Thursday, February 2, 2012
ဒီမိုကရေစီ အထွေထြွေပုပြင်ပြောင်းလဲရေး သဘောတရား (The Political Ideology of Democratic General Reformation)
by Mahathuriya Yks on Wednesday, November 23, 2011 at 3:56am
နိဒါန်း
မြန်မာနိုင်ငံ၏အနာဂတ်အတွက် အထွေထြွေပုပြင်ပြောင်းလဲရေး သဘောတရား (The Political Ideology of Democratic General Reformation) သည်သာလျှင် တိုင်းပြည်အတွက် လက်တွေ့ အလုပ်လုပ်၍် အဖြစ်နိုင်ဆုံးသော နိုင်ငံရေးလမ်းညွှန်သဘောတရား ဖြစ်သည် ။
သို့ ရာ တွင် ဤ အထွေထြွေပုပြင်ပြောင်းလဲရေး သဘောတရား (The Political Ideology of Democratic General Reformation) ကို အာဏာရှိ  ၊ အာဏာမဲ့ ၊ လက်နက်ရှိ ၊ လက်နက်မဲ့ ၊ အပြန်အလှန် တရားမျှတ စွာ သဘောပေါက်နားလည်လက်ခံကြမှ သာ ၊ လက်တွေ့ အကောင်အထည် ဖေါ်ဆောင်၍ ရနိုင်လိမ့်မည်။
အုပ်ချုပ်ရေး ၊ တရားစီရင်ရေး နှင့် တကွ ၊ အစိုးရ ယန္တရား ကြီး တခုလုံး ကို ပြုပြင် ပြောင်းလဲရန် လိုသည်။ နှစ်အတန်ကြာ တမိန့် တအာဏာ နှင့် ဥပဒေပြု ခဲ့ရခြင်း ကို လူထု ကိုယ်စားပြု စနစ်ဖြင့် အစားထိုးရမည်။ယခု အသွင်ကူးပြောင်းရေး ၏ ပဏာမ ခြေလှမ်း ကိုအလွန်တရာ နှေးကွေးစွာ စတင်နေပေသည်။
အစိုးရ ယန္တရား ကြီး မှ အုပ်ချုပ်ရေး ၊ တရားစီရင်ရေး အပြင် ၊ ကုန်စည်ကူးသန်းရောင်းဝယ် ရေး ၊ အခွန်ကောက်စနစ် နှင့် နှုန်းထားသတ်မှတ်မှု ၊ သယ်ယူပို့ ဆောင်ရေး နှင့် စက်မှု ကုန်ထုတ်လုပ်မှု ၊ လယ်ယာစိုက်ပျိုးရေး နှင့် သားငါး ဓါတ်သတ္တု ဆည်မြောင်း လျှပ်စစ် စသည် တို့ ပါ မကျန် အထွေထွေအ၀၀ ကို ပြုပြင် ပြောင်းလဲရေး ဖြစ်သည် ။
အဘယ့်ကြောင့်နည်း ….. ?
လွတ်လပ်ရေးရသည်မှ ယနေ့ ထိ ၊ ငြိမ်းချမ်း ညီညွတ် စွာ တိုင်းပြည် ထူထောင်ရသောကာလ ဟူ၍ မရှိ။
နိဂုံးမချုပ်နိုင်သေးသော ပြည်တွင်းစစ် နှင့် ၊  တပ်ဖက် နှင့် အရပ်ဖက် စိတ်ဝမ်းကွဲနေမှု ပဋိပက္ခ ကြီး လက်ငင်းတည်ရှိနေခြင်း။
ကိုလိုနီခေတ် ဥပဒေ များ နှင့် တပါတီဆိုရှယ်လစ်ခေတ် ဥပဒေ များ သည် နောက်ပိုင်း စစ်တပ်အာဏာရှင် စနစ်၏ အမိန့် ဥပဒေ များ နှင့် ပါ ကာလရှည်ကြာစွာ ရောပြွမ်း နေ ခြင်း ။
စသည် တို့ ကြောင့်  ဖြစ် သည်။
တိုင်းပြည်ကို စက်မှုကုန်ထုတ် စံနစ် သို့ အသွင်ကူးပြောင်းရာတွင် ၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုနှင့်
လွတ်လပ်သော စီးပွားရေးစံနစ် ကို လက်ဝါးကြီးအုပ်မှု မဲ့ စွာ ၊ ဥပဒေ က အာမခံ ချက်ပြု ရေး ။
