Thursday, June 14, 2012

ရိုဟင်ဂျာ၏ မဂျာ၏၊ ဘင်္ဂလီ၏ မလီ၏။


by Mg Han on Thursday, June 14, 2012 at 9:30am

ရခိုင်အရေးသည် ဘုမသိ ဘမသိနှင့် မွတ်နှင့်ဗုဒ္ဓဘာသာ ဖြစ်ကြရပြီ။ မဟုတ်ပါ မဖြစ်သင့်ပါ။ မသုံးနုန်းသင့်ပါ။ အဲသလို ခွဲခြား မမုန်းသင့်ပါဟု အတန်တန်တားပါလျက် ကိုယ့်လူတို့ ကိုယ်မပိုင်၊ နိုင်လဲမနိုင်သဖြင့် ငုတ်တုပ်ထိုင်လျက် ကန်ရာရှိခဲ့ပြီ။ သို့သော် အဆိုးမဆိုသာ ရခိုင်ပြည်နယ်အစိုးရတောင် လေလားဝမ်းလား မကွဲသည်မှာ တို့လိုလူတွေ အများကြီးဟု ပျော်စရာပင်ကောင်းသေး၏။ ကိုယ်တိုင်က ဘေးထိုး အရင်းကြီးထားတော့။ လေထိုးလေလျော်ပေမယ့် မျှော်မိသေးသား။ အားလုံးလက်ရှောင် ကုန်ပြီ။ ပေါက်ကောင် ခုထိမဖွင့်သေး။ နောက်ဖေးကမီးခိုးတလူလူ။ လူ လူဆိုတာနဲ့ ပြေးမလား၊ ချမလားပြင်ထားရ။ ငါတို့ညံ့လှတယ်။ ချာတူးလန်အောင် ငါတို့နှင့် ငါ့တို့အမျိုးတွေ ညံ့ဖျင်းလှသည်။ မခံနိုင်လဲ မတတ်နိုင်ကြ ကုန်။ ငစွေဆရာလုပ်သလို သိသမျှ သဘောတရာများအား ရှင်းပါမည်။ ဒေတာ အတိအကျဖြင့်သိနိုင်ရန် တာဝန်ရှိ ပုဂ္ဂိုလ်တစ်ယောက်မဟုတ်။ ၄င်းအရေး ဇောင်းပေးသူလည်းမဟုတ် သဖြင့် သီးခံကြပါကုန်။



သိသမျှပြောပါမယ်။ ထိုင်းမှာ ဗမာတွေရှိသလိုမျိုး။ ရခိုင်မှာ ဘင်္ဂလီတွေရှိခဲ့တယ်။ သူတို့အတူတူနေတယ်။ ဒေသကအလုပ်သမားလိုလို့၊ ဝန်ထမ်းက လဘ်လိုလို့၊ အချို့ကမဲလိုလို့၊ သူတို့ နိုင်ငံသားဖြစ်ခဲ့ကြတယ်။ မဆန်းဘူး၊ မဆန်းပေမယ့် မရိုးဘူး။ မှတ်ပုံတင်တစ်ခု လူ ၂၅-၃၀။ မှတ်ပုံတင်ပျောက်လို့ ရဲစခန်းထောက်ခံချက်နဲ့။ မှတ်ပုံတင်ပျောက်လို့၊ ရပ်ကွက်ထောက်ခံချက်နဲ့။ မှတ်ပုံတင်ပျောက်လို့၊ နောက်တစ်ခုနဲ့၊ သူတို့ ဖါးခုန်စနစ်နဲ့ ဝင်လာတယ်၊ ဖြတ်ကျော်သွားတယ်။ တစ်ထောက်နားသွားတယ်။ တစ်ဆင့်ခံသွားတယ်။ မစစ်ဘူးလား၊ မဆေးဘူးလား၊ ငွေရလို့လားမေးရင်၊ ခင်ဗျားကို လှိုင်သာယာဘက် ခေါ်သွား လူတစ်ယောက်ကို ပြပြီး အိမ်ထဲထည့် အဲဒီလူပြန်ရှာခိုင်းလိုက်ချင်တယ်။ လူလုံးကွဲ၏ မကွဲ၏။ လောင်းကြည့်ချင်တယ်။ (လဝကထဲ အမျိုးမရှိပါ)မှတ်ပုံတင် အထောက်အထားအရ။ ထင်ရှားသော အမှတ်အသားဆိုတာ။ အမာရွတ်ပဲရှိရှိ၊ မှဲ့ပဲပါပါ ဖြတ်ကနဲကြည့်တာနဲ့ သိနေဖို့ဆိုတာ ရပ်ဆွေရပ်မျိုးဖြစ်နေဖို့ထိလိုတယ်။

နောက် ကျုပ်တို့ကခေါ်တယ် ဘင်္ဂလီ၊ သူတို့က သူတို့ကိုယ်သူတို့ ရိုဟင်ဂျာ။ သူတို့ ဘဝရပ်တည်ဖို့ အသက်ရှင်သန်ဖို့ သူတို့ကြိုးစားလို့ ဘွဲ့ကိုယ်စီရ၊ အလုပ်ကိုယ်စီပိုင်၊ အဖွဲ့စည်းအရေးပါသူတွေဖြစ်၊ ကွန်ယက်ကြီးဖြစ်လာ။ သည်အထိ ကျုပ်တို့သိတာ ဘင်္ဂါလီ၊ သူတို့ရင်ဘတ်မှာက ရိုဟင်ဂျာ။ ဘင်္ဂလီမို့ ကိုယ့်လူတို့ အထင်မသေးနဲ့၊ အစိုးရကိုယ်တိုင်ရေးတာတောင် မတင်တဲ့ အမေရိကန်သမ္မတရုံးမှာ ကိုယ့်လူတို့လက်ရာမရှိဘူး၊ သူတို့လက်ရာ ရိုဟင်ဂျာဆိုတာရှိတယ်။ ကိုယ့်ဆရာတို့ အိမ်ဘေးမှာ နိုင်ငံတကာရုံးမှာ၊ မြောက်ဒဂုံမှာ၊ လှိုင်သာယာမှာ၊ တောင်ကြီးမှာ မြန်မာပြည်အနှံ့မှာရှိတယ်။ ကျုပ်တို့သိပြီးသား ဘာဘူကြီး၊ မာမွတ်ကြီး၊ တို့ခေါ်ပြီး၊ ဘုန်းကြီးဆွမ်းထွက်လောင်းနေတဲ့သူတွေနဲ့ ရောင်တော်ပြန်လွှတ်ပြီး သူတို့ရှိတယ်။ သူတို့ထဲမှာလဲ အချင်းချင်းမှာ ခွဲခြားခွဲခြား။ သနားမိပြီး အရောတဝင်ကူညီနေတဲ့ ဗမာမိသားစု တိုင်းရင်းသားမိသားစု တပ်မိသားစုတွေ အများကြီးပဲ။ တစ်ချို့က မှတ်ပုံတင်မရှိဘူး၊ မရှိပေမယ့်လို့ ရပ်ထဲရွာထဲမှာ အဆင်ပြေတယ်  ရိုးသားတယ်ဆို သနားညာတာပြီး ချောင်လည်ရင် မှတ်ပုံတင်လုပ်ပေးနေကြတာပဲ။ ဘဝရပ်တည်ပါစေ။ အဆင်ပြေပါစေဆိုပြီး၊ လုပ်ပေးနေတာတွေ မျက်မြင်ပဲ။ ကျုပ်တို့လူမျိုးက သနားတတ်တယ်။ အားနာတတ်တယ်။ စနစ်ထက် စိတ်ခံစားချက်ကို ဦးစားပေးတယ်။ ထားတော့။

မှတ်ပုံတင်မရှိသော၊ ရှိသော ထိုထို ပြဿနာမပေးသော ဘင်္ဂလီများ တူယှဉ်တွဲနေထိုင်ချင်လို့ရပါ၏။ ပြဿနာမရှိပါ။သို့သော် စီးမျောပျော်ဝင်လာရင် Genetically အရ သူတို့ဗီဇက ပြင်းထန်ပါတယ်။ သွေးနှောလိုက်တာနဲ့ဗမာရုပ်၊ ကျွန်တော်တို့ တိုင်းရင်းသားရုပ်သည် နောက် ၃-၄ဆက်လောက်ထိ ပျောက်သွားပါတယ်။ မယုံရပ်ကွက်ထဲလိုက်ကြည့်ပေါ့။ သို့သော် တရားဥပဒေ စိုးမိုးခြင်းကိုဇောင်းပေး မပြောသေးသော ကာလအဖြစ်၌ပင်လျင် မှတ်ပုံတင်မရှိသော သူများသည် စာရင်းမဝင်ပါ။ စာရင်းမဝင်သူများသည် တစ်သိန်းမှာတစ်ယောက်၊ တစ်သန်းမှာ တစ်ယောက် ဆိုလျင်မသိသာသော်လည်း တစ်ထောင်တွင်တစ်ယောက်၊ တစ်ရာတွင်တစ်ယောက်စသည့် နိုင်ငံ့လူဦးရေ၏% တစ်ခုအထိ စာရင်းဝင်လာလျင်။ နိုင်ငံတော်စီမံကိန်းများစွာ၊ လည်ပတ်စီးဆင်းမှုများစွာ။ ထိခိုက်ဆုံးရှုံးပါမည်။

