Tuesday, June 19, 2012

ပြုံးတတ်စေတဲ့သူ ..



စိတ်ကူးတွေထဲ တစ်စုံတစ်ယောက်
ရောက်လာတဲ့ အခါတိုင်းငါ ပြုံးမိတယ်
အဲဒီသူက မင်းဖြစ်နေတာကြောင့်ပါ ..
အတွေးတွေထဲ မင်းရောက်လာတိုင်း ..
မင်းရဲ့ ဂရုစိုက်မှုလေးတွေ ပြန်တွေးမိတိုင်းလဲ ငါ ပြုံးမိတယ် ..။

အချစ်တွေနဲ့ ပြုံးတယ် ..
ကြည်နူးမှုနဲ့ ပြုံးတယ် ..
ဂရုစိုက်မှုကြောင့် ပြုံးတယ် ..
ပျော်ရွှင်မှုကြောင့် ပြုံးတယ် ..

မင်းပေးတဲ့ ပျော်ရွှင်မှုကြောင့်
မင်းပေးတဲ့ ဂရုစိုက်မှုတွေကြောင့်
မင်းနဲ့ တူတူရှိနေရချိန်မှာ
နာကျင်မှုနဲ့ မျက်ရည်တွေမရှိလို့ ငါပြုံးခဲ့တယ်လေ ..။

ရှူရှိုက်လိုက်တဲ့ လေထဲမှာ
မင်းအချစ်တွေရှိနေမယ်လို့ တွေးရင်း ငါပြုံးတယ်
မင်းအချစ်ကြောင့် ကြောက်ရွံ့မှုတွေ
ဝေးကွာသွားပြီလို့ တွေးရင်း ငါပြုံးတယ် ..။

မင်းရဲ့ အပြုံးလေးကို
မြင်ယောင်တိုင်း ငါ ပြုံးမိတယ်
မင်းကြောင့်ငါ့မျက်ရည်တွေ
ပျောက်ကွယ်ခဲ့ရတာ တွေးမိတိုင်းငါပြုံးမိတယ် ..။

ငါ့ရဲ့ နောက်ဆုံးအပြုံးဆိုတာ မင်းကြောင့်ပဲ ဖြစ်ရမှာပါ
ငါ့ရဲ့ နောက်ဆုံးအပြုံးဟာလဲ မင်းအတွက်ပဲ ဖြစ်ရမှာပါ
ငါ့ရဲ့ နောက်ဆုံးအပြုံးက မင်းအပေါ်မှာ ယုံကြည်ခြင်းကြောင့်ပဲ ဖြစ်ရမှာပါ
နာကျင်မှုတွေမပါတဲ့ အပြုံးမျိုးပဲ ဖြစ်စေရမှာပါ ..။

အခုပြုံးနေတာလဲ မင်းကြောင့်ပါ
အခုပြုံးနေတာဟာ မင်းရဲ့ ဂရုစိုက်မှုကြောင့်ပါ
အခုပြုံးနေတာက မင်းနဲ့ တူတူရှိနေပြီး
နာကျင်မှု မျက်ရည်တွေ ကင်းစင်သွားလို့ပါ ..။

Thura Aye
19 th June 2012.

-- 
Wish you get successful life ..

Thura Aye

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...