Monday, June 11, 2012

“ဂုဏ်သိက္ခာ”


ဒီစကားလုံး လေးကို အမြဲကြားနေကြပါ ။သိပ်မကြာခင် ကာလကမှအလေးအနက်ထား စဉ်းစားမိသည်။ ဆရာ ချစ်ဦးညိုရေးတဲ့ “အမေ နှင့် တွေ့ဆုံ ခြင်း ”စာအုပ်မှာ သူ့ဖခင် ဦိးရွှေဒေါင်းညို ရဟန်းဘ၀မှ ထွက်တော့ သိက္ခာမကျဘူးရေးထားတာ တော်တော်ခံစားမိသည်။မိမိတွေးထားမိတာနဲ့ အံဝင်ခွင်ကျ ဖြစ်နေတော့ အတွေးစ တွေ  ဆွဲထုတ်မိသည်။
“ဂုဏ်သိက္ခာ”ကို မြန်မာ-အင်္ဂလိပ်အဘိဓာန်မှာ integrity, dignity ဖွင့်ဆိုထားသည်။integrity ကို Oxford Advanced Learner's Dictionary (8th edition ) မှာ  (n) quality of being honest and having strong moral principles    ရိုးသာမှု နှင့် ခိုင်မာသောစိတ်ဓာတ် အမူအကျင့်၏ အရည်အချင်းလို့  အဓိပ္ပာယ် ဖွင့်ဆိုထားသည် ။
Mac Milan English Dictionary for Advanced Learners (2nd edition)မှာတော့ the quality  0f always behaving according to the moral principles that you believe in, so that people respect and trust you .လူအများက ယုံကြည်လေးစားစေရန် သင်ယုံကြည်သလို စိတ်ဓာတ် အမူအကျင့်အရ အမြဲကျင့်ကြံအားထုတ်သောအရည်ချင်းလို့ အဓိပ္ပာယ်ဖော်ပြထားသည်။ dignity ကိုမူ ၄င်း အဘိဓာန်မှာပဲ(n) the impressive behavior of someone who controls their emotion in difficult situation ခက်ခဲတဲ့ အခြေအနေမှာ သူတို့ရဲ့ စိတ်ခံစားမှုတို့ ထိန်းချုပ်သော လူတစ်ဦးတစ်ယောက်ရဲ့ အထင်ကြီးလေးစားဖွယ် အပြုအမူလို့ ဆိုပါသည်။
ဒီဖွင့်ဆိုချက်တွေဟာ ထိရောက်ပေမယ့် အကုန်လုံး မခြုံငုံမိသေးပါဘူး။ “ဂုဏ်”ဆိုတာ ပါဠိစကားလုံး “ဂုဏ” ကလာပြီး သိက္ခာက “သေက္ခ” ကလာပါသည်။“ဂုဏ” ဆိုတာ အရည်အချင်း quality ဖြစ်ပြီး “သေက္ခ” ကတော့ practice ဖြစ်ပါသည်။ ပြောရရင် quality of practice ပေါ့ ။ ဘာတွေ လေ့ကျင့်ရမလဲ ။ အလေ့ကျင့် ရဲ့အရည်အချင်းတွေက ဘာတွေလဲ။                                                               
“လေ့”ရမှာတွေက စိတ်ကူးတွေ၊ တွေးဆမှုတွေ ၊ပြောဆိုမှု နှင့်လှုပ်ရှားမှုအပြုမူတွေပဲ ဖြစ်ပါသည်။  ပါဋ္ဌိလိုဆိုရရင် မနော ၊၀စီ နှင့်ကာယပဲပေါ့။ မနောကံ၊၀စီကံ နှင့် ကာယကံတွေကို စောင့်ထိန်းနိုင်ရင်တော့ moral principles တွေရပြီပေါ့ ။ ဒါဟာ အခြေခံ ဂုဏ်သိက္ခာ ပါပဲ ။ အရပ်ထဲမှာ ပြောနေကြတဲ့ “ဒီလူ သိက္ခာ မရှိဘူး” ၊ “ဒါဟာ သိက္ခချတာပဲ” လို့ဆိုဆို နေကြတာ ဒီအခြေခံ ဂုဏ်သိက္ခာပဲ  ။ ဒါကိုပဲ စောင့်ထိန်း ၊ ရှောင်ကြည်မှု ဂုဏ်သိက္ခာ ၊ သီလသိက္ခာလို့ ခေါ်ပါသည် ။ ဂုဏ်သိက္ခာ မှာ အဆင့် (၃) ဆင့်ရှိပါသည်။ သီလ သိက္ခာ ၊ သမာဓိ သိက္ခာ ၊ ပညာ သိက္ခာတွေပါပဲ  ။ ဒီသိက္ခာ သုံးရပ်ဟာ ပိရမစ်ပုံတည်ဆောက်ထားပါသည်။ အောက်ပါပုံကို ကြည့်ပါ။
ပညာ

