Monday, September 23, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၉)

သစ်ထူးလွင်



Posted: 23 Sep 2013 05:51 AM PDT

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့၌ ဆရာဝန်တစ်ဦးအား အမည်မသိ လူ ၂ ဦးက အိမ်ထဲသို့ ဝင်ရောက် ခုတ်သည့် ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ စက်တင်ဘာ ၂၀ ရက် ညနေ ၆ နာရီခန့် မူဆယ်မြို့ ခရစ်ယာန်ရပ်ကွက် ဗိုလ်တည်းလမ်းကြားနေ ဒေါက်တာတင်မြ (တရုတ်+ကချင်လူမျိုး)အား အင်္ကျီကွက်ကြား၊ ပုဆိုးဝတ်ထားသည့် လူ ၂ ဦးက အိမ်ထဲသို့ ဝင်ရောက်လာ၍ ဓားဖြင့်ခုတ်ကြောင်း ဆို၏။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Sep 2013 05:48 AM PDT

တောင်ကြီးမြို့တွင် ကျင်းပသော သျှမ်းပြည်နယ် ကယားပြည်နယ်နှင့်မွန်ပြည်နယ် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည် ဆောက်ခြင်းဆွေးနွေးပွဲ ဒုတိယနေ့တွင် ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲဖို့ထက် အသစ်ပြင်ရေးခြင်းသာ ပိုကောင်း မည်ဟူသည့် ဆွေးနွေးတင်ပြမှုရှိခဲ့ကြောင်း သိရပါသည်။ “တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ကြမလဲဆိုတာကိုပြောသွာ
း တော့ လူတွေ စိတ် ဝင်စားတယ်။ သူပြောသွားတာက ဖွဲ့စည်းပုံဥပဒေမှာ လူထုဆန္ဒ လုံးဝမပါဘူး။ လုပ် ပိုင်ခွင့်အာဏာ ပြည်သူလူထု လက်ထဲ မှာ မရှိဘူး။ ဒါကြောင့်ဖွဲ့စည်းပုံကို အသစ်ပြန်ရေးဖို့က အကောင်းဆုံးဘဲ” ဟု ပြောဆိုသွားကြောင်း ဆွေးနွေးပွဲ တက် ရောက်သည့် သျှမ်းသံတော်ဆင့်အယ်ဒီတာ ဦးခွန်စိုင်းကပြောပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Sep 2013 05:42 AM PDT

တနင်္သာရီတိုင်းဒေသကြီး အတွင်းသို့ ၂၀၁၂ ခုနှစ် မတ်လမှ ၂၀၁၃ ခုနှစ် စက်တင်ဘာလအထိ ၁၈ လ အတွင်း ဘင်္ဂါလီ လူမျိုးများ ဝင်ရောက်လာမှု ၁၆ ကြိမ်အထိ ရှိကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လွင်က တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ပြောကြားခဲ့သည်။ လောင်းလုံးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွေး၏ ဘင်္ဂါလီ လူမျိုးများ ဝင်ရောက်မှုအတွက် တိုင်းဒေသကြီး၏ လုံခြုံရေး အစီအမံနှင့် ပတ်သက်သည့် မေးခွန်းကို ပြန်လည် ဖြေကြားရာတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Sep 2013 05:40 AM PDT

ဟုန်ရှင်းအအေးခန်းစက်ရုံမှ အလုပ်သမားများ မဟာဗန္ဓုလပန်းခြံရှေ့တွင် သပိတ်စခန်းဖွင့်၍ ဆန္ဒထုတ်ဖော်မှုအား ယနေ့ညနေ ၄နာရီတွင် နှစ်ဖက်သဘောတူညီမှု ရရှိ၍ ယင်းသပိတ်စခန်းကို ပြန်လည် ရုတ်သိမ်းမည်ဖြစ်ကြောင်းသိရသည်။ "အခုအလုပ်သမားတွေကို အလုပ်မရသေးတဲ့ ၃လ ၊ ၅လ ကို နစ်နာကြေးအနေနဲ့ပေးဖို့ရှိတယ်။ သူတို့အလုပ်ရဖို့ကို စက်မှုဇုန်က လုပ်ငန်းရှင်တွေကို လည်း ဒီအလုပ်သမားတွေကို ဦးစားပေးပြီး အလုပ်သမားလိုရင်ခန့်ပေးပါလို့ ပြောဆိုထားတယ်"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Sep 2013 05:31 AM PDT

