Sunday, June 17, 2012

နိုင်ငံရေးလုပ်ကြံမှု ၊ စိတ်ဒဏ်သင့်ခြင်းနှင့် သမိုင်းဇာတ်လမ်းအဆောက်အအုံ


by မင်းခက်ရဲ (Min Khet Ye) on Saturday, June 16, 2012 at 9:59pm ·

            ဒီဆောင်းပါဟာ နိုင်ငံရေးလုပ်ကြံမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ စိတ်ဒဏ်သင့်ခြင်း ၊ လူ့အဖွဲ့အစည်းရဲ့ သမိုင်းဇာတ်လမ်းအဆောက်အအုံထဲမှာ ဒီစိတ်ဒဏ်သင့်ခြင်းဟာ ပုံဏ္ဌာန်တစ်ရပ်အနေနဲ့ အစားထိုး ၀င်ရောက်လာပုံတွေကို ကိုင်တွယ်ထားတဲ့ ဆောင်းပါးပါ ။ အဓိက အခြေခံလေ့လာထားတာက မာတင်လူသာကင်း ၊ ရောဘတ်ကနေဒီ ၊ နောက်ဆွီဒင်က အမ်နာလင်ဒ်(Anna Lindh)၊ နယ်သာလန်က သီအိုဗန်ဂေါတို့ပါပဲ ။ နိုင်ငံရေးလုပ်ကြံ မှုကို ယဉ်ကျေးမှုဆိုင်ရာလေ့လာမှုပညာ(Cultural Studies) ရှုထောင့်ကနေ လေ့လာထားတာဖြစ်တယ် ။
နိုင်ငံရေးလုပ်ကြံမှုဆိုတာဘာလဲ ။

            နိုင်ငံရေးလုပ်ကြံမှုတွေ အကြောင်းပြောတဲ့ အခါကျွန်တော်တို့ ပထမဆုံးစလုပ်သင့်တာက ဘယ်လိုအဖြစ်အပျက် မျိုးကိုမှ နိုင်ငံရေးလုပ်ကြံမှုလို့ ခေါ်တာလဲ ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးကို ရှာဖွေကြည့်ဖို့ပဲ ။ အမေရိကန် ကွန်မစ်ရှင်က တော့ နိုင်ငံရေးလုပ်ကြံမှုမှာ တစ်ခုနဲ့တစ်ခုယှက်နွယ်နေတဲ့ အကြောင်းအရာသုံးခုပါဝင်တယ်လို့ ဖွင့်ဆိုတယ် ။
၁။ထင်ရှားတဲ့ နိုင်ငံရေးခေါင်ဆောင်ကို ဦးတည်မယ် ။
၂။ လုပ်ကြံသတ်ဖြတ်ခြင်းမှာ နိုင်ငံရေးရည်ရွယ်ချက်ပါဝင်ရမယ် ။
၃။  လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးသွားရင် ဒါမှမဟုတ် လွတ်မြောက်သွားရင် နိုင်ငံရေးအရ ကြီးမားတဲ့ အကျိုးသက်ရောက်မှုဖြစ်ပေါ်လာရမယ် ။
            မူရေးဟဗန်းရဲ့ ဖွင့်ဆိုချက်တစ်ခုမှာတော့ နိုင်ငံရေးရည်ရွယ်ချက်အတွက် တစ်သီးပုဂ္ဂလလူသားကို ဥပဒေအပြင် ဘက်ကနေ ရည်ရွယ်ချက်ရှိရှိလုပ်ကြံသတ်ဖြတ်ခြင်းရယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုတယ် ။  နိုင်ငံရေးလုပ်ကြံမှုတွေ အပေါ်လေ့လာတဲ့ သီအိုရီအမျိုးမျိုးရှိတယ် ။ စုံစမ်းထောက်လှမ်းရေးအခြေခံသီအိုရီရှုထောင့်တွေဟာလည်း နိုင်ငံရေးလုပ်ကြံမှုကို ရှင်းလင်းပြရာမှာ အားကိုးအားထားပြုရတဲ့ သီအိုရီပါပဲ ။ ရောဘတ်ကနေဒီကို လုပ်ကြံသတ်ဖြတ်မှုကို စုံစမ်းပြီးတဲ့ အခါမှာ  လော့စ်အိန်ဂျလိစ်ရဲဌာနက လုပ်ကြံသူ ဆာဟန် ဆာဟန်ဟာ ၁။ သတ်ဖြတ်ဖို့နည်းလမ်းရှိတယ် ။ အကြောင်းက ခြောက်လုံးပြူးသေနတ်နဲ့ ရှစ်ချက်တိတိ ပစ်ခေတ်တယ် ။ ၂။ သတ်ဖြတ်ရတဲ့ အကြောင်းအရင်း ၀ါ စေ့ဆော်မှုရှိတယ် ။ သတ်သေအထောက်အထားတွေအရ သူဟာ ရောဘတ်ကနေဒီကို မုန်းတီးနေတယ် ။ ရောဘတ်ကနေ ဒီထံကို ၀င့်ဝါတဲ့ ဟန်ပန်တစ်ခွဲသားနဲ့ လမ်းလျှောက်သွားတယ် ။                                                                                      ဆာဟန်အပေါ်တရားစွဆိုမှုမှာ သူ့ရှေ့နေတွေက ဆာဟန်ကိုဓါတ်ငွေ့လွှတ်သေဒဏ်ပေးခြင်းကနေ လွတ်အောင် ကြိုးစားတယ် ။ တရားခွင်မှာ သူတို့အဓိကလုပ်ရတာက  “စွမ်းရည်လျော့နည်းခြင်း ” ကိုသိသာအောင်ထုတ်ပြရတာပဲ ။ စွမ်းရည်လျော့နည်းခြင်းဆိုတာ သူ့ရဲ့ တရားခံကို သေနတ်နဲ့ ပစ်ခေတ်စဉ်မှာ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းမရှိ ဖြစ်နေတယ်ဆိုတာကို ထုတ်ဖော်ပြသရတာပဲ ။ သတ်သူရော ၊ လုပ်ကြံခံရသူနှစ်ဦးစလုံး စကားများရန်ဖြစ်သွားတဲ့ အခြေအနေ အောက်မှာမရှိဘဲ ဖြစ်သွားတယ် ။ လူသတ်သမားဟာ သူရဲ့ လုပ်ကြံမှုအခြေအနေအတွင်းကစိတ်ခံစား ချက်အရသာ ပြုမူသွားတယ်လို့ လျောက်ထားတယ် ။ လျောက်ထားချက်ကနေ ကျွန်တော်တို့ဟာ နိုင်ငံရေးလုပ်ကြံမှုဆိုတာ ဘာလဲဆိုတာကို သီအိုရီထုတ်ကြည့်နိုင်တယ် ။ေ၇ှ့နေ့အဖွဲ့လျောက်ထားပုံက သူတို့ရဲ့ အမှုသည်ဟာ နိုင်ငံရေးသမား တစ်ဦးကို သတ်ဖြတ်ခဲ့တယ် ။ ဒါကြောင့်လုပ်ကြံမှုလို့ ခေါ်နိုင်တယ် ။  ဒါပေမယ့် လုပ်ကြံတဲ့ အချိန်မှာ သူဟာ ကိုယ့်ကိုယ်ကိုယ် အပြည့်အ၀ထိန်းချုပ်နိုင်တဲ့ အခြေအနေမှာ မရှိဘူး ။ ဒါကြောင့် ဥပဒေရှုထောင့်ကနေကြည့်ရင် သူဟာ နိုင်ငံရေးအရလုပ်ကြံသူတော့ မဟုတ်ဘူးလို့ လျောက်တယ် ။ ဒီအမြင်ဟာ နိုင်ငံရေးအရလုပ်ကြံမှုဆိုတာဘာလဲ ဆိုတဲ့ နေရာမှာ ပထမအမြင်သုံးရပ်နဲ့ အတိုင်းအတာတစ်ခုအထိကွဲလွဲသွားပုံတွေကိုတွေ့နိုင်တယ် ။                        
