Author: lubo601 |
8:23 PM |
|
Posted: 21 Feb 2012 04:23 AM PST
လွန်ခဲ့သော
နှစ်ပေါင်း ၄ဝ ကျော် ၁၉၇ဝ ပြည့် ဝန်းကျင်က သမ္မတ ရုပ်ရှင်ရုံ တွင်
‘အရုဏ်ဦး’ အမည်ရှိ ဆိုဗီယက် (ရုရှား) ရုပ်ရှင်ကား တစ်ကား ပြသခဲ့ဖူးသည်။
ယင်းဇာတ်ကား တွင် ထိုစဉ်က ဆိုဗီယက် ခေါင်းဆောင်ကြီး လီနင်သည် ဇာတ်ကောင်
တစ်ဦးအဖြစ် ပါဝင်ရာ လီနင်၏ နေရာတွင် ဘောရစ်စမီရ်နော့ဗ်က ပါဝင် သရုပ်ဆောင်
ခဲ့သည်။ လီနင်၏ ဟန်ပန်လေသံ အတိုင်း အောင်မြင်စွာ သရုပ်ဆောင်ခဲ့သည်ဟု
ရုပ်ရှင် ပညာရှင်များက သုံးသပ်ခဲ့သည်။
လီနင်နှင့်သူ၏ရုပ်ရှင်
လီနင် ဆိုသည်က ရုရှားတို့အတွက် တော့ ကြီးမြတ်သော ပုဂ္ဂိုလ်ကြီးဖြစ်သည်။
လူထုနှင့် တစ်သားတည်း နေသည်။ လူထု ဘဝထဲမှာပင် လူထုနှင့် အတူ ရိုးသားစွာ နေ
ထိုင်ခဲ့သည်။ ဘယ်လောက် အထိ ရိုးသားသလဲ ဆိုပါလျှင် သူ၏လောင်းကုတ် အင်္ကျီ
ရှည်ကြီး စုတ်ပြဲနေသည်ကို သူ့ရဲဘော်တစ်ဦး က မြင်ရာ ‘ခေါင်းဆောင်ကြီးရယ် ၊
လောင်းကုတ် အင်္ကျီတစ်ထည် လောက်တော့ ချုပ်ဝတ်သင့်ပါတယ်’ ဟုပြောတော့ လီနင်က
လမ်းဘေးတွင် ထိုင်တောင်းနေသော သူတောင်းစား တစ်ဦး ကိုလက်ညှိုး ထိုးပြသည်။
”ကျုပ်က သူ့ထက်တော့ သာပါတယ် မောင်ရင်ရယ်။ သူတို့လို လူတွေအတွက် ကျုပ်တို့
လုပ်ပေး စရာတွေ အများကြီး ရှိပါသေးတယ်။ ကျုပ် က ကုတ်အင်္ကျီ အသစ်ချုပ်
ဝတ်လိုက်မယ် ဆိုရင် ပြည်သူပြည်သားတွေ အတွက် သုံးဖို့ထားတဲ့ တိုင်းပြည်
ဘဏ္ဍာငွေထဲက ကုတ်အင်္ကျီ တစ်ထည်ဖိုး လျော့သွားမှာပေါ့” လို့ ပြောခဲ့သူ
လူရိုးကြီး ဖြစ်သည်။ သည်စဉ်က လီနင်မှာ ဝန်ကြီးချုပ် ဖြစ်နေပြီ ဖြစ်သည်။
ပြောရလျှင် တိုင်းပြည် ဘဏ္ဍာငွေထဲက ကုတ်အင်္ကျီ တစ် ထည်ဖိုးမျှပင်
ပြစ်မှားခဲ့သူ မဟုတ်။
သူ့အကြောင်း ပြောရင်း လီနင်၏ ကျောင်းသား ဘဝက
ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသား ဘဝနှင့် တူနေတာတွေ တွေ့ရ သည်။ လီနင်
တစ်ယောက် ကာဇံ တက္ကသိုလ် မှာ ကျောင်းတက်နေစဉ် နိုင်ငံရေး လုပ်သဖြင့်
ကျောင်းထုတ် ခံလိုက်ရသည်။ ဤအကြောင်း ကို ‘ပထမ ဘစ္စတီလီ’ ဇာတ်ကားတွင်
ရိုက်ကူး ပြသခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းက လည်း ကျောင်းသား ဘဝတွင်
နိုင်ငံရေး လုပ်သည်။ ‘ငရဲခွေးကြီး လွတ်နေသည်’ ပေးစာ တစ်စောင်ကြောင့်
ကျောင်းမှ ထုတ်ပယ်ခံရ သည် ။ ကျောင်းထုတ် ခံရတော့ နိုင်ငံရေးဘက် မှာပိုပြီး
လုပ်ဖြစ်လာသည်။ နယ်ချဲ့ဆန့်ကျင်ရေး နှင့် လွတ်လပ်ရေး လှုပ်ရှားမှု အရှိန်က
ပိုမြင့်လာ ခဲ့သည် ။ ဤကားလီနင်နှင့် ဗိုလ်ချုပ် တူညီ သောအချက် လည်း
ဖြစ်သည်။
- ဗိုလ်ချုပ်အောင်ဆန်း အိန္ဒိယသို့ ရောက်ရှိစဉ် ခေါင်းဆောင်ကြီး ဂန္ဒီ၊ နေရူးတို့နှင့် အတူတွေ့ရစဉ်
လီနင်ရုပ်ရှင်ကားတွေ
၁၉၇ဝ ဝန်းကျင်ကာလ အထိ ဆိုဗီယက် ပြည်ထောင်စုတွင် လီနင်နှင့် ပတ်သက်သော
ရုပ်ရှင်ကား (၁၉) ကားမျှရှိခဲ့သည်။ (၁)အရုဏ်ဦး၊ (၂)အောက်တို ဘာလအတွင်းမှ
လီနင် ၊ (၃) ပိုလန်ပြည်ရောက် လီနင်၊(၄) ၁၉၁၈ ခုနှစ်အတွင်းမှ လီနင်၊ (၅)
အပြာရောင် မှတ်စုစာအုပ်၊ (၆)အောက်တို ဘာ၊ (၇)ရာစုနှစ်ကူး ပြောင်းချိန်၊၊
(၈)အပ္ပရှင်န တာ တေးသီချင်း၊ (၉)ပထမ ဘစ္စတီလီ၊ (၁ဝ) လီနင် အကြောင်း
ဇာတ်လမ်းများ၊ (၁၁) သေ နတ်နှင့်လူ၊ (၁၂) ဥလယာနော့ မိသားစု၊ (၁၃) မိခင်၏
နှလုံးအိမ်၊ (၁၄) မိခင် ၏ဆုတောင်း၊ (၁၅) ဇူလိုင်လ ၆ ရက်၊ (၁၆) လီနင်
