သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၆)
သစ်ထူးလွင်
|
- ရော့ခ်ကာကြီးပြောတဲ့ လူငယ်တွေ အတွက် အားပေးစကား
- စစ်တွေမြို့က ကယ်ဆယ်ရေးစခန်း ၂ခုသို့ သွားရောက် ခဲ့တဲ့ အတွေ့အကြုံများနဲ့ ပြေတီဦး
- ဗိုလ်ချုပ်အောင်ဆန်း နေရာတွင် သရုပ်ဆောင် ရန်ဒုတိယ အကြိမ် လူတွေ့ စစ်ဆေး
- လမ်းပေါ်ထွက် ဆန္ဒပြမှု ဖြေရှင်းရန်နည်းလမ်း သမ္မတညွှန်ကြား
- ဒပ်ဘလင် မြို့တော်ရဲ့ လွတ်မြောက်ရေး ဆုပေးပွဲ (ရုပ်/သံ)
- ဒေါ်အောင်ဆန်းစုကြည် ဗြိတိန် ခရီးစဉ်
- လစာတိုးရရေး အလုပ်သမားရေးရာခုံရုံးကို တင်ပြ
- သတင်းစာဆရာကြီး လူထုစိန်ဝင်း၏ ဈာပန အခမ်းအနား
- ဒေါ်အောင်ဆန်းစုကြည် Ambassador of Conscience Award အား လက်ခံရယူစဉ် (ရုပ်/သံ)
- အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၀၉
- မတည်ငြိမ်မူကြောင့် ရခိုင် လယ်ယာ လုပ်ငန်းကို ထိခိုက်နိုင်
- ရသေ့တောင်မြို့နယ် အနောက်ပြင် ကျေးရွာတွင် ရခိုင်-ဘင်္ဂလီ အဓိကရုဏ်း ဖြစ်ပွား
- သမ္မတကြီး၏ ပြုပြင် ပြောင်းလဲရေးနှင့် ပါတ်သတ်၍ ပြောကြားသည့် မိန့် ခွန်း အပြည်အစုံ
- မြန်မာ့ ဒီမိုကရေစီ ခေါင်းဆေင်အား Dublinမြို့က ခမ်းနားကြီး ကျယ်တဲ့ ကြိုဆိုမှု မြင်ကွင်း (ဓါတ်ပုံ)
- ဒေါ်အောင်ဆန်းစုကြည်ကို အိုင်ယာလန်လူထု ထောင်နဲ့ချီ ကြိုဆို
- နိုင်ငံရေးအကျဉ်းသားများ ဇွန်လိုင်လဆန်း အတွင်း ပြန်လွတ်ဖွယ်ရှိ
- ပြည်ပထွက်ခွာစိစစ်ရေးရုံးအနီးရှ
ိလူလိမ်ပွဲစားများ - တရားမ၀င်ပြည့် တန်ဆာ အိမ်များ မပျောက်သေး
- ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ ကိုဖွဲ့စည်း
- စစ်တွေ ဒုက္ခသည်အချို့ အသည်းရောင် အသားဝါရောဂါပါ ဖြစ်ပွား
- မြန်မာ့အရေး ပြည်တွင်းပြည်ပ ဆက်လက်လှုပ်ရှားဖို့ ဒေါ်စု တိုက်တွန်း
- အော်စလို ငြိမ်းချမ်းရေး ဖိုရမ် (ရုပ်/သံ)
Posted: 19 Jun 2012 04:59 AM PDT
နှစ်ပေါင်း များစွာကြာအောင် ခုချိန်ထိ သူ့ရဲ့အောင်မြင်မှု ကို ထိန်းသိမ်း ထားနိုင်သူ၊
Iron Crossရဲ့ ရှိုးပွဲတိုင်း မှာ လည်း ကိုကြီးငဲ၊ ကိုကြီးငဲ ဆိုပြီး အမြဲတမ်း ပွဲတောင်းခံ ရတဲ့ အငဲတို့ ICအဖွဲ့က ဇူလိုင် လ၁၄ရက်နေ့မှာaတာ့ အင်္ဂလန်နိုင်ငံကို ဖျော်ဖြေရေးသွားမှာ ဖြစ်ပါတယ်။ ICက အင်္ဂလန် ခရီးစဉ် အနေနဲ့ လွန်ခဲ့တဲ့၎နှစ်က တစ်ကြိမ်သွားခဲ့ပြီး အခုကတော့ ဒုတိယ တစ်ခေါက်ပါ။ ရှိုးပွဲမတိုင်ခင်မှာ အငဲရဲ့ ခံစားမှုက..''အခုထိကို အရင် အတိုင်း ပဲ ဖြစ်နေကျ၊ လုပ်နေကျဆိုပေမယ့် နည်းနည်းကြောက်တတ်သေးတယ်။ အတွေ့အကြုံ ရလာတာပဲရှိတယ်။ ရှိုးတက်တဲ့အခါမှာတော့ ကြောက်တဲ့ ခံစားမှုတော့ ရှိသေးတယ်။ သီချင်းကိုတော့ ရှိုးမှာ ပရိသတ်တွေ အဆင်ပြေနိုင် မယ့် သီချင်း အနေနဲ့တော့ ကွာသွားတာပေါ့။ လတ်တလော မှာ သူတို့ ကြိုက်နေတဲ့ သီချင်းကို ဆိုပေးရမှာ ကိုယ့်တာဝန်ရှိတယ်လေ။ ဒါပေမဲ့ ရုတ်တရတ် ကျွန်တော်တို့ သိပ်မတိုက်ဘူးတဲ့ သီချင်းမျိုး ပရိသတ် ကတောင်းရင်တော့ ဘယ်လိုလုပ် ဆိုနိုင်မှာလဲ။ အဲဒီအခါကျရင်တော့လည်း မတိုက်ရသေးဘူးလို့ပဲ ပြောရတာပေါ့'' လို့ ပြောပါ တယ်။ အငဲရဲ့ ၂ဝ၁ဝ မှာ ထွက်တဲ့ ပထမဆုံး ကိုယ်ပိုင်သံစဉ်'ကိုး' အခွေထဲက သီချင်းပုံစံကို ဘယ်လို ခံစားမှုနဲ့ ဘယ်လိုရွေးဖြစ်ခဲ့သလဲလို့ မေးတော့အငဲက.. ''တမင် တည်ပြီးရွေး တာတော့ မဟုတ်ဘူး။ ထိပ်ဆုံးခွေ ဖြစ်နေတော့ နည်းနည်း Safe ဖြစ်အောင် သီချင်းကို နည်းနည်း ပိုလုပ်တယ်။ ၁၅ပုဒ်၊ ၁၆ပုဒ်လောက် တီးဖြစ်သွား တယ်။ အဲဒီထဲကမှ အဆင်ပြေသလို ရွေးလိုက်တော့ 'ကိုး'အခွေက အခု ပရိသတ် မြင်တဲ့ ပုံမျိုးဖြစ်သွားတယ်။ ၃၊၄ပုဒ်လောက်က အဆင်မပြေ လို့ ဖြုတ်လိုက်တယ်''လို့ပြော ပါတယ်။ အရင် ကော်ပီခွေတွေလုပ်ခဲ့တာနဲ့ ဒီ 'ကိုး'လိုမျိုး Own Tune Album လုပ်ရတာက ဘာတွေ ကွာခြားလဲလို့ အငဲ ကို ဆက်မေးကြည့်တော့ ..''