ဘာကြောင့်နိုင်ငံရေးလုပ်ကြံမှုတွေ ပေါ်ပေါက်လာရသလဲ ။
            ကြောင်းကျိုးဆင်ခြင်မှုအခြေခံ ရွေးချယ်မှု သီအိုရီ (rational choice theory) ကနေကြည့်ပြီး ပြောရရင်တော့ နိုင်ငံရေးလုပ်ကြံမှုပေါ်ပေါက်လာတဲ့ အကြောင်းအရင်းက ၁။ အခွင့်အလမ်း ၂။ လုပ်ကြံဖို့ရာနည်းလမ်းနဲ့ အခွင့်အရေး ၊ ၃။ လုပ်ကြံသူအပေါ်စေ့ဆော်မှုတွန်းအားဆိုတဲ့ အခြေခံသုံး၇ပ်ကြောင့် ပေါ်ပေါက်လာတာပဲ ။ ဒါပေမယ့်  ဒီသုံးခုကိုပဲ တရားသေတွက်ကြည့်လို့မရပါဘူး ။လုပ်ကြံသူလတ်တလောရမယ့် အရာတွေနဲ့လည်း ဆက်စပ်ပြီးစဉ်းစားပေးရတဲ့ သဘောရှိတယ် ။ အမေရိကန်ပြည်ထောင်စုဟာ အကြမ်းဖက်မှုများသလို၊ အကြမ်းဖက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေလည်းများတယ် ။ အမေရိကန်မှာ လူမှုရေးနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ကိုင်တွယ်ပုံက ကြမ်းတမ်းတယ် ။ အဲဒီလိုကိုင်တွယ်ပုံကြောင့် လူအများစုဟာ အကြမ်းဖက်မှုရဲ့ တန်ဖိုးစံတွေကို ကိုင်စွဲလာလေ့ရှိတယ် ။ ဒါကြောင့်လည်း အကြမ်းမှုရဲ့ တန်ဖိုးစံတစ်ရပ်နေနဲ့ နိုင်ငံရေးလုပ်ကြံမှုတွေဟာ အမေရိကမှာ ထွန်းကားလာတယ် ။                                      ကြောင်းကျိုးဆင်ခြင်မှုအခြေခံရွေးချယ်မှုသီအိုရီအရ နိုင်ငံရေးလုပ်ကြံမှုတွေဟာ ကြောင်းကျိုးဆင်ခြင်မှုရှိရှိ တွက်ချက်ပြီးမှ လိုချင်တဲ့ အဆုံးသတ်ကိုရောက်အောင် နည်းလမ်းကို အသေအချာရွေးချယ်ပြီးလုပ်လေ့ရှိတယ်လို့ မြင်တယ် ။ ဒါပေမယ့် အမေရိကန်ကော်မရှင်ရဲ့ အမြင်အရ အမေရိကန်မှာ နိုင်ငံရေးအရ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေကို လုပ်ကြံသတ်ဖြတ်မှုဟာ လူမှုရေး၊ နိုင်ငံရေးပြောင်းလဲမှုကို ဖော်ဆောင်ဖို့အတွက် လုပ်ဆောင်လေ့ရှိတဲ့ အရာလို့တော့ မသတ်မှတ်နိုင်ဘူး ။ တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်အရ အမေရိကန်သမ္မတတွေကို လုပ်ကြံခဲ့တဲ့လူတွေဟာ စိတ်ပိုင်းဆိုင်ရာ အရ ချို့ယွင်းနေတဲ့သူချည်း ဖြစ်နေပြန်ရော။ ကြောင်းကျိုးဆင်ခြင်မှုရှိရှိနဲ့ တွက်ချက်ပြီးသတ်ဖြတ်ခဲ့တာမျိုးမဟုတ်ဘူး ဖြစ်နေတယ်။ ဒီလို အခြေအနေမျိုးကို ဘယ်လိုလုပ်ပြီး  “နိုင်ငံရေးလုပ်ကြံမှုတွေဘာကြောင့် ပေါ်လာသလဲ ” ဆိုတာကို ရှင်းပြမလဲဆိုတာဟာလည်း ပြဿနာတစ်ရပ်ပဲ ။ ဒါဟာ တရားရုံးတွေကဆုံးဖြတ်သလို တစ်သီးပုဂ္ဂလူသားတစ်ယောက်မှာ သာ ရှောင်တခင်ပေါ်ပေါက်လာတဲ့ စိတ်ရူးပေါက်မှုအဖြစ်ပဲ သတ်မှတ်မလား ။ တစ်ချိန်တည်းမှာ သတ်ဖြတ်သူရဲ့ တစ်သီးပုဂ္ဂလဘ၀နဲ့ ဆက်စပ်နေတဲ့ လူမှုရေး နိုင်ငံရေးအဆက်အစပ်တွေရဲ့ မတည်ငြိမ်မှုတွေ ၊ သမိုင်းဆိုင်ရာ အခြေအနေ တွေ မတည်မငြိမ်လှုပ်ရှားနေတဲ့ ကာလမှာမှ ဖြစ်ပေါ်နေတာကိုလည်း တွေ့နေရပြန်ရော ။ တစ်သီးပုဂ္ဂလလူသားရဲ့ စိတ်ရူးပေါက်မှုသက်သက်တော့ မဟုတ်တန်ရာဘူးဆိုတာကိုလည်း အထင်းသားတွေ့နိုင်တယ် ။                                          နိုင်ငံရေးလုပ်ကြံမှုတွေ ဘာကြောင့်ပေါ်ပေါက်လာသလဲဆိုတာကို ဘယ်လိုရှင်းပြနိုင်သလဲ လို့မေးခွန်းကတော့ ထုတ်ရမှာပဲ ။ လုပ်ကြံသူရဲ့ရည်ရွယ်ချက်သာမကဘူး ၊ အဲဒီလို ရည်ရွယ်ဖြစ်ပေါ်လာအောင် ဖန်တီးပေးထားတဲ့ အခြေအနေ နဲ့ သူရရှိမယ့် အခွင့်အလမ်းတွေအရ ရှင်းပြနိုင်တယ် ။ တနည်းအားဖြင့် နိုင်ငံရေးလုပ်ကြံမှုတွေ ဘာကြောင့်ဖြစ်လာသလဲ လို့ ဆိုရရင  နိုင်ငံရေးလုပ်ကြံမှုကို လုပ်တဲ့ သူဟာ သူလုပ်နေတာဟာ အဓိပ္ပာယ်ပြည့်ဝတဲ့ ကြောင်းကျိုးဆင်ခြင်မှု အပြည့်နဲ့ လုပ်နေတာပါဆိုတဲ့ သဘောမျိုးသက်ရောက်အောင် ဖြစ်ပေါ်နေတဲ့ အခြေအနေမျိုးအတွင်းမှာ ဖြစ်ပေါ်လာလေ့ ရှိတယ် ။                                                                                                                                                               