အကြောင်း သတင်းကားများ၊ (၁၇)လီနင် အကြောင်း မော်ကွန်းတင် ကားများ၊ (၁၈)
လီနင်အကြောင်း လူထုသိပ္ပံ ရုပ်ရှင်ကား၊ (၁၉) တမြေတည်း တရေတည်း စသည့်
ရုပ်ရှင်ကား ၁၉ ကားမျှ ရှိခဲ့သည်။
ထို ရုပ်ရှင်ကားများကို ပြည်သူလူထု
အတွင်း သာမက စာသင်ကျောင်းများ၊ လူငယ် အဖွဲ့အစည်းများ အတွင်း၌ပါ ပြသခဲ့ရာ
သူတို့ နိုင်ငံ၏ သမိုင်းဘာသာရပ်ကို သင်ကြားပေး သကဲ့သို့ရှိပြီး
မျိုးချစ်စိတ်၊ တိုင်းပြည်ချစ် စိတ် တွေကို လှုံ့ဆော်ပေးခဲ့သည်။ ဤ အချက်မှာ
အတုယူဖွယ် ကောင်းလှသည်။
လီနင်ပြီးတော့ ဂန္ဒီ
အိန္ဒိယ အမျိုးသား ခေါင်းဆောင်ကြီး ဂန္ဒီ ကို ၁၈၆၉ ခုနှစ် အောက်တိုဘာ ၂
ရက်တွင် မွေးဖွားသည်။ (သည်နေ့ကို အိန္ဒိယနိုင်ငံ တွင် အမျိုးသားနေ့ အဖြစ်
သတ်မှတ် ထားသည်။) အိန္ဒိယနိုင်ငံ လွတ်လပ်ရေး အတွက် အကြမ်း မဖက်ရေး၊
အစိုးရနှင့် မဆက်ဆံရေး၊ နိုင်ငံခြား ဖြစ် အားမပေးရေး၊ ပြည်တွင်းဖြစ်ကို
အားပေး ရေးစသည့် သကျဂရဟ မူများနှင့် တော်လှန်ခဲ့သည်။ မြန်မာနိုင်ငံကို
လာရောက်စဉ်က ကြည့်မြင်တိုင် မြို့နယ် သာဓုကျောင်း တိုက်ရှေ့ တွင်
ငြိမ်းချမ်းရေး တရားကို အင်္ဂလိပ် ဘာ သာ ဖြင့်ဟောခဲ့ဖူးကြောင်း ဦးထွန်းဖေ
(ထွန်းနေ့စဉ်)၏ ဆောင်းပါး တစ်ပုဒ်တွင် ဖတ်ရဖူးသည်။ နောက်ဆုံး ၁၉၄၈ ခုနှစ်
ဇန်နဝါရီ ၃ဝရက်နေ့ တွင် လုပ်ကြံခံခဲ့ရသည်။ (ဤနေ့ကို အာဇာနည်နေ့ အဖြစ်
အိန္ဒိယတွင် သတ်မှတ်ထားသည်။)
လီနင် နည်းတူ အိမ်နီးချင်း အိန္ဒိယနိုင်ငံက
အမျိုးသား ခေါင်းဆောင်ကြီး ဂန္ဒီအကြောင်း ရိုက်ကူးထားသော ရုပ်ရှင်ကား
မှာလည်း ကမ္ဘာကျော် ရုပ်ရှင် ကားကြီး တစ် ကားဖြစ်ခဲ့သည်။ အိန္ဒိယနှင့်
ဗြိတိန်တို့ ဖက်စပ် ရိုက်ကူးခဲ့ပြီး ဒေါ်လာ၂၂သန်း အကုန်အကျခံ
ရိုက်ကူးခဲ့သည်။ ဒါရိုက်တာနှင့် ထုတ်လုပ်သူ မှာ Richard Attenboro -ugh
ဖြစ်ပြီး မင်းသား Ben Kingsley က ဂန္ဒီကြီး အဖြစ် သရုပ်ဆောင်ထားသည်။
ရုပ်ရှင်ပြသချိန် ၁၉၁ မိနစ် (ကားပိုင်း ၁၉ ပိုင်း) ပေပေါင်း ၁၉ဝဝဝ ကျော်
ရှည်သည်။ သည် ဇာတ်ကားကို အိန္ဒိယတွင် ၁၉၈၂ ခုနှစ် နိုဝင်ဘာ ၃ဝရက်
၊ဗြိတိန်တွင် ဒီဇင် ဘာ ၃ ရက်တို့၌ ပြသခဲ့ပြီး ဒေါ်လာ ၅၂သန်း ကျော် ရခဲ့သည်။
အကယ်ဒမီဆု ရှစ်ဆု ဆွတ်ခူး နိုင်ခဲ့သည်။ မူရင်း ဘာသာစကားမှာ ဟင်ဒီဘာသာ
ဖြစ်သော်လည်း ကမ္ဘာ့နိုင်ငံ အသီးသီးက ဘာသာစကား စာတန်းများ ထိုး ကာ
ပြသခဲ့ကြသည်။ ကမ္ဘာ့ ရုပ်ရှင် သမိုင်းတွင် လူအများဆုံး ပါဝင်ရိုက်ကူးသော
ဇာတ်ကား အဖြစ် မှတ်တမ်းဝင် ခဲ့သည်။ ဂန္ဒီကြီး၏ အသုဘ ပို့ဆောင်သည့် အခမ်း
အနားပြကွက်တွင် လိုက်ပါ ပို့ဆောင်သူများမှာ တကယ့် လူအစစ်များဖြင့်
ရိုက်ကူးခဲ့သည်။ ကွန်ပျူတာ အထူး ပြုလုပ်ချက်ဖြင့် မရိုက်ဘဲ လူနှစ်သိန်း
ကျော်မျှ အသုံးပြု ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။
ဆိုရလျှင်
ဗိုလ်ချုပ်တို့၏ ဈာပန အခမ်းအနားသည်လည်း လိုက်ပါပို့ ဆောင်သူများ မှာ
ဂန္ဒီကြီး၏ အသုဘလိုပင် လိုက်ပါ ပို့ဆောင်သူ များပြားလှသည်ကို သမိုင်း
မှတ်တမ်းတင် ဓာတ်ပုံများတွင် တွေ့ရမည် ဖြစ်ပါသည်။
- ”ရာစုနှစ်ကူးပြောင်းချိန်”
ရုပ်ရှင်ဇာတ်ကားတွင် ဝိုင်ကယုရော့ဗ်က လီနင်အဖြစ် သရုပ်ဆောင်၍ အီးစ်ကိုက
လီနင်၏ဇနီး ကရုပ်စကာယအဖြစ် သရုပ်ဆောင်ခဲ့သည်။
လီနင်၊ဂန္ဒီနှင့် ဗိုလ်ချုပ်အောင်ဆန်း
ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ၄င်းတို့၏ ခေါင်းဆောင်ကြီးများ အတ္ထုပ္ပတ္တိကို
