Viber ကိုသုံးပြီး ဖုန်း free ခေါ်ဆိုမယ် ၊ message free ပို့မယ်
by General Knowledge on Tuesday, June 19, 2012 at 10:54am
By မြန်မာ Mobile Application Store| Written မိုးသားဖြူ
Source link: http://www.viber.com
မြန်မာ Mobile App က User များကို Viper ဆော့ဝဲကိုသုံးပြီး အင်တာနက်ကွန်နက်ရှင်ရှိရုံနဲ့ ဖုန်း free callခေါ်လို့ရတဲ့၊ Message အခမဲ့ပို့လို့ရတဲ့ နည်းလေးကိုပြောပြချင်ပါတယ်။
နိုင်ငံခြားမှာတင် သုံးလို့ရတာမဟုတ်ဘဲ၊ မြန်မာနိုင်ငံကနေလည်း ဒီဆော့ဝဲလေးကိုသုံးပြီး အခမဲ့ဖုန်းခေါ်ဆိုလို့ ရတာကိုတွေ့ရပါတယ်။
ဒီ application လေးကိုသုံးစွဲဖို့ မိမိရဲ့ ဖုန်းကို အင်တာနက်ကွန်နက်ရှင်တစ်ခုခု (Wifi,3G..)နဲ့ ချိတ်ဆက်ထားရပါမယ်။
- လိုအပ်တဲ့ဆော့ဝဲဖြစ်တဲ့ Viber ကို အောက်မှာရယူလိုက်ပါ။
(မိမိတို့ဖုန်းနဲ့ ဆိုင်တဲ့ application ကိုရွေးချယ်ရယူပါ)
Viber for iPhone
Viber for Android
download ရယူပြီးပြီဆိုရင်တော့ Viber ဆော့ဝဲကိုဖုန်းထဲမှာ install လုပ်ပါ။ ပြီးရင် Viber ဆော့ဝဲကိုဖွင့်ပါ။
နိုင်ငံရွေးချယ်တဲ့နေရာမှာ မြန်မာနိုင်ငံကလူတွေဆိုရင် Myanmar (+95) ကို ရွေးချယ်ပေးပါ။
အောက်က TextBox မှာ မိမိရဲ့ ဖုန်းနံပါတ်ကိုထည့်ပါ။ ဖုန်းနံပါတ်ထည့်ရာမှာ (ဥပမာ) မိမိရဲ့ ဖုန်းနံပါတ်က 09-2016878 ဆိုရင် ရှေ့ဆုံးက သုည ကိုဖြုတ်ပြီး 9 ကနေစထည့်ပါ။
(ဥပမာ- 92016878) ။ ပြီးရင် Continue ကိုနှိပ်ပါ။ အောက်မှပုံအတိုင်းလုပ်ဆောင်ပါ။
ဒါဆိုရင် မိမိရဲ့ ဖုန်းကို Viber မှ Activation code တစ်ခု Message အနေနဲ့ဝင်လာပါလိမ့်မယ်။ အဲဒီ code ကို အောက်ပါ ပုံထဲကအတိုင်း ထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။
အကယ်၍ Activation Code Message မိမိဖုန်းထဲကိုရောက်မလာဘူးဆိုရင်တော့ Android ဖုန်းတွေမှာ အောက်ပုံမှာပြထားတဲ့အတိုင်း click here ကိုနှိပ်ပါ။ iPhone တွေမှာဆိုရင်တော့ Screen ရဲ့ ထိပ်ဆုံးဘယ်ဘက်က No Code? ကိုနှိပ်ပါ။
Web Browser တစ်ခုနဲ့ အောက်ပုံထဲကအတိုင်း တက်လာပါလိမ့်မယ်။ မိမိဖုန်းနံပါတ်လည်း ပါဝင်ပါလိမ့်မယ်။ အဲဒီက “Get Code” ဆိုတဲ့ ခလုတ်ကိုနှိပ်လိုက်ပါ။ အောက်ပုံအတိုင်းပါ။