မြေယာပိုင်ဆိုင်ခွင့် ၊ အခြေချ စိုက်ပျိုး မွေးမြူခွင့် တို့ ကိုအကန့်အသတ်ဖြင့်“လုပ်သူသာပိုင်ခွင့်ရှိ“စံနစ်ဖြင့်
ဆောင်ရွက်ရေး ။
ဤ သည် ကို ဒီမိုကရေစီ အထွေထြွေပုပြင်ပြောင်းလဲရေး သဘောတရား (The Political Ideology of Democratic General Reformation) ဟု ခေါ်တွင် ပေ သည် ။
အသေးစိပ် အားဖြင့် ဆိုရသော် ၊ ပညာရေး ၊ ကျန်းမာရေး ၊ ဘဏ္ဌာရေး မူဝါဒ နှင့် ငွေကြေးစနစ် ၊ တိုင်းပြည်လုံခြုံရေး နှင့် စစ်မှုရေးရာ ၊ အရပ်ဖက်အုပ်ချုပ်ရေး ဆိုင်ရာများ ၊ နိုင်ငံခြားရေးဝါဒ နှင့် နိုင်ငံတကာဆက်ဆံရေး ၊ ယဉ်ကျေးမှု နှင့် လူမှု လုံခြုံရေးရာများ ၊ အဆင့်မြင့် နည်းပညာ အပြင်  ဗုဒ္ဓသာသနာတော်ရေး နှင့် အခြားဘာသာရေးရာ များ စသည်တို့ ပါဝင်သည် ။
အခြေခံ မူဝါဒ မှာ ၊ ”မြေယာလူ့ အဖွဲ့ အစည်း ကို စက်မှုကုန်ထုတ် အရင်းရှင်ဒီမိုကရေစီ လူ့အဖွဲ့ အစည်း
အဖြစ်သို့  အထွေထြွေပုပြင်ပြောင်းလဲရေး သဘောတရား (the political ideology of General
Reformation) ဖြင့် ၊ အသွင်ကူးပြောင်းရေး မူဝါဒ ဖြစ်၏ ။
ရဲကျော်စွာ
၁၃၇၂ ခုနှစ် ပြာသိုလဆန်း (၈) ရက် ၊ ဗုဒ္ဓဟူးနေ့ 
ရန်ကုန်မြို့ ၊ မြန်မာပြည် ။
Wednesday, January 12, 2011 (5:30:50 PM)
Friday, March 25, 2011
၁။ (ပါတီ တည်ရှိရေး လိုအပ်ချက်)
မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ အရ ၊ နိုင်ငံရေးပါတီ များဖွဲ့ ခွင့်ရလာခဲ့ပါသည်။
သို့ သော် ၁၉၉၀ ရွေးကောက်ပွဲရလာဒ် တရားသေဆုပ်ကိုင်သူများ နှင့် တိုင်းပြည်ကို တော်လှန်ပြောင်းလဲ လိုသူများက ၊ နိုင်ငံရေးပါတီ များ ကို ပြင်းထန်စွာ ဆန့် ကျင်ကြပါသည်။
တပ်မတော် ဘက်မှလည်း ၊ နိုင်ငံရေးပါတီ များ ကို တရားမျှတ ၊ လွတ်လပ်စွာ ၊ နိုင်ငံရေး ဆောင်ရွက်ခွင့် မပေးသေးပါ။ နအဖ က အစိုးရအသစ် အား အာဏာတရားဝင် လွှဲ ပြောင်းပေးပြီး သည့်တိုင် ၊ နိုင်ငံရေးပါတီ များ ၏ တရားမျှတ စွာ လွတ်လပ်သော ဥပဒေဘောင်တွင်းလုပ်ပိုင်ခွင့် ဆိုင်ရာ ကံကြ မ္မာ မှာ မှန်းဆရခက်ခဲသေးဆဲ ရှိနေပါသေးသည်။
တပ်မတော် သည် ၎င်း ၊ နိုင်ငံရေးပါတီ များ သည်၎င်း ၊ လွတ်လပ်ရေးရပြီးသည်မှ စ၍ ၊ ယနေ့ တိုင် အမျိုးသားညီညွတ်ရေး ကင်းမဲ့လျက် ၊ ပြည်တွင်းစစ် နှင့် ဗဟို မှ ချုပ်ကိုင် သည့် နိုင်ငံရေး စီးပွားရေး စံနစ် တို့  ကိုအမြစ်မဖြတ် နိုင်သေးသောကြောင့် ၎င်း ၊ ၁၉၈၈ လူထုအုံကြွမှု၏ အကျိုးဆက် နှစ်ပေါင်း ၂၀ ကျော် နိုင်ငံရေး အဟောသိကံ ဖြစ်ခဲ့ရမှု ကြောင့် ၎င်း ၊ တိုင်းပြည် ကိုကောင်းစွာ ထူထောင် ခဲ့ရခြင်းအလျဉ်း မရှိခဲ့ပါ။