ရုပ်ရှင် ရိုက်ကူး၍ တခမ်းတနား ပြသခဲ့ကြသည် ။ မြန်မာ နိုင်ငံတွင်
ဗိုလ်ချုပ်အောင်ဆန်း နှင့် ပတ်သက်၍ ရုပ်ရှင်ကား တစ်ကားမှ မရှိသေးပါ။
မှတ်တမ်း ရုပ်ရှင် အဖြစ် ရိုက်ကူးခဲ့သော သတင်းကား များသာ ရှိခဲ့ဖူးသည်။
၁၉၄၅ ခုနှစ် နိုဝင်ဘာ လ၁၈ရက်နေ့ တွင် ရွှေတိဂုံ စေတီတော် အလယ်ပစ္စယာ ၌ ဖဆပလ
ဦးဆောင်၍ ဘုရင်ခံ ၏ လုပ်ရပ်ကိုရှုတ်ချ ပြီး ဆင်းမလား စက္ကူဖြူ စီမံကိန်းကို
လုံးဝ လက်မခံကြောင်း လူထု အစည်း အဝေးကြီး တစ်ခုကို ကျင်းပခဲ့သည်။ အစည်း
အဝေး အခမ်းအနားကြီး ကို အေဝမ်းဖလင်နှင့် ဗြိတိသျှဘားမား ရုပ်ရှင် ကုမ္ပဏီ
တို့က မှတ်တမ်းရုပ်ရှင် အဖြစ်ရိုက် ကူး ခဲ့ကြောင်း မှတ်တမ်း များတွင်
တွေ့ရှိရသည်။ ဗိုလ်ချုပ်၏ဘဝ တစ်စိတ်တစ်ဒေသနှင့် အာဇာနည် ခေါင်းဆောင်ကြီး
များ၏ ဈာပန အခမ်းအနား မှတ်တမ်း ရုပ်ရှင်တွေ ရှိခဲ့ဖူးသည်။ ထို့အပြင် BBC
မှ ထုတ်လွှင့်သော အစီအစဉ် တစ်ခုတွင် ဗိုလ်ချုပ်တို့ ကိုယ်စား လှယ်အဖွဲ့
ဗြိတိသျှ အစိုးရနှင့် လွတ်လပ်ရေး အတွက် အမှတ် (၁ဝ) ဒေါင်းနင်းလမ်း တွင်
ဆွေးနွေးကြပုံ၊ နောက် ဗိုလ်ချုပ်တို့ လုပ်ကြံခံရပုံ (သည်အခန်းက ဖန်တီး
ရိုက်ကူးထားသော အပိုင်းဖြစ်သည်) တို့ကို ကြည့်ရဖူးသည်။
- ၁၉၄၅
ခုနှစ်နိုဝင်ဘာလ ၁၈ရက်နေ့က ရွှေတိဂုံအလယ် ပစ္စယာတွင်
ကျင်းပခဲ့သောဆင်းမလားစက္ကူဖြူစီမံကိန်းကန့်ကွက်ပွဲမြင်ကွင်း ( ဤ့ပုံတွင်
ဗိုလ်ချုပ်၏ ရှေ့ဘက်၌ထောင်ထားသော ရုပ်ရှင် ကင်မရာ ကိုမြင်တွေ့နိုင်ပါသည်။
ကြည့်ရဦးမည့်ဗိုလ်ချုပ်ရုပ်ရှင်
၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် နေ့ က ဒေါ်အောင်ဆန်းစုကြည် နေအိမ်
အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်ပိုင်း အစိုး ရ၏ မူဝါဒ ပြောင်းလဲမှုများ
ထင်သာ မြင်သာ ရှိလာခဲ့သည့် အနက် အမျိုးသား ခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်း ၏ အတ္ထုပ္ပတ္တိ ရိုက်ကူးရန် ခွင့်ပြုလာ မှုသည်လည်း
တစ်ခုအပါ အဝင်ဖြစ်သည်။ ယခင် အစိုးရ လက်ထက်က ဗိုလ်ချုပ်ပုံပင် မီဒီယာများ၊
သတင်းစာမျက်နှာ များတွင် သုံးခွင့်မရခဲ့။ ယခုခွင့်ပြုပြီ။
ဒေါ်အောင်ဆန်းစုကြည်သာ အကူအညီ လိုအပ်ပါက ဗိုလ်ချုပ် အတ္ထုပ္ပတ္တိ
ရိုက်ကူးရာတွင် အကူအညီ ပေးနိုင်ပါကြောင်း တာဝန်ရှိသူများက ဆိုလာသည် အထိ
ဗိုလ်ချုပ် ရုပ်ရှင်ကား ရိုက်ကူးရန် အခြေအနေ က ပေးလာနေ ပြီဖြစ်သည်။
နိုင်ငံသား တစ်ဦး၊ ဗိုလ်ချုပ်အား ကြည်ညိုသူ တစ်ဦးအနေဖြင့် ဗိုလ်ချုပ်
အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးမည် ဆိုသောအခါ အတိုင်းမသိ ဝမ်းမြောက်ရသည်။
ရုပ်ရှင် ရိုက်ကူး ရမည့် အချိန်က အနည်းငယ် တိုတောင်းသည်ဟု တော့ ထင်မိသည်။
၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ် အနှစ်တစ်ရာပြည့် အမီ ရိုက်ကူး
ထုတ်လုပ်ရမည်မှာ လွယ်ကူသော ကိစ္စတော့ မဟုတ်ပါ။ ဖြစ်နိုင်လျှင်
ဗိုလ်ချုပ်နှင့် ပတ်သက် ခဲ့သူတွေ၊ ဗိုလ်ချုပ် ခရီးစဉ်များတွင် ဗိုလ်ချုပ်
နှင့် ထိတွေ့ဆက်ဆံခွင့် ရသူတွေ တွေ့ဆုံ မေးမြန်း တာ၊ အမှတ်တရ နေရာ များကို
သွားရောက် လေ့လာတာတွေ လုပ်မည် ဆိုလျှင် အချိန်ယူ ရမည်ဖြစ်သည်။
ဖြစ်နိုင်လျှင် အကယ်ဒမီ ရှစ်ဆုရ ကမ္ဘာကျော် ‘ဂန္ဒီ’ ဇာတ်ကားလို ရုပ်ရှင်
ကားကြီး တစ်ကား ဖြစ်လာစေချင်သည်။ မြန်မာ တစ်နိုင်ငံလုံးက ဗိုလ်ချုပ်နှင့်
ပတ်သက်သော အထောက်အထား များကို ရှာဖွေ စုဆောင်း၍ ကမ္ဘာ့အဆင့်မီ
