Thursday, February 9, 2012

မေ မျက်ရည် ။

by Yeyint Kyaw on Saturday, February 4, 2012 at 2:38am ·


အကို/အမ များ မင်္ဂလာပါဗျာ….စားပါဦးလား မမေးရက်လို့ (အားနာလို့ ) မမေးပါရစေနဲ့ ဗျာ….။ကျွန်တော်ကတော့ ဒီလို အစားအစာ မပြောနဲ့  ရင်ထဲက စကားလုံးတွေ စားပြီး နေခဲ့ရတဲ့ ရက်တွေ ခဏ ခဏ ပေါ့…။ မသိ အဖေ/မသိ အမေ ကို သတိရ တမ်းတမိတဲ့ စကားတွေပေါ့…ကလေး တစ်ယောက်မှာ လည်း မေတ္တာတွေ လိုချင်တဲ့ လောဘတော့ ရှိတာပေါ့ဗျာ..။
နေပူပူ ခြေဗလာနဲ့  လျှောက်သွားနေလည်းဆူမယ့်သူမရှိ…အိပ်ချင်သလိုအိပ်နေလို့ လည်း နိုးမယ့်သူ မရှိ..မတည့်တာတွေ မစားနဲ့ လို့လည်း တားမယ့် ငေါက်မယ့်သူမရှိ(ရတာစားလေ) အဲလိုပါဘဲ ကျွန်တော့်မှာ ပူဆာရမယ့်သူလည်း မရှိပါဘူး..ဟင့်အင်း..ပူဆာခွင့်ကို မရှိတာပါဗျာ…။ အကို/အမ တို့ က အိမ်မှာ လိုချင်တာ မရယင် ၀ုန်းဒိုင်းကြဲနေမလား မသိဘူးနော်….ကျွန်တော်လေ ဘာမှ မလိုချင်ပါဘူး..ကွယ်လွန်လို့  ထားခဲ့တာလား…?.အဆင်မပြေလို့ စွန့် ပစ်တာလား…အကြောင်းအရင်း မသိပေမယ့်..ကောက်ယူမဲ့သူလည်းမရှိတဲ့ ဘ၀မို့ သစ်ပင်တွေ အောက်မှာ..ဘုရားကြို ဘုရားကြားမှာ…ဈေးဆိုင်လွတ်တွေမှာ…အိပ်မိတိုင်း…ခိုနား
ရာအရိပ်ရဲ့ အေးမြမှုကို မိဘ/အုပ်ထိမ်းသူ ရဲ့ အရိပ်ဆို ဘယ်လောက်ကောင်းလိုက်မလဲ တွေးမိတိုင်း..ဟင့်အင်း အမြဲ မျက်ရည်ကျမိတယ်ဗျာ..။

ဟင့်အင်း…စာသင်ကျောင်းဘက်..မတောင်းရမ်းပါဘူး..ကျောင်းတက်နေတာတွေ..မမြင်ချင်ဘူး..မနာလိုစိတ် မဟုတ်ပါဘူးဗျာ..အားကျ စိတ်က ကျွန်တော့် ရင်ကို ကွဲမတတ် နှိပ်စက်လွန်းလို့ ပါ..။စာအံသံတွေ ကြားရတဲ့ဘက်တော့ သွားတတ်ပါတယ်..သူတို့ ဆိုတဲ့ စာအချို/ကဗျာ အချို့ တောင် ရသေးတယ်..ဘယ်လိုစာလုံးတွေလည်းတော့ သိဘူးလေဗျာ..ဟဲဟဲ မဖတ်တတ်ဘူးလေ..။ကျွန်တော် ခဏ ခဏ ဆိုတယ် စာလေး ရွတ်ပြမယ်လေ..*(စားဝတ်နေရေး ဖွေရှာပေး ကျေးဇူးရှိပေ..တို့ ဖေဖေ…) ဆိုတာလေ….။ အကို/အမ တို့ ကတော့ အိမ်က ၀ယ်ပေးတဲ့ စာအုပ်က ညံ့လို့ ကြမ်းလို့ ဆိုပြီး စိတ်ကောက် နေမှာပေါ့လေ..။ ကျွန်တော်ကတော့ မီးသွေးခဲနဲ့ စာသင်ရယင် ကို သေပျော်ပါပြီဗျာ..။
ဈေးထဲ တောင်းတဲ့အခါ စားသောက်တန်းဘက် ရောက်တာပေါ့…မစားရ အနံရှု ဆိုပေမယ့် အနံရယုံနဲ့ ဒါ ဘာအစားအစာ ဆိုတာ စားဖိုမှုး တွေ ထက်သိနေမလားပဲလေ…စားချင်တဲ့ စိတ်ဆန္ဒ ပြင်းပြလွန်းတော့ စွဲမှတ်နေသလား မသိတော့ပါဘူး။ အကြွင်းအကျန် တစ်ချို့ တော့ စားဘူးတာပေါ့..များသောအားဖြင့်တော့ စက်ဆုတ်ရွံရှာစွာ မောင်းထုတ်ခံရတာ များပါတယ်လေ..ကြင်နာ တတ်တဲ့သူကျတော့ ဂရုတစ်စိုက် ကို စားတာ သေချာ ချန်ပြီး ခေါ်ပေးပါတယ်..အဲလိုလူကျတော့
.သိပ်အေးချမ်းတာပဲ….။ အကို/အမ တွေကတော့ အိမ် မှာ ဟင်းမကောင်းလို့ ..ဒါမှ မဟုတ် မိသားစုများလို့ ဝေပုံကျ စားရလို့  စိတ်ကောက်လို့ ရမှာပေါ့နော်…။