“Get Code” ကိုနှိပ်လိုက်တယ်ရုံရင် စက္ကန့်ပိုင်းအတွင်းမှာ မိမိရဲ့ ဖုန်းကို နိုင်ငံခြားနံပါတ်နဲ့ ဖုန်း callတစ်ခုဝင်လာပါလိ့်မ်မယ်။ အဲဒီအခါ ကိုင်နားထောင်လိုက်ပါ။ ယောကျာ်းသံနဲ့ မိမိဖုန်း Viber ဆော့ဝဲထဲမှာ ထည့်ရမယ့် Activation Code ကိုနှစ်ကြိမ်တိတိပြောပေးပါလိမ့်မယ်။ အဲဒီ Code ကိုမှတ်ထားပါ။ပြီးရင် ခုနကဖုန်းထဲမှာ ပြောသွားတဲ့ code ကိုထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။
ပုံထဲကလိုပေါ်လာပြီဆိုရင်တော့ Viper Setup လုပ်တာပြီးစီးပြီဖြစ်ပါတယ်။
ဖုန်းစတင်ပြော၊ Message စပို့လို့ ရပါပြီ။ ကိုယ်ပြောချင်တဲ့သူငယ်ချင်းဆီမှာလည်း Viber ဆော့ဝဲသွင်းထားပြီး အခုလုပ်ခဲ့သလို Setup လုပ်ထားဖို့လိုပါလိမ့်မယ်။ ပြီးရင် သူ့နံပါတ်ကို Viber ထဲမှာ Invite လုပ်ပြီး ဖုန်းခေါ်ရုံပါပဲ။
အင်တာနက်ဖိုးအနည်းငယ်သာကုန်မှာဖြစ်ပြီး ဖုန်းခမကုန်ဘဲ ကြိုက်သလောက်ပြော၊ ကြိုက်သလောက်message ပို့လို့ရပြီပေါ့။
ကိုယ့်နိုင်ငံထဲက သူတင်မဟုတ်ဘူး၊ နိုင်ငံခြားက သူငယ်ချင်းတွေနဲ့လည်း ပြောလို့ရပြီပေါ့။ အားလုံးအဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။
အဲတာ အင်တာနက်ချိတ်မယ်ဆိုရင် အင်တာနက်ကဆိုင်ရှင်နဲ့ပြောရမှာလား သူချိတ်ပေးရအောင်
ReplyDeleteကိုယ်ချိတ်ထားပြှီးဆိုရင် အင်တာနက်ဆိုင်ထဲမှာပဲပြောလို့ရလား တစ်ခြားနေရာနေပြီးပြောလို့မရဘူးလား အဲတာ တစ်ချက်ပြန်ပေးပါနော် မေတ္တာရပ်ခံပါတယ်
ReplyDeleteWIFI ဖြစ်ဖြစ်၊ internet connection ရှိတဲ့ ဘယ်နေရာမှာမဆို ချိတ်ဆက်ပြောလို့ရပါတယ်။
Deleteကျနော် အကောက်က rockboy446@gmail.com
ReplyDeletecode နံပါတ်မပို့ပေးဘူးလေ ပိတ်ထားတယ်ထင်တယ် သုံးလို့မရဘူး
Deleteကျနော် လုပ်လို့မရဘူး လုပ်လို့လဲမတက်ဘူး ဘယ်ကနေစ၀င် ဘယ်ကနေစထွက်တောင်မသိဘူး အဲဒီစာအတိုင်းပဲဝင်နေတယ် မရဘူး အဲဒီဆိုဒ်ကိုလုပ်ပြီးထားတဲ့သူငယ်ချင်းတွေ သိရင် ကျနော် ကိုတစ်ချက်လောက်ပြောပြနိုင်မလားတော့မသိဘူး ပြောပြနိုင်ရင်တော့ ကျနော် ကို ကျနော်ပေးထားမယ် rockboy446@gmail.com အပ်ပေးပါလား
ReplyDeleteviber code ကို ဖုန်းနဲ့ ဟိုဘက်က လူကြီးက ပြောတဲ့code no ကို ရှင်းရှင်းလင်းလင်းမကြားလိုက်ဘူးဗျ မှန်းရိုက်ထည့်ကြည့်တော့လဲ မရဘူးဗျအဲဒါဘယ်လိုလုပ်ရမလဲ
ReplyDeleteသယ်ရင်းတို့ကလည်းးးးးသေသေချာချာဖတ်ကြည့်ကြပါ..သယ်ရင်းတို့မေးနေတာတွေ.....ပြန်ဖြေရမယ့်သူအဖို့အရမ်းညစ်သွားလိမ့်မယ်....ဒီလောက်လွယ်နေတာကို.....
ReplyDelete