Wednesday, June 20, 2012

ကန်မြဲအေးကျော် စုစည်းမှု (၁)


by Maung Maung Than on Wednesday, June 20, 2012 at 8:03pm 

ဆရာချစ်ဦးညို (ပန်းရည်ဘဏ်တိုက်မှ)

နတ်တော်လဆန်း ၁ ရက်ကို ဗဟိုပြုလျှက် စာဆိုတော်ပွဲများ ဖြိုင်ဖြိုင်လှုပ်ရှားနေကြပြီ။ သက်ကြီးဝါကြီး၊ စာပေ ပညာရှင်များအား ကန်တော့ပွဲ၊ စာပေဟောပြောပွဲ၊ စာပေဆွေးနွေးပွဲ၊ စာဆိုတော်အထိမ်းအမှတ်ပွဲများ ကျင်းပကြပြီ။ စာရေးဆရာများလည်း ပြည်အနှံ့ လှည့်လည်ကြပြီ။ လေးစားအပ်သော စာဖတ်သူတို့နှင့် ရင်းနှီးချစ်ခင်စွာ တွေ့ဆုံကြပြီ၊ မေးကြ၊ ဖြေကြ၊ ဝေဖန်ကြ၊ ဆွေးနွေးကြ၊ တိုက်ချွတ်ဆေးကြောကြပြီ။ ချီလေတဲ့ ချီလေ၊ ဤမြေမှ ထိုတောင်တန်း၊ အပြန် အပြန်လားကွယ့်၊ အသွား အသွားပါဗျို့၊ မိုးလေသာခိုက် သယ်ယူလိုက်ပါ့၊ ပန်းရည်ဘဏ်တိုက် ဆောက်ကြပါလေကုန်။

အကြောင်းတရားနှင့် အကျိုးတရား ဆက်စပ်မိပြီးနောက်တွင် ပန်းရည်ဘဏ်တိုက်ကို ဆိုရမည်မှာ ပါးစပ်အရသာ ရှိလာပါသည်။ နှုတ်၊ လျှာ၊ အာတွေ့ရုံမျှမက ရင်ဖြင့်လည်း တစ်ဝကြီး နှလုံးခွေ့လာပါသည်။
ဤသို့သော ထူးကဲသိမ်မွေ့ သည့်ရသကို ပေးစွမ်းနိုင်သည့် ကျေးဇူးရှင် တေးပြုဆရာ၏ ကျေးဇူးကိုလည်း ဆင်ခြင်မိလာပါသည်။

တေးပြုဆရာကား အထက်အညာ မြင်းခြံတစ်ဝိုက်၊ ကန်မြဲဇဂျမ်းရွာသား ဆရာကိုအေးကျော် ဖြစ်လေသည်။ ဆရာ ကိုအေးကျော်တဲ့။ နိုင်ငံကျော် နာမည်ကြီး လျှမ်းလျှမ်းတောက်သီချင်းရေးဆရာ မဟုတ်။ လူသိမများ ဟိုအညာကျေး လက်တောရွာက ပုဂ္ဂိုလ်။ သူ့ရုပ်ပုံလွှာသည် မှေးမှိန်ဝေသီလွန်းလှသည်။ ပန်းရည်ဘဏ်တိုက်ကို ကျွန်တော် သိသော်လည်း သူ့ကို ကျွန်တော်မသိ။ ထိုနည်းတူ ကျွန်တော်တို့အသည်းစွဲကြိုက်ရသော သာလေစွရွှေညာမြေ (လုံမလေး)၊ ရုပ်သေးပွဲ သွားရအောင် (ခင်အုန်းမြင့်လေး)၊ မိုးဦးတေး (ကိုဘသောင်း)၊ တော်တော်ပုပ္ပါး (ကိုဘသောင်း)၊ တေးများ၏ လက်ရာရှင် များလည်း ဆရာကို အေးကျော်ပင်ဖြစ်ကြောင်း သိလာသောအခါ သူ့အပေါ် စိတ်ဝင်စားညွတ်နူး စိတ်များက ဖြတ်ဖြတ်နိုး ကြားလာလေသည်။

အရိုးခံလှ ကြယ်ဝပေသော ဤတေးများ၏လက်ရာတွင် ကိုအေးကျော်သည် မည်သူနည်း။ မည်သို့နည်း။

ကိုအေးကျော်သည် ဆေးရွက်ခူးသူ၊ ကွမ်းရွက်ရောင်းသူ၊ ဆေးရွက်ကွမ်းကုန်ကူးသူ။ ကုန်ကူးသည်ဟု ဆိုရငြား သီချင်းရေးဖို့ကလွဲပြီး တစ်လောကလုံးမှာ ဘာကိုမျှ စိတ်မ၀င်စားသူဖြစ်သောကြောင့် ရောင်းသမျှဈေး၊ ကူးသမျှကုန်ရှုံးသည် ချည်းပင်။