ရုပ်ရှင်ကားကြီး တစ်ကား ဖြစ်လာအောင် တခမ်းတနား ရိုက်ကူးစေချင် ပါသည်။
ဖြစ်နိုင်လျှင် ဗိုလ်ချုပ် ရောက်ခဲ့သော ပြည်ပနိုင်ငံများ ဖြစ်သည့် တရုတ်
(အမွိုင်)၊ ဂျပန်၊ ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ဗြိတိန် အထိသွား၍
ရိုက်ကူးရမည် ဖြစ်ရာ လုပ်ငန်း ပမာဏက အတိုင်းအဆ က ကြီးမား လွန်းလှသည်။
ဖြစ်နိုင်လျှင် လန်ဒန်မြို့၊ အမှတ် (၁ဝ) ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ်
အိမ်အထိ သွား၍ ရိုက်ကူးစေချင်သည်။
မြန်မာနိုင်ငံသား အားလုံးကလည်း
ဗိုလ်ချုပ် ဟေ့ဆိုလျှင် ဝိုင်းဝန်း ကူညီရန် အသင့်ရှိနေကြ မည်မှာ အသေအချာပင်
ဖြစ်ပါသည်။ကျွန်တော်တို့ မြန်မာ ပြည်သူများ မျှော် လင့် တောင့်တနေသော
ဗိုလ်ချုပ် အတ္ထု ပ္ပတ္တိ ရုပ်ရှင် ကားကြီးကို စောင့်မျှော်ကြပါဦးစို့ . .။ ။
သိန်းအေး (ပေါ်ပြူလာဂျာနယ်)
ရည်ညွှန်း -
(၁) Wikipedia (Internet)
(၂) ခေါင်းဆောင်ကြီးများကို ရုပ်ရှင်ဖြင့် ဂုဏ်ပြုခြင်း (ရွှေမန်းတံစဉ်) (၁၉-၇-၇ဝ)နေ့ထုတ် ပြည်သူ့ကြယ် ဂျာနယ်
(၃) မြန်မာ့ရုပ်ရှင် သမိုင်းစဉ်၊ ငွေရတုကာလ (၁၉၂ဝ-၁၉၄၅)
(၄) Gandhi ရုပ်ရှင်ဇာတ်ကား
(၅) အောင်ဆန်းဇာနည် (သိန်းအေး)
(၆) ခေါင်းဆောင်ကောင်း (ထက်မြက်) PopularNews (2-2-2012)
(၇) ဦးထွန်းဖေ(ထွန်းနေ့စဉ်) ဆောင်းပါးပေါင်းချုပ်
(၈) ကိုယ်ပိုင်မှတ်စုများ
|
Posted: 21 Feb 2012 03:26 AM PST
ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၂ (YPI)
လာမည့်ဧပြီလ ၁
ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၀ ရွေးကောက်ပွဲထက်
မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ပိုမိုစိတ်ဝင်စားလျက်ရှိကြောင်း
မဲဆွယ်စည်းရုံးရေး ဆင်းလျက်ရှိသော နိုင်ငံရေးပါတီများမှ
ပြောရေးဆိုခွင့်ရှိသူတို့က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်ေ
သာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်လာခြင်း၊
ပြည်သူများအနေဖြင့် နိုင်ငံရေးနှင့် ပိုမိုယဉ်ပါးလာခြင်းစသော
အကြောင်းများကြောင့် ကြားဖြတ်ရွေးကောက်ပွဲကို
ပြည်သူများပိုမိုစိတ်ဝင်စားလာခြင်းဖြစ်ကြောင်း နိုင်ငံရေးသမားများက
သုံးသပ်ပြောကြားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး
ဦးဝင်းနိုင်က “ ဒေါ်အောင်ဆန်းစုကြည်လို မြန်မာနိုင်ငံရဲ့
ဒီမိုကရေစီခေါင်းဆောင်အနေနဲ့ တတိုင်းပြည်လုံးမှာ လှည့်လည်ပြီး ဟောပြောတာဟာ
ပြည်သူတွေကို ပိုမိုစိတ်ဝင်စားစေတဲ့အချက်ပါ။ အဲဒါကြောင့်လည်း
ပြည်သူတွေအနေနဲ့ အကြောက်တရား လျော့ပါးလာပြီး နိုင်ငံရေးနဲ့ယဉ်ပါးလာတယ်” ဟု
ပြောကြားသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ
ဦးနိုင်ငွေသိန်းကလည်း ပြည်သူများအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲအား
ယခုကဲ့သို့ စိတ်ဝင်စားလာကြခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်
ပါဝင်လာ၍ဖြစ်ကြောင်း၊ ထိုသို့ ရွေးကောက်ပွဲအပေါ်ပြည်သူများ
စိတ်ဝင်စားလာခြင်းကြောင့်
နိုင်ငံရေးပါတီများမဲဆွယ်စည်းရံ
ုးရေးပြုလုပ်ရာတွင် ပိုမိုလွယ်ကူလာပြီး
ပြည်သူများဘက်မှလည်း သိလိုသည်များကို ယခင်ကနှင့်မတူ ရဲဝံ့စွာ
မေးမြန်းလာကြကြောင်း ၀ိုင်ပီအိုင်သို့ပြောကြားသည်။
၎င်းက “
ခုဒေါ်အောင်ဆန်းစုကြည်ပါလာပြီဆို
တော့ ပြည်သူတွေက သူ့ကိုအထင်ကြီးတယ်။