ဘာကွာလဲဆိုတော့ ဒါက နည်းနည်း လွတ်လပ် တယ်။ မဆိုးပါဘူး။ တစ်မျိုးစီပါပဲ။ ကော်ပီခွေ လုပ်တုန်းက လည်း ပျော်ပါ တယ်။ ခု Own tuneလုပ်တော့ တချို့ဟာလေးတွေက ကိုယ့်ဟာကိုယ် ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီး လွတ်လပ်မှုတော့ ရှိတာပေါ့'' လို့ ပြောပါတယ်။ အငဲရဲ့ 'ကိုး'အခွေအမ် တီဗီမှာလူငယ် ရော့ခ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Wanted အဖွဲ့လည်း တစ်ပုဒ်ပါဝင်သရုပ်ဆောင် ထားတာကြောင့် မျိုးဆက်သစ် လူငယ် ရော့ခ်အဖွဲ့တွေ ကိုရော ကိုအငဲအနေနဲ့ ဘယ်လိုမြင်မိလဲ၊ လက်တွဲ လုပ်ဆောင်ဖို့ကော ရှိလား ဆိုတော့အငဲက..''သူတို့ တွေနဲ့တွေ့တဲ့ အချိန်တော့ ချစ်ချစ်ခင်ခင်နေကြတာ များပါတယ်။ ကျွန်တော်ကမြို့ထဲ သိပ်မထွက်တော့ သိပ်တော့မတွေ့ ဖြစ်ဘူး။ ဒါပေမဲ့ မြူးဇစ်လုပ်တဲ့ လူတွေ ကတော့ ကိုယ့်မိသားစုလိုပါပဲ။ သူတို့ကိုကြည့်ရတာ အားရပါတယ်။ သူတို့လည်း ကြိုးစားကြပါတယ်။ တကယ်ဆိုရင် ဒီ့ထက် တောင်ဖြစ်သင့် ပါသေးတယ်။လက်တွဲလုပ်ဖို့ဆိုတာ ICရဲ့စုစည်းမှုတွေဖြစ်တဲ့ 'ရာစုသစ်'လို၊ 'LMN'လို၊ အခွေမျိုးကော ပရိသတ်တွေ အတွက် စီစဉ်ထားတာ ရှိလားဆိုတော့ ''ကြိုတင်တော့ မစီစဉ် ထားဘူးဗျ။ တစ်ခါတလေကျ ရင် လေးဖြူတို့၊ မျိုးကြီးတို့ နဲ့ တွေ့တဲ့ အချိန် 'လုပ်ကြဦးမလား'ပြောပြီး ၃ယောက်စလုံး ဖီလင်ရှိရင် လုပ်တာပဲ။ တစ်ယောက်က မလုပ်ချင်ရင်မလုပ်တော့ ပြန်ဘူး။ အဲလိုမျိုး ဖြစ်နေတာ''လို့ ဆိုလာပါတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံ ဂီတအစည်း အရုံးလည်း အသစ်ပြန်လည် ဖွဲ့စည်းတော့ မှာဖြစ်တာကြောင့် အစည်းအရုံးနဲ့ ပတ်သတ် ပြီး မေးတော့ ..''အမှန်တိုင်းပြောရရင် ကျွန်တော်က ထဲထဲဝင်ဝင် သိပ်မနေတော့ သိပ်တော့ မသိဘူးဗျ''လို့ဆိုပါတယ်။ အငဲက လက်ရှိ ဂီတဈေးကွက်ကိုတော့ 'ဈေးကွက်က တော့ သိတဲ့အတိုင်းပဲ။ သိပ်အားမရ ဘူး။ ကိုယ်ဖြစ်တာ ကို ပြောတာ မဟုတ်ဘူး။ ခုဖြစ်နေတဲ့ ဈေးကွက်ကိုပြောတာ။ ထုတ်ဝေ သူတွေ၊ ပရိုဂျူဆာတွေနဲ့ တွေ့ရင် သူတို့ပြောကြတဲ့ စကားနားထောင် ရတာ ပြောပါတယ်။ တကယ် ဘယ်လို ဖြစ်နေလဲ ဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ တဖြည်းဖြည်းနဲ့ ခြစားသလိုပါပဲ''လို့ ပြောပါ တယ်။ ရဲရဲ By Popular Myanmar News Journal | ||
Posted: 19 Jun 2012 04:59 AM PDT
ပြေတီဦးက ဇွန်လ၂၃ရက်နေ့မှာ ရခိုင်ပြည်နယ် စစ်တွေ မြို့က ဒုက္ခရောက်နေ
တဲ့မြို့သူ၊မြို့ သားတွေကို ကိုယ်တိုင်သွားရောက် အားပေးကူညီ ခဲ့ပါတယ်။ ကယ်ဆယ်ရေး စခန်း ၂ခုကို ရောက်ရှိခဲ့ပြီး စောင်၊ အဝတ် အစား၊ ခေါက်ဆွဲခြောက်ထုပ်၊ စားစရာသောက်စရာများ နဲ့ ငွေများ လှူဒါန်းခဲ့ကြကြောင်း ပြေတီဦးကပြောပါတယ်။ စစ်တွေမြို့ ကို ရောက်တာနဲ့ ဝမ်းနည်းကြေကွဲသလို ခံစားခဲ့ရတယ်ဆိုတဲ့ ပြေတီဦးက ရခိုင်ပြည်နယ် မှာ မြင်တွေ့ခဲ့ရတဲ့ ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး ခုလို ပြောပြခဲ့ပါတယ်။ ''အဲဒီမြို့ကို ရောက်တာနဲ့ ဘာမှမမြင်ရသေးဘူး။ ဝမ်းနည်းသလို၊ ကြေကွဲ သလိုခံစားရတယ်။ မြို့ကလည်း ဝင်သွားပြီဆိုတာနဲ့ အစောင့်အကြပ်တွေနဲ့ လုံခြုံရေးတွေနဲ့မြင် ရတယ်။ စည်ကားနေတာမျိုး မဟုတ်ဘူး။ အိမ်ရှေ့လေး မှာပဲ တစ်ယောက်စ၊ နှစ်ယောက်စ ထွက်ရပ်နေကြတယ်။ တချို့အိမ်တွေ ကလည်း မီးရှို့ခံထားရ တာမျိုး၊ မြို့ထဲကို ဝင်သွားပြီဆိုတာနဲ့ စိတ်ထဲမှာ တစ်မျိုးကြီးပဲ။ ကယ်ဆယ်ရေးစခန်း၂ခု လောက်ရောက်ခဲ့တယ်။ အကူအညီ လိုအပ်နေတဲ့လူတွေနဲ့ တိုက်ရိုက်ထိတွေ့တယ်။ တိုက်ရိုက် အားပေး စကားပြောတယ်။ စောင်တို့၊ အဝတ်အစားတို့၊ ခေါက်ဆွဲခြောက်ထုပ် နဲ့စားစရာ၊ သောက်စရာတွေ ငွေတွေကို စခန်းမှာလှူခဲ့တယ်။ ဒီအချိန်မှာတော့ အကုန်လုံး လိုအပ်နေတာပဲ။ စားစရာ၊ သောက်စရာ၊ ဝတ်စရာ ၊နေစရာ၊ ဒီအချိန်မှာ သူတို့မှာ ဘာတစ်ခုမှမရှိတော့ဘူး။ အားလုံး လိုအပ်နေတာပဲ။ မီးလောင်တဲ့ နေရာတွေကို လှမ်းတော့မြင်တယ်။ ရွာတစ်ရွာ ဆိုရင် တစ်ရွာလုံးမီးရှို့ထားတာမျိုး ပင်လယ်ကမ်းစပ်မြို့ဆိုတော့ အုန်းပင်တွေ ရှိတယ်။ တစ်ရွာလုံးမီးရှို့ ခံထားရတော့ အုန်းပင်တွေလည်း ဝါပြီး ခြောက်နေတယ်။ ကျွန်တော့်ကိုတွေ့တဲ့အချိန်မှာ သူတို့ရဲ့မိသားစုဝင် တစ်ယောက်ကို တွေ့သလိုမျိုးပဲ။ အမေကြီးတွေကဆိုရင် ''သားကြီးရယ် အမေ တို့မှာ ဘာမှ မရှိတော့ဘူး။ ချက်စရာ၊ ပြုတ်စရာ အိုး၊ ခွက်တွေကအစ မရှိတော့ဘူး။ အိမ်သားတွေလည်း မရှိတော့ဘူး''ဆိုပြီး ငိုတယ်။ မျက်ရည် ကျတယ်။ သူတို့တအား ရင်းနှီးတဲ့ လူကိုတွေ့သလိုမျိုး လက်ကိုကိုင်ပြီး ငိုကြတယ်။ တအားစိတ်မကောင်းဘူး။ တအားခံစားရတယ်။ ကိုယ့်မိသားစု ဝင်တွေလိုပဲ။ သူတို့ကို သေချာအားပေး ခဲ့ပါတယ်။ နှစ်သိမ့် ခဲ့ပါတယ်။ ဒီမြန်မာနိုင်ငံထဲမှာ နေကြတဲ့ ညီအစ်ကိုမောင်နှမတွေပဲ၊ မိသားစုဝင်တွေပဲ ဘယ်သူ့မှ ပစ်ထားကြမှာမဟုတ်ဘူး။ ကျွန်တော်တို့တွေလည်း မရောက်ရောက်အောင် လာတယ်။ လှူတယ်။ နောက်ထပ်လည်း ဒီထက်ပိုပြီးအကူအညီတွေ လာဦးမှာပါ။ ဘာမှအားငယ်စရာမလိုဘူး။ ကျွန်တော်တို့ထက် ပိုပြီး တတ်နိုင်တဲ့၊ ပိုပြီး အင်အားကြီးတဲ့ အလှူရှင်တွေလည်း အများကြီးရှိပါတယ်။ ''ကျောင်းဖွင့်ချိန်မို့လို့ ကလေးတွေ ကျောင်းတက်ဖို့တွေ၊ အဝတ်အစားတွေ၊ စာအုပ်တွေနောက်ပိုင်းမှာ တဖြည်းဖြည်း ဒီ့ထက်ပိုပြီး လှူဒါန်းကြ မှာပါ။ နောက်ဆိုရင် ဆက်သွယ်ရေးလည်း ဒီ့ထက်ပိုပြီး ပွင့်လန်းလာမှာပါ။ အဲဒီအချိန် ဆိုရင် လှူဒါန်းတာတွေ ဒီ့ထက်ပိုရောက်ပြီး ပိုပြီးဂရုစိုက်နိုင်မှာပါလို့ သူတို့ကို သေချာကိုယ်တိုင် နှစ်သိမ့် စကားတွေ ပြောခဲ့ပါတယ်''လို့ ပြောပါတယ်။ ခုလိုကိစ္စမျိုးဖြစ်ပြီး တိုင်းပြည် နဲ့ယှဉ်လာရင် ပုဂ္ဂလိကခံစားချက်တွေကို လျှော့သင့်ကြောင်း၊ ကြီးမားတဲ့ ပဋိပက္ခ တစ်ခု ဖြစ်သွားရင် ဘယ်သူ့ အတွက်မှ အကျိုးမရှိသလို ဘယ်လိုကောင်း ကျိုးမှမရနိုင်ဘဲ၊ ဆိုးကျိုးတွေပဲ ရရှိနိုင်ကြောင်း၊ တိုင်းပြည်ပြန်လည် ထူထောင်နေချိန်မှာ ကိုယ့်ရဲ့ ခံစားချက်တွေကို လျှော့ ချပြီးဒီအဖြစ်အပျက်တွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အညင်သာဆုံး၊ အမြန်ဆုံး နိဂုံးချုပ်ဖို့အတွက် လူတိုင်းမှာ တာဝန်ရှိကြောင်း ပြေတီဦးက ပြော ပါတယ်။ ခိုင်ဝေလွင်၊ ဓာတ်ပုံ-KOM By Popular Myanmar News Journal | ||
Posted: 19 Jun 2012 04:59 AM PDT
ဇွန်၁၁ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး
အဖွဲ့ရုံးခန်း၌ ဇာတ်ညွှန်းအဖွဲ့ အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ ဇာတ်ညွှန်းအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသော ဦးကြည်စိုးထွန်း၊ ဦးချစ်ဦးညို၊ ဦးမင်းထင်ကိုကိုကြီး၊ ဦးဇော်သက်ထွေး၊ ဒေါ်ကြည်ဖြူသျှင်နှင့် သမိုင်းသုတေသီတစ် ဦးဖြစ်သူ ဦးဇော်လင်းတို့ တက်ရောက်ခဲ့ကြပါသည်။ ထိုအစည်းအဝေးတွင် ဇာတ်ညွှန်းအကြမ်း ထွက်ရှိရေး အတွက် ဆွေးနွေး ခဲ့ကြသည်။ ဇွန်လ၁၂၊၁၃ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ရုံးခန်း ၌ ဗိုလ်ချုပ်အောင်ဆန်း၏နေရာတွင် သရုပ်ဆောင်ရန် ဒုတိယအကြိမ် လျှောက်ထားသူ များအား ဒုတိယနေ့ လူတွေ့စစ်ဆေးခြင်းပြုလုပ် ခဲ့ကြပါသည်။ သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့မှ ဦးလူမင်း၊ ဦးအရိုင်း၊ဒေါ်အိအိခိုင်၊ ဒေါ်ကြည်ဖြူသျှင်နှင့် ပြင်ပပညာရှင် များ ဖြစ်ကြသော ဦးကြည်စိုးထွန်း၊ ဦးအောင်လွင် တို့က ဒိုင်အဖြစ် ရွေးချယ် အမှတ် ပေးခဲ့ကြပါသည်။ ဒုတိယအကြိမ် လျှောက်ထားသူ ၈၈ဦး အနက် လာရောက် ဆက်သွယ်သူများကို လူတွေ့စစ်ပြီး ဖြစ်ပါသည်။ မကြာမီ ဆန်ခါတင် အဖြစ် ထပ်မံရွေးချယ်ပြီးလျှင် အရွေးချယ်ခံရသူ စာရင်းကို သတင်းထုတ်ပြန် ကြေညာပေးမည်ဖြစ်ပါသည်။ သရုပ်ဆောင်ရွေး ချယ်ရေးနှင့် ပတ်သက်၍ အခြား သတင်းထုတ်ပြန်ချက်များ ရှိလျှင်လည်း ဆက်လက်ပြီး အသိပေးထုတ်ပြန် ပေးသွားမည်ဖြစ်ပါသည်။ By Popular Myanmar News Journal | ||
Posted: 19 Jun 2012 04:23 AM PDT
ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြခြင်းများကို လျော့နည်းသွားစေရန် အတွက် ပြည်နယ်နှင့် တိုင်း အစိုးရများအနေဖြင့် ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ၍ ပြည်သူများ၏ အခက်အခဲများကို ဖေါ်ထုတ်