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း ကလေးငယ်တဦးပျောက်ဆုံးရာမှာ တာချီလိတ်မြို့နေ ဒေသခံ ကလေးငယ်များဆက်တိုက်ပျောက်ဆုံးေ
နသည် ဆိုသည့်သတင်းများကြောင့် တာချီလိတ်လူထု အထူးစိုးရိမ် နေသည်ဟု ကြားသိရပါသည်။ “တခြားရပ်ကွက်က ကလေးငယ်တွေ ပျောက်ဆုံးတာတော့ တိုင်ကြားမှုမရပါဘူး။ ကျနော်တို့ ရပ်ကွက်က တော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက တယောက်ပျောက်တယ်။ အဲဒါ ရဲစခန်း၊ လူကုန်ကူး၊ နယ်စပ်လုံခြုံရေး စတဲ့ဌာန ဆိုင်ရာတွေဆီမှာ အကုန် တိုင်ကြားထားပြီးပြီ” - ဟု မယ် ခေါင်ရပ်ကွက် အုပ်ချုပ်ရေးမှူး စိုင်းအွတ် က ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကလေးပျောက်ကြော်ငြာ

Posted: 23 Sep 2013 05:28 AM PDT

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း အစိုးရတပ်နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တို့ ယနေ့နံနက်ပိုင်းက တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့သည်ဟု ဒေသ အတွင်း သတင်းရပ်ကွက်က ပြောသည်။ “တိုက်ပွဲက ဒီမနက် ၅ နာရီက နေ အခုထိ (ဆက်သွယ်မေးမြန်းချိန် နံနက် ဆယ်နာရီခန့်) သေနတ်သံ လက်နက် ကြီးသံ ကြားနေတုန်းဘဲ။ ကျနော်တို့ သတင်းရတာက မနေ့က နှစ်ဘက်တပ် ဆက်သွယ် တယ်။ တဖက်ကမ်းမှာ သူတို့ရှိနေတဲ့ အကြောင်း၊ ကမ်းမကူးလာဖို့အကြောင်း မြန်မာစစ်တပ်ကို သျှမ်းတပ်ဘက်က အကြောင်းကြားတယ်ပြော တယ်။ သူတို့က ချောင်းကူးသွားတော့ သေနတ်သံ ကြားရတော့တာဘဲ” - ဟု မိုင်းယင် ဒေသ အတွင်း ရွာအုပ်ချုပ်ရေးမှူးတဦး က ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Sep 2013 06:09 AM PDT
ဟုန်ရှင်း သပိတ် ဖြိုခွဲဖို့ အသင့်ထားတဲ့ ရဲတပ်ဖွဲ့ ဝင်တွေကို တန်းဖြုတ်လိုက်ပြီ အချုပ်ကား တွေလည်း ပြန်လွှတ်လိုက်ပြီလို့ သိရပါတယ်။ ဂျူတီကျတဲ့ ရဲတပ်ဖွဲ့ ဝင် အချို့ လည်း ပြန်လာနေပြီလို့  ရဲအရာရှိတဦးက Myanmar News Now  ကို ပြောပါတယ်။
ဟုန်ရှင်း အအေးခန်း စက်ရုံ အလုပ်သမားတွေ ရန်ကုန်မြို့တော်ခန်းမရှေ့ မှာ ညလုံးပေါက် သပိတ်စခန်း ဖွင့်လှစ်ဆန္ဒပြတောင်းဆို ခဲ့ ကြတဲ့ ရုပ်/သံ သတင်းကိုတော့ - ဒီဗွီဘီမှ ကိုကောင်းထက်ကျော်က တင်ဆက်ထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Sep 2013 05:09 AM PDT