သူကပြည်သူတွေကို လွှမ်းမိုးနိုင်တယ်။ သူပြောတာတွေ လုပ်နေတာတွေကိုကြည့်ပြီး
ပြည်သူတွေကပါ ရဲဝံ့လာကြတယ်။ ” ဟု ပြောကြားသည်။
ရှမ်းတိုင်းရင်းသားများ
ဒီမိုကရက်တစ်ပါတီ ၏ ဘဏ္ဍာရေးမှူးဖြစ်သည့် ဦးစောသန်းမြင့်ကလည်း
ပြည်သူများအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲအား
တရားမျှတမှုရှိမရှိစိတ်ဝင်စားလျ
က်ရှိပြီး၊ ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့
မသမာမှုများ ထပ်မံဖြစ်ပေါ်ခြင်း ရှိမရှိကိုပါစောင့်ကြည့်လျက်ရှိကြောင်း
ပြောကြားသည်။
“ ၂၀၁၀ တုန်းကပြည်သူတွေဘယ်လိုပဲ မဲပေးမဲပေး
နောက်ဆုံး လုပ်ချင်ရာလုပ်သွားတယ်။ စနစ်လည်းပြောင်းပြီပြောနေတယ်
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌလည်းေ
ပြာင်းသွားပါလျက်နဲ့ ၂၀၁၀
တုန်းကလိုထပ်ဖြစ်လာမလားဆိုတာကို စိတ်ဝင်စားနေကြတယ်။” ဟု
ဦးစောသန်းမြင့်ကဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်လှည်းကူးမြို့ လူထုပရိသတ်အား လက်ပြနှုတ်ဆက်နေစဉ်။
ယမန်နှစ်
နှစ်လည်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့
တွေ့ဆုံဆွေးနွေးခဲ့အပြီးတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်
အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေများကို
ပြင်ဆင်ခဲ့သည်။
ထို့နောက်တွင် ၂၀၁၀ ရွေးကောက်ပွဲကာလက
ပါတီမှတ်ပုံတင်ခြင်းမပြုဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သော
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှာ တရားဝင်နိုင်ငံရေးပါတီအဖြစ်
ပြန်လည်မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့သည်။ ။
|
Posted: 21 Feb 2012 03:26 AM PST
ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၂ (YPI)
ထားဝယ်ခရိုင်အတွင်းရှိ
ဇောတိက ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်း လုပ်သားများက
၎င်းတို့တောင်းဆိုမှုများကို ကုမ္ပဏီဘက်မှ ဖြေရှင်းပေးခြင်းမရှိသေးသဖြင့်
တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ ယခုလ ၂၀ ရက်က တိုင်ကြားထားကြောင်း
အလုပ်သမားခေါင်းဆောင်များက ပြောသည်။
“ တောင်းဆိုခဲ့တာနဲ့
ပတ်သတ်ပြီး ဘယ်သူမှ လာဖြေရှင်းပေးတာမျိုးမရှိသေးဘူး
။ အခုက ဆန္ဒပြရာမှာ
ပါတဲ့သူတွေကို အလုပ်မပေးဘဲ သီးခြားဖယ်ထားပြီး အလုပ်မဆင်းခိုင်းဘဲထားတယ်” ဟု
အလုပ်သမားခေါင်းဆောင်တစ်ဦးက YPI သို့ပြောသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ
လိပ်မူထားသော တိုင်ကြားစာတွင် အလုပ်သမားများ၏ အခက်အခဲများ၊
ကုမ္ပဏီထံတောင်းဆိုထားသော လစာတိုးမြှင့်ရေး၊ အခြားအလုပ်သမားအခွင့်အရေးများ
ဖြည့်ဆည်းပေးရေးနှင့် ဒေသခံအလုပ်သမားများအား ကြီးကြပ်သူတို့က ရိုင်းပြသော
အပြုအမူများဖြင့် မခိုင်းစေရန်တို့ပါဝင်ပြီး မိတ္တူကို ILO၊ လူမှုရေး
အသင်းအဖွဲ့များ နှင့် နိုင်ငံရေးပါတီများသို့ ပေးထားကြောင်း အလုပ်သမားများက
ဆိုသည်။
ယခုလအစောပိုင်းက ခြောက်ရက်ကြာ ဆန္ဒပြမှုအပြီးတွင်
ယခင်ခင်လ တစ်ဝက်စာလုပ်အားခအတွက် တစ်ရက် လေးထောင်ကျပ်မှ ငါးထောင်ကျပ်သို့
တို့မြှင့်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ကျပ်ငါးထောင် မပေးနိုင်ဟု
ကုမ္ပဏီမှပြောကြောင်း၊ အခြားခံစားခွင့်များဖြစ်သည့် အန္တရာယ်ကင်းဝတ်စုံများ၊