ထို့ ကြောင့် ဥပဒေ နှင့် အညီ နိုင်ငံရေးပါတီ များ တည်ရှိရေး မှာ တိုင်းပြည်ထူထောင်ရေး တွင် အခြေခံကျသော လိုအပ်ချက်တရပ် ဟု ဆိုပါက မမှားပေ။
၂။ (စစ်ဖက်-အရပ်ဖက် မခွဲခြားပဲ တိုင်းပြည် ထူထောင်ရေး)
တိုင်းပြည်၏ လက်ရှိအခြေအနေမှာ -စစ်ဖက်-အရပ်ဖက် မခွဲခြားပဲ ၊ အတိတ် နိုင်ငံရေး ဝေဒနာ များကို သင်ခန်းစာယူ ၊ သင်ပုန်းချေ ၊ သင်ကြားနာယူ ၍ ၊ မျက်မှောက်တိုင်းပြည်၏ နိုင်ငံရေး စီးပွားရေး အထွေထွေ ပြဿနာများကို ၊ အနာဂတ်အကျိုးစီးပွားအလို့ ငှာ ပူးပေါင်းအဖြေရှာဖြေရှင်း သွားရေးပင်ဖြစ်ပါသည်။
တပ်မတော် နှင့် နိုင်ငံရေးပါတီ များ အပြန်အလှန်အသိအမှတ်ပြု ၍ အနာဂတ် တိုင်းပြည် အကျိုးစီးပွား အတွက် ရိုးသားတည်ကြည်စွာ လုံ့ လဥဿဟပြုသွားကြရေး ပင် ဖြစ်ပါသည်။
တိုင်းရေးပြည်ရေး ဆို သည် တဦးကောင်းတယောက်ကောင်း တဖွဲ့ ကောင်းတသင်းကောင်း ဆောင် ၍ ရစကောင်း ဟုမမှတ်ယူအပ်ပေ။
အမျိုးသားညီညွတ်ရေး ဟူသည် စစ်ဖက် အရပ်ဖက် သာမက ၊ လူမျိုးရေး နှင့် ယုံကြည်ကိုးကွယ်မှု  တို့တွင်ပါ မခွဲခြားရေး မူ ကို အခြေပြု၏။ လူသားဝါဒကိုတန်ဖိုးထားခြင်းသည် ကံ ကံ၏အကြောင်းအကျိုး၊ လူမှုစီးပွားပြဌာန်းချက် ၏ အကဲဖြတ် ခံ လူတန်းစား ကွဲပြားခြားနားမှု ကို ပါ ၊အတွေးအခေါ် အယူအဆ အရ အလိုအလျှောက် တွန်းလှန်ဖယ်ရှားပြီးဖြစ်၏။ လောကီ နှင့် လောကုတ္တရာ ကို ပိုင်းခြားအပ်၏။
အမျိုးသားညီညွတ်ရေး ကို အခြေခံ သော တိုင်းပြည်ထူထောင်ရေး ရည်မှန်းချက် မှာ ဤ ပြုပြင်ပြောင်းလဲရေး လမ်းစဉ် ၏ အဓိက အနှစ်သာရပင် ဖြစ်၏။
၃။ (တပ်အပေါ်သဘောထား ၊ လူထုအပေါ်သဘောထား )
ယခုအခါ (၁) တိုင်းပြည်ကို တော်လှန်ပြောင်းလဲ လို သူများနှင့် (၂) ပြုပြင် ထူထောင် ပြောင်းလဲလို သူများ ဟူ၍ အခြေခံ အရ လမ်းစဉ် နှစ် မျိုး နှစ် စား ကွဲပြားလျက်ရှိနေပါသည်။
တော်လှန်လိုသူများ က လက်ရှိ အစိုးရ ကို လူထုအုံကြွသောနည်းဖြင့်  ဖြုတ်ချ ၍ အစိုးရအသစ် ဖွဲ့  လိုကြ သည်။
ပြုပြင်ရေး လိုလား သူများ က လက်ရှိ အစိုးရ ကို အသိအမှတ်ပြု ဆက်ဆံ ၍ ၊ တိုင်းပြည် ၏ စံနစ် နှင့် မူဝါဒ များ ကို မှန်ကန်စွာ ပူးပေါင်းဆောင်ရွက် သော နည်းလမ်း ဖြင့်တိုင်းပြည် ကို  ပြုပြင် ထူထောင် ပြောင်းလဲလို ကြသည်။
ဤ တွင်  လက်ရှိ အစိုးရ ဆို သည် တပ်မတော် ပင်ဖြစ်၍ ၊ လာမည့်အစိုးရ ဆိုလျှင် လည်း တပ်မတော် က နောက်ခံပြုထားသော အစိုးရ သာလျှင်ဖြစ်သော ကြောင့် ၊ တပ် အပေါ် သဘောထား ဟု တနည်းအားဖြင့် ဆိုရသော် မမှားပေ။
