Friday, September 6, 2013

စိတ်မကောင်းစရာ

Myanmar Online Newsစိတ်မကောင်းစရာ
Saturday, September 7,2013

မောင်အ၊ မောင်နနဲ့ မောင်ထုံတို့ ညီအစ်ကိုသုံးယောက် အနောက်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့ကိုရောက်နေပါတယ်... သူတို့တည်းဖို့နေရာကို လိုက်ရှာရင်း နောက်ဆုံးမှာ အထပ် ၁၀၀ မြင့်တဲ့ ဟိုတယ်တစ်လုံးရဲ့ အပေါ်ဆုံးအထပ်မှာပဲ အခန်းရခဲ့တယ်... အခန်းထဲမှာ ခဏနားပြီးတာနဲ့ မြို့ထဲကို လည်ပတ်ဖို့ထွက်ကြတာပေါ့... ဟိုတယ်ကမထွက်ခင် မန်နေဂျာက သူတို့ကိုပြောတယ်... ည ၁၀ နာရီမတိုင်မီ ဟိုတယ်ကိုအရောက်ပြန် လာခဲ့ပါ... ၁၀ နာရီကျော်ရင် ဓာတ်လှေခါးပိတ်မှာဖြစ်တဲ့အတွက် အပေါ်ကိုတက်စရာက ရိုးရိုးလှေခါးကိုပဲသုံးနိုင်မှာမို့လို့ပါဆိုပြီး ရှင်းပြတာပေါ့... သူတို့သုံးယောက်လည်း သဘောပေါက်ကြောင်းပြောပြီး ထွက်လာခဲ့တာပေါ့...

သူတို့သုံးယောက် တစ်မြို့လုံးအနှံ့အထင်ကရနေရာတွေကိုလျှောက်လည်ပြီး ဟိုတယ်ပြန်ရောက်လာတဲ့အချိန်မှာတော့ ည ၁၀ နာရီခွဲနေပါပြီ... ဓာတ်လှေခါးကလည်းပိတ်နေပြီဆိုတော့ သူတို့သုံးယောက် ရိုးရိုးလှေခါးကပဲ တက်ရတော့တာပေါ့... အထပ် ၁၀၀ အထိတက်ရမယ်ဆိုတော့ တစ်ယောက်ကို ၃၃ ထပ်စီ အလှည့်ကျနဲ့ ပုံပြောဖို့ သဘောတူညီလိုက် ကြတယ်... ဒါမှသာ လမ်းတလျှောက်လုံး ပင်ပန်းတာကို သတိမရဘဲ တက်နိုင်မယ်ဆိုတဲ့ အကြံနဲ့ပေါ့...

ပထမဆုံး မောင်အက ၃၃ ထပ်လုံး ပုံပြောလာခဲ့တယ်... ၃၃ ထပ်မြောက်ရောက်တော့ မောင်ထုံက "ငါ့မှာ စိတ်မကောင်းစရာ တစ်ခုပြောစရာရှိတယ်... ဒါပေမဲ့ စိတ်မကောင်းစရာဆိုတော့ နောက်ဆုံး ကျမှပဲပြောပါတော့မယ်..." လို့ဆိုတယ်... အဲ့ဒါနဲ့ သုံးယောက်သား အပေါ်ကို ဆက်တက်လာခဲ့တယ်... ဒီလိုနဲ့ နောက်ဆုံးမှာ အထပ် ၁၀၀ မြောက် ကိုရောက်ပါလေရော... အဲ့ကျမှ မောင်ထုံက မပြောဖြစ်ခဲ့တဲ့ သူ့ရဲ့ စိတ်မကောင်းစရာ အကြောင်းအရာကို ပြောပြပါတော့တယ်... "စိတ်မကောင်းစရာကတော့ ငါတို့ရဲ့အခန်းသော့ကို မန်နေဂျာရဲ့ စားပွဲပေါ်မှာ ငါမေ့ကျန်ခဲ့တယ်..."

