Monday, June 11, 2012

ကိုယ်ပိုင်လွတ်လပ်ရေးကို ကိုယ်တိုင်ထိန်းသိမ်းပါ


by Aung Naing Soe Ans on Monday, June 11, 2012 at 1:38am 

ဒီ post ကိုကျေးဇူးပြုပြီးဆုံးအောင်ဖတ်ပေးပါ။ ပြီးမှ အပြစ်တင်ချင်တင်ပါ။ ကျွှန်တော်လက်ခံပါ့မယ်။

          “ကျွန်တော်တို့ မြန်မာနိုင်ငံ ဘယ်အချိန်က လွတ်လပ်ရေးရခဲ့ပါသလဲ ??” ထိုမေးခွန်း အတွက် မြန် မာနိုင်ငံသားတိုင်းဧ။် အဖြေမှာ ၁၉၄၈ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့ဖြစ်သည်။ မှန်ပါသည်။ ထိုနေ့တွင် နယ်ချဲ့ ကိုလိုနီ အင်္ဂလိပ်များ ကမြန်မာနိုင်ငံအား လွတ်လပ်ရေး ပေးခဲ့သည်။ သို့သော်ကျွန်ုပ်တို့  မြန်မာနိုင်ငံသားများသည် အာဏာရှင် တစ်စုကြောင့် တဖန်ပြန်လည်ဖိနှိပ်ခံခဲ့ရသည်။ ရက်စက်ခံခဲ့ရသည်။
အဆိုပါ ဖိနှိပ်ရက်စက် မှု များကို တော်လှန်ခဲ့ကြသော နိင်ငံမျိုးဆက်သစ်များအနက်  တချို့တချို့ ကွယ်လွန် ခဲ့ကြသည်။ တချို့တချို့ တောခိုခဲ့ကြသည်။  တချို့တချို့ ဒုက္ခိတဖြစ်ခဲ့ကြသည်။ တချို့တချို့ပြည်ပရှိပြိုင်ဘက် နိုင်ငံ များသို့ သွားရောက်ခိုလှုံခဲ့ကြသည်။ အဆိုပါ ကိစ္စရပ်များအတွက် ပြည်သူပေါင်းများစွာ မှာ ယနေ့တိုင် ကြေကွဲနေကြဆဲပင်ဖြစ်သည်။
          လွန်ခဲ့သော တစ်နှစ်ကျော်ကျော်မှ ကျွန်တော်တို့ နိုင်ငံဧ။်အနာဂတ်မှာအနည်းငယ် ရောင်နီသမ်းလာခဲ့သည်။ ပြည်သူအများစု မျှော်လင့်အားထားသော ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည်။ အာဏာရှင်များကို တော်လှန်ခဲ့သော ၈၈ကျောင်းသားလူငယ်အများစု အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာကြသည်။ ပြည်သူတိုင်း ပြည်သူတိုင်း ဒီမိုကရေစီ ဥပဒေအရ (ယခင်ကပြုလုပ်ခွင့် မရှိခဲ့သော) မိမိဆန္ဒ မိမိလွတ်လပ်စွာ ဖော်ထုတ်နိုင်ခဲ့ကြသည်။ ပိတ်သိမ်းခြင်းခံရသော အနုပညာရပ်များ ပြန်လည်ရှင်သန်လာခဲ့ကြပြီ။ ကွဲကွာနေသော မိသားစုများ ပြန်လည်ဆုံစည်းကြပြီး စစ်ပွဲများ ရပ်စဲရန် စေ့စပ်ဆွေးနွေးနေကြပြီ။ မျက်ရည်မြစ်များ ခမ်းခြောက်စပြုပြီ။ အနာဂတ်ဧ။် ရောင်နီတို့သမ်းစပြုချေပြီ။