သောက်ရေ၊ ကြိုပို့ကားနှင့် နားနေချိန်များအတွက် အဆင်ပြေအောင်
စီစဉ်ပေးမှုမရှိသေးသည့် အပြင် ဆန္ဒပြခေါင်းဆောင် အလုပ်သမားများအား
သီးခြားခွဲကာ အလုပ်မပေးခြင်းမျိုးဖြင့် တုံ့ပြန်ခဲ့ကြောင်း အလုပ်သမား
ခေါင်းဆောင်တစ်ဦးက ပြောသည်။
ယခုလ ၁၆ ရက်က Asia Guiding Star
Co.Ltd တာဝန်ခံက ၎င်းသြဇာရှိသော အလုပ်သမားတစ်စုကို
ရေဖြူမြို့နယ်သို့ခေါ်သွားပြီး ပြဿနာမှာပြေလည်သွားပြီဖြစ်ကြော
င်းနှင့်
နောက်ထပ်ဆန္ဒမပြရန် ၀န်ခံကတိ လက်မှတ်ထိုးခိုင်းခဲ့သည်ဟု
ဆန္ဒပြရာတွင်ပါဝင်ခဲ့သည့် အလုပ်သမားတစ်ဦးကပြောသည်။
ဇောတိက ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း လုပ်ငန်းခွင်တစ်နေရာ
ကန်ဘောက်ဒေသခံ
အလုပ်သမားရေးရာ လေ့လာသူတစ်ဦးက “ ကန်ဘောက်ဒေသမှာရှိတဲ့
အခြားပိုက်လိုင်းကုမ္ပဏီနှစ်ခုက လုပ်သားတွေနဲ့ယှဉ်ရင် အလုပ်သဘာချင်းတူပေမယ့်
(ဇောတိကစီမံကိန်း အလုပ်သမားတွေ) လစာက တစ်ဝက်လောက်ပဲရတယ်။ ပြီးတော့
ဒီကုမ္ပဏီ(Asia Guiding Star) က အလုပ်သမားတွေက ၀တ်စုံ၊ ဖိနပ် မရဘူး။
နားချိန်တောင်လုံလောက်အောင်မရဘူ
း” ဟု သုံးသပ်သည်။
ထိုင်းအခြေစိုက်
အင်အားကြီးစွမ်အင်ကုမ္ပဏီဖြစ်သော PTTEP နှင့် မြန်မာ့ရေနံနှင့်
သဘာဝဓါတ်ငွေ့လုပ်ငန်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သော ဇောတိက
ပိုက်လိုင်း၏ ကုန်းတွင်းပိုက်လိုင်းသွယ်တန်းေ
ရးစီမံကိန်းအား China
Petroleum Pipeline Bureau(CPPB) မှ ပင်မကန်ထရိုက်အဖြစ်ဆောင်ရွက်နေသည်။
အလုပ်သမားကိစ္စများအတွက်
Asia Guiding Star Co.Ltd နှင့် United Engineering Co.Ltd တို့မှ
တစ်ဆင့်ခံကန်ထရိုက်ရရှိထားပြီး ယခုဆန္ဒပြတောင်းဆိုမှုမှာ Asia Guiding Star
Co.Ltd နှင့် အလုပ်သမားများကြား ဖြစ်ပွားနေခြင်းဖြစ်သည်။
အစိုးရသစ်လက်ထက်တွင်
အလုပ်သမားအခွင့်အရေးတောင်းဆိုမှု
များ ယခင်ကထက်အားကောင်းလာပြီး ယခုလအတွင်း
လှိုင်သာယာစက်မှုဇုန်ရှိ တိုင်ယီစက်ရုံလုပ်သားများကလည်း အခြေခံလစာနှင့်
အလုပ်သမားအခွင့်အရေးများအတွက် ဆန္ဒြ့ပတောင်းဆိုနေကြသည်။ ။
|
Posted: 21 Feb 2012 04:16 AM PST
ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၂ (YPI)
ဒေါ်အောင်ဆန်းစုကြည်၏
လတ်တလောကျန်းမာရေးမှာ ဒေါင်ဒေါင်မြည် လျှက်ရှိကြောင်း ၎င်း၏ မိသားစု ဆရာဝန်
ဒေါက်တာတင်မျိုးဝင်း (ခွဲစိတ်အထူးကု) က မီဒီယာအချို့နှင့် ယနေ့ တွေ့ဆုံစဉ်
ပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်လ က
အာရှတော်ဝင် ဆေးရုံတွင် တကြိမ်၊ oိတိုရိယဆေးရုံတွင် တကြိမ်
နှစ်ကြိမ်ကျန်းမာရေးစစ်ဆေးမှုပြု
လုပ်ခဲ့ပြီး ဆရာဝန်များပင်
အံ့သြဖွယ်ကောင်းလောက်အောင် ရလဒ်များကောင်းကြောင်း ၎င်းကပြောသည်။
“
အမအခုအသက် ၆၇ နှစ်ရှိနေပြီး၊ ဒါပေမဲ့ ရိုးရိုးသာမာန်လူအသက် ၆၇ နှစ်
ထက်ပိုကျန်းမာတယ် ၊ စစ်ဆေးထားတဲ့ အဖြေတွေကို ကြည့်ပြီး ဆရာတွေတောင်
အံ့သြတယ် ” ဟုဒေါက်တာ တင်မျိုးဝင်းက ပြောသည်။
ပြုလုပ်ခဲ့သောကျန်းမာရေးစစ်ဆေး
မှုတွေဟာ
နှလုံး၊ အဆုပ်၊အသည်း၊ကျောက်ကပ် ၊အစာအိမ်၊ကြွက်သား၊ အာရုံကြော ၊အရိုး
သိပ်သည်းဆ စသည်တို့ကို စစ်ဆေးခဲ့ရာ အားလုံးအခြေအနေကောင်းသည်ဟု
လည်း၎င်းကပြောသည်။
“အမျိုးသမီးတွေကအသက်ကြီးလာရင် အရိုးပွတာ ၊
အရိုးပါးတာတွေဖြစ်တတ်တယ်လေ၊ သူကလည်းခရီး ခဏခဏသွားရတယ်ဆိုတော့
ဒါကိုအထူးသတိထားစစ်ဆေးပါတယ် ၊ဒါပေမဲ့ အဲဒါနဲ့ပတ်သတ်ပြီးတော့လည်း အရမ်း
အခြေအနေကောင်းတယ်၊ အကောင်းဆုံး အခြေအနေမှာရှိတယ်လို့ တောင်ပြောလို့ရတယ်၊
စိုးရိမ်စရာမလိုဘူး”ဟု ၎င်းကဆက်ပြောသည်။
ပြီးခဲ့သည့် နှစ်က
ဒေါ်အောင်ဆန်းစုကြည်၏ ပုဂံခရီးစဉ်တွင် ခလုပ်တိုက်မိသည်များ ၊ သြဂုတ်လ
သမ္မတနှင့်တွေ့ ဆုံသည့် နေပြည်တော်ခရီးစဉ်သွားစဉ် ကားမူး သည်များ
ဖြစ်ခဲ့သော်လည်း ၎င်းတို့မှာ
ကျန်းမာရေးအခြေအနေကြောင့် မဟုတ်ဘဲသာမာန်ဖြစ်လေ့ ဖြစ်ထရှိသည့် ပြသာနာများပင်ဖြစ်သည်ဟု မိသားစု ဆရာဝန်ကရှင်းပြသည်။
၂၀၀၃
ခုနှစ် နေအိမ်အကျုယ်ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရစဉ်
အာရှတော်ဝင်အထူးကုဆေးခန်းတွင် ခွဲစိတ်မှု တခုခံယူခဲ့ရာ ယခုအခါ အဆိုပါ
ခွဲစိတ်မှု နောက်ဆက်တွဲအခြေအနေပါ ကောင်းမွန်လျက်ရှိသည်ဟုဆိုသည်။
သူမသည်
နေ့စဉ် တရားထိုင်လျက်ရှိပြီး ခြေလေးချောင်းသားများကိုရှောင်ြ
ပီး
ပင်လယ်စာကြိုက်သည်ဟု ဆိုသည်။ အစားအနည်းငယ်သာ စားသောကြောင့် အဟာရမျှတအောင်
စီစဉ်ပေးရကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်အလေးချိန်မှာ ၁၀၆
ပေါင်ရှိသည်ဟု လည်းပြောဆိုသည်။
စိတ်ဖိစီးမှုတွေကိုကောင်းမွန်စွာ
ကျော်လွှာနိုင်ပြီးတခါတရံတွင်
ဆေးကြောင့်ဖြစ်စေ ၊ အစားအသောက်ကြောင့်ဖြစ်စေ ၊အခြားအခြေအနေကြောင့်ဖြစ်စေ
ဓာတ်မတည့်သည့် ပြဿနာ အနည်းငယ် ရှိကြောင်းလည်း ရှင်းလင်းပွဲတွင်
ပြောဆိုသွားသည်။
ယခင် နေအိမ်အကျယ်ချုပ် ကျစဉ်ကလည်းပင်း
အရိုးကျီးပေါင်းတက်သည့် ရောဂါကြောင့် နေ့စဉ်လေ့ကျင့်ခန်း
ပုံမှန်ပြုလုပ်သော်လည်း ယခုအခါ သူမလုပ်ဆောင်ရသည့် လုပ်ငန်းစဉ်များ
ပိုမိုများပြားလာသောကြောင့် လေ့ကျင့်ခန်းပုံမှန် မပြုလုပ်နိုင်တော့ ဟု
ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး စောင့်ရှောက်ကုသပေးနေသူ ဒေါက်တာ တင်မျိုးဝင်းနှင့် ဒေါက်တာ ပြုံးအိမွန်
ယခုထက်တိုင်ထိ
နုပျိုလှပနေသည့် လျို့ဝှက်ချက်မှာ ထွေထွေထူးထူးမရှိဘဲသူမရဲ့
အကောင်းမြင်စိတ်ထားများကြောင့် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး
အခြေအနေကို အနီးကပ်စောင့်ကြည့်နေသည့် ဒေါက်တာ ပြုံးအိမွန်ကပြောသည်။
အသားအရည်
ထိန်းသိမ်းခြင်းနှင့် ပတ်သတ်ပြီး အလှပြင်ဆိုင်သို့သွား၍
အထူးတလည်ထိန်းသိမ်း ပြုလုပ်ခြင်းမရှိဘဲ သာမာန်မိန်းကလေးများ ပြုလုပ်သည့်
အသားအရည်ထိန်းသိမ်းသည့် နည်းလမ်းများသာ အသုံးပြုသည်ဟုဆိုသည်။
သောမတ်စ်အိုဟေး ကွင်တားနား နှင့်တွေ့ဆုံစဉ်က ဒေါ်အောင်ဆန်းစုကြည်
|
Posted: 21 Feb 2012 03:11 AM PST
မွန်ပြည်သစ်ပါတီက
ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့
အပစ်အခတ်ရပ်စဲရေးအပါအ၀င် ပဏာမ သဘောတူညီချက် ၅ ချက်ကို အရေးပေါ် ဗဟိုကော်မတီ
အစည်းအဝေးကနေ အတည်ပြုလိုက်ပြီလို့ ပါတီဗဟိုကော်မတီနဲ့ နီးစပ်သူတွေက
ပြောပါတယ်။
ပြည်ထောင်စုအဆင့်
ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပဖို့ လာမယ့် ၂၅ ရက် နေ့ကို ဆွေးနွေးမယ့်
ရက်အဖြစ် သတ်မှတ်လိုက်ပြီး စေလွှတ်မယ့် ကိုယ်စားလှယ်အဖွဲ့ကို
ရွေးချယ်လိုက်တယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီတချို့နဲ့
မေးမြန်းထားတဲ့ ဒီဗွီဘီ မွန်သတင်း အစီအစဉ်တာဝန်ခံ ကိုဗညားအောင်က
ပြောပါတယ်။
“ပြီးခဲ့တဲ့
ပဏာမ သဘောတူညီချက်တွေကို မွန်ပြည်သစ်ပါတီက အဲဒါကို ဒီမှာ အတည်ပြုလိုက်ပြီ။