ဒါနဲ့ သူတို့လည်း အောက်ဆုံးထပ်ကို လှေခါးအတိုင်း ပြန်ဆင်းရတာပေါ့... အဆင်းမှာလည်း အတက်တုန်းကလို တစ်ယောက်ကို ၃၃ ထပ်စီပုံပြော လာကြတယ်... ၃၃ ထပ်မြောက်အထိ ဆင်းပြီးတဲ့အခါမှာတော့ မောင် နက ပြောတယ်... "ငါ့မှာလည်း စိတ်မကောင်းစရာ တစ်ခုပြောစရာရှိတယ်... အဲ့ဒါကိုနောက်ဆုံးကျမှပဲ ပြောပါတော့မယ်..." လို့ဆိုပြန်တယ်... ဒါနဲ့ တစ်လှည့်စီပုံပြင်ပြောရင်း အောက်ကိုဆက်ဆင်းလာတာပေါ့... နောက်ဆုံးမှာ မြေညီထပ်ကိုရောက်တဲ့အခါ မောင်နရဲ့ စိတ်မကောင်းစရာကို မေးကြ တာပေါ့... အဲ့တော့မှ မောင်နက "စိတ်မကောင်းစရာကတော့ အခန်းသော့က ငါ့အိတ်ကပ်ထဲမှာပါလာတယ်..." လို့ပြောပြတယ်... အကုန်လုံးက မောကလည်း မော ဒေါသလည်း ထွက်နေကြတာပေါ့... 

တစ်ယောက်ကိုတစ်ယောက် ပြစ်တင်ပြောဆိုရင်း အပေါ်ထပ်ကို ပြန်တက်ကြပြန်တယ်... ထုံးစံအတိုင်း တစ်ယောက်တစ်လှည့်ပုံပြင်ပြောကြပြန်တယ်... ၃၃ ထပ်မြောက်ရောက်တဲ့အခါ မောင်အ ကပြောတယ်... "ငါလည်း စိတ်မကောင်းစရာတစ်ခု ပြောစရာရှိနေတယ်ကွ... ဒါပေမဲ့ နောက်ဆုံးကျမှပဲ ပြောတာကောင်းပါတယ်..." လို့ဆိုပြန်တယ်... အဲ့လိုနဲ့ အထပ် ၁၀၀ မြောက်ကို ရောက်တဲ့အခါ မောင်နက မောင်အရဲ့ စိတ်မကောင်းစရာကို မေးလိုက်တယ်... အဲ့ဒီမှာ မောင်အ ပြန်ဖြေလိုက်တာကတော့...

"ဒီဟိုတယ်က ငါတို့တည်းတဲ့ဟိုတယ်မဟုတ်ဘူး... မျက်နှာချင်းဆိုင်က ဟိုတယ်ကမှ ငါတို့တည်းတဲ့ ဟိုတယ်...."

Ref: Inspire Your Friends
နှိုင်းရင့်နွေ
https://www.facebook.com/hnaingyintnwaySaturday, September 7,2013
မောင်အ၊ မောင်နနဲ့ မောင်ထုံတို့ ညီအစ်ကိုသုံးယောက် အနောက်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့ကိုရောက်နေပါတ
ယ်... သူတို့တည်းဖို့နေရာကို လိုက်ရှာရင်း နောက်ဆုံးမှာ အထပ် ၁၀၀ မြင့်တဲ့ ဟိုတယ်တစ်လုံးရဲ့ အပေါ်ဆုံးအထပ်မှာပဲ အခန်းရခဲ့တယ်... အခန်းထဲမှာ ခဏနားပြီးတာနဲ့ မြို့ထဲကို လည်ပတ်ဖို့ထွက်ကြတာပေါ့... ဟိုတယ်ကမထွက်ခင် မန်နေဂျာက သူတို့ကိုပြောတယ်... ည ၁၀ နာရီမတိုင်မီ ဟိုတယ်ကိုအရောက်ပြန် လာခဲ့ပါ... ၁၀ နာရီကျော်ရင် ဓာတ်လှေခါးပိတ်မှာဖြစ်တဲ့အတွက် အပေါ်ကိုတက်စရာက ရိုးရိုးလှေခါးကိုပဲသုံးနိုင်မှာမို့လို့ပါဆိုပြီး ရှင်းပြတာပေါ့... သူတို့သုံးယောက်လည်း သဘောပေါက်ကြောင်းပြောပြီး ထွက်လာခဲ့တာပေါ့...

သူတို့သုံးယောက် တစ်မြို့လုံးအနှံ့အထင်ကရနေရာတွေကိုလျှောက်လည်ပြီး ဟိုတယ်ပြန်ရောက်လာတဲ့အချိန်မှာတော့ ည ၁၀ နာရီခွဲနေပါပြီ... ဓာတ်လှေခါးကလည်းပိတ်နေပြီဆိုတော့ သူတို့သုံးယောက် ရိုးရိုးလှေခါးကပဲ တက်ရတော့တာပေါ့... အထပ် ၁၀၀ အထိတက်ရမယ်ဆိုတော့ တစ်ယောက်ကို ၃၃ ထပ်စီ အလှည့်ကျနဲ့ ပုံပြောဖို့ သဘောတူညီလိုက် ကြတယ်... ဒါမှသာ လမ်းတလျှောက်လုံး ပင်ပန်းတာကို သတိမရဘဲ တက်နိုင်မယ်ဆိုတဲ့ အကြံနဲ့ပေါ့...