၎င်းတို့သည် ဆန်၊ငွေကြေး၊ရေ၊ရိက္ခာ၊ဆေး၊နေစရာတို့ကို စာရင်းမဲ့သုံးစွဲသူများဖြစ်လာပါမည်။ ကျွန်တော်တို့နိုင်ငံတွင် ဆန်ပေါပါသည်။ သောက်ရေပေါပါသေးသည်။ မြေလွှတ် အင်မတန်ပေါပါသည်။ (ကျိတ်၂တိုးနေသော ရန်ကုန်မှဆင်း၍ တောရွာတစ်ခုတွင် စိုက်ပျိုးမြေတောင်းခံလျင် တစ်ဧကလောက်တော့ ကိုယ့်ဟာကိုယ်ထွှင်ယူဟု ပြောနေနိုင်ကြတုန်းပါ။(သည်မြေတွေဘယ်သူပိုင်ဆိုတာကတော့ ထားပါတော့ ဆက်ရှင်းလျင် ဇေကမ္ဘာတွေရောက်ကုန်ပါမည်)။ ထို့ကြောင့်ပြန်စိစစ်ရန် ပင် စစ်ဆင်ရေးကြီးသဖွယ် ဆောင်ရွက်ကြရပါသည်။

 စစ်ဆင်ရေးဆိုသည်နှင့် ဖဲသမားဘယ်၊ အရက်သမားညာ၊ ဒီကစ ချီတက်မယ်။ ဗိုလ်ကြီးညောင်းရင်ရပ်မယ်။ ညမှောင်ရင်စခန်းချမယ်ဟူသော ဖယိုဖရဲမှသည် အောင်ပွဲဆီသို့ဟူသည့် စစ်ကြောင်းကြီးများဖြင့် ချေမှုန်းခြင်းမဟုတ်။ တစ်ရွာမှ တစ်ရွာ မကူးနိုင်စေရန် တစ်မြို့မှတစ်မြို့၊ စာရင်းမလွှဲနိုင်စေရန်၊ ပြိုင်တူချိန်ကိုက် ဝိုင်းဝန်းကြပ်မတ်ကာ စစ်ဆေးအရေးယူဖေါ်ထုတ်ကြခြင်းဖြစ်သည်။ သို့မှသာ၊ အမည်မိုဟာမတ်သာစိန်၊ အဖ အီစွတ်၊ ဆိုသည်နှင့် ရဲစခန်းထောက်ခံစာကိုင် ဘယ်နှယောက်၊ ရပ်ကွက်ထောက်ခံစာကိုင်ဘယ်နှယောက်၊ မှတ်ပုံတင်မိတ္တူကိုင် ဘယ်နှယောက်၊ မှတ်ပုံတင်အစစ်ကြီးနဲ့ ဘယ်နှယောက်၊ ဘိုးဘိုးအောင်လား အလာတော်ရှင်မြတ် တန်းခိုးလား ဘယ်သူ့တန်ခိုးနှင့်မှန်းမသိသော မှတ်ပုံတင်တစ်ခုထဲမှ ပွားများလာသော မိုဟာမတ်ပေါင်းများစွာကို မိုဟာမက်အလီစွပ်၊ မိုဟာမတ်သောင်းအေး၊ မိုဟာမတ်သိဟမဟာ၊ စသည်ဖြင့်သိရှိပြီး။မှတ်တမ်းတင်ပြီး၊ စာရင်းကောက်ပြီး ဖြစ်မှာပါ။ သို့မှသာ။ လူဦးရေတိုးနုန်းက တစ်နှစ်ဘယ်လောက်၊ တစ်ယောက်ကို မိန်းမက ဘယ်နှယောက်၊ သားသမီးကဘယ်လောက်၊ ဘုံဖြစ်နေတဲ့မိန်းမက ဘယ်နှယောက်၊ မိုဟာမက်က ဘယ်နှသောင်း၊ အမီနာ ဘယ်နှသန်း၊ သိမှာပါ။ သိမှသာလျင် မိုဟာမတ်က ဒုတ်နဲ့ရိုက်လို့ဆိုလျင် ရွှေကုန်သည်မိုဟာမတ်လား၊ ကူလီထမ်းတဲ့မိုဟာမတ်လား၊ အမီနာ့ယောက်ျားလေ ဆိုလျင် တိုရှေရောင်းတဲ့ အမီနာလား၊ ကုန်စုံဆိုင်ရှင် အမီနာလား၊ သည်လိုလုပ်မှ စာရင်းတိကျရှိမှ လူစားထိုးတယ်၊ ပိုက်ဆံပေး လူလဲတယ်ဆိုတာတွေကို (ထိန်းသိမ်းချင်လျင်) ထိန်းသိမ်းလို့ရမှာပါ။ ဒါက ချေမှုန်းရန်အလျင်းမရှိသော။ စစ်ဆင်ရေး။ ချေမှုန်းရန်ရှိလာသော စစ်ဆင်ရေးသည်။ ထိုဘင်္ဂလီတို့တွင် လက်နှက်ကိုင် အဖွဲ့များရှိနေပြီ၊ တရားမဝင် မူးရစ်ဆေးဝါး၊ လက်နှက်ကုန်ကူးနေပြီ၊ အခြား အကြမ်းဖက်များနှင့် ဆက်သွယ်နေပြီဆိုလျင် ချေမှုန်းရေးများပါသော စစ်ဆင်ရေးများ ဆင်နွဲရပါမည်။ ထိုအခါ AK ကြီးလွယ်ထားပြီး မပုတင် ထုတ်ပြလျင်လဲမရပါ ပစ်သတ်ပါလိမ့်မည်။ ထားတော့ ထိုက ချေမှုန်းရေးကိစ္စ။

