Tuesday, June 19, 2012

19.06.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Monday, June 18, 2012 at 4:18pm 

စာပေ အခမ်းအနား တခုမှာ တွေ့ရတဲ့ လူထုစိန်ဝင်း (ယာ)လူထုစိန်ဝင်း ကွယ်လွန်
ဝါရင့် စာရေးဆရာ သတင်းစာ ဆရာကြီး လူထု စိန်ဝင်းဟာ အသက် ၇၁ နှစ် အရွယ်မှာ ရန်ကုန်မှာ ကွယ်လွန် သွားပါတယ်။
ဦးစိန်ဝင်းဟာ ကျောင်းသား ဘဝထဲက သတင်းစာ နယ်ကို ဝင်လာခဲ့ပီး ဦးကြီး တော်သူ စာရေးဆရာကြီး ရွှေဥဒေါင်းနဲ့ နီးစပ်တဲ့ လူထု သတင်းစာမှာ ရန်ကုန် အယ်ဒီတာ လုပ်ခဲ့ပါတယ်။
တော်လှန်ရေး ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြား သွားပီးနောက် စာရေးဆရာ သတင်းသမား နိုင်ငံရေး အတိုက်အခံ တွေကို ထိန်းသိမ်းတဲ့ အထဲ ဦးစိန်ဝင်း ပါသွားခဲ့ပီး ကပ္ပလီ ပင်လယ်ထဲက ကိုကိုးကျွန်းမှာ အကျဉ်းကျ ခဲ့ပါတယ်။

ကျန်းမာရေး သိပ်ဆိုးရွား လာလို့ စစ်တွေထောင်ကို ပြန်ပို့ခဲ့ပေမယ့် လေဖြတ် ကိုယ်တပိုင်း သေသွားခဲ့ပါတယ်။
ကျန်းမာရေး မကောင်းတဲ့ကြားက ဦးစိန်ဝင်းဟာ စာနယ်ဇင်း များစွာမှာ အပတ်စဉ် စာရေးခဲ့ပီး စာရေး အများဆုံး စာရေးဆရာ တယောက် ဖြစ်လာပါတယ်။
မြန်မာ ပြည်မှာ ဆယ်စု နှစ်နဲ့ချီပီး ဆိတ်သုဉ်း နေတဲ့ သတင်းစာ ပညာ ပြန်လည် ထွန်းကားရေး ၊ ပြည်သူတွေ နိုင်ငံရေး နိုးကြားရေး အတွက် အစဉ် တိုက်တွန်း နှိုးဆော် နေသူ ဖြစ်ပါတယ်။
မြန်မာ စာပေ ယဉ်ကျေးမှု ထိန်းသိမ်းရေး ၊ ကျား မ တန်းတူ ညီမျှရေး၊ အများ အကျိုး သယ်ပိုးရေး စတဲ့ လူထု စိန်ဝင်းရဲ့ စာတွေဟာ လူငယ် လူကြီး စာဖတ် ပရိသတ် တွေကြားမှာ သြဇာ ကြီးမား ပါတယ်။
လူထု စိန်ဝင်း ကွယ်လွန် တာဟာ မြန်မာ့ နိုင်ငံရေး လမ်းကြောင်းမှာ အောက်ခြေ လူထုဘက်က အမြဲ ရပ်တည် ရေးသားသူ ဖြစ်တာမို့ အင်မတန် နစ်နာတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း အယ်ဒီတာ ဦး အောင်ကျော်ဆန်း က ဆိုပါတယ်။
မြန်မာ နိုင်ငံရေး သတင်းသမား တွေထဲမှာ ဦးဝင်းတင်နဲ့ သူသာ ထိပ်ဆုံးက ရှိတော့ တာမို့ ဆုံးရှုံးမှု အတွက် များစွာ ကြေကွဲကြောင်းလဲ နယူးယောက် နေ စာရေးဆရာ ကဗျာဆရာ မောင်စွမ်းရည်က ပြောပါတယ်။

မဲစာရင်း အတွက် စိတ်စော နေသူများဂရိ ရွေးကောက်ပွဲ အနိုင် စာရင်း ထွက်ပေါ်
၆ ပတ်တွင်း ဒုတိယ အကြိမ် လုပ်တဲ့ ဂရိ ရွေးကောက်ပွဲမှာ ဗဟို လက်ယာယိမ်း ဒီမိုကရေစီ သစ် ပါတီ နိုင်သွားပီလို့ ပါတီ ခေါင်းဆောင် အန်ဒေါ်နစ် ဆာမရပ်စ်က ကြေညာ လိုက်ပါတယ်။
ဂရိ နိုင်ငံအနေနဲ့ ယူရိုဇုန်ထဲ ဆက်ပီး နေလိုတဲ့ ဆန္ဒကို ထုတ်ပြလိုက်တာပဲ ဆိုပီး တိုင်းပြည်ရဲ့ ဆုံးဖြတ်ချက်ကို မစ္စတာ ဆာမရပ်စ်က ဂုဏ်ပြု ပါတယ်။
ဒီလို သန္နိဋ္ဌာန် ချထားတဲ့ ပါတီ တွေ အားလုံး ညီညီညွတ်ညွတ်နဲ့ တည်ငြိမ်တဲ့ အစိုးရ သစ်ဖွဲ့ဖို့ သူက ဆော်သြ လိုက်ပါတယ်။
လက်ဝဲယိမ်း ဆိုင်ရီဇာ ပါတီ ခေါင်းဆောင် အလက်ဆစ် ဆီးပရက်စ်ကတော့ ညွန့်ပေါင်း အစိုးရမှာ ပါမှာမဟုတ်ဘဲ ယူရိုဇုန် ကယ်ဆယ်ရေးက ထုတ်ချေးတဲ့ ငွေတွေအတွက် ချိုးခြံ ချွေတာရေး အစီအစဉ်ကို ဆက်ပီး ဆန့်ကျင် သွားမယ်လို့ ဆိုပါတယ်။
ဂရိ ရွေးကောက်ပွဲ ရလဒ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက ကြိုဆို လိုက်ပီး အစိုးရ အမြန်ဖွဲ့ဖို့ တောင်းဆို လိုက်ကြပါတယ်။
ဂရိ နိုင်ငံ အကျပ်အတည်း တွေက ရုန်းထွက် နိုင်ဖို့ အကောင်းဆုံး နည်းက စီးပွားရေး ပြုပြင်မှု လုပ်ဖို့ပဲ လို့ ယုံကြည်နေဆဲ ဖြစ်ကြောင်း ယူရိုဇုန် ဘဏ္ဍာရေး ဝန်ကြီးများ အဖွဲ့ အကြီးအကဲ ယန်း ကလောက် ယန်ကာက ဆိုပါတယ်။
အားလုံးက ဂရိကို ယူရိုဇုန်ထဲ မှာ ဆက်နေစေချင်ကြောင်းလည်း အမေရိကန် ပြည်ထောင်စုက ပြောကြား ပါတယ်။