               ယခုကဲ့သို့သော်အချိန်ကာလမှပင် ကျွန်တော်တို့သည် စစ်မှန်သော လွတ်လပ်ရေး ၏ အသီး အပွင့်ကို စတင် ခံစားရခြင်းဖြစ်သည်။ သို့သော် ယခု ကျွန်တော် တို့ ပတ်ဝန်းကျင်မှ လူ တော်တော်များများ မှာ အဆိုပါ လွတ်လပ်ရေး၏ အသီး အပွင့် ကို ထွေးထုတ် မှန်း  မသိ ထွေး ထုတ် နေ ကြသည်။ မသမာသော ၀ါဒဖြန့်သူ လူတစ်စု ၏သွေးထိုး လှုံ့ဆော်စကားများကို မှိုင်းမိနေကြသည့် အပြင်အဆိုပါ စကား များ ကို ပြန်လည်ဖြန့်ဝေနေကြသည်။ ပြသနာများ ၏ ဇစ်မြစ်ကို အသေအချာမသိဘဲ ထင်ရာစိုင်းရမ်းတုတ်နေကြသည်။
          ထို့ကြောင့် ကျွှန်တော် တို့လက်ရှိပြသနာများ ဖြစ်ပွားရသော အကြောင်းအရင်းများကို စိတ်အေးအေးထား ၍စဉ်းစားကြည့်ကြပါ။ ပထမဦးဆုံး မေလ ၂၈ ရက် ညနေ ၅ နာရီ ၁၅မိနစ် အချိန်တွင် ကျောက်နီမော် ကျေးရွာအုပ်စုမှ ရခိုင်အမျိုးသမီးငယ် မသီတာထွေး အဓမ္မပြုကျင့် ခံရကြောင်း ကြေးမုံသတင်းစာ (၅.၆.၂၀၁၂) တွင်ပါရှိခဲ့သည်။ စာဖတ်သူများကို ကျွှန်တော် မေးခွန်းတခု ထုတ်လိုပါသည်။ အဘယ်ကဲ့သို့သော မုဒိန်းမှုမျိုးတွင် ကျူးလွန်ခံရသူ မိန်းကလေး ၏ အမည်ကို ဖော်ပြတာတွေ့ဖူးပါလား ??? မတွေ့ဖူးကြပါ။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံ သည် ယဉ်ကျေးသော နိုင်ငံ တခုဖြစ်သည့် အားလျော်စွာ အဓမ္မ ကျင့်ခံရသူအမျိုးသမီး ၏ ကာယ အိနြေ္ဒ ကိုငဲ့ညှာသောအားဖြင့် အမည်နာမ မသုံးစွဲပါ။ ထို့ပြင် ၄င်း၏မိဘအမည်မသုံးစွဲပါ။ ထိုအချက် မှာ ပထမဦးဆုံးမရိုးသားသော အချက်တခုဖြစ်သည်။ ထို့ပြင် မည်သည့် အမှုတွင် တရားခံများ၏ ကိုးကွယ်သည့် ဘာသာနှင့် လူမျိုးကို ထည့်သွင်းပါသနည်း ???? မည်သည့် အမှုတွင်မှ ထည့်သွင်းခြင်းမရှိပါ။ သို့သော ယခု အမှုတွင် ထည့်သွင်းသည်။ ထိုမျှလောက် ဆို လျှင်ပင် ကျွှန်တော်တို့ နား လည်သင့်နေပါပြီ။
          ထို့ပြင် မှုခင်းဖြစ်ပွားသောရက်မှာ မေလ ၂၈ရက်ဖြစ်သည်။ ကြေးမုံသတင်းစာတွင်သတင်း ပါလာသည့်ရက်မှာ ဂျွန်လ ၅ရက်ဖြစ်သည်။ ဤသည်မှာလည်းသတိပြုသင့်စရာ အချက်တချက်ဖြစ် သည်။
