သရဖူဆောင်းသူ
ဘာဝနာ ။ ဘာဝနာ
လို့ ကျနော် ပြောနေတဲ့ အရာဟာ "မိမိ စိတ်သန္တာန် စဉ် အတွင်း လုပ်ကိုင်
ဖြစ်ပေါ်နေ သမျှ စောင့်ကြည့် နေခြင်း" သက်သက် ကို သာ ခေါ်ဆိုတာ ဖြစ်ပါတယ်။
ဘာဝနာ ရဲ့ အလုပ် က စောင့်ကြည့်၊ သိနေတယ် ဆိုရုံမျှလေးပဲ ။ ကြည့်တယ် ~ ဆက်
စောင့်ကြည့် တယ် ~ သိတယ်။ အဲ့ဒီ အသိ၊ စောင့်ကြည့်နေစဉ် အတွင်းမှာ ဝေဖန်တာ ၊
ခွဲခြားတာ မရှိ ဘူး ~ မိမိ စိတ်သန္တာန် အတွင်း က ဖြစ်ရပ် တစ်ခုခု၊ အတွေးစဉ်
တစ်ခုခု ကို အမှားအမှန် ပိုင်းဖြတ် မနေဘူး ။ စောင့်ကြည့်မှု သက်သက် သာ
ရှိနေရ တယ်။ ဒါဟာ ဘာဝနာရဲ့ ပင်မ အချက်အချာ ဖြစ်ပါတယ်။
ဒါ့ကြောင့် စောင့်ကြည့်မှု စင်စစ် ဟာ အဲ့ဒီ ဝင်ရောက် ဝေခွဲမှု မရှိတဲ့ အခါမှသာ ဖြစ်ပေါ်တယ်။ စိတ် အတွေးဟာ တီဗွီ ဖန်သားပြင် ဆိုပါစို့။ အဲ့ဒီ ဖန်သားပြင်မှာ ပေါ်ပေါက်လာတဲ့ ရုပ်ပုံလွှာ ခဏတိုင်းကို မပြတ်စောင့် ကြည့်နေမယ်။ အဲ့ဒီ စောင့်ကြည့်ရုံ ကြည့်နေ တဲ့ တီဗွီရှေ့က အပြင်လူဟာ ခင်ဗျား သာ ဖြစ်ပါတယ်။ ဘာဝနာ အမှု ကို ပြုတဲ့အခါ အဲ့ဒီ အတိုင်း ဖြစ်နေရပါတယ်။ ခင်ဗျား က စောင့်ကြည့်နေသူ သက်သက်။ စိတ်အတွေးထဲက ဘာဖြစ်လာဖြစ်လာ ဝင်ရောက် ပြောဆိုပိုင်ခွင့် မရှိတဲ့သူ သက်သက်။ ကြည့်နေ တဲ့သူ သက်သက် အဖြစ် ဟာ ဘာဝနာ သာ ဖြစ်တယ်။
အဲ့ဒီ စောင့်ကြည့်သိမှု အခြေခိုင်ခိုင် တည်လာတဲ့ အခါ ~ စိတ်အတွေး တွေ လည်း မိမိသန္တာန်မှာ တဖြေးဖြေး လျော့ကျ လာကြောင်း တွေ့ရပါလိမ့်မယ်။ လွန်းထိုး နေတဲ့ အတွေးတွေ လျော့ပါး သွားတယ်။ လှုပ်ခတ် နေတဲ့ အတွေးတွေ ကင်းဆိတ် သွားတယ်။ သိရုံ မျှလေး ရှိတဲ့ အသိ အကြည်ဓာတ်မျှလေး သာ ခဏတိုင်း ရှိလာ ပါလိမ့်မယ်။ အဲ့ဒီ ခဏဟာ တိတ်ဆိတ်နေတဲ့ ခဏ၊ ငြိမ်းဝပ်နေတဲ့ ခဏတွေ ဖြစ်ကြောင်း ၊ ချမ်းမြေ့မှု စင်စစ် ပြည့်လျှမ်းနေကြောင်း ခင်ဗျား အတိအကျ ခံစား မိနိုင်ပါတယ်။ ( ခံစားတယ် ဆိုတဲ့ စကားက လိုအပ်နေ ပါတယ်။ ခံစားမှု စိတ်ခံစားချက် တစ်ခု မဟုတ်ဘူး ~ အဲ့ဒီ ငြိမ်းအေး နေလျက် ရှိကြောင်း ကိုယ်တွေ့သိလိုက်ရတာမျိုး ~ အသိမျှ - လို့ပဲ ဆိုရ ပါလိမ့်မယ် )