ဆွေးနွေး ဖြေရှင်းပေးသည့်နည်းကို သုံးသင့်ကြောင်း သမ္မတဦးသိန်းစိန်က လမ်းညွှန် မှာကြားလိုက်သည်။ အင်္ဂါနေ့က နေပြည်တော် သမ္မတ အိမ်တော်တွင် ပြုလုပ်သည့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များ၊ ပြည်နယ်/တိုင်း အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ ဥက္ကဋ္ဌများကို သမ္မတ က လမ်းညွှန်မှာကြားခြင်း ဖြစ်သည်။ “ပြည်သူလူထု၏ အခက်အခဲများကို ဒေသဆွေးနွေးပွဲများ၌ ဖော်ထုတ်ဆွေးနွေးနိုင်ခြင်း၊ အောက်ခြေတွင် ဖြေရှင်းနိုင် သည်များကို ချက်ချင်းဖြေရှင်းပေးခြင်းနှင့် ယနေ့ လမ်းမပေါ် ထွက်၍ ဆန္ဒပြရန်မလိုဘဲ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ နည်းလမ်းတကျ ဖြေရှင်း ဆောင်ရွက်ပေးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိလာမှာဖြစ်ပါတယ်” ဟု သမ္မတ က ထည့်သွင်းပြောကြားသွားသည်။ မေလအတွင်းမှာပင် စက်ရုံပေါင်း ၅၇ ရုံမှ အလုပ်သမား ၃၆,၈၁ဝ ဦးက လစာတိုးပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ကြပြီး ဇွန်လအတွင်း လှိုင်သာယာ အမှတ် ၂ စက်မှုဇုန်ရှိ Myanmar Sunny အထည်ချုပ် စက်ရုံမှ အလုပ်သမားများက လုပ်ခလစာ တိုးမြှင့်ပေးရေး တောင်းဆိုခြင်း၊ ရမည်းသင်းမြို့ မိုးထိမိုးမိ ရွှေမှော်မှ အလုပ်သမားများက တပိုင်တနိုင် ရွှေတူးဖော်ခွင့် ပြည်လည် ရရှိရေးတို့အတွက် ဆန္ဒပြခြင်းများ ရှိခဲ့သည်။ “ဒီမိုကရေစီခေတ်မှာ ပြည်သူ့ဆန္ဒဖော်ထုတ်တယ်ဆိုပြီး လမ်းမပေါ်မှာ လူအုပ်နဲ့ထွက် အစုအဝေးနဲ့ သွေးထိုးမှု ပါလာတဲ့ အခါ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ပြည်သူအများစုရဲ့ အသက်အိုးအိမ်၊ လုံခြုံမှု ထိခိုက်တဲ့ ဖြစ်စဉ်အထိ ရုတ်ချဉ်းပြောင်းလဲ သွားတတ်တဲ့ ဖြစ်စဉ်နဲ့ သဘောသဘာဝကို ရင့်ကျက်ယဉ်ကျေးသော တိုင်းပြည်တိုးတက်အောင် ညီညွတ်စွာ ကြိုးပမ်း ဆောင်ရွက်နိုင်သော ကမ္ဘာ့အလယ်မှာ သားစဉ်မြေးဆက်ရပ်တည်နိုင်အောင် စွမ်းဆောင်ရည် ရှိသော လူမျိုးများအဖြစ် အစိုးရ၊ လွှတ်တော်၊ ပြည်သူ အားလုံးနဲ့ စတုတ္ထမဏ္ဍိုင်တို့ ပူးပေါင်းပြီး ညီညီညွတ်ညွတ်၊ ခိုင်ခိုင်မာမာ လက်တွဲ ကာကွယ် စောင့်ရှောက် သွားရမှာ ဖြစ်ပါတယ်” ဟုလည်း ဦးသိန်းစိန် က ထည့်သွင်းပြောသွားသည်။ ထို့အပြင် မေလအတွင်း ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများတွင် လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖေါ်ခဲ့မှုများကိုလည်း သမ္မတက ရည်ညွှန်းပြီး တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် လျှပ်စစ်ကဏ္ဍအတွက် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး စသည့် စွမ်းအင်ဆိုင်ရာ စီမံကိန်းများ စီမံဆောင်ရွက်ရန်လည်း လမ်းညွှန်သွားသည်။ “လျှပ်စစ်ဓာတ်အား လျော့နည်းကျဆင်းခဲ့မှုအပေါ် ပြည်သူများအနေနဲ့ လျှပ်စစ်မီး လိုအင်ဆန္ဒကို ဖော်ထုတ်ပြသခဲ့ကြ ပြီး ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးမယ့် လတ်တလော အစီအစဉ် များကို အမြန်စီမံ ဆောင်ရွက်ခဲ့ပါတယ်။ သို့ရာတွင် ရေတိုရေရှည်အတွက် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်မှုအတွက် လျှပ်စစ်ကဏ္ဍကို ချိတ်ဆက် စနစ်တကျ စီမံဆောင်ရွက်ရန် လိုအပ်လာပါတယ်” ဟုလည်း ပြောသွားသည်။ သမ္မတ၏ မိန့်ခွန်းတွင် ၂ဝ၁ဝ မှ ၂ဝ၁၅ အထိ ငါးနှစ်အတွင်း ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) တနှစ်ပျမ်းမျှ ၇.၇% တိုးတက်ရန် ရည်မှန်း လုပ်ဆောင်နေသည်ဟုလည်း ပြောသွားခဲ့သည်။ စီမံကိန်းများ လုပ်ဆောင်ရာတွင်လည်း ယခင်ကကဲ့သို့ အထက်မှအောက်သို့ စေခိုင်း လုပ်ကိုင်စေခြင်း မဟုတ်ဘဲ အောက်ခြေမှ အထက်သို့ တင်ပြ လုပ်ဆောင်သွားရန်လည်း သမ္မတက လမ်းညွှန်သွားခဲ့သည်။ “ရှေးကကဲ့သို့ Top-Down ခွဲဝေချထားမှုမျိုး ဆောင်ရွက်မှာ မဟုတ်ဘဲ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းနှင့်အညီ တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်သည့် ဦးစားပေး ကဏ္ဍနှင့် နယ်မြေများကို အောက်ခြေအဆင့်ကစပြီး Bottom-Up လုပ်ငန်းစဉ်နှင့် တင်ပြ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု သမ္မတက ပြောသွားခဲ့သည်။ မျိုးသန့် | အင်္ဂါနေ့၊ ဇွန်လ ၁၉ ရက် ၂၀၁၂ ရန်ကုန် (မဇ္ဈိမ) ။ | ||