ပြုပြင်ပြောင်းလဲရေး လမ်းစဉ် ၏ စိတ်ဓါတ်ပိုင်း အနှစ်သာရ မှာ အစိုးရ သည် လူထုကို အလုပ်အကျွေးပြုရေးဖြစ်၏။
ပြုပြင်ပြောင်းလဲရေး လမ်းစဉ် သည် မြန်မာ့လူ့ အဖွဲ့ အစည်း ကို အတွေးအခေါ် နှင့် အယူအဆ ရေး အရ အသွင်ကူးပြောင်းသွားစေရန် ဖြစ်၏။ ခေတ်နောက်ပြန်ဆွဲ ရေး မဟုတ် ၊ ခေတ်ရှေ့ သို့ ဦးဆောင်ရေး ဖြစ်၏။
၎။ (ပကတိ အထွေထွေ အခြေအနေ နှင့် မဟာဗျုဟာ လမ်းစဉ် )
သို့ သော် လူထု သည် ၎င်း ၊ လူတန်းစား အသီးသီး သည်၎င်း ၊ တပြည်လုံးအတိုင်းအတာအရ ၊ စားဝတ်နေရေး လူမှု ဘ၀၌ နေ့ စဉ် နစ်မွန်းလျက်ရှိကာ ၊ နိုင်ငံရေး ဆိုသည် နှင့် တနေ့ တခြား ကင်းကွာလျက်သာရှိလာနေခဲ့ပါသည်။
တော်လှန် လို သူများ ကလည်း လူထုအုံ ကြွ ရန် ကိုသာ နှိုး ဆွပေး လျက်၊ လူ့ အဖွဲ့ အစည်း ၏ ပကတိ သရုပ်မှန်ဘ၀ နှင့် ကင်းကွာစွာ သာ ၊ လူထု နောက်မြီးဆွဲ လျက် စည်းစံနစ်မရှိ အာဏာဖီဆန်ရေး ပုံစံဟောင်းထဲ သို့  တိုင်းပြည်ကို သွတ်သွင်းရန်ကြံယုံမှတပါး အခြားမလုပ်တတ်ကြပါ။
က မ္ဘာ့ နိုင်ငံကြီးများ ၏ မူဝါဒ များ ၊ လမ်းစဉ်များ ကို လည်း မှန်မှန်ကန်ကန် ဆန်းစစ် သုံးသပ်နိုင်စွမ်း အလျဥိးမရှိပါ။ တိုင်းကြီးပြည်ကြီး တို့  ၏ နိုင်ငံခြားရေး ၀ါဒများ ၊ ဒေသဆိုင်ရာ လုံခြုံရေး မူဝါဒများ ၊ ကုန်သွယ်ရေး မူဝါဒများ စသည်တီု့  ကို အပြန်အလှန် နှိုင်းယှဉ် သုံးသပ်မှု များလည်း မရှိကြပါ။
ပုဂ္ဂိုလ်စွဲ ၊ ဂိုဏ်းစွဲ ၊ ဆန္ဒစွဲ ၊သမိုင်းအမြင်လွဲ များ ဖြင့် သာ ၊ ဆဲရေးပုတ်ခတ်ရန်ထောင် လျက်အချိန်ဖြုန်းလာခဲ့ကြပါသည်။မိမိကိုယ်မိမိ ပင် ကောင်းစွာ ခိုင် စွာ အယူအဆရေး ၌ မျှပင် တည်ဆောက် ယူထားနိုင်စွမ်းအားမရှိခဲ့ကြပါ။
စည်းစံနစ်ရှိသော တော်လှန်ရေးမျိုး လည်း မဟုတ် ၊ တယောက်တပေါက် တစုတမျိုး ပြောချင်ရာပြော လုပ်ချင်ရာလုပ် နှင့် ၊ အစိုးရမှန်သမျှဆန့် ကျင်ရေး သည် မင်းမဲ့ဝါဒ သာဖြစ်ကြောင်း ရှင်းလှပါသည်။
တပ်မတော် အစိုးရ ကို စဉ်းလုံးချောကောင်းသည်ဟုမဆိုလိုပါ။ အမျိုးသားညီညွတ်ရေးမရှိ ၊ တိုင်းပြည်ထူထောင်ရေး တန့် ရပ်နေ ပြီး ၊ ပြည်တွင်းစစ် လုံးဝနိဂုံးမချုပ် သေးသည့် တိုင်းပြည် မျိုးမှာ ၊ အမှားတိုင်းအတွက် အားလုံးမှာ ကိုယ်စီကိုယ်ငှ တာဝန်ရှိကြကြောင်း ခံယူအပ်ပါသည်။
အယူအဆ အမှား ၊ လမ်းစဉ် အမှား ၊ လုပ်ရပ်အမှား မှအစ ၀ါဒသဘောတရားအမှားအထိ ကိုယ်ပိုင်သဘောပေါက်မှု ဖြင့် တာဝန်ယူရဲကြဘို့ ဦးစွာလိုအပ်ပါသည်။