အီဂျစ် ရွေးကောက်ပွဲမှာ မဲပေးခဲ့သူတဉီးစစ်ကောင္စီ ကြေညာခ်က် အီဂ်စ် အတိုက်အခံတြေ မေက်နပ်
အီဂျစ်မှာ သမ္မတ ရွေးကောက်ပွဲ ရလဒ် က အငြင်းအခုံ ဖြစ်နေကြဆဲရှိတဲ့ အချိန် လက်ရှိ အာဏာပိုင် စစ်ကောင်စီ က ထုတ်ပြန် တဲ့ ကြေညာချက် ကြောင့် အီဂျစ် အတိုက်အခံတွေ က ဒါဟာ စစ်အာဏာသိမ်း ဖို့ လုပ်နေတာ လို့တောင် စွပ်စွဲ နေကြပါတယ်။
စစ်ကောင်စီ ရဲ့ ကြေညာချက် အသေးစိတ် ကို လာမယ့် နာရီပိုင်း မှာ သိကြရမှာ ဖြစ်ပေမယ့် အခု အချိန်ထိ သိထားရသမျှ ကတော့ ဖွဲ့စည်းပုံ အခြေခံ အသစ် မဆွဲပြီး မချင်း နောက်ထပ် အထွေထွေရွေးကောက်ပွဲ ကို မကျင်းပရ ဘူး ဆိုတဲ့ အချက် အပါအဝင် ဥပဒေ ပြုရေး နဲ့ နိုင်ငံ့ ဘတ်ဂျက် စီမံခန့်ခွဲတာ တွေကို လည်း စစ်ခေါင်းဆောင် တွေ ကို အာဏာ ပေးထားတာ ဆိုတော့ ဒါဟာ စစ်တပ် ကို အရေးကြီးတဲ့အာဏာ တွေ ပေးလိုက်တာ ပဲ လို့ ဝေဘန် သံတွေ ညံပြီး ထွက်လာနေ ပါတယ်။
နိုင်ငံရေးအရ အထင်အရှား အတိုက်အခံ ခေါင်းဆောင် တယောက် ဖြစ်တဲ့ မိုဟာမက် အယ်ဘာရာ ဒေး က ဒါဟာ အီဂျစ် ဒီမိုကရေစီနဲ့ တော်လှန်ရေး ကို အကြီးအကျယ် နောက်ပြန် ဆွဲ လိုက်တာပဲ လို့ မှတ်ချက် ချ ပါတယ်။
တဟီရာ ရင်ပြင် တော်လှန်ရေး တုန်း က ထင်ပေါ် ခဲ့သူ နောက်ထပ် နိုင်ငံရေးခေါင်းဆောင် တဦး ဖြစ်သူ ဟမ်ဒန် ဆာဘာဟီ က လည်း အီဂျစ် အနာဂတ် ကို သိမ်းပိုက် လိုက်တဲ့ ကြေညာချက် လို့ ပြောပါတယ်အဓိက အတိုက်အခံ ဖြစ်လာနေတဲ့ အစ္စလာမ်မစ် အဖွဲ့ အစည်း မွတ်ဆလင် ညီအကိုတော်များ အဖွဲ့ က တော့ ဒီကြေညာချက် ဟာ တရားဝင် မှု လုံးဝ မရှိဘူး လို့ တုန့်ပြန်ထားပါတယ်။
S C A F SCAF လို့ အတိုကောက်ခေါ်ကြတဲ့ စစ်ကောင်စီ ကတော့ တနင်္ဂနွေ နေ့ က ပြီးခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲ က ထွက်ပေါ်လာတဲ့ ရလဒ် အတိုင်း အဲဒီ သမ္မတဖြစ်လာမယ့် သူ ကို အခုလ ကုန်ကျရင် အာဏာလွှဲပါ့မယ် ကြေညာထားပါတယ်
ထပ်ကျော့ပြီး လုပ်ခဲ့ရတဲ့ သမ္မတ ရွေးကောက်ပွဲ ရလဒ် က တရားဝင် မထွက်သေးပေမယ့် အတိုက်အခံ အစ္စလာမ်မစ် အဖွဲ့ အစည်း တခု ဖြစ်တဲ့ မွတ်ဆလင် ညီအကိုတော်များ အဖွဲ့ ကတော့ သူတို့ သမ္မတလောင်း ကိုယ်စားလှယ် ဖြစ်တဲ့ မိုဟာမက် မာဆီ အနိုင်ရ ပြီ လို့ ပြောနေပါတယ်။
ဒါပေမယ့် အရင် မူဘာရက် အစိုးရ လက်ထက် က ၀န်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သမ္မတလောင်း အာမစ် ရှာဖစ် ဘက်က ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ က တော့ မစ္စတာ မာဆီ နိုင်ပြီ ဆိုတာ မဟုတ်တဲ့ အကြောင်း ငြင်း ပါတယ်။
စစ်ကောင် စီ က အရင် ၇က်ပိုင်းတုန်း ကလည်း မနှစ် ကလုပ်ခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲ ရလဒ် ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နဲ့ မကိုက်ညီ ဘူး လို့ ဆိုပြီး ပယ်ဖျက်ထားတာကြောင့် လကုန်လို့ သမ္မတ ဘယ်သူဆိုတာ ကြေညာ ရင်တောင် လွှတ်တော် ကျင်းပ လို့ မရနိုင်သေး တဲ့ အခြေအနေ လည်း ဖြစ် နေပါတယ်။
ဒါ့ကြောင့် အီဂျစ် နိုင်ငံရေး ကတော့ လောလောဆယ် မှာ တင်းမာမှုတွေ ရှိနေသလိုရှေ့ဘာဖြစ်လာ မလဲဆိုတာ မှန်း ရခက် တဲ့ မရေရာမှု တွေ လည်း တွေ့နေရပါတယ်။                      



