Thursday, February 9, 2012

အကြွေးဟောင်းကို ပြန်ဝိုင်းဆပ်ခြင်း


မြောက်ဖက်တောင်ကုန်းထက် အရိုးတံပိုးမှုတ်သံ သိမ့်သိမ့်ခါဟီးထ
သွေးနံစွဲတဲ့ ထင်းရူးတောတွေ ငြီးငြူလက်ခမောင်းခတ် တောက်ခေါက်
ကြောက်မက်ထိတ်လန့် ဖွယ် ခွပ်ဒေါင်းကျိန်စာ မိုးအောက်မြေပြင် စွဲခါလှုပ်နှိုး
သူရဲကောင်းဝိညာဉ်တွေ ဒုန်းစိုင်းစီးဆင်း လောကတံတိုင်းလဲပြိုပွင့်
တရားခံမိစ္ဆာယုတ်တွေ တည်ရာမဲ့ ခန္ဒာသိက္ခာ စည်းစိမ် တစ်စစီ ပျက်သုန်းကြ ၊
ဇာတ်မသိမ်းသေးတဲ့ ဒဏ်ရာများနဲ့ ငါတို့  လူထုအောင်ပွဲ ခရီးကြမ်းရှည်မှာ
ထလော့ တို့ အညတြရ ရဲဘော်တွေ ---
လာလော့ ငါတို့  သူရဲကောင်းတွေ ---
တိုက်လော့ ငါတို့  အာဇာနည်တွေ ---
ဝိုင်းရံအာခံကြလော့ တို့ ရဲဘော်ရဲဘက်ကောင်းတွေ --- ၊
စူးရှပြင်းထန်တဲ့ ကြုံးဝါးသံနက်ကြီး ရင်ခွင်အားလုံးထဲ ဆွဲဖွင့်တိုးဝင်
နှစ်များစွာ မွန်းကျပ်ဆွံအ နှလုံသားမျက်ရည်အိမ် သွန်းဖြိုးလှိုင်းထ
ဆန္ဒပြသံ ကျည်ပေါက်သံ ကြေးစည်ထုသံ ချစ်သူအမျှဝေသံ ပွင့်လျှံ
သက်ပြင်းချွေချ အံကြိတ်ရင်ကော့ အရိပ်တွေ ပူးဝင်နာခံ ရှင်ပြန်နေကြ ၊
ယုံကြည်ချက် ဟုန်းဟုန်းတောက်ပတဲ့ အလေပြုခံ ရဲဘော်တို့ ရေ ---
သင်တို့ ဟာ ---
တော်လှန်သွေးသမိုင်းမှာ ထာဝရ အာဂသူရဲကောင်း မှော်ကွန်းတင်ခဲ့ပြီသာပ ။ ။

ဒေါင်းနီ
၀၂-၁၀-၂၀၁၂
( သူရဲကောင်းပီသစွာ ကျဆုံးကြွေလွင့်သွားသော မ က ဒ တ မြောက်ပိုင်း ယုံကြည်ချက် ရဲဘော်အပေါင်းသို့ )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...