တယောက်ကိုတယောက် လွှဲချ ပြစ်တင် ရန်ထောင်နေကြရုံ ဖြင့် အမျိုးသားညီညွတ်ရေးမရနိုင်ပါ။
အမျိုးသားအကျိုးစီးပွား  (National Interest ) ဆိုသည့်စကားရပ် ကို နိုင်ငံကြီးများက ဘာအတွက်ချမှတ်ကျင့်သုံးကြသည်ကို ၊ နားလည်အောင်လည်းသင်ယူကြဘို့ လိုပါသည်။
ယခုအခါ လူထု ကတွေဝေ နေပါသည်။ တော်လှန်ရမည်လော မျောလိုက်ရမည်လော ဘာလုပ်ရမှန်းသေချာမသိပါ။ ဘယ်နိုင်ငံရေးပါတီ ကိုမှ လည်းအားမကိုးတော့ပါ။လူထုကို ဦးဆောင်မည့် ပါတီမရှိပါ။
လူလတ်တန်းစားကြံ့ခိုင်မှု မရှိသေးသည့် မြေရှင်လူ့ အဖွဲ့ အစည်းမျိုးမှာ လူတန်းစားတရပ်ရပ်ကို ကိုယ်စားပြုမည့်  နိုင်ငံရေးဦးဆောင်ပါတီ မျိုးမရှိနိုင် သဖြင့် ၊ တော်လှန်ပြောင်းလဲရေး လမ်းစဉ်မှာ  မအောင်မြင်နိုင်ပါ။ လူတန်းစားအာဏာ ကို ရယူနိုင်စွမ်းကင်းလျက်ပေါ်ထလာရမည့် တော်လှန်ရေးသန္ဒေ သားမှာ မဖွားမှီ ကပင် လျှောပျက်လျက်ရှိသည်ဟုပြတ်သားစွာဆိုရပါချိမ့် မည်။
သို့ ကြောင့် ပင်လျှင်၊ မြန်မာ့လူ့ အဖွဲ့ အစည်းအတွက် အသင့်တော်ဆုံး ၊ အလိုအပ်ဆုံး နှင့် မလုပ်မဖြစ်လုပ်ကိုလုပ်ရမည့်  တိုင်းပြည်ထူထောင်ရေးလမ်းစဉ်မှာ ပြုပြင်ပြောင်းလဲရေးလမ်းစဉ် သာဖြစ်ကြောင်းဆိုရပါမည်။
၅။ (သေနင်္ဂဗျုဟာ နည်းပညာ)
၅.၁။ (လူထု ကို ဦးဆောင်ပါ ၊ ပကတိအရှိ တရား ကို လက်သင့်ခံ ပါ)
အဘယ့်ကြောင့် တိုင်းပြည်ထူထောင်ရေးလမ်းစဉ်မှာ ပြုပြင်ပြောင်းလဲရေးလမ်းစဉ် သာဖြစ်၏ ဟု ဆိုပြီးသည့်နောက် ၊ အဘယ်သို့  ပြုပြင်ပြောင်းလဲရေးလုပ်မည် ဆိုသည်ကိုဆက်ရအံ့။
မဟာဗျုဟာ လမ်းစဉ် ပြီးလျှင် နည်းဗျုဟာ လမ်းစဉ် များ လိုက်ပါလာစမြဲ ဖြစ်၏။
လတ်တလော အခြေအနေ ၌ တိုင်းပြည်၏ နိုင်ငံရေးအင်အား တွင် လက်နက်ရှိ လက်နက်မဲ့ ၊ အာဏာရှိ အာဏာမဲ့ ၊ နှစ်မျိုးနှစ်ပိုင်း ခြားနားစွာ ကွဲလျက်တည်ရှိ၏။
ဤတွင် တပ်မတော် သည် လက်နက်လည်းရှိ အာဏာလည်းရှိ ၏။
နိုင်ငံရေးပါတီ များမှာ လက်နက်လည်းမရှိ အာဏာလည်းမရှိ ပေ။
တိုင်းရင်းသား လက်နက်ကိုင် များမှာ လက်နက် နှင့် ဒေသအာဏာ အသင့်အတင့် ရှိ၏။
အထက် နိဒါန်း တွင် ဆိုခဲ့သည့် အတိုင်း ၊ ”ဤ အထွေထြွေပုပြင်ပြောင်းလဲရေး သဘောတရား (The Political Ideology of Democratic General Reformation) ကို အာဏာရှိ ၊ အာဏာမဲ့ ၊ လက်နက်ရှိ  လက်နက်မဲ့ ၊ အပြန်အလှန် တရားမျှတ စွာ သဘောပေါက်နားလည်လက်ခံကြမှ သာ ၊ လက်တွေ့ အကောင်အထည် ဖေါ်ဆောင်၍ ရနိုင်လိမ့်မည်။ ”