ယခုကိစ္စသည်။ ကျွန်တော်တို့သိတာသည် ဘင်္ဂလီ၊ ဘင်္ဂလီသည်ပင် ဌာနေတိုင်းရင်းသားမျိုးနွယ်စုဝင်မဟုတ်။ ရွေ့ပြောင်းကူလူး အခြေချလာသူ နိုင်ငံသား နှင့် တရားမဝင်ကူးလူးလာသူ နိုင်ငံမဲ့ (သို့) နိုင်ငံခြားသား။ ထိုသို့ ၂မျိုးတည်းသာ နားလည်သည်။ ထိုသို့စာရင်းရှိသည်။ မပုတင်မရှိသေးလျင် ဥပဒေအရ ငြိမ်းချမ်းစွာ အလုပ်လုပ် နေထိုင်လိုလျင် နိုင်ငံသားဖြစ်ပိုင်ခွင့် ဥပဒေရှိသည်။ နိုင်ငံသားဖြစ်နိုင်သည်။ နိုင်ငံသားဖြစ်လျင် လွှတ်တော်အမတ်ထိဖြစ်ခွင့်ရှိပြီ။ အထူးမဆိုတော့။ သို့သော် မျိုးရိုးဂုဏ် ဖေါ်လိုလှလျင် ဘင်္ဂလီအဖြစ်သာဖြစ်ရမည်။ ရိုဟင်ဂျာသည် စာရင်းမရှိ။ သို့သော် သူတို့ရင်ဘတ် သူတို့စာတမ်းဆွဲသည်က ရိုဟင်ဂျာ။ မီဒီယာ မီးမောင်းအောက်မှာ အလံတလူလူရှိသည်က ရိုဟင်ဂျာ။

ထို့အပြင် ရိုဟင်ဂျာသည် ဌာနေတိုင်းရင်းသားဟုဆိုသေးသည်။ ဌာနေတိုင်းရင်းသားဟူသည် မွေးရာပါ တိုင်းရင်းသားဖြစ်ခွင့် နိုင်ငံသားဖြစ်ခွင့်ရှိသည်။ ပုံစံ၁၀ ဖြည့်လိုက်လျင် အူဝဲလို့အော်သည်နှင့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ သမ္မတအထိ မျှော်မှန်းခွင့်ရှိပြီ။ တိုင်းရင်းသားဖြစ်လျင် ကိုယ်ပိုင်ဒေသ ကိုယ်ပိုင်နယ်မြေ ကိုယ်ပိုင် အုပ်ချုပ်ခွင့် တောင်းဆိုနိုင်သည်။ ကိုယ်ပိုင်စစ်တပ်ထောင်ထားလျင်ပင် မတရားဟု မကျေငြာနိုင်သေး။ ဘယ်သူမျှလဲ မတရားဟု မမြင်ကြ။ ထို့ကြောင့် ပင်လျင် စစ်ညောင်းတာရှည် မြန်မာပြည်ဇာတ်လမ်းသည် မပြီးသေး၊ သတ်ကောင်းကြဆဲ။ ထို့ကြောင့်ပင် ဘင်္ဂလီဟူသော အရေခွံကိုအရောင်ဆိုးကာ ရိုဟင်ဂျာ လုပ်လာကြသည်။ သူတို့သည် အကြံကြီးကြပေသည် တိုင်းရင်းသားဟူ၍ ကမ္ဘာပတ်ကာ ရေးထိုးခဲ့ကြပြီ၊ မီဒီယာစုံမှာ မျက်ရည်ခံထိုးခဲ့ကြပြီးပြီ။ တက္ကသိုလ်ကြီးများ၊ စွယ်စုံကြမ်းကြီးများ၊ ကျမ်းအသွယ်သွယ်၊ စာအုပ်အမျိုး၂မျိုးတို့တွင် ရိုဟင်ဂျာအမည်ပေါက်အောင် သူရို့လုပ်ခဲ့ကြပြီ။ ဘာသာတူ သူဌေးအကြီးစား၊ နိုင်ငံခြား အဖွဲအစည်းတို့ထံ ရွှေနားတော်သွင်းခဲ့ပြီးပြီ။အသားထဲက လောက်များက ထမင်းတစ်လုပ်အတွက် ကိုယ့်လူမျိုးတို့ နာမည်ကိုအရောင်ဆိုးကာ ကိုယ့်တိုင်းပြည်၏အနာဂါတ်ရန်စွယ်ကို ရွှေချ စလံတင်၍ ဥရောပ ဝိုင်ချိုတို့ဖြင့် ခွက်မြောက်သောက်ကာ ပွဲတော်တည် မြီးခဲ့ကြပြီးပြီ။

ရိုဟင်ဂျာ သည် မြန်မာတိုင်းရင်းသား မဟုတ် ဟူသော စကားသည် ခံတပ်ဖြစ်သည်။ ခံတပ်သဖွယ်ဖြစ်ရမည်။ရိုဟင်ဂျာဟူသည်မရှိ။ ဘင်္ဂလီသာရှိသည်။ ထိုဘင်္ဂလီသည် တိုင်းရင်းသားမဟုတ်။ ၄င်းကို အနုလုံပဋိလုံ အာဂုံဆောင်ထားမှရပါမည်။ ယောင်သွားလျင်၊ ယောင်မှားလျင်။ အလုပ်သမားလိုလို့၊ လဘ်လိုလို့၊ မဲလိုလို့၊ တစ်ဘက်ဘက်က တာကျိုးခဲ့လေသော်။ တိုင်းရင်းသားလူမျိုးတစ်မျိုးတိုးမည်။ အိမ်တစ်လုံး ယောက်ျားတစ်ယောက် မိန်းမ၃-၄ယောက် ကလေး တစ်ဒါဇင် အင်အားဖြင့် ဆွေတို့မျိုးတို့ ဘေးအိမ်မှလည်း ဝင်လာဦးမည်။အနှီတိုင်းရင်းသားသည် များမကြာ ကိုယ်ပိုင်စစ်တပ်ထောင်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းလိမ့်မည်။ ဘူးသီးတောင် မောင်းတောတွင် ယခု ၉၅-၅။ နောက်အခါ ၉၉.၉၉၉ -၀.၀၀၀၀၁ ဖြစ်မည်။ခွဲ၍ပင် ထွက်ပေဦးမည်။ မဖြစ်ပါဘူးဟု ဘယ်သူအာမခံမည်နည်း။