အ၀တ်အထည် တန်းဘက်တော့ ခြေဦးတောင် မလှည့်ပါဘူး…လှလို့ ငေး ကြည့်မိပါတယ်…အလစ်သုတ်တဲ့သူ
လို အကြည့်ခံရတာ များပါ တယ် ။ အကို/အမ တို့ ကတော့ ဘာတံဆိပ် မှ ၀တ်တာ လို့  ပြောနိုင်မှာပေါ့နော်…။

နေချစ်ချစ်တောက် ပူနေပါစေလို့  ကျွန်တော် ဆုတောင်းတယ် ဆိုယင် အကို/အမ များ စိတ်ခု သွားမလားဗျာ….(လူတွေရဲ့ ဆန္ဒ ဆိုတာ ကိုယ့်ဘ၀ နဲ့ သာ ချိန်ဆ သင့်တယ် )လို့  လ္ဘက်ရည်ဆိုင် မှာ အချိန် ကုန်နေတဲ့ သူတစ်ယောက် စကား မှတ်မိပါတယ်။ ကျွန်တော့် ဘ၀ က နေပူပူမှ အဆင်ပြေတာလေ…မိုးရွာယင် ခိုနားဖို့  အလွယ် မရှိဘူး.. အ၀တ်စို လဲစရာ မရှိဘူး..မိုးရွာထဲ ၀မ်းစာရှာမရသလို..မိုးရွာထဲ ဘယ်သူက စွန့် ကျဲ မှာလဲ…။ ဆောင်းကျတော့လည်း နွေးထွေးစရာ ဂုန်နီအိတ်ဘဲ ရှိတာ… ကိုကိုတွေလို စတိုင်မိ ချင်တာပေါ့.. အနွေးထည်ကိုယ်ပိုင်ဆိုလို့ ရေမချိုးရလို့ ထူပိန်းနေတဲ့ အရေပြားပေါ်က ချေး(ဂျေး) အထူကြီးတော့ ရှိတယ်ဗျ…ချမ်းမေပါတယ်ဆိုမှ လေရူးယင် မနက် မိုးလင်းယင် ကျောက်ရုပ်ကလေးလိုတောင့်နေမလား မသိဘူး…တွေးယင်းနဲ့ ပြုံးမိပါရဲ့  အသေတော့ရော အနာဂါတ်မှ မရှိဘဲ ဒုက္ခတွေ ဖက်တွယ်ထားချင်သေးသလားပေါ့…
အင်း..သေတော့ မသေချင်သေးဘူး..
တစ်ချိန်မှာဆိုတာ….ရှိနေသ၍ပေါ့
မျှော်လင့် ချက်က အသက်ပဲလေ….။