သမ္မတ ဦးသိန်းစိန် နိုင်ငံတော် မိန့်ခွန်း ပြောမယ်
ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေကြောင့် ဦးသိန်းစိန် နာမည်ကောင်းထွက်
သမ္မတ ဦးသိန်းစိန်ဟာ ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေ၊ ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းတွေ၊ အစိုးရ ဝန်ကြီးတွေ နဲ့ ဇွန်လ ၁၉ရက်နေ့မှာ တွေ့ဆုံဖို့ ရှိပါတယ်။
အဲဒီလို တွေ့ဆုံရာမှာ စီမံကိန်းဆိုင်ရာ ကိစ္စတွေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဒုတိယအဆင့် ဆောင်ရွက်မယ့် ကိစ္စတွေကို ပြောဆိုမယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များ
ဖွဲ့စည်းပုံ ဥပဒေအရ ပြည်နယ် အဆင့်ကို လုပ်ပိုင်ခွင့် ပေးထားပေမယ့် လုပ်လို့မရ၊ အသက်မဝင်တာတွေ ရှိနေကြောင်း၊ ဥပမာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး ကိစ္စ တွေမှာ ပြည်နယ် အဆင့်ကို လုပ်ပိုင်ခွင့် ပေးထားပေမယ့် ဥပဒေ အဆင်သင့် မရှိတဲ့ အတွက် မလုပ်နိုင်သေးတာမျိုးလို ကိစ္စတွေနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်က ပြောဆိုမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
ဖွဲ့စည်းပုံ ဥပဒေထဲမှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေ အနေနဲ့ ပြည်ထောင်စု အစိုးရက ချမှတ်ထားတဲ့ မူဝါဒတွေ၊ ပြည်ထောင်စု ဥပဒေတွေနဲ့ မဆန့်ကျင်ဘူး ဆိုရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အတွင်းမှာ ဆောင်ရွက်မယ့် လုပ်ငန်းစီမံကိန်းတွေကို သက်ဆိုင်ရာ ပြည်နယ် တိုင်း လွှတ်တော်တွေရဲ့ သဘောတူညီချက်နဲ့ ဆောင်ရွက်ရမယ်လို့ ဖေါ်ပြထားပါတယ်။
လွှတ်တော် အစည်းအဝေးတွေကို လာမယ့် ဇူလိုင်လ ၄ရက်နေ့မှာ ပြန်လည် ခေါ်ယူ ကျင်းပဖို့ စီစဉ်ထားပါတယ်။
ဇွန်လ ၁၉ရက်နေ့ မနက်မှာ သမ္မတ ဦးသိန်းစိန် နိုင်ငံတော်ကို မိန့်ခွန်းပြောမယ်လို့ အစိုးရ သတင်းမီဒီယာတွေ မှာ ထုတ်လွှင့် ကြေညာသွားပါတယ်။

၂၀၁၁ ခုနှစ် မေလတုန်းက ကာလကတ္တား အကျဉ်းထောင် ကနေ လွတ်လာစဉ်အိန္ဒိယက ရခိုင်၊ကရင် အကျဉ်းသားဟောင်းတွေ နယ်သာလန်ကို ထွက်ခွာ
ကာလကတ္တား ထောင်နဲ့ အက်ဒမန်ကျွန်းက Port Blair အကျဉ်းထောင်တွေမှာ ၁၃ နှစ်ကျော် အကျဉ်းချခံခဲ့ရတဲ့ ရခိုင်နဲ့ ကရင် တော်လှန်ရေးသမား တချို့ဟာ နယ်သာလန် နိုင်ငံကို အခြေချနေထိုင်ဖို့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
သူတို့ဟာ စစ်အစိုးရကိုလက်နက်ကိုင် တော်လှန်တဲ့ ရခိုင် အမျိုးသား ညီညွတ်ရေးပါတီနဲ့ ကရင် အမျိုးသား အစည်းအရုံး KNUအဖွဲ့ဝင်တွေ ဖြစ်ကြပြီး ၁၉၉၈ ခုနှစ်တုန်းက စခန်းသစ် ရမယ်ဆိုတဲ့ အိန္ဒိယ ထောက်လှမ်းရေးရဲ့ ကမ်းလှမ်းချက်အရ အိန္ဒိယပိုင် အက်ဒမန်နဲ့ နီကိုဘာ ကျွန်းစုတွေဆီ ရောက်လာခဲ့ကြရာကနေ အိန္ဒိယ အစိုးရရဲ့ ဖမ်းဆီး ထောင်ချ ခံခဲ့ကြတာပါ။
၂၀၁၁ခုနှစ် မေလကမှ ကာလကတ္တားထောင်ကနေ လွတ်မြောက်လာခဲ့တဲ့ အဲဒီလူ ၃၄ယောက်ထဲက ၃၁ယောက်ဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးရဲ့ အစီအစဉ်နဲ့ နယ်သာလန် နိုင်ငံမှာ အခြေတကျ နေထိုင်ဖို့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကနေ ထွက်ခွာသွားတာ ဖြစ်ပါတယ်။
အဲဒီထဲက တဦးဖြစ်တဲ့ ကေအန်ယူအဖွဲ့ဝင် ဦးဖိုးချိုက သူတို့ ထောင်က လွတ်မြောက်လာတုန်းက ၃၄ ယောက်ဖြစ်ပေမယ့် ဒီနှစ်ဖေဖေါ်ဝါရီလက ရခိုင်ရဲဘော်တယောက်ဟာ နှလုံးရောဂါနဲ့ ဆုံးပါးသွားပြီး ၂ယောက်ကတော့ နယ်သာလန်နိုင်ငံက လက်မခံခဲ့ဘူးလို့ ဘီဘီစီကို ပြောပြပါတယ်။
ရခိုင်တော်လှန်ရေးသမား ကိုဓညလင်းကတော့ ခုခရီးစဉ်မှာ လူစုံတက်စုံ မပါတဲ့အတွက် ၀မ်းသာဝမ်းနည်း ဖြစ်ရပါတယ်လို့ ပြောပါတယ်။
သူတို့ အဖွဲ့တွေ အဖမ်းခံရတုန်းက ခေါင်းဆောင် ၆ယောက်ကို အိန္ဒိယ ထောက်လှမ်းရေး က သတ်ပစ်လိုက်ပြီး ကျန်တဲ့ ၃၆ ယောက်ထဲက ၂ယောက် ကတော့ ပင်လယ်ပြင် ဖြတ်ပြီး ထွက်ပြေး သွားတာမို့ ဒီနေ့ထိ သေသလား ရှင်သလား ဆိုတာ စုံစမ်းလို့ မရခဲ့ဘူးလို့ ပြောပါတယ်။
ကျန်တဲ့သူတွေကိုတော့ ရုံးတင်စစ်ဆေးခြင်းမလုပ်ဘဲ အက်ဒမန်ကျွန်းက Port Blairထောင်မှာ ဖမ်းဆီးထားခဲ့ရာက လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အကူအညီနဲ့ ၂၀၀၆ ခုနှစ်မှာမှ ကာလကတ္တားထောင်ကို ပြောင်းပြီး ရုံးတင်စစ်ဆေးခဲ့တာပါ။
၂၀၁၀ ဇူလိုင် ၁၂မှာတော့ သူတို့ ၃၄ယောက်ကို ထောင်ဒဏ် ၁၅လနဲ့ ငွေဒဏ် ရူပီး ၆ထောင်စီ ချမှတ်လိုက်တော့ လွက်ရက်စေ့လို့ လွှတ်ပေးရမှာမှန်ပေမယ့် ထောင်ပြင်ပမှာ နေထိုင်ခွင့် မရှိဘူးဆိုပြီး ကာလကတ္တားထောင်မှာ ဆက်နေခဲ့ရပါတယ်။
အဲဒီနောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCRရဲ့အကူအညီနဲ့ ၂၀၁၁ မေလ ၁၉ ရက်က လွတ်မြောက်ခဲ့ပြီးနောက် ခုလို နယ်သာလန်နိုင်ငံကို အတည်တကျနေထိုင်ခွင့်ရသွားတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ဒုက္ခသည်များ ဆေးကုသမှု ရရှိရန်လိုဟု MSF ဆို
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇွန်လ ၁၈ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၁၇ မိနစ်