မကွေးတိုင်း ပွင်ဖြူမြို့နယ်၊ စံပြကျေးရွာဟာ မိုးရာသီတိုင်း ရေနစ်မြုပ်နေပြီး ရေထွက်ပေါက် မရှိတဲ့အတွက် အနံ့ဆိုးတွေ ရင်ဆိုင်နေရပါတယ်။ ဒေါ်ခင်မင်းဇော် သတင်းပေးပို့ထားပါတယ်။ ရိုက်ကူး ဇော်ဖေ

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

Posted: 23 Sep 2013 04:04 AM PDT

ခရမ်း မြို့နယ်တွင် မူလတန်းအဆင့် ကျူရှင် များ ဖွင့်လှစ်ကာ ကျူ ရှင်တက်နိုင်သော ကလေးနှင့် မတက်နိုင်သော ကလေးများ ကို ခွဲခြားဆက်ဆံမှုများ ရှိနေကြောင်း ကျောင်းသား မိဘအချို့ထံမှ သိရသည်။ ''ဒီနှစ်ကမူလတန်းတွေကို အခမဲ့ ပညာသင်ခွင့်ပေးထား တော့ မူလတန်းအရွယ်ကလေး သူငယ်တွေအများစုဟာ ကျောင်း တက်လာနိုင်ကြတယ်။ ကျောင်း တက်နိုင်ပေမယ့် မိဘတွေချို့တဲ့ တော့ ကျူရှင်မတက်နိုင်ကြဘူး။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Sep 2013 04:00 AM PDT
သတ် မှတ်ထားသည့် ကားခများထက် ပိုမိုတောင်းခံသည့် ကားများအား မထသရုံးမှ အရေးယူမှုများရှိသော် လည်း ဘီအမ်ကားတချို့သည် ခရီးသွားများထံမှ ကားခများပိုမို တောင်းခံမှုများ ရှိနေသေးကြောင်း သိရသည်။ မြောက်ဥက္ကလာမှ ဆူးလေ သို့ပြေးဆွဲနေသော ဘီအမ်ကား များထဲမှ ကားအချို့သည် ဆူး လေမှကုက္ကိုင်းသို့ ကားခကို ကျပ် ၂၀၀ နှင့် ညနေအချိန်ပိုင်းများ တွင် ကျပ် ၃၀၀ အထိတောင်းခံ မှုများရှိကြောင်း ခရီးသွားများထံ မှသိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဆူးလေ မှတ်တိုင်တွင် ခရီးသည် တင်နေသော ဘီအမ်ကားတစ်စီးကို တွေ့ရစဉ်။ ဓာတ်ပုံ - ရဲနောင်(ဖယ်ခုံ)

Posted: 23 Sep 2013 03:43 AM PDT

ထိုင်းငါးဖမ်းလှေ တစ်စီးကို မြန်မာရေတပ်က စက်တင်ဘာ ၂၁ ရက်နေ့က ပစ်ခတ် ဖမ်းဆီးထားကြောင်း ထိုင်းရေတပ်ကို ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။ အထက်ပါကိစ္စနှင့် ပတ်သက်၍ ထိုင်း-မြန်မာ နယ်စပ် အထွေထွေကော်မတီ၏ အရေးတကြီး အစည်းအဝေး ခေါ်ယူပြီးနောက် ထိုင်းရေတပ်က မြန်မာဘက်သို့ ကန့်ကွက်စာ ပေးပို့ထားကြောင်း ယင်းသတင်းတွင် ဆက်လက်ဖော်ပြထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ထိုင်းငါးဖမ်းလှေ