ကျွန်တော့်ကြောင့် အချိန်တွေ ကုန်သွားပြီလားဗျာ…အကို/အမ တွေကို တောင်းပန်ပါတယ်နော်။ ကျွန်တော်ကို စာနာ သနားပါလို့  မပြောလိုပါဘူး…ကျွန်တော်လို သူများစွန့် ပစ်တာလေး မက်မောစွာ စားနေရတာ ကို မြင်ပြီး ကိုကို မမ တို့  အိမ်က မိဘကို ဟင်းမကောင်း လို့ ….မုန့် ဘိုးရတာနည်းလို့  ဆိုပြီး စိတ်မကွက်စေချင်ဘူးဗျာ..။ကျွန်တော်လို လမ်းဘေးအိပ် လမ်းဘေးနေ တဲ့ဘ၀လေး ကိုကြည့်ပြီး အိမ်မှာနေရတာ သိပ်စိတ်ညစ်တာဘဲ လို့  မညည်းတွားစေချင်ဘူး။ ဘယ်မှာ နားခိုရမှန်း မသိတာကို လွတ်လတ်တယ် မယူဆပါဘဲ အိမ်မှာ သိပ်ချုပ်ချယ်တာဘဲလို့  မမြင်ချေင်ဘူး။ ကျွန်တော့်လို လမ်းဘေး မှာ အစွန့် ပစ် ခံရမှာ မကြောက်ဘူးလား ဟင်။ ကျွန်တော့်လို ချေး(ဂျေး) အထပ်ထပ်နဲ့ ကိုဒါဝတ် ဘ၀လေးကြည့်ပြီး အိမ်ကို ဂျော်ဒါနိုး မှ ဆိုတာမျိုး ပူဆာတာ ဆင်ခြင် စေချင်ပါတယ်။ သူများ စာအံသံကို နားထောင်နေရတဲ့ ကျွန်တော့်ဘ၀ လေးကြည့်ပြီး ရုန်းကန်ကျောင်းထားပေးတဲ့ မိဘကျေးဇူးကို ကြိုးစားမှုနဲ့  ဆပ်စေ ချင်ပါတယ်။ကျွန်တော့်ကို သနားစိတ်ကလေး ၀င်မိယင် အကို/အမ တွေရဲ့ မိဘ တွေက ကျွန်တော့် လို ဘ၀ ကိုမပို့ ဘဲ/ စွန့် မပစ်ပဲ ရုန်းကန်ရှာဖွေ ကြွေးမွေးတဲ့ မိဘတွေ ကို သနားပေးတာ ပိုကောင်းပါတယ်။ အကိုတို့ အမတို့  လိမ္မာနေမယ် ကြိုးစားနေမယ် ဆိုမှ နောင်တစ်ချိန်မှာ ကျွန်တော့်လို လူတွေ(ဘ၀တွေ) ကို ကယ်တင် စာနာ သနားတတ်တဲ့ ပြုစုပျိုးထောင်မှု တွေ ဆောင်ရွက်မယ့် ခေါင်းဆောင်ကောင်းတွေ ဖြစ်လာမယ့် အချိန် ကို ကျွန်တော် တို့ အားကိုးတစ်ကြီး ကြံကြံခံ ရုန်းကန်ယင်းမျှော်လင့်နေပါ့မယ်…။

ကယ်တင်နိုင်မယ့်ခေါင်းဆောင်ကောင်းတွေကိုပေါ့လေ….။ကျေးဇူးတင်ပါတယ်..ဗျာ..သာယာ ၀ပြောပါစေလို့ ဆုတောင်းပါတယ်.ဒါမှ ကျွန်တော်တို့မငတ်မှာလေ….။ချမ်းမြေ့သာယာရှိကျပါစေ… ။

( ပြီး) ................

ပုံလေး ကို မြင်ရတော့ ရင်ထဲ မကောင်းဘူး.. လူမှု စာနာမှု တစ်ခု အဖြစ် ဖေါ်ပြချင်တာကြောင့် ခံစားရေးကြည့်တာပါ…။

ကွဲလွဲမှု သဘောထား မတိုက်ဆိုင်မှု ရှိခဲ့ယင်… တစ်ဖန် အကြောင်းအရာ တိုက်ဆိုင်ခဲ့လျှင် တောင်းပန်ပါသည်။ မူလ ဓါတ်ပုံရှင် ကိုလည်းကောင်း ပုံတင်ခဲ့သော facebook အကောင့်ရှင်တစ်ဦးအား လည်းကောင်း ကျေးဇူးတင်ရှိပါသည်..။
အပြုသဘော ရေးသားခြင်းဖြစ်ပါသည်။
နိုင်ငံ ဂုဏ်သိက္ခာ ကိုထိခိုက်စေလို၍ မဟုတ်ပါကြောင်း သိစေအပ်ပါသည်။ …………………….

ကိုဝိုင်ဝိုင်ကေ ( ko yyk )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...