          နောင်တချက်မှာ ကြေးမုံသတင်းစာမှ အဆိုပါ သတင်းကိုဖော်ပြရာတွင် သတင်း၏နိဒါန်း ပိုင်းတွင်”.....ကုက္ကိုပင်အနီးပျားတော(ဒီရေတော) တွင် ၄င်းအား အမည်မသိလူများက ဓါးဖြင့်ထိုး သတ်သည့်ဖြစ်စဉ်တခုဖြစ်ပွားခဲ့သည်။”  ဟုဖေါ်ပြခဲ့ပြီး တရားခံများ ၏အမည်ကို နောက်တပိုဒ်တွင် ဖော်ပြထားသည်။ ၅.၆.၂၀၁၂ သတင်းစာ အား ပြန်လည်လေ့လာလျှင်တွေ့ပါလိမ့်မည်။
          အဆိုပါသတင်းစာတွင် အထက်ဖော်ပြပါသတင်းနှင့် ယှဉ်လျှက် “….. ရိုးမသစ္စာမှန်လုံ ယာဉ်ပေါ်မှ မွတ်ဆလင်ကုလား ၁၀ ဦးအသတ်ခံရ” ဆိုသောသတင်းကိုဖေါ်ပြခဲ့သည်။ ဤအမှု တွင်တရားခံများ၏ ကိုးကွယ်ရာဘာသာကိုဖော်ပြခဲ့သည်။ ထို့ပြင်သုံးနှုန်းထားသောစကားလုံးများ မှာစော်ကားသောစကားလုံးများဖြစ်ကြောင်းကိုတာဝန်ရှိသူများ မသိနိုင်စရာအကြောင်းမရှိ။ သို့သော်လည်း ဤစကားလုံးများ ကို မှတမင်တကာရွေးသုံးခဲ့လေသလားထင်မှတ်ရသည်။ ၅.၆.၂၀၁၂ ထုတ်ကြေးမုံသတင်းစာ စာမျက်နှာ ၅တွင် ဘေးချင်းယှဉ်ဖော်ပြထားသော သတင်း၂ ပုဒ်ဖတ်ကြည့်ရုံနှင့် ၄င်းတို့မည်သည်ကို အလိုရှိသည် ဆိုသည်မှာ ကွက်ကွက်ကွင်းကွင်း ဖြစ်သည်။ (ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်မြန်မာနိုင်ငံကို Burma ဟုသုံးနှုန်းပြောဆိုခွင့်မရှိ ကြောင်းရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၇ရက် တွင်အကြောင်းကြားစာထုတ်ပြန်ခဲ့သည်။ The Voice Journal Vol 8/No.25  ဤကားစကားချပ်။)
          “ဂျွန်လ ၃ရက်နေ့ မနက် ၆ နာရီတွင် တောင်ကုတ်မြို့ပေါ်ရှိလူစည်ကားသောနေရာများ တွင်လွန်ခဲ့သော မေ၂၈ရက်က ဖြစ်စဉ်နှင့်ပတ်သက်၍မသီတာထွေး ၏ရက်စက်စွာစော်ကားခြင်း ခံရသောဓါတ်ပုံနှင့်အတူ မွတ်ဆလင်ကုလားများ ၏ ရခိုင်အမျိုးသမီးများအား ရည်ရွယ်ချက်ရှိရှိ ရက်စက်ယုတ်မာမှုများကို တောင်ကုတ်မြို့နေ ပြည်သူများသိစေရန် ၀ံသာနုရက္ခိတ  အဖွဲ့မှ နှိုးဆော်စာများ ဖြန့်ဝေခဲ့ကြောင်း အဆိုပါသတင်းစာ တွင်ဖော်ပြထားသည်။ မှုခင်းဓါတ်ပုံများကိုမှု ခင်းစစ်အရာရှိများမှသာရိုက်ယူခွင့်ရှိကြောင်း ကျွန်တော်ကြားဖူးသည်။ ထိုကျောက်နီမော်ကျေးရွာ တွင် သတင်းယူရန်နှင့်ဓါတ်ပုံရိုက်ရန် မည်သည့်ဂျာနယ်လစ်မှ လည်းရှိမည်မထင်။ သို့သော်တောင် ကုတ်မြို့နှင့်အခြားသော မြို့များတွင် အဓမ္မပြုကျင့်ခံရသူ မသီတာထွေး၏ အရှက်သိက္ခာကို မထောက်ထားဘဲမိမိတို့လိုအင်ဆန္ဒပြည့်ဝရန် ရခိုင်ပြည်နယ်တ၀ိုက်တွင် ဝေငှခဲ့သည်။ ဤအချက် မှာ အင်မတန်အရေးကြီးသော အချက်တချက်ဖြစ်သည်။