Posted: 19 Jun 2012 03:56 AM PDT
ဒေါ်အောင်ဆန်းစုကြည်ဟာ Dublin’s Freedom of the City (ဒပ်ဘလင် မြို့တော်ရဲ့ လွတ်မြောက်ရေး) ဆုကို ကိုယ်တိုင်လက်ခံရယူတဲ့ အပြင် ပရိသတ်တွေရဲ့ မွေးနေ့ဆုတောင်းကိုပါ တပါတည်း ရယူသွားခဲ့ပါတယ်။ ( ရဲဝင့်သူ ) ဒီဗွီဘီ | ||
Posted: 19 Jun 2012 03:48 AM PDT
ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်အတွင်း ဗြိတိန်နိုင်ငံသို့ရောက်ရှိနေ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်၊ အိမ်ရှေ့မင်းသားချားလ်တို့နှင့် သီးခြားစီ တွေ့ဆုံသွားမည်ဖြစ်ပြီး ဗြိတိန်လွှတ်တော်၌ မိန့်ခွန်းပြောကြားမည် By Eleven Media Group
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပ ခရီးစဉ်အတွင်း ဗြိတိန်နိုင်ငံသို့ ဇွန်လ ၁၉ ရက်နေ့၌ ရောက်ရှိလာကြောင်း သတင်းရရှိပါသည်။
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂၆ ရက်နေ့အထိ ဗြိတိန်နိုင်ငံတွင် နေထိုင်ရန် စီစဉ်ထားပြီး ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၊ အိမ်ရှေ့မင်းသားချားလ်တို့နှင့် သီးခြားစီ တွေ့ဆုံ သွားမည်ဖြစ်ကာ ဗြိတိန်လွှတ်တော်၌ မိန့်ခွန်းပြောကြားမည်ဖြစ်ကြော
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ခင်ပွန်း၊ သားနှစ်ဦးတို့ နှင့် နှစ်အတန်ကြာ နေထိုင်ခဲ့သည့် အောက်စဖို့ဒ်မြို့သို့ သွားရောက်ကာ မိသားစုဝင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်းသိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၆၀ ပြည့်လွန်နှစ် များက အောက်စဖို့ဒ်တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားခဲ့ပြီး ဘွဲ့ရရှိခဲ့သည်။
ဇွန်လ ၂၀ ရက်နေ့တွင် အောက်စဖို့ဒ်တက္ကသိုလ်က ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်သွားမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း မိန့်ခွန်းပြောကြားသွားမည်ဖြစ်ေ
ဇွန်လ ၂၁ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လန်ဒန်မြို့ရှိ လွှတ်တော် နှစ်ရပ်ပေါင်း ဗြိတိန်လွှတ်တော်၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
ထို့ပြင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၊ အိမ်ရှေ့မင်းသားချားလ်တို့နှင့် သီးခြားစီ တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။
ဗြိတိန်နိုင်ငံသည် ၁၉၈၈ ခုနှစ် နှစ်ဆန်းပိုင်းအထိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့ဖူးသည့်နိုင်ငံဖြစ်
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်နှစ်ဆန်းပိုင်းတွင် နာမကျန်းဖြစ်နေသော မိခင်ကြီး ဒေါ်ခင်ကြည်အား ပြုစုရန် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံတွင် လူထုခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဒေါ်အောင်ဆန်းစုကြည်သည် အိုင်ယာလန်နိုင်ငံမှ တစ်ဆင့် ဗြိတိန် နိုင်ငံသို့ရောက်ရှိလာခြင်းဖြစ်
ထို့ပြင်ဒေါ်အောင်ဆန်းစုကြည်သည် Dublin မြို့တော်၏ လွတ်မြောက်ရေးဆုကိုလည်း လက်ခံရယူခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အိုင်ယာလန်နိုင်ငံတွင် ရှိနေစဉ်အတွင်း သမ္မတ Michael D. Higgins နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် U2 တေးဂီတအဖွဲ့အဆိုတော် ဘိုနို ၏ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် အိုင်ယာလန် နိုင်ငံသို့ နော်ဝေနိုင်ငံမှ ရောက်ရှိလာခြင်းဖြစ်သည်။
