Sunday, June 17, 2012

အနမ်းဋီကာ၏ နောက်ဆက်တွဲများ

by သစ္စာနီ on Sunday, June 17, 2012 at 7:35am ·
ကမ္ဘာမှာ လူသိအများဆုံးဆိုတဲ့ ပန်းချီကားတစ်ချပ်နဲ့ ပန်းပုရုပ်ကို ရွေးချယ်ပြပါလို့ ဆိုလာရင် လူတော်တော်များများပဲ ဒါဗင်ချီ ရဲ့ "မိုနာလီဇာ" ပန်းချီကားနဲ့ ရိုဒင် ရဲ့ "အနမ်း" ဆိုတဲ့ ပန်းပုရုပ်ကို ရွေးကြလိမ့်မယ်လို့ ထင်ပါတယ်။ မိုနာလီဇာ ပန်းချီကားဟာ လက်ရာလည်းမြောက်ပါရဲ့။ ဒါပေမယ့် လက်ရာထက် ပုံတူအဆွဲခံတဲ့ အမျိုးသမီးရဲ့ အဓိပ္ပာယ်ဝေခွဲရခက်တဲ့ အပြုံးကြောင့် နာမည်ပိုကြီးတယ်လို့ ပြောကြတယ်။ ဒီအပြုံးရဲ့ အနက်အဓိပ္ပာယ်ကိုဖော်ဖို့ ရှုထောင့်အစုံက ပညာရှင်တွေ ကြိုးစားကြတဲ့အထဲမှာ ကွန်ပျူတာပညာရှင်တွေတောင် ပါပါတယ်။ အခုနောက်ဆုံးအုပ်စုရဲ့ သုံးသပ်ချက်အရတော့ မိုနာလီဇာအပြုံးဟာ ကိုယ်ဝန်ဆောင်တစ်ဦးရဲ့ ကလေးမီးဖွားစအပြုံးတဲ့။ လက်မခံချင်လည်း နေကြရော့။ မယုံရင် ဒါဗင်ချီနောက် လိုက်မေးလို့ ပြောရုံပဲရှိတော့တယ်။
 The Kiss (Rodin sculpture)


 ကျွန်တော်ပြောချင်တာက အနမ်းအကြောင်းပါ။ ရိုဒင်ရဲ့ ပန်းပုရုပ်ကိုတော့ မြင်ဖူးကြတဲ့သူ များပါလိမ့်မယ်။ ဘိုလိုနမ်းနေတဲ့ပုံပေါ့ဗျာ။ နမ်းပုံကလည်း နေရာဒေသ လူမျိုးအလိုက် ကွာခြားသေးတာကိုး။ အရှေ့တိုင်းမှာတော့ အများအားဖြင့် (၁၅ဝဝ) မေတ္တာရဲ့ သင်္ကေတအဖြစ် ပါးကို နမ်းကြပါတယ်။ (၅၂၈) အထိမ်းအမှတ်ဆို နဖူးကို နမ်းကြတာပေါ့။ အနောက်တိုင်းကတော့ ပါးကိုနမ်းတာ (၅၂၈) အထိမ်းအမှတ်ပဲ။ (၁၅ဝဝ) ရဲ့သင်္ကေတအဖြစ် နမ်းချင်ရင် နှုတ်ခမ်းချင်း နမ်းကြတယ်တဲ့။ အနောက်တိုင်းဆိုပေမယ့်လည်း တစ်နေရာနဲ့တစ်နေရာ မတူပြန်ဘူး။ ပြင်သစ်ကျတော့ လျှာချင်းနမ်းတယ်တဲ့။ ဒီကိစ္စက ပြင်သစ်ယဉ်ကျေးမှုဌာနက ကျင်းပတဲ့ပွဲတွေ အမြဲတက်နေတဲ့ ဆရာမောင်မောင်ဇေယျတို့ဆို ပိုသိမယ်ထင်ပါရဲ့။


အထင်မလွဲပါနဲ့။ ညစ်တီးညစ်ပတ်ပြောဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ကျန်းမာရေးပညာပေးအနေနဲ့ ဆွေးနွေးချင်တာပါ။ ဆရာအတ္တကျော်တို့၊ ဆရာမလေး နိုက်တင်ဂေးတို့ နေရာဝင်လုဖို့ ကြိုးစားတာမဟုတ်ပါဘူး။ မကြာသေးခင်က အမေရိကန်နိုင်ငံ ကွီဘတ်မြို့က မိန်းကလေးတစ်ဦးဟာ သူ့ချစ်သူနဲ့နမ်းအပြီးမှာ ရုတ်တရတ်သေဆုံးသွားပါတယ်တဲ့။ ပါးစပ်နဲ့ အနမ်းဖလှယ်ခြင်းကြောင့် ကူးစက်ရောဂါတွေ ပြန့်ပွားဖို့ လွယ်ကူတဲ့အကြောင်း ဆေးဘက်ဆိုင်ရာတွေက သတိပေးနေကြတာ ကြာပါပြီ။ အခုမိန်းကလေး သေဆုံးရတာက ပဲနဲ့ဓါတ်မတည့်မှု (Peanut allergy) ကြောင့်တဲ့။ သူနဲ့ မနမ်းခင် သူ့ရည်းစားဟာ ပဲစားထားတယ်တဲ့။ အညာသားကို ရည်းစားထားမိတဲ့ မိန်းကလေးများ ဆင်ခြင်သတိပြုဖွယ်ပေါ့။ ပဲစားပြီး သွားတိုက်ထားပေမယ့် ဓါတ်မတည့်သူတွေအတွက် ထိခိုက်နိုင်တယ်။ ဒါကြောင့် ပဲပါတဲ့အစာစားပြီးလျှင် တစ်နာရီအတွင်း နမ်းဖို့မသင့်ဘူးတဲ့။ ဒါက မီယာမီ ကမ်းခြေမှာ ကျင်းပခဲ့တဲ့ ကူးစက်ရောဂါဗေဒအစည်းအဝေးမှာ ပညာရှင်တွေဖတ်ခဲ့တဲ့ စာတမ်းပါ။ ကျွန်တော်တို့ရဲ့ ဟောလိဝုဒ်က ရွှေမင်းသမီးလေးဂျက်စီကာအယ်လ်ဘာတို့ကျတော့လည်း တစ်မျိုးပဲ။ ရုပ်ရှင်ထဲမှာ မင်းသားနဲ့နမ်းခန်း သရုပ်ဆောင်ဖို့ မျက်နှာချင်းအပ်လိုက်ရာမှာ သွားချင်းခိုက်မိပြီး သွားကျိုးသွားလို့တဲ့။ ဒါကြောင့် လင်နဲ့မယား လျှာနဲ့သွားလို့ ဆိုတာထင်ပါရဲ့။ ကျန်းမာရေး ဗဟုသုတရရင် တော်ပါပြီ။

ပြုတ်စဗျင်းတောင်းရီဗြူး နှင့် စကားပြောသောအက်ဆေး
  

credit: indy.remy (mmcybermedia)



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...