♪ သူငယ်ချင်းလို့ ပြောပေမည့် ♪
August 30, 2013 at 11:49pm
သူငယ်ချင်းလို့ ပြောပေမည့် စိတ်ရှုပ်ရသူလည်း တွေ့ဘူးတယ် :) ♪ ♪
ဖေ့ဘုတ်မှာ ကိုယ့်ဘော့စိလည်းရှိမယ်။ ကိုယ့်အသိတွေလည်း ရှိမယ်။ မျက်နှာကျော မတည့်သူ၊ တည့်သူ အကုန်ရှိမယ်။ အပြင်မှာ သိတဲ့သူတွေဆိုတော့ အက်လာရင် အဆက်မပေးပြန်လည်း မကောင်း၊ ဒီတော့ အဆက်ပေးတန် ပေးလိုက်ရတယ်။ အဆက်ပေး Accept ပေးလိုက်တော့ ဖရန့် ဖြစ်ရော။
ဖရန့် ဖြစ်လာတော့ ကိုယ့်ကို မျက်လုံးဒေါက်ထောက်ကြည့်နေကြသလို ခံစားရပြန်၊ မလွတ်လပ်ဘူး ဖြစ်လာမယ်။ ကိုယ်လုပ်တာတွေ သူတို့ မမြင်စေချင်ဘူး။ ဘလော့လို့လည်း မဖြစ်၊ UnFriend လုပ်လို့လည်း မဖြစ်။
ဒီလို ဘဝ ရောက်နေသူတွေ အတွက် ဘာဆက်လုပ်သင့်တယ် ဆိုတာ တင်ပြပါမယ်။
ဖေ့ဘုတ်သူငယ်ချင်းများကို အောက်ပါအတိုင်း အမျိုးအစားခွဲခြားထားလိုက်ရုံပါပဲ။
အခြေခံအားဖြင့် -

၁) Close Friends

၂) Acquaintances

၃) Restricted
ဆိုပြီး (၃)မျိုး ခွဲခြားနိုင်ပါတယ်။
တစ်ခုခြင်းစီအကြောင်း အောက်မှာ ဆက်ဖတ်ကြည့်ရအောင်...။
၁) Close Friends: အရင်းနှီးဆုံး မိတ်ဆွေများစာရင်း - ဒီစာရင်းထဲ ထည့်ထားခံရတဲ့ ဖရန့်တွေ ဘာလုပ်တယ် ဆိုတာ ကိုယ့် Home မှာ မြင်နေရမယ်။ Best friends you want to see more of on Facebook.
၂) Acquaintances: သိပ် မဆက်ဆံ ဖြစ်သော မိတ်ဆွေများစာရင်း - ဒီစာရင်းထဲ ထည့်ထားခံရတဲ့ ဖရန့်တွေ ဘာလုပ်တယ် ဆိုတာ ကိုယ့် Homeမှာ မပေါ်ဘူး။ Friends you want to see less of in News Feed. * အချို့ ဖရန့်တွေ ဖလန်းဖလန်းထလွန်းလို့ မျက်စေ့နောက်လာရင် သူတို့ကို ဒီအထဲ ပစ်ထည့်လိုက်။
အလားတူ ကိုယ် ပြန်မျှတဲ့အခါလည်း "Friends except Acquaintances" ကို ရွေးပေးလိုက်ရင် ကိုယ်မျှတာ သူတို့ မမြင်ရတော့ဘူး။ အောက်ကပုံကို လေ့လာကြည့်ပါ။

၃) Restricted: မခေါ်ချင်ပဲ ခေါ်ထားရသော မိတ်ဆွေများစာရင်း - ဒီစာရင်းထဲ ထည့်ထားခံရတဲ့ ဖရန့်တွေ ဘာလုပ်တယ် ဆိုတာ ကိုယ့် Homeမှာ မပေါ်ဘူး။ ကိုယ်က ဖရန့်တွေကို ရှယ်ပေးတဲ့ ပို့စ်တွေလည်း သူတို့ မမြင်နိုင်ဘူး။ သူတို့ မြင်နိုင်တာ ကိုယ် Public ချပေးတဲ့ ပို့စ်တွေပဲ မြင်နိုင်တယ်။ အဆဲအဆို ထူလွန်းတဲ့ ဖရန့်တွေများလို့ နားကလောလာရင် ဒီစာရင်းနဲ့ အကိုက်ဆုံး။
This list is for people you’ve added as a friend but just don’t want to share with, like your boss. When you add someone to your Restricted list, they will only be able to see your Public content or posts of yours that you tag them in.
အကောင်းဆုံး အချက်က ကိုယ် ဘယ်စာရင်းထဲ ထည့်ထားတယ် ဆိုတာ အထည့်ခံရတဲ့ မိတ်ဆွေ မသိနိုင်ဘူး ဆိုတဲ့အချက်ပဲ။
Note: Your friends won’t get notified when you add them to these lists.
အဲ့တာဆို ကိုယ် ဘာဆက်လုပ်ရမလဲ သိလောက်ပါပြီနော်။ အားရင် အားသလို အဲ့စာရင်းတွေထဲ ကောက်ထည့်ထားလိုက်ပါ။ :)
ဖရန့်များကို ခွဲခြားထည့်ရန် စာရင်းသို့ တန်းသွားရန် လင့် = https://www.facebook.com/bookmarks/lists
တင်ပြသူ Lu Zein
31-Aug -2013
0 comments:
Post a Comment