Posted: 23 Sep 2013 03:31 AM PDT

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဆလုံ ကျေးရွာများကို သွားရောက် လေ့လာခဲ့ပြီး ဆလုံလူမျိုးများနှင့် တွေ့ဆုံစကား ပြောခဲ့သည့် တွေ့ရှိချက်များအရ ဆလုံ လူမျိုးများသည် ၎င်းတို့ကို ပြတိုက်ထဲ ထည့်သကဲ့သို့ ပြုလုပ်ခံရခြင်းကို မကြိုက်ကြကြောင်း ၎င်းတို့ကို ဘာသာပြန်မှ တစ်ဆင့် တွေ့ဆုံမေးမြန်းခဲ့သူ ဂေဟအခြေခံ သဘာဝ သယံဇာတများ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်လတ်က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Sep 2013 03:21 AM PDT
စက်တင်ဘာလ ၂၃ ရက်နံနက် (၁၀ ) နာရီ က ကော့သောင်းမြို့ မဉ္ဖူသကခန်းမ တွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေး ကော်မရှင် အဖွဲ့ က မြို့ ခံ ပြည်သူလူထုနှင့် မီဒီယာများကို တွေ့ ဆုံခဲ့ပါတယ်။   အဆိုပါတွေ့ဆုံပွဲ တွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင် အဖွဲ့အတွင်းရေးမှူး ဦးစစ်မြိုင် ၊ အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဒေါက်တာဥာဏ်ဇော် နှင့် ဦးခွထီးယိုး တို့ သုံးဦး ပါဝင်ပါတယ်။ အဓိ က ကတော့ ဒီအဖွဲ့ ဟာ အခုတလော ဒေသ  ခံ တွေစိတ်ဝင်စားနေတဲ့  ကော့သောင်း  အကျဉ်းထောင်ကိစ္စ နဲ့ပတ်သက်ပီးလွန်ခဲ့တဲ့ (၂) ရက်လောက်ကတည်းက လာစစ်ဆေးကြ တယ်လို့ သိရပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင် အဖွဲ့ ကော့သောင်း ပြည်သူလူထုများ မီဒီယာများ နှင့် တွေ့ဆုံ။

Posted: 23 Sep 2013 03:05 AM PDT
သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ ဟုန်ရှင်း အအေးခန်းစက်ရုံအလုပ်သမားတွေကို ဖြိုခွင်းဖို့ လုံထိန်းရဲတွေ ကား၎ စီးနဲ့ အမေရိကန် သံရုံဟောင်း ရှေ့ ကုန်သည်လမ်းမှာ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းမှာ
ရှိတဲ့ ဟုန်ရှင်းအအေးခန်းစက်ရုံ အလုပ်သမားတွေဟာ အလုပ်ရှင်က လျော်ကြေးပေးပြီး အလုပ်ထုတ်ဖို့ စီစဉ်နေတာကို ကန့်ကွက်တဲ့အနေနဲ့ မနေ့ကစပြီး မြို့တော်ခန်းမရှေ့မှာ သပိတ်စခန်းဖွင့်လှစ် ဆန္ဒထုတ်ဖော်နေကြတာပါ။
 by ဒီဗွီဘီ

မြို့တော်ခန်းမရှေ့ ဆန္ဒပြသူ သပိတ်စခန်း ဖြိုခွဲဖို့ လုံထိန်းရဲ တွေ ကား၎ စီးနဲ့ အမေရိကန် သံရုံဟောင်း ရှေ့ ကုန်သည်လမ်းမှာ အဆင်သင့်ဖြစ်နေ။
Posted: 23 Sep 2013 02:37 AM PDT