မဇ္ဈိမသတင်းဌာန ။       ။ ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက်မှုများ ပေါ်ပေါက်ခဲ့ပြီးနောက် မူဆလင်နှင့် ဗုဒ္ဓဘာသာဝင်တော်တော်များများသည် ယခုအခါ လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ၊ ဆေးဝါးကုသမှုများ မရရှိဘဲဖြစ်နေသည်ဟု နယ်စည်းမခြား ဆရာဝန်များအသင်း MSF က ဆိုသည်။ MSF အနေဖြင့် ဒေသတွင်းရှိ ၎င်း၏ လုပ်ငန်း များ ရပ်ဆိုင်းရန် ဖိအားပေးခြင်း ခံနေရသည်။

ဇွန်လ ၉ ရက်နေ့တွင် ပဋိပက္ခများ ဖြစ်ခဲ့ပြီးနောက် ဒေသတွင်းရှိ MSF ကျန်းမာရေး ဝန်ထမ်းများမှာ အန္တရာယ် အနေအထားနှင့် ရင်ဆိုင်ခဲ့ရသည်ဟု MSF ၏ တနင်္လာနေ့တွင် ထုတ်ပြန်သော ကြေညာချက်ထဲတွင် ဖော်ပြထားသည်။“ပဋိပက္ခကြောင့် ဒုက္ခသည် ဖြစ်ခဲ့ရသူတွေဟာ အရေးပေါ် ဆေးဝါးကုသမှုတွေ မရရှိသလို ကျနော်တို့ရဲ့ လူနာတွေဟာ လုံလောက်တဲ့ ဆေးဝါးကုသမှုကို တောက်လျှောက် လိုအပ်နေတဲ့အတွက် MSF အနေနဲ့ အလွန်အမင်း စိုးရိမ်မိပါတယ်” ဟု MSF ၏ လုပ်ငန်းမန်နေဂျာ Joe Belliveau က ဆိုသည်။
“ကျနော်တို့ရဲ့ လတ်တလော စိုးရိမ်သောက တွေကတော့ အရေးပေါ် ကုသမှုတွေ ပြုလုပ်ပေးဖို့၊ လူတွေအတွက် အစားအစာနဲ့ အထောက်အပံ့များ ရရှိဖို့နဲ့ HIV လူနာတွေအတွက် အသက်ကယ် ကုသမှုတွေ ပြုလုပ်ပေးရေးတွေနဲ့ ပတ်သက်နေပါတယ်” ဟု ဆိုသည်။

ဆက်တိုက် ဖြစ်ပွါးနေခဲ့သော အကြမ်းဖက်မှုများ၏ အန္တရာယ်မှ လွတ်မြောက်ရေးအတွက် ထွက်ပြေးလာသူများနှင့် နယ်စပ်ဒေသ တလျှောက်တွင် ဆေးဝါး ကုသမှု လိုအပ်နေသူများအား ဘင်္ဂလားဒေ့ရှ် အစိုးရက ငြင်းပယ်ခဲ့ကြောင်း သတင်းများအရ သိရသဖြင့် MSF မှ စိုးရိမ်မိကြောင်းလည်း ဆိုသည်။ MSF အနေဖြင့် ဆေးဝါး အကူအညီ လိုအပ်နေသူ များအား ဒေသစွဲ မထားဘဲ မည်သူ့ကိုမဆို ကုသပေးရန် အဆင်သင့် ရှိသည်ဟု ဆိုသည်။

“မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးမှာ ရှိနေတဲ့၊ အကြမ်းဖက်မှုဒဏ် ခံရသူတွေဆီကို အကူအညီတွေ ပေးအပ်နိုင်အောင် MSF အနေနဲ့ ကြိုးစားနေပါတယ်။ ဒါပေမယ့် သူတို့ကို ကျနော့်တို့ဆီ ရောက်လာအောင်လည်း ခွင့်ပြုသင့်ပါ တယ်” ဟု Joe Belliveau က ဆိုသည်။

ရခိုင်ပြည်နယ်တွင် MSF အနေဖြင့် မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်မှုများ အပြင် ငှက်ဖျား၊ ဝမ်းရောဂါ၊ AIDS နှင့် TB ကဲ့သို့သော ကူးစက် ရောဂါများကို အလေးပေး၍ နှစ်ပေါင်း ၂၀ ခန့် ဆေးဝါးကုသမှုများ ပြုလုပ်ပေးနေ သည်။

MSF အနေဖြင့် ၂၀၁၁ ခုနှစ်အတွင်း ဝေဒနာရှင်နှင့်တွေ့ဆုံကာ ဆေးကုသပေးမှု အကြိမ်ပေါင်း ၄၈၇,၀၀၀ ခန့်ပြုလုပ်ပေးခဲ့ပြီး ART ဆေးဝါးကုသမှုနဲ့ စောင့်ရှောက်ပေးနေသည့် AIDS ဝေဒနာရှင်ပေါင်း ၆၀၀ ကျော် ရှိသည်ဟု သိရသည်။

MSF ၏ ကမ္ဘာပေါ်ရှိ အကြီးမားဆုံးသော ဆေးကုသပေးရေး အစီအစဉ်များအနက် မြန်မာနိုင်ငံအတွင်း ကျန်းမာရေးစောင့်ရှောက် ကုသပေးမှု အစီအစဉ်သည်လည်း တခုအပါအဝင် ဖြစ်ကြောင်း သိရသည်။ MSF သည် မြန်မာနိုင်ငံတွင် AIDS ဝေဒနာရှင်များအား ကုသပေးနေသည့် အဓိက အဖွဲ့အစည်း တခုဖြစ်ပြီး ငှက်ဖျားရောဂါ တိုက်ဖျက်ရေးတွင် လည်း ဦးဆောင်မှု ပေးနေသည့် အဖွဲ့အစည်း ဖြစ်သည်။

ရခိုင်ပြည်နယ် ဒုက္ခသည်များအတွက် ‘ပန်းရဲ့လမ်း’
အောင်ဝင်း | တနင်္လာနေ့၊ ဇွန်လ ၁၈ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၂၅ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ ရခိုင်ပြည်နယ်အတွင်းရှိ အိုးအိမ်မဲ့ ဒုက္ခသည်များအား ကူညီထောက်ပံ့ရန် ‘လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း’ လူမှုကွန်ယက်က ပရိသတ်အား ဂီတဖြင့် တိုက်ရိုက် ထိတွေ့ ဖျော်ဖြေကာ ရန်ပုံငွေ ရှာဖွေသည့် အစီအစဉ် ကို ရန်ကုန်မြို့တွင် ဇွန်လ ၁၇ ရက်နေ့မှ စတင်ပြုလုပ်နေသည်။

“ကျနော်တို့အဖွဲ့က ပြီးခဲ့တဲ့လကစပြီး စစ်ဘေးဒဏ်ခံ ကချင်ဒုက္ခသည်တွေအတွက် ဂီတနဲ့ လူထုကို ဖျော်ဖြေပြီး ရံပုံငွေ ရှာဖွေပေးနေတာပါ။ အခု ဒီနေ့က စပြီး ရခိုင်ပြည်သူတွေ အတွက် ရန်ပုံငွေ ကောက်ခံပေးတဲ့ အစီအစဉ်ကို ရန်ကုန်မြို့ မှာ စလုပ်တာပါ” ဟု အဆိုပါ ကွန်ယက်မှ အဖွဲ့ဝင် တဦးဖြစ်သူ ဦးအောင်သန်း က ဆိုသည်။

မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့ ခေါင်းဆောင် ကိုရဲလွင် ဦးဆောင်သော လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ယက် အဖွဲ့ဝင်များသည် ဂီတသမားများ ပါဝင်ကူညီမှုဖြင့် တနင်္ဂနွေနေ့တွင် ရန်ကုန် တိရိစ္ဆာန်ဥယျာဉ်အနီးရှိ Morning Star လက်ဖက်ရည်ဆိုင်၊ မင်္ဂလာတောင်ညွှန့် မြို့နယ်ရှိ Mercury လက်ဖက်ရည်ဆိုင်၊ ဟံသာဝတီ ကားရောင်းဝယ်ရေးစခန်းဝင်းနှင့် လသာမြို့နယ်ရှိ ရွှေငါးမောင်မောင်ပင်လယ်စာ ရောင်းဝယ်ရေး ဆိုင်ရှေ့တို့တွင် ဂီတဖျော်ဖြေမှုများပြုလုပ်ခဲ့ကြသည်။

“လာမယ့် အပါတ် စနေ၊ တနင်္ဂနွေနေ့တွေမှာလည်း ဖိတ်ခေါ်တဲ့ နေရာတွေမှာ သွားရောက် ဖျော်ဖြေပေးဦးမှာပါ” ဟု ဦးအောင်သန်းက ပြောသည်။

တနင်္ဂနွေနေ့က ဂီတဖျော်ဖြေမှုတွင် ရခိုင်ပြည်နယ်ရှိ အိုးအိမ်မဲ့ ဒုက္ခသည်များအတွက် ပရိသတ်များက ထည့်ဝင်သော အလှူငွေ စုစုပေါင်း ၂၆ သိန်းကျော် ရရှိခဲ့သည်။

၎င်းတို့ ဖျော်ဖြေတင်ဆက်ချိန်တွင် လာရောက်ကြည့်ရှု အားပေးသော ပရိသတ်များနှင့် လမ်းသွားလမ်းလာများကလည်း အလှူငွေများကို အသီးသီး ထည့်ဝင်လှူဒါန်းကြသည်ကို တွေ့ရှိရသည်။

