Saturday, February 4, 2012

ရွေးချယ်မှု ( ၂ )

by Chan Myae on Sunday, February 5, 2012 at 1:13pm



မနက်ဖြန်အတွက် မိုးရွာရန် ရာခိုင်နှုန်း ၅၀ ဖြစ်ပါတယ် ။
မနက်ဖြန် အတွက် ခန့်မှန်းချက်ကတော့ သာသာယာယာရှိပါမယ်.......
ဘဂင်္လားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ မရှိပါ။


 ဒါဟာ ကျွန်တော်တို့ နေ့စဉ်ကြားနေရတဲ့ မိုးလေ၀သ ခန့်မှန်းချက်တွေဖြစ်ပါတယ် ။ ရာသီဥတု ဆိုတာ ယတိပြတ်ပြောလို့ မရနိုင်ပါဘူးအခြေအနေပေါ်မူတည်ပြီး ခန့်မှန်းပြောနေတာပါ ရွေးချယ်လို့လည်း မရပါဘူး ဒီနေ့တော့ ဘာပွဲရှိလို့ မင်္ဂလာဆောင်ရှိလို့ ဆိုပြီးနေသာခိုင်းလို့ မရပါဘူး နေသာတယ်ထင်ပြီး ပွဲစီစဉ်ထားကာ မှ မိုးရွာလို့ ပျက်တာလည်း ဖြစ်နိုင်ပါတယ် ။ ကျွန်တော်တို့ နေ့စဉ်ရာသီဥတုရဲ့ အခြေအနေပေါ် မူတည်ပြီး အလုပ်တွေလုပ်ကြတယ် သွားကြလာကြတယ် စားကြသောက်ကြတယ် ဒါပင်မဲ့ ကျွန်တော်တို့ ရာသီဥတုကို ရွေးချယ်ခွင့် မရပါဘူး ။ မိုးကလည်း သည်းလိုက်တာ နှင်းကလည်း ကျလိုက်တာလို့ စိတ်ပျက်နေမယ် ဆိုရင် ကျွန်တော်တို့ ရှင်သန်လို့ ရမယ်တောင် မထင်ပါဘူး ။
အခြေအနေ ပေးမှ လုပ်မယ်ဆို ကျွန်တော် ရွေးချယ်မှုတွေက နောက်ကျနေပါ လိမ့်မယ် ။

ဒီပတ်ဝန်းကျင် ဒီအခြေအနေ ဒီလို ပညာရေး ဒီလို ကျမ်းမာရေး ဒီလို ဆင်းရဲဒုက္ခတွေ ရှိနေလို့ ဆိုပြီး အကြောင်းပြနေမယ်ဆိုရင် ကျွန်တော်တို့ ရှေ့ဆက်လို့ မရပါဘူး ဘဲဥ အစရှာ နေသလို ဖြစ်နေ ပါလိမ့်မယ်။

ရွေးချယ်လို့ မရနိုင်ရင် ကျွန်တော် တို့  နိုင်သလောက် အဖြေရှာရပါမယ် အပြစ်တင်နေမယ်ဆိုရင်တော့ အဖြေမထွက်နိုင်ပါဘူး ။
သူများတိုင်းပြည်တွေထက် ကျွန်တော်တို့ တိုင်းပြည်မှာ ရွေးချယ်စရာက များများစားစားမရှိတာတော့ အမှန်ပဲ ဖုန်းဝယ်မယ်ဆိုလည်းအစိုးရ ဆီက ကားဝယ်မယ်ဆိုလည်း အစိုးရ ဆီက ပညာရေးဆိုလည်း အစိုးရ ချယ်လှယ်ထားတယ် ။ လူငယ်တွေရဲ့ အနာဂတ်ကိုတောင်အစိုးရ က ချယ်လှယ်နေတယ် အစိုးရကတော့ အာဏာရှင်တို့ ထုံးနန်းအစဉ်အလာအတိုင်း အင်အားကို မတော်မတရားသုံးပြီး ဖိနိပ်နေတာပါ လူငယ်တွေရဲ့ ဘ၀က ဆယ်တန်းအောင်ပြီဆိုတာလည်း ဘာရွေးချယ်ကြမလဲ ဆိုတဲ့ မေးခွန်းက တကယ့်ပြသနာပါအရွယ်ရောက်နေတဲ့ လူတယောက်ဆိုတော့ အရာရာကို တိုးတက်ချင်တဲ့ မျက်စေ့နဲ့ ကြည့်တာပါပဲ ခက်တာက ရွေးချယ်စရာက လက်ချိုးရေရင်တောင် လက်တဘက်စာ ပြည့်ရင် ကံကောင်းပါတယ် ။ နောက်ဆုံးကျတော့ မိဘရဲ့ ယူဆချက်နဲ့ ရွေးချယ်ရတဲ့ အနေအထားကို ရောက်လာတော့တာပါပဲ ကိုယ်တိုင် လုပ်နိုင် မလုပ်နိုင် မစဉ်းစားတော့ပဲ အလုပ်ရရင် ပီးရောဆိုတဲ့ တွေးခေါ်ပုံဟာကမောက်ကမ ဘ၀ တွေကို ဖန်တီးပါတော့တယ် ။ ပညာရှင် ဘ၀ကို ရောက်ဖို့ထက် လက်မှတ်ကို ငွေနဲ့ ၀ယ်ရတဲ့ ဘ၀ဖြစ်သွားပါတယ်။ ပန်းသီးပင်စိုက်ပြီး လိမ္မော်သီး စားချင်နေတဲ့ အဖြစ်ပါပဲ။

