Monday, June 11, 2012

အတ္တကိုလှလှလေးမွေးမြူထားတဲ့သူ ..... သဘောကျမိတဲ့အက်ဆေးတစ်ပုဒ်


အားလုံးကိုလေးစားပါတယ်။

ကျနော် သူများတွေကိုလေးစားတဲ့ လူတစ်ယောက်ဖြစ်တယ်။ လူမျိုးခြားကိုလေးစားတယ်။ ဘာသာခြားကိုလေးစားတယ်။ အဲ့ဒီလိုလူတစ်ယောက်ဖြစ်တယ်။

ဒါပေမယ့် ဘာကြောင့်လဲ ဘယ်လိုလဲ။ ကျနော့်မှာ စိတ်ကောင်းရှိတဲ့အချိန်ရှိတယ်။ စိတ်ကောင်းမရှိတဲ့ အချိန်ရှိတယ်။

ကျနော်စိတ်ကောင်းမရှိတဲ့ အချိန်မှာ လေးစားပြတယ်။ ဘာဖြစ်လို့လဲ အများက ကျနော့ကို လူကြီးလူကောင်းလို့ မြင်စေချင်လို့ဖြစ်တယ်။ ဟိုတယ်၊ ရှော့ပင်းမောက တံခါးဖွင့်ပေးတဲ့ ၀န်ထမ်းတွေကို ကျေးဇူးတင်ပါတယ်လို့ပြောပြတယ်။ အဲ့ဒါ သက်သက်မယ့်လုပ်ပြတာ။ အဲ့ဒီလုပ်ပြရင် မြင်ရတဲ့သူကကော၊ အပြောခံရတဲ့သူကပါ ဒီလူဟာ စိတ်သဘောထားပြည့်ဝတဲ့သူလို့ မြင်တယ်။ သူများကို လေးစားပြတာဟာ လူကြီးလူကောင်းတွေရဲ့  ပြယုဂ်ဖြစ်တယ်။ အဲ့ဒါကြောင့် ကျနော်ဟာ စိတ်ကောင်းမရှိတဲ့ အချိန်မှာ သူများတွေကို လေးစားပြတယ်။

ကျနော်စိတ်ကောင်းရှိတဲ့ အချိန်မှာလဲ လူတွေကိုလေးစားပြတယ်။ ဘာကြောင်လဲဆိုတော့ ကျနော့ကို ကျနော်လေးစားလို့ဖြစ်တယ်။ မိမိကိုယ်ကို လေးစားတဲ့သူဟာ သူများကိုလေးစားတယ်။ ကိုယ့်ဘာသာကို တန်ဖိုးထားလို့ သူများဘာသာကိုလေးစားပြတယ်။ ကျနော် သူများဘာသာတွေကိုလက်မခံပါဘူး။ မယုံကြည်ပါဘူး။ ဒါပေမယ့် လူတစ်ယောက်ရဲ့ ခံယူချက်ကို လေးစားတယ်။ ဘာဖြစ်လို့လဲ ကျနော်ခံယူချက်ကို ကျနော်လေးစားလို့ မြတ်နိုးလို့ဖြစ်တယ်။

ကျနော် တခြားလူမျိုးတွေကိုလဲ လေးစားတယ်။ အကြောင်းက ကျနော် ဗမာ လူမျိုးဖြစ်ရတာကို ဂုဏ်ယူလို့ဖြစ်တယ်။ ဗမာလူမျိုးတွေဟာ လူမျိုးခြား၊ ဘာသာခြားတွေကို လေးစားတဲ့ လူမျိုးဖြစ်တယ်လို့ သိစေ ချင်တယ်။ ဒါကြောင့် ကျနော် အားလုံးကို လေးလေးစားစား ဆက်ဆံတယ်။

ဒါကြောင့်ကျနော်ဟာ အများကို လေးစားသူတစ်ယောက်ဖြစ်တယ်။

ကျနော့်ကို ရန်စကားပြောတဲ့သူ ဆဲရေးတိုင်းထွာတဲ့သူတွေကို ရန်တုန့်မပြန်ဘူး။ အေးအေးဆေးဆေးပဲ ပြန်ပြောတယ်။ ဒါဟာ ငါဟာ ကြီးကျယ်မြင့်မြတ်တဲ့သူဖြစ်တယ် လို့ ခံယူလို့ပဲဖြစ်တယ်။ အဲ့ဒီ ရန်စကားပြောတဲ့သူတွေ ဆဲရေးတဲ့သူတွေထက် မြင့်မြတ်တဲ့သူဖြစ်တယ်လို့ ကိုယ့်ကိုယ်တိုင်လဲ ခံယူသလို အများကိုလဲ သိစေတယ်။ ဒါကြောင့် ဘယ်သူ့ ကိုမှ ရန်တုန့်မပြန်ဘူး။ ပြန်လည်ဆဲရေးခြင်း မရှိဘူး။ သူတို့လို မနိမ့်ကျဘူးလို့ ကိုယ့်ကိုယ်ကို ယုံကြည်တယ်။

ကျနော်ဟာ မြင့်မြတ်တဲ့သူတစ်ယောက်ဖြစ်တယ်။

မောင်ညီ

  1 comment:

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...