သမိုင်းဆိုင်ရာနေရာအား သိမ်းပိုက်ထားခြင်း
September 11, 2013 at 10:59am
ကျွန်တော်တို့သန်လျင်မှာ ၁၇ ရာစုက ငဇင်ကာဆောက်ထားခဲ့တဲ့ပေါ်တူဂီဘုရားကျောင်းပျက်နဲ့ အဲဒီ ဘုရားကျောင်းပျက်ထဲမှာ တရားဟောဓမ္မဆရာရဲ့သမီးတစ်ယောက်ရဲ့ အုတ်ဂူတစ်ခုရှိပါတယ်။ သန်လျင်တံတားထိပ်မှာပါ။ သန်လျင်ကိုငဇင်ကာဆီက ၁၇၄၀ကျော်မှာ အနောက်ဘက်လွန်မင်းက သိမ်းတော့ အဲဒီဘုရားကျောင်းက စောင့်ရှောက်မယ့်သူမရှိလို့ ပျက်စီးသွားခဲ့ပါတယ်။
အရင်ကတော့တော်တော်ခမ်းနားခဲ့မယ့်ပုံပါပဲ။ နေရာကအကျယ်ကြီး၊ အုတ်ရိုးဟောင်းတွေလဲ ရှိသေးပါတယ်။ အဆောက်အအုံအုတ်ရိုးအမြင့်ကြီးတွေလဲ ကျန်ပါသေးတယ်။
အဲဒီနေရာကို သန်လျင်ရေနံချက်စက်ရုံကရေနံအရာထမ်းဝန်ထမ်းအိမ်ရာဝင်းထဲမှာ ရှိနေလို့ပုဒ်မ (၁၄၄) နယ်မြေထဲမှာပါတယ်ဆိုပြီးသိမ်းထားခဲ့ပါတယ်။ ထိမ်းသိမ်းစောင့်ရှောက်မှုကတော့ လုံးဝမရှိပါဘူး။
တနေ့ကမန္တလေးကဧည့်သည်တစ်ယောက်ကို ညနေပိုင်းအဲဒီနေရာကို လိုက်ပြတော့ရေနံက လုံခြုံရေးတွေက ကျွန်တော်တို့နာမည်တွေ၊ မှတ်ပုံတင်နံပါတ်တွေကိုလာယူလို့သူတို့နဲ့ စကားများခဲ့ကြ ပါတယ်။
အဲဒီမှာစစ်တပ်ကပြောင်းလာတဲ့ ဗိုလ်ကြီးဟောင်းတစ်ယောက်က စက်ရုံထဲကရောက်လာပြီးပုဒ်မ (၁၄၄)နယ်မြေမို့လို့ မင်းတို့ကိုဖမ်းလို့ရတယ်လို့ပြောပါတယ်။ ကျွန်တော်ကသမိုင်းဆိုင်ရာနေရာတစ်ခုကို သိမ်းထားတဲ့ပုံစံမျိုးဖြစ်နေတဲ့အပြင် ပုဒ်မ (၁၄၄) နယ်မြေဖြစ်လို့ အများပြည်သူ ၀င်ရောက်လေ့လာခွင့် မရှိရင်လဲ ဥပဒေထုတ်ထားကြောင်း အများပြည်သူသိရှိအောင် သတိပေးဆိုင်းဘုတ်ထောင်ထားဖို့ လိုကြောင်းပြောပြတဲအခါ အဲဒီဗိုလ်ကြီးဆိုသူက ဥပဒေဆိုတာမသိလို့ ကျူးလွန်မိရင်လဲ ပစ်ဒါဏ်ခံရ မှာပဲတဲ့။ ဌာနဆိုင်ရာတာဝန်ရှိသူ အရာရှိတစ်ယောက်အနေနဲ့တော်တော်တာဝန်မဲ့တဲ့စကားပါ။ အများပြည်သူနဲ့ဆိုင်တဲ့ ဥပဒေမျိုးကိုတော့ အများပြည်သူသိရှိအောင်အသိပေးကြေငြာဖို့လိုကြောင်းနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူမဟုတ်ပဲရေနံချက်စက်ရုံမှူးရဲ့ကားကိုမောင်းတဲ့ဒါရိုက်ဘာက ကျွန်တော်တို့ကို ကြိမ်းမောင်းပြောဆိုပြီး မှတ်ပုံတင်နံပါတ်တွေ၊အမည်တွေမေးမြန်းတာကို မကျေနပ်ကြောင်း၊ ဒီလိုသမိုင်းဆိုင်ရာနေရာကို ပုဒ်မ(၁၄၄) နယ်မြေထဲထည့်ထားပြီးထိမ်းသိမ်းစောင့်ရှောက်မှုမရှိ ပဲခြုံနွယ်ပိတ်ပေါင်းနဲ့ ဒီအတိုင်းပစ်ထားပြီးအထဲမှာ အမှိုက်တွေ၊ကွန်ဒုံးအခွံတွေတွေ့ခဲ့တဲ့အတွက် ဒီနေရာကိုလေ့လာချင်သူတွေကို ၀င်ခွင့်မပြုပဲဘယ်လိုလူမျိုးတွေကိုဝင်ခွင့်ပြုနေရတာလဲ လို့ မေးမြန်းပြီး