လက်တွေ့ နိုင်ငံရေး ဟူသည် ပကတိ အခြေအနေမှန် နှင့် ကင်းကွာလျက် မူဝါဒ လမ်းစဉ်ချမှတ် ခါ လုပ်ဆောင် ၍ ရရိုးထုံးတမ်းစဉ်လာ မရှိပါချေ။ ပကတိအရှိ တရား ကို ၊ သမိုင်းပေးသင်ခန်းစာ၊ ဘ၀ပေးအသိ နှင့် သင်အံရယူချက်များ နှင့် တကွ နိုင်ငံရေးအခြေခံသဘောတရား ပါ ပေါင်းစပ်လျက်လက်တွေ့ ကျကျ ခံယူကျင့်သုံး နိုင်ကြရပေလိမ့်မည်။
လူထု ကို ဦးဆောင်ကြရမည်။ လူထု အကြိုက် နောက်မြီးဆွဲ မလုပ်ရ။
တိုင်းပြည် ကို ထူထောင်ကြ ။ မဖျက်ဆီးကြ နှင့်။
၅.၂။ (နည်းဗျုဟာ နှင့် ကာယကံရှင်များ)
ပြန်ကောက်ရလျှင် ….
(၁)ပြည်တွင်းစစ်လုံးဝနိဂုံးချုပ်၍အမျိုးသားညီညွတ်ရေးကိုတိုင်းခြားဩဇာကင်းလျက်ဆောက်တည်နိုင်ရမည်။ထို့ နောက်တိုင်းပြည်ထူထောင်ကြရမည်။
(၂)တပ်မတော် ၊ ရဲတပ်ဖွဲ့ အပါအ၀င် လက်နက်ကိုင်အဖွဲ့ အားလုံး နှင့်တကွ နိုင်ငံရေးပါတီ အဖွဲ့အစည်း မှန်သရွေ့ မှာ စင်စစ် ၊ လူထု၏အစိပ်အပိုင်းသာဖြစ်၏။ပြည်သူလူထုမှပေါက်ဖွားလာကြသည်သာဖြစ်၏။ ထို့ ကြောင့် အစိုးရအဖွဲ့ ၊ အစိုးရ၀န်ထမ်း၊ နိုင်ငံရေးရာ စီးပွားရေးရာ ဆောင်ရွက်သူမှန်လျှင် လူထုကို အလုပ်အကျွေးပြု ရန်အခြေခံစိတ်ဓါတ်ရှိရမည်။                  
(၃)အလွန်တရာ သိမ်မွေ့ နက်ရှိုင်း လှသည် ဟု ခံယူ နားလည် အပ်သော ကိစ္စကြီး (၂) ရပ် အဖြစ် (၁) ဗုဒ္ဓသာသနာတော်ရေး နှင့် အခြားဘာသာရေးရာ များ ကိစ္စ ၊ (၂)  နိုင်ငံခြား ဆက်ဆံရေးရာ ကိစ္စ တို့ ကို မူ ၊  အုပ်ချုပ်ရေးအမြင်သက်သက်ဖြင့် မဟုတ်မူပဲ ၊ သိပ်သည်းနက်နဲ စွာ ကျစ်ကျစ်လျစ်လျစ် ဖြင့် ၊ ရှေ့ရေးနောက်ရေးအမြှော်အမြင်ကြီးကြီးထားလျက်၊ဆင်ခြင်နှလုံးသွင်းဆောင်ကျဉ်းအပ်ပေသည်။
ထို့ ကြောင့် တပ်မတော် သည် ၎င်း ၊ နိုင်ငံရေး ပါတီ များသည် ၎င်း ၊ နိဂုံးမချုပ် နိုင်သေးသော ပြည်တွင်းစစ် ၏ အကျိုးဆက် ဖြစ်သည့် လက်နက်ကိုင်အဖွဲ့ များသည်၎င်း ၊ ဤ ပြုပြင်ပြောင်းလဲရေး မဟာဗျုဟာ လမ်းစဉ် ၏ နည်းဗျုဟာ လမ်းစဉ် တွင် ပါကိုပါဝင်ကြရမည့် ကာယကံရှင်များပင်ဖြစ်ပေ၏။
၅.၃။( အမျိုးသားအကျိုးစီးပွား)
နားလည်အောင်လည်းသင်အံသင့်သည့် အမျိုးသားအကျိုးစီးပွား (National Interest ) ကို၊ သက်စွန့် ကြိုးပမ်းကာကွယ်ကြရန် လည်း ၊ ဤ ပြုပြင်ပြောင်းလဲရေး မဟာဗျုဟာ လမ်းစဉ် ၌ ၊ အဓိက ကျ သည့် လိုအပ်ချက်ကြီးတရပ် ဖြစ်၏။
အမျိုးသားအကျိုးစီးပွား  (National Interest ) မပါလျှင် အမေရိကန် သည် ၎င်း ၊ ရုရှား သည် ၎င်း ၊ တရုတ် သည် ၎င်း ၊ ကံ သုံး ပါး စလုံး ကို တခု မျှ မလွန်စေခဲ့ စဖူးဟု ၊ ပညာ နှင့် သင်ရန်စာ တပါတည်း ယူ ၍ ၊ သေနင်္ဂဗျုဟာ အရပ်ရပ်ကိုစာပေသုတေသနဥဿဟဖြင့်အနာဂတ်အကျိုးအလို့ငှာ အမြဲတမ်းကြိုတင်ပြင်ဆင် လုံ့ လပြုနေကြသင့်သည်။
