Tuesday, June 19, 2012

ငွေ သုံးထောင်ကျပ်ဖြင်. သေခြင်းတရားအား ဆွဲဆန်.ထားခြင်း

kdar kdar

ကျနော်ဖြစ်လိုက်တိုင်း ကမောက်ကမဖြစ်စဉ်တွေများပါတယ်။ဒီနေ. တနင်လာနေ.မို.မြန်မာနိင်ငံရှိ အစိုးရ၀န်ထမ်းတိုင်း ရုံးတက်နေကြပါလိမ်.မယ်..။ကျနော်အဖြစ်က အဲလိုမဟုတ်...ဒီနေ.တနင်လာနေ. ရုံးပိတ်သည် (ဒါမှမဟုတ်) ရုံးမတက်ရပဲ နားရက်တစ်ရက်ရတဲ.နေ.ပေါ.။ တစ်ပတ်လုံးစာ အ၀တ်အစားတွေ ဒီမနက်ကပိုင်းပဲလျော်ဖွတ်ပြီး မနက်ဖြန်ရုံးတက်ဖို. ယူနီဖောင်းတွေ သပ်သပ်ရပ်ရပ်ပြင်ဆင်ထားမိသည်။
နောက်ပြီးမိုးတွေမှိုင်းအုံ.နေလို. လျော်ဖွတ်ထားတာတွေအဆောင်ထဲမှာပဲလှမ်းထားဖြစ်သည်။ပြီးတော.
ပျဉ်းမနားမြိုထဲက စံပြဓာတ်ပုံဆိုင်မှာ ဓာတ်ပုံတွေ သွားကူးဖြစ်သည်။ထို.နောက် အန်တီတစ်ယောက်ချိတ်ပေးသော ကောင်းမလေးကို သွားရောက်လေ.လာရန် တောင်းတန်းတွေရှိတဲ.အရပ်ဘက် ကယ်ရီအဆင်.ဆင်.စီး၍ ရွပ်ရွပ်ချွန်ချွန် ဟတ်ထရင်နင်ဆင်းခဲ.မိသည်။ကျနော်`၏ချစ်လှစွာသော အန်တီသည် ကျနော်အတွက် ခဲရာခဲဆစ်....ရိုးမတောင်တန်းကြီး၏အခြေတွင်
တာဝန်းထမ်းဆောင်နေသော ကောင်းမလေးတစ်ယောက်နှင်. မိတ်ဆက်ပေးနေသည်မှာ ကျနော်.အတွက် မဟာအခွင်.အရေးတစ်ရပ်မို. ယခုလို အားထည်.နေခြင်းဖြစ်ပါ၏။ယခု ကျနော်၏အထူးစီမံကိန်းတစ်ရပ်မှာ 3နှစ်အတွင်းမိန်းမယူနိင်ရန်ဖြစ်၍ ယခုစီမံကိန်းနှင်.ညှိစွန်းနေသောကိစ္စရပ်များအား အချိန်မအားလပ်သည်.ကြားမှ ကျနော်အချိန်ပေးဆောင်ရွက်နေခြင်း
ဖြစ်ကြောင်းလည်းဝန်ခံရပေမည်။နေပြည်တော်ရပ်ဝန်းတွင် မိန်းကလေးချောချောများအလွန်ရှားပါးလှသည်ဟုထင်ပါသည်။နေပြည်တော်တွင်ရောက်ရှိနေသူအများစု မှာ စစ်ဘက်ဝန်ထမ်းအများစုနှင်. အရပ်ဘက်ဝန်ထမ်းများပင်ဖြစ်သည်ဟုထင်သည်။မော်ဒယ်ဂဲလေးများသည်...နေပြည်တော်တွင်အခြေပြုချင်ကြမည်မထင်ပါ။နေပြည်တော်သည် ရန်ကုန်လို
အစစ အရာရာချိန်သားကိုက်ေ၇ွ.လျားတိုးတက်နေသောမြို.တော်မဟုတ်.. စည်ကားချင်ယောင်ဆောင်နေသော မြို.တစ်မြို.သာ ဖြစ်သည်ဟု ကျနော်ထင်ပါသည်။နေပြည်တော်မှာရန်ကုန်မြို.လို. တစ်နေရာမှတစ်နေရာသို.သွားရောက်ရန် လမ်းပန်းဆက်သွယ်ရေးမကောင်းပေ။လိုင်းကားတစ်စီးကိုမျော်နေရသည်မှာ
1နာရီ2နာရီ3နာရီကြာမြင်.သည်.တိုင်အောင် သေချာရောက်လာမည်ဟု အာမခံချက်မရှိပေ။နေပြည်တော်တွင် ကိုယ်ပိုင်ကားရှိသူများနှင်. ကိုယ်ပိုင်ယာဉ်ရှိသူများအတွက်
သာပိုမိုအဆင်ပြေသောမြို.ဟုဆိုလိုချင်ပါသည်။အခြေခံလူတန်းစားတို.အတွက်တော. တစ်နေ.ရှာသောငွေသည် ကယ်၇ီခနှင်.ပင် မလွယ်ရေးချမလွယ်လှ...။