သူသွားလေရာပင် မျဉ်းကြောင်းမပါသော အကြမ်းစာအုပ်တစ်အုပ်ပါသည်။ ခဲတံတစ်ချောင်း၊ ဖယောင်းတိုင်နှင့် မီးခြစ်ဘူးပါသည်။ ရောက်သည့်ဈေး၊ ရောက်သည့်ပွဲရုံတွင် ဖယောင်းတိုင်ထွန်းကာ အကြမ်းစာအုပ်တွင် ခဲတံဖြင့် သီချင်းရေးသည်။ အချိန်တိုင်းမှာလည်း သီချင်းရေးဖို့ တွေးသည်။ လောက မျက်မြင်အလှ၊ မျက်ကွယ်အလှတို့နောက်သို့ စက္ကန့်နှင့်သမျှ သူတစေ့စပ်စပ်လိုက်ကြည့်သည်။ သီချင်းစာသား၊ စကားလုံးလေးတွေ ဘယ်လိုဖန်ဆင်းမည်ဆိုတာပဲ သူ တွေးသည်။

သီချင်းတွေ ရေးရာတွင်လည်း သူ့မှာ ရေးချင်လို့ ရေးတာပဲ ရှိသည်။ မရေးရမနေနိုင်သောကြောင့် ရေးသော သီချင်းရေးဆရာ ဖြစ်သည်။ မြန်မာ့အသံပို့ဖို့ ဓာတ်ပြားတိုက်နှင့် ဆက်သွယ်ဖို့ အဆိုတော်တစ်ဦးဦးထံအပ်ဖို့ သူ့မှာ ရည်ရွယ်ချက်အလျင်းမရှိ။ သီချင်းရေးခ ရလိုမှု၊ နာမည်ကျော်ကြားလိုမှု သူ့ခေါင်းထဲမှာ မရှိ။ သူ့ပန်းရည်ဘဏ်တိုက်သော် မှာပင် ကဗျာဆရာကြီးတစ်ဦးက အစီအစဉ်လုပ်ပေးသောကြောင့် တိုင်းသိပြည်သိ သီချင်းအဖြစ် ရောက်ရှိလာခြင်း ဖြစ်သည်။ ဉာဏ်ပူဇော်ခ ငွေ ၂၀၀ ကျော်ကို စာတိုက်မှတစ်ဆင့် လက်ခံရာတွင်လည်း ငွေလွှဲစာဖြတ်ပိုင်း၌ ““အေးကျော်”” ဟူသော လက်မှတ်မှတစ်ပါး ဘာမျှမပြန်ကြား။ ရန်ကုန်သို့ခေါ်သော်လည်း သူ မလိုက်။
သီချင်းရေးဖို့မှအပ လောကကြီးသည် သူ့အတွက် ဘာမှစိတ်ဝင်စားရာမရှိသောအရာ ဖြစ်နေသည်။
သူ့အကြောင်း အတော်လေးသိသော တစ်ရွာတည်းသား ကဗျာဆရာကြီးအား ကျွန်တော် မေးကြည့်ပါသည်။ သူက
တသသ ဖြေလေသည်။

““ကိုအေးကျော်ဟာ သီချင်းရေးဖို့ အသက်ရှင်နေတဲ့သူပဲ။ မျက်လုံးတွေကလည်း စူးစူးရှရှအရောင်တွေ တောက်နေ တယ်။ ဘာကိုမဆို အလေးအနက်ကြည့်တယ်။ ဘာပဲမြင်မြင် ကြားကြား၊ ဒါကို သီချင်းစာသားဖြစ်အောင် ဘယ်လိုကူး ပြောင်းလိုက်ရမလဲဆိုတာကိုပဲ အမြဲတွေးနေတာ။ စီးပွားရေးဆိုတာ ဝေးရော၊ သူကိုယ်တိုင် ထမင်းစားတာတောင်မှ သူ့အစ်မကြီးက စိတ်တိုတိုနဲ့ကျွေးတဲ့ ထမင်းရော၊ ဟင်းရော ရောပုံထားတဲ့ အိုးလေးနဲ့ပဲ မညည်းမညူစားတာ၊ ဘာဆိုတာ ဘာတစ်ခုကိုမှ အားကျမရှိဘူး””