          စာဖတ်သူအားမေးခွန်းတခုထပ်မံမေးလိုပါသည်။ ယနေ့ညနေ ရန်ကုန်မြို့တွင်းသို့ ၀င်လာ မည့်ဟိုင်းဝေးဘတ်စ်ကားများတွင်မည်သည့်ခရီးသည်များလိုက်ပါလာမည်ကိုသိပါသလား ????? ကြိုတင်ကြေညာထားခြင်းမရှိဘဲ မြို့နေပြည်သူလူထုမှမသိရှိနိုင်ပါ။ သို့သော်တောင်ကုတ်မြို့နေ ပြည်သူများသည် မည်သည့်ကားပေါ်တွင်မည်သည့်ခရီးသည်များလိုက်ပါလာမည်ကို ထူးဆန်းစွာ ကြိုတင်သိရှိခဲ့သည်။ ထိုသတင်းများကိုမည်သူကဖြန့်ခဲ့သနည်း ??? မှုခင်းဓါတ်ပုံများကိုမည်သူများ က အလွဲသုံးစားလုပ်ခဲ့သနည်း ????
          3.6.2012 ညနေ ၄နာရီ အချိန်တွင် အသတ်ခံရမည့် မွတ်စ်လင်မ် ၁၀ဦးလိုက်ပါလာသော ရိုးမသစ္စာကားသည်တောင်ကုတ်မြို့အေးရိပ်ငြိမ်ကားကြီးဝင်းအတွင်းသို့ဝင်ရောက်ခဲ့ကြောင်း၊ သတင်းပြန့်သွားကြောင်း ၊ မြို့နေလူများစုရုံးလားကြောင်း ၊ ဂိတ်မှုးကအဆိုပါ မော်တော်ယာဉ်အား အမြန်ထွက်ခွာစေခဲ့ကြောင်း အဆိုပါသတင်းစာ တွင်ဖော်ပြခဲ့သည်။ တောင်ကုတ်မြို့အေးရိပ်ငြိမ် ကားကြီးဝင်း အတွင်းတွင် ထိုကဲ့သို့သောအဓိကရုဏ်းဆန်ဆန် လူစုလူဝေးဖြစ်ပွားချိန်တွင်ထိုကား ကြီးဝင်းမှလုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများဘာလုပ်နေကြပါသလဲ??? ကားကိုအမြန်ပြန်လွှတ်လိုက် သူဂိတ်မှုးမှ ရဲစခန်းကို အဘယ့်ကြောင့်အကြောင်းမကြားပါသလဲ ???? စသည်ဖြင့်ကျွှန်တော်တို့ အတွက်စဉ်းစားစရာများရှိနေသည်။ 
          ထို့ပြင်အဆိုပါသတင်းစာတွင် မွတ်စ်လင်မ် (၁၀) ဦးအားသေဆုံးသည်အထိရိုက်နှက်ခဲ့ သောတောင်ကုတ်မြို့ခံများမှာညနေ ၆နာရီ မိနစ် ၅၀ တွင်မှလူစုကွဲသွားကြောင်းဖော်ပြထားသည်။ အဆိုပါကားဝင်လာသည့်အချိန်မှာ ညနေ၄နာရီဖြစ်ကြောင်းကိုလည်းဖော်ပြခဲ့သည်။ ထို့ကြောင့် ကျွန်တော်သိချင်သည်မှာ ညနေ၄နာရီမှ ညနေ၆နာရီမိနစ် ၅၀ အချိန်ထိ ရုတ်ရုတ်သဲသဲဖြစ်နေ သောမြို့နေပြည်သူများကိုမထိန်းသိမ်းဘဲတောင်ကုတ်မြို့မှလုံခြုံရေးတာဝန်ယူထားသောရဲတပ်ဖွဲ့ ၀င်များဘယ်ရောက်နေကြပါသလဲ??? အခင်းဖြစ်ပွားရာနေရာသို့ ၃နာရီခန့် (၂နာရီ မိနစ်၅၀) နောက်ကျမှရောက်လာခဲ့ကြသည်။ ဤသည်မှာ အရေးအကြီးဆုံးအချက်တချက်ဖြစ်သည်။အကယ် ၍ရဲတပ်ဖွဲ့ဝင်များ ထိုနေရာတွင်စောစောစီးစီးရှိနေပါက အဆိုပါ၁၀ဦးအသတ်မခံရနိုင်သလိုယခုကဲ့ သို့သောပြသနာများလဲမဖြစ်ပွားနိုင်ပါ။ (အဆိုပါသတင်းတွင် “သတ်ဖြတ်” ဆိုသောစကားလုံးများ မပါရှိသကဲ့သို့ “ရက်ရက်စက်စက်” ဆိုသောစကားလုံးများလဲမပါရှိပါ   ဤကားစကားချပ်။)
          ယခုဖြစ်ရပ်များကိုပြန်လည်သုံးသပ်ကြည့်သည့်အခါ မသမာသူအာဏာရှင်တစ်စုမှ ကျွှန်တော်တို့၏အသက်အိုးအိမ်စည်းစိမ် များကိုရင်း၍၄င်းတို့ကောင်းစားရေးဖန်တီးနေကြောင်း သိသာလှပါသည်။ ၄င်းမှုခင်းများနှင့်စပ်လျှင်း၍ ဇွန်လ ၈ရက်မွန်းလွဲပိုင်းမှ စတင်ကာကျူးကျော်သူ ရိုဟင်ဂျာများမှရခိုင်တိုင်းရင်းသားများကိုအကြမ်းဖက်ခဲ့သည်။ ကျေးရွာများ ၊အိမ်များ ၊ ဆိုင်ခန်းများ ၊ စာသင်ကျောင်းများ ၊ ၀တ်ပြုကျောင်းများ ဖျက်ဆီးခံခဲ့ရသည်။ ခြောက်သွေ့စပြုနေသော မျက်ဝန်းများပြန်လည်စိုစွတ်လာကြပြီဖြစ်သည်။ ယခုဆိုလျှင်ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ စစ်တွေ၊ သံတွဲ၊ရမ်းဗြဲ စသည့်မြို့များတွင် ညမထွက်ရအမိန့်များ ထုတ်ပြန်ခဲ့သည်။ ၄င်းမြို့များမှ ပြည်သူများ လွတ်လပ်ခွင့်စတင်ဆုံးရှုံးခဲ့ပါပြီ။
          ရိုဟင်ဂျာကိစ္စသည် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူ စသည့် လူမျိုးအားလုံး၏အမျိုးသားရေးဖြစ်သည်။ ဘာသာရေးမဟုတ်ပါ။ ကျွှန်တော်တို့နိုင်ငံကိုထိပါးစော် ကားလာသူမှာကျွှန်တော်တို့၏မိတ်ဆွေပင်ဖြစ်ပါစေ၊ ဆန့်ကျင်ရမည်မှာ ကျွှန်တော်တို့တာဝန်ဖြစ် သည်။
အဆိုပါရိုဟင်ဂျာများသည်ရခိုင်ပြည်တွင်းအခြေချလာသည်မှာယခင်အစိုးရလက်ထက်ကတည်းကပင်ရှိခဲ့သည်ဟုကြားသိရသည်။ ထို့ကြောင့်၎င်းတို့ကိစ္စကို အဘယ့်ကြောင့်အရေးမယူဘဲ ထားခဲ့ရပါသလဲ ဆိုတာ ယခုအချိန်မှာကျွှန်တော်တို့အတွက်စဉ်းစားစရာဖြစ်သည်။ ကျွှန်တော်တို့ သည်အကွက်ကျကျ ကြိုတင်ကြံစည်ထားသောထောင်ချောက်များအတွင်းသို့ကျရောက်လုဆဲဆဲ ဖြစ်နေသည်။