လက်ခံပြီးတော့ သူတို့ ဒီမြန်မာအစိုးရနဲ့ အဆက်အသွယ် ပြန်လုပ်တယ်။ ၂၅
ရက်နေ့လောက်မှာ ပြန်တွေ့ကြဦးမယ်လို့ ပြောတယ်။ ပြည်ထောင်စု အဆင့်နဲ့ကို
ဆက်ဆွေးနွေးမယ်။”
မွန်ပြည်သစ်ပါတီ
ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးကို ၁၈ ရက်နေ့က စတင် ကျင်းပခဲ့တာဖြစ်ပြီး
ဒီကနေ့ အဆုံးသတ်မှာ ဖြစ်ပါတယ်။ မွန်ပြည်သစ်ပါတီနဲ့ ပြည်နယ်အဆင့်
ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ကြား ဖေဖော်ဝါရီ ၁ ရက်နေ့
မော်လမြိုင်မြို့ တွေ့ဆုံရာမှာ အပစ်အခတ် ရပ်စဲရေး အပါအ၀င် အချက် ၅ချက်ကို
ပဏာမ သဘောတူညီချက် ရခဲ့ပါတယ်။ အဲဒီ သဘောတူညီချက်ကို အခုကျင်းပတဲ့
ဗဟိုကော်မတီ အထူးအစည်းအဝေးမှာ အတည်ပြုလိုက်ကြတာ ဖြစ်ပါတယ်။
ပဏာမသ
ဘောတူတာကတော့ နှစ်ဖက် အပစ်အခတ် ရပ်စဲဖို့ရယ်၊ ပြည်ထောင်စုအဆင့်
ဆွေးနွေးဖို့အတွက် ကိုယ်စားလှယ် အမည်စာရင်း၊ ရက်၊ နေရာ
ညှိနှိုင်းဖို့ရယ်၊ ဆက်ဆံရေးရုံးတွေထားဖို့ရယ်၊ သတ်မှတ်တဲ့ နေရာပဲ
လက်နက်နဲ့သွားဖို့ဖြစ်ပြီး ကန့်သတ်နယ်မြေမှာ လက်နက်နဲ့မသွားရဘူး
ဆိုတာရယ်၊ နှစ်ဖက် သဘောတူညီလို့ရတဲ့ နယ်မြေအပိုင်းအခြားတွေမှာ
နေထိုင်ဖို့ စတဲ့အချက်တွေ ဆောင်ရွက်ဖို့ကို သဘောတူညီခဲ့ကြတာပါ။
၂၀၁၀ ခုနှစ်
စက်တင်ဘာမှာ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပြီးတဲ့နောက် မွန်ပြည်သစ်ပါတီ
အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနဲ့ ဦးအောင်မင်းဦးဆောင်တဲ့
ပြည်ထောင်စုငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ ထိုင်းနိုင်ငံမှာ တွေ့ဆုံပြီး
နောက်ဆက်တွဲ ရလဒ်တွေ ဖြစ်ပါတယ်။
စစ်အစိုးရ
မဖျက်ခင် ပျက်ပြယ်ခဲ့ရတဲ တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေးကို
အစိုးရသစ် လက်ထက်မှာ ပြန်အကောင်အထည် ဖော်နေပြီး အစိုးရက
ထာဝရငြိမ်းချမ်းရေးလို့ ကြွေးကြော်နေပါတယ်။ ဒါပေမယ့် အပစ်အခတ်ရပ်ထားတဲ့
အဖွဲ့တွေအနက် ဒီကေဘီအေ၊ ရှမ်းတပ်တွေနဲ့ လတ်တလော တိုက်ပွဲတွေ
ပြန်ဖြစ်နေပါတယ်။
မွန်ပြည်သစ်ပါတီက
အပစ်အခတ်ရပ်စဲရေး ရရှိသွားပြီဆိုရင် အင်အားကြီးမားတဲ့
ကချင်လွတ်လပ်ရေးတပ်မတော် တခုသာ အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သေးဘဲ
ကျန်ရှိနေမယ့် သဘောဖြစ်ပါတယ်။
ဒီလ ၁၅
ရက်နေ့မှာ မီးရထားဝန်ကြီး ဦးအောင်မင်းက ရိုက်တာသတင်းဌာနကို သုံးလအတွင်း
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပြီးစီးမယ်လို့ ခန့်မှန်းဖြေဆိုထားပြီး
လာမယ့် မတ်လ ၁ ရက်နေ့မှာ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)နဲ့
အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမယ်၊ လာမယ့် လပိုင်းအတွင်း
ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်မယ်လို့
ဖြေခဲ့ပါတယ်။
တိုင်းရင်းသား
၁၂ ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ
ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အဖွဲ့ဟာ တဖွဲ့ချင်း မဆွေးနွေးဘူးလို့
မူချထားပေမယ့် လိုက်ပါလုပ်ဆောင်နိုင်ခြင်းမရှိဘဲ တဖွဲ့ချင်း အစိုးရနဲ့
တွေ့ဆုံနေတာ ဖြစ်ပါတယ်။
ဒီဗွီဘီ
|
Posted: 21 Feb 2012 02:36 AM PST
|
စိတ်ဝင်စားစရာသတင်းတွေကိုစုစည်းတင်ပြပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ် နောက်လည်းအသစ်အဆန်းတွေရှာဖွေနိုင်ပါစေလို့ဆုတောင်းပေးပါတယ် ..
ReplyDelete