“ကျမက လသာမြို့နယ် ၂ ရပ်ကွက် ၁၇ လမ်းမှာ ဂဏန်း ရောင်းတဲ့ ဈေးသည်ပါ။ အခုတလော ရခိုင်မှာ ဖြစ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မှာရော ဘာများ ရုတ်ရုတ်သဲသဲ ဖြစ်မလဲလို့ စိုးရိမ်နေတဲ့ အချိန်မှာ အခုလို ဒုက္ခရောက်သူတွေအတွက် အလှူငွေကောက်ခံဖို့ ဂီတဖျော်ဖြေတာကို တွေ့လိုက်ရလို့ ဝမ်းသာပါတယ်။ အလှူငွေလည်း သုံးသောင်း ထည့်လိုက်ပါတယ်” ဟု ဈေးသည်တဦး ဖြစ်သူ မချိုက ဆိုသည်။

“ဒီနေ့ ကောက်ခံရတဲ့ အလှူငွေတွေကို လာမယ့် အင်္ဂါနေ့ ဇွန် ၁၉ ရက်နေ့မှာ ကိုကျော်စိုးနိုင် ဦးဆောင်တဲ့ လူငယ်အဖွဲ့က စစ်တွေကို ချက်ချင်းသွားလှူမှာပါ ” ဟု ကွန်ယက်အဖွဲ့ဝင် ဦးမျိုးဦး က ဆိုသည်။

“ရန်ပုံငွေရှာဖို့ ဂီတ ဖျော်ဖြေပွဲတခု လုပ်မယ်ဆိုရင် အသားတင် အလှူငွေ သိန်း ၂၀၀ လောက် ရဖို့ မလွယ်ပါဘူး။ အခု လက်ဖက်ရည်ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေမှာ လူထုနဲ့ တိုက်ရိုက် ထိတွေ့ဖျော်ဖြေပြီး အလှူငွေ ကောက်ခံတာ တလကျော်အတွင်း သိန်း ၂၀၀ နီးပါး ရနေပါပြီ” ဟု အဖွဲ့ဝင် ဦးအောင်သန်း က ပြောသည်။

ဖျော်ဖြေရေအတွက် ကိုရဲလွင်နှင့် အတူ ပါဝင်ကူညီသူ အမာခံ ဂီတသမားများထဲတွင် သားထွေး၊ ကိုရဲထွဋ်၊ E ချို ၊ ညီညီလွင်၊ တိုးလွင် (ဥတ္တရအလင်း) အစရှိသော တေးရေးနှင့် တေးဆိုရှင်များ ပါဝင်ကြသည်။

“ကျနော်တို့ အမာခံ ဂီတအဖွဲ့သားတွေအပြင် တခြား အဆိုရှင်တွေလည်း အချိန်ရရင် ရသလို ကျနော်တို့ အဖွဲ့ကို လာ ပူးပေါင်း ကူညီပေးတာတွေလည်း ရှိပါတယ်” ဟု ဦးမျိုးဦးက ဆိုသည်။

လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ယက်အဖွဲ့သည် ကချင်ပြည်နယ် စစ်ဘေး ဒုက္ခသည်များအတွက် လွန်ခဲ့သောမေလ ၆ ရက်နေ့မှ ဇွန်လ ၆ ရက်နေ့ အထိ ရန်ကုန်၊ မန္တလေး၊ မတ္တရာနှင့် မေမြို့တို့တွင် ဖျော်ဖြေတင်ဆက်မှုများပြုလုပ်ကာ ရန်ပုံငွေ ရှာဖွေခဲ့သည်။
“ကချင်ပြည်နယ် စစ်ဘေး ဒုက္ခသည်တွေအတွက် တလအတွင်း အလှူကောက်ခံရရှိငွေ သိန်း ၁၇၀ ကျော် ရပါတယ်။ အလှူငွေတွေကို လူမှုကယ်ဆယ်ရေး အဖွဲ့တွေက တဆင့် လှူဒါန်းမှုတွေ လုပ်နေပါတယ်” ဟု ဦးမျိုးဦး က ဆိုသည်။

ပန်းရဲ့လမ်း ကွန်ယက်အဖွဲ့သည်  ငြိမ်းချမ်းရေးနှင့် ပြည်တွင်းစစ် ရပ်စဲရေး၊ စစ်ဘေးသင့် သူများအား ကူညီပေးရေး အတွက် လူမှုကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ရာတွင် “ပြည်သူကို ပြည်သူက ကာကွယ်စောင့်ရှောက်ခြင်း” ဟူသော ဆောင်ပုဒ်ဖြင့် လုပ်ဆောင်လျက် ရှိသည်ဟုဆိုသည်။

ကောက်ခံရရှိသော အလှူငွေများထဲမှ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ အတွက်သာ မကဘဲ လွန်ခဲ့သော မေလ အတွင်း ရန်ကုန်တိုင်း ခရမ်းမြို့နယ်ရှိ အောင်ဆန်းပျိုးခင်း အမည်ရှိ အခမဲ့ ပညာသင်ကြားရေး မူလတန်းကျောင်း အတွက် အလှူငွေ ၆ သိန်းကျပ် မတည် လှူဒါန်းခဲ့သည်ဟု သိရသည်။

ရန်ကုန်လွှတ်တော်တွင်း မွန်ကိုယ်စားလှယ်ရရေး စတင်ကြိုးပမ်း
ကွန်းချမ်း | တနင်္လာနေ့၊ ဇွန်လ ၁၈ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၄၅ မိနစ်

စံခလပူရီ (မဇ္ဈိမ) ။        ။ ရန်ကုန်တိုင်းအတွင်း နေထိုင်ကြသည့် မွန်လူမျိုးများ၏ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်ရှိ မှားယွင်းသည့် အချက်အလက်များကို ပြန်လည်ပြင်ဆင်ပေးရန် လူဝင်မှု ကြီးကြပ်ရေးဌာနသို့ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီက တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းတွင် မွန်တိုင်းရင်းသား တသိန်းခန့် နေထိုင်လျက်ရှိသည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMRP က ခန့်မှန်းထားသော်လည်း ရန်ကုန်တိုင်း လဝက စာရင်းအရ နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း၏ (ဝ.၁) ရာခိုင်နှုန်းဖြစ်သည့် ၅၇,ဝဝဝ ဦး မပြည့်မီသည့်အတွက် ၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသား လူမျိုးရေးရာ ကိုယ်စားလှယ် တင်သွင်းခွင့် မရရှိခဲ့ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုး က ပြောသည်။