““ကုန်းစောင်းမှာ အိမ်ထောင်ကျဖူးတယ်၊ ဇနီးရော သားသမီးပါ ဆုံးပါးသွားကြရှာတယ်””

““သူ့သီချင်းတွေ မြန်မာ့အသံက ဓာတ်ပြားရပြီး လွှင့်နေတာလည်း သူမသိဘူး၊ ဘယ်သူပြိုင်လို့ လှပါတော့နိုင် ဇာတ်ကားရိုက်တော့ ဆရာမင်းကျော်နဲ့ ဆရာဦးသုခတို့ရဲ့ လိုလားချက်အရ ဒီစကားလုံးရဲ့ မူလပိုင်ရှင်ဖြစ်တဲ့သူ့ကို ဂုဏ်ပြု ချီးမြှင့်ချင်လို့ ရန်ကုန်ကိုခေါ်တော့ သူက ငြင်းတယ်လေ””

““သီချင်းအဖြစ် ရောက်မလာတဲ့ သူ့စာတွေ အများကြီးရှိဦးမယ်၊ ကိုယ်တစ်ပိုင်းတစ်စ နှုတ်ရဲ့ရထားတာလေးတစ်ရှိ ရှိတယ်၊ ဘယ်လောက်အတွေးစိပ်တဲ့သူလဲ၊ ဘယ်လောက်စကားလုံးနိုင်တဲ့သူလဲ စဉ်းစားကြည့်””

ဆရာရွတ်ပြသည်။ ကျွန်တော် ကောက်မှတ်လိုက်သည်။ တစ်ပိုင်းတစ် ထိုစကားလုံးမှာ
““သံသရာဘ၀ ဓာတ်ပြားပြင်ဆီ နာမ်ခန္ဓာနှစ်ဝ ဇာတ်လျားအစဉ်သည် ကံကြမ္မာက အပ်သွားတင်လေပြီ””

““သူ အခု ဘယ်မှာနေသလဲ”” ဟု မေးပါသည်။

““မရှိတော့ဘူးဗျာ၊ ကိုအေးကျော် ဆုံးသွားရှာပြီ၊ ဘယ်နှခုနှစ်၊ ဘယ်လ၊ ဘယ်ရက်၊ ဘယ်တုန်းက ဆုံးသွားမှန်း ဘယ်သူမှ မသိကြဘူး၊ ဘာရောဂါမှန်းလည်း မသိဘူး၊ ဆုံးတာ သုံးလေးနှစ် ရှိသွားပြီတဲ့၊ သူ့အစ်မ ဒေါ်ဆယ်တင်တောင် မမှတ်မိဘူး၊ သူ့တူလေးပြောတော့ မိုးတွေရွာနေတုန်း နွားတင်းကုပ်ထဲမှာ ခွေခွေလေး ဆုံးနေတာပဲတဲ့လေ””

““ “အို ဘယ့်ပျားငယ် ပျားသူငယ်ရယ် မိုးလေသာခိုက် သယ်ယူလိုက်ပါ့ ပန်းရည်ဘဏ်တိုက် ဆောက်ကြပါလေကုန်” တဲ့လား ကိုအေးကျော်ရယ်””
(ဆရာချစ်ဦးညို ပန်းရည်ဘဏ်တိုက်)

http://kothawzin.blogspot.com/2009/05/blog-post_04.html
အဆိုတော်က မြန်မာသံစဉ်တွေကို ဆိုတတ်တဲ့ နီနီဝင်းရွှေတေးရေး ကတော့ ကန်မြဲအေးကျော်,လင်းခေးလုလင်တဲ့မြန်မာလူမျိုးများ  မြန်မာသံစဉ် သီချင်းများကိုချစ်မြတ်နိုးနိုင်ကြပါစေ..