နော်ဝေနိုင်ငံတွင် ဇွန်လ ၁၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်က ရရှိခဲ့သည့် ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် နိုဗယ် မိန့်ခွန်းကို ပြောကြားခဲ့သည်။
၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဗယ်ဆု ရရှိခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်သည် ဆုကို ကိုယ်တိုင် လက်ခံရယူနိုင်ခဲ့ခြင်းမရှိဘဲ ခင်ပွန်း နှင့် သားနှစ်ဦးတို့က သူ့ကိုယ်စား ဆု လက်ခံရယူခဲ့ရသည်။
By Eleven Media Group
| ||
Posted: 19 Jun 2012 03:19 AM PDT
ရန်ကုန် မင်္ဂလာဒုံ စက်မှုဇုန် မှာရှိတဲ့ ဂျပန် အမျိုးသားပိုင် ဖာမိုဆို အထည်ချုပ် စက်ရုံမှာ အလုပ်သမားတွေ လုပ်ခလစာတိုးတောင်းတာကို မလိုက်လျောတဲ့အတွက်ဒီကနေ့ ရန်ကုန်တိုင်း အလုပ်သမားရေးရာခုံရုံးကို တင်ပြလိုက်ကြောင်း အလုပ်သမားခေါင်းဆောင်တွေက ပြောဆိုပါတယ်။
ဒီလ ၉ ရက်နေ့ ကတည်းက စတင်တောင်းဆိုနေတာဖြစ်ပေမယ့် မလိုက်လျောတဲ့အတွက် အခုလို ဆက်လက်တင်ပြရတာဖြစ်ကြောင်း၊ အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ် "အခုက ကျွန်တော်တို့က မြို့နယ်ညှိနှိုင်းပေးတာ လုံးဝအဆင်မပြေတော့ တိုင်းခုံသမာဓိကို ကျွန်တော်တို့ တစ်ဆင့်တပ်တင်ရတာပေါ့။ ကျွန်တော်တို့က လက်ရှိအခြေခံလစာ ၁၄၅၀၀ ကို ထပ်မံတိုးမြှင့်ပေးဖို့ပေါ့နော် အလုပ်သမားရေးဌာနက ညွန်ကြားရေးမှူး ဦးဝင်းရှိန် ၀င်ရောက်ညှိနှိုင်းပေးရာမှာ အဆင့် ၃ ဆင့်ခွဲပြီး ညှိနှိုင်းပေးခဲ့ကြောင်း၊ ပထမအဆင့်က အမြင့်ဆုံးလုပ်ခ ၈ သောင်းကျော်၊ ဒုတိယအနေနဲ့ ၇ သောင်းကျော်၊ နောက်တစ်ဆင့်က ၆ သောင်းကျော်နဲ့ ညှိနှိုင်းပေးခဲ့ပါတယ်။ အလုပ်သမားတွေဘက်က ဒီအထဲကဘယ်အဆင့်ဖြစ်ဖြစ် သဘောတူမယ်လို့ ပြောခဲ့ပေမယ့် အလုပ်ရှင်ဘက် ဘာတစ်ခုမှ တိုးမပေးနိုင်ဘူးလို့သာ အကြောင်းပြန်ခဲ့တယ်လို့ အလုပ်သမားတွေက ပြော ပါတယ်။ အခြေခံလစာ တစ်သောင်းလေးထောင် သတ်မှတ်ထားတာကို သုံးသောင်းအထိ တိုးပေးဖို့နဲ့၊ ရှားပါးစားရိတ် နှစ်သောင်းကို သုံးသောင်းတိုးပေးဖို့၊ စုစုပေါင်း အခြေခံလစာ ခြောက်သောင်းပေးဖို့ တောင်း ထားတာဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး အလုပ်သမားတွေဘက်က ရှားပါးစားရိတ် တိုးမတောင်းတော့ဘဲ၊ အခြေခံလစာ ၃ သောင်းအထိ တိုးပေးဖို့ပဲ တောင်းဆိုတာကိုလည်း မလိုက်လျောဘူးလို့ ကိုရဲလင်းစိုးကပြောပါတယ်။ ဒီကနေ့မှာတော့ စက်ရုံဝင်းအတွင်းကို မူရင်းပေးထားတဲ့လစာနဲ့ အလုပ်လုပ်နိုင်တဲ့သူဝင်၊ မလုပ်နိုင်တဲ့သူ မ၀င်နဲ့ ဆိုတဲ့သဘောနဲ့ စက်ရုံဝင်းတံခါးကို ပိတ်ထားလိုက်တဲ့အတွက် ဆန္ဒပြအလုပ်သမားတွေ ဟာ စက်ရုံဝင်း အပြင်မှာပဲ စုရုံးနေကြရပါတယ်။ အဲဒီ ဖာဆိုမို အထည်ချုပ်စက်ရုံပိုင်ရှင်ဟာ ဂျပန်အမျိုးသား နာတာရှီးမား ဖြစ်ကြောင်းသိရပါတယ်။ ဒီစက်ရုံမှာ အလုပ်သမား စုစုပေါင်း ၆၀၀ ကျော်ရှိတဲ့အထဲက ၄၀၀ ကျော်က လစာတိုးပေးရေး ဆန္ဒပြနေကြပါတယ်။ RFA Burmese
| ||
Posted: 19 Jun 2012 02:54 AM PDT
သတင်းစာဆရာကြီး လူထုစိန်ဝင်း၏ ဈာပန အခမ်းအနားကို ယနေ့ဇွန်လ ၁၉ ရက် မွန်းလွဲ ၂ နာရီက မြောက်ဥက္ကလာ ရေဝေးသုဿန် မှာပြုလုပ်ခဲ့ပါတယ်။ ဆရာ့ရဲ့ ဈာပန အခမ်းအနားကို ဆရာ့အားချစ်ခင်လေးစားကြည်ညြို
By Popular Myanmar News Journal | ||
Posted: 19 Jun 2012 02:14 AM PDT
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် Amnesty International ရဲ့ 2009ခုနှစ်က ချီးမြှင့်တဲ့ Ambassador of Conscience Award အား လက်ခံရယူစဉ် (ရုပ်/သံ)
by AmnestyInternational After more than 20 years of house arrest in Myanmar. Daw Aung San Suu Kyi was final able to travel to Dublin to receive Amnety Internationals highest honour, the Ambassador of Conscience Award. Secretary General was in Ireland to give the award with other notable attendees. Aung San Suu Kyi later addressing the crowds who came to enjoy the occasion.
