိုကိုယ်ကျင့်တရားတွေ ဘယ်လိုမျိုး သိက္ခာတွေနဲ့ ရပ်တည်နေတယ်ဆိုတာကိုသိပြီး ဆထပ်တပိုး လူသား အကျိုးကို ထမ်းရွက်စေလိုရင်း ဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ ကျမ်းနောက်ဆုံး အပိုဒ်လေးကို ဒီလို အဆုံးသတ်ထားတယ် ဦးမောင်ရေ ….
နိုင်ငံတော်အစိုးရသည် လူမှုကောင်းစားရေးအတွက် ပြည်သူ့ရေးရာမူဝါဒများချမှတ်ပြီး Civil Society အများပြည်သူ အတွက် ကောင်းကျိုးပြုနေသော လူ့အဖွဲ့အစည်းများကို အားပေးကူညီသင့်သည်။ အများပြည်သူနှင့် သက်ဆိုင်သော အရပ်ဖက် လူ့အဖွဲ့အစည်းများ၏ တိုးတက်မှုအဆင့်အတန်း ပိုမိုမြင့်မားလာစေရန်နှင့် လူသားများရဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်တိုးတက်စေရန် နိုင်ငံတော်အစိုးရသည် ပြည်သူ့ရေးရာစီမံ အုပ်ချုပ်သူများ၊ နိုင်ငံတော်မူဝါဒလမ်းစဉ် ချမှတ် ဆောင်ရွက်သူများ၊ အရပ်ဖက် လူမှုရေးအဖွဲ့အစည်းများနှင့် အဓွန့်ရှည်စွာ လက်တွဲပူးပေါင်းဆောင်ရွက်သင့်သည
်လို့ ရေးသား ခဲ့ပါတယ်။
နောက်ဆုံးအနေနဲ့ လူမှုအသင်းအဖွဲ့များအတွက် ချမှတ်သော စည်းမျဉ်းစည်းကမ်း ဥပဒေများသည် အားပေးကူညီပြီး ပူးပေါင်းဆောင်ရွက်သော ဥပဒေသာဖြစ်သင့်ပြီး၊ တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများကို လိုက်နာခိုင်းပြီး တားမြစ်ပိတ်ပင် သော ဥပဒေမဖြစ်သင့်ပါ။

လေးစားစွာဖြင့်


အောင်ခင်ဆင့်
ခုံနံပါတ် - (၁)
ပြည်သူ့ရေးရာစီမံခန့်ခွဲမှု မဟာဘွဲ့ (အပတ်စဉ် - ၉)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...