http://www.mwrn.org/2011/05/blog-post_1514.html

ဒေါ်နုနုရည် (ကျေးဇူးတင်ဖူး....တင်တတ်နိုင်ပါစေ) မှ

သစ်စိမ်းနံ့ မွှေးမြတဲ့ သစ်ပင်လေးကြောင့်လဲ (pleasure) ရဖူးတယ်။ ရေနွေးကြမ်းလေးတကျိုက်၊ ငါးခြောက်ဖုတ်လေးတကိုက်ကြောင့်လဲ ရဖူးတယ်။ ပုပ္ပါးကို မြင်းခြံလမ်းဘက်က ကြည့်ရင် ပိုလှတယ်ဆိုလို့... အဲဒီ (pleasure) ကို ရဖို့ အတွက် မြင်းခြံလမ်းကနေ သွားဖူးတယ်။ ဟုတ်တာပေါ့...။ လှပါဘိ ပုပ္ပါး၊ လွမ်းမောစရာ ကောင်းပါဘိ ပုပ္ပါး..။ ကျွန်မ ပုပ္ပါးကို စရောက်ဖူးတဲ့ အချိန်ကစပြီး၊ ရောက်တဲ့ အခါတိုင်း အခါတိုင်းလဲ စိတ်ထဲမှာ ခံစားထိခိုက် ကြေကွဲနေတတ်တယ်။ ပုပ္ပါး တောင်ကြီးက စိမ်းညို့ပြာမှိုင်း.... လို့.....။ စကားစိမ်း စကားဝါ ပန်းရနံ့တွေကလဲ တတောလုံး၊ တတောင်လုံး ကြိုင်လို့ လှိုင်လို့။

ပုဂံပြည့်ရှင် နော်ရထာအတွက် ပုပ္ပါးက ကွမ်းကို ဆက်ဖို့၊ ပန်းကို ဆက်ဖို့ လာခဲ့ရတဲ့ ကိုဗျတ္တနဲ့ ပုပ္ပါးသူလေး မယ်ဝဏ္ဏတို့ရဲ့ မေတ္တာပန်းရနံ့ဟာလည်း ဟောဒီတတောလုံး တတောင်လုံးမှာ သင်းပျံ့လို့ နေပေလိမ့်မယ်လို့....။

ဒီနေရာလေးမှာများ ပုဂံက ချစ်သူအလာကို မယ်ဝဏ္ဏခမျာ မျှော်ရှာလေသလား၊ ဟောဟို .. စကားဝါပင်ကြီး အောက်မှာများ ချစ်သူနှစ်ဦး စကားလက်ဆုံ ပြောမကုန် ဖြစ်ခဲ့ကြသလေလားလို့လည်း ကျွန်မ လျှောက်တွေးတတ်တယ်။ အဲဒီလိုအချိန်များမှာ ပုပ္ပါးနဲ့ ပတ်သက်တဲ့ သီချင်းတွေထဲမှာ ကျွန်မ အကြိုက်ဆုံး လွမ်းစရာအကောင်းဆုံးသီချင်း။ ကန်မြဲကိုအေးကျော်ရေးပြီး ရေဒီယိုအဆိုကျော် ကိုမြသောင်းဆိုတဲ့ တောင်တော်ပုပ္ပါး သီချင်းကိုများ သတိရမိလိုက်ရင် ဒါမှမဟုတ် ပုပ္ပါးတောင်ထိပ်ကနေ လော်စပီကာနဲ့ ဖွင့်လိုက်ရင် ကြက်သီးမွှေညင်းထပြီး မျက်ရည်ဝဲအောင် လွမ်းရတယ်။ ကိုအေးကျော်ရဲ့ သီချင်းကလေ ဘယ်လောက်များ စကားလုံးတွေ လှလိုက်သလဲ ဆိုရင်....။

"xx နဂါးလိမ်ကျော်ဆစ်ကxx စကားဝါတောင်တော်ပန်း လွမ်းဆွတ်ပါ့မေရယ်xx ပန်းခက်က ဝေတယ်xx ဘယ်သူပြိုင်လို့ လှပါတော့နိုင်xx" တဲ့.....။

ခဲတံအတိုလေးတတို၊ ဗလာစာအုပ် အစုတ်လေးတအုပ်၊ ဖယောင်းတိုင်တို၊ မီးချစ်ဗူးလေး တဗူးထည့်ထားတဲ့ လွယ်အိတ်နွမ်းလေးလွယ်ပြီး ကန်မြဲရွာကနေ မြင်းခြံကို ဆေးရွက်ကြီးအထမ်းကြီး ထမ်းရောင်းရရှာတဲ့ သူတဦးရဲ့ ရုပ်ပုံလွှာဟာ 'ဘယ်သူပြိုင်လို့ လှပါတော့နိုင်' လို စကားလုံးမျိုးရဲ့ ဖန်တီးရှင် တေးရေးဆရာရဲ့ ရုပ်ပုံလွှာတဲ့လား.....။

ကန်မြဲရွာသား နိုင်ငံကျော်ကဗျာဆရာကြီးက ပြောပြ ခဲ့ဖူးလို့။ 'တောင်တော်ပုပ္ပါး' လို၊ 'ပန်းရည်ဘဏ်တိုက်' လို သီချင်းမျိုးရဲ့ ဖန်တီးရှင် တေးရေးဆရာရဲ့ ဘ၀ ရုပ်ပုံလွှာကို ကျွန်မ သိခဲ့ရဖူးတယ်။