ကျနော် ရှာဖွေနေသော ကျနော်၏ဘ၀အဖော်မွန်လေးနေထိုင်ရာရပ်ဝင်းသို. ရောက်ရှိသောအခါ....တောင်းတန်းကြီးတွေပေါ်မှာ မိုးသားနှင်.လေပြင်းတို. တရိပ်ရိပ်တက်ကျော်လျက်ရှိသည်။
ရင်းထဲမှာလည်းချမ်းစိမ်.စိမ်ခံစားရသည်။ယခု လိုရနံ.မျိုး ဟိုး..... တောင်ပေါ်မြို.ကလေး မိုးကုတ်မြို.မှာ....တောင်းကြီးမှာ (ဒါမှမဟုတ်)ကလောမြို.ကလေး တွေမှာ ယခုလို လတ်ဆတ်အားအင်ပြည်.သော လေသန်.စစ်ကိုရှုရှိုက်ခဲ.ဖူးကြောင်းပြန်သတိတရရှိမိသည်။ ရင်ထဲမှာ ခံစားနေရသော သိင်္ဂါရ ရသများနှင်.မလိုက်ဖက်စွာ တောတောင်ရေမြေသဘာဝတရား
များနှင်.ဆန်.ကျင်လျှက် သူမသည် ကျနော်ရင်ဘတ်အား အနည်းငယ်မျှပင် လာရောက်မရိုက်ခိုက်ရှာပေ...။ကျနော်အောင်မြင်စွာ ဆုတ်ခွါ လာပြီး ကျနော်ဘာတွေလုပ်နေမှန်းမသိ အဓိပ်ပါယ်မဲ.စွာတွေးခေါ်နေမိပြန်သည်။ ချစ်သူတစ်ယောက်(ဒါမှမဟုတ်)ဘ၀လက်တွဲဖော်တစ်ယောက်ကို ကမ္ဘာမြေပေါ်ရှိလူသားတိုင်းမည်သို.ရှာဖွေနေကြသည်ကို ကျနော်မစဉ်းစားတတ်အောင်ပင် ခေါင်းတွေနောက်ကျိလာခဲ.ပြန်သည်။ကျနော် ပူလောင်ရှုပ်ထွေးလွန်းသော လက်တွဲဖော်ရှာဖွေရေးအကြောင်းနှင်.တစ်ခါတစ်လေအထီးကျန်ခြင်းဝေဒနာ
တို.အား ဥပေက္ခာပြုထားလိုက်သည်။ အချစ်လက်မဲ.များသည်အလုပ်လက်မဲ.များလို.အလုပ်အကိုင်အခွင်.လမ်းများများဖန်းတီးမေးယုံဖြင်.အဆင်ပြေသွားမည်.အရာမဟုတ်ကြောင်းလည်း ကျနော် ယခု ခံစားနားလည်မိပြန်သည်။ထုံးစံအတိုင်း အပြန်လမ်းမှာ အစစ အရာအရာ ခြွေတာရသည်။နေ.လည်စာကို တောင်ခြေမှာဖွင်.ထားတဲ. ၀ါးရုံတောထဲမှ ကင်တင်းမှာ ဆိတ်ကလီစာနဲ.လွေးဖြစ်သည်။ဈေးနှုန်းက တစ်ခါပြင်1500ကျပ်ဖြစ်သည်။တောင်ခြေမှနေ တော်ဝင်ကားဂိတ်ထိ ကယ်ရီခ 1500ကျပ်ပေးရသည်။ ထိုတော်ဝင်ကားနှင်.ပင် ပင်လောင်းလမ်းဆုံမှာ ဆင်းပြီး 100တန်ကားစောင်.သည်။ပင်လောင်း မှတ်တိုင်မှာ ဆိုင်ကယ်ကယ်ရီသမားပေါလှသည်။ ကျနော်ချွေတာတဲ.သဘောနဲ.လိုင်းကားပဲစောင်နေမိသည်။1နာရီ
အချိန်ကထိုင်စောင်.နေတာ2နာရီထို.တဲ.အထိ လိုင်းကား အရိပ်အယောင်ပင်ပေါ်မလာသေးချေ။ပျင်းတာနဲ.အနီးအနားရှိ ရေဆင်းဆည်ရေသောက် လယ်ကွင်းများနှင်.ဓာတ်တိုင်များ ၊ ဓာတ်ကြိုးပေါ်ရှိ ခိုနှစ်ကောင်းနှင်.နောက်ခံ ဘက်ဂရောင်း တိမ်မဲများနှင်. မှိုင်းပြပြ တောင်တန်းများကို ကွန်ပိုဆေးရှင်း ဆန်းဆန်းလေးတွေရွေးချယ်ပြီး လက်ကလိ ရိုက်နေသည်။ထိုစဉ်
ကျနော်မမြင်ဖူးသော အမောက်နီတာရဲကြီးများနှင်. ခြေတံရှည်ရှည် နှုတ်သီးရှည်ရှည် ကြက် မတန်းအရွယ်လောက်နှစ်ကောင်အား နိင်လွန်ကြိုးများနှင်.ခြေများကို တုပ်ချည်ပြီးကလေး သေးသေးလေး မှဇောက်ထိုးဆဲါလာပြီး ကျနော်ရပ်နေသောမှတ်တိုင် ထဲ ၀င်ရောက်လာသည်။ ကျနော်ကလေး ပိစိလေး အရပ်နိမ်.နေလို.( ငှက်နှစ်ကောင် ခေါင်းတွေနဲ.