ရန်ကုန်မြို့တွင်းပိုင်း၌  တည်ဆောက်နေသော ကန်ထရိုက်တိုက်အချို့မှာ စာချုပ်အတု၊ မြေဂရန်အတုများဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးေ
က်ာမတီသို့ လျှောက်ထားပြီး တည်ဆောက်ခြင်းများရှိကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နေသူ မဏ္ဍိုင် ဥပဒေအကျိုးဆောင်အဖွဲ့မှ ရှေ့နေ ဦးမောင်မောင်ဝင်းကပြောသည်။ ““ကန်ထရိုက်က ဆောက်ပြီးထားသွားတော့ မူလမြေပိုင်ရှင်တွေ နစ်နာရတာတွေအများကြီးပဲ။ ဒီနေ့ထိ ဖြေရှင်းပေးနေရတယ်””ဟု ဦးမောင်မောင်ဝင်းက ဆိုသည်။ ယင်းကဲ့သို့ စာချုပ်အတု၊ ဂရန်အတုဖြင့် တည်ဆောက်နေမှုအများစုမှာ ကျောက်တံတား၊ ပန်းဘဲတန်း၊ လမ်းမတော် အစရှိသော ရန်ကုန်မြို့လယ်များတွင် အများဆုံးဖြစ်ကြောင်း မဏ္ဍိုင် ဥပဒေအကျိုးဆောင်အဖွဲ့၏ လေ့လာတွေ့ရှိချက်များကို ကိုးကား၍ ဆက်လက်ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရန်ကုန်မြို့လယ်ရှိ ဆောက်လက်စ ကန်ထရိုက်တိုက်တစ်လုံးအား တွေ့ရစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)


Posted: 23 Sep 2013 02:32 AM PDT

ပပျောက်လုနီးပါးဖြစ်နေသည့် ကယားလူမျိုးစုတို့၏ ရှေးရိုးရာ အဆိုအကအတီးအမှုတ် အနုပညာများနှင့် တူရိယာပစ္စည်းများကို ပြန်လည်ထိန်းသိမ်းနိုင်ရန်အတွက် လူငယ်များ ပြန်လည်ဖော်ထုတ် သုတေသန ပြုလုပ်နေကြသည်ဟု သိရသည်။ ခေတ်အဆက်ဆက်က ဘိုးဘေးဘီဘင်များ တီထွင်ကြံဆ ဖန်းတီးပြီး တန်ဖိုးထားခဲ့ကြသည့် ရိုးရာထုံးတမ်းဓလေ့များ၊ ယဉ်ကျေးမှု၊ အနုပညာ နှင့် ဂီတ တို့သည် အနှစ်သာရ နှင့် ပြည့်ဝပြီး တန်းဖိုးထားလာခဲ့ကြသည့် အရာများဖြစ်သဖြင့် ထိန်းသိမ်းရန်လိုအပ်သည်ဟု ကယားလူမျိုးစု အနုပညာသုတေသနပြုခြင်းနှင့် လက်တွေ့အသုံးချခြင်းဆိုင်ရာ အသိပညာများကို လိုက်လံဆွေးနွေး ပို့ချပေးနေသည့် မော်ကိုမြာက ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကရင်နီရိုးရာ အတီးအမှုတ်များ အချို့ (ဓါတ်ပုံ-ကေတီ)

Posted: 23 Sep 2013 02:06 AM PDT
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၎င်းတို့နှင့်ပူးပေါင်း၍ ငွေဖြည့်ကတ်များ ထုတ်လုပ်ရောင်းချနေသည့် ကုမ္ပဏီ ၅ ခုကို အပြိုင်အဆိုင် ဈေးနှုန်းလျှော့ချ၍ ငွေဖြည့်ကတ်ရောင်းချခြင်း မပြုလုပ်ရန် တားမြစ်လိုက်သည်။ ကုမ္ပဏီများအချင်းချင်း ဈေးနှုန်းလျှော့၍ ပြိုင်ဆိုင်ရောင်းချခြင်းကြောင့် ဈေးကွက်ပျက်မည်ကို စိုးရိမ်သဖြင့် ယခုကဲ့သို့ ဝင်ရောက်ထိန်းသိမ်းခြင်းဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေး၏ တားမြစ်ချက်ကို ကိုးကား၍ မိုဘိုင်းဖုန်းငွေဖြည့်ကတ်များ ထုတ်လုပ်ရောင်းချနေသည့် ကုမ္ပဏီကြီးတစ်ခုမှ တာဝန်ရှိသူက ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Sep 2013 02:02 AM PDT