သမာဓိ

သီလ 

သီလသိက္ခာ လေ့ကျင့်မှု့ အဆင့်က ကြိုစားအားထုတ်မှု့အဆင့်ပါ။ လေ့ကျင့်မှု၊ကြိုးစားမှု့ ကောင်းရင် တည်ငြိမ်မူ့၊စောင့်ထိန်းမှုသဘော ရောက်လာပါပြီ။ ခဏတာ စောင့်ထိန်းမှု့ကနေ စောင့်ထိန်းစရာ မလိုလောက်အောင် ရောက်လာရင်တော့ ပွင့်လင့်မှု့(epiphany)သဘော နှင့် သိမြင်မှု့ (enlightenment) သဘောရောက်ပြီပေါ့။ တည်ငြိမ် စောင့်ထိန်းမှု့အဆင့်ကို သမာဓိသိက္ခာလို့ ဆိုရမည်။ “မုဒုလက္ခဏ” ဇာတ်တော်မှာ စောင့်ထိန်းမှု့ ယိုင်ယွင်းလို့ တောမှီရသေ့ဟာ သီလသိက္ခာ ကိုပြန်စောင့်ထိန်းရတဲ့ လေ့ကျင့်ရတဲ့အဆင့်ထိ လျှောကျခဲ့ရသည်။ သိက္ခာသုံးပါးဟာ တွဲဖတ် မှီခိုနေတာပါ။ အောက်ကနေပေါ်သာမက အပေါ်ကနေအောက်ကိုလည်းအားထားမှီခိုနေတာပါ။ဒါကိုသတိထားဖို့လိုပါသည်။
                        ဒုတိယ အဆင့် သိက္ခာကနေ အမြင့်ဆုံးအဆင့်၊စောင့်ထိန်းစရာမလိုတဲ့ အဆင့် ရောက်ပြီး ဆိုရင် အရာရာဟာ သိသာမြင်သာလာမည်၊။ နားလည်ခွင့်လွတ်နိုင်မည် ။တမင်လုပ်ဆောင် နေစရာမလိုပါ။ “ဂုဏ်သိက္ခာ” ကို စောင့်ထိန်းလေ့ကျင့်ရတာဟာ အလုပ်ဖြစ်ပြီး အသိ၊ ပညာဟာ အကျိုးဖြစ် သည်။ လယ်ယာမြေကောင်းတွေမှာ မျိုးစေ့ကြဲဖို့ရာမှာ မိမိတာဝန်ဖြစ်ပြီး အပင်ပေါက်၊ သီးပွင့်လာဖို့ဟာ သစ်ပင်၏ တာဝန်ဖြစ်သည်။သီလသိက္ခာသည်ဓာတ်မီးခလုတ်ကိုနှိပ်ခြင်း၊ သမာဓိသိက္ခာဟာ အလင်း ရောင်ရဖြင်းဖြစ်ပြီး ပညာသိက္ခာသည် သိမြင်နားလည်ခြင်းဖြစ်ခြင်း ပင်ဖြစ်တော့သည်။
ယခုခေတ်မှာ အနောက်နိုင်ငံများတွင် ပညာတတ်သည် ဆိုသောလူတို့်သည် ဖောက်ပြန်မှားယွင်းနေကြ သည်။ ၄င်းပညာရှိသည် အကျင့် နှင့် စောင့်ထိန်းမူ့အပေါ် အခြေမခံသောကြောင့်ဖြစ်သည်.။ ဦးကျော်ဒင်သည်
ခေတ်ပညာ၊ရှေးပညာမတတ်ပါ။ကိုယ်၊စိတ်နှလုံး၊နှုတ်သုံးပါးကို လေ့ကျင့်လာသောကြောင့် အလေ့အကျင့် ကောင်း မှသည် စောင့်ထိန်းမှု့၊တည်ငြိမ်မှု့ကို ရကာ နောက်ဆုံး စွန်းလွန်းဂူဆရာတော် ဦးက၀ိ ဖြစ်သောအခါ အသိရော အမြင်ပါ ပွင့်လင်းလာတော့သည်။ ၄င်းသည် အမြင့်ဆုံးအဆင့်ပင် ဖြစ်တော့သည်။ ခက်ခဲ နက်နဲသောဗုဒ္ဓအဘိဓမ္မာများကိုကြေညက်တော့သည။်