ပုပ္ပါးရောက်တိုင်း ဒီသီချင်းကို ဆိုမိမြဲ...။ ဒီသီချင်းကြောင့်လဲ ပုပ္ပါးကို ပိုပြီး ခံစားတတ်စေခဲ့တာပေါ့။

ကျွန်တော်ကိုယ်တိုင် စာမရေးနိုင်သေးလို့  ဆရာကြီးတွေ ရေးတဲ့အထဲက အကြိုက်ဆုံးတွေ ကောက်နှုတ်ပေးထားပါတယ် ခင်ဗျားတို့  ခံစားကြည့်ပါအုံး
http://morris.myanmar-sar.org/Myanmar%20Oldies/1U%20BA%20THAUNG%20(POPPA).mp3


သာလေစွ ရွှေညာမြေ
တေးရေး - ကန်မြဲ ကိုအေးကျော်
တေးဆို - ခင်ညွန့်ရီ
https://docs.google.com/open?id=0B7MShrr-WugZeUs1dnUySUo5bWM 

တမျိုးပျော်စရာ မြရောင်အဆင်းမို့ မိုးပေါ်မှာလရောင်လင်းလို့ အရွယ်အဆင်းလှတဲ့ သူငယ်ချင်းမတို့ ဘယ်မငြင်းကြနဲ့ တကယ်မတင်းကြဖို့ စကားထာဝှက်မယ် ဗိုင်းငင်ရင်းက အညာအထက်နယ် ဝိုင်းပြင်တလင်းမှာ လေ လေ လေ....

(ကိုလူပျို ဆရာရဲ့ ဆရာရဲ့ လာခဲ့စေချင်ပေ.... ပျိုဖြူကို မညာနဲ့ မညာနဲ့ မှာတဲ့ရွှေစင်မေ)၂

 ရောင်ကြီးဗွေ မောင်ကြီးရေ မောင်ကြီးရေ ရောင်ကြီးဗွေ ရွှေလိပ်ပြာ ရွှေမှာဆင်းမဟေ့ ငွေရိပ်မှာ ဘဝင်မှာခွေ့မလေ့ ရေကန်နဘေးတွေ့လို့ မှာခဲ့သလေ ပုလွေသံလေး ထေ့လို့လာမတဲ့ဟေ  လေ လေ လေ....

တောင်ကြီးတွေကာ ကာပစေ  ရောင်ကြီးဗွေ လာ လာ မလေ....သန်းခေါင်ယံ လွန်ပြီလေ ညောင်ကံတွန်ပီအေ...သာလေစွ ရွှေညာမြေ မောင်ကြီးလာလမ်း မြော်မှန်းကြိုမယ်လေ....


 မိုးဦးတေး 
တေးရေး- ကန်မြဲကိုအေးကျော်
တေးဆို- မြင်းခြံကိုဘသောင်း
 http://www.youtube.com/watch?v=ZKUUltpCfA4&feature=plcp
ခါဝဿန် ရှစ်ခွင်သိုင်း...မှိုင်းမို့မို့ ဆိုင်းစို့စို့...ဝိုင်းလို့လို့ ရွာဟန်ပြင်... 
ဂျိုးဂျိမ်းသံ တညံညံနဲ့   ရှစ်တိုင်းအံ့ပုံ...     လျှပ်သားပျံဟုန် ပတ်ဝိုင်းသံစုံ.....   
ဂျိမ်းဂျိမ်းမြည်ဟီး အာလမ္ဗရာစည်ကြီးတီးသလို... ရွှေပစ္ဇုန် 

(ဝတိံ ပိုင်းဆီက  တိမ်မှိုင်းဆင့်လို့ လွှင့်ကာသာခြုံ    မဲမှောင်စို့ သဲမရောင်ငြို့ရင် ပျိုခင်တွေအကုန်)၂ 
တို့ရွာအတွင်းဆီက ယာခင်းဆင်းကြ ညီညာစုံ ကဗျာသီချင်းလေးနဲ့ တီးကြမှုတ်ကြကကြ ဗေဗိန်ဗုံ....

ယမထာ ရွှေကြိမ်မြှောက်ခါနဲ့  "ဟဲ့" ငေါက်ပါလို့နှင်...၊ ခြူလုံးသံ ညံညံပေး.... လေးဘက်ခွါစုံ ပြေးထွက်လာပုံ.... နွားပြာညိုတစ်ရှဉ်းတွင် ဦးခေါင်းမော့မော့ ကျော့ကျော့သာ....ဟို.........