ဤ ပြုပြင်ပြောင်းလဲရေး မဟာဗျုဟာ လမ်းစဉ် သည် အမျိုးသားအကျိုးစီးပွား  (National Interest ) ကို အခြေခံ သည်။ တိုင်းခြားဩဇာခံ နိုင်ငံခြားသွင်းကုန် မဟုတ် ၊ လုံးဝ ထိုသို့ မဖြစ်စေရ။ မြန်မာပြည် ၏ ပင်ကိုယ်ဟန် အဖြစ် ထာဝရတည်ရှိစေရမည်။
ထို့ ကြောင့် ဤ မဟာဗျုဟာ လမ်းစဉ် ၌ ခံစစ်သည် ၎င်း ၊ ထိုးစစ် သည် ၎င်း ၊ အသေးစိပ် နည်းဗျုဟာ လမ်းစဉ် တိုင်း ၌ ပါရှိစေရမည်။
၅.၄။ (ဂေါ်ဘားချော့ နှင့် တိန်ရှောက်ဖိန် )
သီးခြားစာစု တွင်ဖတ်ပါ။
Refs :         http://en.wikipedia.org/wiki/Deng_Xiaoping
                  http://en.wikipedia.org/wiki/Mikhail_Gorbachev 
၅.၅။ (တောင်ကိုးရီးယား နှင့် မြန်မာပြည် )
Korea Example ဆောင်းပါး တွင် ဖေါ်ပြပြီးသည် များကို ကောက်နှုတ်သံခိပ်ပြုရန်။ ထပ်ဖြည့် ရန်။
Saturday, March 26, 2011 ၂း ၄၈ ခေတ္တနား
၆။ ဘာတွေ ပြုပြင်ပြောင်းလဲကြမှာလဲ                                     
၆.၁။  အဓိက နှင့် သာမည                                  Thursday, March 31, 2011
အဓိက ပြုပြင်ပြောင်းလဲရေး မှာ အတွေးအခေါ် နှင့် အယူအဆ ဖြစ်၏။
အတွေးအခေါ် နှင့် အယူအဆ တို့ ၏ လက်အောက်ခံ ကိစ္စ တို့  မှာ သာမည ပိုင်း ဖြစ်၏။
ထို့ ကြောင့် လက်တွေ့ ကျကျ ပြုပြင်ပြောင်းလဲ ရမည်တို့  မှာ သာမည ပိုင်း ၊ လက်အောက်ခံ ကိစ္စ
တို့ ဖြစ်ကြ၏။ သို့ သော် အဓိက အခန်းကဏ္ဌ ဖြစ်သည့်   အတွေးအခေါ် နှင့် အယူအဆ တို့ အား အခြေခံ ၍သာ လက်တွေ့ လုပ်ငန်း တို့ ကို ဆောင်ရွက်ကြရမည်။ 
၆.၂။ အတွေးအခေါ် နှင့် အယူအဆ                                        November 22, 2011
အခြေခံ နိုင်ငံရေးအတွေးအခေါ် နှင့် လူမှုလောကအမြင် အယူအဆ တို့ ကို ဆိုလိုအပ်သည်။
အရင်းရှင် ဒီမိုကရေစီ ( Capitalist Democracy ) ကို ၊ မြေယာ အာဏာရှင် စနစ် (Feudal Autocracy) နေရာတွင် အစားထိုး ၍ အသွင်ကူးပြောင်းရာပြုပြင်ပြောင်းလဲရေးလမ်းစဉ်ကြီးကိုကျင့်သုံးရန်ဖြစ်၍    အလျင်စလို ပြု ရန်ကား အလျဉ်းမသင့်ပေ။                                                               
အတွေးအခေါ် နှင့် အယူအဆ ပြောင်းရေး ဆိုသည်မှာ လည်း အခု ရေတွင်းတူးအခုရေကြည်သောက်လို ၍ ကား လုံးဝ မရနိုင် ပါချေ။