အောက်ခံ ကွန်ကရစ်လမ်းနဲ.ပွတ်တိုက်ဆွဲနေလို.)ကလေးလက်ထဲက ငှက်နှစ်ကောင်ကို ကူယူပေးလိုက်တယ်။နောက်က သူအမေလည်းချွေးသံသရဲရဲနဲ. အထုပ်ကြီးမနိင်မနင်းရွက်လာတာ
ကို လည်းကူချပေးလိုက်မိတယ်။ဆာလာအိတ်ထမြှာ သရက်သီးတွေထင်ပါတယ်။ငှက်နှစ်ကောင်အမောက် တွေကလည်း ကလေး ဒရွတ်တိုက်ဆွဲလာလို. နဂိုရဲနေတဲ.အမောက်တွေက
သွေးတွေပါထွက်နေတယ်။မြင်မြင်ချင်းပဲ ငှက်ကလေးတွေကိုသနားနေမိတယ်။နောက်ပြီး ငှက်ကလေးနှစ်ကောင်က သဘောကောင်းတယ် ကျနော်သူတို.ခေါင်းလေးတွေကိုင်ကြည်.
တာကိုတောင် မဆိတ်ဖူးဗျာ...။ခြေတံရှည်ရှည်လေးနဲ. ဂလန်ဂလား တကယ်.သနားစရာလေး ။သူ.တို.ခြေထောက်တွေကိုနိင်လွန်ကြိုးတွေတုပ်ချည်ထားလိုက်ပုံများ ခြေထောက်တွေထဲ
နိင်လွန်ကြိုးမျှင်လေးတွေပါ ကျွံဝင်နေကြတယ်။ ငှက်ကလေးကနှစ်ကောင် စုံတွဲတွေလားမသိ။ ဆိုက်တူ ဂိုက်တူမို. မောင်နှမတွေလည်းဖြစ်နိင်တယ်လေ။နောက်လင်မယားလည်းဖြစ်နိင်
ပါတယ်။ကျနော် ဘယ်သက်ရှိကိုမှ တုပ်ချည်ထားတာမကြိုက်ပါဘူး ဒါနဲ. ငှက်ပိုင်ရှင်အစ်မကြီးကို ´ ဘာ ငှက်တွေလဲ...´ စတင်မေးမိတယ်။ငှက်ပိုင်ရှင်အစ်မကြီးက ငှက်နာမည်တော.ပြောပါတယ်။(ဒင်ကြီးငှက်နဲ.ဆင်ပါတယ်)ငှက်ပုံကို ကျနော်မမှတ်မိတော.ပါဘူး။လယ်တောတွေထဲမှာကျက်စားကြတာလို.လည်း သူမ ကပြောပြပါတယ်။သူ ယောက်ကျား မနက်က ကွင်းနဲ.မိလာလို.ဖောက်သည်အိမ်သွားပေးမလို.ထပ်ပြောလာလို. ´ ငှက်က တစ်ကောင်ဘယ်လောက်လဲ..´ ကျနော်မေးတော. 1500ကျပ်ပြောပါတယ်။ဒီနေ. ကျနော် ဘာလုပ်လုပ် ဈေးနှုန်းတွေက 1500ချည်းဖြစ်နေတာ အံ.သြမိတယ်ဗျာ။ မနက်က ထွက်လာရခြင်းအကြောင်းကလဲ 1500 ကိစ္စပဲမဟုတ်လား။ ´တစ်ကောင်1000 ထားဗျာ ရမလား ကျနော်လွတ်ချင်လို.ပါ ´´ ( ဒီငှက်တွေက ရှားတယ်...နောက်ဆို လူတွေဖမ်းချက်စားလို. မျိုးတုံးတော.မယ်ထင်ပါတယ်) ပြောတော. ငှက်ပိုင်ရှင် အန်တီက ´ မရဘူးပြောပြန်တယ်။
´´ဒါဆို 2ကောင် 2500ထားဗျာ...500လောက်တော.လျော.နော..´´ 
´´မရလို.ပါ...ဒီနှစ်ကောင်ရောင်းပြီးမှဆန်ဝယ်ရမှာ လျော.လိုက်ရင် ဆန်ဝယ်ဖို.မလောက်လို.ပါ..´´ ဘယ်လိုမှကျနော်ဈေးဆစ်လို.မရ။
´` ရော...3000 ...´ ငှက်ခြေထောက်က ကြိုးတွေဖြေပေး ...