(တို့တောင်သူ လယ်သမား တကယ်မအားတာဖြင့်ယုံ....အညာမြေကျေးတောအရပ်က ကမ္ဘာမြေသွေးကြော ဆက်ကြပါကုံ....)၂
(လမ်းကလေးတွေ အဖုံဖုံ၊ ပန်းကလေးတွေ အစုံစုံ....)၂
(မိုးသံ  လေသံ တောသံ ဟိန်း မြစိမ်းရောင် ပင်ရဂုံ)၂
ယာလယ်ခင်းမှာ ယိမ်းသမ ဟန်လိုပုံ
တို့ရွာအတွင်းဆီက ယာခင်းဆင်းကြ ညီညာစုံ ကဗျာသီချင်းလေးနဲ့ တီးကြမှုတ်ကြကကြ ဗေဗိန်ဗုံ....

 (တို့တောင်သူ လယ်သမား တကယ်မအားတာဖြင့်ယုံ....အညာမြေကျေးတောအရပ်က ကမ္ဘာမြေသွေးကြောဆက်ကြ ပါကုံ....)၂
(လမ်းကလေးတွေ အဖုံဖုံ၊ ပန်းကလေးတွေ အစုံစုံ....)၂
(မိုးသံ  လေသံ တောသံ ဟိန်း မြစိမ်းရောင် ပင်ရဂုံ)၂
ယာလယ်ခင်းမှာ ယိမ်းသမ ဟန်လိုပုံ
တို့ရွာအတွင်းဆီက ယာခင်းဆင်းကြ ညီညာစုံ ကဗျာသီချင်းလေးနဲ့ တီးကြမှုတ်ကြကကြ ဗေဗိန်ဗုံ.....


ရုပ်သေးပွဲ သွားရအောင်
 ရေး ကန်မြဲအေးကျော်
ဓါတ်ပြားအဆို ခင်အုန်းမြင့်လေး
http://morris.myanmar-sar.org/Myanmar%20Oldies/Yote%20Thay%20Pwe%20Thwar%20Ya%20Aung.mp3 
သီချင်း ရှာဖွေပေးသူ YanWin Taung Da Gar

(ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှိုင်းလို့ ရွှေဝိုင်းကဗေထိခေါ်၊ တိုးဟေ့ ပျော်ပျော်၊ အရှေ့ရွာပေါ် စင်တော်ရုပ်သေး၊ နောက်ညတွေ မမြင်ရရင်၊ လွမ်းရလိမ့်လေး။) ၂။
"ရေခပ်ပြန် ကသီလှပေါ့၊ ဘီးမှန်ကဘယ်ဆီနေ၊ ဒေါင်းတောက်အောင်မွှေ၊ စံပယ်ခွေ ဘယ်သူဖွက်ကြ စိတ်ပျက်ပေါ့အေ။အို ပြောင်ပါနဲ့ ယောင်းမရေ၊ လှောင်ပါနဲ့ ယောင်းမရေ၊ ငိုချင်ပေါ့အေ၊ (မောင်ကြီးရေ ) ၃ စောင့်ပါဦး၊ စံပယ်ခွေ ပန်ခဲ့အုံးမလေ၊ တဘက်ပြာ ခြုံခဲ့အုံးမလေ၊"

"ဘုတ်ဝါနီနေညိုကျ ချောင်းရိုးစ ထန်းတောဆီ၊ လေးတွဲ့တွဲ့မြည်၊ လှည်းတန်းက တအီအီ စည်ပါတဲ့ ရုပ်သေး။
နွားညီနောင် ချိုကုတ်ကို ကြိုးလှုပ်ပါ့လေး
မိနှင်းယုံ ညီမလေး မွှေးပါဘိ တလှိုင်လှိုင် မွှေးပါဘိ တလှိုင်လှိုင်
ဆောင်ပန်းပေါ်ထိုင်၊ ယိုင်နေပေါ့လေး ၊ လှည်းအဖေါ် ကြာရင်ဝေး ဟားတိုက်သံ မြိုင်မြိုင်လေး
မောင်းကြစို့ အပြေး၊ မောင်းကြစို့ အပြေး
မောင်းကြစို့ အပြေး