| ||
Posted: 19 Jun 2012 02:22 AM PDT
ယခုအပါတ်ထုတ် အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၀၉ ယခုအပါတ်ထုတ် အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၀၉ | ||
Posted: 19 Jun 2012 01:35 AM PDT
စိုက်ပျိုးရေးကို အဓိက အခြေခံသော ရခိုင်ပြည်နယ်တွင် ဆူပူ အကြမ်းဖက်မူများ ပေါ်ပေါက်နေသော ကြောင့် လယ်ထွန်ယက်ရန် အချိန်ကျနေပြီ ဖြစ်သော်လည်း လယ်သမားများ အနေဖြင့် လယ်ယာလုပ်ငန်းကို စတင် လုပ်ကိုင်နိုင်ခြင်း မရှိဘဲ ဖြစ်နေကြောင်း သတင်း ရရှိသည်။
“ အခုက လယ်ထွန်ရမယ့် အချိန်ရောက်နေပါပြီ။ မိုးလည်း ရွာနေပြီ။ ဒါပေမယ့် အခုအချိန်ထိ လယ်မထွန်ရသေးဘူး။ ကျွန်တော်တို့ ဒေသက ရာသီကို လိုက်ပြီ လယ်ယာထွန်ယက် စိုက်ပျိုးရတဲ့ အတွက် အခု အချိန်မှာ လယ်မထွန်ရဘူးဆိုရင် အချိန် အများကြီး နောက်ကျ သွားနိုင်ပါတယ်။ လယ်သမားတွေလည်း အခက်အခဲ ဖြစ်ပေါ်နိုင်ပါတယ်” ဟု ပေါက်တောမြို့နယ် ငခူရှည်ကျေးရွာက လယ်သမား တစ်ဦးက ပြောသည်။ ငခူရှည် ကျေးရွာတွင် လယ်သမားများအား လယ်မထွန်ရန် အုပ်ချုပ်ရေးမှူးက ပိတ်ပင် တားမြစ် ထားသဖြင့် လယ်သမားများ လယ်မလုပ်ရဘဲ ရှိနေကြသည်ဟု သူက ပြောသည်။ “ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်သာထွန်းက လယ်သမားတွေကို အခြေအနေ မတည်ငြိမ်သေးတဲ့ လယ်ထွန်ခွင့် မပြုဘူး။ ရပ်ရွာထဲမှာဘဲ ကာကွယ်ရေး အတွက် နေထိုင်ဖို့ ပြောထားတယ်။ ကျွန်တော်တို့ ဒေသမှာ ဘာမှ စိုးရိမ်စရာ မရှိပေမယ့် လယ်ထွန်ဖို့ ခွင့်မပြုတဲ့ အတွက် လယ်ယာထွန်ယက် စိုက်ပျိုးဖို့ လယ်သမားတွေ အခက်ကြုံနေကြရပါတယ်” ဟု သူက ဆက်ပြောသည်။ လယ်ထွန်ခွင့်ကို ပိတ်ပင်တားမြစ်ထားသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် လယ်သမားများ အကြားတွင် စိတ်ဝမ်း ကွဲပြားမူများ ပေါ်ပေါက်နေသည်ဟု သူက ပြောသည်။ တစ်ခြား မြို့နယ် တစ်ချို့တွင်လည်း ဆူပူ အကြမ်းဖက်မူများ ပေါ်ပေါက်နေသဖြင့် လယ်ယာ လုပ်ငန်းကို စတင် လုပ်ကိုင်နိုင်ခြင်း မရှိဘဲ ဖြစ်နေကြောင်း သိရသည်။ “ ကျွန်တော်တို့ ဒေသမှာတော့ ရွာနီးစပ်ကလေးတွေမှာ ရှိတဲ့ လယ်တွေကို ထွန်ယှက် နေကြတာတော့ ရှိတယ်။ ဝေးလံတဲ့ လယ်တွေကို သွားလုပ်ဖို့ကျတော့ အခြေအနေ မတည်ငြိမ်ရင် မဖြစ်နိုင်ဘူး။ ဒါကြောင့် အများစု လယ်သမားတွေက အခြေအနေ တည်ငြိမ်ဖို့ စောင့်နေကြပါတယ်” ဟု ရသေ့တောင်မြို့နယ် သိမ်တောင်က လယ်သမား တစ်ဦးက ပြောသည်။ ရခိုင်ပြည်နယ်တွင် ပြည်သူ ၉၀ ရာခိုင်နုန်းကျော်မှာ လယ်ယာ လုပ်ငန်းဖြင့် အသက်မွေး ၀မ်းကျောင်းကြပြီး ယခုပေါ်ပေါက်နေသော ဆူပူ အကြမ်းဖက်မူများကြောင့် လယ်ယာ စိုက်ပျိုးရေးကို မစတင်နိုင်ဘဲ ဖြစ်နေကြသည်ဟု ဆိုသည်။ သို့အတွက် တည်ငြိမ် အေးချမ်းရေးကို ပြည်သူများက အထူး လိုလားနေကြသည်ဟု သိရသည်။ နေရဉ္ဖရာ | ||
Posted: 19 Jun 2012 01:25 AM PDT
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကူတောင်အောက်ရွာမှ ရခိုင်များဖြင့် ရွှေလောင်းရွာပိုက်ဆိပ်မှ ဘင်္ဂလီမူဆလင်များသည် ယနေ့နံနက် ၆နာရီမှ ၈နာရီကြားတွင် အဓိကရုဏ်းတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ရွှေလောင်းရွာပိုက်ဆိပ်ရှိ ဘင်္ဂလီမူဆလင်များမှ ကူတောင်အောက်ရွာကို ယနေ့နံနက် ၆နာရီခန့်က စတင်မီးရှို့ရာ၊ ရခိုင်အိမ် ၅အိမ် မီးရှို့ခံခဲ့ရကြောင်းသိရှိရသည်။ “အဲဒီရွာမှာက ကင်းစောင့်နေတာတွေမရှိတော့ ဘင်္ဂလီမူဆလင်တွေရဲ့ မီးရှို့တာ ခံလိုက်ရတာပါ၊ မီးလောင်တော့ ရွာသူ၊ ရွာသားတွေ မီးငြိမ်းပြီးလို့ နံနက် ၇နာရီခွဲလောက်မှာ အဲဒီဘင်္ဂလီတွေနဲ့ ကူတောင်အောက်ရွာက ရခိုင်တွေနဲ့ အဓိကရုဏ်းစဖြစ်တာ၊ ဖြစ်တော့ ရခိုင်ဘက်က ဓါးဒဏ်ရာတွေနဲ့ ၄ယောက်သေသွားတာတော့ မြင်ခဲ့ရတယ် အလောင်းကို ယူလို့မရခဲ့ဘူး၊ ဘင်္ဂလီမူဆလင်တွေက အင်အားကြီးတော့ နောက်ဆုပ်လာရတယ်။ နောက်ထပ် ကူတောင်ရွာသား ၅ယောက်ဟာ ပျောက်နေသေးတယ်၊ သူတို့လည်း သေပြီလို့ ယူဆရတာပေါ့”ဟု ကူတောင်အောက်ရွာ ရွာသားတစ်ဦးမှ ပြောပြသည်။ သေဆုံးသွားသူများမှာ ကျောင်းအုပ်ဆရာ ဦးသိန်းဟန် အသက်-၅၀နှစ်၊ ဦးဖြူချေအသက်-၄၂နှင့် ဦးသောင်းစိုးထွန်း အသက်၅၂တို့ဖြစ်ကြပြီး ကျန်သေဆုံးသူတစ်ယောက်နှင့် ပျောက်ဆုံးနေသူ ၅ဦးတို့မှာ မည်သူမည်ဝါ မသိရှိရသေးကြောင်း ၄င်းရွာသားပြောပြချက်အရ သိရှိရသည်။ ရသေ့တောင် စစ်တပ်မှ တပ်စိတ်တစ်စိပ်ခန့် ယင်းအခင်းဖြစ်ပွားရာနေရာသို့ နံနက် ၈နာရီခန့်တွင်ရောက်ရှိပြီး လုံခြုံရေးယူနေကြောင်းသိရှိရသည် “အခု အဲဒီအခင်းဖြစ်ပွားတဲ့ ကူတောင်အောက်ရွာကို အုပ်ချူပ်ရေးမှူးနဲ့ ရဲသတင်းတပ်ဖွဲ့တွေ နေ့လည် ၁၂နာရီလောက်က အမြန်ယဉ်နဲ့ ထပ်ပြီးတော့ လိုက်သွားကြတယ်၊ ရသေ့တောင်မြို့က လူငယ် ၂၀၀လောက်လည်း အဲဒီရွာကို အကူအညီပေးဖို့ဆိုပြီး လိုက်သွားကြတယ်၊ ရသေ့တောင် မြို့မှာတော့ အဓိကရုဏ်းဖြစ်တာတွေ မရှိဘူး၊ ဒါပေမယ့် ဘင်္ဂလီမူဆလင်တွေရဲ့ရန်ကို ကြောက်ပြီးတော့ ရသေ့တောင်မြို့ကို တိမ်းရှောင်လာတဲ့သူတွေတော့ အများကြီးဘဲ”ဟု ရသေ့တောင်မြို့မှ ဦးကျော်စိန်က ပြောပြသည်။ ရသေ့တောင်မြို့ထဲတွင် ယခုအခါ ဒုက္ခသည် စခန်းပေါင်း ၁၄ခုဖွင့်လှစ်ထားကာ ဒုက္ခသည်ပေါင်း ၅၁၅၀ခန့်ရှိပြီး၊ ရသေ့တောင် မြို့ပေါ်ရှိ ဒုက္ခသည်စခန်းများတွင် မဆန့်သော ဒုက္ခသည် ၅၀၀၀ခန့်ကိုလည်း ရသေ့တောင်မြို့အနီးရှိ ကျေးရွာများတွင် ထားရှိထားရကြောင်း သိရှိရသည်။ ဒုက္ခသည်များအတွက် အလှူငွေကောက်ခံလျက်ရှိရာ ယနေ့အချိန်ထိ ဆန်အိတ် ၅၀၀နှင့် ကျပ်ငွေ ၁၃၅သိန်းခန့် ရရှိပြီး ဆေးဝါးအကူအညီများလည်း လိုအပ်နေသေးကြောင်းကို ဒုက္ခသည်အရေးအား လိုက်လံဆောင်ရွက်ပေးနေသူ တစ်ဦးဖြစ်သော ဦးကျော်စိန်ပြောပြချက်အရ သိရှိရသည်။ by ရွှေဘန်း(စစ်တွေ) အာရကန်တိုင်းမ်စ | ||
Posted: 19 Jun 2012 01:19 AM PDT
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး
၂၀၁၂ ခုနှစ်၊ ဇွန်လ (၁၉) ရက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ဝင်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချ ယနေ့အခမ်းအနားကို တက်ရောက်လာကြသူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြစေရန် ဆုတောင်းမေတ္တာ ပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်- နိုင်ငံတော်အစိုးရအနေနဲ့ စတင်တာဝန်ယူတဲ့ ပထမနှစ်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ အမျိုးသား ပြန်လာစည်းလုံးညီညွတ်ရေးလုပ်ငန် ပြည်ထောင်စုအစိုးရက ရေးဆွဲလျာထားပြီး ပြည်ထောင်စု လွှတ်တော်သို့ မကြာမီတင်သွင်းမဲ့ အမျိုးသား စီမံကိန်း (မူကြမ်း) ဟာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ပဉ္စမကာလကို (၅) နှစ် စီမံကိန်းဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းနဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း၊ နှစ်စဉ်စီမံကိန်း (၂) ခုကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမှတ်တမ်းတင်၊ အတည်ပြုခဲ့ပြီးဖြစ်ပါ တယ်။ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးချက်များအရ ပြည်ထောင်စုဝန်ကြီးဌာနများရဲ့ လုပ်ငန်းကဏ္ဍ အချို့ကို လျှော့သင့်တာလျှော့ချ၊ တိုးသုံးသင့်တာ တိုးတက်လျာထားသုံးစွဲမှုများ ပြုလုပ်ခဲ့ပြီး တစ်ဖက်ကလည်း နိုင်ငံတော် ဖွံ့ဖြိုးဖို့အတွက် ထပ်မံလိုအပ်လာမဲ့ ရေရှည်အစီအမံများကို ဖြည့်စွက်ပြင်ဆင် ရေးဆွဲထားတာ ဖြစ်ပါတယ်။ ပဉ္စမကာလကို (၅) နှစ်စီမံကိန်း (မူကြမ်း) (၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆) ကို လက်ရှိနိုင်ငံတော်ရဲ့ စီးပွားရေးအခြေအနေပေါ်မူတည်ပြီး အနာဂတ်မှာ ဖြစ်ပေါ်တိုးတက်လာနိုင်မဲ့ အနီးစပ်ဆုံးအနေအထားကို မျှော်မှန်းလျာထားပြီး စီမံကိန်းကော်မရှင်အစည်းအဝေးမှာ တိုင်ပင်ညှိနှိုင်းဆွေးနွေးသွား - တစ်မျိုးသားလုံးရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန် - နိုင်ငံတော်ရဲ့ ဂျီဒီပီမှာ လယ်ယာကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၆.၄ ရာခိုင်နှုန်းမှ ၂၉.၂ ရာခိုင်နှုန်းသို့လည်းကောင်း၊ စက်မှု ကဏ္ဍကြီး၏ပါဝင်မှု အချိုးအစားကို ၂၆.၀ ရာခိုင်နှုန်းမှ ၃၂.၁ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၀န်ဆောင်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၇.၆ ရာခိုင်နှုန်းမှ ၃၈.၇ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီးပြောင်းလဲဖြစ်ပေါ်စေရန်၊ - လူတစ်ဦးစီ၏ ပျမ်းမျှပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (Per Capita GDP) ကို အခြေခံ နှစ်ထက် (၁.၇) ဆ တိုးတက်စေရန် ရည်မှန်းထားပါတယ်။ တွက်ချက်ရရှိထားတဲ့ ဂျီဒီပီတိုးတက်မှုနှုန်း |
0 comments:
Post a Comment