ဒီကိစ္စကိုကျေနပ်မှုမရှိတဲ့အတွက် သတင်းမီဒီယာမှာသတင်းဖြန့်ဝေမယ့်အကြောင်းပြောတော့လေ သံပြောင်း သွားပြီး အောက်ခြေလုံခြုံရေးဝန်ထမ်းတွေက ဒီကိစ္စကိုအေးအေးဆေးဆေးပြီး သွားစေချင်ကြောင်းပြောပြီး ၀ိုင်းတောင်းပန်ကြပါတယ်။ ကျွန်တော်မကျေနပ်တာကတော့ ကျွန်တော် တို့နေရာ အကြောက်တရားရှိနေသေးတဲ့ရိုးသားတဲ့ပြည်သူတစ်ယောက်သာဆိုရင် ဒီနေရာကို လာလေ့လာမိတဲ့အတွက် အခုပဲထောင်ချတော့မှာလိုလိုပြောဆိုခြိမ်းခြောက်ခံရနိုင်တဲ့အတွက်ရယ်၊ သက်ဆိုင်ရာတာဝန်ရှိသူမဟုတ်တဲ့ ကားဒရိုက်ဘာတစ်ယောက်ကမှတ်တမ်းတွေ စစ်ချက်တွေတောင်းတဲ့ ကိစ္စရယ်သမိုင်းဆိုင်ရာတန်ဖိုးရှိတဲ့နေရာတစ်ခုကို အများပြည်သူအပိုင်မသတ်မှတ်ပဲဌာနတစ်ခုရဲ့ ကိုယ်ပိုင် သိမ်းထားတဲ့ကိစ္စတွေရယ်ကြောင့် စွမ်းအင်ဝန်ကြီးဌာနလက်အောက်ခံ သန်လျင်ရေနံချက်စက်ရုံက တာဝန်ရှိသူတွေ သမိုင်းဆိုင်ရာနေရာကိုတန်ဖိုးထားတတ်ဖို့အတွက် ဒီကိစ္စကို အများပြည်သူသိရှိအောင် သတင်းမီဒီယာတွေမှာ သတင်းဖြန့်မယ့်အတွက်ကျွန်တော့်ကို ဖမ်းနိုင်ရင်ဖမ်းလို့စိန်ခေါ်လာခဲ့ပါတယ်။ ငဇင်ကာနဲ့ ပတ်သက်တဲ့နေရာမို့ လို့ သမိုင်းဝင်လို့ ပြောရင်ရပေမယ့် အဲဒီနေရာကိုအခုလိုလုပ်ထား တာတော့ တာဝန်ရှိတဲ့သူတွေတုံးတာပဲ။ အခြားနိုင်ငံတွေမှာဆိုရင်တိုရစ်ဇင်ဆွဲဆောင်မှုရှိအောင်လုပ်ပြီး ပိုက်ဆံရှာနေလောက်ပါပြီ။ြ ပီးခဲ့တဲ့ဆောင်းတွင်းက ကျွန်တော်တို့ဗကသများအဖွဲ့ချုပ် ရန်ကုန်တောင်ပိုင်း ခရိုင်ကို လေ့လာရေးခရီးလာရောက်တဲ့ နော်ဝေးတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေကို ဒီဘုရားကျောင်းပျက်အကြောင်းပြောပြတဲ့အခါ သူတို့စိတ်ဝင်စားပြီးသွားချင်တယ်လို့ ပြောပေ မယ့်ကျောက်တန်းရေလယ်ဘုရားကအပြန် မိုးချုပ်သွားတာကြောင့်မ၀င်ဖြစ်တော့တာကိုပဲ ပြန် သတိရပြီးကျေးဇူးတင်မိနေပါတယ်။ အဲဒီနော်ဝေးကျောင်းသားတွေသာ ဒီနေရာကို ဒီလိုပုံစံမျိုးတွေ့ လိုက်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံကိုအထင်အမြင်သေးပြီး ကျွန်တော်တို့တစ်မျိုးသားလုံးနဲ့ချီပြီး အရှက်ရစေမယ့်ကိစ္စဖြစ်သွားမှာပါ။ ကျွန်တော်တို့နိုင်ငံမှာအစိုးရအဖွဲ့မှ သမ္မတမှစ၍အောက်ခြေ ၀န်ထမ်းများအထိလေးစား တန်ဖိုးထားသင့်တဲ့အရာတွေကို လေးစားတန်ဖိုးထားတတ်တဲ့ အသိစိတ်ဓါတ်နဲ့ အသိပညာရှိနိုင်ကြပါစေ………..
မင်းသွေးသစ်
ဗကသများအဖွဲ့ချုပ်
https://www.facebook.com/moetainkha.moetainkha0/media_set?set=a.571409296227764.1073741853.100000760977876&type=1 မှပြန်လည်ကူးယူဖော်ပြသည်။

0 comments:
Post a Comment