Sir Alfred Nobel သည် ပညာတွေ အဆင့်ဆင့်မြင့်တက်ပြီးနောက် ၄င်းအကျိုးကိုသိမြင်ကာ    ဆေးပညာ၊ စာပေ ၊ဓာတုဗေဒ နှင့် ရူပဗေဒ၊ ငြိမ်းချမ်းရေး စသောနယ်ပယ်တွေ အတွက်အကျိုးရှိမည့်  N၀bel ဆုကို တီထွင်ပေးအပ်ခဲ့သည်။လူဟာ လူသားကောင်းကျိုးကို လုပ်ရမည် ဆိုသည့် အမူအကျင့်သီလကို တဖန် ပြန်လည်သိမြင်လာဖြစ်ပင်ဖြစ်သည်။သိက္ခာတွေထဲမှာ အခြေခံအကျဆုံးအလုပ်ပဲ ဖြစ်သည်။ ကိုယ်၊ စိတ်နှလုံး၊ နှုတ်သုံးပါးလုံးသည် သူတစ်ပါးအကျိုးယုတ်အောင၊် မိမိသူတပါးအကျိုးမယုတ်အောင်၊ မိမိကိုယ်တိုင်လည်း အကျိုးမယုတ်အောင် စောင့်ထိန်းရမှာပေါ့။
လူတစ်ယောက် တွေးတာ၊ပြောတာ၊တွေးတာတွေဟာ သူတစ်ပါး အကျိုးယုတ်ဖို့ မဟုတ်ဘူးဆိုတာ ပတ်ဝန်းကျင် က လက်ခံယုံကြည်လာပြီဆိုရင် ဒီလူမှာ ခိုင်မာတောင့်တင်းသော ဂုဏ်သိက္ခာ ရှိပြီ။ဒီလို အမျိုးကောင်းသား၊အမျိုးကောင်းသမီးတွေ ကမ္ဘာမှာရော၊ မြန်မာမှာပါ အများကြီးပါ။ကိုကျော်သူလိုပေါ့။သူတို့ မရှိတော့ ရင်တောင်မှ ရင်ထဲမှာ မြတ်မြတ်နိုးနိုး ထိန်းသိမ်းထားမှာပါ။ သူလိုလူတွေ ကျွန်တော်တို့ မြန်မာ လူ့အဖွဲ့  အစည်းမှာ အများကြီး ရှိပါတယ်။သူတို့သည် ပညာလင်းပွင့်မှုတွေထိ မရောက်သေးပေမယ့် တစ်နေ့တော့ မလွဲမသွေ ရောက်ကြမှာပါ။ပါရမီရှင်၊ သူတော်ကောင်း၊အာဇာနည် ဆိုတာတွေဟာ ဂုဏ်သိက္ခာ နဲ့ သွေးအုပ်စုတူ  တဲ့ သူရဲကောင်းတွေပါ။ဗိုလ်ချုပ်အောင်းဆန်း ကို ကျွန်တော်တို့ ထာဝရ မြတ်နိုးခဲ့၊ မြတ်နိုးဆဲ၊မြတ်နိုးနေဦးမှာပါ။ ဗိုလ်ချုပ်အောင်ဆန်း သည် ဂုဏ်သိက္ခာ မြင့်မားမှု ရဲ့ အဓိက ပြယုဂ်လို့ပဲ ဆိုချင်ပါတော့သည်။ကျွန်တော်တို့ ညီအစ်ကို မောင်နှမ အားလုံး အတုယူလေ့ကျင့်စောင့်ထိန်းသင့်ပါသည်။
လင်းပွင့်မှု  ပညာသိက္ခာကတော့  လာပါလိမ့်မည်။


မောင်နေပြာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...