ဒါကြောင့် နိုင်ငံရေးလုပ်ကြံမှုဘာကြောင့်ဖြစ်ပေါ်လာသလဲ ဆွေးနွေးနိုင်ဖို့အတွက် ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးလုပ်ကြံမှု တွေကနေပြီ သီအိုရီပညာရှင်တွေက လုပ်ကြံသူရဲ့ သဘောထားနဲ့ လူမှုရေးအဆက်အစပ်ကို ပြန်တည်ဆောက်ပြီး သီအိုရီထုတ်ဖို့ ကြိုးစားကြည့်ကြပြန်ရော ။ အဆက်အစပ်ကိုလေ့လာစမ်းစစ်ကြတဲ့ ဆိုပေမယ့်  လုပ်ကြံသူရဲ့ သဘာဝဆီကို ကို အခြေခံထားတဲ့ အဆက်အစပ်မျိုးနဲ့ ချည်းကပ်ကြတာကိုတွေ့ရမယ် ။ ချည်းကပ်ကြတဲ့ ရည်ရွယ်ကတော့ နိုင်ငံရေးလုပ်ကြံမှုတွေ မပေါ်စေချင်ရင် အဲဒီလို လက္ခဏာရှိတဲ့ လူတွေအကြောင်းကို ကြိုတင်လေ့လာရမယ် ။ ဒါမှမဟုတ် လူတွေမှာ အဲဒီလိုလက္ခဏာတွေ ဖြစ်ထွန်းလာနိုင်တဲ့ လူမှုရေးအခြေအနေမျိုးတွေမှာ သတိထားနေရမယ်ဆိုတာ လောက်အထိသာ ရည်ရွယ်တယ် ။ ဒါကြောင့် ခေတ်သစ်ရဲတွေရဲ့ လေ့လာမှုမှာ လုပ်ကြံသူရဲ့ ရာဇ၀င်ကို ပြန်တည်ဆောက် ဖို့ ကြိုးစားကြတယ် ။ ပြီးတော့မှ ဒီလိုလူမျိုးကိုမွေးဖွားပေးလိုက်တဲ့ ပတ်ဝန်းကျင်အဆက်အစပ်ဟာ ဘယ်လို အဆက်အစပ်မျိုးလဲ ဆိုတာကိုလေ့လာတယ် ။ ဒီလိုလေ့လာထားတဲ့လက်ရာတစ်ခုမှာ-
“သမ္မတကနေဒီလုပ်ကြံခံရပြီးတဲ့နောက်မှာ  နောက်ထပ်ပေါ်ပေါက်လာမယ့် လုပ်ကြံသူရဲ့ ပုံစံဟာ အရပ်ပုပုနဲ့ ခပ်ပိန်ပိန် လူမျိုးဖြစ်မယ် ။ နိုင်ငံခြားမှာမွေးမယ် ။ အိမ်ထောင်ကွဲတဲ့ မိသားစုကနေလ်ာမယ် ။ အများအားဖြင့် အဖေက ပစ်သွားတာ ၊ ဒါမှမဟုတ်ကလေးအပေါ်တာဝန်မယူတော့တဲ့ အိမ်ထောင်မျိုးဖြစ်မယ် လို့ ကြိုတင်မှန်းဆလာနိုင်တယ် ။ အဲဒီလုပ်ကြံသူ ဟာ  တစ်ကိုယ်တည်းနေထိုင်သူ ၊ အိမ်ထောင်မရှိသူ၊ မိန်းခလေးသူငယ်ချင်း ရည်းစား သတ်သတ်မှတ်မှတ်မရှိတဲ့ သူ၊ အလုပ်အကိုင်ကို တစ်နှစ်နဲ့ သုံးနှစ်ကြာလောက်သာ စွဲမြဲပြီး အမြဲပြောင်းရွေ့လုပ်ကိုင်တတ်သူ ၊ လုပ်ကြံခါနီးမှာ အလုပ်လက်မဲ့နဲ့ လမ်းပေါ်လေလွင့်နေတဲ့ အခိုက်မျိုးရှိနေတတ်သူမျိုးပဲ ။ အဲဒီသူဟာ သူ့ကိုယ်သူလည်း နိုင်ငံရေး ဘာသာရေး လှုပ်ရှားမှုတွေနဲ့ ထပ်တူစွဲထားတယ် ။ ဒီလိုလှုပ်ရှားမှုတွေ ဖြစ်ပေါ်လာစေမယ့် ပုံစံတွေနဲ့ သူ့ရဲ့ လုပ်ကြံမှုဟာ ဆက်စပ်နေတယ်လို့လည်း ယုံကြည်တယ် ။ နိုင်ငံရေး ဘာသာရေးလှုပ်ရှားမှုကြီးဖြစ်မယ့် အကြောင်းတရားနဲ့ ဆက်စပ်ပြီး ထပ်တူစွဲပြီး လုပ်ကြံခြင်းဟာ အဲဒီလိုလှုပ်ရှားမှုအတွက် အစိတ်အပိုင်းတစ်ရပ်လို့ ယုံကြည်သူမျိုးဖြစ်တယ် ”
            ရဲတွေရဲ့ အထက်ပါ သီအိုရီဟာ ရောဘတ်ကနေဒီကို လုပ်ကြံသူ ဆာဟန်ရဲ့ ပုံစံနဲ့ တိတိကျကျတူညီတာကို တွေ့၇မယ် ။ တစ်ချို့ရှုထောင်တွေမှာ မာတင်လူသာကင်း ၊ အမ်နာလင့်ဒ် နဲ့ သီအို ဗန်ဂေါ့တို့ကို လုပ်ကြံသူတွေနဲ့လည်း တူတယ် ။ ဒီအချက်တွေဟာ အုပ်စုလိုက်လုပ်ကြံသတ်ဖြတ်သူ ၊ အုပ်စုလိုက်လုပ်ကြံသတ်ဖြတ်ဖို့ရာ အနောက်ကနေ ကြိုးကိုင်လှုပ်ရှားတဲ့ သတ်ဖြတ်သူတွေအတွက် မဟုတ်ဘူး ။ နိုင်ငံရေးခေါင်းဆောင်တွေကို တစ်ကိုယ်တည်း လုပ်ကြံသတ် ဖြစ်သူတွေရဲ့ ပုံစံတွေသာဖြစ်တယ် ။ ဒီလို လူတွေဟာ လူ့အဖွဲ့အစည်းနဲ့ ကင်းကွာနေတဲ့ စိတ်အခြေအနေရှိပြီး လုပ်ကြံသတ်ဖြတ်မှုကြောင့် လူထုရဲ့ အသိအမှတ်ပြုမှုကို ရရှိလာမယ်လို့ ခံစားမိသူတွေပဲ ။ ဒါကြောင့်လည်း အမ်နာ လင့်ဒ်ကို လုပ်ကြံသူနဲ့ ပတ်သတ်ပြီး သူမရဲ့ အမှုကိုစုံစမ်တဲ့ရဲအရာရှိက “ သူမကိုလုပ်ကြံသတ်ဖြတ်သူက အမ်နာလင့်ဒ်ကို သတ်ခြင်းအားဖြင့် သူ့အပေါ်နားလည်မပေးဘူးလို့  လူ့အဖွဲ့အစည်းကို အကျိုးကျေးဇူးဖြစ်အောင် ပြန်ပေးဆပ်ရာကြမယ်။လို့ ယုံကြည်သူပဲ ။ အမ်နာလင့်ဒ်ကို ဓါးနဲ့ ထိုးတာကိုက သူ့ရဲ့ ချည်တုံချတုံဖြစ်နေတဲ့ စိတ်ကို ပြတယ် ” လို့ ဆိုတယ် ။ ဒီနေရာမှာ လုပ်ကြံသူက သူလုပ်ကြံလိုက်တာ သူ့အတွက်အကျိုးအမြတ်တစ်ခုခု ရမယ်လို့ မျှောင်လင့်တာမဟုတ်တော့ဘူး ။ ဒါကို  ဂျန်နဗစ်က “နိုင်ငံရေးဆိုင်ရာ တွန်းအား” ကြောင့်လုပ်တာလို့ သုံးတယ် ။ သဘောကတော့ ဒီနိုင်ငံရေးခေါင်းဆောင် ကို လုပ်ကြံလိုက်ရင်တော့ နိုင်ငံရေးဆိုင်ရာ ပြောင်းလဲမှုကို ပိုမိုချဲ့ထွင်နိုင်မယ်လို့ ယုံကြည်တာကြောင့်လုပ်တဲ့အတွက် နိုင်ငံရေးဆိုင်ရာ တွန်းအားလို့ သုံးတာပဲ ။ ဒါကြောင့် ဒီနေရာမှာ စေ့ဆော်မှုတွန်းအားဟာ ပုဂ္ဂလိကသဘောမဆောင်တော့ ဘူး ။ လုပ်ကြံသူက သူ့ကို အဓိပ္ပာယ်ရှိတဲ့ လူတစ်ယောက်အနေနဲ့ အသိအမှတ်ပြုခံရမှာကို မျှော်လင့်တဲ့စိတ် ။ ဘေး ဖယ်ထုတ်ခံရတဲ့ ကံဆိုးမှုတွေကနေ  သူဟာ တစ်စုံတစ်ယောက်ပါလို့ သိနားလည်လာတဲ့ စိတ်အခြေခံနဲ့ လုပ်တာပဲ ။                         ပြန်လေ့လာကြည့်ရင် တစ်ကိုယ်တော်နိုင်ငံရေးလုပ်ကြံသူတွေဟာ စည်းအပြင်ကလူတွေဖြစ်နေတတ်တယ်။ ရောဘတ်ကနေဒီကို လုပ်ကြံသူဆာဟန်ဟာလည်း ပါလက်စတိုင်း ဒုက္ခသည်ပဲ ။ သူ့ငယ်ဘ၀မှာ စိတ်ဒဏ်သင့်မှု  ခံစားခဲ့ရတယ် ။ အဲဒီလို စိတ်ဒဏ်သင့်မှု ဟာ ဆာဟန်ဘက်က ခုခံချေပပေးသူရှေ့နေအတွက် အဓိကလျောက်လွှဲချက်ဖြစ်လာခဲ့တယ် ။ ပါလက်စတိုင်းမှာ ဘာဖြစ်ခဲ့သလဲဆိုတာကို လူသိရှင်ကြားဖော်ပြပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားချင်ကြသူတွေကလည်း ဒီအမှုထဲ ၀င်ပါလာကြပြန်ရော ။ ဒီအချက်လေးကို ကြည့်၇င် နိုင်ငံရေးလုပ်ကြံမှုတစ်ခုရဲ့ အကျိုးသက်ရောက်မှုဟာဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတာကိုပါ မြင်ကြည့်နိုင်တယ် ။ ဒီဆောင်ပါးမှာ အဓိကပြောချင်တာက နိုင်ငံရေးလုပ်ကြံမှုကြောင့် ဖြစ်ပေါ်လာတဲ့ ယဉ်ကျေးဆိုင်ရာ စိတ်ဒဏ်သင့်မှု (Culturla trauma) အကြောင်းပဲ ။ ယဉ်ကျေးမှုဆိုင်ရ စိတ်ဒဏ်သင့်မှုဆိုတာ လူ့အဖွဲ့အစည်းတစ်ခုဟာ နိုင်ငံရေးလုပ်ကြံမှု ပေါ်ပေါက်လာပြီးတဲ့ အခါ အဲဒီထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်ကနေ ပေးလိုက်တဲ့ အဓိပ္ပာယ်ပေါင်းများစွားကြားထဲမှာ တစ်ခုခုကို ဆုပ်ကိုင်မိဖို့ ရုန်းကန်ရင်းဖြစ်ပေါ်လာတဲ့ စိတ်ဒဏ်သင့်မှုမျိုးပဲ ။ လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် ရှုပ်ထွေးလှတဲ့ အဓိပ္ပာယ်တွေကြားရုန်းကန်နေရတာဟာ ရေတိုရော ၊ ရေရှည်ပါသက်ရောက်လာနိုင်တယ်။                        
နိုင်ငံရေးလုပ်ကြံမှု အကျိုးဆက်အမျိုးမျိုး
             နိုင်ငံရေးဆိုင်ရာလုပ်ကြံမှုဆိုတာဘာလဲ ၊ နိုင်ငံရေးဆိုင်ရာလုပ်ကြံမှုတွေ ဘာကြောင့်ဖြစ်တာလဲဆိုတာကို အတိုင်းအတာတစ်ခုအထိ ရှင်းပြနိုင်ပေမယ့် နိုင်ငံရေးလုပ်ကြံမှုရဲ့ အကျိုးဆက်တွေကိုတော့ ရှင်းပြဖို့ရာခဲယဉ်းတယ် ။ အထက်ပါနိုင်ငံရေးခေါင်းဆောင်လေးဦးကို လုပ်ကြံလို့ဖြစ်ပေါ်လာတဲ့ အကျိုးဆက်နဲ့ ပထမကမ္ဘာစစ်မတိုင်မှီက အိမ်ရှေ့မင်းသာ ဖာဒီနန်ကိုလုပ်ကြံမှုကြောင့်ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကို နှိုင်းယှဉ်ကြည့်ပါ ။ ကျွန်တော်တို့ အနေနဲ့ ယနေ့မှာ မာတင်လူသာကင်းရဲ့ နိုင်ငံရေးအရေးပါမှုဟာ ဘယ်လောက်အတိုင်းအတာအထိကြီးမားသလဲဆိုတာ သိကြတယ် ။ ဒါပေမယ့်  သူ့လောက်နိုင်ငံရေးအပေါ်ထည့်ဝင်နိုင်စွမ်းမရှိတဲ့ အိမ်ရှေ့မင်းသား ဖာဒီနန်အပေါ်လုပ်ကြံမှုနဲ့ ပဲ ယှဉ်ကြည့်ပါ ။ ဖာဒီနန်လုပ်ကြံခံရမှုရဲ့ နိုင်ငံရေးအကျိုးဆက်ဟာ မာတင်လူသားကင်ထက်ပိုပြီး အကျိုးသက်ရောက်မှု အများကြီးမြန်ဆန်တာကိုတွေ့ရမယ် ။ ဒီသဘောကိုလည်း ကြောင်းကျိုးဆင်ခြင်မှုအခြေခံ ရွေးချယ်မှုသီအိုရီနဲ့ ရှင်းပြလို့ ရတယ် ။ တနည်းအားဖြင့် ဒီမိုကရေစီနိုင်ငံတွေမှာ နိုင်ငံရေးခေါင်ဆောင်ကို လုပ်ကြံမှုကြောင့်ဖြစ်ပေါ်လာတဲ့ ၀ရုန်းသုန်းကား နိုင်မှုထက် ဘုရင်စနစ်သုံးတဲ့ သြစတြီးယား ဟန်ဂေ၇ီတို့လို နိုင်ငံရေးစနစ်အတွင်းလုပ်ကြံသတ်ဖြတ်မှုက ပိုပြီး ကြီးမားတဲ့ သက်ရောက်မှုရှိတယ်လို့လည်း မြင်ကြည့်နိုင်တယ် ။ ဒါပေမယ့် ဒီအမြင်ဟာ နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေးနဲ့ နိုင်ငံရေးလုပ်ကြံမှုတွေကို ကျဉ်းမြောင်းတဲ့ နိုင်ငံရေးစနစ်အတွင်းက ကြည့်တယ်ဆိုတာ သိသာထင်ရှားတယ် ။                                    သမိုင်းနဲ့ယဉ်ကျေးမှုဆိုင်ရာ အချင်းအရာတွေပါထည့်တွက်ပြီးကြည့်မယ်ဆိုရင်တော့ ဖာဒီနန်နဲ့ ရောဘတ်ကနေဒီ တို့အပေါ် လုပ်ကြံမှုတွေကနေပဲ မြင်ကြည့်နိုင်တာက  နိုင်ငံရေးလုပ်ကြံမှုရဲ့ တန်ဖိုးကိုယ်၌က ပြောင်းလဲသွားတဲ့ သဘောရှိ တယ် ။ ဒါပေမယ့် တစ်ဖက်မှာလည်း နိုင်ငံရေးကို တိုက်ရိုက် သက်ရောက်သွားမယ့် အကျိုးသက်ရောက်မှုရဲ့ အားက သာလျင်နည်းပါးသွားတာပါ ၊ လူ့အဖွဲ့အစည်းအပေါ်သက်ရောက်တဲ့ ယဉ်ကျေးမှုဆိုင်ရာ အဓိပ္ပာယ်တွေနဲ့ ရှုပ်ထွေးမှုတွေက တော့ ငြင်းပယ်လို့မရဘူး ။ လူထုမီဒီယာနဲ့ ကိုယ်စားပြုမောင်နှင်နေတဲ့ခေတ်ကြီးမှာ ယဉ်ကျေးမှုဆိုင်ရာသွင်ပြင်တွေရဲ့ ထိရောက်မှုက မသေးတော့ကာ လူ့အဖွဲ့အစည်းမှာ ယဉ်ကျေးမှုဆိုင်ရာ စိတ်ဒဏ်သင့်မှုတစ်ရပ်ဟာ အမြဲလိုလို စွဲကပ်ပါ ရှိနေတယ်ဆိုရမယ် ။ နိုင်ငံရေးဆိုင်ရာလုပ်ကြံသတ်ဖြတ်မှုအပေါ်မှာဆွေးနွေးတော့မယ်ဆိုရင် ဒီလုပ်ကြံမှုဟာ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်အတွင်း မီဒီယားတွေကနေတစ်ဆင့် ယဉ်ကျေးမှုသွင်းပြင်ထဲမှာ လူ့အဖွဲ့အစည်းပေါ် ဖန်တီး တည်ဆောက်ပုံတွေကိုပါဆွေးနွေးရမယ် ။ ထပ်ပြီးပြောရရင် ခုဆောင်ပါးမှာ နိုင်ငံရေးလုပ်ကြံမှုကြောင့် ဖြစ်လာတဲ့  ယဉ်ကျေးမှုဆိုင်ရာ စိတ်ဒဏ်သင့်မှုအကြောင်းကိုဖော်ပြထားတယ် ။ နိုင်ငံရေးလုပ်ကြောင့်မှုကြောင့် ထွက်လာတဲ့ အဓိပ္ပာယ်တွေကြားထဲမှာ လူ့အဖွဲ့အစည်းဟာ အဓိပ္ပာယ်တစ်ရပ်ရပ်ကို ဖမ်းဆုပ်မိနိုင်အောင် ခက်ခက်ခဲခဲရုန်းကန်ရင်းကနေ ယဉ်ကျေးမှုဆိုင်ရာ စိတ်ဒဏ်သင့်မှုဖြစ်လာတာပါ ။ နိုင်ငံရေးလုပ်ကြံမှုဟာ လူ့အဖွဲ့အစည်းအစုအပေါင်းကိုသာလာထိခိုက် နေတာမဟုတ်ဘဲ တစ်သီးပုဂ္ဂလလူသားရဲ့ သီးခြားအမှတ်လက္ခဏာကိုပါလာပြီးထိခိုက်နေတာဖြစ်တယ် ။
ယဉ်ကျေးမှုဆိုင်ရာ စိတ်ဒဏ်သင့်မှုဆိုတာဘာလဲ
            စိတ်ဒဏ်သင့်မှုဆိုတာကတော့ ကျွန်တော်တို့ ဖရွိုက်ဆီကနေ  အတော်ကလေးကြားဖူးကြပါတယ် ။  အဲဒီ စိတ်ဒဏ်သင့်မှုဟာ ဘယ်လိုလုပ်ယဉ်ကျေးမှုဆိုင်ရာ စိတ်ဒဏ်သင့်မှုဖြစ်လာသလဲ ။      ယဉ်ကျေးမှုဆိုင်ရာ စိတ်ဒဏ်သင့်မှု ဆိုတာဘာလဲဆိုတာကို တန်းမဖြေဘဲနဲ့  စိတ်ဒဏ်သင့်မှုကနေ တစ်ဆင့် ဘယ်လိုလုပ် ယဉ်ကျေးမှုဆိုင်ရာ စိတ်ဒဏ်သင့်မှုဖြစ်လာသလဲလို့ မေးခွန်းကို ပြန်ပြောင်းမေးလိုက်ရတဲ့ အကြောင်းရှိပါတယ် ။ တကယ်က ယဉ်ကျေးမှု ဆိုင်ရာစိတ်ဒဏ်သင့်မှုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ နိုင်ငံရေးလုပ်ကြံမှုလို တုန်လှုပ်ဖွယ်ရာ အခြေအနေတွေနဲ့ အကြပ်အတည်းတွေမှာ တစစဘယ် လိုဖြစ်ထွန်းလာသလဲဆိုတဲ့ သမိုင်းဆိုင်ရာဖြစ်ထွန်းပြောင်းလဲမှုအတွင်းက ပိုပြီးပြန်ဖြေဖို့ရာ သင့်တော်လို့ပဲ ။ ဟားဘားမတ်စ်ကတော့ သူ့ရဲ့ Legitimation Crisis မှာ  လူမှုရေးအင်စတီကျူးရှင်းတွေ ပြိုကွဲတဲ့ အချိန်မှာ အကြပ်အတည်းဆိုက်တဲ့ အခြေအနေတစ်ရပ်ဖြစ်လာတယ် လို့ “အကြပ်အတည်း” ဆိုတာကို အဓိပ္ပာယ် ဖွင့်ဆိုတယ် ။ ပြီးတော့ အဲဒီအခြေအနေတစ်ရပ်က တစ်သီးပုဂ္ဂလလူသားရဲ့ သီးခြားအမှတ်လက္ခဏာကို သွားပြီးခြိမ်း ခြောက်မှာ ဖြစ်တယ် ။  သဘောကတော့ နိုင်ငံရေးလှုပ်ကြံမှုတွေဖြစ်ပြီးတဲ့နောက်မှာ  တည်ရှိနေတဲ့ လူ့အဖွဲ့အစည်းရဲ့ သီးခြားအမှတ်လက္ခဏာဟာ စိတ်ဒဏ်သင့်စရာအနေနဲ့ ကိုင်လှုပ်ခံလိုက်ရတယ် ။ ယဉ်ကျေးမှုဆိုင်ရာ စိတ်ဒဏ်သင့်မှု ဆိုတာ တကယ်တော့ လူ့အဖွဲ့အစည်းတစ်ရပ်ရဲ့ သီးခြားအမှတ်လက္ခဏာ အကြပ်အတည်းပဲ ။ လူအစုအပေါင်းဟာ သူတို့ရဲ့ သိမှုမှာ လုံခြုံမှုပျောက်သွားတဲ့ အခြေအနေတစ်ရပ်ပဲ ။ ပြီးတော့  လူ့အဖွဲ့အစည်းဟာ အဲဒီ စိတ်ဒဏ်သင့်စရာ အခြေအနေမှာ လွင့်မျောနေမှာ။                                                                                                                            ယဉ်ကျေးမှုဆိုင်ရာ စိတ်ဒဏ်သင့်မှုဆိုတာ မျိုးဆက်တစ်ဆက်ပြီး ကျော်ဖြတ်သွားနိုင်တဲ့သဘောပဲ ။ အဲဒီလို အမှတ်ရစရာ အဖြစ်ဆိုးကြီးကို သူတို့ရဲ့ မှတ်ဥာဏ်တွေထဲ သိုလှောင်သိမ်းဆည်းထားကြပြီး တခြားမျိုးဆက်တွေကို အကြပ်အတည်းလက်ကျန်ကြောင့်ဖြစ်လာတဲ့ ရောဂါလက္ခဏာတစ်ခုလို လက်ဆင့်ကမ်းပေးကြတယ် ။ ဥပမာ ၁၉၃၀ စီးပွား ရေးအကြပ်အတည်းဟာ ရင်ထဲစွဲကျန်ရစ်တဲ့ အမာရွတ်ပဲ ။ စီးပွားပျက်ကပ်ကို Great Depression ရယ်လို့တောင် တင်စား ခေါ်ဝေါ်ကြတဲ့ အထိပါပဲ ။ အလွန်အမင်း စိတ်ကျခြင်း လို့ခေါ်တဲ့ စီးပွားပျက်ကပ်ဟာ ယဉ်ကျေးမှုဆိုင်စိတ်ဒဏ်သင့်ခြင်းရယ် လို့ ဖြစ်လာတယ်။ နိုင်ငံသားတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေက အကြပ်အတည်းကို စိုးရိမ်ပူပန်မှုအပြည့်နဲ့ ရင်ဆိုင်ကြတယ် ။ ကြောင်းကျိုးဆင်ခြင်မဲ့တဲ့ တုန်ပြန်မှုတွေကိုတောင်မှ လုပ်လာကြတယ် ။ ၂၀၀၈ စီးပွားပျက်ကပ်မှာ လည်း နိုင်ငံသားတွေဟာ ဒီလို တစ်ပုံစံတည်း ပြန်ခံစားရတယ် ။ ယဉ်ကျေးမှုဆိုင်ရာ စိတ်ဒဏ်သင့်မှုဟာ မြုံပြီး ဒုက္ခပေးနေ တာမျိုးပဲ ။                                                                                                                                                            အကြပ်အတည်းတွေကြောင့် ဖြစ်လာတဲ့ အဓိပ္ပာယ်တွေကြား ရုန်းရင်းကန်ရင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ စိတ်ဒဏ်သင့် မှုဖြစ်လာတယ် ။ အကြပ်အတည်းလိုပဲ စိတ်ဒဏ်သင့်မှုက လူ့အဖွဲ့အစည်းတစ်ရပ် ဒါမှမဟုတ် တစ်သီးပုဂ္ဂလလူသားကို ယုံကြည်မှုတွေလျော့နည်းသွားအောင်လုပ်တယ် ။ တစ်နိုင်ငံလုံးကိုတောင်မှ ယုံကြည်မှုပျောက်သွားအောင် လုပ်တာ ။ မာတင်လူသားကင်းနဲ့ ရောဘတ်ကနေဒီတို့လုပ်ကြံခံရမှုမှာ အမေရိကန်ဟာ ဒီအတိုင်းခံစားရတယ် ။ ရောဘတ်ကနေဒီ လုပ်ကြံခံရမှု၊ ဗီယက်နမ်စစ်အတွေ့အကြံရ အမေရိကန်လူထုရဲ့ စိတ်ဒဏ်သင့်မှုအဖြစ်တိမ်မြုပ်နေတယ်ဆိုရင်  ၉/၁၁ အကြမ်းဖက်မှုနဲ့ အတူ အိုစမာဘင်လာဒင်ကို ပြန်လည်လုပ်ကြံမှုဟာ တိမ်မြုပ်နေတဲ့ စိတ်ဒဏ်သင့်မှု ပြန်ပေါ်လာတာလို့ တောင် အနက်ပြန်ကြည့်လို့ ရမယ် ။ ဒါက စိတ်ဒဏ်သင့်မှုကို ဂန္ထ၀င်စိတ်ခွဲပညာသီအိုရီအတွင်းကနေ အနက်ပြန်ဖတ်ရှု တာဖြစ်တယ် ။                                                                                                                                                      ဖရွိုက်ရဲ့ စိတ်ဒဏ်သင့်မှုပုံစံက တကယ့်ဖြစ်ရပ်ပေါ်မှာ တိုက်ရိုက်ကျကျတွေ့ကြုံခံစားရင်းနဲ့  ဖြစ်ပေါ်လာတာ ။ ဘယ်သူက အဲဒီလို စိတ်ဒဏ်သင့်ခံစားရမလဲဆိုတာကို ရှင်းရှင်းလင်းလင်းပြနိုင်တယ်။ ခေတ်ပြိုင် စိတ်ဒဏ်သင့်မှု အမြင်ကတော့ နောက်ထပ်ရှုထောင့်သစ်နှစ်ရပ်ပေါင်းထည့်လာတယ်။ ပထမတစ်ခုက ခံရသူအပေါ်ကိုသက်ရောက်တဲ့  စိတ်ဒဏ်သင့်မှု ။ စိတ်ဒဏ်သင့်သူရဲ့ မှတ်ဥာဏ်နဲ့အပြုအမူထဲကို စိတ်ဒဏ်သင့်အကြောင်းအရာဟာ မဖိတ်ခေါ်ပဲ ကျူးကျော် ၀င်ရောက်လာတယ် ။ ဒုတိယက  စိတ်ဒဏ်သင့်မှုရဲ့ အပွင့်သဘောပဲ ။ စိတ်ဒဏ်သင့်မှုဟာ အခြားသူတွေ လေ့လာလို့ ရအောင် အပွင့်သဘောနဲ့ဖြစ်နေတယ်။ စိတ်ထဲမှာ ဘယ်လိုပုန်းအောင်ကျန်ခဲ့သလဲဆိုတာ သိနိုင်တဲ့ အနေနဲ့ အပွင့်သဘောရှိတယ်လို့မြင်တဲ့ အမြင်ပဲ ။ နိုင်ငံရေးအရလုပ်ကြံမှုကြောင့်ဖြစ်လာတဲ့ လူ့အဖွဲ့အစည်းရဲ့ စိတ်ဒဏ်သင့်မှုဟာ လည်း ဒီသဘောနဲ့ တင်ကျန်ရစ်တာ။ လူအဖွဲ့အစည်း အဆင့်မှာတော့ ရှိသမျှအားလုံးနဲ့ ဆိုင်တယ်လို့တော့မဟုတ်ဘူး ။ တနည်းအားဖြင့် လူ့အဖွဲ့အစည်းထဲရှိသမျှ လူမျိုး ၊ လူတန်းစား ၊ လိင်အားလုံးအပေါ် စိတ်ဒဏ်သင့်မှု ဖြစ်သွားနိုင်တယ်လို့ မဆိုနိုင်ဘူး ။ သီအိုဗန်ဂေါကိုလုပ်ကြံမှုက  ဒတ်ခ်ျဖြစ်မှုနဲ့ ပတ်သတ်တဲ့ အတွေးအခေါ် လူမျိုးနဲ့သာဆိုင်ပြီး ပြည်ပကနေ ၀င်ရောက်နေထိုင်တဲ့ မွတ်ဆလင်လူမျိုးတွေ အတွက်မပါဝင်ဘူး ။                                                                                       စိတ်ဒဏ်သင့်မှုဖြစ်သွားရင် မှတ်ဥာဏ်ထဲ အချိန်ကာလအကြာ မမေ့နိုင်လောက်အောင် စိမ့်ဝင်ကျန်နေတဲ့ သဘောရှိတယ် ။ ရောဘတ်ကနေဒီကို အခန်းထဲဝင်ပြီး အနီးကပ်လုပ်ကြံမှုဟာ လူထုရဲ့ စိတ်ထဲ မမေ့ပျောက်နိုင်အောင် ဖြစ်နေတယ် ။ဆွီဒင်က အမ်နာလင့်ဒ်အပေါ်လုပ်ကြံမှုမှာလည်း ဒီအတိုင်းပဲ ။ဆွီဒင်ဝန်ကြီးချုပ် ပါဆင်ဟာ လင့်ဒ်နဲ့ အလွန်ရင်းနှီးတဲ့ သူငယ်ချင်းပဲ ။ လုပ်ကြံခံရပြီးငါနှစ်လောက်ကြာတဲ့ အထိတောင်မှ သူမရဲ့ ဖုန်းနံပါတ်ကို သူ့ရဲ့ ဖုန်းထဲက နေ မဖျက်ပစ်နိုင်ပဲ ရှိနေသေးတယ်လို့ ထုတ်ဖော်ပြောကြားတယ် ။ ပါဆင်ကို သူမရဲ့ လုပ်ကြံမှုက နက်နက်ရှိုင်းရှိုင်း သက်ရောက်တယ်။ လင့်ဒ် လုပ်ကြံခံ၇ပြီး ဆိုတော့ အလုပ်သမားသတင်းစာက ပူဆွေးဝမ်းနည်းကြောင်းဖော်ပြတယ် ။ နောက်တော့ တစ်တိုင်းပြည်လုံးလိုလို ငိုယိုကြတယ် ။ဓါတ်ပုံဆရာ အပ်ပရစ်က  ရောဘတ်ကနေဒီရဲ့ အလောင်းကို ပို့ဆောင်နေပုံ ၊ ငိုကြွေးနေကြပုံကို ဓါတ်ပုံရိုက်ရင် ပါးပြင်းပေါ် မျက်ရည်စတွေ တစ်လုံးချင်းလိမ့်ဆင်းလာတယ်လို့ဆိုတယ် ။သာမန်ပြည်သူတွေ မပြောနဲ့ သက်မွေးဝမ်းကျောင်းအလုပ်ကိုလုပ်နေတဲ့ ပညာရှင်တွေကိုတောင်မှ လုပ်ကြံမှုက အကျိုးသက်ရောက်သွားတယ် ။ တစ်သီးပုဂ္ဂလလူသားေ၇ာ ၊ လူအုပ်စုတွေကိုပါသက်ရောက်ပြီး စိတ်ဒဏ်သင့်မှု ခံစားလာ ခဲ့ရတယ်လို့ ဆိုနိုင်တယ် ။ ရောဘတ်ကနေဒီလုပ်ကြံခံရပြီး နှစ်၄၀ကြားတောင်မှ အမေရိကန်လူ့အဖွဲ့အစည်းအပေါ် အကျိုးသက်ရောက်မှုတွေကို ဆွေးနွေးနေရတုန်းပဲ ။                                                                                                        နိုင်ငံရေးလုပ်ကြံမှုတွေဟာ လူ့အဖွဲ့အစည်းထဲမှာ ယဉ်ကျေးမှုဆိုင်ရာစိတ်ဒဏ်သင့်မှုတွေ အဖြစ်ဘယ်လိုပေါ် လာတာလဲ ဆိုတဲ့ အပိုင်းကိုလည်း ဆွေးနွေးဖို့လိုမယ်။ တနည်းအားဖြင့် နိုင်ငံရေးလုပ်ကြံမှုတွေ ယဉ်ကျေးမှုဆိုင်ရာ စိတ်ဒဏ်သင့်မှု အဖြစ် သူ့အလိုလိုပေါ်လာတာတော့မဟုတ်ဘူး ။ ပထမပိုင်းမှာ လုပ်ကြံမှုတစ်ခုကိုလူတွေ ၀မ်းနည်း ပူဆွေး ပြီး သူတို့ရဲ့ မှတ်ဥာဏ်ထဲ အမြဲကျူးကျော်ဝင်ရောက်နေတဲ့ ဆိုတဲ့ ဆွေးနွေးချက်ဟာ စိတ်ဒဏ်သင့်မှုသာဖြစ်သေးပြီး ယဉ်ကျေးမှုဆိုင်ရာ စိတ်ဒဏ်သင့်မှု မဖြစ်သေးဘူး ။ တကယ်တော့ ယဉ်ကျေးမှုဆိုင်ရာ စိတ်ဒဏ်သင့်မှုမှာ ယဉ်ကျေးမှုဆိုတာ လူတွေရဲ့ နေ့စဉ်လူနေမှုဘ၀တစ်ခုလုံးလို့ဆိုတယ် ။ ယဉ်ကျေးမှုဆိုင်ရာ စိတ်ဒဏ်သင့်မှုဖြစ်ပေါ်လာရ တဲ့ အကြောင်းက ဖြစ်ခဲ့တဲ့ နိုင်ငံရေးလုပ်ကြံမှု ၀ါ စိတ်ဒဏ်သင့်မှုကို မီဒီယာတွေ ၊ အတိတ်ကာလအကြောင်းဖော်ပြချက် တွေ ၊ သမိုင်းတွေ ၊ ဆက်စပ်ပြီး ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအဓိကရုဏ်းတွေ ၊ ပြည်တွင်းစစ်တွေကနေ တစ်ဆင့် တဖြည်း ဖြည်းတည်ဆောက်ယူလာကြလို့ပဲ ။                                                                                                                      
နိဂုံး
            ယဉ်ကျေးမှုဆိုင်ရာ စိတ်ဒဏ်သင့်မှုဆိုတာ အသေတည်ရှိနေတဲ့ အဖြစ်အပျက်တစ်ခုမဟုတ်ဘူး ။ ဖြစ်စဉ်တစ်ခုပဲ ။ တနည်းအားးဖြင့်  ပြုလုပ်ထားတဲ့ ဖြစ်စဉ်တစ်ခုပဲ ။ တစ်သီးပုဂ္ဂလလူသား နဲ့ လူအုပ်စုတွေက အခြေအနေတစ်ရပ်ကို အဓိပ္ပာယ်ဖွင့်ဖို့ ၊ စီမံဖို့ ထိန်းချုပ်ဖို့ရာ ရုန်းကန်ကြိုးပမ်းရင်းဖြစ်ပေါ်လာတာပဲ ။ နက်ရှိုင်းတဲ့ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေ အနေနဲ့ ပြန်ပေါ်လာလေ့ရှိတယ် ။  ဆွီဒင်ရဲ့ နိုင်ငံရေးအရထင်ရှားသူ အမ်နာဟင့်ဒ် လုပ်ကြံခံရပြီး အဖြစ်အပျက်လေး တစ်ခုကိုပဲ ကြည့်ပါ ။ အမ်နာလင့်ဒ်လုပ်ကြံခံရပြီး ကွယ်လွန်သွားတဲ့ အခါမှာ ၀န်ကြီးချုပ်က “ ဒါဟာ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်းကို တိုက်ခိုက်လိုက်တာပဲ ” လို့ ကြေညာသွားတယ် ။ ဆွီဒင်ဟာ လူအများစုရဲ့စုပေါင်း သီးခြားအမှတ်လက္ခဏာကို အခြေခံထားတဲ့ တန်ဖိုးစံ တွေ ၊ ယုံကြည်မှုတွေနဲ့ ဖွဲ့စည်းထားတဲ့ ခေတ်သစ် ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆိုတာ ငြင်းပယ်စရာ မရှိဘူး ။ ဒီမိုကရေစီ ယုံကြည်မှုနဲ့တန်ဖိုးစံတွေကို ကျောင်းတွေမှာ သင်ကြားရုံသာမ ဘူး ၊ နေ့စဉ်လူ့နေမှုအလေ့အကျင့်တွေထဲမှာတောင်ကိန်းအောင်နေတာကိုတွေ့ရမယ် ။ ဆွီဒင်ဟာ ဒီမိုကရေစီ ဖြစ်ကြောင်း ကို ထုတ်ဖော်ပြောဆိုစရာ မလိုလောက်အောင် အားလုံးက အကျေအလည်နားလည်ထားပြီးသားပဲ ။ နိုင်ငံရေးခေါင်းဆောင် တစ်ယောက်လုပ်ကြံခံလိုက်ရမှုဟာ ဆွီဒင်အတွက် အတော်ကလေး တုန်လှုပ်ဖွယ်ရာ ဖြစ်သွားတယ် ။ သူမကို လုပ်ကြံမှုဟာ လူ့အဖွဲ့အစည်းရဲ့ အခြေခံအကျဆုံး တန်ဖိုးစံနဲ့ သီးခြားအမှတ်လက္ခဏာတွေကို ခြိမ်းခြောက်နေတယ်လို့ တောင် ထုတ်ဖော်ပြောဆိုရတဲ့ အထိဖြစ်သွားတယ် ။ နိုင်ငံရေးလုပ်ကြံမှုကြောင့်ဖြစ်ပေါ်လာတဲ့ ယဉ်ကျေမှုဆိုင်ရာ စိတ်ဒဏ်သင့်မှု ၀ါ သမိုင်းကာလတစ်လျောက် ဒီလို အဖြစ်မျိုးကြုံတွေ့နေမှာကို စိုးရိမ်နေတဲ့ စိတ်တွေ အမြဲတွေ့နေရတာ ၊  လုပ်ကြံမှုကြောင့် နိုင်ငံရေးသမိုင်းမှာ တောက်လျောက်အကျိုးသက်ရောက်မှုကြုံပြီး ပြန်တမ်းတပူဆွေနေတာကို အကောင်း ဆုံးကုသဖို့ နည်းကတော့  စမယ်စာရဲ့ အမြင်အရတော့ အပြုသဘောဆောင်တဲ့ အဓိပ္ပာယ်တွေနဲ့ လူထုရဲ့ စိုးရိမ်ပူပန်မှု ကို ဖြေဆည်ပေးဖို့ပဲ ။ အပြုသဘောဆောင်တဲ့ အဓိပ္ပာယ်ဆိုတာ ဆွီဒင်ဝန်ကြီးချုပ်လုပ်ခဲ့သလို နိုင်ငံရေးလုပ်ကြံမှုကို ဒီမိုကရေစီတန်ဖိုးစံတွေကို ဖျက်စီသွားတဲ့အရာ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးတွေနဲ့ အမြဲအနက်ပြန်ပြဖို့လိုတယ် ။                                   အထက်ပါသီအိုရီတွေကို ကျွန်တော်တို့ နိုင်ငံအတွက်လည်း သုံးသပ်ကြည့်နိုင်တယ် ။ ကျွန်တော်တို့လူ့အဖွဲ့အ စည်းမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ အပေါ်လုပ်ကြံသတ်ဖြတ်မှုရဲ့ အကျိုးသက်ရောက်မှုဟာ ကြီးမားတယ် ။ ဒါကြောင့် အမြဲတမ်း လွမ်းဆွတ်နေခြင်း ၀ါ မှတ်ဥာဏ်ထဲကို ဒီအဖြစ်အပျက်တွေက အမြဲထိုးဖောက်ပြီး စိုးရိမ်ခြင်းဆိုတဲ့ စိတ်ဒဏ်သင့်မှုရှိကြတယ် ။  ဒီလုပ်ကြံမှုဟာ နေ့စဉ်လူနေမှုဘ၀ထဲကို စိုးရိမ်ပူးပန်စရာ တစ်ခု၊ တိုင်းပြည်ရဲ့ ကံကြမ္မာဆိုးဆိုတဲ့ အဓိပ္ပာယ်တွေနဲ့သာ သယ်ဆောင်ခံလာရတဲ့ ယဉ်ကျေးမှုဆိုင်ရာ စိတ်ဒဏ်သင့်မှုပဲ ။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ စိတ်ထဲမှာ သီးခြားအမှတ်လက္ခဏာတွေမှာ တိမ်မြုပ်နေတယ် ။ ခုလို ဒီမိုကရေစီပြောင်းလဲမှုအတွင်းမှာ အဲဒီ တိမ်မြုပ်နေတဲ့ ယဉ်ကျေးမှုဆိုင်ရာ စိတ်ဒဏ်သင့်မှုဟာ ကျွန်တော်တို့ လူထုရဲ့ စိတ်ထဲပြန်ပေါ်လာတယ် ။ တခြားတော့ မဟုတ်ဘူး အရေးကြီးတဲ့ နိုင်ငံရေးအပြောင်းအလဲအတွက် တာဆူနေစဉ်မှာ နိုင်ငံရေးခေါင်းဆောင်ကောင်းတွေ လုပ်ကြံခံ ရမှာကို စိုးရိမ်စိတ်ပဲ ။ ဒီသဘောဟာ ပုံစံအမျိုးမျိုးနဲ့ကို ပေါ်နေတာ ။ အနည်းဆုံးအနေနဲ့ အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ် လုံခြုံရေးနဲ့ သတင်းမီဒီယာသမားတစ်ဦးရဲ့ ပဠိပက္ခ ၊ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပြောဆိုချက် ၊ အနည်းဆုံးအနေနဲ့ ဒေါ်စု မဲဆွယ်စည်းရုံးရေးခရီစဉ် ခွေတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်နေရတဲ့ ပြည်သူတွေရဲ့ ခံစား ချက်တွေ၊ နောက်ဆုံး ယခုနွယ်နီအယ်ဒီတာတွေရဲ့ ထူးထူးခြားခြား နိုင်ငံရေးလုပ်ကြံမှုများရယ်လို့ စဉ်းစားမှုတွေဟာ သမိုင်းကာလမှာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွေ့ကြုံခံစားခဲ့ရတဲ့ ယဉ်ကျေးမှုဆိုင်ရာ စိတ်ဒဏ်သင့်မှုတွေ တိမ်မြုပ်ရင်းက နေ ပြန်ပေါ်လာတဲ့ ပုံသဏ္ဌာန်တွေပဲ ။                                                                                                                                တကယ်က လူ့အဖွဲ့အစည်းတစ်ရပ်ဟာ ယဉ်ကျေးမှုဆိုင်ရာ စိတ်ဒဏ်သင့်မှုကို တတ်နိုင်သမျှဖြေဖျောက်ပေး သွားမယ့် အခြေအနေကို ရောက်ပြီးဆိုရင်တော့ဒါဟာ ငြိမ်းချမ်းမှုဆီကို သွားနေပြီလို့ ဆိုနိုင်တယ်  ။ တာဝန်ယူမှုနဲ့ ပြောရရင် လူ့အဖွဲ့အစည်းမှာ မြင့်မားတဲ့ နေရာကိုယူထားတဲ့ အထိုက်အလျောက် တာဝန်ယူမှု အတိုင်းအတာ နဲ့ တာဝန်ယူလုပ်ကိုင်ရမယ် ။  ကျွန်တော်တို့ ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေးလုပ်ကြံမှုနှစ်ခုအပေါ် ဒီမိုကရေစီအခြေခံ တန်ဖိုးစံတွေနဲ့ အမြဲတစ်စေ အဓိပ္ပာယ်ဖွင့်ပေးဖို့ လိုအပ်တာပဲ ။ နိုင်ငံရေးလုပ်ကြံမှုတွေကို ပူးဆွေးဝမ်းနည်းစရာနဲ့  တိုင်းပြည်ရဲ့ မလုံမခြုံဖြစ်မှုအနေနဲ့ သာ အဓိပ္ပာယ်ဖွင့်မနေပဲ ။ တစ်နိုင်ငံလုံးဆီ သက်ေ၇ာက်မယ်�

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...