ပုဂ္ဂိုလ်ရေး ဆည်းကပ်ကိုးကွယ်လိုမှု သည် ဒီမိုကရေစီ သဘော နှင့် လုံးဝပကတိ ဆန့် ကျင်ဘက် ဖြစ်ကြောင်း ကို မူ အထူး နှလုံးသွင်း အပ်၏။ ပုဂ္ဂလ ဓိဋ္ဌာန် ကို ပယ်၍ ဓမ္မဓိဋ္ဌာန် ကို ကျင့်သုံးရမည်။ မူ ကို လူ ထက် ဦးစားပေး အခြေခံ ကြရမည်။ ဒီမိုကရေစီ အခြေခိုင် လျက်ရှိနေကြကုန်သော တိုင်းကြီးပြည်ကြီး များ ကို ပမာပြယုဂ် အဖြစ် ရှု ကြကုန်လော့။
၆.၃။ လက်တွေ့ ခန်း
အဓိက အခန်းကဏ္ဌ ဖြစ်သည့်       အတွေးအခေါ် နှင့် အယူအဆ တို့ အားအခြေခံ၍ လက်တွေ့ လုပ်ငန်း တို့ ကို ဆောင်ရွက်ကြ၌ ၊ ကာယကံရှင်များ သည် (၁) တိုင်းပြည် ထူထောင်ရေး (၂) လူမျိုး အဓွန့် ရှည် ကြီးပွားရေး တို့ ကို အမျိုးသားအကျိုးစီးပွား  (National Interest ) အမြင် ဖြင့် အစဉ်ယှဉ် လျက် မိမိသာသနာတော်အရေး ကို ပါ  ထာဝရ ဦးထိပ်ပန်ဆင် ပြီး ၊    ဦးတည် လုံ့ လ စိုက် ကြရန် ဖြစ်၏။
နိဂုံး
ယခုအခါ မြန်မာ့နိုင်ငံရေး မျက်နှာစာ တွင် ပေါ်လွင် စ ပြု လာ နေ သည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး မင်း လမ်း မ ကြီး ( The Main Road of Democracy Reformation ) ကို မြင်တွေ့ နေကြရပါပြီ။ အမေရိကန် ပြည်ထောင်စု ၊ တရုတ် ပြည် သူ့ သမ္မတ နိုင်ငံ ၊ ဂျပန်နိုင်ငံ တို့ မှ အစ အရှေ့ အာရှ တခွင် လုံး မြန်မာ့ အနာဂတ် ရောင်ခြည်ဦး ကို ကြိုဆို နှုတ်ခွန်းဆက် ခါ အားပေး ထောက်ကူ လာကြပါ ပြီ။
ပူးပေါင်းဆောင်ရွက် သော နည်းဗျုဟာ ဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး မင်း လမ်း မ ကြီး ( The Main Road of Democracy Reformation ) ပေါ် သို့  ၊ မေတ္တာ တရား အား လက်ကိုင် ထားကြ ပြီး ၊ အနာဂတ် မြန်မာပြည် ၏ အကျိုးစီးပွား အလို့ ငှာ တက်လှမ်း ကြပါ စို့ ဟု လေးနက် တည်ကြည် စွာ တိုက်တွန်း နှိုးဆော် လိုက် ရပါကြောင်း ။        ။
မှတ်ချက် ။
ရဲကျော်စွာ                                                                                                                                                Ye Kyaw Swa
၁၃၇၃ ခုနှစ် ၊ တန်ဆောင်မုန်း လပြည့်ကျော် ၁၂ ရက် အင်္ဂါနေ့                                  Tuesday, November 22, 2011
ရန်ကုန် မြို့ ၊ မြန်မာ ပြည်  ။                                                                                          mahathuriya.yks@gmail.com 
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...