မှတ်တိုင်က ကယ်ရီသမားတွေလည်း ကျနော်တို.ဖြစ်စဉ်တွေကိုကြည်.နေကြတယ်ထင်ပါတယ် ဆိုင်ကယ်ကယ်ရီ တစ်မားတစ်ယောက်ကလဲ ငှက်ကလေးတွေခြေထောက်က ကြိုးတွေ
ကူဖြေပေးပါတယ်။ ကျန်တဲ.လူတွေကတော. ဘာသိဘာသာပဲ ။အသံ တစ်သံတောင် ကယ်ရီသမားတွေထဲကထွက်လာပါတယ်။ ဟအရောင်းအ၀ယ်ဖြစ်တာမြန်လှချည်.လား..သူအသံက
ငှက်ကို သနားတဲ.အသံမဟုတ်ပါဘူး ချက်စားချင်တဲ. အသံလို. ကျနော်သံသယ ၀င်မိလို. လယ်ကွင်းထဲရောက်အောင်ဆင်းလွတ်ဖို.ကြိုးစားရပါတယ် ရေမြောင်းတွေကလည်းရှိနေတော.
တော်တော်ကသီပါတယ်...ကယ်ရီသမားတစ်ချို.ကတော. ကျနော်ငှက်လွတ်တဲ.ဘက် မှတ်တိုင်ကရပ်ကြည်.နေကြပါတယ်....။လယ်ကန်သင်းစပ်က ထိကနွမ်းခြုံနဲ.မြက်တောနားငှက် နှစ်
ကောင်ကို အတူတူပျံ့နိင်အောင် ရှေ.တူရှု မျက်နှာမူပြီးချလိုက်တော. ငှက်တွေက မပျံနိင်တော.ဘူး ကျနော်အထင် ကြိုးတွေနဲ.တုပ်ချည်ထားလို. ခြေထောက်တွေ ပျော.ခွေနေ
တယ်ထင်ပါတယ်နောက်ပြီး အစာနဲ.ရေ လည်းမ...စားရလို. အားပြတ်ကုန်ခမ်းနေတာလည်းဖြစ်နိင်ပါတယ်။တစ်ကောင်ကတော. နှုတ်သီးနဲ.ခြစ်ပြီး ဒရွတ်တိုက် ခြုံထဲ ကြိုးစားတိုးနေပါတယ်
ကျနော်အဆောင်ယူပြီး လွတ်မယ်ဆိုတော.လည်း လယ်ကွင်းတွေမရှိဘူးဗျာ...ကျနော် ဒွိဟ ဖြစ်နေတုန်းမှတ်တိုင်က ငှက်ရောင်းတဲ. အန်တီက `` ဟဲ.ကောင်လေး လိုင်းကားလာပြီ..´´
အော်သံကြားတော. ကျနော်ငှက်တွေဒီတိုင်းတောစပ်မှာထားပြီး လိုင်းကားပေါ်ပြေးတက်လာမိတယ်။အဲဒီမှာ မှတ်တိုင်ကလူတွေက ငှက်ကလေး ပျံနိင်လားမေးပါတယ်...။ကျနော်လည်းလိမ်ပြောရတာပေါ. တောထဲတော.ပြေးဝင်သွားတာလို.ပေါ. ။ကားပေါ်ရောက်တော. အတွေးတွေက မပြတ်ဘူး ကယ်ရီသမားတွေထဲက တစ်ယောက်
ယောက်များ ငှက်ကလေးမပျံနိင်ကိုသိပြီး ကောက်ယူကြော်စားမလားပေါ.။ငှက်ပိုင်ရှင် သားအမိကတော. ကျနော်နဲ.အတူလိုင်းကားပေါ်မှာပါလာတယ်လေ။ဘာဖြစ်ဖြစ် ငှက်ကလေးတွေ
တစ်ရက်လောက်အသက်ရှင်ရှင်ရင် ကျေနပ်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...