ထို့ကြောင့် ဘင်္ဂလီကို ရိုဟင်ဂျာဟု လုံးဝ မသုံးနုံးနိုင်၊ နိုင်ငံသားဖြစ်ပြီးရော မဖြစ်ရသေးရော၊ ငြိမ်းချမ်းချင်သော မငြိမ်းချမ်းချင်သော မခွဲခြားပါ။ ဘင်္ဂလီကို ဘင်္ဂလီဟုသာ သတ်မှတ်သင့်သည်။ ၄င်းတို့လည်း မျိုးဂုဏ်ဖေါ်၍ မော်ကြွားချင်ကြမည်ထင်သည်။ ကျောင်းတွင် ပထမရပါက ငါ့သားအီစွပ် ဘင်္ဂလီကွဟု လက်မထောင်ခွင့်ရှိရပေမည်။ စစ်တပ်တွင်တာဝန်ထမ်းဆောင်ပါကလဲ ငါကွ ဘင်္ဂလီ သည်တောင်ကုန်းငါသိမ်းတာဟု မှတ်တမ်းတင်ခွင့်ရရမည်။ သို့သော် ငါကွ ရိုဟင်ဂျာဟု မလည်ရှုပ်လုပ်လာခြင်းကို လုံးဝ လက်မခံသင့်ပါ။ ထို့အပြင် ထိုဘင်္ဂလီရော၊ ရိုဟင်ဂျာရောသည် မြန်မာတိုင်းရင်းသား မဟုတ်၊ အစ္စလန်မို့ဟု မထင်ပါနှင့် ဗုဒ္ဓဘာသာပြောင်းပြောင်း၊ ဟိန္ဒူပြောင်းပြောင်း၊ ဘာမှမကိုးကွယ်ပဲနေနေ၊ တိုင်းရင်းသားလုံးဝမဟုတ်ဟု ကျွန်တော်သတ်မှတ်သည်။ (ကျွန်တော် ဘာကောင်မှမဟုတ်ပါ။ ခွေးလေးခုန်၍ ဖုန်မထမှန်းသိပါသည်။ ခွေးကြီးများ တုတ်တုတ်မျှ မလှုပ်သဖြင့် ထခုန်ရပါသည်။ ဒေါသသံတို့ကို သည်းခံကြပါကုန်) ကျွန်တော်မသတ်မှတ်သော်လည်း၊ အစိုးရ သို့မဟုတ် သြဇာအာဏာရှိသူက သတ်မှတ်လေသော် မတတ်နိုင်။ တစ်ကိုယ်စာ ကန့်ကွက်ရုံ၊ ပူဆွေးရင်လေးရုံသာ တတ်နိုင်သည်။ ထို့ကြောင့် ပူဆွေး သောကဖြင့် လေလားဝမ်းလား မကွဲသူတို့ လက်ရှောင်တော်မူသော ထို ရိုဟင်ဂျာသင့်မဂျာသင့်၊ ဘင်္ဂလီသင့် မလီသင့်ကို ငထွားခါးနာကာဝင်ရေးပါသည်။ ထိုသူတို့ကို သုတ်သင်သင့်သလား၊ လက်တွဲနေထိုင်သင့်သလားဆိုသည်မှာ ထိုသူတို့ ရွေးချယ်မည့် လမ်းဖြစ်သည်။ တို့ဖရားက ကုလားဘက် ခပ်ပါပါ ဘုရားအမျိုးမို့ ဆွေမျိုးတော်ချင်သဖြင့် တိုင်းပြည်ခေါ်ယူ ကျွေးမွေးတော် မူမည်ဆိုလျင်လဲ အခွန်ထမ်းလျက် ကိုယ့်လုပ်စာ တစ်ခြမ်းဖဲ့ကျွေးရပါလိမ့်မည်။အစိုးရကို အာခံရန် မစွမ်းသော်လည်း လုံးဝတော့ ကြည်ဖြူမည်မဟုတ်ပါ။ ထိုလောက်ဆိုပါလျင် ဘာသာရေးလား၊ လူမျိုးတုံး သတ်မှာလား၊ အချင်းချင်းနှိမ်ချ ကြတော့မှာလား၊ နိုင်ငံခြားသားမုန်းတီးတဲ့ရောဂါလား၊ နိုင်ငံအနာဂါတ်အတွက် နိုင်ငံသားတို့ ၏ရွေးချယ်ဖြစ်ပေါ်လာသော ဆန္ဒလားဆိုတာ ကွဲလောက်မည်ထင်ပါသည်။ ထိုသို့သဘောမျှလျင် နီးရာလူတို့အား ရှင်းပြကြပါကုန်။ ကျန်းမာချမ်းသာကြပါစေ။ ကျွန်တော်မောင်ဟန်ပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...