“ရန်ကုန်တိုင်းမှာ မွန်တိုင်းရင်းသားတွေ ဒီလောက်များတာတောင် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် မရဘူး။ ဒါကို မပြင်နိုင်ရင် ရန်ကုန်မြို့ကနေ မွန်ကုန်မြို့ ဖြစ်သွားမယ်” ဟု မဇ္ဈိမကို ပြောသည်။

မွန်လူမျိုး ဖြစ်သော်လည်း အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များတွင် ဗမာ ဗုဒ္ဓဘာသာဟု ဖော်ပြခံထားရသည့်အတွက် AMRP ၏ တိုက်တွန်းချက်ဖြင့် ရန်ကုန် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ လက်အောက်ရှိ မွန်သာရေး နာရေး ကူညီမှုအသင်းက ပြင်ဆင်ရန် စီစဉ်ခြင်း ဖြစ်သည်။

ဇွန်လ ၂၃ ရက်နေ့တွင် ကျင်းပမည့် အသင်း၏ နှစ်ပတ်လည် အစည်းအဝေးတွင် အိမ်ထောင်စု စာရင်းနှင့် မှတ်ပုံတင် မှားယွင်း ဖော်ပြခံရသည့် မွန်တိုင်းရင်းများ စာရင်းကို စတင်ကောက်ယူသွားမည် ဖြစ်သည်ဟု ဆိုသည်။

“အဲဒီအစည်းအဝေးမှာ မွန်တွေ အားလုံးသိအောင် ပြောမယ်။ စာရင်းတွေ ရရင်တော့ ဒါဟာ ကျနော်တို့ ရှေ့ဆက်လုပ်ဖို့ အခြေခံတော့ ဖြစ်သွားမယ်။ ၂၀၁၄ မကုန်ခင် အပြီး လုပ်နိုင်လိမ့်မယ်” ဟု မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌနိုင်မင်းသောင်းသျှင်က ပြောသည်။

စာရင်းများ ကောက်ယူပြီးပါက အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များကို ပူးတွဲကာ လူဝင်မှု ကြီးကြပ်ရေးဌာနသို့ပြင်ဆင်ပေးရန်အတွက် တင်ပြသွားမည် ဖြစ်သည်။

“ပြင်တာက သူတို့ ပြင်ပေးတာ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်က လျှောက်လွှာတွေ တင်ပြီး အသိပေးရမယ်။ ဘယ်မှတ်ပုံတင်နံပါတ်၊ ဘယ်ရပ်ကွက်၊ ဘယ်ရွာ၊ အိမ်နံပါတ် ဘယ်လောက်။ နောက်တော့ အိမ်ထောင်စုစာရင်း အဲဒါတွေကိုပါ တွဲပြီး တင်ပြရမယ်” ဟု ဒေါက်တာဗညားအောင်မိုး က ပြောသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်တွင် မွန်တိုင်းရင်းသား လူမျိုးရေးရာ ကိုယ်စားလှယ်များ ရရှိရန် AMRP က ရည်ရွယ်ခဲ့သော်လည်း ကရင်ပြည်နယ်တခုတွင်သာ တင်သွင်းခွင့် ရရှိခဲ့သည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လူမျိုးအမည် လွဲမှားနေသည့် မှတ်ပုံတင်များအား အမည်မှန်ပြန်လည်ပြင်ဆင်ပေးရန် ရှိ/မရှိ ရှမ်းအမျိုးသား လွှတ်တော် ကိုယ်စားလှယ်တဦး၏ မေးမြန်းချက်ကို သက်ဆိုင်ရာ တာဝန်ရှိသူက ပြန်လည် ပြင်ဆင်ပေးမည်ဟု ဖြေကြားခဲ့သည်။

ရန်ကုန်မြို့တွင် နေထိုင်သည့် မွန်ပြည်နယ် မုဒုံမြို့သူ မိမိုရ်ချမ်း ကလည်း “ကျမ သူငယ်ချင်းတွေရဲ့ မှတ်ပုံတင်မှာ ဗမာ ဗုဒ္ဓလို့ တွေ့ရတာ အများကြီးပဲ။ သူတို့က မွန်လို့ ထည့်ခိုင်းတယ်။ လဝက က အတူတူပဲ ဆိုပြီး ဗမာလို့ ထည့်လိုက်တာ” ဟု ပြောသည်။

သူမ၏ အဆိုအရ ဗဟန်း၊ မင်္ဂလာတောင်ညွန့်၊ သာကေတနှင့် တာမွေ စသည့် မြို့နယ်များတွင် မွန်လူမျိုး အများအပြားနေထိုင်ကြသည်။

မြန်မာနိုင်ငံအောက်ပိုင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် မွန်တိုင်းရင်းသား ၃ သန်းခန့် နေထိုင်လျက် ရှိသည်။

ကားဟောင်းအပ်နှံ ကားတင်သွင်းသူများအား အခွန်လျှော့ပေါ့လိုက်
အောင်ဝင်း | တနင်္ဂနွေနေ့၊ ဇွန်လ ၁၇ ရက် ၂၀၁၂ ခုနှစ် ၁၀ နာရီ ၅၅ မိနစ်

ရန်ကုန် (မဇ္ဈိမ)။     ။ ကားဟောင်းအပ်နှံကာ ကားတင်သွင်းမည့် သူများနှင့် အငှားယာဉ် Taxi အဖြစ် တင်သွင်းမည့် ယာဉ်များအတွက် အခွန်နှုန်းထားများကို လျှော့ပေါ့ပေးမည့် အစီအစဉ်ကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန)မှ နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနကတဆင့် ဇွန်လ ၁၅ ရက်နေ့ညက ကြေညာသွားသည်။

ကညန တွင် မှတ်ပုံတင် သတ်တမ်း နှစ် ၂ဝ နှင့်အထက် ယာဉ်များကို အပ်နှံကာ ကားသစ်တင်သွင်းခွင့် ပေးမည့် အစီအစဉ်သစ်ကို လွန်ခဲ့သော မေလက ကြေညာထားခဲ့ရာ ယခုအခါတွင် “ဗ” အက္ခရာမှ စ၍ အနှစ် ၂ဝ ကျော် ယာဉ်ဟောင်များကို ကောင်း/ညံ့ မခွဲခြားတော့ဘဲ အခွန် ၆ဝ ရာခိုင်နှုန်း လျှော့ချကောက်ခံမည် ဖြစ်သည်။