ဟဲ့ရာကျော်.. ဒိုးလေး (လို့ထင်တာပဲ) ပြေးပါတော့.. သယ်..ငါရိုက်လိုက်ရ..XXXX အယ်ငါ့သားနှစ်ကောင် ဟဲ့ XXXX ရုံန်းပါတော့လားဟဲ့ရှေ့က ရုန်းပါဟ..ရုန်းပါဟ (ဟေး)

ကိုမောင်မောင်သန်းရေ
ဒီသီချင်းရဲ့ စာသားက ဆရာဥိးတင်မိုးရဲ့ ကဗျာပါ။ ကဗျာခေါင်းစဉ်ကလဲ ရုပ်သေးပွဲသွားရအောင်..ဖြစ်ပါ

တယ်။
သံစဉ်ကတော့ ဆရာလင်းခေးပဲဖြစ်မယ်ထင်ပါတယ်။
စာသားတချို့လွဲနေတာလေးတွေ ပြင်ပေးလိုက်ပါတယ်။
"စပယ်ခွေပန်ခဲ့အုန်းမလေ တဘက်ပြာခြုံခဲ့အုန်းမလေ"
"နွားညီနောင်ချိုကုတ်ကို ကြိုးလှုပ်ပါ့လေး"
"မိနှင်းယုံညီမလေး မွှေးပါဘိတလှိုင်လှိုင်....မွှေးပါ
ဘိတလှိုင်လှိုင်"
ဒါလောက်ပါဘဲ။ ကျန်တာတွေမှန်ပါတယ်.။ (ဒေါ်နုနုရည် (အင်းဝ))


တောင်တော်ပုပ္ပါး
 ရေး ကန်မြဲ ကိုအေးကျော်
ဆို မြင်းခြံ ကိုဘသောင်း
 [(သီရိ မင်္ဂလာ အညာမြေ၏ မဏ္ဍိုင် တောင်သုံးလုံးဆိုင်) ၂၊ စက်ကုံးမို့ မို့ မှာ ကြွခုံးလို့ ယှဉ်ကာပြိုင်ဣဒြနီလာ ပြာပြာမှိုင်းမှိုင်း၊ မြခနောက်သို့ ဆိုင် လေးထောင်ကျော်ပေ မြင့်မား၊ ဝင့်ကြွားပေစွ မြင့်မားလေစွ မိုးကောင်းကင်တိုင်..မြင်းခြံခရိုင် တခုတည်းသော ရွှေပုပ္ပါး တဲ့ ကဗျည်း ကျောက်စာတိုင်...]၂။

(နဂါးလိန် ချော်ဆစ်က စကားဝါတောင်တော်ပန်း လှမ်းဆွတ်ပါ့မေရယ် ပန်းခက်ကဝေတယ်)၂၊ ဘယ်သူပြိုင်လို့  လှပါတော့နိုင် လှမ်းဆွတ်တော့ ညိုနွဲ့ ကေခိုင် တောင်တော်ပန်းမို့  မွှေးရနံ့ ကြူသင်းကြိုင်