အဲ့သည် အကြည်ဓာတ် သက်သက်မျှ တည်ရှိနေတဲ့ ခဏတိုင်း ဟာ ~ ဘာဝနာ ခိုင်ခန့်တဲ့ အခါ ပိုမို တည်မြဲ လာ တယ်။ နိစ္စဓူဝ လုပ်ကိုင် လှုပ်ရှား နေသမျှ အတွင်း ~ အကြည်ဓာတ် သက်သက် အပြည့်အဝ နေထိုင် နိုင်လာ ပါလိမ့် မယ်။ အဲ့ဒီ အခါ ခင်ဗျား ရဲ့ ဘဝ ရှင်သန်မှုဟာ ချမ်းမြေ့မှု နဲ့ ရှင်သန်နေတာသာ ဖြစ်ပါ တယ်။ အလားတူ ~ တစ်ချိန်တည်းမှာ စိတ်ကူး အတွေး ဘောင်၊ ခံစားချက်တွေ ကန့်သတ် ချယ်လှယ် သမျှ ခင်ဗျား ကင်းလွတ် နေပါတယ်။ အရင့်အရင် အချိန်တွေ မေ့လျော့ ဖြတ်သန်းခဲ့သမျှနဲ့ မတူ ၊ စိတ်ရဲ့ ကျွန် အဖြစ်က လွတ်မြောက်လာတယ်။ မိမိ သာ မိမိရဲ့ အရှင်သခင် ၊ ဘုရင် ဖြစ်လာ ပါတယ်။ မိမိ သရဖူကို မိမိ ဘာသာ ဆောင်း ထားကြောင်း တွေ့ရမယ်။
ယေရှု ခရစ်တော် ကို လက်ဝါးကပ်တိုင် ပေါ် မတင်ခင် နှိပ်စက် ညှင်းပန်းနေစဉ် အတွင်းက ~ အာဏာ ပါးကွက်သား အချို့ ဟာ ခရစ်တော် ကို လှောင်ပြောင်ကြတယ်။ ဆူးခက် တွေကို သရဖူ လိုထားပြီး ခေါင်းဆောင်း ပေးတယ်။ ပြီးတော့ ပျက်ရယ် ပြုကြတယ်။ "ကြည့်ကြပါဟေ့ ! ဒီလို သရဖူကြီး ဆောင်းထား တဲ့ ဧကရာဇ် ဟာ ခရစ် တဲ့ကွ။ ဘယ်လောက် ရူးသလဲ" လို့ အော်ဟစ် ရယ်မော၊ ပြော ကြ တယ်။ စင်စစ် ရူးသွပ် နေတဲ့သူတွေဟာ သူတို့တွေသာ ဖြစ်ပါတယ်။ ယေရှုခရစ်ဟာ သူရဲ့ နောက်ဆုံး အချိန် အထိ ဆုတောင်း စကား ဆိုပေး ခဲ့သေးတယ်။ "အဘ ဘုရားသခင် ၊ မိမိပြုတဲ့ အမှုကို မိမိ မသိကြတဲ့ သူတို့ အပေါ် အခွင့်လွှတ်တော် မူပါ"
စင်စစ် ခရစ်ဟာ မိမိ ဘာသာ မိမိ သရဖူ ဆောင်းပြီးသား သူဖြစ်ပါတယ်။ ဒါပေတဲ့ အဲ့ဒီလို သရဖူဆောင်းတဲ့ လူတစ်ယောက် ကို တွေ့ရင် ~ ကမ္ဘာလောက၊ လူ့အဖွဲ့အစည်း ဟာ ~ ဒီလိုပဲ ပြုမူ ဆက်ဆံလေ့ ရှိပါတယ်။ ခေတ်အဆက်ဆက် ဒီအတိုင်းပဲ ရယ်မော လှောင်ပြောင် ခဲ့ကြတယ်။ ခင်ဗျားက ဘာဝနာကြောင့် ~ မိမိဘာသာ မိမိ သရဖူ ဆောင်းပြီ ဆိုရင် ~ လောက ပတ်ဝန်းကျင်က ခင်ဗျားကို လက်ဝါး ကပ်တိုင် ထမ်းဖို့ တွန်းအား ပေးကြ ပါလိမ့်မယ်။ ဒီလို သရဖူဆောင်းပြီး မိမိ ငြိမ်းအေးမှုကို မြင်ကြတဲ့ အခါ ~ ဘုရားသခင် က ခင်ဗျား ကို ကောင်းချီးပေးကောင်း ပေးနိုင်ပါတယ် ~ ဒါပေတဲ့ လောက ပတ်ဝန်းကျင် ၊ ခင်ဗျား အသိုင်းအဝိုင်းကတော့ ~ ကွဲပြားသွားတဲ့ ခင်ဗျား ကို ခွင့်မလွှတ် ဘူးရယ်။ ဘာလို့ ခွင့်မလွှတ် သလဲ ဆိုရင် ~ အမြဲပူလောင် နေတဲ့ သူတို့ သန္တာန်မှာ သိမ်ငယ်စိတ် အပြင်း အထန် ခံစား လိုက်ရလို့၊ အေးမြနေတဲ့ အခြားသူ ရဲ့ သန္တာန်အပါ် မနာလို မုန်းထားစိတ် စေတနာ ပေါ်ပေါက်လာလို့ ပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် ခင်ဗျား ဘာဝနာကို အချိန်ပြည့် ထုံမွှမ်းရင်း ဘဝ ရှင်သန် နေထိုင်လာတဲ့အခါ ~ အဲ့သည် အခက်အခဲ အတားအဆီးကို ကြုံဆုံ ရင်ဆိုင် ရပါလိမ့်မယ်။ ပတ်ဝန်းကျင်ရဲ့ ပုတ်ခတ် လှောင်ပြောင်သမျှလည်း ကြုံတွေ့ ရနိုင်တယ်။ ဆိုလိုတာက ~
..................
~ On Meditation
..................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/

- အဲ့သည် အချိန်တွေ မှာလည်း မိမိရဲ့ ဘာဝနာ အဖြစ်ကို မပွန်းပဲ့ မထိခိုက် ပါစေနဲ့။ မြဲမြံ အောင် အားထုတ်နိုင်ပါစေ ။
- Even if all is lost, nothing is lost. အရာ အားလုံး ဆုံးရှံးသွားရင်တောင် ~ စင်စစ် ဘာမှ မဆုံးရှုံးဘူး ဆိုတာ ခင်ဗျား တွေ့ရမယ် ဆိုတဲ့ အကြောင်း၊
- ခင်ဗျား သိမြင် သမျှဟာ ခင်ဗျား အတွက် ထိုက်တန်တဲ့ သိမှု သက်သက်၊ ချမ်းမြေ့မှု သက်သက်သာ ဖြစ်ကြောင်း၊
- စင်စစ် ချမ်းမြေ့ ကြည်လင်နေတဲ့ မိမိ သန္တာန်မှာ ~ အခြား ဘယ်အရာမှ အရေးအရာ မပါတော့ကြောင်း ခင်ဗျား တွေ့ရပါလိမ့်မယ်။
- ခင်ဗျားရဲ့ သရဖူ ဟာ ခင်ဗျား ဘာသာ ဆောင်းမှသာ ရတယ် ။ ခင်ဗျားသာလျှင် ခင်ဗျားရဲ့ ဧကရာဇ် ဖြစ်တယ် လို့ ဆိုချင်ပါတယ် ။
..................
~ On Meditation
..................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
..................
0 comments:
Post a Comment