          ယခုလိုအမျိုးသားရေးတာဝန်တရပ်ကိုစုပေါင်းဆန့်ကျင်ရန်မှာ ကျွှန်တော်တို့တမျိုးသားလုံး စုစုစည်းစည်းရှိနေဖို့လိုအပ်သည်။ နွားကွဲလျှင်ကျားဆွဲခံရမည်ကိုစာဖတ်သူများ သိရှိပြီးဖြစ်မည် ထင်သည်။ ကျွှန်တော်တို့လိုနှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရသောမသိနားမလည်သူများစည်းလုံးမှု မရှိလျှင်အာဏာရှင်ကျားတို့၏စိတ်ကြိုက်ဖြစ်မည်မှာ အမှန်ပင်ဖြစ်သည်။
          လောလောဆယ်ရန်ကုန်မြို့တွင် လူမျိုးရေးအဓိကရုဏ်းဖြစ်ရန်ကြံစည်နေသောလူတစ်စုက မည်သည့်ရက်တွင် မည်သည့်လူမျိုးများအားတိုက်ခိုက်မည် ဖြစ်ကြောင်းနှိုးဆော်စာများလိုက်လံ ဝေငှနေကြောင်းကောလဟာလများပြန့်နှံ့နေသည်။ ၄င်းကောလဟာလများကို အတည်မဖြစ်စေ ချင်ပါ။ အမှန်တကယ်နှိုးဆော်စာများဝေငှနေလျှင်လည်း မိမိအသိစိတ်ဓါတ်ဖြင့်မိမိ ထိုကိစ္စရပ်များ ကျေးဇူးပြု၍ မပါဝင်ကြပါရန်လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်။ အကယ်၍ထိုသို့သောအဓိက ရုဏ်းများရန်ကုန်တွင် စတင်ပါက တတိုင်းပြည်လုံးသို့ပြန့်နှံ့မည်ဖြစ်သည်။ ညမထွက်ရအမိန့်များ ထုတ်မည်။ ကုန်ဈေးနှုန်းများတက်မည်။ စီးပွားရေးကျဆင်းလာမည်။ ကျောင်းသားများပညာရေးထိ ခိုက်မည်။ ထို့ပြင်အဆိုးရွားဆုံးများ ကျွှန်တော်တို့၏စစ်မှန်သောလွတ်လပ်ရေးစတင်ဆုံးရှုံးမည် ဖြစ်သည်။ ကျွှန်တော်တို့၏မျိုးဆက်သစ်များလည်း အဖိနှိပ်ခံရဦးမည်။ ကျွှန်တော်တို့လွတ်မြောက် လာရာမှ မကြာသေးသော ဒုက္ခတွင်းအတွင်းသို့ပြန်လည်သက်ဆင်း၇မည်ဖြစ်သည်။ အဘက် ဘက်မှပြန်လည်စဉ်းစားကြည့်သောအခါ ကျွှန်တော်တို့အတွက်ကောင်းကျိုးတခုမှ မမြင်ပါ။ ထို့ ကြောင့်ကျွှန်တော်ထပ်မံ၍အနူးအညွတ်မေတ္တာရပ်ခံလိုသည်မှာ ကျွှန်တော်တို့၏ဘိုးဘေးဘီဘင် များတန်ဖိုးထားသော လွတ်လပ်ရေးကိုကာကွယ်ရန်အတွက်မြန်မာနိုင်ငံသားမည်သည့်ဘာသာဝင် မဆို စနစ်တကျ ဆင်ထားသောထောင်ချောက်များ အတွင်းသို့မဆင်းကြပါနှင့်။
                                                                                                          မိုးမျှော်



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...