ရန်ကုန်မြို့တော်တွင် နေရာဒေသအလိုက် တစ်ပေပတ်လည် မြေဈေးစံနှုန်းများ သတ်မှတ်ရခြင်းမှာ အဆမတန် ကြီးမြင့်နေသည့် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများကို ထိန်းချုပ်ရန် မဟုတ်ဘဲ နိုင်ငံတော်က ဆုံးရှုံးနေသည့် အခွန်များကို အပြည့်အဝ ကောက်ခံနိုင်ရန် အတွက်သာ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မာင်သိမ်းက ပြောကြားသည်။ မြေဈေးစံနှုန်းကို သတ်မှတ်ထားခြင်း မရှိသဖြင့် နိုင်ငံတော်က ရသင့်ရထိုက်သည့် အခွန်တစ်ဝက်ခန့် ဆုံးရှုံးနေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရက သတ်မှတ်ထားပြီး ဖြစ်သည့် မြေဈေးစံနှုန်းကို စမ်းသပ် အသုံးပြုသွားမည်ဖြစ်ပြီး ယင်းအခြေအနေပေါ် မူတည်ကာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Sep 2013 01:59 AM PDT

ဆူပူမှု ဖြစ်ပွားခဲ့သော ကော့သောင်း အကျဉ်းထောင်၌ စက်တင်ဘာလ ၁၈ ရက်နေ့ည ၈ နာရီက ပြောင်းရွှေ့ခံခဲ့ရသော အကျဉ်းသား ၁၂၀ ကို တင်ဆောင်သွားသည့် သင်္ဘောသည် မည်သည့်နေရာ ရောက်ရှိနေသည် ဆိုသည်ကို ယခုအချိန်အထိ မသိရှိ ရကြောင်း ကော့သောင်းမြို့တွင် နေထိုင်သူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ စည်းရုံးရေးမှူး ဦးသန်းထွန်းက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Sep 2013 01:54 AM PDT

ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ အားလုံးသည် တာဝန်စတင်ထမ်းဆောင်သည့် အချိန်မှစ၍ ၎င်းတို့၏ ပိုင်ဆိုင်မှု စာရင်းအား နိုင်ငံတော်သမ္မတထံသို့ စာအိတ်ပိတ်၍ ပေးထားရကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်းက ပြောကြားသည်။ နိုင်ငံတော်သမ္မတက တင်ပြခိုင်းသဖြင့် တင်ပြထားရခြင်း ဖြစ်ကြောင်း ဒုဝန်ကြီး ဦးမောင်မောင်သိမ်းက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Sep 2013 01:33 AM PDT

ခေတ်တစ်ခေတ်ကနေတစ်ခေတ်။ စနစ်တစ်စနစ်ကနေတစ်စနစ်ကိုအသွင် ကူးပြောင်းတဲ့ကိစ္စဟာလွယ်မှတ်လို
့။မျက် လှည့်ဆရာတွေလို၊လက်လှည့်မျက်လှည့်  ပဉ္စလှည့်အတတ်နဲ့အပ်ချလောင်း””လို့အော် ပြီးပြောင်းလို့မရသလို၊ဂမီ်္ဘရအတတ်ပညာ နဲ့ ““ဥုမ်ဖွ””လို့မန်းပြီးပြောင်းလို့လဲမရပါဘူး။ အရွှေ့နဲ့အရွှေ့ညီမျှရမှာဖြစ်သလို၊အထက်  အလယ်အောက်သုံးခုစလုံးပြိုင်တူရွှေ့ပြိုင် တူရွှေ့နိုင်မှပြောင်းလဲမှုလှမှာဖြစ်တယ်။ ကနေ့အာယုတို့မြန်မာ့နိုင်ငံရေးအလှည့် အပြောင်းဟာ လပေါင်း(၃၀)ကျော်လာ တာတောင်အရွှေ့နဲ့အရွှေ့မညီတာကိုတွေ့ နေရတယ်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Sep 2013 01:10 AM PDT

စင်ကာပူအခြေစိုက် Emerging Markets Energy ကုမ္ပဏီလိမီတက်ဟာ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ မြေအောက်ရေပူစမ်းတွေကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး စူးစမ်း လေ့လာမှု ပြုလုပ်မယ်လို့ သိရပါတယ်။