ပထမဆုံး မောင်အက ၃၃ ထပ်လုံး ပုံပြောလာခဲ့တယ်... ၃၃ ထပ်မြောက်ရောက်တော့ မောင်ထုံက "ငါ့မှာ စိတ်မကောင်းစရာ တစ်ခုပြောစရာရှိတယ်... ဒါပေမဲ့ စိတ်မကောင်းစရာဆိုတော့ နောက်ဆုံး ကျမှပဲပြောပါတော့မယ်..." လို့ဆိုတယ်... အဲ့ဒါနဲ့ သုံးယောက်သား အပေါ်ကို ဆက်တက်လာခဲ့တယ်... ဒီလိုနဲ့ နောက်ဆုံးမှာ အထပ် ၁၀၀ မြောက် ကိုရောက်ပါလေရော... အဲ့ကျမှ မောင်ထုံက မပြောဖြစ်ခဲ့တဲ့ သူ့ရဲ့ စိတ်မကောင်းစရာ အကြောင်းအရာကို ပြောပြပါတော့တယ်... "စိတ်မကောင်းစရာကတော့ ငါတို့ရဲ့အခန်းသော့ကို မန်နေဂျာရဲ့ စားပွဲပေါ်မှာ ငါမေ့ကျန်ခဲ့တယ်..."

ဒါနဲ့ သူတို့လည်း အောက်ဆုံးထပ်ကို လှေခါးအတိုင်း ပြန်ဆင်းရတာပေါ့... အဆင်းမှာလည်း အတက်တုန်းကလို တစ်ယောက်ကို ၃၃ ထပ်စီပုံပြော လာကြတယ်... ၃၃ ထပ်မြောက်အထိ ဆင်းပြီးတဲ့အခါမှာတော့ မောင် နက ပြောတယ်... "ငါ့မှာလည်း စိတ်မကောင်းစရာ တစ်ခုပြောစရာရှိတယ်... အဲ့ဒါကိုနောက်ဆုံးကျမှပဲ ပြောပါတော့မယ်..." လို့ဆိုပြန်တယ်... ဒါနဲ့ တစ်လှည့်စီပုံပြင်ပြောရင်း အောက်ကိုဆက်ဆင်းလာတာပေါ့... နောက်ဆုံးမှာ မြေညီထပ်ကိုရောက်တဲ့အခါ မောင်နရဲ့ စိတ်မကောင်းစရာကို မေးကြ တာပေါ့... အဲ့တော့မှ မောင်နက "စိတ်မကောင်းစရာကတော့ အခန်းသော့က ငါ့အိတ်ကပ်ထဲမှာပါလာတယ်..." လို့ပြောပြတယ်... အကုန်လုံးက မောကလည်း မော ဒေါသလည်း ထွက်နေကြတာပေါ့...

တစ်ယောက်ကိုတစ်ယောက် ပြစ်တင်ပြောဆိုရင်း အပေါ်ထပ်ကို ပြန်တက်ကြပြန်တယ်... ထုံးစံအတိုင်း တစ်ယောက်တစ်လှည့်ပုံပြင်ပြောကြပြန်တယ်... ၃၃ ထပ်မြောက်ရောက်တဲ့အခါ မောင်အ ကပြောတယ်... "ငါလည်း စိတ်မကောင်းစရာတစ်ခု ပြောစရာရှိနေတယ်ကွ... ဒါပေမဲ့ နောက်ဆုံးကျမှပဲ ပြောတာကောင်းပါတယ်..." လို့ဆိုပြန်တယ်... အဲ့လိုနဲ့ အထပ် ၁၀၀ မြောက်ကို ရောက်တဲ့အခါ မောင်နက မောင်အရဲ့ စိတ်မကောင်းစရာကို မေးလိုက်တယ်... အဲ့ဒီမှာ မောင်အ ပြန်ဖြေလိုက်တာကတော့...

"ဒီဟိုတယ်က ငါတို့တည်းတဲ့ဟိုတယ်မဟုတ်ဘူး... မျက်နှာချင်းဆိုင်က ဟိုတယ်ကမှ ငါတို့တည်းတဲ့ ဟိုတယ်...."

Ref: Inspire Your Friends
နှိုင်းရင့်နွေ
https://www.facebook.com/hnaingyintnway

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...