ငွေနောက်ကို ရွေးချယ်မယ်ဆိုရင် ငွေတော့ရချင်ရပါလိမ့်မယ် ဒါပင်မဲ့ အဓိပါယ်ရှိတဲ့ ဘ၀ကိုတော့ ရောက်မှာ မဟုတ်ပါဘူး။ လူတယောက်ချင်းစီရဲ့ ဘ၀တွေ ကမောက်ကမ ဖြစ်နေမှာတော့ အဲဒီတိုင်းပြည်ရဲ့ အခြေအနေကလည်း ကမောက်ကမ ဖြစ်နေမှာအသေအချာပါပဲ ။ လေယာဉ်ပျံ တစီးမှာ မူလီလေး တခု ပြုတ်သွားတာနဲ့ လေယာဉ်ပျက်ကျ နိုင်တဲ့ အနေအထားကို ရောက်သွား နိုင်ပါတယ်။
တိုင်းပြည်တခုမှာ ပြည်သူတွေရဲ့ ဘ၀တွေ ပြုတ်ထွက်သွားရင် တိုင်းပြည်လည်း ချောက်ထဲကို ထိုးဆင်းရတာပါပဲ ။
ပြည်သူတွေ ဘ၀ များများပျက်လေ ချောက်ထဲကို ကျတဲ့ အရှိန်ကလည်း များလေပါပဲ ။
 ( ဒါက ရွေးချယ်မှု အမှန်နဲ့ အမှား ကျွန်တော့်ယူဆချက်ပါ)

ကျွန်တော်တို့ လိုချင်တာနဲ့ ရွေးချယ်မှု ထပ်တူကျမှဘ၀မှာ အောင်မြင်မှု ဆိုတာ ဖြစ်လာမှာပါ ။ ငွေရလို ဇောနဲ့သာ အလုပ်လုပ်မယ်ရွေးချယ်ကြမယ်ဆိုရင် အောင်မြင်မှာ မဟုတ်ပါဘူး ။ အောင်မြင်မှု ရပြီဆိုရင် ငွေက အနောက်က သူ အလိုလိုကပ်ပါလာတာပါ ငွေနောက်ရင်တော့ ဘယ်တော့မှ ဆုံးမှာ မဟုတ်ပါဘူး ။ အဓိကနဲ့ သာမည ရွေးချယ်မှုက ဘ၀ ရဲ့ အဓိပ္မါယ်ပါပဲ ။ဘ၀ဆိုတာက အမှန် နဲ့ အမှားရွေးသလို အမှန်မဟုတ်ရင် အမှားပဲ ဆိုတဲ့ လွယ်လွယ်ကူကူ ပုဒ်စာတပုဒ် မဟုတ်ပါဘူး ။ ကျဆုံးမှု အောင်မြင်မှုဆိုတာ ညီမျှ ခြင်းတဘက်နဲ့ တဘက်ပါပဲ ။

အသက်နဲ့ အလောင်းအစား လုပ်ပြီးရွေးရတဲ့ ရွေးချယ်မှုတွေလည်း လောကမှာ ရှိပါတယ် ။ ၆ လပဲ နေထိုင်လို့ ရမယ် ဆိုတဲ့ ....
ကင်ဆာရောဂါ သည်တယောက်အတွက် ဓါတ်ကင်မလား ဒီအတိုင်း အသေခံမလားဆိုတာ သူရဲ့ ရွေးချယ်ခွင့်ပါ။ ကြိုက်တဲ့ လမ်းကို
ရွေး ဒါပင်မဲ့ အဆုံးမှာ သေချင်းတရားက ရှိနေပါတယ် ။ မသေတဲ့ လမ်းဆိုတာတော့ မရှိပါဘူး ။ သေမဲ့ အတူတူ ဒီအတိုင်းအသေခံမလား စွန့်စားပြီ ဆေးကုမလားဆိုတာတော့ တဦးချင်းရဲ့ ရွေးချယ်မှု ပါပဲ ။

( ဆက်ရေးပါအုန်းမယ် )

ချမ်းမြေ့
(5.2.2012)

အပိုင်း ( ၁ )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...