ဌာနဆိုင်ရာများမှ အသုံးပြုပြီးသော ကားများကို ပုဂ္ဂလိကသို့ လေလံစနစ်ဖြင့် ရောင်းချထားသော အက္ခရာမြင့် လေလံ ယာဉ်များအား ပိုင်ရှင်ဆန္ဒအရ ဖျက်သိမ်း၍ အစားထိုး တင်သွင်းလိုလျှင် ကောင်း/ညံ မခွဲခြားဘဲ ၆ဝ ရာခိုင်နှုန်းလျှော့ချ၍ အခွန်ကောက်မည် ဟုလည်း ဆိုသည်။

ကားဟောင်း တက္ကစီယာဉ်ပိုင်ရှင်များအားလည်း တက္ကစီယာဉ်များအား ကိုယ်ပိုင်ယာဉ်အဖြစ် ပြောင်းလဲခွင့် မပြုဟုသော ကန့်သတ်ချက်ဖြင့် ၈ဝ ရာခိုင်နှုန်း အခွန် လျှော့ချ ကောက်ခံပါမည် ဖြစ်သည်ဟု ဖော်ပြပါရှိသည်။

ပြည်နယ်/တိုင်း အစိုးရအဖွဲ့၏ ထောက်ခံမှုဖြင့် တက္ကစီအဖြစ် အသုံးပြုရန် တင်သွင်းသော တက္ကစီယာဉ်များအား နယ်မြေ မပြောင်းရ ကိုယ်ပိုင်ယာဉ် အဖြစ် ပြောင်းလဲခွင့် မပြုဟုသော ကန့်သတ်ချက်များဖြင့် ၅ဝ ရာခိုင်နှုန်း လျှော့ချကောက်ခံပါမည် ဟုလည်း ဆိုသည်။

ရန်ကုန်တိုင်းအစိုးရ ခွင့်ပြုချက်ဖြင့် တက္ကစီ ယာဉ်များ တင်သွင်းခွင့် ပြုထားသည့် မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက် အပါအဝင် ကုမ္ပဏီပေါင်း ၁၁ ခုရှိကြောင်း ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက မေလ နောက်ဆုံးပတ်က ထုတ်ပြန်ထားခဲ့သည်။

ဇွန်လ ၁၅ ရက်နေ့ နေ့စွဲဖြင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်း ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ တက္ကစီအဖြစ် အသုံးပြုရန် တင်သွင်းသော ယာဉ်များအား ကိုယ်ပိုင်ယာဉ်အဖြစ်ပြောင်းလဲခြင်း၊ ရောင်းချ၍ အမည် ပြောင်းလဲခြင်း မပြုရဟုသော ကန့်သတ်ချက်ဖြင့် ၅ဝ ရာခိုင်နှုန်း လျှော့ချကောက်ခံမည်ဟု ဆိုသည်။

ကားဟောင်းအပ်နှံ ကားသစ်တင်သွင်းသည့် မူလအစီအစဉ်အရ အပ်နှံရမည့် “ပ” အက္ခရာအထိ ကားများကိုလည်း ကားကောင်း/ညံ့ မခွဲခြားတော့ဘဲ မူလက ၁ဝဝ ရာခိုင်နှုန်း အခွန် သတ်မှတ်ထားရာမှ ၄ဝ ရာခိုင်နှုန်း အခွန်လျှော့ချကောက်ခံမည် ဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မှုလက ကားဟောင်းအပ်နှံသည့် အစီအစဉ်အရ အပ်နှံမည့် ကားများကို ကားဟောင်း ကားသစ် ခွဲခြားကာ ကညန အခွန် ၁ဝ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်းအထိသာ လျှော့ချပေးခဲ့ပြီး ၁၉၉၆ ခုနှစ်မော်ဒယ်မှ ၂ဝဝ၆ ခုနှစ် မော်ဒယ်အထိ တပတ်ရစ်ကားများကို တင်သွင်းခွင့် ပြုခဲ့သည်။

စက်တင်္ဘာလမှ စတင်ကာ လုပ်ဆောင်လျက်ရှိသော ကားဟောင်းအပ်နှံ ကားသစ်တင်သွင်းခွင့် အစီအစဉ်အရ ကားဟောင်းအပ်နှံမှုများကို ကညန က မူလက ကြေညာထားသည့် အတိုင်း ”ပ” အက္ခရာအထိ ယာဉ်ဟောင်းများကို လက်ခံသည့် အစီအစဉ်ကို ဆောင်ရွက်ပေးလျက်ရှိရာ မေလမှ စတင်ကာ နိုင်ငံသားတိုင်း နိုင်ငံခြားငွေ ဘဏ်စာရင်း ဖွင့်လှစ်ကာ ၂ဝဝ၇ ခုနှစ်မော်ဒယ်နှင့်အထက် ယာဉ်များကို တင်သွင်းခွင့် ပြုခဲ့ရာ ကားဟောင်းအပ်နှံမည့် သူများ မရှိသလောက် နည်းပါးသွားခဲ့သည်။

အဆိုပါ အခွန် အရပ်ရပ် ကောက်ခံရရှိငွေများကို ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ ယာဉ်ကြော ပိတ်ဆို့မှု လျော့နည်းစေရေးအတွက် တည်ဆောက်မည့် ခုံးကျော်တံတားများ တည်ဆောက်ရာတွင် ကျခံသုံးစွဲသွားမည် ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ကြေညာချက်တွင် ကိုယ်ပိုင် ယာဉ်မောင်းလိုင်စင်နှင့် စပယ်ယာ လက်မှတ်များကို သုံးနှစ်မှ ငါးနှစ်သို့ တိုးမြှင့်ပေးပါမည်။ အငှားယာဉ်မောင်း လိုင်စင်များကို သုံးနှစ်သို့ ထားရှိမည် ဟုလည်း ဆိုသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...