မြရွှေတောင် ပုပ္ပါး မြင့်မား ၀တိန်တိုင်၊ စုံတောမြိုင် ဂနိုင်ချောင်က... ပန်းစကား မာလာကြိုင်၊ ရွှေနဲ့ များ ယိုးစွဲ  ထင်မှားနိုင်၊ ဟေ၀န်စုံမြိုင်၊ ရင်သပ်ရှုမောလောက်ဖွယ် ထူးမဆန်းသော စိမ့်စမ်းသွယ် ရစ်လည် ဘွေဆိုင် ကြည်နူးဖွယ် ကေသီခိုင် ကြွမြန်းခဲ့တော့ ပုပ္ပါး တောင်မဏ္ဍိုင်၊
 တောင်သူ ယာသမား အညာသားတို့ ရဲ့  ပြဒါးမှတ်တိုင် ရွှေမိုးတွေ ညို့ လို ညိုရင် ခမေါက် ကိုယ်စီဆောင်းခါ လယ်ယာခင်း ဆင်းကြမြိုင်မြိုင် ချောင်းကလျှံ ကန်ရေ တိုး သီးနှံတွေ ဖြိုးလို့ ဝေကာမြိုင်မြိုင် စိမ်းညို့ ညို့  ယိမ်းလို့ လို့  မြသား ယာမြေ ရှုမညီးနိုင် စကားစိမ်း ကြိုင်ကြိုင် စကားဝါလှိုင်လှိုင် ချူလှဲ့  မေ ရဲ့  ပုပ္ပါးတောင် မဏ္ဍိုင်၊
(နဂါးလိန် ချော်ဆစ်က စကားဝါတောင်တော်ပန်း လှမ်းဆွတ်ပါ့မေရယ် ပန်းခက်ကဝေတယ်)၂၊ ဘယ်သူပြိုင်လို့  လှပါတော့နိုင် လှမ်းဆွတ်တော့ ညိုနွဲ့ ကေခိုင် တောင်တော်ပန်းမို့  မွှေးရနံ့ ကြူသင်းကြိုင်
 “ရင်သပ်ရှုမောလောက်ဖွယ် ထူးမဆန်းသော စိမ့်စမ်းသွယ် ရစ်လည်ဘွေဆိုင်”
ဆိုတဲ့  စာသားဟာ ဓါတ်ပြားသွင်းတော့ ဆရာလင်းခေးလုလင်ပြင်ပစ်တာပါ။
သနားစရာကောင်းတဲ့ ရေးသူ ကန်မြဲကိုအေးကျော်ရဲ့ မူရင်းစာသားလေးက
ပိုလှ၊ပို အဓိပါယ် ရှိပါတယ်။
“လူသား ကိုဗျတ္တနဲ့ ဘီလူးပန်းစား မယ်ဝဏတို့ မေတ္တာသွယ်ပြိုင်” ကသာမူရင်းစာသား
အမှန်ပါ။
ပီးတော့  ရွှေမိုးတွေ ညို့လိုညို့ရင် အပိုဒ်မှာလဲ အမှန်က      ပုပါးမှာ မိုးညို ညိုရင်
ချောင်းသွင်သွင်ဆင်း ဧရာမြစ်မင်းသို့တိုင်  ဦးတင့်တယ် တူသံဟိန်း မိုးနတ်မောင်ချိမ်းပါလို့ တူယှဉ်ကာပြိုင်”ကအမှန်ပါ.။ပီးမှ စိမ်းညို့ညို့ဆက်ပါတယ်။ 

http://morris.myanmar-sar.org/Myanmar%20Oldies/1U%20BA%20THAUNG%20(POPPA).mp3



1:49 PM    

ဆရာမ ဒေါ်နုနုရည်(အင်းဝ)နဲ့ ဆရာအောင်ကျော်တိုးတို့  ပြင်ပေးတဲ့စာသားနဲ့ မှတ်ချက်များပါခင်ဗျာ
Top of Form


ပန်းရည်ဘဏ်တိုက်
ရေး ကန်မြဲအေးကျော်
https://docs.google.com/open?id=0B7MShrr-WugZUmRrSngyLUJOY0E
ဓါတ်ပြားအဆို ခင်သစ်လွင်
-         ချီလေတဲ့ ချီလေ ဤမြေမှ ဟိုတောင်တန်း ကျော်လှမ်းလို့ သာ ချီပါလေ၊ လေအညွတ် ရွှေဝတ်ကယ်မှုန်၊ ၀တ်ရည်လု ၀ိုင်းစုကာသာ ပြုံ။
-         မြတ်ပန်းရဂုံ၊မြတ်ပန်းရဂုံ၊ မြတ်ပန်း.......ရဂုံ၊
အပြန်အပြန် အပြန်လားကွဲ့ ၊ အသွား အသွား အသွားပါဗျို့ 
ခေါက်တုံ့ လူးလာ ကူးကာသယ်ဖို့ ကြုံ၊
-         (ပျံလေတဲ့ ပျံလေ တောင်တန်းတွေ ကျော်ကာလှမ်း ပျံသန်းကြပါကုန်
အိုဘယ့် ပျားငယ် ပျားသူငယ်ရယ် မိုးလေသာခိုက်၊ သယ်ယူလိုက်ပါ့ ပန်းရည်ဘဏ်တိုက် ဆောက်ကြပါလေကုန်)၂။
-         (ချီလေတဲ့ ချီလေ ဤမြေမှ ဟိုတောင်တန်း ကျော်လှမ်းလို့ သာ ချီပါလေ၊ လေအညွတ် ရွှေဝတ်ကယ်မှုန်၊ ၀တ်ရည်လု ၀ိုင်းစုကာသာ ပြုံ။)၂။

https://docs.google.com/open?id=0B7MShrr-WugZUmRrSngyLUJOY0E

စာသားကတော့ ကိုချစ်ဦးညို စာအုပ်က နဲနဲ ပြင်ရတယ်
အသံဖိုင်က ကိုပေါက် မန္တလေး၊ လှိုင်းကနေ ကူးလာတာ အရည်အသွေး အတော်ကောင်းပါတယ်

Bottom of Form

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...