နေပြည်တော်မှာ ပြုလုပ်တဲ့ အဲဒီ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲမှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ညွှန်ကြားရေးမှူးဦးထိန်လွင်နဲ့ စင်ကာပူဘက်က ကုမ္ပဏီဥက္ကဋ္ဌတို့
၂ ဦး သဘောတူလက်မှတ်ရေးထိုးပါတယ်။

သဘောတူညီချက်မှာ မြေအောက်အပူစွမ်းအင်သုံးပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ လေ့လာမှာအပြင် ပြည်နယ်နဲ့ တိုင်းတချို့မှာ လေစွမ်းအင်ကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့
လေ့လာတာနဲ့ ဆိုလာပြားတွေ အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်ဖို့ လေ့လာတာတွေကိုလည်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

by ဒီဗွီဘီ


Posted: 23 Sep 2013 01:05 AM PDT

မြန်မာနိုင်ငံတွင် သစ်တော ပြုန်းတီးမှု အဓိကဖြစ်သည့် အကြောင်းရင်းများထဲတွင် အစိုးရ သစ်ထုတ်လုပ်မှုနှင့် တရားမ၀င် သစ်ခိုးထုတ်သူများလည်း ပါဝင် နေသည်ဟု သစ်တောပညာရှင် ဦးအုန်းက Hot News ဂျာနယ်သို့ ပြောသည်။ အစိုးရအနေဖြင့် သစ်ခုတ်ပြီးသော ဒေသများ၌ ပြည်သူလူထုနှင့်ပူးပေါင်းကာ ပြန်လည်စိုက်ပျိုးမှု ရှိခဲ့သော် လည်းပြန်စိုက်မှုအားနည်းနေပြီး ခုတ်လှဲမှုများနေကြောင်းသိရ သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Sep 2013 01:00 AM PDT

ပြီးခဲ့သည့် သီတင်းပတ်က တစ်ရက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် တစ်သောင်းလေးထောင် နီးပါး ခုန်တက်သွားသည့် ပြည်တွင်း ရွှေဈေးမှာ ပြန်လည် ကျဆင်းသွားကြောင်း ရွှေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေး ရုတ်တရက် ထိုးတက်သွားသည့်အတွက် စက်တင်ဘာလ ၁၈ ရက်နေ့က ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၉၁,၃၀၀ ကျပ်မှ စက်တင်ဘာလ ၁၉ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၇၀၅,၀၀၀ ကျပ်ထိ တစ်ဟုန်ထိုး တက်သွားပြီး စက်တင်ဘာလ ၂၁ ရက်နေ့တွင်မူ အခေါက်ရွှေ တစ်ကျပ်သားကို ၆၉၈,၀၀၀ ကျပ်သို့ ပြန်လည် ကျဆင်းခြင်း ဖြစ်ကြောင်း ရွှေဈေးကွက် အတွင်းမှ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Sep 2013 12:29 AM PDT

၂၀၀၈ အခြေခံဖွဲ့စည်းပုံကို ပြင်ဆင်ရေး၊အသစ်ပြန်လည်ရေး ဆွဲရေးတို့အတွက် နိုင်ငံရေးပါတီ များ၊တိုင်းရင်းသားအဖွဲ့အစည်း များနှင့်အရပ်ဖက်လူ့အဖွဲ့အစည်း များ အမြင်အမျိုးမျိုးဖြင့် ကြိုးပမ်း ဆောင်ရွက်နေကြခြင်းနှင့် ပတ် သက်၍ ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်းကိုတွေ့ဆုံမေးမြန်း ခဲ့သည်။

၂၀၀၈ အခြေခံဖွဲ့စည်းပုံ ဥပဒေအပေါ်ပြင်ဆင်မယ်၊ ဖျက် သိမ်းပြီး အသစ်ပြန်လည်ရေးဆွဲ မယ်လို့ ပြောနေကြတဲ့အပေါ် အမြင်သဘောထားကို ပြောပြ ပေးပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...